– သူမရဲ့ ဝှက်ဖဲကို ဖော်ထုတ်ခဲ့သည်
အခုလောလောဆယ်မှာတော့
ဝမ်ကျင့်ဖျင်သည် သူမရဲ့ ကိုယ်ပိုင်ပရိသတ်တွေက သူမကို လှောင်ပြောင်ပြောဆိုနေကြသည့် ပရိသတ်များနှင့်
ပြန်လည်ငြင်းခုံပေးဖို့ စိတ်မဝင်စားကြတော့ပေ။ သူတို့တွေကပါ ဝမ်ကျင့်ဖျင်၏ အကောင့်အောက်သို့
သွားပြီး သူမအား ရှင်းပြပေးရန် တောင်းဆိုခဲ့ကြသည်။
ဤအရာများ
ဖြစ်ပျက်လာသောအခါ ဝမ်ကျင့်ဖျင်သည် လူအများရှေ့တွင် သူမအား အရှက်ရစေသည့်အတွက် စုယန်ယန်ကိုတောင်
ဒေါသထွက်နေပါသေးသည်။
ဝမ်ကျင့်ဖျင်သည်
စုယန်ယန်ထံ သူမရဲ့ မကျေနပ်မှုများကို ဖွင့်ထုတ်ရန် သူမ၏ အကောင့်ထဲသို့ ဝင်ရောက်သည့်အခါ
ပရိသတ်များ၏ သရော်လှောင်ပြောင်မှုနှင့် သံသယများကို ဖတ်ရှုလိုက်ရသည်။ သူမသည် မူးမေ့လဲကျလုမတတ်
ဖြစ်သွားခဲ့ရသည်။
သို့သော်
ဤသည်မှာ အစသာ ဖြစ်သည်။
စုယန်ယန်သည်
ဝမ်ကျင့်ဖျင်၏ အများသားပရိသတ်များ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်သောအခါတွင် သူမရဲ့
မျက်လုံးထဲတွင် ကြည်နူးမှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူမရဲ့
ယခင်ဘဝတွင်၊ ဝမ်ကျင့်ဖျင်သည် သူမ(စုယန်ယန်) သေဆုံးသည့်တိုင်၊ ဝမ်ကျင့်ဖျင်၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်
တည်ငြိမ်ပြီးနောက်တွင်မှ သူမသည် အမျိုးသားဇာတ်လိုက်၏ မိသားစုထံမှ ခွင့်ပြုချက်ရရှိပြီးသည်အထိ
ဟောက်ရှောက်ဖုန်းနှင့် သူမ၏ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။
ထိုအချိန်တွင်၊
ဝမ်ကျင့်ဖျင်သည် ရုပ်ရှင်ဘုရင်မအဖြစ်သို့ ရာထူးတိုးမြှင့်ခံခဲ့ရပြီးဖြစ်သည်။ သူမသည်
‘ယောကျာ်းလေးသူငယ်ချင်း’ အများအပြားကို စုဆောင်းရရှိခဲ့ပြီး နယ်ပယ်ထဲတွင် သူမ၏ ရပ်တည်ချက်မှာ
မတုန်မလှုပ်ဖြစ်နေသည်။
ဒီအဖြစ်အပျက်ဟာ
သူမရဲ့ အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုမရှိစေဘဲ၊ ကောင်းချီးများစွာကိုပါ ရရှိစေခဲ့သည်။
အခုအချိန်မှာ
နာမည်မကျော်ကြားသေးသည့်အတွက် ဝမ်ကျင့်ဖျင်ရဲ့ နာမည်ဂုဏ်သတင်းက အရမ်းကြီး မပြောင်းလဲသွားခဲ့ပေ။
အရေးကြီးဆုံးကတော့ သူမရဲ့ ယောကျာ်းလေးသူငယ်ချင်းတချို့က နေရာမရသေးသလို တချို့ကလည်း
