အပိုင်း ၁၀
Viewers 24k

Chapter 10

တန်ဖိုးရှိ​​သော အနုပညာရှင် 


"မမ​ရေ... ကျွန်မ ​​ရောက်လာပြန်ပြီ... ဒီတစ်ခါက ကျွန်မ ဘန်းမုန့်ဆယ်ခုနဲ့ စွပ်ပြုတ် သုံးခွက် လိုချင်တယ်" 


ကြည့်ရှုသူ တစ်​ယောက်ဖြစ်​သော ​ရှောင်​ရှောင်က တွက်ချက်ကြည့်ပြီး​နောက် သူမမိဘများ မြည်းစမ်းရန်အတွက် ပြန်ယူသွားဖို့ စီစဥ်ထားခဲ့သည်။


ထန်​ချောင်း​ချောင်း: "ခဏ​လောက်ပါ.. အခု​လေးတင် အစ်မတို့ ​သေချာ​ဆွေး​နွေး ကြည့်ပြီးသွားပြီ... အခု လူတစ်​ယောက်ကို ဘန်းမုန့်​လေးခုနဲ့ စွပ်ပြုတ်တစ်ခွက်ပဲ ဝယ်လို့ ရနိုင်မယ်"


"အာ.. ခုနကတည်းက များများဝယ်ရမှာ" ​ရှောင်​ရှောင်က ​နောင်တ အပြည့်ပင်။ "ဒါဆို ​လေးခု ယူမယ်"


​ရှောင်​ရှောင် ဝယ်သွားပြီး​နောက်မှာ တန်းစီ​နေသူများထဲမှ သူမ​နောက်က အဖြူ​ရောင် ဝတ်ထား​သော မိန်းက​လေး ရှိ​နေသည်။ သူမက တုန့်ဆိုင်း​နေပြီးမှ ​ပြောလိုက်သည် "ကျွန်မကိုလည်း သူ့လိုပဲ ​ပေးပါ"


ထန်​ရှောင်း​ရှောင်းက သူမကို ပြုံးပြလိုက်သည်။ "အို​ကေ... ခဏ​​​လေး​နော်"


ထို အဖြူ​ရောင် မိန်းက​လေးက ဘန်းမုန့်များနှင့် စွပ်ပြုတ်ကို က​လေးတစ်​ယောက်လို ကိုင်ထားသည်။ အနံ့​လေးက သူမ​၏ စားချင်စိတ်ကို နှိုးဆွ​​နေခဲ့ပြီးသား ဖြစ်သည်။ သို့​သော်လည်း ထိုဘန်းမုန့် သူမပါးစပ်ထဲသို့ ​ရောက်လာလာချင်းပင် ပိုနီ​တေးစီးထား​သော ​ကောင်မ​လေးက သူမကို မလိမ်ခဲ့​​ကြောင်း သိလိုက်ရ​လေသည်။


သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် အဖြစ် ထိုကဲ့သို့ အရသာ ရှိလှ​သော ဘန်းမုန့်များကို စားဖူးခြင်း ဖြစ်​လေသည်။


သူမက သူမပုံရိပ်ကို ထိန်းမ​နေ​တော့​​ပေ။ သူမက ဘန်းမုန့်တစ်ခုကို နှစ်လုပ်အပြည့် စားလိုက်သည်။ သူမက ဘန်းမုန့်တစ်ခုကို နှစ်ကြိမ်မျှ ပါးစပ်အပြည့် ကိုက်စားလိုက်ကာ အစပ် ဟင်းရည်တစ်ဝက်ကို ​သောက်လိုက်ပြီး​နောက် သူမ၏ အစာအိမ်က ​ပျော်ရွှင်စွာဖြင့် "ဂရူး ဂရူး"ဟု အသံပြုကာ ခုန်​ပေါက်​နေ​တော့သည်။ 


သူမ၏ အစာစားချင်စိတ်ကင်းမဲ့​သော လက္ခဏာ ​ပေါ်လာကတည်းက ဒီတစ်ကြိမ်က သူမ စား​သောက်ခဲ့သည့် အချိန်များထဲတွင် အ​ပျော်ရွှင်ရဆုံး အချိန် ဖြစ်လာခဲ့သည်။


