အခန်း ၂၁ ကိုယ်ပိုင်ဆေးကို
မြည်းစမ်းကြည့်စေခြင်း
"မင်းက ငါ့ညီလေးကို သတ်လိုက်တဲ့သူလား?"
အနီရောင်မြင်းပေါ်မှ
လူက စူးချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး သူ့နဖူးရိုးမှ အမာရွတ်ကြီးက မေးရိုးအထိရှိနေကာ သူ့မျက်နှာ မုတ်ဆိတ်မွေးများ အပြည့်ရှိနေသေးသည်။
သူ့မျက်လုံးများက တစ်စုံတစ်ယောက်ကို ဝါးစားချင်နေပုံရကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
စူးချင်းက ဘာအမူအရာမှ
မပြဘဲ အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သည်။ သူမက လီတာ့နျိုနှင့် ကျန်းလောင်ချီကို
ကြည့်လိုက်ပြီး သူတို့ အဆင်သင့်ဖြစ်နေကြောင်း မြင်လိုက်သောကြောင့် ချိုးယုံခန်းဘက်သို့
လှည့်ကာ ထပ်ပြောလိုက်သည်။ "ရှင် သူတို့အတွက် ကျောက်ခဲတွေ ယူပေးလိုက်၊
ဒီနေရာကို ကျွန်မ တာဝန်ထား"
ချိုးယုံခန်းက
မျက်ခုံးပင့်လိုက်သည်။ အရွယ်ရောက်ပြီးသော ယောက်ျားများက မိန်းခလေးတစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်နေခြင်းက အဆင်မပြေဖြစ်နေပြီး
ထိုမိန်းခလေးက သူမဘာသာသူမ ကိုင်တွယ်နိုင်ပါ့မလားဆိုတာက ပို၍ပင် သံသယဖြစ်ဖွယ်ကောင်းနေသေးသည်။
စူးချင်းက သူ
မလှုပ်ရှားသည်ကို မြင်သွားပြီး မျက်မှောင်ကြုတ်ကာ သူ့ကို ခပ်ထန်ထန်
ပြန်မေးလိုက်သည်။
“ရှင်က အားလုံးကို
သေစေချင်နေတာလား?”
ချိုးယုံခန်းက
သက်ပြင်းတစ်ချက်ချလိုက်သည်။
ဒီမိန်းမ…???
နောက်ဆုံးတွင် သူက စူးချင်း၏စကားကို
နားထောင်လိုက်ပြီး ကျောက်တုံးအသေးများကို ကျောက်တုံးကြီးဆီသို့ ရွှေ့နေတော့သည်။
စူးချင်းက သူ့ကို
မကြောက်ရုံသာမက သူ့လူများကို စည်းစနစ်တကျ ပြန်တိုက်ခိုက်ရန် စီစဉ်နေသည်ကို ဓားပြခေါင်းဆောင်က
မြင်သွားပြီး သူလည်း ထိတ်လန့်သွားခဲ့သည်။ မူလက သူက စူးချင်း၏ အလှကြောင့်
သူ့အိပ်ယာကို နွေးထွေးစေရန် သူမကို ခေါ်သွားချင်သော်လည်း ယခုအချိန်တွင် ထိုအကြံကို
စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
သူ ဒီမိန်းမကို
အသက်ရှင်လျက် မထားနိုင်တော့ဘူး။ သူမကို သတ်ပစ်ရမယ်!