နောက်သို့ ပြန်လှည့်ကုန်ပြီ ဖြစ်သည်။
သူတို့ရဲ့
အချစ်ရေးအကြောင်း ရုတ်တရတ် ထွက်ပေါ်သွားခြင်းသည် သူမအတွက် အလွန်ပြင်းထန်သော ထိုးနှက်ချက်တစ်ခု
ဖြစ်စေမည်မှာ သေချာပါသည်။
စုယန်ယန်တစ်ယောက်
ရယ်မောပြီးသွားသည်နှင့် ရင်းနှီးကျွမ်းဝင်နေသော သတိပေးချက်တစ်ခုက သူမစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[အမျိုးသမီးဇာတ်လိုက်၏
ရွှေလက်ချောင်း +10 ကို ဖမ်းယူရရှိပြီး တိုးတက်မှုအတွက် ဂုဏ်ယူပါသည်။ လက်ရှိ တိုးတက်မှုအနေဖြင့်
၂၀ ရာခိုင်နှုန်း ရှိပြီဖြစ်သည်။ ကျေးဇူးပြုပြီး အလုပ်ကြိုးစားပေးပါ။]
စုယန်ယန်က
မျက်လုံးမှေးကျဥ်းလိုက်သည်။ “သူတို့ရဲ့ အချစ်ရေးကို ဖော်ထုတ်လိုက်ရုံနဲ့ ၁၀ ရာခိုင်နှုန်း
တိုးတက်လာတယ်၊ ဟုတ်လား။”
[စနစ်ရဲ့
အကဲဖြတ်မှုအရ၊ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ရဲ့ အချစ်ရေးကို စောစောစီးစီး
သိရှိလိုက်ရခြင်းက အမျိုးသမီးဇာတ်လိုက်ကို ပရိသတ်အများစု၏ အားပေးမှုအား လွဲချော်သွားစေခဲ့ပါတယ်။
ဒါက အနာဂတ်တွင် အခြား အရေးကြီးသော အမျိုးသားဇာတ်ပို့များနှင့် ဝမ်ကျင့်ဖျင်ရဲ့ ဆက်ဆံရေးကို
ထိခိုက်စေမှာ ဖြစ်တဲ့အတွက် ၁၀ ရာခိုင်နှုန်း လို့ သတ်မှတ်ပါတယ်။]
“ဒါက
တခြား အရေးကြီးတဲ့ အမျိုးသားဇာတ်ပို့တွေနဲ့ ဝမ်ကျင့်ဖျင်ရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှု
ရှိတယ်လား။” စုယန်ယန်သည် ဒါကိုတွေးကြည့်ပြီးနောက် နားလည်သဘောပေါက်သွားသည်။
မူရင်းစာအုပ်တွင်
ဝမ်ကျင့်ဖျင်သည် စိတ်မပိုင်းဖြတ်နိုင် မတင်မကျဖြစ်ပြီး သူမကို ချစ်သောသူများအား ထိခိုက်နာကျင်စေလိုခြင်း
မရှိပေ။
ပြတ်ပြတ်သားသားပြောရလျှင်
သူမသည် ထူးချွန်ထက်မြက်သော ယောကျာ်းများစွာကြားတွင် လူးလွင့်ပျံသန်းနေသော လူမှုရေးဆက်ဆံကောင်းမွန်သည့်
လိပ်ပြာလေးတစ်ကောင်နှင့်တူသည်။ အမျိုးသားဇာတ်လိုက်မှတပါး သူမသည် ရံဖန်ရံခါ အသုံးပြုရန်အတွက်
မရေမတွက်နိုင်သော အပိုတာယာများကို စုဆောင်းထားသည်။
ဝမ်ကျင့်ဖျင်ရဲ့
ဒီအပိုတာယာတွေနဲ့ ပရောပရည်လုပ်နည်းက တကယ့်ကို နိမ့်ကျပါသည်။ ဝမ်ကျင့်ဖျင်သည် သူမနှင့်
