အခန်း (၁၉)
ရှန်းမူမူသည် အလွန်သစ္စာရှိသည်
ရှန်းမူမူက
သိချင်သွားသဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ထိုနေရာသို့ ကြည့်ရင်း မေးလိုက်သည်။
"မင်း
ဗိုက်မပြည့်သေးဘူးလား။"
ဆယ်ကျော်သက်ကောင်လေးများ၏
ခန္ဓာကိုယ်က ဖွံဖြိုးဆဲ ဖြစ်သောကြောင့် စားချင်သောက်ချင်စိတ်က ကြီးမားပေသည်။
ချီရှောင်ပိုင်က
ရှန်းမူမူ၏ စကားကို မကြားပေ။
မုယောသကြားဆိုင်ရှေ့၌
ရပ်နေရင်း သူသည် သူ့အဖေနှင့် အတူ ရှိခဲ့ဖူးသည့် အချိန်အနည်းငယ်က မြင်ကွင်းကို ပြန်တွေးလိုက်မိသည်။
ဆယ်တန်းနှစ်စပိုင်း
မိဘဆရာ အစည်းအဝေး၌ သူ့အဖေက အလုပ်မရှုပ်သည့်အတွက် ရောက်လာခဲ့သည်။
အစည်းအဝေးပြီးနောက်
အိမ်ပြန်သည့်လမ်းတွင် ချီရှောင်ပိုင်သည် သူ့အဖေက ကားမောင်းသူကို ရပ်ခိုင်းပြီး မုယောသကြားတစ်အိတ် ဝယ်ခိုင်းခဲ့သည်အား မြင်လိုက်ရသည်။
ကြည့်ရသည်မှာ
သူက ထိုအရာကို စားရခြင်းအား ကြိုက်ပုံရသည်။
ချီရှောင်ပိုင်
အတွေးနစ်နေသည်အား မြင်သည့်အခါ ရှန်းမူမူက သူမ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။
"မင်း
မုယောသကြား စားချင်လို့လား။ ငါ ဝယ်ကျွေးမယ်။"
ချီရှောင်ပိုင်က
လမ်းမီးအိမ်ကို ကြည့်နေသကဲ့သို့ သာမန်ကာလျှံကာဟန်ဖြင့် အကြည့်လွှဲလိုက်သည်။ "ကျွန်တော်
အဲဒီလိုဟာမျိုး မစားဘူး။ ကျွန်တော့်အဖေ ကြိုက်တာ။"
"အိုး"
ရှန်းမူမူက ရပ်တန့်လိုက်သည်။ "သူ ကြိုက်တယ်ဆိုရင် ဘာလို့ မဝယ်သွားတာလဲ။ မင်း အဲဒီလို
အာသာငမ်းငမ်း ကြည့်နေရုံနဲ့ စျေးသည်က အလကား ပေးလိုက်မှာ မဟုတ်ဘူးနော်။"
ချီရှောင်ပိုင်
: “......”
သူက အာသာငမ်းငမ်း
မကြည့်ခဲ့ရပါဘူး။
ရှန်းမူမူက
ပြောလိုက်ပြီး ရယ်မောရင်း ပိုက်ဆံတချို့ ထုတ်ကာ ဝယ်လိုက်သည်။ သူမက မုယောသကြားအိတ်ကို
ချီရှောင်ပိုင်အား ပေးလိုက်၏။
"ရော့
ယူထား။"
ချီရှောင်ပိုင်က
လှမ်းမယူပေ။ ထို့အစား သူ့လက်များကို အိတ်ကပ်ထဲ ထည့်ထားရင်း အဖက်မလုပ်သလို ကြည့်နေခဲ့သည်။
"ကျွန်တော်
ဝယ်ချင်တယ်လို့ မပြောခဲ့မိပါဘူး။"
ရှန်းမူမူ
: “......”
