အပိုင်း ၃၅၀
Viewers 1k

 

အခန်း (၃၅၀) - အသက်အငယ်ဆုံး အကောင်းဆုံးသရုပ်ဆောင်

 

ရှားကျွင်းရှန့်က ဒါကို သဘောတူပေမယ့် 'အခွင့်အရေးမရမှာကို ငါကြောက်တယ်' လို့ စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။

 

သူတွေ့သမျှအားလုံးကို စုယန်ယန်ဆီ မပေးခင် တစ်ချိန်တည်းမှာပင် စုယုရွှမ်ဆီကို ပို့ပေးခဲ့ပါသည်။

 

စုယန်ယန်သည် စိတ်ကောင်းရှိပြီး သူ့ကို မသတ်ဖြတ်ခဲ့ပေ။ သို့သော် စုယုရွှမ်းသည် သူ့ညီမကို သူ့အသက်သွေးကြောအဖြစ် ဆက်ဆံကာ ညီမချစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သေချာတာကတော့ သူ့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပါဘူး။

 

သူ့အတွက် တခြားဘာမဆိုလုပ်ဖို့ ခက်ခဲပါလိမ့်မယ်။

 

"စကားမစပ်၊ ဒီအနုပညာရှင်ကို သတိထားပါ။" ရှားကျွင်းရှန့်သည် အသစ်ဝင်ရောက်လာသည့် အနုပညာရှင်တွေထဲမှ ကိုယ်ရေးရာဇဝင်တစ်ခုကို ညွှန်ပြလိုက်သည်။

 

"လော... ဝေပင်းလား" စုယန်ယန်က မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။ အကြောင်းတစ်ခုခုကြောင့် ဒီနာမည်ကို... ရင်းနှီးနေပုံရတယ်။

 

"မှန်တယ်။ အသက်အငယ်ဆုံး အကောင်းဆုံးမင်းသား လောဝေပင်း...”

 

"အသက်အငယ်ဆုံး အကောင်းဆုံးမင်းသားလား" စုယန်ယန် အံ့အားသင့်သွားသည်။ "သူလည်း ညီမတို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ချင်နေတာလား။ ညီမကြောင့်လား။"

 

"အတိအကျပြောရမယ်ဆိုရင် နျဥ်ချီလွေ့က သူ့ကို ဒီကို ခေါ်လာခဲ့တာ။"

 

စုယန်ယန်၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ "ဒါက နျဥ်ချီလွေ့နဲ့ ဘာဆိုင်လို့လဲ။"

 

ယဲ့ချီလျန့်က အဆင်ပြေပါတယ်၊ သို့ပေမယ့် အခု သူက နှစ်ထပ်ကွမ်း အကောင်းမွန်ဆုံး မင်းသားကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒီကောင်က ဆွဲဆောင်မှုတစ်ခုခုများရှိနေလား။

 

နျဥ်ချီလွေ့သည် ဆေးရုံမှာ နေချင်စိတ် မရှိတာကြောင့် သူ့ကို စားတာ၊ သောက်တာနဲ့ ဂရုစိုက်ပေးနိုင်ဖို့အတွက် အိမ်ကို အစောကြီး ပြန်ခေါ်သွားခဲ့သည်။ ကျန်းမာရေး လုံးဝ ပိုဆိုးလာခြင်း မရှိသည့်အပြင် ကိုယ်အလေးချိန်ပါ အနည်းငယ်တက်လာသည့် နျဥ်ချီလွေ့က ရုတ်တရက် နှာချေလိုက်မိသည်၊ "ဟက်ချိုး"

 

“အဟမ်း၊ မကြာသေးခင်က သူက ဆိုင်းငံ့ထားခံရတာ မဟုတ်ဘဲ သူ့ရောဂါကို ကုသနေတယ် ဆိုတာကို ပြသဖို့ ပို့စ်တင်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ကုမ္ပဏီရဲ့ လူထုထုတ်ပြန်ရေးဌာနနဲ့ ဆွေးနွေးပြီး အဲဒီဗီဒီယိုကြောင့် ရေပန်းစားဆုံးစာရင်းဝင်ချိန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။”

 

အဆိုပါထုတ်ပြန်ချက်တွင် နျဥ်ချီလွေ့သည် အပြင်းဖျားနေပြီး ဖျော်ဖြေရေးလောကသို့ ပြန်လည် မဝင်ရောက်နိုင်မီ ကုသမှုခံယူရန် လိုအပ်ကြောင်း ဝန်ခံခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နျဥ်ချီလွေ့သည် ကုမ္ပဏီ၏ နွေးထွေးသော ပံ့ပိုးကူညီမှုအတွက် သူက ကျေးဇူးတင်ရှိခဲ့ပြီး သူ နေမကောင်းမှန်း သိပြီးနောက်မှာပင် သူ့ကိုလက်မလွှတ်ဘဲ ကုသဖို့ အကောင်းမွန်ဆုံး ဆရာဝန်ကိုတောင် ရှာဖွေပေးခဲ့ကြောင်း ရေးသားထားခဲ့သည်။