ဟောက်ရှောက်ဖုန်းတို့က ရိုးရိုးသူငယ်ချင်းတွေပါ သို့မဟုတ် ဟောက်ရှောက်ဖုန်းက သူမကို
ပိုးပန်းနေသူပါ ဟု လိမ်လည်ပြောဆိုခဲ့သည်။
ဒီအမျိုးသားတွေက
သူမအပေါ် ခံစားချက်များ တိုးပွားလာပြီး ဟောက်ရှောက်ဖုန်းနှင့် သူမ၏ ရင်းနှီးသော ဆက်ဆံရေးအပေါ်
မနာလိုဖြစ်လာသောအခါတွင် သူမသည် ထိုအပြစ်အားလုံးကို သူမရဲ့ အေဂျင်စီအပေါ် ပုံချခဲ့သည်။
သူမရဲ့
အသက်မွေးဝမ်းကြောင်းလုပ်ငန်း အောင်မြင်လာချိန်မှာ ဟောက်ရှောက်ဖုန်းနှင့် သူမတို့ရဲ့
ဆက်ဆံရေးကို မထုတ်ဖော်ဖို့ အေဂျင်စီက သူမကို တောင်းဆိုထားခဲ့သည်။ ထို့ကြောင့် သူမသည်
သူတို့ထံ အမှန်တရားကို ဖုန်းကွယ်ထားတာဖြစ်ပြီး တမင်တကာ လှည့်ဖြားခဲ့တာ မဟုတ်ပါဘူး။
ထိုအချိန်တွင်
အမျိုးသားဇာတ်ပို့တွေက သူမအပေါ် ခံစားချက်များ လုံးလုံးလျားလျား ပေါ်ဝင်နေပြီ ဖြစ်သောကြောင့်
သဘာဝအတိုင်း သူမအား ကြမ်းတမ်းစွာ ဝေဖန်ပြောဆိုရန် မလုပ်နိုင်ပေ။ သူမ ငိုကြွေးနေတာကို
မြင်လိုက်ရတာနဲ့ သူတို့ရဲ့ နှလုံးသားတွေက နူးညံ့ပျော့ပျောင်းသွားကာ ရုန်းမထွက်နိုင်တော့ပေ။
သူတို့သည် သူမရဲ့ အပိုတာယာလေးတွေအဖြစ် လိုလိုလျားလျား ဆန္ဒရှိခဲ့ကြသည်။
အခုအချိန်မှာ
ဝမ်ကျင့်ဖျင်ရဲ့ ဝှက်ဖဲကို ဖော်ထုတ်လိုက်တဲ့အတွက် သူမရဲ့ နာမည်က ပျက်စီးလုနီးပါးပါပဲ။
တခြားသူတွေကို
လိမ်လည်လှည့်ဖြားရတာကို ကြိုက်နှစ်သက်တဲ့ အထူးပရိသတ်တွေကလွဲရင် ဒီလူတွေက ဝမ်ကျင့်ဖျင်နဲ့
ထပ်ပြီး ဆက်ဆံချင်ကြတယ်ဆိုရင်၊ သူတို့ကို သူမရဲ့ လက်ပါးစေတွေဖြစ်အောင် အစပြုခဲ့တဲ့
ဝမ်ကျင့်ဖျင်ကြောင့် ဖြစ်မှာကို စိုးရိမ်သည်။ သူတို့က သူမကို ကာကွယ်ပေးဖို့ အပြေးအလွှား
ရောက်လာကြမှာ မဟုတ်ပါလား။
“တကယ်လို့
ငါတို့ ဒီရှုထောင့်ကနေ စလုပ်ရင်ရော ဘယ်လိုလဲ၊ ငါတို့ အခု စတင်လုပ်ဆောင်တာ နောက်ကျနေမှာကို
ငါကြောက်တယ်။” စုယန်ယန်သည် မေးစေ့ကို ပွတ်သပ်ပြီး ခဏလောက် စဥ်းစားပြီးနောက် ကုမ္ပဏီရဲ့
ပြည်သူ့ဆက်ဆံရေးဌာနကို ဖုန်းဆက်ပြီး သူမတို့ကြားတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို
သူမကနေ အရင်စပြီး ဖော်ထုတ်ဖို့ ဗွီအိုင်ပီအကောင့်အုပ်စုကို ရှာဖွေခိုင်းခဲ့သည်။