အပိုင်း ၃၁၆
Viewers 1k

 

အခန်း (၃၁၆)

 

- သူမ အရှက်ရသွားသည်

 

ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာဟာ အစိမ်းရောင် ပြောင်းသွားခဲ့သည်။ သူသည် သွေးအန်လုမတတ် ဖြစ်သွားသည်။

 

စုယန်ယန်က သူ မည်ကဲ့သို့ ခံစားရမည်ကို လုံးဝ ဂရုမစိုက်ပါ။ သူမသည် ယခင်လဝတည်းက ဒေါသကို မျိုသိပ်ထားခဲ့ရသည်။ သူမသည် နောက်ဆုံး‌တော့ ဒီဒေါသကို ထုတ်လွှတ်နိုင်ခဲ့လေပြီ။

 

"သူမက အလုပ်ကြိုးစားတယ်လို့ နင်ပြောခဲ့တယ်။ ကောင်းပြီလေ၊ သူမက အလုပ်ကြိုးစားတယ်လို့ပဲ ယူဆကြပါစို့။ သူမ အရမ်းကြိုးစားခဲ့တယ်ဆိုရင်တောင် သူမရဲ့ စွမ်းဆောင်ရည်တွေက ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းဆောင်မှု‌တွေကိုပဲ ပြသနေဆဲပါ။ ဒါကိုကြည့်ရင် သူမဟာ ဒီနယ်ပယ်နဲ့ လုံးဝ မသင့်လျော်ဘူးဆိုတာကို ပြသနေတယ်။ တို့ သိထားတာကို အခြေခံပြီး ပြောရရင် ပြိုင်ပွဲဝင်တွေထဲမှာ သူမထက် အလုပ်ပိုကြိုးစားသူတွေ အများကြီး ရှိတယ်။ သူမလို အခြေခံအုတ်မြစ်မရှိပေမယ့် သူတို့ရဲ့ ကြိုးစား‌မှုတွေကြောင့် တကျော့ပြန်လာနိုင်ပြီး စင်ပေါ်မှာ တောက်ပနေတဲ့သူတွေ အများကြီး ရှိတယ်။ သူများတွေတောင်လုပ်နိုင်ရင် နင်က ဘာလို့ မလုပ်နိုင်ရတာလဲ။ နင့်ထက် သာလွန်သူတွေတောင် ဖယ်ထုတ်ခံရရင် နင်ကရော ဘာလို့ မဖယ်ထုတ်ခံရမှာလဲ။"

 

"ကျွန်မ…" ဝမ်ကျင့်ဖျင်က အလိုလို ဖြေရှင်းလိုက်ချင်ပေမယ့် သူမ မော့ကြည့်လိုက်ချိန်တွင် စုယန်ယန်ရဲ့ အေးစက်နေသော မျက်ဝန်းတွေနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

 

ထိုအခိုက်အတန့်မှာ စုယန်ယန်သည် လှေကားကနေ ဆင်းလာခဲ့ပြီး သူတို့အနားသို့ လျှောက်လာခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် သူမကို မသိစိတ်က တားဆီးဖို့ ကြိုးစားခဲ့သော်လည်း ပါးရိုက်ခံလိုက်ရသည်။ သူ့ရဲ့ ကိုယ်ဟန်ကို မထိန်းနိုင်ခင် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားခဲ့ရသည်။

 

ဘေးမှ ကြည့်ရှုနေသူများ ဆွံ့အသွားခဲ့ကြသည်။

 

စုယန်ယန်သည် ထိုအန္တရာယ်ရှိသော လူနှစ်ယောက်အနားသို့ ချဉ်းကပ်သွားတာကို မြင်၍ ကူညီရန် အောက်ထပ်သို့့ အမြန်ဆင်းလာသော ရှားကျွင်းရှန့်သည်လည်း ထိုလုပ်ရပ်ကြောင့် ဆွံ့အသွားသည်။

 

ဟောက်ရှောက်ဖုန်းသည် အသိပြန်မကပ်လာမီ စက္ကန့်အနည်းငယ်ကြာ ကြက်သေ သေနေခဲ့သည်။ သို့‌ပေမယ့် သူ အသိပြန်ဝင်သောအခါတွင် သူ့ကို ရှားကျွင်းရှန့်နှင့် လုံခြုံရေးအစောင့်တွေက တားဆီးထားခဲ့ကြသည်။

 

"မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ ငါ့ကို လွှတ်ပေး၊ ငါ့ကို လွှတ်ပေး။ ငါက ဘယ်သူလဲဆိုတာ သိကြရဲ့လား။ ငါက ဟောက်ကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူ…"

 

ဟောက်ရှောက်ဖုန်းသည် တားဆီးခံ‌နေရသဖြင့် ဒေသအလွန်ထွက်ကာ ဟောက်ကော်ပိုရေးရှင်းနှင့် ဟောက်ချီဟန်တို့၏ အမည်တွေကို အော်ဟစ် အသုံးပြုလာခဲ့သည်။

 

သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို အရူးတစ်ယောက်လို ကြည့်ရှုနေခဲ့ကြသည်။ အနီးအနားက သတင်းထောက်တွေက အရမ်းစိတ်လှုပ်ရှားပြီး ဒီမြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါသည်။ သူတို့‌တွေက လူကြိုက်များစေမယ့် သတင်းခေါင်းစဉ်များကိုပင် စတင်တွေးတောခဲ့ကြသည်။

 

