အခန်း ၂၂ မြင်းသားချက်နည်းအသစ်
(၁)
"ဒီမှာ"
အဒေါ်ချိုးက စူးချင်းအတွက်
ပြောင်းဖူးမုန့်ပေါင်းတစ်ခု လှမ်းပေးလိုက်သည်။ သူမက ယောက်ျားများကဲ့သို့
စွမ်းဆောင်နိုင်ပြီး လူတိုင်းကို ဓားပြအုပ်စုထံမှ အကာအကွယ် ပေးခဲ့သောကြောင့် သူမက ယောက်ျားသားများနှင့်အတူ
အခွင့်အရေးရသင့်သည်။
စူးချင်းက
ပြောင်းဖူးပေါင်းမုန့်ကို တစ်ချက်ကြည့်ကာ ဘာစကားမှ မပြောဘဲ လက်ခံလိုက်သည်။ သူမက
၎င်းကို စားပြီးမှသာ ခွန်အားရရှိမည်ဖြစ်သောကြောင့် သူမက နှိမ့်ချနေရန် မလိုအပ်ပေ။
သူမ လက်ခံတာကို မြင်လိုက်သောကြောင့်
အဒေါ်ချိုးက စူးချင်းကို ပြုံးပြလိုက်ပြီး "မိန်းခလေး စူးချင်း၊ မင်း ဒီနေ့ အရမ်းရဲရင့်လွန်းတယ်။
မင်းက ငါတို့အားလုံးကို ကယ်တင်ခဲ့တယ်"
စူးချင်းက သူမကို
တစ်ချက်ကြည့်လိုက်ပြီး ခေါင်းတညိတ်သာ ပြန်ညိတ်ပြလိုက်သည်။ ထို့နောက် သူမက သူ၏
ပြောင်းဖူးပေါင်းမုန့်ကို စားရန် ဘေးနားသို့ တိတ်တဆိတ် ထွက်သွားတော့သည်။ မနက်ကတည်းက
ပေါင်းထားသော ပြောင်းဖူးပေါင်းမုန့်က မာကြောပြီး ခြောက်ကပ်နေသောကြောင့် စူးချင်းက သူမ၏ခြင်းတောင်းနားသို့
သွားကာ ဝါးပြွန်ကို ယူပြီး ပြောင်းဖူးပေါင်းမုန့်ပေါ်သို့ ရေလောင်းချလိုက်သည်။
ကျိရွှေရှန့်၏
စူးရှသောအကြည့်က စူးချင်း၏ပိန်ပါးပြီး အားနည်းသောခန္ဓာကိုယ်နောက်သို့ တစ်ချိန်လုံး
လိုက်ပါနေပြီး သူမ သစ်ပင်အောက်တွင် ထိုင်လိုက်သည်ကို မြင်သောအခါ သူက သူမဆီသို့ လျှောက်လာခဲ့သည်။
စူးချင်းက သူမ၏
ပြောင်းဖူးပေါင်းမုန့်ကို စားရန် အာရုံစိုက်နေချိန်တွင် နေရောင်အောက်မှ
အရိပ်မည်းတစ်ခုက သူမ၏အမြင်အာရုံကို ပိတ်ဆို့လာသည်။ သူမက ဘာမှ မထူးခြားသလို
မော့ကြည့်လိုက်ရာ သူမကို အေးစက်စွာ ငုံ့ကြည့်နေသော ကျိရွှေရှန့်ကို မြင်လိုက်ရသည်။
သူက သူမကို ငုံ့ကြည့်နေသော်လည်း သူမက သူ့ထံမှ ဖိအားကို လုံးဝမခံစားရပေ။
"အတိအကျ ပြောရရင် မင်းက ဘာလုပ်တဲ့သူလဲ?" ကျိရွှေရှန့်က စူးချင်း၏
ကြည်လင်ပြတ်သားသော ဖီးနစ်မျက်လုံးများကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
သူမ၏
လျှို့ဝှက်ဆန်းကြယ်သော ဆေးပညာကျွမ်းကျင်မှု၊ သေသပ်တိကျသော လူသတ်နည်းများနှင့်
အေးဆေးတည်ငြိမ်သော အမူအရာတို့က သူမက သာမန်ရွာသူလေးတစ်ဦးမဖြစ်နိုင်ကြောင်း
ပြောပြနေသည်။
စူးချင်းက ဝါးပြွန်ကို
ကိုင်ထားသည့် သူမ၏လက်ကို သူမ၏ဒူးတစ်ဖက်ပေါ်ထောက်လိုက်ပြီး သူမလက်ကို ဒူးပေါ်တင်ထားလိုက်သည်။
သူမက ကျိရွှေရှန့်ကို ဂရုမစိုက်ဘဲ ခပ်အေးအေးကြည့်ကာ အေးစက်သောအမူအရာဖြင့်
ပြန်မေးလိုက်သည်။
"အဲ့တာက ပြသနာ
ရှိလို့လား?"
