အပိုင်း ၃၂၀
Viewers 1k

အခန်း (၃၂၀)

 

 - အတင်းအဖျင်းများကို လိုက်လံရှာဖွေခြင်းဖြင့် အလုပ်များနေသည်

 

ကျန့်ချိုးယင်းသည် သူမ၏ ကိုယ်ပိုင်စွမ်းရည်ကြောင့် ရာနှင့်ချီသော လူများကြားတွင် ပေါ်လွင်ထင်ရှားပြီး အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူမရဲ့ အရည်အချင်းနှင့် ကျော်ကြားမှုသည် မိမိကိုယ်ကို ထင်ရှားပေါ်လွင်စေခဲ့သည်။

 

ဟွမ်းကျစ်ထုံ၏ စွမ်းရည်သည် သူမထက် အနည်းငယ် နိမ့်ကျသော်လည်း သူမသည် ချောမောလှပပြီး သူမ၏ စိတ်နေသဘောထားမှာလည်း နူးညံ့သိမ်မွေ့သည်။

 

သူတို့နှစ်ယောက်ဟာ ပြိုင်ပွဲမှာ အတူတူ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ သူတို့သည် ပြိုင်ဖက်တွေဖြစ်ပြီး သူငယ်ချင်းတွေလည်း ဖြစ်ကြသည်။ ထို့အပြင် သူတို့တွင် မတူညီသော ကျွမ်းကျင်မှုတွေ ကိုယ်စီရှိသောကြောင့် အရင်းအမြစ်တွေနဲ့ ပတ်သက်၍ အချင်းချင်း ယှဥ်ပြိုင်ရန် မလိုအပ်ပေ။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ပရိသတ်တွေက အံ့သြစရာကောင်းလောက်အောင်ကို အဆင်ပြေကြပါသည်။

 

ယွင်လောင်ရှန်းကို ထည့်ပြောဖို့တောင် မလိုအပ်ပါဘူး။ သူမသည် အငယ်ဆုံးလေးဖြစ်ကာ အသည်းငယ်တတ်ပြီး ချစ်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူမသည် အဖွဲ့ရဲ့ အကြိုက်ဆုံးအဖြစ် သတ်မှတ်ခံထားရသည်။

 

သူတို့သုံးဦးကို အလွယ်တကူ အကဲဖြတ်နိုင်ပြီး ကြည့်လိုက်တာနဲ့ သူတို့သည် ဝမ်ကျင်ဖျင့်ကို ဘက်ပေါင်းစုံမှ အနိုင်ယူနိုင်ခဲ့တာကို ပြောနိုင်ပါသည်။

 

ဝမ်ကျင့်ဖျင်သည် စုယန်ယန်ကို ရင်ဆိုင်သောအခါတွင် သူမသည် အကျင့်စာရိတ္တကောင်းမွန်သူ သူမကိုယ်သူမ အထင်ရောက်နေခဲ့သည်။ အဆိုပါ မှတ်ချက်များသည် အဆိုပါသုံးယောက်ရဲ့ ပရိသတ်အုပ်စုကြားထဲသို့ ရောက်ရှိသွားပြီး ပျားအုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မယ်လို့ သူမ မထင်ခဲ့ပေ။

 

အများအားဖြင့် သူတို့ရဲ့အိုင်ဒေါတွေကို အရည်အချင်းမရှိဘဲ သူတို့ရဲ့ ရုပ်ရည်ကို အားကိုးပြီး အသက်မွေးဝမ်းကြောင်းပြုတယ်လို့ ပြောဆိုကြတာမျိုးကို သူတို့ရဲ့ ပရိသတ်တွေက မကြိုက်ကြပါဘူး။

 

သူတို့ရဲ့ အိုင်ဒေါတွေ ဒီလို အောင်မြင်မှုတွေ ရရှိဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာကို စောင့်ကြည့်နေခဲ့တဲ့ ပရိသတ်တွေက ဒီလိုမှတ်ချက်တွေကို သည်းမခံနိုင်ကြပါဘူး။

 

