Chapter 11
ထန်ချောင်းချောင်းဗီလာကို ပြန်ရောက်သောအခါ ဆယ့်တစ်နာရီနီးပါး ရှိနေပြီ ဖြစ်သည်။ သူမက ရှန်းယွဲ့ အိပ်နေပြီဟု ထင်လိုက်တာကြောင့် သူမက သူမအခန်းကိုပဲသွားကာ ဆေးကြောပြီး အိပ်ရာဝင်လိုက်တော့သည်။
"အား"
နောက်တစ်နေ့ မနက်စောစောတွင် အော်သံတစ်ခုက ဗီလာပထမထပ်တွင် ပေါ်ထွက်လာသည်။
ထိုအသံက အန်တီဝမ်ကိုလည်း ခြောက်လှန့်မိသွားသည်။ သူမက မည်သည့်အရာ ဖြစ်ပျက်နေသည်ကို တွေးနေချိန်တွင် ထန်ချောင်းချောင်းက အခန်းတံခါးကို ဖွင့်ကာ ထွက်လာပြီး သူမကို ထိုအရာကို ပြဖို့အတွက် ဖုန်းကို မြှောက်ပြလိုက်သည်။
"အန်တီဝမ် ကျွန်မဖန်အရေအတွက်က 20000အထိ တက်သွားပြီ"
သူမနိုးလာသောအခါ သူမဖုန်းကအဆက်မပြတ် တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ သူမက အစ်ကိုချမ်က ကွင်းဆက်လူသတ်သမားလို နောက်ထပ် အဆက်မပြတ်ဖုန်းခေါ်နေသည်ဟု တွေးလိုက်မိသော်လည်း သူမ မထင်ထားသည်က ဝေ့ပေါ်မှ သတိပေးချက်များ ဖြစ်နေမည်ဟုပင်။
မနေ့က သူမက ရှိုးမှာ ဖန်နည်းနည်းသာရှိသည်ဟု ငြီးတွားခဲ့ခြင်းကြောင့် အစ်ကိုချမ်ကများ အသိစိတ်ဝင်ပြီး သူမအတွက် ဖန်တွေ ဝယ်ပေးထားတာများလား...
သူမက အစ်ကိုချမ်ကို မေးလိုက်သော်လည်း အစ်ကိုချမ်ကတော့ သူမ၏ဖန်များက ကမ္ပဏီက ဝယ်ပေးထားခြင်း မဟုတ်ကြောင်း ပြောခဲ့သည်။ သူတို့တွေက မနေ့က တိုက်ရိုက်ထုတ်လွှင်မှူပြီးသည့်နောက် ရရှိလာသော ဖန်စစ်စစ်များသာ ဖြစ်ကြလေသည်။
အစ်ကိုချမ်ကတော့ သူမ၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်ပြီး ယခုလောက်ထိ စိတ်မကျေနပ်နိုင်တော့ပေ။ သူက ထန်ချောင်းချောင်းကို အားပေးမှု အနည်းငယ်ရဖို့အတွက် မျက်နှာလေး ပြရန်သာ ရည်ရွယ်ခဲ့သည်။ သူထင်မထားမိသည်မှာ သူ့အနုပညာရှင်က ဒီလိုပါရမီကြီးကြီးကို ဖုန်းကွယ်ထားမည်ဟုပင်။ သူ အရင်က တကယ် လမ်းမှားနေခဲ့တာပဲ...
အစ်ကိုချမ်က သူမကို ခွင့်ရက်အနည်းငယ်ပေးလိုက်ပြီး အနားယူစေလိုက်သည်။
အန်တီဝမ်ကလည်း သူမအတွက် ဝမ်းသာနေသည်။
ထန်ချောင်းချောင်းက ဒုတိယထပ်သို့ ခုန်ပေါက်ကာ တက်သွားခဲ့သည်။ သူမက ရှန်းယွဲ့အခန်းရှေ့တွင် ကိုယ်ရှိန်သပ်ကာ အခန်းတံခါးကို သုံးကြိမ်မျှ ခေါက်လိုက်သည်။
"ရှန်းယွဲ့ ... ရှင်နိုးနေပြီလား... ကျွန်မ ဝင်လာမယ်နော်"
ရှန်းယွဲ့က အချိန်အတော်ကြာကတည်းက နိုးနေတာ ဖြစ်ပြီး အောက်ထပ်မှ သူမ၏ လှုပ်ရှားမှုများကို ကြားနေရသည်။
ထန်ချောင်းချောင်းက အဝါရောင် ယုန်ပုံ ညဝတ်အင်္ကျီ ခပ်တောက်တောက်ကို ဝတ်ထားပြီး ဆံပင်များလည်း မဖြီးထားပေ။ သူမခေါင်းက ရှုပ်ထွေးနေပြီး နှဖူးပေါ်တွင် အချို့သော ဆံပင်ချည်အုပ်လေးက ဝဲကျနေကာ ခေါင်းမာစွာပင် ကွေးကွေးကောက်ကောက် ဖြစ်နေသည်။
သို့သော်လည်း ထန်ချောင်းချောင်း၏ မျက်လုံးများကတော့ တောက်ပနေသည်။
"ကျွန်မရဲ့ ဝေ့ပေါ်ကဖန်အရေအတွက်က 20000အထိ တိုးသွားပြီ... ပြီးတော့ ကျွန်မကို ချစ်ဖို့ကောင်းတယ်လို့လည်း ပြောနေကြတယ်"
ရှန်းယွဲ့က သူမလက်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်
"ဘာလို့လဲ... ငါ့ဆီက အထွန့်တက်တာကိုလည်း လိုချင်နေသေးလို့လား...မင်းက ဒီနေရာမှာ နာမည်ကျော် မဟုတ်ဘူး"
ရှန်းယွဲ့ကတော့ သူ့ကိုယ်သူ ဘာမှားနေမှန်း မသိတော့ပါပေ။ သူက ဒီမနက်စောစောမှာ အိပ်ရာထလာကတည်းက စိတ်မကြည်မလင် ဖြစ်နေခဲ့ပြီး ထန်ချောင်းချောင်း၏ တောက်တောက်ပပ ပြုံးနေသော မျက်နှာလေးကို တွေ့လိုက်သောအခါ ပို၍ပင် အထိတ်တလန့် ဖြစ်လာရသည်။
ထန်ချောင်းချောင်းက သူ့အတွေးတွေကို မသိတာကြောင့် မေးရုံသာ မေးလိုက်သည်
"ရှင် ဆေးမှားသောက်ထားတာလား..."
သူမ သူ့ကို ဆန့်ကျင်မိတာမျိုးလည်း မလုပ်မိပါဘူးနော်...
"မင်းကသာ ဆေးမှား သောက်ထားတာ" ရှန်းယွဲ့က ဒေါသတကြီး ဖြစ်လာတော့သည်။
"ငါက မင်းကို ကိုယ့်အဆင့်ကိုယ် သိအောင် သတိပေးနေတာ... မနေ့က တစ်နေ့လုံး အပြင်ထွက်နေတာ... ဘာလို့ ပြန်လာလာချင်း မနက်စာ မလုပ်ရတာလဲ"
"အရင်တုန်းကတော့ ရှင်အစားဝင်ဖို့ ခက်ခဲလိုက်တာ... အခုတော့ အစားအစာ အကြောင်း စပြောနေပြီပေါ့လေ"
"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့... ငါဗိုက်ဆာနေပြီ"
"ဒါဆို ရှင်ဘာစားချင်လဲ... ဘန်းကိတ်ဆိုရင်ရော အဆင်ပြေမလား... မနေ့က ကျွန်မ ရောင်းခဲ့တာလေ.. ရှင် ရှိုးကို ကြည့်လိုက်သေးလား..."
ရှန်းယွဲ့ ထိုစကားကို ကြားသောအခါ ပို၍ပင် စိတ်အခြေအနေ ဆိုးဝါးလာသည်။
"ဘန်းကိတ်တွေ မလုပ်နဲ့... ဘန်းကိတ်လည်း မစားချင်ဘူး... အစပ်ဟင်းရည်လည်း မလိုချင်ဘူး"
ထန်ရှောင်းရှောင်းကတော့ ပျော်ရွှင်သွားခဲ့သည် "ဟား... ရှင်ကြည့်ခဲ့တာပဲ"
ရှန်းယွဲ့ ဆက်မနေနိုင်တော့။ အဲ့ဒါက အရေးကြီးလို့လား...