ကျိရွှေရှန့်တစ်ယောက်
တုန်လှုပ်သွားရသည်။
ဟုတ်တယ်! ပြသနာရှိလို့လား?
သူမက ထောင်ဟွားဝူက ရွာသူရွာသားတွေအပေါ်
မကောင်းတဲ့ ရည်ရွယ်ချက်မရှိသရွေ့ သူမ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ ဒါပေမယ့် သူမက
လူသတ်သမားဆိုရင်ရော...?
“ပြသနာ
မရှိပါဘူး”
ကျိရွှေရှန့်က စူးချင်းကို
အကြာကြီးကြည့်နေပြီးမှ တစ်ချက်ရယ်လိုက်သည်။ သူ၏လေးနက်သော အသံတွင် ဘာကြောင့်မှန်းမသိသော
ရွှင်လန်းမှုများ ပါဝင်နေသည်။ ရုတ်တရက်ဆိုသလို သူက စူးချင်းကို
မေးခွန်းတစ်ခုမေးချင်လာသောကြောင့် သူမ၏မျက်လုံးများကို စိုက်ကြည့်လိုက်ကာ
ထပ်မေးလိုက်သည်။ "ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ?"
စူးချင်းက ဘာအမူအရာမှ
မပြဘဲ အကြည့်လွှဲလိုက်ပြီး "ရှောင်ယင်အတွက်... သူ(မ)ဝမ်းနည်းတာကို
မမြင်ချင်ဘူး"
"ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က
သူမကို လေးလေးနက်နက်ကြည့်ကာ ကျေးဇူးတင်စကားဆိုလိုက်ပြီး ပြန်လှည့်ထွက်သွားတော့သည်။
စူးချင်းက သူ့ကို
လျစ်လျူရှုပြီး သူမ၏မုန့်ပေါင်းကို ဆက်စားနေသည်။ ပြီးသည်နှင့် သူမက သူမလက်ပေါ်ရှိ အကြွင်းအကျန်များကို
ပွတ်သပ်ခါချကာ စွမ်းရည်တိုးတက်မှုကို စစ်ဆေးလိုက်သည်။
[ဂုဏ်ယူပါတယ်....
