- ဘယ်ယောက်ျားမှ မကောင်းဘူး။
လင်းရှောင်ချီးသည်
ဒေါသထွက်နေသေးသော်လည်း ပြီးခဲ့တာကပြီးပြီဆိုတာကို သူမ သိသည်။
သူမသည်
အချိန်အတော်ကြာ ပြောဆိုပြီးနောက် စိတ်ကိုလျှော့ချလိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ “ထားလိုက်ပါတော့၊ မေ့လိုက်တော့။ လွန်လွန်ကဲကဲ တုံ့ပြန်မိတာ
ငါ့အမှားပါပဲ။ သူ့ကိုသာ ပြန်ခေါ်သွားကြပါ။”
သူမ
စိတ်ငြိမ်သွားသည်ကို မြင်ရသောအခါ စုယန်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။
သူမသည်
သွမ်းသွမ်းအား ဟောက်ချန်ဟွမ်း၏ လက်ထဲသို့ ပစ်ထည့်လိုက်ပြီး ရှေ့သို့တိုးကာ လင်းရှောင်ချီး၏လက်ကို
ဆုပ်ကိုင်လိုက်သည်။ “ဒါက သွမ်းသွမ်းရဲ့ အမှားပါ၊ ဒါပေမယ့် လှေက ရွက်တောင်လွှင့်နေပြီလေ၊
ဒါကို တစ်ဝဲလည်လည်လုပ်နေဖို့ မသင့်ပါဘူး၊ ဟုတ်တယ်မလား။ သူတို့နှစ်ယောက်က အချင်းချင်း ကောင်းကောင်းသိကြပြီး
သွမ်းသွမ်းက ဟွားဟွားကို တကယ်ချစ်တာပါ။ ဟွားဟွားကိုလည်း ကာကွယ်ပေးနေမှာ မကောင်းဘူးလား။”
စုယန်ယန်၏
စကားကိုကြားသောအခါ လင်းရှောင်ချီးမှာ အနည်းငယ် စိတ်ဆိုးသွားရသည်။ သူမသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး “နင့်ရဲ့ကလေးက
ယောကျာ်းလေးဆိုတော့ သေချာပေါက် အဲ့လိုပြောထွက်တာပေါ့။ အခွင့်အရေးယူခံလိုက်ရတာ ငါတို့ဟွားဟွားပါ
ဟုတ်ပြီလား။ ကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့ကောင်က ငါ့သမီးရဲ့ခန္ဓာကိုယ်ကို တက်မက်နေတာလေ။
အမှန်တော့ ဘယ်ယောက်ျားမှ မကောင်းဘူး။”
ရပ်နေသော
ယောက်ျားနှစ်ယောက် “…”
အသိဉာဏ်မရှိဘဲ
အောက်ခြေစည်းမျဉ်းတောင် မသိဘဲ ကျူးလွန်မိတဲ့ ခွေးကို အပြစ်တင်တာဖြစ်ပေမယ့် နောက်ဆုံးတော့
သူတို့ကလည်း ‘ယောက်ျား’ဆိုတဲ့ မျိုးစိတ်တစ်ခုထဲပဲလေ။
ဒီလူယုတ်မာကြောင့်
ဖြစ်တဲ့ ဒုက္ခကို သူတို့က ဘာလို့ အပြစ်တင်ခံနေရတာလဲ။ ယောက်ျားဖြစ်ရတာ အရမ်းခက်ခဲတာပဲ။
စုယန်ယန်သည်
လင်းရှောင်ချီး၏ အရမ်းကာရော အပြစ်တင် တိုက်ခိုက်မှုကို သဘောကျသွားရသည်။ သို့သော် ယခုအချိန်သည်
သူမနှင့် ငြင်းခုံရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမကို ဖျောင်းဖျပေးရုံသာ တတ်နိုင်သည်။
စုယန်ယန်
သဘောတူလိုက်၏။ “ဟုတ်တယ် ဟုတ်တယ်။ ဘယ်ယောက်ျားမှ
မကောင်းဘူး။”
တံခါးဝတွင်ရပ်ရင်း
ရှိုးပွဲအား မြိန်ရေယှက်ရေကြည့်နေသော ယုကျစ်ယန်သည် မျက်လုံးများကို မှေးလိုက်ပြီးနောက်
သူ၏သခင်ငယ်လေးကို ကြည့်လိုက်တာနဲ့ တစ်ကိုယ်လုံး တောင့်ခဲသွားရ၏။
ထိုလူ၏အမူအရာမှာ
မပြောင်းမလဲ ရှိနေသည်ကို သူမြင်ရသော်လည်း အန္တရာယ်ရှိသော အငွေ့အသက်များ ဖြေးဖြေးချင်း
ပျံ့နှံ့နေသည်။ သူသည် စုယန်ယန်အတွက် ဖယောင်းတိုင်တစ်ချောင်းကို တိတ်တဆိတ် ထွန်းညှိပေးလိုက်၏။
စုယန်ယန်သည်
