–
သူ့ကို စိတ်ဒုက္ခပေးလိုက်တယ်
အမျိုးသမီးအတွင်းရေးမှုးသည်
သိချင်စိတ်ပြင်းပြနေသော်လည်း မမေးရဲပေ။
ဟောက်ရှောက်ဖုန်းနှင့်
ဝမ်ကျင့်ဖျင်တို့နှစ်ဦးစလုံးသည် စုယန်ယန်ကို အာရုံစိုက်နေစဥ် သူမက ကင်မရာကိုင်ဆောင်ထားကြသော
သတင်းထောက်များနှင့် ညှိနှိုင်းရန် အမြန်ထွက်သွားခဲ့သည်။
ဟောက်ရှောက်ဖုန်းနှင့်
ဝမ်ကျင့်ဖျင်တို့သည် စုယန်ယန် ဆင်းလာသည်ကို မြင်သောအခါ အပြေးအလွှား ပြေးလာခဲ့ကြသည်။
စုယန်ယန်က
သူမရဲ့ မျက်ဝန်းတွေကို မှေးကျဥ်းလိုက်ပြီး လမ်းလျှောက်နေတာကို ရပ်တန့်လိုက်သည်။ စုယန်ယန်သည်
သူမရဲ့ လက်နှစ်ဖက်ကို လှေကားပေါ်တွင် ကန့်လန်ဖြတ် ယှက်တင်ထားပြီး အောက်က နှစ်ယောက်ကို
ငုံ့ကြည့်လိုက်သည်။ “နင်တို့ ဒီကို ဘာလာလုပ်တာလဲ။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို နင်တို့
သင်ခန်းစာ မယူနိုင်သေးဘူးပဲ။ ဟုတ်သားပဲ။ နင်က ဆေးရုံမှာ တစ်ရက်လောက် တက်ပြီး ပြန်ဆင်းလာနိုင်တာကို
ကြည့်ရတာ ငါ့အဒေါ်က အရမ်းပေါ့ပေါ့ပါးပါး ဆက်ဆံလိုက်တဲ့ပုံပဲ။”
ဟောက်ရှောက်ဖုန်းသည်
စုယန်ယန်ကို ပြိုင်ပွဲရဲ့ မသမာမှုကို စုံစမ်းမေးမြန်းဖို့ ရောက်လာတာဖြစ်ပြီး ဒီစကားတွေကိုကြားတော့
သူ့ကို ပိုလို့တောင် ဒေါသထွက်စေခဲ့သည်။
အကယ်၍
သူ့ကိုသာ ဝမ်ကျင့်ဖျင် မဆွဲထားဘူးဆိုရင်၊ သူ ဒီမနက်ခင်းမှာ တစ်စုံတစ်ယောက်ကို ရိုက်နှက်မိလိမ့်မည်။
စုယန်ယန်သည်
သူ ဘာမှမလုပ်နိုင်တာကို သိသောကြောင့် သူမ အရမ်း စိတ်အေးသက်သာစွာ ရှိနေခဲ့သည်။ ဝမ်ကျင့်ဖျင်သည်
အခြားသူတွေထက် ပိုပြီး ဟန်ဆောင်ကောင်းသူမှန်းကို သူမ ကောင်းကောင်းသိသည်။
အကယ်၍
သူမသည် တစ်စုံတစ်ယောက်ကို တကယ်ရိုက်နှက်ခဲ့လျှင် သို့မဟုတ် အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို
ရိုက်နှက်ခဲ့တယ်ဆိုရင် သူမက သနားစရာကောင်းတဲ့ပုံဟန်ဆောင်ပြီး သူမကိုယ်သူမ စိတ်သဘောထား
ကြီးမြတ်သလို ပြုမူပေလိမ့်မည်။
ကံမကောင်းစွာဖြင့်၊
ဝမ်ကျင့်ဖျင်သည် ယနေ့တွင် စိတ်ပျက်ဖွယ်ကောင်းနေပါသည်။
ဒီနေ့
သူမတို့ စုယန်ယန်ကို မျက်နှာချင်းဆိုင် လာတွေ့ရတဲ့ အကြောင်းရင်းက ဒီအမျိုးသမီးက သူမတို့ကို
နောက်ဆုံးအကြိမ် ဆေးရုံတက်စေခဲ့တဲ့ အိမ်မက်ဆိုးကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက်