သူက လှောင်ရယ်လိုက်သည် "ဘယ်သူက အဲ့လိုဆိုးဝါးတဲ့ ရှိုးကို ကြည့်ဖို့ အချိန်ရှိမှာလဲ... ဟင်းသာ သွားချက်စမ်းပါ... မှတ်ထား... ဘန်းမုန့်ကြော် မလုပ်နဲ့"
'ခွေးလို ယောကျ်ားတွေက စိတ်ကျေနပ်ဖို့ ခက်လိုက်တာ'
ထန်ချောင်းချောင်း နှာမှုတ်လိုက်သည် 'ဒီနေ့ ရှင်ကျွန်မကို လျစ်လျူရှုထားတယ်... မနက်ဖြန်ကျ ပိုပြီး မြင့်မြင့်တက်ချင် နေတော့မှာပဲ'
ရှန်းယွဲ့၏ ဒေါသက ထူးဆန်းနေသော်လည်း ဖန်အရေအတွက် တိုးလာခြင်းက သူမကို အလွန်အမင်း ပျော်ရွှင်နေစေဆဲပင်။ သူမက စိတ်ကောင်းဝင်နေပြီး စားချင်စိတ်များ ပေါ်လာသဖြင့် ပန်ကိတ်ပါးပါးလေးများ လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
စားချင်စဖွယ် ရိုးရာ ပန်ကိတ်က ပဲတီစိမ်းမှုန့်ဖြင့် ပြုလုပ်တာ ဖြစ်သည်။ သူမက ရေထည့်ကာ နူးညံ့သော မုန့်နှစ်ကို ပြုလုပ်ပြီးနောက် အပူပေးထားသော ဒယ်ပြားပေါ်တွင် ဝဲကာ ထည့်လိုက်သည်။ ထို့နောက် သူမက ကြက်ဥနှစ်လုံးကို ခေါက်ကာ ယောက်ချိုဇွန်းကို သုံးပြီး ကြက်ဥကို ခပ်ဖြည်းဖြည်း ဖြန့်ကာ လောင်းထည့်လိုက်ပြီး မုန့်နှစ်ပေါ်တွင် အကာနှင့်အနှစ်တို့ ရောနှောသွားသည်အထိ ခပ်မြန်မြန် မွှေပေးလိုက်သည်။ ကြက်ဥများ မကျက်တကျက် ဖြစ်လာသောအခါ သူမက လှီးထားသော ကြက်သွန်မြိတ်ကို ဝေ့ဝဲကာ ထည့်လိုက်ပြီး မုန့်သားကို နှစ်ဖက်လုံး ထိုးကော်ကာ လှန်လိုက်ပြီး ဆက်ပြီး အပူပေးလိုက်သည်။
ထို့နောက် ပန်ကိတ်ပေါ်တွင် ဆော့စ်များကို ဆမ်းလိုက်သည်။ ဆော့စ်ကို ဟွိုင်ရှန်ဆော့၊ အချဥ်ဖောက်ထားသော ပဲပြားနှင့် အိမ်လုပ် ဆောစ့်အပူတို့ဖြင့် ပြုလုပ်ထားသည်။ စပ်ပြီး လေးပင်သော အရသာ ရှိလေသည်။
ထန်ချောင်းချောင်းက ရိုးရာ ပန်ကိတ်ပါးကို ကြွပ်ရွနေအောင် မလုပ်ခဲ့ပေ။ သို့သော်လည်းသူမက မုန့်နှစ်ကြော် အချောင်းများကို ကြိုတင် ပြုလုပ်ထားခဲ့သည်။ ထိုအရာများက ရွှေရောင်သန်းကာ နူးညံ့နေသည်။ မုန့်နှစ်ကြော်အချောင်းများကိုသာ အပေါ်ယံတွင် အလှဆင်ရန် မလုံလောက်ပါချေ။ သူမက နူးညံ့သော ဝက်သားကို သေသေချာချာ ကြော်ထားပြီး ထပ်ထည့်လိုက်သည်။ ဝက်သားကြော်က အပြင်ဘက်တွင် ကြွပ်ရွနေကာ အတွင်းဘက်တွင်တော့ နူးညံ့လို့နေသည်။ နောက်ဆုံးတွင် သူမက မုန့်ကို တစ်ဝက်မခေါက်ခင်တွင် မြစိမ်းရောင် ဆလတ်ရွက် နှစ်လွှာကိုလည်း ထည့်လိုက်သေးသည်။