ဘယ်လိုတောင်
ခေါင်းမာလိုက်တဲ့ ကလေးလဲ။
သူသည်
သူ့အဖေကို ဝယ်ကျွေးချင်နေသည်မှာ သေချာသော်လည်း သူ့အကြံအား သူ့အဖေ မသိစေချင်ပေ။
ရှန်းမူမူက
ရှင်းပြရန် အလွန် ပျင်းရိနေသည်။ "ကောင်းပြီလေ။ မင်းအစား ငါပဲ မင်းအဖေကို ပေးပေးလိုက်မယ်။"
ချီရှောင်ပိုင်၏
အမူအရာက နူးညံ့သွားသော်လည်း သူ့ပါးစပ်က ခေါင်းမာလှသည်။
"အဲဒါ
ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားဘာသာ ခင်ဗျား ဝယ်ချင်တာဆိုတော့ ခင်ဗျားပဲ ပေးလိုက်။"
ရှန်းမူမူက
ရယ်မောလိုက်သည်။ "ကောင်းပြီ။ ကောင်းပြီ။ ငါ ဝယ်တာပါ။"
ဝန်ခံရမှာထက်
သေလိုက်မယ်ပေါ့ ဟုတ်လား ဟမ်?
အိုး
ကောင်းပြီလေ။ ဒီပုန်ကန်တဲ့ ကလေးကို ဖော်ထုတ်နေစရာလည်း မလိုပါဘူး။
ကားက
အိမ်နားသို့ ရောက်လာသည့်အခါ ရှန်းမူမူက ကားပြတင်းကို တစ်ဝက်လောက်ချလိုက်သည်။
ယနေ့
ရာသီဥတုက သာယာပြီး ညနေခင်းလေပြေညင်းက သူမ မျက်နှာပေါ်သို့ တိုက်ခတ်လာကာ စိတ်ကို လန်းဆန်းသွားစေသည်။
သူမက
အစာကြေအောင် ကားထဲမှ ထွက်၍ လမ်းလျှောက်ရန် ရုတ်တရက် စိတ်ကူးရလာသည်။
သူမ အမှန်တကယ်
အစားများသွားခဲ့သည်။
သူမက
စက်သတ်၍ ပါကင်ထိုးလိုက်ပြီး ချောမွေ့စွာ ကားအပြင်သို့ ထွက်လိုက်သည်။
ချီရှောင်ပိုင်က
နားမလည်ခဲ့ပေ။ "ဘာလုပ်မလို့လဲ။ ကျွန်တော်တို့ မရောက်သေးဘူးလေ။ အသက်ကြီးလို့ အမှတ်မှားနေတာလား။"
ရှန်းမူမူသည်
သူမတို့ တစ်ရက်တာ အတူတူ လျှောက်သွားပြီးနောက် ချီရှောင်ပိုင်က သူမအပေါ် အရင်ကလောက်
အေးစက်ကာ သတိထားမနေတော့ကြောင်း သတိပြုမိလိုက်သည်။
အဲဒါက
ကောင်းတဲ့ ကိစ္စမဟုတ်ပေ။ သူမက မိထွေးတစ်ယောက်ကဲ့သို့ ပြုမူသင့်ပေသည်။
သူမက
ပြန်ပြောလိုက်သည်။ "မင်းသာ အသက်ကြီးတာ။ မင်းတို့ တစ်မိသားစုလုံးသာ အသက်ကြီးတာ။"
ချီရှောင်ပိုင်
: “......”
အဲဒါကို
ပြန်တုန့်ပြန်ပြောဆိုဖို့တော့ ခက်တယ်။
ရှန်းမူမူနဲ့
ယှဥ်ရင် သူ့အဖေက တကယ် အသက်ကြီးနေပြီ။
ချီရှောင်ပိုင်
ဆွံ့အသွားသည်ကို ကြည့်ရင်း ရှန်းမူမူက ကျေနပ်သလို ခံစားလိုက်ရသည်။ သူမက တံခါးကို တွန်းဖွင့်ရင်း
အပြင်သို့ ထွက်လိုက်၏။
သူမက
ကားထဲသို့ ငုံ့ကြည့်ရင်း မေးလိုက်သည်။
"ငါ
အစားများသွားလို့ ခဏလောက် လမ်းလျှောက်ချင်တယ်။ ငါ ကားကို ဒီမှာထားခဲ့မယ်။ နောက်မှ အိမ်တော်ထိန်းကျန်းကို
လာယူခိုင်းလိုက်ရမလား။ သော့ယူပြီး မင်းဘာသာ မောင်းလာမလား။ အိုး ဟုတ်သား မင်းမှာ လိုင်စင်ရှိလား။"
ချီရှောင်ပိုင်က
ဆယ့်ရှစ်နှစ် မပြည့်သေး၍ လိုင်စင်မရှိသေးသော်လည်း ကားဘယ်လိုမောင်းရမလဲ သိပေသည်။
သူက ကားမောင်းနိုင်ကြောင်း
မပြောဘဲ သက်ပြင်းချရင်း ကားထဲမှ ထွက်လာသည်။
"ကျွန်တော်လည်း
လမ်းလျှောက်မယ်။"
ထို့နောက်
သူတို့နှစ်ယောက်က သာယာသည့် ပတ်ဝန်းကျင်၌ လမ်းတလျှောက် ဖြေးညင်းစွာ လျှောက်လာကြသည်။
ရှန်းမူမူက
လက်တစ်ဖက်တွင် မုယောသကြားထုပ် ကိုင်ထားပြီး လက်နှစ်ဖက်လုံးကို လွှဲယမ်းရင်း လျှောက်နေခဲ့သည်။
သူမက ကောင်းကင်ကို မော့ကြည့်ရင်း လတ်ဆတ်သည့် လေကို ရှူရှိုက်လိုက်ကာ သူမ ဗိုက်ထဲမှ
ပြည့်ကြပ်နေသည်များက အတော်လေး ပြေလျော့သွားသလို ခံစားလိုက်ရသည်။
ထို့နောက်
အနက်ရောင် Rolls-Royce တစ်စီးက သူတို့ ရှီယွိယွဲ့ဗီလာဝန်းသို့ မောင်းဝင်လာသည်။
ငြီးငွေ့ဖွယ်ကောင်းသော
အစည်းအဝေးမှ ပြန်လာသည့် ချီမော့က ကားနောက်ဘက်ခုံတွင် ထိုင်ရင်း နားထင်ကို နှိပ်နေခဲ့သည်။
ပုံမှန်အားဖြင့်
ဤသို့သော အချိန်မျိုး၌ သူ့ကို တိိတ်တိတ်ဆိတ်ဆိတ် အနားယူနိုင်စေရန် ဒရိုင်ဘာဝမ်က
တိတ်ဆိတ်နေပေးတတ်သည်။
သို့သော်
ယနေ့တွင် သူက သတ်မှတ်ချက်ကို ချိုးဖောက်ကာ စကားပြောလာပြီး ကားထဲမှ တိိတ်ဆိတ်မှုကို
နှောက်ယှက်လိုက်သည်။
"ဘော့စ်ချီ
ကျွန်တော်ထင်တာတော့ အရှေ့က နှစ်ယောက်က သခင်လေးနဲ့ မဒမ်တို့ ဖြစ်မယ်။"
ချီမော့က
ကြည့်ရန် ခေါင်းမော့လိုက်သည်။
သူသည်
ချီရှောင်ပိုင်၏ မြင့်မားသော ပုံရိပ်ကို အလွန်ရင်းနှီးပြီး ချက်ချင်း မှတ်မိလိုက်သည်။
ချီရှောင်ပိုင်က
အမျိုးသမီး လက်ကိုင်အိတ်တစ်လုံးကို ကိုင်ထားသည်။
သူသည်
ထိုအိတ်က ရှန်းမူမူ အပြင်ထွက်သွားစဥ်က ယူသွားခဲ့သည့် တစ်ခုဖြစ်ကြောင်း မှတ်မိလိုက်၏။
ချီရှောင်ပိုင်
ဘေး၌ ရှန်းမူမူက ပေါ့ပါးလွတ်လပ်စွာ လမ်းလျှောက်နေပြီး ရံဖန်ရံခါ သူနှင့် စကားပြောရန်
လှည့်လာတတ်သည်။ သူတို့က လိုက်လျောညီထွေ ရှိနေပုံရ၏။
ဒရိုင်ဘာဝမ်က
နောက်ကြည့်မှန်မှ ကြည့်လိုက်သည်။
"ဘော့စ်
ကျွန်တော်တို့ မဒမ်နဲ့ သခင်လေးတို့ စီးရအောင် ရပ်ပေးလိုက်သင့်လား။"
ချီမော့က
စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
"အင်း
ရပ်လိုက်ပါ။"
"ဟုတ်ကဲ့
ဘော့စ်ချီ"
Rolls-Royce
က ရှန်းမူမူနှင့် ချီရှောင်ပိုင်ဘေးသို့ လာရပ်ချိန်၌ ရှန်းမူမူက သူမ ဖတ်ဖူးသည့် ဟာသတစ်ခုကို
ချီရှောင်ပိုင်အား ပြောပြပြီးချိန် ဖြစ်သည်။
ရှန်းမူမူ
ဟာသ ပြောပြီးချိန်၌ သူမက အူလှိုက်သည်းလှိုက် ရယ်မောနေပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။
ချီရှောင်ပိုင်က
သူမကို အေးစက်စက်ကြည့်ကာ သူမကို မြင်ရသည်က သူမပြောသည့် ဟာသထက် ရယ်ရကြောင်း တွေးလိုက်မိသည်။
သူက သူမကို ထောက်ခံပေးသည့် အနေဖြင့် ဖိအားပေး၍ ဖျစ်ညှစ်ရယ်ပြလိုက်သည်။
"ဟီး..
ဟီး"
ရှန်းမူမူက
မှောက်လျက်လဲမလို ဖြစ်သွားပြီး မတ်မတ်ပြန်ရပ်လိုက်သည်။
"မင်း
မရယ်တာ ပိုကောင်းလိမ့်မယ်။ မင်းရဲ့ ရယ်သံ ဟီးဟီးက အရိုက်ခံရဖို့
တောင်းဆိုနေသလိုပဲ။"
ချီရှောင်ပိုင်က သူ့ဟာသူတွေးလိုက်သည်။
ဘယ်သူက ငါ့ကို ရိုက်ရဲမှာလဲ။
ရုတ်တရက်
သူတို့ဘေးမှ ရင်းနှီးနေသည့် အသံတစ်ခု ထွက်လာသည်။
"ဘာလို့
ကားမောင်းမပြန်လာတာလဲ။"
သူတို့နှစ်ယောက်
လှည်ကြည့်လိုက်သည့်အခါ တစ်ဝက်လောက် ချထားသည့် ကားမှန်နောက်မှ ချောမောကာ သြဇာရှိသည့်
အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွား၏။
ချီမော့ကို
မြင်သောအခါ ချီရှောင်ပိုင်က ကလေးကောင်းလေး အသွင် ပြောင်းလဲသွားသည်။ "အဖေ"
အိပ်ရာတစ်တည်း
မျှဝေခြင်းမှ ရင်းနှီးမှုတည်ဆောက်လိုက်ခြင်း ဖြစ်နိုင်ပြီး ရှန်းမူမူက ချီမော့၏ ခပ်ခွာခွာ
အပြုအမူကို မေ့သွားခဲ့သည်။
သူမက
သာမန်လိုပင် ပြောလိုက်၏။ "အများကြီး စားမိသွားတာမို့ လမ်းလျှောက်ပြန်ချင်လို့လေ။"
ဒရိုင်ဘာဝမ်က
ဒရိုင်ဘာခုံမှ ထွက်လာပြီး သူ့ဘော့စ်အတွက် တံခါးဖွင့်ပေးလိုက်သည်။
ချီမော့က
ခြေထောက်ရှည်ကို ဆန့်ထုတ်ကာ ထွက်လာပြီး သူတို့ရှေ့၌ ရပ်ရင်း ကုတ်အင်္ကျီကော်လာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြင်လိုက်သည်။ သူ့လေသံက သာမန်အတိုင်းပင်။
"ကိုယ်လည်း
လမ်းလျှောက်မယ်။"
ချီရှောင်ပိုင်က
မှင်သက်သွားသည်။ “......”