'ဟောက်ကော်ပိုရေးရှင်း၏ အမွေဆက်ခံသူက သူ့ကောင်မလေးကြောင့် တုန်ချမ်းအင်တာတိန်းမန့်ကို ပြဿနာအကြီးအကျယ်ရှာခဲ့တာလား။'

 

"တုန်ချမ်းအင်တာတိန်းမန့်မှာ ပြဿနာလာရှာ၍ အဖမ်းခံရတဲ့ ထူးဆန်းသော အမျိုးသားတစ်ယောက်က သူ့အဖေက XXXဖြစ်သည်ဟုဖြစ်သည်ဟု အော်ဟစ်ခဲ့ပါသည်။"

 

စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းတို့၏ ယခင်က စေ့စပ်ခဲ့ဖူးတဲ့အကြောင်းကို သူတို့ သိထားလျှင် ပို၍ပင် ပေါက်ကွဲ‌ထွက်စေမယ့် အကြောင်းအရာတွေ ထွက်ပေါ်လာနိုင်ပါသည်။

 

စုယန်ယန်သည် ဟောက်ရှောက်ဖုန်း၏ မိုက်မဲမှုကို လျစ်လျူရှုပြီး ဝမ်ကျင့်ဖျင်ထံ လျှောက်သွားခဲ့သည်၊ “အလုပ်ကြိုးစားသူတွေကို ကောင်းကင်ဘုံက ဆုချတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့သူတွေအတွက် အခွင့်အလမ်းတွေက အမြဲတမ်း သီးသန့်ရှိတယ်။ မင်း ထုတ်ပယ်ခံရတာကို မတရားဘူးလို့ မင်းက ထင်ပေမယ့် တကယ်တမ်း မင်း ရွေးချယ်ခံရရင်ရော မင်းထက် ပိုကြိုးစားပြီး အလားအလာပိုရှိသူတွေအတွက် တရားမျှတပါဦးမလား။ ပြတ်ပြတ်သားသားပြောရရင် ဒါက တစ်ကိုယ်ကောင်းဆန်တယ်လို့ခေါ်တယ်။ သို့မဟုတ်၊ မင်းကိုယ်မင်း ကောင်းကင်ဘုံရဲ့ ချစ်သမီးလို့ တကယ်ထင်နေတယ်ဆိုရင် လူတိုင်းက မင်းကို အားပေးထောက်ခံဖို့ လိုအပ်ပါရဲ့လား။ မင်း နည်းနည်း‌လောက် အဆင်မပြေဘူးဆိုရင် တစ်စုံတစ်ယောက်က မင်းကို ပစ်မှတ်ထားတယ်လို့ ဖြစ်သွားရောလား။”

 

“မဟုတ်၊ ကျွန်မ… ကျွန်မ အဲ့လို မထင်…”

 

“မင်း အဲ့လို မထင်ဘူးလား။ ဒါဆိုရင် မင်းထင်မြင်ယူဆထားတဲ့ ဒီစကားတွေက ဘာကိုဆိုလိုချင်တာလဲ။ မင်း တို့ကို ရှင်းပြပေးပါဦး။” စုယန်ယန်က သူမရဲ့ မျက်ဝန်းတွေကို မှေးကျဥ်းလိုက်ပြီး “ဒါမှမဟုတ် မင်းရဲ့ ရုပ်ရည်နဲ့ လူတိုင်းကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား။ ဒါမှမဟုတ် မင်းရဲ့ အလုပ်ကြိုးစားမှုနဲ့ အရည်အချင်းတွေကြောင့် လူတိုင်းကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား။” ဟု ပြောရင်း ဝမ်ကျင့်ဖျင်ထံ လျှောက်သွားသည်။

 

စုယန်ယန် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ဝမ်ကျင့်ဖျင်သည် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သွားသည်။ သူမသည် စုယန်ယန်ရဲ့ စကားလုံးတွေကို ကြားသောအခါတွင် သူမရဲ့ ဘယ်ခြေကို နင်းမိပြီး လဲကျသွားခဲ့သည်။

 

မြေပြင်ပေါ်သို့ ထိုင်ကျသွားသော ဝမ်ကျင့်ဖျင်သည် မှင်သက်သွားသည်။ သူမသည် နေရာပေါင်းစုံမှ အကြည့်များကို သတိပြုမိသွားသည်။

 

မထီမဲ့မြင်ပြုခြင်း၊ လှောင်ပြောင်ထေ့ငေါ့ခြင်းနှင့် ရွံရှာဖွယ်အနည်းငယ် စွက်ဖက်နေသည့် အကြည့်တွေက သူမအား သူမ၏ ယခင်ဘဝသို့ ပြန်ရောက်သွားသလို ခံစားရစေပြီး၊ လူတိုင်းက သူမကို အထင်သေးပြီး မည်သူမဆို အနိုင်ကျင့်နိုင်သည့် ယခင်ဘဝသို့ ပြန်အမှတ်ရသွားစေသည်။

 

နောက်ဆုံးတွင်၊ ဝမ်ကျင့်ဖျင်သည် ပတ်ဝန်းကျင်ရှိလူများထံမှ “အထင်သေးမှု” ကို မခံနိုင်တော့ပေ။ သူမသည် မြေပြင်ပေါ်မှ အော်ဟစ်တွားသွားထပြီး မျက်နှာကို လက်ဖြင့် ဖုံးအုပ်ကာ တုန်ချမ်းအဆောက်အဦးထဲမှ ပြေးထွက်သွားခဲ့သည်။