တစ်ခဏလောက်ကြာတော့ အဆိုပါ သုံးယောက်ရဲ့ ပရိသတ်အုပ်စုအမြင်မှာ ဝမ်ကျင့်ဖျင်သည် လုံးဝ ပြီးပြည့်စုံသော လက်ဖက်စိမ်းမနှင့် တူသွားခဲ့သည်။

 

ဒါတင်မကဘဲ မီးမောင်းထိုးပြခံရတဲ့ အခြားသော ခုနစ်ယောက်ရဲ့ ပရိသတ်တွေပါ ပါဝင်လာခဲ့ကြသည်။

 

အထူးသဖြင့် နောက်ဆုံးအဆင့်အထိ ရောက်ရှိခဲ့တဲ့ အိုင်ဒေါတွေရဲ့ ပရိသတ်တွေက သူတို့ရဲ့ အိုင်ဒေါတွေကို မီးလောင်ရာလေပင့် အလုပ်ခံရတယ်လို့ ခံစးခဲ့ရပါသည်။ အခြားသော အဖွဲ့သုံးဖွဲ့ရဲ့ ခြေရာကို လိုက်နင်းကာ သူတို့ရဲ့ အမြောက်များတွေကို တညီတညွတ်တည်း ပစ်ခတ်လိုက်ကြသည်။

 

ဒီပရိသတ်တွေနဲ့ယှဥ်ရင် ဝမ်ကျင့်ဖျင်ရဲ့ ပရိသတ်တွေက အနည်းငယ် ကံမကောင်းခဲ့ဘူး။

 

တခြားပရိသတ်တွေက သူတို့ရဲ့ အိုင်ဒေါအပေါ် ပြစ်တင်ပြောဆိုနေကြတာကို သိပေမယ့် သူတို့ရဲ့ ယုံကြည်မှုတွေလည်း ပျက်ပြားသွားခဲ့ရသည်။

 

သူမမှာ ချစ်သူကောင်လေးရှိနေတာလား။ သေစမ်း၊ သူမက တစ်ကိုယ်ရေသမား မဟုတ်ဘူးလား။

 

ဒီမေးခွန်းဟာ ဝမ်ကျင့်ဖျင်၏ အမျိုးသားပရိသတ်တွေရော အမျိုးသမီးပရိသတ်တွေရဲ့ စိတ်ထဲ တောက်လောင်နေခဲ့ပါသည်။ ဝမ်ကျင့်ဖျင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်စဥ်က သူမသည် သနားစရာကောင်းသော ကြာပန်းဖြူလေးအသွင်ရှိကာ သူမရဲ့ အရသာရှိသော အိမ်ချက်ဟင်းလျာတွေနဲ့ ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

 

အဲဒီနောက်မှာတော့ သူမသည် သူမရဲ့ ကြေကွဲဖွယ်ကောင်းတဲ့ တစ်ကိုယ်တည်းမိဘအုပ်ထိန်းမှုအကြောင်းကို ရောင်းချရန် ထိုအချိန်က သူမ လက်မှတ်ရေးထိုးခဲ့တဲ့ ဝက်ဘ်ဆိုက်အတွင်းလူနှင့် ပူးပေါင်းကာ မရေမတွက်နိုင်သော အမျိုးသားကြည့်ရှုသူတွေရဲ့ အကာအကွယ်ကို ရယူခဲ့ပါသည်။

 

 ‘ကြယ်ပွင့်တွေရဲ့ မနက်ဖြန်’ အစီအစဥ်တွင် မပါဝင်ခင်ကတည်းကက ဝမ်ကျင့်ဖျင်ဟာ ဟောက်ရှောက်ဖုန်းနှင့် သမီးရည်းစားဆက်ဆံရေး ရှိနေကြောင်း အတည်ပြုထားခဲ့ပြီး ဖြစ်သည်။

 

သို့သော် သူမသည် မတုံးအပေ။ သူမ၏ ယခင်ဘဝတွင် သူမသည် ကြယ်ပွင့်နောက်လိုက်သူဖြစ်ခဲ့ပြီး ခေတ်ရေစီးကြောင်းကို လိုက်လျှောက်သော အနုပညာရှင်များသည် ချိန်းတွေ့ပိုင်ခွင့်မရှိသည်ကို သူမ ကောင်းကောင်းသိသည်။