 

အခုချိန်မှာတော့ သူ့အခြေအနေက တည်ငြိမ်လာပြီး ပိုမိုကောင်းမွန်လာတာကြောင့် လအနည်းငယ်ကြာလျှင် သူ့ပရိသတ်တွေနဲ့ ပြန်ဆုံတွေ့နိုင်တော့မှာဖြစ်လို့ အရမ်းကြီး စိုးရိမ်နေစရာ မလိုတော့ပါဘူး။

 

သူ့ရဲ့ ထုတ်ပြန်ချက်၏ စစ်မှန်မှုကို တိုးမြှင့်ရန်အတွက် နျဥ်ချီလွေ့သည် သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ပရိသတ်များ သိစေရန် ကိုယ်တိုင်ရိုက်ဓာတ်ပုံနှင့် ဆေးမှတ်တမ်းအချို့ကိုပင် တင်ခဲ့သည်။

 

အဆိုပါကြေငြာချက်ထုတ်ပြန်ပြီးချိန်တွင် နျဥ်ချီလွေ့၏ အစပိုင်းတွင် ဒေါသထွက်နေသော ပရိသတ်များသည် အံ့အားသင့်ခဲ့ကြသည်။ သူတို့အိုင်ဒေါ နေမကောင်းဖြစ်နေတာကို စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီကို စောစောက ပြစ်တင်ပြောဆိုခဲ့မိတာကို ရှက်ရွံ့သလို ခံစားခဲ့ကြရပါသည်။

 

"ကုမ္ပဏီက သူ့ရဲ့ ထုတ်ပြန်ချက်ကို မျှဝေပြီးတဲ့နောက်မှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်။"

 

"အဲဒါက လောဝေပင်းကို ဆွဲဆောင်ခဲ့တာလား။"

 

“ဟုတ်ပါတယ်… လောဝေပင်းဟာ ​​သူ့ရဲ့ မူလက စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီနဲ့ ခြောက်နှစ်စာ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်လအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။ သူ့ရဲ့ လက်ရှိ နာမည်နဲ့ အဆင့်အတန်းအရ သူ့ကုမ္ပဏီက သူ့ကို လက်လွှတ်ပေးချင်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူတို့က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ပြောခဲ့ပေမယ့် သူက သဘောမတူခဲ့ဘူး။”

 

"အဲဒီလိုဆို ဘာဖြစ်လို့လဲ။ အဲဒီအေဂျင်စီက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လား။”

 

“ကောင်းတယ် ဆိုးတယ်လို့ မယူဆနိုင်ပါဘူး။ သူ အဲဒီကုမ္ပဏီမှာ ဆက်မနေဖြစ်ရတဲ့ အကြောင်းရင်းက သူ့ညီမကြောင့်ပဲ။”

 

"သူ့ညီမကြောင့်လား။"

 

“ဟုတ်တယ်၊ လောဝေပင်းမှာ ညီမတစ်ယောက်ရှိတယ်။ ဒီနှစ်မှာတော့ သူမရဲ့ အသက်က ဆယ့်နှစ်နှစ်ရှိပြီဖြစ်ပြီး သူမမှာ နှလုံးရောဂါရှိနေတယ်လို့ ဆိုတယ်။ သူမရဲ့ ခန္ဓာကိုယ်အခြေအနေက သိပ်မကောင်းဘူး။ မနှစ်ကတည်းက လောဝေပင်းက သူ့ရဲ့ နာမကျန်းဖြစ်နေတဲ့ ညီမဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့ သူ့အလုပ်တာဝန်ကို သတိရှိစွာ လျှော့ချခဲ့တယ်။ သူ့ရဲ့ ကုမ္ပဏီက ဒါကို အနည်းငယ် မကျေနပ်ဖြစ်ပြီး ဒီကိစ္စကြောင့် လောဝေပင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးဘူး။”

 

အငယ်ဆုံး အကောင်းဆုံးမင်းသား လောဝေပင်းတွင် နှလုံးရောဂါ ခံစားနေရသော ညီမလေးတစ်ယောက် ရှိပါသည်...

 

ဒီနာမည်က အရမ်းရင်းနှီးနေတာ မထူးဆန်းပါဘူး။ ဝမ်ကျင့်ဖျင်တစ်ယောက် ဖျော်ဖြေရေး​​နယ်ပယ်ထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဒါက သူမနဲ့ လက်တွဲခဲ့တဲ့ အယုံလွယ်ဆုံး မင်းသားပဲ မဟုတ်ပါလား။