“ညီအစ်ကိုတို့၊
သူတို့အားလုံးကို သတ်ပစ်ကြ။ တစ်ယောက်မှ အရှင်မထားနဲ့။ ပစ္စည်းတွေကို လုယက်ပြီး
တောင်ပေါ်ကို ပြန်သွားတဲ့အခါ ခေါင်းဆောင်က မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆုချလိမ့်မယ်"
စူးချင်းက သူမလက်ထဲမှ
ကောက်ဆွကို ကိုင်ပြီး ကျောက်တုံးကြီး၏အဝဆီသို့ ပြန်ဆုတ်သွားသည်။ ကျန်းလောင်ချီနှင့်
လီတာ့နျိုတို့ ကျောက်တုံးပေါ်သို့ ချောမွေ့စွာ တက်နိုင်ရန် သူမက
သူတို့၏အာရုံစိုက်မှုကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ ယခုအချိန်တွင် သူတို့က ကျောက်တုံးအဝင်ဝကို
ကောင်းကင်၏အနားသတ်ကဲ့သို့ စောင့်ကြပ်နေကြပြီး လူတစ်ယောက်က လူတစ်သောင်းကို ထိန်းချုပ်ထားနိုင်ပုံပေါ်သည်။
လက်ရှိအချိန်တွင် သူမက
ပြိုင်ဘက်များကို တစ်ဦးချင်းသာ တိုက်ခိုက်သတ်ဖြတ်နိုင်မည်ကို သူမ နားလည်နေခဲ့သည်။
သူမ၏လက်ရှိအဆင့်ဖြစ်သော အဆင့် ၆ စစ်နတ်ဘုရားစွမ်းရည်ဖြင့် ၎င်းတို့ထဲမှ လူ ၂၀၊ ၃၀ ကို
တပြိုင်တည်းတိုက်ခိုက်ပါက သူမ သူတို့ကို သေချာပေါက် အနိုင်ယူနိုင်မည် မဟုတ်ပေ။
သူမက ယုံကြည်ချက်မရှိတဲ့အရာတွေကို
ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။
စူးချင်း နောက်ပြန်ဆုတ်သွားသည်ကို
မြင်လိုက်သောကြောင့် ဓားပြခေါင်းဆောင်က ဒေါသထွက်သွားရသည်။
ဒီမိန်းမက လိမ္မာပါးနပ်လွန်းတယ်။
သူမကို စောစောထဲက မဖမ်းခဲ့တာကို သူ နောင်တရနေမိတယ်။
ထို့နောက်တွင်မှု
ဓားပြခေါင်းဆောင်က သူ၏တောက်ပြောင်နေသာ ဓားရှည်ကြီးကို မြှောက်ကာ စိတ်ဓာတ်တက်ဖွယ်
အော်ဟစ်အမိန့်ပေးလိုက်သည်။
“ငါတို့ရဲ့ညီအစ်ကိုတွေအတွက်
လက်စားချေဖို့ ဒီမိန်းမကို ဖမ်းပြီး ရှစ်ပိုင်းဖြတ်ပစ်မယ်”
စူးချင်းက ဓားပြများနှင့်
ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေချိန်တွင် တောင်ပေါ်မှ ကျောက်တုံးများ ပြုတ်ကျလာသည်ကို
မြင်လိုက်ရပြီး ထိုကျောက်တုံးများက ဓားပြများဆီသို့ ပြုတ်ကျလာခဲ့သည်။
ထိုကျောက်တုံးများ ကျလာသော နေရာတွင် ရပ်နေသူက ကျိရွှေရှန့်ဖြစဟ်ပြီး သူက ကျောက်တုံးများကို
အဆက်မပြတ် ပစ်ချနေသည်။။
သူက သုန်မှုန်နေသော
မျက်နှာကြီးဖြင့် ကျောက်တုံးကြီးများကို တစ်လုံးပြီး တစ်လုံး ကောက်ယူကာ တည်ငြိမ်ပြီး
တိကျကာ ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဓားပြအုပ်စုထံ ပစ်ချနေသည်။
လွန်ခဲ့သောအချိန်အတန့်တွင်
သူက ကျောက်တုံးများကို ပစ်ချနေသည့်
လက်ကျန်ဓားပြများကို နှိမ်နင်းရန် တောင်ပေါ်သို့ တက်သွားခဲ့ပြီး လက်ရှိအချိန်တွင်
သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ သူက တောင်ထိပ်ပေါ်တွင် ရပ်နေသော
သေမင်းတမာန်ကဲ့သို့ ဖြစ်နေလေသည်။ သူ ပစ်ချနေသော ကျောက်တုံးများက ဓားပြများ၏ ခေါင်းများကို
ထိမှန်ကာ ဓားပြများက ကစဥ်ကလျား ထွက်ပြေးနေကြပြီး
သူတို့၏ အော်သံများက ချိုင့်ဝှမ်းထဲအထိ ပဲ့တင်ထပ်နေတော့သည်။
ကျိရွှေရှန့် အသက်ရှင်နေသေးသည်ကို
မြင်လိုက်ရချိန်တွင် လီတာ့နျိုနှင့် ကျန်းလောင်ချီတို့လည်း တက်ကြွလာကြပြီး
သူတို့နှစ်ဦးကလည်း ကျောက်တုံးကြီးပေါ်တွင် ရပ်နေကာ အောက်ဘက်သို့ ဦးတည်ပြီး
ကျောက်တုံးများကို ပစ်ချနေကြသည်။
မူလက ဓားပြများက ကျိရွှေရှန့်နှင့်
အခြားသူများကို ဤတောင်ကြားလမ်းတွင် အသေသတ်ရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း ကျိရွှေရှန့်နှင့်
တခြားသူများက သူတို့ပြင်ဆင်ထားသည့် အစီအစဉ်ကို အသုံးချနိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သူတို့က ကောင်းကင်မှ ကျလာသော ကျောက်တုံးများကို မရှောင်နိုင်ကြဘဲ အရှေ့တွင်လည်း
ကျောက်တုံးကြီးများက လမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့် မူလလာရာ လမ်းကြောင်းမှသာ
ပြန်ထွက်ပြေးကြရတော့သည်။
စူးချင်းက သူမ၏
ခေါင်းကို မော့လိုက်ပြီး တောင်ပေါ်တွင် ရပ်နေသော ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်သည်။
သူ၏ မြင့်မားသော အသွင်အပြင်ကြောင့် သူ တောင်ကြောပေါ်တွင် မားမားမတ်မတ် ရပ်နေပုံက အံ့သြဖွယ်ကောင်းနေခဲ့သည်။
သူက မည်သည့် ချပ်ဝတ်တန်ဆာကိုမျှ မဝတ်ထားသော်လည်း သူ၏ ရောင်ဝါက စစ်မြေပြင်ရှိ စစ်ဗိုလ်ချုပ်များထက်
မနည်းနေခဲ့ပေ။
စူးချင်း၏
မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေသည်။
မဆိုးဘူး…
ထောင်ဟွားဝူက လူတွေက
သူ့ကို အရမ်းယုံကြည်ကြတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူ့မှာ ဥာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ
ရှိတဲ့အပြင် ကိုယ်ခံပညာကလည်း ကျွမ်းကျင်နေသေးတယ်။
"ရွှေရှန့်၊ ငါတို့က မင်းသေသွားပြီလို့ ထင်နေတာ"
ကျိရွှေရှန့်
တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လီတာ့နျိုက မျက်ရည်များဖြင့် သူ့ကို ပွေ့ဖက်လိုက်ပြီး ပြန်မလွှတ်တော့ပေ။
ကျန်းလောင်ချီကလည်း
ပြေးလာပြီး ကျိရွှေရှန့်ကို ပွေ့ဖက်လိုက်သည်။
"ရွှေရှန့်၊ မင်းကို ကျောက်တုံးကြီးတစ်ခု ပိသွားတာကို ငါ မြင်လိုက်တယ်။
မင်း အသက်ရှင်နေသေးတာ အရမ်းကောင်းတယ်။ အရမ်း ကောင်းတယ်"
"ရွှေရှန့်"
ချိုးယုံခန်း၏မျက်လုံးများကလည်း
နီရဲနေသည်။ သူက ကျိရွှေရှန့်၏ပခုံးကို ပုတ်လိုက်ပြီး သူ့နာမည်ကို ခေါ်လိုက်ကာ
မျက်ရည်များဝဲနေလေသည်။
သူတို့က ရှင်သန်ခြင်းနှင့်သေခြင်းတရားကို
အတူတကွ ရင်ဆိုင်ခဲ့ကြရပြီး သူတို့ညီအစ်ကိုကောင်း၏ အလောင်းကိုသာ ပြန်တွေ့လိမ့်မည်ဟု
ထင်ထားခဲ့ကြသည်။ နောက်ဆုံးတွင် သူက မသေရုံသာမက ထောင်ဟွားဝူမှ ရွာသားများကိုလည်း
ကယ်တင်ပေးခဲ့သည်။ ဆုံးရှုံးသွားသော အရာကို ပြန်လည်ရရှိခြင်းအတွက် ကြီးမားသော
အံ့အားသင့်မှုက လူအများကို ငိုကြွေးစေခဲ့သည်။
"ငါ့မှာ
ခက်ခဲကြမ်းတမ်းတဲ့ ဘဝရှိတယ်၊ ငါက လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူး"
ကျိရွှေရှန့်က
သူတို့၏ ကျောများကို ပုတ်ပေးလိုက်ပြီး သူ့၏ညီအစ်ကိုများကို နှစ်သိမ့်ပေးလိုက်သည်။ ထိုစကားကို
ပြောပြီးသည်နှင့် သူ့မျက်လုံးများက မှင်ပင်လယ်ကဲ့သို့ မည်းမှောင်သွားသည်။
သူ လက်စားမချေရသေးရင်
ငရဲဘုရင်တောင်မှ သူ့လမ်းကို ပိတ်ထားနိုင်မှာ
မဟုတ်ပါဘူး။
စူးချင်းက သူတို့ကို
မကြည့်ဘဲ ထိုအစား ဓားပြများ၏အလောင်းများကို ကျော်တက်ကာ မြင်းများကို ပြန်ဆွဲရန်
မြင်း၏ဇက်ကြိုးကို ဆွဲကိုင်လိုက်သည်။
ကျိရွှေရှန့်က ထိုအပြုအမူကို
မြင်သွားပြီး သူ့မျက်လုံးထဲမှ ကျေနပ်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူက လီတာ့နျိုကို
တွန်းထုတ်ပြီး အမိန့်ပေးလိုက်သည်။
"မြင်းတွေကို
ဖမ်းကြ"
ဓားပြများက
ဒဏ်ရာအနည်းနှင့်အများ ရရှိခဲ့ကြပြီး အထိတ်တလန့် ထွက်ပြေးသွားကာ မြင်းများကလည်း
ဘယ်ဆီသို့ ထွက်ပြေးသွားမှန်း သူတို့ မသိကြတော့ပေ။
နောက်ဆုံးတွင် စူးချင်းက
မြင်းတစ်ကောင်ကို ဖမ်းမိခဲ့ပြီး သူတို့သုံးဦးက မြင်းသုံးကောင်ကို ထပ်ဖမ်းမိခဲ့သည်။
စုစုပေါင်း ဆူဖြိုးပြီး သန်မာသော မြင်းလေးကောင် ဖမ်းမိခဲ့ကြသည်။
ထိုအပြင် စူးချင်း ကောက်ဆွဖြင့်
ထိုးသတ်လိုက်သည့် မြင်းတစ်ကောင်လည်း ရှိနေသေးသည်။ မြင်းသားကို လမ်းခရီးတွင် စားသောက်ရန်
သယ်သွားနိုင်ပြီး မြင်းသားရေကိုလည်း ဖိနပ်လုပ်ရန် အသုံးပြုနိုင်သေးသည်။
ထို့အပြင်
မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသော ဓားပြများထံမှ ငွေဆယ်လျန်ကျော်ခန့်ကို
တွေ့ရှိခဲ့ပြီး ထိုဓားပြများ၏ဓားရှည်များကိုလည်း သိမ်းဆည်းခဲ့ကြသည်။
မြင်းများက
ကုန်ပစ္စည်းသယ်ယူရာတွင် အထောက်အကူဖြစ်စေနိုင်ပြီး၊ ဓားများကို ကာကွယ်ရေးအတွက်
အသုံးပြုနိုင်သည်။ ငွေကို အစားအစာဝယ်ရန်၊ မြင်းသေများကို အသားစားရန်နှင့်
မြင်းသားရေကိုလည်း ဖိနပ်လုပ်ရန် အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့် အလုံးစုံ
အမြတ်အစွန်းရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။
ထို့ကြောင့် ထိုဓားပြများက
မြင်းများ၊ ငွေများနှင့် ၎င်းတို့၏ အသက်ကို ပေးဆောင်ရန် အပြေးအလွှား ရောက်လာကြသည်ဟုပင်
ပြောရတော့မည် ဖြစ်သည်။
“မြန်မြန်
ဒီနေရာကို ထွက်သွားကြမယ်။ ကောင်းချန်နေ အတက်နိုင်ဆုံး မြန်မြန်ထွက်သွားရမယ်”
မြေပြင်အနှံ့
ပြန့်ကျဲနေသော ဓားပြများ၏ အလောင်းများကို ကြည့်နေရင်း ကျိရွှေရှန့်က လေးနက်သည့်
အမူအရာဖြင့် အမိန့်ပေးလိုက်သည်။
မြင်းများရှိနေခြင်းက
လူတိုင်းက ပို၍ စိတ်အေးလက်အေး ဖြစ်သွားစေပြီး ကျိရွှေရှန့်ပင် လှည်း မဆွဲတော့ဘဲ
မြင်းကို သူ့အစား ဆွဲခိုင်းလိုက်သည်။ အမျိုးသားများက မြင်းများ၏နောက်ကျောတွင်
ဝါးပြွန်များပါသော လေးလံသည့်ခြင်းတောင်းများကို တင်ကာ ၎င်းတို့၏ဝန်ထုပ်ဝန်ပိုးကို
လျှော့ချလိုက်ပြီး အနာဂတ်တွင် ကြုံတွေ့ရမည့်အန္တရာယ်များကို ရင်ဆိုင်ရန်အတွက်
၎င်းတို့၏ကြံ့ခိုင်မှုကို ထိန်းသိမ်းထားကြသည်။
စူးချင်းက
ဓားပြနှစ်ယောက်ကို သတ်လိုက်သည့်သတင်းက ထောင်ဟွားဝူမှ ရွာသူရွာသားများကြားသို့
ပျံ့နှံ့သွားပြီး လူတိုင်းက သူမကို လေးလေးစားစား ကြည့်လာကြသည်။ အဒေါ်ချိုးပင်လျှင်
သူမကို နောက်ထပ် တာဝန်များ ထပ်မပေးရဲတော့ပေ။
ကျိရှောင်ယင်သာလျှင်
စူးချင်းကို မကြောက်သောသူဖြစ်ပြီး သူမက စူးချင်းကို သဘောကျနေသေးသည်။
“အစ်မ၊
အစ်မက အရမ်းအစွမ်းထက်တယ်။ ကျွန်မလည်း အစ်မလောက် အစွမ်းထက်ပြီး ရွာက လူကြီးတွေနဲ့
ကလေးတွေကို ကာကွယ်ပေးချင်တယ်"
စူးချင်းက သူမကို တစ်ချက်
ပြန်ကြည့်လိုက်သည်။ ဤသည်မှာ လောကကြီးနှင့်မရင်းနှီးသော မိန်းမပျိုတစ်ဦးသာ ဖြစ်သည်။
သူမက ကျိရှောင်ယင်ကို
အေးအေးဆေးဆေး ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “လူသတ်တာက ပျော်စရာ မဟုတ်ဘူး”
သူမ ငါးနှစ်အရွယ်တုန်းက
တစ်စုံတစ်ဦးကို ပထမဆုံး သတ်ခဲ့ရတဲ့အချိန်ကို သူမ ပြန်တွေးနေမိတယ်။ သူမ ပြိုင်ဘက်ရဲ့ရင်ဘတ်ကို
သူမလက်ထဲက ဓားနဲ့ ထိုးခဲ့ပြီး သူမရဲ့မျက်နှာအနှံ့ သွေးတွေ ဖျန်းခနဲ စင်လာခဲ့တယ်။
သူမရဲ့အမြင်အာရုံတစ်ခုလုံးကလည်း လုံးဝ နီရဲနေပြီး သူမ နှစ်ဝက်လောက်အထိ အိပ်မက်ဆိုးတွေနဲ့
ရှင်သန်ခဲ့ရတယ်။
ဖြစ်နိုင်ရင် ရှောင်ယင်ကို
သူမရဲ့ဘဝမှာ အဲ့လိုအိပ်မက်ဆိုးတွေကို ဘယ်တော့မှ မတွေ့ကြုံရဖို့ သူမ မျှော်လင့်မိတယ်။
“ရွှေရှန့်၊
ငါတို့က ဓားပြတွေ အများကြီးကို သတ်ပစ်လိုက်ပြီ။ သူတို့က ငါတို့ကို အလွှတ်ပေးမှာ
မဟုတ်ဘူး”