ထိုကဲ့သို့ ခမ်းနားကြီးကျယ်လှသော ပန်ကိတ်ပါးကို လက်တစ်ဖက်တည်းဖြင့် မကိုင်နိုင်ပေ။ ထိုမုန့်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကိုက်ပြီးမှ ချထားရသည်။ ထိုညက်ညောနေသော အသား၊ ကြွပ်ရွနေသော မုန့်ချောင်းများ၊ နူးညံ့လှသော အသား၊ မွှေးကြိုင်သော ဆော့စ်နှင့် ဆလတ်ရွက်တို့၏ လတ်ဆတ်မှုက ပြီးပြည့်စုံစွာပင် ပေါင်းစပ်နေကြသည်။
ပြောကြသည်မှာ သင်သာ မနက်ခင်းတွင် တစ်နေ့တာအတွက် အစီအစဥ်များ ရှိခဲ့လျှင် အချိုမကဲသည့် ပန်ကိတ်ပါးဖြင့် စတင်သင့်ပေသည်။
ထန်ချောင်းချောင်းက တစ်လုတ်ကိုက်စားလိုက်ပြီး သူမ၏ အသစ်တိုးလာသောဖန်များကို တွေးမိသွားတာကြောင့် အချိုမကဲသော ပန်ကိတ်ပါးကို လက်ဖြင့်ကိုင်ကာ ဓါတ်ပုံရိုက်ပြီး ဖန်များကို မျှဝေပေးလိုက်သည်။
[ထန်ရှောင်းရှောင်း v: ဒီနေ့ရဲ့ မနက်စာ... အချိုမကဲ ပန်ကိတ်ပါးလေးကို ကြက်ဥနှစ်လုံး၊ အသားနဲ့ မုန့်ကြွပ်ချောင်းကြော်တို့နဲ့ စပယ်ရှယ် လုပ်ထားတာ]
[မနက်စောစောမှာ အစားအသောက်ကောင်းကောင်းလေးတွေ တွေ့နေရပြီ... သနားစရာငါလေးကတော့ ပေါင်မုန့်ခြောက်လေးပဲ စားနိုင်တယ် (ငိုလျက်)]
[ပန်ကိတ်မှာ ကိုက်ထားတဲ့ နေရာကြီးကြီးတစ်ခု ပျောက်နေတယ်ရော်... ငါကတော့ ချောင်းချောင်းမုန့်ကို အလုတ်ကြီးကြီးကိတ်နေတဲ့ပုံကို မြင်ယောင်နေပြီ]
[လက်တစ်ဖက်ပဲ ဘာလို့ပါတာလဲ... မင်းရဲ့မျက်နှာကိုပါ ပြသင့်တယ်]
[ချောင်းချောင်းကို နောက်တစ်ခါကျရင် ဗီဒီယိုအတိုလေး ဖြစ်ဖြစ် တိုက်ရိုက်လွှင့်တာပဲ ဖြစ်ဖြစ် လုပ်ဖို့ အကြံပြုပါတယ်]
'ဗီဒီယိုရိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လား
...'
ထိုအကြံက တော်တော်လေး ကောင်းပုံရသည်။ ထို့ကြောင့် ထန်ချောင်းချောင်း မှတ်ထားလိုက်သည်။
ရှန်းယွဲ့က ပန်းကန်ပေါ်မှ သူ့ဝေစုဖြစ်သော အချိုမကဲသည့် ပန်ကိတ်အကြီးကြီးကို ကြည့်လိုက်ပြီး ပျော်ရွှင်စွာ စားသောက်နေသည့် ထန်ချောင်းချောင်းကိုပါ ကြည့်လိုက်သည်။
ထန်ချောင်းချောင်းက သူမ၏ မျက်လုံးရွဲကြီးများကို ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်သည်
"ဘာဖြစ်လို့လဲ... ရှင်ပဲ ဗိုက်ဆာနေပြီဆိုပြီး အော်မနေခဲ့တာ မဟုတ်ဘူးလား..."
