–
မိမိကိုယ်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ရသည်
စုယန်ယန်သည်
ဝမ်ကျင့်ဖျင်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း လှေကားမှ ဆင်းလာခဲ့သည်။
“မိန်းကလေးဝမ်၊
မင်းရဲ့ အရည်အချင်းတွေအရ နောက်ဆုံးအဆင့် ခုနစ်ယောက်ထဲမှာ မင်း ပါဝင်နိုင်တယ်လို့ ထင်နေတာလား။”
“ကျွန်မ...”
“ကျော်ကြားမှုလား။
တို့ မှတ်မိတာ မှန်မယ်ဆိုရင်၊ မိန်းကလေးဝမ်က ပြိုင်ပွဲပဏာမအဆင့်ကို အောင်မြင်ပြီးနောက်
ပြဿနာတစ်ခုကို အစပြုခဲ့တယ် မဟုတ်လား။ မိန်းကလေးဝမ်က အစားအသောက်ကဏ္ဍရဲ့ တင်ဆက်သူအသစ်တစ်ဦးကို
လိမ်လည်လှည့်ဖြားတယ်လို့ သံသယ ရှိခဲ့တယ်။ ဒါပေမယ့် တင်ဆက်သူအသစ်လေးရဲ့ တန်ပြန်တရားစွဲဆိုခြင်းကို
ခံခဲ့ရပြီး ငွေအမြောက်အများ ဆုံးရှုံးခဲ့ပြီး အဲဒီကိစ္စကြောင့် ကျော်ကြားမှု ကျဆင်းသွားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ ထိပ်ဆုံးအယောက်နှစ်ဆယ်ကြားမှာ ခိုက်ရန်ဖြစ်ပွားမှု ပေါ်ပေါ်ခဲ့ပြီး
ပရိုဂရမ်အဖွဲ့အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်။”
ဝမ်ကျင့်ဖျင်ရဲ့
မျက်နှာဟာ နီရဲနေခဲ့သည်။ သူမသည် ပါးစပ်ကိုဖွင့်ကာ ပြန်လည်ချေပချင်သော်လည်း သူမ ဘာမှ
ပြန်မပြောနိုင်တော့သည်ကို သိလိုက်ရသည်။
“ပရိုဂရမ်အဖွဲ့ရဲ့
စာချုပ်ပါ စည်းကမ်းချက်တွေအရ ပြိုင်ပွဲမှာ ပါဝင်ကြတဲ့ အမျိုးသမီး အနုပညာရှင်တွေက ပြိုင်ပွဲရိုက်ကူးနေစဥ်အတွင်း
သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို လုံလုံလောက်လောက် အပြုသဘောဆောင်နိုင်ဖို့ သေချာစေရမယ်။
ယင်းကာလအတွင်း ပရိုဂရမ်အဖွဲ့သည် နာမည်ဂုဏ်သတင်း ဆိုးရွားတဲ့ အနုပညာရှင်အား ထုတ်ပယ်ခွင့်ရှိပြီး
ပရိုဂရမ်အဖွဲ့သည် သူမကြောင့် နစ်နာခဲ့သည့် ဆုံးရှုံးမှုများစွာအတွက် လျော်ကြေးပေးရန်
ထိုအနုပညာရှင်အား တောင်းဆိုပိုင်ခွင့်ရှိသည်။”
ဤစာချုပ်လိုအပ်ချက်မှာ
အလွန်အသုံးများပြီး ရသစုံရှိုးပွဲများ၊ ကြော်ငြာတွေနှင့် စာချုပ်လက်မှတ်ထိုးခြင်း ကဲ့သို့သော