Host၊ ရွာသူရွာသားတတွေကို ကယ်တင်ခြင်းအတွက် သင်ရဲ့ကုသိုလ်ကောင်းမှုအမှတ်တွေကို
အဆင့်သုံးဆင့် မြှင့်တင်လိုက်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအား၊
တိုက်ခိုက်ရေးခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အဆင့်ရှစ်အထိ
မြှင့်တင်လိုက်ပါပြီ။ သင့်ရဲ့ စစ်နတ်ဘုရားစွမ်းရည် စွမ်းရည်ကို အဆင့်ရှစ်အထိ
မြှင့်တင်လိုက်ပါပြီ။]
စနစ်၏ စက်ရုပ်သံဆန်သော
အသံက သူမအတွက် သတင်းကောင်းကို ပြောပြနေသော်လည်း စူးချင်းက ဤရလဒ်ကို မကျေမနပ်ကြောင်း
သိသာနေသည်။ သူမက ထောင်ဟွားဝူမှ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့သော်လည်း စနစ်က
သူမကို အဆင့်နှစ်ဆင့်သာတိုးပေးခဲ့ပြီး အလွန်တွန့်တိုလွန်းလှသည်။
သို့သော် သူမတွင်
အခြားရွေးချယ်စရာ မရှိပေ။ စည်းမျဥ်းစည်းကမ်းများကို စနစ်က သတ်မှတ်သောကြောင့် နှစ်ကြိမ်ဆက်တိုက်
အဆင့်တက်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် လက်ရှိခန္ဓာကိုယ်က သူမကိုယ်သူမ
ကာကွယ်ရန်နှင့် ရန်သူများကို သတ်ပစ်ရန် ပြဿနာမရှိတော့ပေ။
မြင်းများ၏ကိုယ်ပေါ်က
ဒဏ်ရာများကို မြင်လိုက်ချိန်တွင် စူးချင်း၏မျက်လုံးများက တောက်ပလာပြန်သည်။ သူမက မြင်းများကို
ဆေးကုသပေးရန် သွားနေရင်း ရှောင်ချီလေးကို ဆေးများ ယူခိုင်းလိုက်သည်။
မြင်းများကို
ကုသခြင်းဖြင့် [ဆေးပညာ] အဆင့်မြှင့်ခြင်း၏ တိုးတက်မှုက လူများကို
ကုသခြင်း၏တိုးတက်မှုနှင့် ဆင်တူကြောင်း သူမ တွေ့ရှိခဲ့ရသည်။ မြင်းလေးကောင်ကို
ကုသခြင်းက တိုးတက်မှုဘားကို လေးခုတိုးလာစေခဲ့ပြီး သူမ အဆင့်တစ်ခုသို့ ထပ်မံတိုးမြှင့်တင်ရန်
ခြေတစ်လှမ်း ပိုနီးစပ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ကုသိုလ်ရမှတ်များလည်း
လေးမှတ် တိုးလာခဲ့သည်။ သို့သော်လည်း သူမ၏ ကုသိုလ်ရမှတ်များကို အဆင့်လေးသို့
အဆင့်မြှင့်တင်ရန် ဝေးကွာနေသေးသည်။
ခဏတာ
အနားယူပြီးနောက် ကျိရွှေရှန့်က လူတိုင်းကို ခရီးဆက်ရန်နှင့် မမှောင်မီ ကောင်းချန်သို့ အလျင်အမြန် အရောက်သွားပြီးမှ
အနားယူရန် တိုက်တွန်းလိုက်သည်။ ခရိုင်မြို့ထဲကို ဝင်ပြီးနောက်တွင် ဓားပြများက
မြို့ထဲသို့ ဝင်ရဲတော့မည် မဟုတ်ပေ။
ကလေးများက
မလှုပ်နိုင်တော့သည့်အတွက် အမျိုးသားများက သူတို့ကို သယ်ပိုးပေးကြပြီး အမျိုးသမီးများက
အချင်းချင်း ကူညီကြကာ အသက်ကြီးသူများက လှည်းများပေါ်တွင် ထိုင်နေကြသည်။ ဒုက္ခသည်အဖွဲ့များအနေဖြင့်
သူတို့က ပို၍ပင် သနားစရာကောင်းနေပြီး ခြွင်းချက်မရှိဘဲ သူတို့အားလုံး၏
ခမောက်များနှင့် မိုးကာများကို လွှင့်ပစ်ခဲ့ရပြီး မောပန်းနွမ်းနယ်ကာ
ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကြသည်။
နောက်ဆုံးတွင်
သူတို့အားလုံး ကောင်းချန်၏အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ဒုက္ခသည်များရောက်လာသည်ကို
မြင်သောအခါ မြို့စောင့်တပ်သားများက လှံများကိုင်ဆောင်ကာ ထွက်လာပြီး သူတို့ကို
မောင်းထုတ်ကြသည်။
"သွား၊ သွား! မြန်မြန်သွားကြ၊ ဒီမှာမနေနဲ့!"
“ဘာလို့
မြို့ထဲကို ဝင်ခွင့်မပေးတာလဲ?”
