အပိုင်း ၁၀
Viewers 75

အခန်း(၁၀) - ချောင်းကြည့်မိတာ ရှက်ဖို့ကောင်းတယ်

 

ညနေခင်း စာလုပ်ချိန်အပြီးတွင် ချီရှောင်ပိုင်သည် မကြာသေးမှီက ဖြစ်သွားသော အဖြစ်အပျက်ကို ပြန်ပြောင်းစဉ်းစားနေလေသည်။

 

သူ ပိုပြီး စဉ်းစားလေလေ ပိုပြီး ထူးဆန်းလေလေ ဖြစ်နေသည်။

 

သူသည် လူတိုင်းကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရမှန်း သိနေသည်။

 

မိထွေးတိုင်းလည်း ယုတ်မာတတ်သည် ဟူ၍ မဟုတ်ပေ။

 

အနည်းဆုံးတော့ ရှန်းမူမူတွင် ထိုပုံစံကို မမြင်ရပေ။

 

ချီရှောင်ပိုင်သည် တစ်နေ့ကအိမ်မှာရှိတုန်း ဖြစ်သွားသည်ကို ဘယ်လိုပဲဖြစ်ဖြစ် ပြန်စဉ်းစားနေလေသည်။

 

ရှန်းမူမူသည် အစေခံမိန်းကလေးကို သူ့အတွက် မုန့်များ ဝယ်စေခဲ့ပြီး တစ်ယောက်ယောက်က သူ့ဖန်ခွက်ထဲ ဆေးခတ်သွားကြောင်းကိုလည်း သတိပေးခဲ့သည်။

 

ခေါင်းမာသော သူ၏ ဆယ်ကျော်သက် စိတ်သဘောထားက လူတိုင်းသဘောကောင်းပြလျှင် တစ်ခုခုကို ပြန်ပေးရစမြဲဖြစ်သည် ဟု သူ့ကို ခံစားရစေသည်။

 

ကောင်းသောအလှည့်တစ်ခုသည် နောက်တစ်ခါ ထပ်လာဖို့ ထိုက်တန်သည်။

 

ရှန်းမူမူသည် သူ့ကိုကူညီပေးခဲ့သောကြောင့် နောက်ဆို အဖေ့အရှေ့တွင် သူမအတွက် ကူပြောပေးရမည်မှာ သူ့အတွက် ကိစ္စမရှိပေ။

 

ထိုနေ့က သူ့အဖေသည် သူမအရက်သောက်သည်ကို သဘောမကျကြောင်း သူမှတ်မိနေလေသည်။

 

ချီရှောင်ပိုင်သည် မျက်မှောင်ကြုတ်ပြီး အချိန်အတော်ကြာ ဆူပုတ်နေကာ သူ့ဖုန်းကို ကောက်ထုတ်လိုက်ပြီး စခရင်ကို ထိလိုက်လေသည်။

 

သူသည် စာရိုက်လိုက် ပြန်ဖျက်လိုက်နှင့် အလုပ်ရှုပ်နေသည်။

 

နောက်ဆုံးတွင် သူသည် စာတစ်စောင်ကို ပို့ဖို့ အချိန် အတော်လေး ယူလိုက်ရသည်။

 

ထိုအချိန်တွင် ချီမော့သည် ဗြိတိန်အလုပ်တွဲဖက်တစ်ယောက်နှင့် စာချုပ်ရေးထိုးနေလေသည်။

 

ချီရှောင်ပိုင်နာမည်သည် စခရင်တွင် ပေါ်လာသည်ကို မြင်ပြီး

 

ချီမော့ကတစ်ဆိတ်လောက်ပါဟူ၍ တစ်ဖက်လူကို အင်္ဂလိပ်လို ပြောလိုက်သည်။

 

ချီရှောင်ပိုင်သည် သူ့ကို စာပို့ခဲသည်။

 

ဘာတွေဖြစ်သွားမှန်း သူမသိချေ။

 

ချီမော့သည် အေးစက်စွာ သူ၏ ဖောင်တိန်ကို အဖုံးဖုံးလိုက်ပြီး သူ့မျက်ခုံးကို ပင့်တင်ကာ ဖုန်းကို ဖွင့်ကြည့်လိုက်လေသည်။