 

ပရိသတ်အများစုသည် ‘ခင်ပွန်းသည်’ သို့မဟုတ် ‘ဇနီးမယား’ ပရိသတ်တွေ ဖြစ်ကြသည်။ အဲဒီလူတွေက သူတို့ရဲ့ အိုင်ဒေါတွေကို သူတို့ရဲ့ ကလေး၊ သူတို့ရဲ့ ‘ခင်ပွန်းသည်’ သို့မဟုတ် ‘ဇနီးမယား’ ကဲ့သို့ မှတ်ယူကြပြီး သူတို့ရဲ့ အိုင်ဒေါတွေအတွက် ငွေသုံးစွဲရန် ဆန္ဒရှိခဲ့ကြသည်။

 

အိုင်ဒေါတစ်ယောက်ရဲ့ အရှိန်အဝါကြောင့် ဝမ်ကျင့်ဖျင်သည် သူမရဲ့ ပုံစံကို မပြောင်းလဲဘဲ အခြားတစ်ယောက်ရဲ့ ဆက်ဆံရေး ဆက်ရှိနေခဲ့ပါသည်။ ဒီပရိသတ်တွေရဲ့ အမြင်မှာတော့ သူမရဲ့ အချစ်ရေးကို ပံ့ပိုးဖို့ သူတို့ရဲ့ ပိုက်ဆံတွေကို သုံးစွဲနေတာပဲ မဟုတ်ပါလား။ ဒါကို သူတို့ ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။

 

ထို့ကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်လာစဥ်အတွင်း ရုတ်တရတ် ချစ်မိသွားသော အိုင်ဒေါဆယ်ယောက်တွင် ကိုးယောက်မှာ ဖျော်ဖြေရေးနယ်ပယ်တွင် ဆုံးခန်းတိုင်သွားကြလေသည်။

 

ဝမ်ကျင့်ဖျင်သည် သူမက တစ်ကိုယ်ရေသမား ဖြစ်နေသေးကြောင်း လူသိရှင်ကြား ကြော်ငြာထားခဲ့တာကြောင့် သူမရဲ့ ပရိသတ်တွေက သူမကို ယုံကြည်ခဲ့ကြသည်။

 

ဒါပေမယ့် ဒီသတင်းတွင် သူမမှာ ချစ်သူကောင်လေးရှိပြီး တခြားသူတွေနဲ့ ရန်ဖြစ်ဖို့အတွက် သူမရဲ့ ချစ်သူကောင်လေးကို ခေါ်သွားတယ်လို့ ဆိုထားသည်။

 

ဒါဆိုရင် သူတို့က ဘာတွေလဲ။ သူမအတွက် ပိုက်ဆံအများကြီး သုံးစွဲခဲ့ပြီး သူမနှင့်အတူ ပန်းမွေ့ရာပေါ် လျှောက်လှမ်းချင်တဲ့ အမျိုးသားပရိသတ်တွေကရော ဘာတွေ ဖြစ်သွားပြီလဲ။

 

ယခင် တင်ဆက်သူအသစ် အဖြစ်အပျက်နှင့် ထိပ်တန်းအဆင့် ၂၀ ပါဝင်သည့် အဖြစ်အပျက်ကြောင့် ဝမ်ကျင့်ဖျင်သည် ပရိသတ်များစွာ ရရှိထားပြီး အများစုမှာ သူမရဲ့ ရုပ်ရည်သွင်ပြင်ကိုသာ ဂရုစိုက်သည့် ဦးနှောက်မရှိသော အမျိုးသားပရိသတ်တွေ ဖြစ်ကြသည်။

 

သို့ပေမယ့် ဦးနှောက်မရှိသော အမျိုးသားတွေလို့ပင် ဆိုပါစေဦး၊ သူတို့ဦးခေါင်းပေါ် မြက်ခင်းစိမ်း လာစိုက်တာကိုတော့ ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိကြမှာလဲ။