အပိုင်း ၃၁၉
Viewers 1k

အခန်း (၃၁၉)

 

 - အရမ်းမျက်နှာပြောင်လွန်းတယ်

 

စုယန်ယန်သည် စိတ်နှလုံးထိမိသွားပြီး ရယ်မောချင်သွားခဲ့သည်၊ “ဘယ်သူက ဆူပူကြိမ်းမောင်းချင်တာလဲ။”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်လာခဲ့သည်။ သူက မည်သည့် မှတ်ချက်ကိုမှ မပေးပါဘူး။

 

စုယန်ယန်သည် ဒီကိစ္စရပ်ကို သူမကိုယ်တိုင် ဖြေရှင်းပြီးလုနီးပါး ဖြစ်နေသောကြောင့် ဟောက်ချန်ဟွမ်းသည် သူမကို ဆက်မနှောင့်ယှက်တော့ပေ။

 

စုယန်ယန်မှာ ဆက်လက်လုပ်ကိုင်စရာ အလုပ်တွေ ရှိနေပါသေးသည်။ ဟောက်ချန်ဟွမ်းကို နှစ်သိမ့်ပေးပြီးနောက် သူမ ဖုန်းကိုချလိုက်သည်။

 

ဖုန်းချလိုက်ပြီး‌နောက် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ မည်းမှောင်သွားသည်။ သူက ကျိုးယန်ပိုင်ကို တိုက်ရိုက်အမိန့်ပေးခဲ့သည်။ “မင်း ပြင်ဆင်ထားတဲ့ သတင်းမူကြမ်းကို ဖြန့်ဝေနိုင်ပြီ။”

 

“ဘော့စ်ဆိုလိုတာ ဟောက်ကော်ပိုရေးရှင်းမှာ မြှုပ်နှံထားတဲ့ အရာတွေကို ပြောချင်တာလား။”

 

 “အင်း”

 

“ကျွန်တော် နားလည်ပါပြီ။ နေ့လယ်မတိုင်မှီ၊ တရားဝင်မီဒီယာတွေရဲ့ အီးမေးလ်တွေအားလုံးမှာ မြေအောက်မှာ မြှုပ်နှံထားတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအားလုံး လက်ခံရရှိကြပါလိမ့်မယ်။”

 

“ဒါ့အပြင်၊ ငါ့အဖေရဲ့ လက်အောက်ငယ်သားဟောင်းတွေကိုလည်း ဆက်သွယ်ပေးပါ။ ငါ သူတို့နဲ့ တွေ့ပြီး စကားပြောချင်နေတာ ကြာပြီ။”

 

ကျိုးယန်ပိုင်သည် တစ်ခဏတာမျှ အံ့အားသင့်သွားပြီး “ဘယ်အချိန်လောက် ချိန်းရင် အကောင်းဆုံးလို့ ဘော့စ်ထင်လဲ။” ဟု ဝမ်းသာအားရ မေးလိုက်သည်။

 

“မြန်လေ ကောင်းလေပဲ။”

 

“ကောင်းပါပြီ၊ ကျွန်တော် အမြန်ဆုံးဖြစ်အောင် စီစဥ်ပေးပါ့မယ်။”

 

ကျိုးယန်ပိုင်၏ လေသံတွင် ရွှင်လန်းမှုနှင့် စိတ်အားထက်သန်မှုက ဟောက်ချန်ဟွမ်းရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။ ဒီ “အပြင်လူများ” ပင်လျှင် ဟောက်ချီဟန်နှင့် သူ့မိသားစုက အေးစက်ပြီး အကျင့်ယုတ်တာကို မြင်နိုင်ကြသည်။ ၎င်းကို တွေးတောရာတွင် အနည်းငယ် ကမောက်ကမ ဖြစ်နေခဲ့သေးသည်။

 

အစပိုင်းမှာ ခင်မင်ရင်းနှီးမှု အနည်းငယ် ရှိခဲ့ရင်တောင် နှစ်ပေါင်းများစွာကြာပြီးနောက် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပါပြီ။

 

ဖျော်ဖြေရေးသတင်းအားလုံးသည် အချိန်နှင့်တပြေးညီဖြစ်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားသည်။ ထို့အပြင်၊ စုယန်ယန်ကလည်း သူတို့ကို ဒီသတင်းအား အမှန်အတိုင်းနှင့် မြန်မြန်ဆန်ဆန် ထုတ်ပြန်ရမည်ဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။

 

ယွဲ့ရှန်မဂ္ဂဇင်းမှ သတင်းထောက်မျးသည် ပြန်လာပြီးနောက် ပြဇာတ်ဆန်လွန်းသည့် ဒရာမာကို တတ်နိုင်သမျှ မြန်မြန် ရေးသားခဲ့သည်။

 

မျိုးစုံရှိုးတွင် ပါဝင်ခဲ့သည့် ကြာပန်းဖြူလေးသည် မျိုးစုံရှိုး၏ ရလဒ်ကို မကျေမနပ် ဖြစ်ခဲ့သည်။ သူမသည် သူမ၏ ဦးနှောက်မရှိသော ချမ်းသာသည့် ဒုတိယမျိုးဆက်သခင်လေးအား ရှိုးပွဲရဲ့ ရင်းနှီးမြှုပ်နှံသူကြီးများကို ရှာဖွေစေခဲ့ပြီး သူမက ပုဂ္ဂိုလ်ရေးအရ အနိုင်ကျင့်ခံခဲ့ရသည်ဟု ဆိုသည့်အပြင် တချိန်တည်းမှာပင် တခြားသော အနုပညာရှင်တွေက အောင်မြင်မှုကို မသမာသောနည်းလမ်းဖြင့် ရရှိခဲ့တယ်လို့ လျှို့ဝှက်စွာ လှောင်ပြောင်ပြောဆိုခဲ့သည်။ အဆုံးမှာတော့ သူမသည် ဘစ်ဘော့စ်ရဲ့ ပါးဖြတ်ရိုက်ခြင်းကို ခံခဲ့ရသည်။ စိတ်ကျေနပ်စရာကောင်းတဲ့ ကလဲ့စားပြန်ချေတဲ့ ဇာတ်လမ်းတွေတောင် ဒီလို မရေးဖွဲ့ရဲကြဘူး။

 

အင်တာနက်အသုံးပြုသူ အများအပြားသည် ပုံကြီးချဲ့ထားသောခေါင်းစဥ်ကိုမြင်ပြီး ၎င်းနှင့်ပတ်သက်ပြီး သူတို့ရဲ့ စိတ်နှလုံးတွင် ဘဝင်မကျသော်လည်း ထိုသတင်းကို ဝင်ရောက်ဖတ်ရှုကြည့်မိနေကြဆဲ ဖြစ်သည်။

 

သူတို့ ဝင်မကြည့်လိုက်မိဘူးဆိုရင် ကောင်းပါတယ်၊ ဒါပေမယ့် သူတို့ ဝင်ရောက်ဖတ်ရှုကြည့်တော့ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။

 

(ဟာ… ဘာလဲကွာ။ ငါ မှတ်မိတာ မမှားဘူးဆိုရင်၊ ဒီဝမ်ကျင့်ဖျင်က ‘ကြယ်ပွင့်တွေရဲ့ မနက်ဖြန်’ ရှိုးမှာ နေ့တိုင်း အကြိမ် သုံးသောင်းလောက် လှောင်ပြောင်ခံနေရတဲ့ ဝမ်ကျင့်ဖျင် မဟုတ်လား။)

 

(အိုး… ဘုရားရေ၊ သူမက သူမရဲ့ကိုယ်ပိုင်ဆေးကိုတောင် အရသာခံနိုင်တယ်။ မျိုးစုံရှိုးပြိုင်ပွဲရဲ့ ရလဒ်အပေါ် မကျေနပ်ဘူးလို့ ဆိုလိုချင်တာက သူမက ‘ကြယ်ပွင့်တွေရဲ့ မနက်ဖြန်’ ပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ်ကို သူမက မကျေနပ်ဘူးလို့ ပြောချင်တာလား။ သူမ ပြောချင်တဲ့ အနုပညာရှင်က ငါတို့ရဲ့ ယင်းယင်းကိုလား။)