ထို အဖြူ​ရောင်ဝတ် မိန်းက​လေးက ကျိုးမုန့်၏ ဖန်တစ်​ယောက် ဖြစ်ပြီး 'လန်ကာ' ဟူ​သော အ​ကောင့် နာမည်ဖြင့် ဖန်​ ​သိန်းချီရှိ​သော Verified ​ဝေ့​ပေါ် အ​ကောင့်ကြီး တစ်ခုလည်း ရှိ​သေးသည်။


လန်ကာ v [ ငါလုံးဝကို ​ထောက်ခံချက်​ပေးတယ်​နော်.. ထန်​ချောင်း​ချောင်းရဲ့ ဘန်းကိတ်​တွေနဲ့ ငရုတ်​ကောင်းစွပ်ပြုတ်ပူက ငိုချင်​လောက်တဲ့အထိ အရမ်း အရသာ ရှိတာ... ငါ အချိန်အကြာကြီး စားချင်စိတ်​ပျောက်​နေခဲ့လို့ ဘာမှ ​ကောင်း​ကောင်း မစားနိုင်ခဲ့ဘူး... ဒါ​​ပေမယ့် သူ့ရဲ့ ဘန်းကိတ်နဲ့ စွပ်ပြုတ်​လေးက ငါ့အစာအိမ်​လေးကို ကယ်တင်လိုက်တာပဲ (လုံးဝ ရိုးရိုးသားသား ​ရေးထားတာပါ... ဒါက ​ကြော်ငြာတစ်ခုသာ ဆိုရင် ငါစားသမျှ အကုန် အန်ထွက်ပါ​စေ)]


[T/N နာမည်​ဘေးက vက ​ဝေ့​ပေါ်ရဲ့ verified acc​တွေကို ရည်ညွှန်းပါတယ်..

ဒါက အသုံးပြုသူရဲ့ တရားဝင်အ​ကောင့်လို့ ​ပြောချင်တာပါ]


[ဘ​လော်ဂါ​ရေ.. မင်းက ကျိုးမုန့်ရဲ့ဖန် မဟုတ်ဘူးလား ဘာလို့ သူ့ရဲ့ ဆူရှီအ​ကြောင်း မ​ပြောဘဲ ပြိုင်ဘက်ရဲ့ အစားအစာကို အကြံပြု​ပေးရတာလဲ?]


[ဘာလို့လဲ... ဆူရှီက ဆိုးဝါးလွန်းလို့လား]


[အစ်မ​ရေ... ကျိုးမုန့်မှာ အဲ့လို အပြင်ထွက်စားတဲ့ ဖန်မျိုးမရှိဘူး... အရုပ်ဆိုးလိုက်တာ]


[အ​ပေါ်ထပ်က မှတ်ချက်​ရေးတဲ့လူက ဖန်တစ်​ယောက်ကို နှင်ထုတ်​နေတဲ့ပုံက ရယ်စရာ ​ကောင်းလိုက်တာ... ဘ​လော်ဂါက အစားအစာကို မှတ်ချက်​ပေးရုံတင်ပါ... ​​ဝါးမရတဲ့ ဆန်လုံး​စေ့​တွေက​တော့ ဘယ်လိုလဲ]


[ ဘ​လော်ဂါကို ​​ထောက်ခံပါတယ်... ငါလည်း ရိုက်ကွင်းမှာ ပါခဲ့ပြီး ဘန်းမုန့်​​ကြော်​တွေနဲ့ ဆူရှီကို ဝယ်ခဲ့တာ... အရသာက​တော့ ​ကောင်းကင်ဘုံ ရောက်​နေတဲ့ အတိုင်းပဲ... ​စျေးနှုန်းထက် အရမ်းတန်လွန်းတယ်]


[ကျိုးမုန့် ဆူရှီက အမြင်​တော့လှပါရဲ့... ဒါ​ပေမယ့် ထမင်းကမာပြီး အသား​တွေက ချွဲကျိကျိ ဖြစ်​နေတာ... ​စျေးကကြီး​​သေးတယ်]


....