 

သူ့အမူအရာသည် အဆောတလျင် မဟုတ်ပဲ အေးဆေးတည်ငြိမ်နေသည်။

 

စခရင်ပေါ်မှ ပို့ထားသောစာကို ကြည့်ပြီး စိတ်ရှုပ်ထွေးသလိုမျိုး အရိပ်အရောင်ကို သူ့ရဲ့ နက်ရှိုင်းသော မျက်ဝန်းထဲတွင် ဖြတ်ခနဲ့ တွေ့လိုက်ရသည်။

 

ချီရှောင်ပိုင် ပို့လိုက်သော စာ၏ အကြောင်းအရာမှာ-

 

ချီမိသားစုစည်းကမ်းတွေထဲမှာ အရက်သောက်တာကို တားမြစ်ထားတာမျိုး မရှိဘူး၊ အဖေက သူမ အရက်မသောက်ဖို့ ပြောတာကတော့ နည်းနည်းလွန်သွားသလိုပဲ

 

ချီမော့ မျက်မှောင် ပိုကြုတ်လာပြီး ပြန်စာကို ပို့လိုက်သည်။

 

ထိုစာမှာ တိုတိုရှင်းရှင်းဖြစ်နေသည်-ဘယ်သူ့ကိုလဲ

 

ပြန်စာကို ချီရှောင်ပိုင်တစ်ယောက် လက်ခံရရှိပြီးနောက် သူသည် အံကြိတ်ကာ အလျင်အမြန်ပင် စာထပ်ရိုက်ပို့လိုက်သည်၊အဖေ့မိန်းမ

 

ချီမော့၏ မျက်လုံးသည် ပို၍ မှောင်မိုက်သွားပြီး နက်ရှိုင်းလာခဲ့သည်။

 

သူ ဘယ်တုန်းက သူမကို အရက်သောက်တာ မကြိုက်ကြောင်း ပြောခဲ့ပါသနည်း။

 

ထိုညတွင် ချီမော့သည် အိမ်တော်ထိန်းကျန်းကို ဖုန်းခေါ်လိုက်လေသည်။

 

ချီရှောင်ပိုင်၏ စာအရ ချီရှောင်ပိုင်သည် ဘာမှမဖြစ်ခဲ့လျှင် ထိုသို့စာမျိုး ပို့မည် မဟုတ်ပေ။

 

အိမ်မှာ တစ်ခုခုဖြစ်သွားသေးလား

 

ရုတ်တရက် အမေးခံလိုက်ရသဖြင့် အိမ်တော်ထိန်းကျန်းတစ်ယောက် ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားသည်။

 

သခင်ကြီးသည် အိမ်မှာ ဖြစ်လေ့ရှိသည်များကို မေးခဲသည်၊ ယခုထိုသို့ မေးလာသည်မှာလည်း သခင်မအကြောင်းကိုသာ မေးလာခဲ့ခြင်းဖြစ်သည်ကို သိနေသည်။

 

သခင်ကြီး၊ သခင်ကြီးကို နှောင့်ယှက်ဖို့တော့ မရည်ရွယ်ပါဘူး။ ဒီနေ့သခင်လေး ကျောင်းမှာ ပြသာနာဖြစ်လို့ သခင်မက ကျောင်းကို လိုက်သွားခဲ့တယ်

 

အိုး၊ ဘယ်လို ပြသာနာဖြစ်တာလဲဟု ဖုန်းထဲတွင် အသံတိန်တိန်နှင့် ပြောလိုက်သည်။

 

အိမ်တော်ထိန်းကျန်းသည် သူသိသမျှကို ချီမော့ထံ အသေးစိတ်ပြောပြခဲ့သည်။

 

ရှန်းမူမူဆီမှကြားသိရသည်မှာ ချီရှောင်ပိုင်သည် သူ၏ အချိုးမပြေမှုကြောင့်သာ ပါမောက္ခကို တောင်းပန်ခဲ့ကြောင်း ဖြစ်ပေသည်။

 

