အပိုင်း ၃၃၀
Viewers 1k

 

 

အခန်း (၃၃၀)

 

- ဒါ အကုန်မဟုတ်သေးဘူး

 

အတွင်းရေးမှူး၏ အသည်းတုန်လောက်စရာ အော်သံသည် ဟောက်ကော်ပိုရေးရှင်း အဆောက်အအုံတစ်ခုလုံး ပဲ့တင်ထပ်နေပြီး စီအီးအိုရုံးခန်းမှာ ပရမ်းပတာ ဖြစ်သွားသည်။

 

တစ်ချိန်တည်းမှာပင်၊ စုယန်ယန်၏ ခေါင်းထဲတွင် စနစ်မှ သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

 

[အမျိုးသမီးဇာတ်လိုက်၏ ရွှေလက်ချောင်းကို ဖမ်းမိသည့်အတွက် ဂုဏ်ယူပါတယ် host။ တိုးတက်မှု +10။  လက်ရှိတိုးတက်မှု 30%။ အောင်မြင်မှုဆိုတာ မျက်စိရှေ့တင်ပါပဲ။ ပိုကြိုးစားထားပါ။]

 

စုယန်ယန် အံ့သြသွား၏။ သူမပုံစံမှာ စိတ်လှုပ်ရှားနေသလို စိတ်ရှုပ်ထွေးနေပုံလဲပေါ်သည်။ “ဘာဖြစ်တာလဲ။  ဘာဖြစ်လို့ ဆယ်ရာခိုင်နှုန်း တိုးလာတာလဲ။”

 

[Host ဟောက်ကော်ပိုရေးရှင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ‘ရှေးခေတ်သတ္တဝါအကြွင်းအကျန်’ ကို ရှာဖွေတွေ့ခဲ့ပါတယ်။]

 

“ရှေးတုန်းက သတ္တဝါရုပ်ကြွင်းတွေလား။” စုယန်ယန်မှာ ပိုလို့ပင် အံ့သြသွားရသည်။ စနစ်၏အသိပေးချက်အရ သူမသည် ထိုသတင်းကို အလျင်အမြန် ရှာဖွေလိုက်၏။

 

မျှော်လင့်ထားသည့်အတိုင်းပင် ထိုသတင်းသည် ထိပ်ဆုံးတွင် ရှိနေပြီဖြစ်ပြီး အင်တာနက်ပေါ်တွင် ရေပန်းစားနေသည်။

“ဟောက်ကော်ပိုရေးရှင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရှေးဟောင်းဇီဝရုပ်ကြွင်းတွေ ပေါ်လာတာလား။ သူတို့ရဲ့ ပရောဂျက်ကို ရပ်ဆိုင်းရမယ်လို့ ဆိုလိုတာမလား။ သူတို့ ဒီမြေကွက်ကို ဘာအတွက် သုံးဖို့ စီစဉ်နေကြတာလဲ။”

 

[အိမ်ခြံမြေဆောက်လုပ်ရေး ဖွံ့ဖြိုးတိုးတက်လာမှာကို စောင့်ဆိုင်းပြီး အစောပိုင်းကာလမှာ ငွေအမြောက်အမြား ရင်းနှီးမြုပ်နှံထားတာပါ။]

 

စုယန်ယန်သည် မျက်ခုံးပင့်ကာ ပီတိဖြာနေသည်။ “ဒါဆို ဟောက်ချီဟန်တစ်ယောက် ဒုက္ခရောက်နေပြီပေါ့။”

 

[ကျွန်ုပ်တို့ရဲ့ လေ့လာထားမှုအရ၊ ဒီပရောဂျက်ရဲ့ အဓိကတာဝန်ခံက အမျိုးသားဇာတ်လိုက် ဟောက်ရှောက်ဖုန်း ဖြစ်ပါတယ်။]

 

“ဟောက်ရှောက်ဖုန်း တာဝန်ယူတဲ့ ပရောဂျက်လား။” စုယန်ယန်တစ်ယောက် အံ့သြသွားရပြန်၏။ သူမရဲ့မျက်လုံးထဲတွင် ဟောက်ရှောက်ဖုန်းမှာ ခွေးတွေကို မုန်းတီးနေတဲ့ ခွေးတစ်ကောင်သာဖြစ်သည်။

 

ဟောက်ချီဟန်သည် ဤကဲ့သို့ အရေးကြီးသော ပရောဂျက်တစ်ခုကို သူ့အား လွှဲပြောင်းပေးလိုက်သည်မှာ သူ စိတ်လွတ်နေ၍ ဖြစ်ပေမည်။

 

အကယ်၍ ကိစ္စတွေသာ ပိုဆိုးလာပါက ဟောက်ကော်ပိုရေးရှင်းသည် ဆုံးရှုံးမှုအကြီးကြီး သေချာပေါက် ခံစားရမည်ဖြစ်သည်။ အဓိကတာဝန်ခံဖြစ်သော ဟောက်ရှောက်ဖုန်းသည်လည်း ထိုတာဝန်မှ မလွတ်ကင်းနိုင်ပေ။

 