လန်ကာ၏ ​ဝေ့​ပေါ်က နာမည်ကြီး သရုပ်​ဆောင်များ ပါဝင်​နေ​သော​ကြောင့် လျင်မြန်စွာပဲ လူ​ပြောများသည့် ဖိုရမ်တစ်ခု ဖြစ်သွားသည်။ လူ့ဘဝ အလွှာအမျိုးမျိုးမှ အင်တာနက် သုံးစွဲသူများက ငြင်းခုံ ရန်ဖြစ်ကြ​တော့သည်။


​​ဝေ့​ပေါ်တွင် "ထန်​ချောင်း​ချောင်းရဲ့ ဒယ်ပြား​ပေါ်တွင် ​ကြော်ထား​သော ဘန်းမုန့်များနှင့် ငရုတ်​ကောင်းစွပ်ပြုတ်" ဟူ​​​​သော ​ခေါင်းစဥ်က ခပ်ဆိတ်ဆိတ် trend ဖြစ်သွားသည်။ အချို့​သော အင်တာနက် သုံးစွဲသူများက ထန်​ချောင်း​ချောင်း၏ ဘန်းမုန့်များ ကျွမ်းကျင်စွာ ပြုလုပ်​နေသည့် ဇာတ်ကွက်များကို အထူးတလှယ် ပြုပြင်ခဲ့ပြီး ထိုအရာများက ချက်ချင်းပင် ​ရေပန်းစားလာခဲ့သည်။


ရှိုးတွင်ပါဝင်ခဲ့ကြ​သော စားသုံးသူများစွာကလည်း အင်တာနက်​ပေါ်မှ သတင်းများကို ဖတ်မိခဲ့ကြသည်။ သူတို့က ချောင်း​ချောင်း၏ ဝယ်ယူသူများ မည်သည်ကို စား​နေသည်ကို ​တွေ့လိုက်​သောအခါ အလျင်အမြန် လှုပ်ရှားခဲ့ကြသည်။ ထိုအသင်းသုံးသင်းက ငလျင်လှုပ်သကဲ့သို့ ​ပြောင်းလဲမှုများကို ​တွေ့ကြုံရဖို့ အချိန်အကြာကြီး မယူလိုက်ရ​ပေ။ ထန်ချောင်း​ချောင်းဘက်တွင် ရှည်လျား​သော လူတန်းရှည်ကြီး ရှိလာခဲ့သည်။


သူတို့​တွေက ထန်​ချောင်း​ချောင်းက သူတို့​တွေ၏ အမှာစာကို ကန့်သတ်ထား​ကြောင်း သိလိုက်​​သောအခါ လူတန်း၏ အ​နောက်ဘက်ကျကျတွင် ရှိ​နေ​​သော လူများက သူတို့အလှည့်မ​ရောက်ခင် ကုန်သွားမှာကို စိုးရိမ်လာကြသည်။


"​အနောက်က လူ​တွေ မစိုးရိမ်ပါနဲ့... လူတိုင်း ရကြမှာပါ"


ဝေ့ရီချီက ​အော်​ပြောလိုက်ပြီး ဝယ်သူများအတွက် အစားအစာများ ပြင်ဆင်​ပေးရင်း အလုပ်ရှုပ်​နေချိန်တွင် ထန်​ချောင်း​ချောင်းက ဘန်းမုန့်များကို မြန်မြန် ဆက်လုပ်​နေခဲ့သည်။ ပထမအိုးတစ်အိုး ​ရောင်းကုန်သွားပြီးပြီးချင်း အိုးအသစ်ကလည်း ချက်ပြုတ်လို့ ပြီးသွားခဲ့​လေပြီ။


ထိုအ​ခြေအ​နေကို ​တွေ့လိုက်​သောအခါ ဒါရိုက်တာအဖွဲ့ကလည်း အနားယူဖို့ မ​တွေးနိုင်​တော့​ပေ။ ကင်မရာမန်းက ထန်​ချောင်း​ချောင်းနှင့် ​ဝေ့ရီချီတို့ကို ရိုက်ကူး​နေရုံသာမက ရှိုးကို ထုတ်လွှင့်သည့်အချိန်တွင် ထည့်သွင်းရန်အတွက် စားသုံသူများကိုလည်း ကျပန်း​ရွေးချယ်ကာ အင်တာဗျူး​နေရသည်။ 


ကျိုးမုန့်က သူမ​ရှေ့က ပြတင်း​ပေါက်မှာ တန်းစီ​နေသူ​တွေ နည်းသထက် နည်းလာတာကို ​တွေ့လိုက်ရ​သော်လည်း သူမရဲ့ဆူရှီ​တွေက သုံးပုံတစ်ပုံသာ ​ရောင်းပြီးသွားတာ ဖြစ်သည်။ သူမ၏ မျက်နှာ အမူအရာက ​ရုတ်တရက်ပင် မဲ​မှောင်လာ​တော့သည်။


ဟူ​မြောင်သည်ပင် ပြိုင်ဘက်များ၏ အ​ခြေအ​နေကို ကိုယ်တိုင်​ ​ပြေးကြည့်လိုက်​သေးသည်။ သူက ဘာကများ အဲ့​လောက် အရသာရှိလို့လဲ ဆိုတာကို အရမ်း သိချင်​နေ​လေပြီ။ ကျိုးမုန့် စိတ်ကွက်သွားမှာကိုသာ ဂရုစိုက်မ​နေရင် သူကိုယ်တိုင် သွားဝယ်ပြီး စားကြည့်ချင်​​သေးသည်။


ကျိုးမုန့်က ဟူ​မြောင်ကို ပြုံးပြကာ ​ပြောလိုက်သည် "ရှင်​ဆိုင်ကြည့်​ပေးထားပါလား.. ကျွန်မ သန့်စင်ခန်း ခဏသွားမလို့"


သူမက သန့်စင်ခန်းထဲကို ​ရောက်​ရောက်ချင်း ဖုန်းကိုထုတ်ကာ သူမ၏​အေးဂျင့်ကို ​ခေါ်လိုက်သည်။


"ဘာ​တွေ ဖြစ်​နေတာလဲ... ဒီ​နေ့ ဖန်​တွေကို သူတို့တွေလာဖို့ အသိ​ပေးရမယ်လို့ ကျွန်မ မ​ပြောခဲ့ဘူးလား"


အေးဂျင့် : ငါလည်း ဖန်ကလပ်ထဲမှာ ​နေရာနဲ့အချိန်ကိုပါ သတင်းဖြန့်ထားပြီးသားပဲ​လေ... ဖန်​တော်​တော်များများက ​သေချာ​ပေါက် လာကြမယ်လို့ ​ပြောကြတာပဲ"


"အဲ့လူ​တွေ ဘယ်မှာလဲ"


​အေးဂျင့်က ​ပြောလိုက်သည် "ဖန်​တွေက သွားလိုက်ကြပြီ ဖြစ်မယ်... ဒါ​ပေမယ့် လမ်းက အရမ်း ရှုပ်​နေတာ​လေ.. ပြီး​တော့ ​စျေးဝယ်တဲ့ လမ်းသွားလမ်းလာ​တွေလည်း အများကြီးရှိ​နေတာ... ငါတို့လည်း မထိန်းချုပ်နိုင်​တော့ဘူး"


"အဓိပ္ပါယ် မရှိတာ​တွေ ​ပြောမ​နေနဲ့... ကျွန်မကို ဖန်​တွေ ရှာလာ​ပေးခဲ့"


ကျိုးမုန့်က ​ဒေါသထွက်​နေရသည်။ သူမက သူမ အလွယ်တကူ အနိုင်ရနိုင်သည့်အ​ခြေ​အ​နေတွင် ထို​တောသူမကို မရှုံးနိမ့်ချင်​ပေ။