အဆုံးတွင် အိမ်တော်ထိန်းကျန်းက ထပ်ပြောလိုက်သေးသည်၊သခင်မကိုသာ ကျေးဇူးတင်ရမယ်၊ မဟုတ်ရင်တောင် သခင်လေးရဲ့ အကျင့်စရိုက်နဲ့ သူမှားခဲ့ရင်တောင် အခုလိုမျိုး အချက်ကျကျ ပြန်ပြောနိုင်မှာ မဟုတ်ဘူး

 

အိမ်တော်ထိန်းကျန်းလည်း အရင်တစ်ခေါက်က ရှန်းမူမူသည် ချီရှောင်ပိုင်အတွက် မုန့်များ ဝယ်ပေးခဲ့သည်ကို ပြောလိုက်ပါသေးသည်။

 

ဖုန်းထဲတွင် စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် အသံတိန်တိန်နှင့်ဟင်းဆိုသော အသံကို ကြားလိုက်ရသည်။

 

သဘောပေါက်ပြီ၊ ဒီကိစ္စတွေ ငါ့ကို ပေးသိလို့ ကျေေးဇူးပဲ

 

***

 

ရှန်းမူမူသည် ခုရက်ပိုင်းအတွင်း ရုတ်တရက် သိလိုက်ရသည်မှာ သူမသည် ချီမော့က ပေးသော ထောက်ပံ့ကြေး ဘဏ်ကတ်ကို ရထားသော်လည်း သူမကိုယ်ပိုင် ဘဏ်ကတ်တွင် သိပ်ပြီးတော့ ပိုက်ဆံမစုမိချေ။

 

ထိုဘဏ်ကတ်တွင် ၀.၅ယွမ်သာ ရှိလေသည်။ သူမ၏ လစဉ်ရနေသော ယွမ် ငါးသိန်းမှာ လကုန်မှသာ ရပေမည်။

 

သူမ စိတ်ဂဏာမငြိမ်သလို ခံစားနေရသည်။

 

သူမသည် ဒီကမ္ဘာပေါ်တွင် ဘယ်လောက်ကြာကြာ နေရဦးမည်မသိ။ မူလဇာတ်လမ်းအတိုင်းဆိုလျှင် သူမ အဆုံးသတ်မလှသည်ကို တွေးရင်း ကြောက်သွားမိသည်။ တစ်နေ့နေ့တွင် သူမသည် ချီမိသားစုမှ ကန်ထုတ်ခံရပြီး သူမတစ်ဘဝလုံး သူမကိုယ်သူမ ထောက်ပံ့ဖို့ ငွေအလုံအလောက် မရှိခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။

 

ထိုကိစ္စကို စိတ်ထဲထားကာ စတင်စဉ်းစားပါတော့သည်။

 

ချီသခင်မအဖြစ် သရုပ်ဆောင်နေရုံသာမက အခြားအလုပ်များ လုပ်ပြီး ငွေဝင်အောင် လုပ်ရမည်လော။

 

တစ်နေ့၊ နေ့လည်စာစားပြီးချိန်တွင် ရှန်းမူမူသည် ရောက်တတ်ရာရာ လျှောက်သွားရင်း သုံးထပ်ရှိ လသာဆောင်ကို ရောက်သွားခဲ့လေသည်။

 

သူမသည် အစေခံမိန်းကလေးတစ်ယောက် ပန်းအိုးတွင် ပန်းများ လဲနေသည်ကို မြင်ပြီး ဘာရယ်မဟုတ် သူမ မေးမြန်းလိုက်သည်မှာ-ဒီပန်းတွေက အိမ်မှာ စိုက်ထားတဲ့ဟာတွေလား

 

သူမသည် စောစောက ထိုမိန်းကလေး အကိုင်းများကို ဖြတ်ပြီး ဖန်လုံအိမ်တွင် ထားခဲ့သည်ကို တွေ့သောကြာင့် ထိုပန်းများသည် ထိုနေရာက လာခဲ့သည်ဟု တွေးထင်နေသည်။

 

အစေခံမိန်းကလေးကမဟုတ်ပါဘူး၊ သခင်မ။ ဒီပန်းအိုးတွေထဲက ပန်းတွေက နေ့တိုင်း လတ်ဆတ်နေအောင် ထားရပါတယ်