နောက်ဆုံးမှာတော့ လင်းရှောင်ချီးကို စိတ်လျှော့သွားအောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း
သူမကို စိတ်အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် သူမ၏ခွေးလေးအား ထားခဲ့ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူမသည် ထိုပြဿနာရှာသူကြီးအား အိမ်သို့
ခေါ်လာခဲ့သည်။
သူမတို့ထွက်မသွားခင်တွင်
သွမ်းသွမ်းမှာ သူ့ချစ်သူလေးဆီက စာနာသနားစိတ်လေး အနည်းငယ်ရဖို့ ကြိုးစားရင်း အကြိမ်အနည်းငယ်
ငိုကြွေးခဲ့သည်။
ကံမကောင်းစွာပင်
လင်းရှောင်ချီးမှာ ဒေါသထွက်နေသေး၏။ ဟွားဟွားသည် သူမရဲ့ သခင်ဘေးတွင် တည်တည်ငြိမ်ငြိမ်သာ
ရပ်နေသည်။ ဟွားဟွားသည် သွမ်းသွမ်းအား လှည့်ပင် မကြည့်ခဲ့ပေ။
“ကောင်းပြီ၊
ကောင်းပြီ။ စွန့်ပစ်ခံထားရတဲ့ ခင်ပွန်းလေးလို
လုပ်မနေနဲ့။” စုယန်ယန်သည် သူမလည်ပင်းကို ပွတ်သပ်ပြီး
ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ “မင်းက တကယ်သတ္တိရှိတာပဲ။
သူ့အိမ်မှာနေတာ နှစ်ရက်ပဲရှိသေးတာကို သူ့ခွေးကို အနိုင်ကျင့်နေပြီ။ ကံကောင်းလို့ ရှောင်ချီးက
စိတ်ထားကောင်းလို့ပေါ့။ ငါသာဆိုရင် မင်းကို နှင်ထုတ်ပစ်တာကြာပေါ့။”
သွမ်းသွမ်းသည်
ဝမ်းနည်းစွာ ဟောင်လိုက်ရင်း စုယန်ယန်အား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ တစ်ယောက်ယောက်ကတော့ ဘက်ပြောင်းသွားတယ်ဆိုတာ လုံးဝမမေ့ဘူး။
စုယန်ယန်သည်
သွမ်းသွမ်းတစ်ကောင် သူ၏အမှားများအတွက် နောင်တရပုံမပေါ်သည်ကို သတိပြုမိသောအခါ မျက်လုံးမှိတ်လိုက်ပြီး
“ခွေးသားဟော့ပေါ့က ဒီရာသီဥတုဆို အကောင်းဆုံးပဲဆိုတာ သတိရမိသွားပြီ။ အအေးဒဏ်အတွက်လည်း
ကောင်းတယ်။ ငါတို့ ဒီည ဘာလို့မစားကြမှာလဲ။”
“ဝူး...”
သူ၏ အန္တရာယ်ကို သတိပြုမိသွားတော့ ခွေးသည် ခပ်ကျယ်ကျယ်အော်ဟစ်လိုက်ပြီး သူ့မျက်လုံးတွေမှာ
အပြစ်တင် စွပ်စွဲလိုမှုတွေနဲ့ ပြည့်နေ၏။
စုယန်ယန်မှာ
တစ်ချိန်တည်းတွင် ဒေါသလည်းထွက် ရယ်လည်းရယ်ချင် ဖြစ်နေခဲ့သည်။ သူမသည် ခွေး၏ခေါင်းအား
ပုတ်လိုက်ကာ “ကြောက်နေပြီလား။ ငါတို့သာ အချိန်မီ ရောက်မလာခဲ့ရင် မင်း ရှောင်ချီးရဲ့အစာ
ဖြစ်နေလောက်ပြီ။”
သွမ်းသွမ်းသည်
စုယန်ယန်၏ ရင်ခွင်ထဲတွင် လှဲနေရင်း သူ၏အချစ်အား ဆုံးရှုံးလိုက်ရတာကို အော်ဟစ်မြည်တမ်းနေ၏။
သူလေးအား ကြည့်ရသည်မှာ ဘဝရဲ့အဆိုးတွေကို ကြုံတွေ့ဖူးတဲ့ အဘိုးကြီးတစ်ယောက်လိုပင်။
စုယန်ယန်တစ်ယောက်
စိတ်လျှော့လိုက်တော့သည်။ သူမသည် သက်ပြင်းချပြီး လှည့်ကြည့်လိုက်သောအခါ ဟောက်ချန်ဟွမ်း၏
စနောက်လိုသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရ၏။
“ဘယ်ယောက်ျားမှ
မကောင်းဘူးပေါ့၊ ဟုတ်လား။”
စုယန်ယန်မှာ
အာစေးမိသွားရသည်။ ဒါလင် ကျွန်မ ရှင်းပြနိုင်ပါတယ်။