အမှန်တကယ်တွင်မူ ထန်ချောင်း​ချောင်းက သူမ မပတ်သက်​သော​ကြောင့် သူမကလည်း ဂရုစိုက်မ​နေ​ခဲ့။ သို့​သော်လည်း သူမအခင်ဆုံးသူငယ်ချင်း ထန်ရို့ထံမှ ထို 18လိုင်းသရုပ်​ဆောင်က ထန်မိသားစု လတ်တ​လောက ​မွေးစားလိုက်သည့် ​သွေး​ဝေး​ဆွေမျိုးတစ်​ယောက်၏ သမီး ဖြစ်​ကြောင်း မထင်မှတ်ဘဲ သိခဲ့ရသည်။


သို့​သော်လည်း ထန်​ချောင်း​ချောင်းက ထန်မိသားစု၏ ကြင်နာမှုကို ​ကျေးဇူးကန်းရုံသာမက ထန်ရို့ကိုပါ မရပ်မနား မနာလို ဖြစ်နေခဲ့​သေးသည်။ သူမက သူမညီအစ်မ၏ ချစ်သူကိုပါ တပ်မက်​နေခဲ့​သည်။ သူမက တကယ့်ကို စက်ဆုပ်ဖွယ်​ကောင်းပြီး အရှက်လည်း မဲ့လှ​ပေသည်။


​သူမအေးဂျင့်၏ အစီအစဥ်က ​နေရာ​​ရောက်မ​ရောက် မသိ​သေး​သော်လည်း ကျိုးမုန့်ဘက်တွင်​တော့ ထူးပြီး ​ကောင်းမလာခဲ့​ပေ။ ထန်​ချောင်း​ချောင်းမှာသာ ဝယ်သူ​တွေ ပိုပိုများလာခဲ့သည်။ လူတန်းရှည်ကြီးက ​မြွေလိမ်​မြွေ​ကောက်ကဲ့သို့ တွန့်​ကွေး​နေ​တော့သည်။ 


"မိန်းက​လေး... ဦး​လေးကို ဘန်းမုန့်​လေးခုနဲ့ စွပ်ပြုတ် နှစ်ပွဲ​ပေးပါ"


ထန်​ချောင်း​ချောင်း ကြည့်လိုက်​သောအခါ သူမကို သုံးဘီးငှားလိုက်​သော ဦး​လေးကြီး ဖြစ်​နေသဖြင့် အံ့သြ​ပျော်ရွှင်သွားသည်။


"ဦး​လေး ​​ရောက်​နေတာပဲ"


"ဦး​လေးလည်း လာကြည့်တာ​လေ"


"အိုး.. ဒါဦး​လေးရဲ့မြေးပဲ" ဦး​လေးကြီးက နှစ်နှစ် သုံးနှစ်အရွယ် က​လေးဝဝကစ်ကစ်​လေးကို ချီထားခဲ့သည်။ က​လေး​လေးက ​ခေါင်းတုံး​လေး ဖြစ်ကာ ဝကစ်ပြီး လုံးဝန်း​နေသည်။ သူ​လေးက ထန်​ချောင်း​ချောင်းကို တည့်တည့်ကြည့်လိုက်ပြီး ချစ်စရာ​ကောင်း​သော အသံ​လေးဖြင့် ​ပြောလိုက်သည် "မမလှလှ​လေး... သားလည်း ဘန်းမုန့်စားချင်တယ်"


'မမလှလှ​လေး'


ထန်​ချောင်း​ချောင်း ချက်ချင်း ရင်ထဲထိသွားရ​လေသည်။ သူမ၏ နှုတ်ခမ်း​ထောင့်များက မြင့်တက်လို့လာ​သည်။ "မမလှလှ​လေးက သားအတွက် ထုပ်​ပေးမယ်​နော်"


ထန်​​ချောင်းချောင်းက ဦး​လေးကို ဘန်းကိတ်ရှစ်ခု​ ​ပေးလိုက်ပြီး ပိုက်ဆံမ​ပေးဖို့ ​ပြောလိုက်သည်။ ပိုက်ဆံကို သုံးဘီးငှားခဖြင့် ​ပေး​ချေပြီးသား ဖြစ်​လေသည်။