စာချုပ်များတွင် ပါဝင်သည့် အချက်များလိုပါပင်။
အဆုံး၌
ရင်းနှီးမြှုပ်နှံသူတွေလည်း ငွေရှာဖို့ လိုအပ်ပါသည်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့
ထုတ်ကုန်တွေကို နာမည်ဂုဏ်သတင်း ကောင်းမွန်စေမည့် အပြုသဘောဆောင်တဲ့ အနုပညာရှင်မျိုးကိုသာ
အလိုရှိပြီး သူတို့ရဲ့ ထုတ်ကုန်တွေ၏ နာမည်ဂုဏ်သတင်း ကျဆင်းစေတဲ့ အနုပညာရှင်တစ်ဦးကို
ထုတ်ပယ်လိုက်တာက သူတို့ရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့ပဲ ဖြစ်သည်။
စုယန်ယန်သည်
ဝမ်ကျင့်ဖျင်၏ အသက်သွေးကြောကို ချုပ်ကိုင်ထားခဲ့သော ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦး
ဖြစ်ခဲ့သည်။
“မိန်းကလေးဝမ်
ပြောခဲ့တဲ့စကားအရ၊ တို့က မင်းကို လက်စားချေချင်တယ်ဆိုရင် တို့ရဲ့ ရင်းနှီးမြှုပ်နှံသူဆိုတဲ့
အထောက်အထားကို လက်တွေ့အသုံးချပြီး မင်းကို ထုတ်ပယ်ဖို့ ပရိုဂရမ်အဖွဲ့ကို စေခိုင်းလိုက်မှာပေါ့။
တို့က ဘာဖြစ်လို့ အဆုံးအထိ စောင့်နေရမှာလဲ။ ရှင်တို့တွေလည်း စုံစမ်းကြည့်နိုင်ပါတယ်။
မိန်းကလေးဝမ်ရဲ့ နာမည်ဂုဏ်သတင်းက ပို၍ အပြုသဘောဆောင်စေလား ဒါမှမဟုတ် ပို၍ အပျက်သဘောဆောင်စေလား
ဆိုတဲ့ အချက်နှစ်ချက်ကို အရင်ဆုံး သတိပြုသင့်တယ်။”
စုယန်ယန်က
ထိုသို့ပြောရင်း ဝမ်ကျင့်ဖျင်အား အဓိပ္ပါယ်ရှိသောအကြည့်တစ်ချက် ပေးအပ်လိုက်သည်၊ “မိန်းကလေးဝမ်၊
ရှင် အခု ဒီအကြောင်းတွေ ပြောဖို့ တို့ဆီကို ရောက်လာဆိုတော့ ရှင့်ကြောင့် ပရိုဂရမ်အဖွဲ့
ဘယ်လောက် ထိခိုက်နစ်နာသွားခဲ့ရလဲ ဆိုတာကို သတိပေးချင်လို့လား။ ရှင်က ဒီကိစ္စအတွက် တာဝန်ယူပေးချင်လို့လား။”
ဝမ်ကျင့်ဖျင်ရဲ့
မျက်နှာအမူအရာဟာ အနည်းငယ် ပြောင်းလဲသွားပြီး သူမ မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။
သို့ရာတွင်၊
ဟောက်ရှောက်ဖုန်းက မသိစိတ်က ပြန်ပြောခဲ့သည်မှာ “အဲဒီအချိန်တုန်းက မင်း ဖျင်လေးကို ပြိုင်ပွဲကနေ
ထုတ်ပယ်ဖို့ ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ ဒါက ငါ့ကြောင့်မှန်း သိသာတယ်...”
“ရှောက်ဖုန်း...”