ရွာလူကြီးချိုးက
ဓားပြများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်း အပါအဝင် သူတို့ ကျူးလွန်ခဲ့သည့်
အပြုအမူများအတွက် စိုးရိမ်နေပြီး ကျိရွှေရှန့်ကို သတိပေးလိုက်သည်။
အဲ့ဓားပြတွေကလည်း
အရမ်း ရန်လိုပုံရတယ်၊ မဟုတ်ရင် သူတို့ ဒီအထိ တလမ်းလုံး လိုက်လာကြမှာ မဟုတ်ဘူး။
“ကျွန်တော်တို့
တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ သူတွေကို မြေမြှုပ်ထားခဲ့တယ်၊ ဒါပေမယ့် အဲ့ဒါက
အသုံးမဝင်မှာကိုတော့ ကျွန်တော် စိုးရိမ်တယ်။ ကျွန်တော်တို့ ကောင်းချန်ကနေ ထွက်သွားပြီးရင်တော့
သူတို့ ကျွန်တော်တို့ နောက်ကို လိုက်ရဲမှာ မဟုတ်တော့ဘူး”
ကျိရွှေရှန့်၏
မျက်လုံးများက တည်ငြိမ်နေပြီး လေးနက်နေသည်။ ဓားပြများတွင်လည်း နယ်မြေ ခွဲခြးမှုများ
ရှိနေတက်သည်။ သူတို့ ကောင်းချန်မှ
ထွက်သွားနိုင်လျှင် ထိုဓားပြများက သူတို့နောက်သို့ လိုက်ချင်လျှင် တခြားသူများ၏
နယ်မြေကို ဝင်ရောက်ရမည် ဖြစ်သည်။
ဓားပြများ၏နယ်မြေစိုးမိုးလိုမှုက
အပြင်းထန်ဆုံးဖြစ်သည်။ နယ်နိမိတ်ကို ဖြတ်ကျော်ခြင်းက တောင်ကို လုယူခြင်းဟု မှတ်ယူနိုင်ပြီး
သာမန်ဓားပြများက ထိုအရာကို မလုပ်ရဲကြပေ။
“ဒါက
တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါပေမယ့် အသက်ကြီးတဲ့သူတွေ၊ အားနည်းတဲ့ အမျိုးသမီးတွေနဲ့
ကလေးတွေက လမ်းမလျှောက်နိုင်တော့မှာကိုတော့ စိုးရိမ်ရတယ်။ ခြေနှစ်ချောင်းက ခြေလေးထက်
ပိုမြန်အောင် ပြေးဖို့ မဖြစ်နိုင်ဘူး”
ရွာလူကြီးချိုးက
အလွန်စိုးရိမ်နေသေးသည်။ ဘာပဲဖြစ်ဖြစ် တစ်ဘက်က အရမ်းရက်စက်တဲ့ ဓားပြအုပ်စုပါ။
“ဒါဆိုလည်း
ကျွန်တော်တို့ သူတို့ကို သတ်မယ်။ တစ်ယောက်လာရင် တစ်ယောက် သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်။
အခု ကျွန်တော်တို့လည်း လက်နက်မဲ့ မဟုတ်တော့ဘူး”
ကျိရွှေရှန့်၏လက်ထဲတွင်
ပြိုးပြိုးပြက်ပြက် တောက်ပနေသည့် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး
သတ်ဖြတ်ချင်စိတ်ကြောင့် သူ့မျက်လုံးများက ဖျတ်ခနဲ လက်သွားခဲ့သည်။
လမ်းပေါ်သို့
ရောက်ရန် အလျင်လိုနေသောကြောင့် သူတို့ ထမင်းလည်း မချက်နိုင်ကြတော့ပေ။
ကံကောင်းထောက်မစွာဖြင့် အဒေါ်ချိုးက မနက်ခင်းတွင် မုန်းပေါင်းတချို့
ပိုလုပ်ထားခဲ့ပြီး အမျိုးသားများက တစ်ဦးလျှင် တစ်ခုစီ၊ အမျိုးသမီးများ၊
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ တစ်ဝက်စီရရှိခဲ့သည်။ စူးချင်း၏ အလှည့်သို့
ရောက်သောအခါ အဒေါ်ချိုးတစ်ယောက် တုံ့ဆိုင်းသွားရသည်။
✍️✍️✍️