ရှန်းယွဲ့က တိတ်ဆိတ်နေသည်။
သူက ချမ်းသာသည့် မိသားစုတွင် မွေးဖွားလာခဲ့ပြီး သူမိသားစုက ဟင်းပွဲများက အမြဲတမ်း အာဟာရတန်ဖိုး အပေါ်တွင် တွက်ချက်ကာ ပြင်ဆင်ထားကြတာ ဖြစ်သည်။ အထူးတလှယ် ယဥ်ကျေးသိမ်မွေ့ပြီး လိုအပ်သော ရှုပ်ထွေးလှသည့် အစားအစာ စားသောက်ခြင်းဆိုင်ရာ လောကဝတ်များလည်း ရှိသေးသည် စားသောက်ခြင်းကလည်း အဆင့်အတန်းမြင့် ကျော့ရှင်းနေရပေမည်။ ထပ်ပြီးတော့ သူကိုယ်တိုင်ကလည်း ဂျူနီယာအထက်တန်းကို နိုင်ငံခြားတွင် တက်ခဲ့ရသည်။ သူက တစ်နှစ်ပတ်လုံး အနောက်တိုင်းအစားအစာများကိုသာ စားခဲ့ရသည်။ သူက ထို ပန်ကိတ်ပါးကဲ့သို့ လမ်းဘေးစာများကို မစားဖူးခဲ့ပေ။
ပြီးတော့လည်း ထိုပန်ကိတ်ပါးက ထူလွန်းသေးသည်။ သူက ထန်ချောင်းချောင်းကို ကြည့်ပြီးနောက် ပန်းကန်ကို ထပ်ကြည့်လိုက်ပြန်သည်။ သူက သူမကို ပြောပြသင့်သည်ဟု မခံစားရပေ။ ထန်ချောင်းချောင်းက သူ့ကို ဂြိုလ်သားတစ်ယောက်လို ကြည့်လိုက်သည် "ရှင်တကယ်ပဲ ဒါကို မစားဖူးဘူးလား... ရှင့်ဘဝက သနားဖို့ ကောင်းလိုက်တာ"
ရှန်းယွဲ့က သူမကို စိုက်ကြည့်လိုက်သည်
"မင်းစားနေတဲ့ပုံက တကယ် အရုပ်ဆိုးလွန်းတယ်... ဒါကြောင့်မို့ တစ်နေရာရာမှာ သွားစားစမ်းပါ"
"ကောင်းပြီခလ... ကျွန်မ ရှင့်ကို မကြည့်တော့ဘူး... ရှင်စားချင်တာကို စားနိုင်တယ်"
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ စိတ်ကြီးဝင်နေသော မျက်နှာကို လျစ်လျူရှုထားလိုက်သည်။ သူမ စားနေတဲ့ ပုံစံက ဘာမှားနေလို့လဲ... ပါးစပ်အပြည့်စားတာက ပိုစားကောင်းတာကို။
ထန်ချောင်းချောင်းက လှည့်ကာ အောက်ထပ်ရှိ ဥယျာဥ်ငယ်လေးကို ကြည့်လိုက်သည်။ ထို ဥယျာဥ်လေးက အပင်များကင်းမဲ့နေပြီး တောင်ပူစာလေးသာ ကျန်နေသည်။ အန်တီဝမ်ကတော့ ထိုနေရာတွင် အရောင်အသွေး စုံလင်သော ပန်းပင်များဖြင့် စိမ်းစိုနေခဲ့သည်ဟု ပြောခဲ့သည်။ သို့သော်လည်း ရှန်းယွဲ့ မတော်တဆ ဖြစ်ပြီးကတည်းက သူက အိမ်တော်ထိန်းကို ထိုနေရာတွင် အပင်တစ်ပင်မှ ချန်မထားဘဲ မြေပြောင်ပြောင် အတိုင်းသာ ထားဖို့ ပြောခဲ့သည်။
"ရှန်းယွဲ့... ကျွန်မ အနောက်ဘက် ဥယျာဥ်လေးကို သုံးလို့ရမလား"
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို မမေးမီ ပန်ကိတ်၏ နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်သည်။