ဝမ်ကျင့်ဖျင်သည် ဟောက်ချန်ဟွမ်းရဲ့ အင်္ကျီလက်ကို အလျင်စလို ဆွဲကိုင်ပြီး သူ့ကို ဆက်မပြောဖို့
အချက်ပြခဲ့သည်။
သူမကို
ပြိုင်ပွဲမှ ထုတ်ပယ်ခံရလုနီးပါး နှစ်ကြိမ်စလုံးတွင် သူမသည် ဟောက်ရှောက်ဖုန်းအား အကူအညီတောင်းခဲ့ရပါသည်။
သူမသည်
နောက်ဆုံးအဆင့်အထိ မပါဝင်နိုင်ခဲ့သော်လည်း ဟောက်ရှောက်ဖုန်း ဖုန်းဆက်ပေးပြီးနောက် ပရိုဂရမ်အဖွဲ့သည်
အမှန်တကယ်ပင် စိတ်ပြောင်းသွားခဲ့သည်။ ဟောက်ရှောက်ဖုန်း၏ ဖိအားပေးမှုကြောင့် ပရိုဂရမ်အဖွဲ့သည်
သူမအား ဆက်ထားခဲ့မှန်းကို ဝမ်ကျင့်ဖျင်တစ်ယောက် သိရှိထားပါသည်။
စုယန်ယန်သည်
အတိတ်က အဖြစ်အပျက်များကြောင့် သူမအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သက်သေပြလိုသောကြောင့်
ယနေ့ ဒီနေရာသို့ ရောက်ရှိလာခဲ့တာဖြစ်သည်။ စုယန်ယန်သည် ပရိုဂရမ်အဖွဲ့၏ ဖျက်လိုဖျက်ဆီး
တည်းဖြတ်မှုကို အသုံးပြုကာ သူမကို အသေရေဖျက်ဖို့ ပြုလုပ်ခဲ့ပြီး သူမရဲ့ နာမည်ဂုဏ်သတင်းကို
ဖျက်ဆီးဖို့ သူမ(စုယန်ယန်)ရဲ့ ကုမ္ပဏီက အနုပညာရှင်များကို ခိုင်းစေခဲ့ကြောင်း သက်သေပြချင်ခဲ့သည်။
ဝမ်ကျင့်ဖျင်သည်
သူမရဲ့ အရင်က ကျော်ကြားခဲ့တဲ့ နာမည်ဆိုးတွေကို ရှင်းလင်းပစ်ပြီး စုယန်ယန်နှင့် သူမရဲ့
ကုမ္ပဏီကို ရေဆိုးရေညစ်တွေ လောင်းပစ်ချင်ခဲ့သည်။
သို့ရာတွင်၊
ဟောက်ရှောက်ဖုန်းသည် ပရိုဂရမ်အဖွဲ့အား ဖိအားပေးပြီး သူတို့လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို
ထုတ်ဖော်ပြောဆိုခဲ့ပါက၊ ထုတ်ဖော်ပြောဆိုခြင်းငှာ မစွမ်းသာသည့် စည်းမျဥ်းများကို အသုံးပြုပြီး
ဖြတ်လမ်းနည်းဖြင့် လျှောက်လှမ်းခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အမြင့်မှာ
ရပ်တည်ပြီး တခြားသူတွေကို ဝေဖန်ဖို့ သူမမှာ မည်ကဲ့သို့ အခွင့်အရေး ရပါတော့မည်နည်း။
“သေချာပေါက်
မင်းကြောင့်ဆိုတာ ဘာလဲ။” စုယန်ယန်သည် ဟောက်ရှောက်ဖုန်းကို ပိုကြည့်လေလေ၊ အရူးတစ်ယောက်လိုပဲလို့
သူမ ပိုခံစားရလေလေပါပဲ။
သူမသည်
စကားအနည်းငယ်မျှသာ တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်သော်ငြားလည်း မိနစ်အနည်းငယ်အတွင်းမှာပင်
သူ့ကိုယ်သူ ဖေါက်ခွဲဖျက်စီးသွားလိမ့်မည် ဖြစ်သောကြောင့် သူမမှာ ပြီးမြောက်အောင်မြင်မှု
အရသာကို လုံးဝ မခံစားရပေ။
ဝမ်ကျင့်ဖျင်သည်
စုယန်ယန်၏ တည်ငြိမ်အေးဆေးသော အကြည့်ကို မြင်လိုက်ရပြီး သူမ၏ နှလုံးသားထဲတွင် မကြုံစဖူး
ကြောက်ရွံ့မှု အရိပ်အယောင်ကို ရုတ်တရတ် ခံစားလိုက်ရသည်။