 

ရှန်းမူမူသည် နားမလည်နိုင်ဖြစ်သွားသည်။နေ့တိုင်း လတ်ဆတ်နေအောင် ထားရတယ်လား။ ငါတို့မှာ ဖန်လုံအိမ်လေး ရှိတယ်မဟုတ်ဘူးလား

 

ထိုမိန်းကလေးသည် မည်သို့ ပြန်ပြောပြရမည်ကို မသိဖြစ်နေလေသည်။

 

ဘယ်လိုပဲ ဖြစ်နေပါစေ၊ ချမ်းသာသော မိသားစုများသည် စျေးအကြီးဆုံးအရာများကိုသာ ရွေးချယ်လေ့ရှိသည်။ အစေခံမိန်းကလေးသည်လည်း ဖန်လုံအိမ်ရှိလျက်နှင့် ဘာကြောင့် နေ့တိုင်း ပန်းများ ဝယ်ယူပြီး လတ်ဆတ်အောင် ထားရသည်ကို မသိ ဖြစ်နေသည်။

 

ရှီယုယွဲတင်ရှိ အပန်းဖြေအိမ်တိုင်း ဖန်လုံအိမ်ရှိသည် မဟုတ်၊ လတ်ဆတ်သော ပန်းများကို နေ့တိုင်း ထွက်ဝယ်နေသော မိသားစုများလည်း ရှိနေလေသည်။

 

ရှန်းမူမူသည် တစ်ချက် စဉ်းစားလိုက်ပြီး ပန်းအိုးကို ကြည့်ကာ မေးလိုက်သည်၊ဒီပန်းစည်းက ဘယ်လောက်ပေးရလဲ

 

အစေခံမိန်းကလေးကစျေးနှုန်းကတော့ ဝယ်ယူတဲ့ ပမာဏပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ ပုံမှန် ပန်းစည်း တစ်စည်းကတော့ ယွမ် ၅၀၀လောက် ရှိပါတယ်

 

သူမကဒါလေးကိုလား။ ပန်းစည်းတစ်စည်းတည်းကို ယွမ် ၅၀၀တောင်လား။

 

အစေခံမိန်းကလေးလည်း ခေါင်းညိမ့်လိုက်သည်။ ရှန်းမူမူသည် ထပ်မေးသေးသည်၊အိမ်နီးချင်းတွေရော အပြင်မှာ ထွက်ဝယ်ကြတာလား

 

ဟုတ်ပါတယ်၊ သခင်မ၊ အိမ်တိုင်းနီးပါးက အပြင်မှာပဲ လတ်ဆတ်တဲ့ပန်းတွေ ထွက်ဝယ်ကြတာပါ

 

သူမ၏ မျက်စိ ပိုကျယ်လာခဲ့သည်။

 

ဒီလိုပန်းအိုးမျိုးသည် ပင်စည်ရိုးနည်းနည်းသာ ဝင်ဆံ့ပြီး ထိုသို့ပန်းအိုးမျိုးကို အိမ်၏ ၁၀မီတာ အကွာတိုင်းတွင် တွေ့ရတတ်သည်။

 

ရှန်းမူမူအတွက် နေ့တိုင်း ထိုသို့ လတ်ဆတ်သော ပန်းရနံ့လေးများကို နေ့စဉ်ရက်ဆက် ရနေသည်မှာ အလွန် ခွန်အားတက်စဖွယ် ဖြစ်သည်။

 

ထိုရနံ့သည် တစ်နည်းအားဖြင့် ပိုက်ဆံဖြုန်းတီးနေသော ရနံ့ ဖြစ်ပေသည်။

 

ခွန်အားတွေ မည်သို့ပေးနိုင်မည်နည်း။

 

သူမသည် သက်ပြင်းကြီးစွာ ချလိုက်ပြီး ဝင်ငွေရစေမည့် နည်းလမ်းကောင်းတစ်ခုသည် သူမခေါင်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

 