ထိုဦး​​လေးက ​သူ့မြေး​လေးနှင့် ပီတိဖြစ်ကာ ထွက်သွား​တော့သည်။


ထန်​ချောင်း​ချောင်းက ရုတ်တရက်ပင် ဝိဥာဏ်စွမ်းအင်အချို့ သူမခန္ဓာကိုယ်ထဲကို ​​နေရာတိုင်းမှ လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ ဘာ​တွေ ဖြစ်​နေပါလိမ့်... ထိုကမ္ဘာ၏ တာအိုပညာရပ်က အားနည်းလှပြီး ဝိဥာဏ်စွမ်းအားကလည်း ပါးလွန်းသည်။ ဒီစွမ်းအင်​တွေက ဘယ်ကများ ​ရောက်လာပါလိမ့်...


သူမက ​လေ​ပေါ်တွင် ဝဲ​နေ​သော ဝိဥာဏ်စွမ်းအားများကို ကြည့်လိုက်ပြီး ထိုစွမ်းအင်များက စားသုံးသူများထံမှ လာခြင်းဖြစ်​ကြောင်း ​​တွေ့လိုက်ရသည်။


သူတို့က သူမချက်​ထားသော အစားအစာများကို စားကာ သူမကို ချီးမွမ်းကြပြီး နှလုံးသားထဲက​နေ ချစ်မြတ်နိုးသွားကြသည်။ ထို့​နောက် ထိုချစ်မြတ်နိုးမှုများက ဝိဥာဏ်စွမ်းအင် အဖြစ် ​ပြောင်းလဲကာ သူမဆီ ပြန်လာခဲ့ကြသည်။


ထိုအရာက ကြီးမား​​သည့် အံ့အားသင့်ဖွယ်ပင်။ ထန်​ချောင်း​ချောင်း ရုတ်တရက် သူမခန္ဓာကိုယ်တစ်ခုလုံး အားအင်များတက်ကြွလာသလို ခံစားလိုက်ရပြီး ဘန်းမုန့် အခုငါးရာ​လောက်အထိ လုပ်နိုင်သလိုပင် ခံစားလိုက်ရသည်။


ည​နေ 8 နာရီတွင် စား​သောက်ဆိုင် ပိတ်သွားသည်။ ထန်​ချောင်း​ချောင်းနှင့် ​ဝေ့ရီချီတို့ သူတို့၏ ဝင်​ငွေကို တွက်လိုက်ကြသည်။


သူမက ​ပီတိဖြစ်ကာ ​ပြောလိုက်သည် "ဘန်းမုန့်က ​ခြောက်အိုးဆို​တော့... အခုငါးရာနီးနီး ​ရောင်းထွက်သွားတယ်... ငရုတ်​ကောင်းစွပ်ပြုတ်အိုးကြီး နှစ်အိုး အပါအဝင်​ပေါ့...​ရောင်းရ​ငွေက 3258ယွမ် ကုန်ကျ​​ငွေကို နှုတ်လိုက်​တော့ အမြတ်​ငွေက 2258ယွမ်ရတယ်"


​ဝေ့ရီချီက တစ်​နေ့လုံး မတ်တပ် ရပ်​နေခဲ့ရသည်။ သူက သူ့ခါးကို မဆန့်နိုင်​လောက်တဲ့အထိ ပင်ပန်း​နေခဲ့ရသည်။ ထန်​ချောင်း​ချောင်းက သူ့ထက် အလုပ်ပိုလုပ်ခဲ့ရတာ ​သေချာ​သော်လည်း သူမက​တော့ ထူးဆန်းစွာပင် ပိုပိုပြီး စွမ်းအားပြည့်​နေသလိုပင်။ 


ဒါရိုက်တာက အသင်းသုံးသင်းကို စုစည်းလိုက်ပြီး ​နောက်ဆုံးရလဒ်ကို ​ကြေညာလိုက်သည်။


"ပထမဆုံးအ​နေနဲ့ ဝမ်ချမ်းနဲ့ ​ရှောင်ခယ်တို့က ဝင်​ငွေစုစု​ပေါင်း 1020ရတယ်... သူတို့က 480ယွမ်ပဲ ကုန်ခဲ့လို့ အမြတ်​​ငွေက 540...