ဖြစ်သည်။
“ဘာဖြစ်လို့လဲ။
နင်တို့ ငါ့ကို ပြန်ရိုက်ချင်သေးတာလား။” စုယန်ယန်သည် ထိုလူနှစ်ယောက်ကို အထင်သေးပြီး
ရွံရှာသောအကြည့်တွေဖြင့် ကြည့်လိုက်သည်၊ “နင်တို့ ငါ့နေရာကို ရောက်လာပြီး ငါ့ကို ရိုက်ချင်သေးတာလား။ ငါ့ရဲ့ လုံခြုံရေးဝန်ထမ်းတွေက
အလှထားတာလို့ နင်တို့ ထင်နေတာလား။”
ဟောက်ရှောက်ဖုန်းနှင့်
ဝမ်ကျင့်ဖျင်တို့ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး ရင်ခုန်သံတစ်ချက် မြန်သွားသည်။
အဝေးကနေ
စောင့်ကြည့်နေတဲ့ လုံခြုံရေးဝန်းတွေဟာ ဘယ်အချိန်ကမှန်းမသိ သူတို့အနားကို တိတ်တဆိတ်
စုဝေးရောက်ရှိလာတာကို သတိပြုမိလိုက်သည်။ သူတို့ရဲ့ မျက်နှာပေါ်တွင် “သူတို့ ပြဿနာရှာလိုက်တာနဲ့
သူတို့ကို ကျွန်တော်တို့က ချက်ချင်းပဲ ရိုက်နှက်ပစ်မယ်။” ဟူသော အလွန်လေးနက်သော အမူအရာ
ချိတ်ဆွဲထားလေသည်။
ဟောက်ရှောက်ဖုန်းရဲ့
အရှိန်အဝါက အနည်းငယ်က အားနည်းသွားသော်လည်း သူက ခေါင်းမာမာဖြင့် “ဒါဆို မင်း ငါ့ကို
ရိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ စုယန်ယန်၊ မင်း ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်နိုင်ပြီ ဆိုတာနဲ့
မထင်နဲ့...”
ဟောက်ရှောက်ဖုန်းသည်
“ဒုက္ခိတ” ဟူသော စကားလုံးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောချင်သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်း
အစိတ်အပိုင်းအချို့တွင် နာကျင်မှုကို ရုတ်တရတ် ခံစားလိုက်ရသည်။ ယခင်က အရိုက်ခံရသည့်
အဖြစ်အပျက်သည် သူ့အတွက် အလွန်ကြီးမားသော စိတ်ဒဏ်ရာတစ်ခု ဖြစ်လာခဲ့သည်။
ဒီနေရာသို့
မရောက်မီ ဝမ်ကျင့်ဖျင်အတွက် သူ့စိတ်ထဲမှာ ဒေါသနှင့် စိတ်နှလုံးနာကျင်မိခြင်းကြောင့်
စုယန်ယန်ဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာကို ခေတ္တမေ့လျော့သွားခဲ့သည်။
အခု
ဒါကို ပြန်သတိရတော့ သူ့ရဲ့ အရှိန်အဝါက ရုတ်တရတ် အားနည်းသွားပြီး သူ့စကားသံက အရင်ကလို
ယုံကြည်မှု အပြည့်အဝ မရှိတော့ဘူး။
“မင်း
ဟောက်ချန်ဟွမ်းကို လက်ထပ်ပြီး ဟောက်မိသားစုထဲ ဝင်ရောက်နိုင်ပြီ ဆိုတာနဲ့ မင်း လုပ်ချင်ရာကို
လုပ်နိုင်တယ်လို့ မထင်လိုက်ပါနဲ့။ ဟောက်မိသားစုခေါင်းဆောင်က ငါ့အဖေ ဆိုတာ လူတိုင်း
သိတယ်။ ဟောက်ချန်ဟွမ်းက...”