ကျိရွှေရှန့်က
သူတို့ကို မေးခွန်းထုတ်လိုက်သည်။ အရာရှိများနှင့် စစ်သည်များက သူ၏ ရဲဝံ့သော အသွင်အပြင်ကို
မြင်ပြီးနောက် သူ့ကို လှံဖြင့် ချိန်ကာ “စကားပြောတာကို ရပ်ပြီး ထွက်သွားတော့၊
နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် မင်းကို ပုန်ကန်မှုနဲ့ ဖမ်းမယ်"
ကျိရွှေရှန့်၏
မျက်လုံးများမှ ဒေါသမီးတောက်များ ထွက်ပေါ်လာပြီး လက်သီးများကို ကျစ်ကျစ်ပါအောင်
ဆုပ်လိုက်သောကြောင့် အရိုးများကွဲအက်နေသလို အသံများ ထွက်ပေါ်လာသည်။ ထိုအရာက အရာရှိများနှင့်
စစ်သည်များကို ထိတ်လန့်စေခဲ့သည်။
"မင်းက ဘာလုပ်ချင်လို့လဲ?"
“လူကြီးမင်း၊
ကျွန်တော်တို့က ဘယ်လိုလုပ် ပုန်ကန်နိုင်မှာလဲ? ဒါက ကျွန်တော်တို့ရဲ့ ခရီးသွားလက်မှတ်နဲ့
အိမ်ထောင်စုစာရင်းတွေပါ။ ကျွန်တော်တို့အားလုံးက ယုချန်ကနေ ရှောင်တိမ်းလာတဲ့ ဒုက္ခသည်တွေမို့
ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဖြတ်သန်းခွင့်ပေးပါ!”
ချိုးယုံခန်းက ကျိရွှေရှန့်
ကမောက်ကမ ပြုမူတော့မည်ကို စိုးရိမ်နေပြီး သူ့အဖိုးထံမှ ခရီးသွားလက်မှတ်နှင့်
အိမ်ထောင်စုစာရင်းများကို အလျင်အမြန် တောင်းယူလိုက်သည်။ ထို့နောက် သူက အရာရှိများနှင့်
စစ်သည်များထံ သွားပြီး အပြုံးဖြင့် နှုတ်ဆက်ကာ အလျင်အမြန် လေပြေသွေးလိုက်သည်၊
ကျိရွှေရှန့်ကလည်း
သူ့၏ခန္ဓာကိုယ်အတွင်းမှ ရန်လိုမှုများကို ဖယ်ရှားလိုက်ပြီး “ဟုတ်ပါတယ်
လူကြီးမင်း၊ ကျွန်တော်တို့ အားလုံးက ဘေးဒုက္ခကို ခံရသူတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို
ဖြတ်သန်းခွင့်ပြုပါ!"
"သွား! သွား! သွား! အခု တော်ဝင်သံတမန်က ကောင်းချန်ကို စစ်ဆေးနေတယ်။ မင်းတို့ကို
ခွင့်ပြုလိုက်တာက ငါတို့အတွက် အနှောက်အယှက်ဖြစ်စေမှာ မဟုတ်ဘူးလား? မြန်မြန်ထွက်သွားကြ!”