ကုမ္ပဏီ၏ စီအီးအိုတစ်ယောက်အနေဖြင့် ဟောက်ချီဟန်သည် ဤကိစ္စအတွက် တာဝန်ယူရမှာကို မရှောင်လွဲနိုင်ပေ။ ဘယ်သူ့မှာပဲ တာဝန်ရှိရှိ အဲ့ဒါက သူ့သားအရင်းဖြစ်နေတယ် ဆိုရင်တောင်မှ တာဝန်ယူရပေလိမ့်မည်။ သူ့ကို သေတဲ့အထိ ဆွဲချခံရတာမျိုးတောင် ဖြစ်နိုင်၏။

 

“ဟောက်ကော်ပိုရေးရှင်းက ဟောက်ရှောက်ဖုန်းရဲ့ ယုံကြည်ရာ အားကိုးရာ အရင်းအမြစ်ကြီးပဲ။ အခု သူက ဒီလောက်ကြီးမားတဲ့ အရှုပ်အထွေးကို လုပ်မိတော့ ဟောက်ကော်ပိုရေးရှင်းကနေ အလုပ်ထုတ်တာ ခံရနိုင်တယ်။ သူ အလုပ်မထုတ်ခံရဘူးဆိုရင်တောင် ကုမ္ပဏီတွင်းဝန်ထမ်းတွေက သူ့အပေါ် မကျေနပ်ချက်တွေ အများကြီးရှိမှာ သေချာတယ်၊ သူ့နာမည်ပျက်သွားလိမ့်မယ်။ အဲဒါကြောင့် စနစ်က ကျွန်မကို ဆယ်ရာခိုင်နှုန်း ထပ်ပေးတာလား။”

 

စုယန်ယန်သည် တစ်စုံတစ်ခုကို အာရုံရလိုက်သလိုမျိုး မျက်လုံးတွေကို မှေးလိုက်သည်။ “ဒါက ဟောက်ရှောက်ဖုန်း နဲ့ ဝမ်ကျင့်ဖျင်အပေါ် သက်ရောက်မှုရှိမှာလား။”

 

[အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့သည် မူလကပင် တစ်သားတည်းဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါရမီဖြည့်ဖက်တွေပါ။ ဒါပေမယ့် စာအုပ်ရဲ့ အဓိကဇာတ်လိုက်အဖြစ်၊ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ထက် ရောင်ဝါပိုများပါတယ်။]

 

စုယန်ယန်သည် သိပ်ပြီး မတွေးတော့ပေမယ့် ဟောက်ရှောက်ဖုန်း နှင့် ဝမ်ကျင့်ဖျင်တို့ဟာ တူညီတဲ့ကံကြမ္မာကို မျှဝေခံစားရလိမ့်မည်ဆိုတာ သူမ ပြောနိုင်ပါသည်။

 

သူမနှင့် စနစ်တို့ စကားပြောနေကြစဉ် စုယန်ယန်၏ ဖုန်းတွင် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ဟောက်ကော်ပိုရေးရှင်း၏ စီအီးအိုသည် အရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ၏။ သခင်လေးဟောက်က သူ့ကို ဒေါသထွက်စေခဲ့တယ်လို့ သံသယဖြစ်မိပါတယ်။

 

 “ဖူး…” စုယန်ယန်သည် ထိုအချင်းအရာကိုမြင်သောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ သူမ ရယ်မောလိုက်သောကြောင့် သူမဘေးတွင် ထိုင်နေသော ဟောက်ချန်ဟွမ်းအား ‌ကြောင်အသွားစေသည်။

 

“ဘာဖြစ်လို့ ဒီလောက်တောင် ပြုံးပျော်နေရတာလဲ။”

 

“အခု ဟောက်ကော်ပိုရေးရှင်းရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဟောက်ရှောက်ဖုန်းက တာဝန်ခံလေ။ ဒါကို အတည်ပြုနိုင်ရင် ဟောက်ကော်ပိုရေးရှင်းက အကြီးအကျယ် ဆုံးရှုံးသွားမှာကိုတောင် ကြောက်မိတယ်။ ဟောက်ချီဟန်က ဟောက်ရှောက်ဖုန်း ကြောင့် ဆေးရုံတက်နေရပုံပဲ။”

 

ဟောက်ချန်ဟွမ်း၏ အမူအရာမှာ မပြောင်းလဲသည်ကို စုယန်ယန် မြင်မိသည်။ ဤအရာကို သူမျှော်လင့်ထားပုံရ၏။ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကာ သူမ နူးနူးညံ့ညံ့လေး မေးလိုက်သည်။ “ဒါ ရှင်နဲ့ သက်ဆိုင်နေတာလားဟင်။”

 

ဟောက်ချန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အင်း”

 

စုယန်ယန်၏ မျက်လုံးထဲတွင် နားလည်မှုတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ဒါက တိုက်ဆိုင်လွန်းနေသည်ကို သူမ သတိထားမိ၏။ ဟောက်ရှောက်ဖုန်းသည် သူမကြောင့် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပြီး အခု ဟောက်ကော်ပိုရေးရှင်းနှင့် ဟောက်ချီဟန်တို့သည်လည်း ဆုံးရှုံးမှု ကြုံနေရပြီ ဖြစ်သည်။

 

 “ရှင် ဒီကိစ္စလုပ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့တာလား။”

 

“အဲဒါ အကုန် မဟုတ်သေးဘူး။” ဤကိစ္စကို ဖော်ထုတ်ရန် လူများကို လွှတ်ခဲ့သူမှာ သူဖြစ်သည်။ သို့သော် ဒီလောက်လေးပဲ မဟုတ်သေးပေ။