သူမသည် အဆင့်အတန်းမြင့်မြင့်ပညာဖြစ်သော မာစတာဘွဲ့ကို ရထားသော ဉာဏ်ကြီးရှင် အလှပဂေးလေးဖြစ်ပြီး အင်တာနက်ခေတ်၏ နာမည်ကြီးတစ်ယောက် ဖြစ်ပေသည်။

 

ထိုအခြေအနေကောင်းများကို ပိုင်ဆိုင်ထားလျက်နှင့် ၎င်းတို့ကို ကောင်းစွာ အသုံးမချလျှင် သူမသည် ဒီကမ္ဘာကို ရောက်ရှိလာသည်မှာ အချည်းနှီးဖြစ်သွားလိမ့်မည်။

 

သူမ အလျင်အမြန်ပင် အကောင်အထည်ဖော်လိုက်သည်။

 

သူမသည် လက်ရှိကမ္ဘာကြီးကို သေသေချာချာ သုတေသနပြုလိုက်သည်။

 

သူမ၏ ရှာဖွေတွေ့ရှိမှုအရ လက်ရှိဒီကမ္ဘာကြီးသည် သူမလာခဲ့သော ကမ္ဘာနှင့် ဆင်တူနေသည်။

 

တစ်ချို့အရာလေးများသာ ကွဲပြားနေသည်။

 

ဥပမာပေးရလျှင် မိသားစုသီချင်းများနှင့် တီဗွီအစီအစဉ်များသည်လည်း ဒီကမ္ဘာကြီးတွင် ရှိနေသည်။

 

သို့သော် သူမ အရင်ကမ္ဘာရှိ နယ်ပယ်တစ်ချို့သည် ဒီကမ္ဘာတွင် မဖွံ့ဖြိုးသေးပေ။

 

ထိုအရာကို စဉ်းစားမိပြီး ရှန်းမူမူသည် သူမကိုယ်သူမ စီးပွားရေးလုပ်သော ဂိမ်းထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

 

သူမ ပိုစဉ်းစားလေ ပိုပြီး စိတ်လှုပ်ရှားလေဖြစ်သည်။ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင် ဖြစ်ရသည်။

 

ထိုညတွင် သူမ၏ ရည်ရွယ်ချက်ကြီးမားသော အစီအစဉ်သည် သူမအတွေးထဲတွင် ပို၍ ရှင်းရှင်းလင်းလင်း မြင်ယောင်လာပြီး သူမလက်ချောင်းများ ညောင်းသွားသည့်တိုင် မည်မျှသော ပိုက်ဆံများဝင်လာမည်ကို လက်ချိုးရေနေခဲ့သည်။ အနာဂတ်တွင်လည်း သူမ ပင်ပန်းမည်ဖြစ်သဖြင့် လူဘယ်နှယောက်က သူမကို နှိပ်နယ်ပေးမည်ကို တွေးတောနေစဉ် ချီမော့ အိမ်ပြန်ရောက်လာခဲ့သည်။

 

ရှန်းမူမူသည် အိပ်ရာပေါ်တွင် လှဲနေရင်း တံခါးလော့ခ်လှည့်သံကို ကြားလိုက်သည်။

 

အမှောင်ထဲတွင် ခြေသံများသည် နီးသထက် နီးလာသည်။

 

ထို့နောက် သူမဘေးတွင် မွေ့ယာသည် အိဝင်သွားပြီး ချီမော့အိပ်ရောပေါ်တက်လာသည်နှင့် လတ်ဆတ်သော ကိုယ်သင်းရနံ့လေးကို ရလိုက်သည်။

 

ရှန်းမူမူသည် အသက်ကို ဖြေးဖြေးချင်း ရှူနေလေသည်။

 

သူမနောက်မှ ထိုယောကျ်ားကြီး၏ အသက်ရှူသံမှာ ကျယ်လောင်လာသဖြင့် သူမသည် သူမကိုယ်လုံးလေးကို ဖြေးဖြေးချင်း လှည့်လိုက်သည်။

 

အလင်းရောင်ဖျော့ဖျော့လေးတွင် သူမ နှစ်ကြိမ်သာ တွေ့ဖူးသော သူမယောကျ်ားဖြစ်သူကို သေချာကြည့်နေသည်။

 