စုယန်ယန်သည်
ဟောက်ရှောက်ဖုန်းတစ်ယောက်တည်း ပြဇာတ်ကနေတာကို ပျင်းရိစွာ ကြည့်နေခဲ့သော်လည်း ဟောက်ချန်ဟွမ်း၏
အမည်ကို ကြားလိုက်ရသောအခါတွင် သူမရဲ့ မျက်နှာအမူအရာဟာ မည်းမှောင်လာပြီး ကြမ်းတမ်းလာခဲ့သည်။
“သခင်လေးဟောက်၊
ငါ မင်းရဲ့ဦးလေးနဲ့ လက်ထပ်လိုက်ပြီ ဆိုတာကို မင်းသိထားပြီးသားဆိုတော့ မင်း ငါ့ကို အန်တီလေးလို့ခေါ်ဆိုပြီး
မင်းထက် ဝါကြီးသူလို ပြောဆိုဆက်ဆံရမယ် ဆိုတာကို မင်းသိထားသင့်တယ်။ မင်းထက် သက်ကြီးဝါကြီးသူတွေကို
သူတို့တွေရဲ့ နာမည်ကို ခေါ်ဆိုပြီး အော်ဟစ်ပြောဆိုတာမျိုး မပြုလုပ်သင့်ဘူး။ ဒါက မင်း
ဟောက်မိသားစုမှာ သင်ယူခဲ့တဲ့ အကျင့်စရိုက်လား။”
ဟောက်ရှောက်ဖုန်းတစ်ယောက်
နင်သွားပြီး ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်ခဲ့သည်၊ “မင်းလည်း အခု ဟောက်မိသားစုဝင် ဖြစ်နေပြီ
ဆိုတာကို မမေ့ပါနဲ့။”
“အိုး...
ငါ့စကားတွေက မသင့်တော်ဘူးလို့ မင်း ပြောချင်တာလား။ အဲဒီစကားတွေကို ပြန်ပြင်ဆင်ခွင့်ပြုပါ။
ဒါက အိမ်ဟောင်းကနေ ပြောင်းရွှေ့သွားတဲ့ ဟောက်မိသားစုမှာ မင်း သင်ယူခဲ့တဲ့ အကျင့်စရိုက်လား။”
ထိုစကားကို
ကြားလိုက်သည်နှင့် တပြိုင်နက် ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာဟာ ချက်ချင်း စိမ်းပြာသွားသည်။
မိသားစုခေါင်းဆောင်သည်
အိမ်ဟောင်းတွင် နေထိုင်သည် ဆိုတာက မိသားစုတိုင်း၏ ဓလေ့ထုံးတမ်းတစ်ခုဟု ဆိုနိုင်ပေသည်။
သို့သော်
လွန်ခဲ့သောနှစ်များက ဟောက်ချန်ဟွမ်း၏ဖခင်သည် ဆန္ဒတစ်ခု ချန်ရစ်ထားခဲ့သည်။ ဟောက်ကော်ပိုရေးရှင်းကို
ဟောက်ချီဟန်အား ပေးခဲ့သော်လည်း အိမ်ဟောင်းကိုမူ ဟောက်ချန်ဟွမ်းအား ပေးအပ်ခဲ့သည်။
ထို့အတွက်ကြောင့်
သူတို့မိသားစုသည် အိမ်ဟောင်းမှ ပြောင်းရွှေ့ရန်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ လူအများ၏ ပျက်ရယ်ပြုစရာ
ဖြစ်လာခဲ့သည်။
စုယန်ယန်က
အတိတ်ဇာတ်ကြောင်းကို ပြန်ပြောပြခဲ့ပြီး သူမသည် သူတို့မိသားစုကို ဒုက္ခပေးဖို့ ကြိုးစားနေတာကို
သိသာထင်ရှားပါသည်။