အရာရှိက
ခရီးသွားလက်မှတ်ကိုပင် မကြည့်ဘဲ စိတ်မရှည်သည့်အမူအရာဖြင့် သူတို့ကို
မောင်းထုတ်နေသည်။
ကျိရွှေရှန့်က သူ၏သဘောထားကို
ပြောင်းလဲလိုက်ပြီး သူက ခေါင်းဆောင်လာသော အရာရှိကို ငွေတစ်လျန်ပေးကာ အပြုံးဖြင့်
မေးလိုက်သည် “ဘယ်တော်ဝင်သံတမန်က ဒီကို ရောက်နေတာလဲ? ကျွန်တော်တို့က မြို့ကို
ဖြတ်သွားရုံပါပဲ။ ကျွန်တော်တို့အတွက် အဆင်ပြေအောင် အကြံဥာဏ်လေးပေးပါဦး”
“ဧကရာဇ်မင်းမြတ်ရဲ့ဦးရီးတော်ရဲ့
သားအကြီးဆုံးဖြစ်တဲ့ ဝမ်လူကြီးမင်းက တော်ဝင်တရားရုံးအတွက် သဘာဝဘေး ကယ်ဆယ်ရေးအတွက် မမောမပန်း
ကြိုးပမ်းအားထုတ်နေတယ်။ သူက ငါတို့အားလုံးရဲ့ကျေးဇူးရှင်ကြီးပဲ။ ငါ ပြောရင်လည်း
မင်းသိမှာ မဟုတ်ဘူး။ မင်းတို့ ယုချန်ကို ပြန်သွားပြီး ခဏစောင့်နေလိုက်။ တော်ဝင်သံတမန်က
ဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေကို ရိက္ခာပေးဝေဖို့ ရောက်လာတာဆိုတော့ သူ့ရဲ့နောက်ထပ်
ဦးတည်ရာက ယုချန်ဖြစ်လိမ့်မယ်”
အရာရှိများနှင့်
စစ်သည်များက ငွေကို မြင်သောအခါ သူတို့၏ သဘောထားက လုံးလုံးလျားလျား ပြောင်းသွားပြီး
ကျိရွှေရှန့်ကို သတင်းကောင်းတစ်ခု ထုတ်ဖော်ပြောပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ဒါဆို ကျွန်တော်တို့မြို့ရိုးအပြင်မှာ တစ်ညလောက်
နေလို့ရမလား? ကျွန်တော်တို့ မြို့ထဲကို မဝင်ပါဘူး"
ကျိရွှေရှန့်၏မျက်လုံးများက
ရုတ်တရက် ကျုံ့သွားပြီး သူက လက်သီးပေါ်သို့ လက်ဖဝါးအုပ်ကာ စစ်သည်များကို
ကျေးဇူးတင်လိုက်ပြီး မြို့ရိုးအပြင်ဘက်တွင် တစ်ညအနားယူချင်ရန် တောင်းဆိုလိုက်သည်။
စစ်သည်များက စိတ်မရှည်တော့ဘဲ “မရဘူး၊ ခရိုင်တရားသူကြီးမင်းက
သဘာဝဘေးဒဏ်သင့်သူတွေကို ကောင်းချန်မှာ နေခွင့်မပြုဖို့ အမိန့်ပေးထားတယ်"
ကျိရွှေရှန့်က
လူတိုင်းကို ဦးဆောင်ကာ ခရီးဆက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်လည်း လမ်းတစ်လျှောက်လုံးတွင်
သူ့၏အမူအရာက တင်းမာနေကာ သူ ဒေါသထွက်နေသည်ဟု မထင်ရသော်လည်း သူ ထုတ်လွှတ်နေသော ရောင်ဝါက ခြင်္သေ့မင်းကဲ့သို့ဖြစ်နေပြီး
အလွန်ကြောက်စရာကောင်းနေသည်။
နှစ်နာရီကြာပြီးနောက်
ခရိုင်မြို့အနီးရှိ တောင်ဘက်ဘုရားကျောင်းတွင် စခန်းချကြလိုက်သည်။ လူတိုင်းက
ဆာလောင်မွတ်သိပ်ပြီး မောပန်းနေသော်လည်း ချက်ပြုတ်ရဦးမည် ဖြစ်သည်။ မဟုတ်လျှင် တစ်ညကြာနောက်
မြင်းသားက အနံ့ထွက်လာတော့မည်ဖြစ်သည်။
ယောက်ျားသားများက
ထင်းသွားခုတ်ကြပြီး အဒေါ်ချိုးနှင့် အဒေါ်လီတို့က မြင်းသားကို ကြည့်ကာ စိတ်ပူနေကြသည်။
ရေ မရှိရင် သူမတို့
ဘာလုပ်နိုင်မှာလဲ။ မင်းနဲ့ကင်ရင်လည်း အနက်ရောင်မီးသွေးတုံးတွေအဖြစ်ကို
ပြောင်းလဲသွားမှာ မဟုတ်ဘူးလား?