ချီမော့မှာ လက်တစ်ဖက်က ခေါင်းကိုထောက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အိပ်ရာခင်းပေါ်တွင် တင်ထားပြီး လှဲလျောင်းနေပါသည်။

 

သူ့ရင်ဘတ်သည် သူအသက်တစ်ခါရှူလိုက်တိုင်း မြင့်တက်လာသည်။

 

သူ၏ အသံရှူထုတ်လိုက်သော လေလေးသည် သူမ နဖူးကို အသာအယာ ပွတ်သပ်ပေးနေသလို ဖြစ်နေသည်။

 

ထိုအရာကြောင့် သူမ နဖူး ယားသွားသည်။

 

အမှောင်ထဲတွင် သူမသည် လှဲနေသည့်နေရာကို ပြန်ပြင်နေသည်။

 

သူ့ကို အခြားရှုထောင့်မှ မြင်နိုင်ရန် သူမသတ္တိများကို ထုတ်သုံးလိုက်သည်။

 

အိပ်ပျော်နေသော ချီမော့တွင် သူ့ဆီမှ ရတတ်သည့် တော်ဝင်မှုများ ပျက်လက်နေသည်ကို တွေ့ရသည်။

 

ရှန်းမူမူသည် ထိုသို့ တုနှိုင်းမဲ့ ချောမောနေသော မျက်နှာကို မည်မျှကြာအောင် စိုက်ကြည့်နေသည်ကို သူမကိုယ်တိုင် သတိမထားမိ ဖြစ်နေသည်။

 

သူ့နဖူးမှသည် မျက်လုံး၊ နှာခေါင်း၊ မေးရိုးအထိ အကြည့်ရောက်သွားခဲ့သည်။

 

နောက်ဆုံးအကြည့်ရပ်သွားသောနေရာမှာ သူ၏ အာဒန်ပန်းသီး(ခေါ်) လည်စေ့နှင့် ညှပ်ရိုးပေါ်တွင‌ေ ဖြစ်ပေသည်။

 

သူ့အစိတ်အပိုင်းတိုင်းသည် ကြည့်ကောင်းနေသည်။

 

အချိန်ကာလသည် အထူးသဖြင့် ချီမော့ကို မျက်နှာသာပေးပုံရသည်။

 

သူ့မျက်နှာတွင် အရေးအကြောင်းဟူ၍ တစ်ခုမှ မရှိပေ။

 

သူ့ကို မည်သို့ပင်ကြည့်စေကာမူ အသက် ၃၈နှစ်အရွယ် လူကြီးနှင့် မတူပေ။

 

လူချမ်းသာများတွင် လျှို့ဝှက်ထိန်းသိမ်းမှု နည်းနာများ ရှိနေကြသလား။

 

ဘိုတက်စ်များ ဖြစ်နေမလား။

 

သူမသည် တွေးတောနေလေသည်။

 

ထိုသို့မက်မွန်ပွင့်သဖွယ် လှပနေသော မျက်လွှာလေးသည် တိတ်တဆိတ်နှင့် ဖြေးညင်းစွာ ပွင့်လာပြီး သူမကို အမှောင်ထဲမှ ကြည့်လိုက်သည်။

 

ထိုလူကြီး၏ အသံကြီးသည် ဆွဲဆွဲငင်ငင်ရှိနေပြီး သူ၏ အသံသြသြကြီးက အနည်းငယ် အက်ကွဲနေသော လေသံဖြင့်

 

ကိုယ့်မျက်နှာမှာ တစ်ခုခုရှိနေလို့များလား

 

ရှန်းမူမူ “…”

 

ရှန်းမူမူသည် သူမ နှလုံးထွက်ကျလာတော့မလို့ လန့်ဖြန့်သွားပြီး အော်ချလိုက်မိသကဲ့သို့ ဖြစ်နေလေသည်။

 

ထိုလူကြီးသည် လုံးဝ အိပ်မနေပေ။

 

သူ ဒီလိုနိုးနေသည်မှာ ဘယ်လောက်ကြာနေပြီလဲ။

 

သေစမ်း

 

ခိုးကြည့်တာကို လူမိသွားခြင်းသည် အလွန်ပင် ရှက်စရာကောင်းလှပေသည်။