 

(အပေါ်ထပ်ကလူရေ၊ လက်ဆွဲနှုတ်ဆက်ကြရအောင်။ ငါက နင့်ရဲ့ယင်းယင်းရဲ့ ပရိသတ်မဟုတ်ပေမယ့် ငါလည်း အဲ့လိုပဲထင်ပါတယ်။ ဒါက မမျှော်လင့်ထားတဲ့ ဘေးဥပဒ်ပါပဲ။)

 

(သေစမ်း၊ တူညီတဲ့ကုမ္ပဏီက လူသုံးယောက်ဆိုတော့ ငါတို့ရဲ့ ရှန်းရှန်းကို ပြောချင်တာလား။ ဒီခွေးမက ဘာကို ဆိုလိုချင်တာလဲ။ သီချင်းဆိုတဲ့နေရာမှာရော၊ အကကတဲ့နေရာမှာရော နောက်ကျကျန်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ သူမက ထိပ်ဆုံးအဆင့် ခုနစ်ယောက်ကို သူမနဲ့ မနှိုင်းယှဥ်နိုင်ဘူးလို့ ထင်နေတာလား။ သူမက ဘယ်လောက်တောင် အရှက်နည်းလိုက်သလဲ။)

 

(ကျေးဇူးပြုပြီး ငါတို့ရဲ့ ယင်းယင်းကို ဒီလက်ဖက်စိမ်းမနဲ့ ယှဥ်တွဲပြီး မဆွေးနွေးပါနဲ့။ သူမနဲ့ မထိုက်တန်ဘူး။)

 

(မှန်တယ်၊ မှန်တယ်။ ငါတို့ရဲ့ ထုံထုံက အရမ်းချိုမြိန်ပြီး ဆွဲ‌ဆောင်မှုရှိတယ်။ ကုမ္ပဏီက နောက်ဆုံးအဆင့်ထဲမှ နေရာသုံးခုအတွက် မသမာတဲ့ အစီအစဥ်တွေ ပြုလုပ်ထားတယ်လို့ ပြောဖို့ သူမမှာ ဘယ်လို ယုံကြည်ချက်မျိုး ရှိနေတာလဲ ငါ တကယ် နားမလည်နိုင်ဘူး။ ဒီနေရာသုံးခုကို ငါတို့ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ကြတာပါ။ သူတို့တွေက တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းလာခဲ့ကြတဲ့သူတွေပါ။ နင့်လို ဘာမှ မတတ်တဲ့ လူသစ်တစ်ယောက်က သူတို့တွေကို  ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ နင်းနိုင်ပါ့မလဲ။ ဒါက အရမ်းအတုအယောင်ဆန်လွန်းတယ်။)

 

(သူမက အဖွဲ့တစ်ဖွဲ့ထဲ ရှိနေတာ ဖြစ်ပေမယ့် သူမက ဒုက္ခပေးနေတုန်းပါပဲ။ ဒီအမျိုးသမီးက ကျော်ကြားမှုကို ရူးသွပ်နေတာပဲ ဖြစ်ရမယ်။)

 

(သူမက အခုမှ ဒီလိုလှည့်ကွက်မျိုးကို စတင်ကစားနေတာ မဟုတ်ပါဘူး။ သူမက ယခင်ပြိုင်ပွဲတွေမှာလည်း အမျိုးမျိုး ပြဿနာရှာခဲ့ဖူးတယ်။ မသိသေးတဲ့ သူငယ်ချင်းတွေအားလုံး သူမအကြောင်းကို ရှာဖွေကြည့်နိုင်ပါတယ်။ ဒီရှိုးမှာ ပါဝင်တဲ့ ဒိုင်လူကြီးတွေအားလုံး သူမကြောင့် လှည့်ဖြားခံရလုနီးပါးပါပဲ။)