ထိုအချိန်တွင် စူးချင်းက
ကူညီရန် ရောက်လာပြီး မျက်မှောင်ကြုတ်နေသော အဒေါ်ချိုးနှင့် အဒေါ်လီကို မြင်လိုက်ရသောကြောင့်
သူမက မြင်းသားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူမတို့ ဘာကို စိတ်ပူနေမှန်း
သူမ ရိပ်မိသွားခဲ့သည်။
စူးချင်းက တောင်ပတ်ပတ်လည်ကို
လှမ်းကြည့်လိုက်ပြီး စိမ်းစိုနေသော ဝါးပင်များကို တွေ့လိုက်ရသောကြာင့် အတွေးတစ်ခုရသွားသည်။
စူးချင်းက ချက်ပြုတ်မည့်နေရာသို့
လျှောက်လာပြီး အဒေါ်ချိုးကို လှမ်းပြောလိုက်သည်။ "အဒေါ်ချိုး၊ ကျွန်မ လုပ်ပေးမယ်!"
“ငါတို့မှာ
ရေမရှိလို့ ပြုတ်ဖို့ မဖြစ်နိုင်ဘူး။ မီးနဲ့ကင်မှပဲ ရတော့မယ်”
အဒေါ်ချိုးက သူမတို့
လမ်းတလျှောက်တွင် ဝါးပြွန်များထဲမှ ရေတစ်ဝက်ကျော်လောက် သောက်ခဲ့မိကြကြောင်း စူးချင်းကို
အလျင်အမြန် ပြောပြလိုက်သည်။ ရေအရင်းအမြစ်အသစ်ကို မတွေ့ရသေးသောကြောင့် ကျန်ရေများကို
မဖြုန်းတီးနိုင်ပေ။
"ကျွန်မ သိတယ်" စူးချင်းက ခပ်အေးအေး ပြန်ဖြေလိုက်ပြီး မြင်းသားများကို
ပါးပါးချင်း လှီးဖြတ်နေသည်။
အဒေါ်ချိုးက အလွန်စိုးရိမ်နေပြီး
ထပ်သတိပေးလိုက်သည်။ "စူးချင်း၊ မင်းက ပြုတ်လို့ မရဘူး"
“အင်း”
စူးချင်းက သူမ ဘာလုပ်မည်ကို မပြောဘဲ အသံထွက်ရုံသာ တုန့်ပြန်လိုက်ပြီး အသားများကို ခပ်မြန်မြန်လှီးနေသည်။
သူမက ဓားတုံးသွားသည်ဟု ခံစားမိချိန်တွင် လီတာ့နျိုကို ခေါ်ကာ သူမအတွက် ဓားသွေးပေးရန်
စေခိုင်းနေသေးသည်။
"လီတာ့နျို၊ ဓားကို ထက်အောင် ပြန်သွေးပေး၊ ကျန်းလောင်ချီက ဝါးခုတ်ဖို့
တောင်ပေါ်ကို တက်သွားလိုက်၊ အရမ်းထူစရာ မလိုပါဘူး။ ကျွန်မရဲ့လက်ကောက်ဝတ်လောက်
ထူရင် ရပြီ"
စူးချင်းက
ရိုးရိုးရှင်းရှင်း အမိန့်ပေးလိုက်သည်။ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က စူးချင်း
ဓားပြများကို အလွယ်တကူ သတ်ပုံကို မြင်ပြီးနောက် သူမကို အလွန်လေးစားနေကြသည်။ ထို့ကြောင့်
သူတို့က မဆိုင်းမတွပင် သူမ၏အမိန့်ကို လိုက်နာကြပြီး အမျိုးသမီးတစ်ဦးထံမှ
အမိန့်ပေးခံရခြင်းအတွက် ရှက်ရွံ့နေခြင်း မရှိကြပေ။
ချိုးယွဲ့က စူးချင်းကို
ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?
ခက်ခက်ခဲခဲနဲ့ ရလာတဲ့ မြင်းအသားတွေကို မဖြုန်းတီးသင့်ဘူးလေ။
✍️✍️✍️