"အဟွတ်... အဟွတ်... အဟွတ်" ရှန်းယွဲ့က အလုတ်ကြီးကြီး ကိုက်ကာ တပျော်တပါး စားနေခဲ့တာ ဖြစ်သည်။ သို့သော်လည်း ထန်ချောင်းချောင်းက ရုတ်တရက် ခေါင်းလှည့်လာပြီး သူ့ကို အလန့်တကြား ဖြစ်သွားစေခဲ့သည်။ မုန့်က သူ့လည်ချောင်းတွင် နင်သွားခဲ့ပြီး သူ့ကို မရပ်မနား ချောင်းဆိုးသွားစေခဲ့သည်။
"ဖြည်းဖြည်းစားလေ... ဘယ်သူမှ ရှင့်ကို လိုက်မဖမ်းပါဘူး" ထန်ချောင်းချောင်းက စားပွဲပေါ်က ရေတစ်ခွက်ကို မြန်မြန်လှမ်းယူကာ သူ့ကို ကမ်းပေးလိုက်၏။
ရှန်းယွဲ့က ရေသောက်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ အခုလေးတင် ချောင်းဆိုးလွန်ပြီး သေလုနီးပါး ဖြစ်သွားခဲ့တာ။
ဒီမိန်းမက သူ့အတွက် တကယ် အကုသိုလ်ပဲ။
"ရှင့် နှုတ်ခမ်းထောင့်မှာ ဆော့စ်တွေ ပေနေတာ... ကျွန်မတွေ့ဖူးတဲ့ ကြောင်လေးလိုပဲ"
ထန်ချောင်းချောင်း တခစ်ခစ် ရယ်မောလိုက်လေသည်။
ရှန်းယွဲ့က ရှက်ရွံ့ မှုကြောင့် ဒေါသတကြီး ဖြစ်သွားရသည်။
"ဒါတွေအားလုံး မင်းအမှားပဲ... မင်းလုပ်ထားတာ စုတ်ပြတ်နေတဲ့ မနက်စာတွေ" ထိုအရာက သူ့ကို အရှက်ကွဲအောင် လုပ်ခဲ့တာ ဖြစ်သည်။
ထန်ချောင်းချောင်းသည်လည်း အလွန် ဒေါသထွက်သွားခဲ့သည်။ " ကျွန်မသာ ရောင်းရင် အကုန် ရောင်းထွက်သွားမှာ"
'ရှင့်မှာ လုပ်နိုင်စွမ်းရှိရင် ကျွန်မချက်ထားတာတွေကို မစားနဲ့'
သို့သော်လည်း သူမ ထိုစာကြောင်းကိုဖြင့် မပြောခဲ့လိုက်ပေ။ အကြောင်းမှာ သူမက ဆော့စ်များ စွန်းပေနေသော ရှန်းယွဲ့၏ ပါးလေးကို တွေ့လိုက်တာကြောင့် ဖြစ်သည်။ သူမနှလုံးသားထဲမှ ဖောင်းပွလာသော ဘောလုံးက အပ်နှင့်ထိုးသကဲ့သို့ တဖြည်းဖြည်း ပျော့ပြောင်းသွားတော့သည်။
ရှန်းယွဲ့က တစ်ချိန်က မည်သူမှ မလွှမ်းမိုးနိုင်သော ကောင်းကင်ဘုံ သားတော်လေး ဖြစ်ခဲ့ပြီး ရှန်းအုပ်စု၏ အနာဂတ်ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူ၏ ကားမတော်တဆမှုကြောင့်သာ သူဘယ်တော့မှ ပြန်လည် ထူထောင်လာနိုင်မှာ မဟုတ်ဘဲ ရှန်းဂရု၏ အခွင့်အလမ်းများကိုလည်း ဆုံရှုံးခဲ့ရသည်။ သူ့ဇနီးကတောင် သူလက်ထပ်ချင်သည့်သူ မဟုတ်ခဲ့ပေ။ သူမသာ ကူးပြောင်းလာခဲ့တာသာ မဟုတ်ခဲ့ရင် သူ မူလကိုယ်၏ လက်ထဲမှာ မည်ကဲ့သို့ နှိပ်စက် ညှင်းပန်းမှုများ တွေ့ကြုံရနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။
သူက အခု သူ့မုတ်ဆိတ်မွှေးတွေကိုတောင် မရိတ်ချင်တော့။
Xxxxxx