"​​နောက်တစ်ဖွဲ့ ကျိုးမုန့်နဲ့ ဟူ​မြောင်က 1000ယွမ်သုံးခဲ့တယ်... ဝင်​ငွေက 1975ဆို​တော့ အမြတ်​ငွေက 975ယွမ်..


"​နောက်ဆုံးအ​နေနဲ့ ထန်​​ချောင်း​ချောင်းနဲ့ ​​ဝေ့ရီချီက ဝင်​ငွေ စုစု​ပေါင်း 3258ရပြီး အမြတ်​​ငွေက2258ယွမ်... ဒါ​ကြောင့်မို့ ဒီတစ်ပိုင်းမှာ အနိုင်ရရှိတဲ့သူ​တွေက ထန်​ချောင်း​ချောင်းနဲ့ ​ဝေ့ရီချီပါ"


"​ယေး" ထန်​ချောင်း​ချောင်းနှင့် ​ဝေ့ရီချီတို့ ​ပျော်ရွှင်စွာဖြင့် လက်ဖဝါးချင်း ရိုက်လိုက်ကြသည်။


အခြားသူများက သူတို့ကို ဝတ္တရားအ​နေနှင့် ဂုဏ်ပြုလိုက်ကြ​သော်လည်း ကျိုးမုန့်​က​တော့ မပြုံးမရယ်ဘဲ လက်ခုပ်နှစ်ချက်သာ တီးလိုက်သည်။


ဒါရိုက်တာ: "ဒီ​နေ့ရတဲ့​ငွေအားလုံးကို ​ကျောင်းသူ​လေး​တွေ ပညာဆက်သင်ကြားနိုင်ဖို့ ဆင်းရဲတဲ့ ​တောင်တန်း​ဒေသ​တွေကို လှူဒါန်းမှာ ဖြစ်ပါတယ်... ဒီတစ်ကြိမ် အနိုင်ရရှိသူက ​နောက်ရိုက်ကွင်းမှာ အကျိူးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်"


[ဒီထန်​ဝေ့ အတွဲက မိုက်ချက်ပဲ... အနိုင်ရဖို့ တစ်​​လျှောက်လုံး ပြန်တိုက်ခိုက်လာတာ]


[ဖာ့ခ် CP အမည်​တောင် ထွက်လာပြီလား]


[ ငါအခုထိ ဘန်းကိတ်အရသာ​လေး ရ​နေတုန်းပဲ... စား​ကောင်းလိုက်တာ]


[ထန်ချောင်း​ချောင်းရဲ့ ဘန်းမုန်​​ကြော်​တွေက တစ်ခုမှ 5ယွမ်ပဲ... နို့လက်ဖက်ရည်က 15ယွမ်နဲ့ ကျိုးမုန့်ရဲ့ဆူရှီက 20ယွမ်ထက် မနည်းနိုင်ဘူး... ဒါ​ကြောင့်မို့ ထန်​ချောင်း​ချောင်းကသာ လုံးဝဥဿုံအနိုင်ရရှိသူပဲ]


[နာမည်​ကျော်တာက ဘာအဖြစ်မှမရှိဘူး..

အရသာရှိတာကိုပဲ အသိအမှတ်ပြုတယ်]


[ငါတော့ ​ချောင်း​ချောင်းကို အာရုံစိုက်မိသွားပြီ... သူက သဘာဝကရတဲ့ တန်ဖိုးကြီး အနုပညာရှင်​လေးပဲ... သူက ချစ်စရာ​​ကောင်းပြီး လုပ်နိုင်စွမ်းလည်း ရှိ​သေးတယ်]


ထန်​ချောင်း​ချောင်းဗီလာကို ပြန်​ရောက်​​သောအခါ ဆယ့်တစ်နာရီနီးပါး ရှိ​နေပြီ ဖြစ်သည်။ သူမက ရှန်းယွဲ့ အိပ်​နေပြီဟု ထင်လိုက်တာ​ကြောင့် သူမက သူမအခန်းကိုပဲသွားကာ ​ဆေး​ကြောပြီး အိပ်ရာဝင်လိုက်​တော့သည်။


...


Xxxxxxx