ရှန်းမူမူက
မျက်တောင်ခတ်လိုက်သည်။ သူမက ခဏလောက် ဘာပြောရမလဲ မသိတော့ပေ။
သူမ ထိတ်လန့်သွားသည်က
ချီမော့ သူတို့နှင့်အတူ လမ်းလျှောက်ချင်၍ မဟုတ်ဘဲ ကားထဲမှ ထွက်လာပြီး အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြင်လိုက်သည့် ပုံစံကြောင့် မှင်သက်သွားခြင်း ဖြစ်သည်။
သူမသည်
ဤအမျိုးသားက အချိန်တိုင်း ရင့်ကျက်တည်ငြိမ်သည့် ယောက်ျားပီသမှုတို့ကို ဖော်ပြနေပြီး
လူအများကို မည်သို့ ဆွဲဆောင်ရမည်အား အမှန်တကယ် သိသောကြောင့် အံ့သြမိခြင်း ဖြစ်သည်။
ဤဗီလာဝန်းအတွင်း၌
လူအများက ပုံမှန်ဆိုလျှင် ကားဖြင့်သာ သွားလာကြသဖြင့် လမ်းလျှောက်သူ မရှိခဲ့ပေ။
အခြားဘယ်သူမှ
မရှိဘဲ လမ်းထက်၌ သူတို့ သုံးယောက်သာ ဘေးချင်းယှဥ် လမ်းလျှောက်နေခဲ့ပြီး ချီရှောင်ပိုင်သည်
သူက ဗို့အားမြင့်သည့် မီးသီးအပိုကြီး ဖြစ်နေသလို ခံစားလိုက်ရပေသည်။
သူ့အဖေက
ကားစီး၍ သွားရမည့်အစား သူတို့နှင့်အတူ လမ်းလျှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရှန်းမူမူကြောင့်
ဖြစ်ကြောင်း သေချာပေသည်။
ချီရှောင်ပိုင်၏
မျက်လုံးထဲ၌ သူ၏ သုံးဆယ့်ရှစ်နှစ်အရွယ် အဖေဖြစ်သူက သူ့(ချီမော့)ထက် ဆယ်နှစ်လောက် ငယ်သည့်
အမျိုးသမီးတစ်ယောက်အား လက်ထပ်လိုက်ခြင်းမှာ အချစ်၌ ပျော်ဝင်သွားသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ချီရှောင်ပိုင်က
တွေဝေနေပြီး အိမ်သို့ ကားနှင့် ပြန်လိုက်သွားသည်က ပိုကောင်းမည်ဟု တွေးနေခဲ့သည်။
သူ မခန့်မှန်းနိုင်ခင်
ဒရိုင်ဘာဝမ်က Rolls-Royce ကို မောင်းထွက်သွားခဲ့ပြီ ဖြစ်သည်။
ချီရှောင်ပိုင်
: "......"
ကောင်းပြီလေ။
သူက ဆန္ဒရှိရှိမရှိရှိ ဗို့အားမြင့်မီးလုံးသာ ဖြစ်ရပေတော့မည်။
ချီမော့က
သဘာဝကျကျပင် ရှန်းမူမူ၏ ညာဘက်မှ လျှောက်နေခဲ့သည်။
သူမထက်
အနည်းငယ် အရပ်ရှည်သည့် အမျိုးသားနှစ်ယောက် သူမဘေးမှ လျှောက်လာနေသည်ကို မြင်ပြီး ရှန်းမူမူက
'V' သဏ္ဌာန်အဖြစ်မှ ထောင့်ဖြတ်မျဥ်း 'I' အဖြစ် ပြောင်းလဲလိုက်သင့်လား သိချင်နေသည်။
ထိုနည်းလမ်းဖြင့်
သူမက အရပ်ပုပုံပေါ်လိမ့်တော့မည် မဟုတ်ပေ။
သူမက
ရူးကြောင်ကြောင်တွေးနေရင်း သူမ၏ တံတောင်ဆစ်ပေါ် ညင်သာသည့် ဆုပ်ကိုင်မှုတစ်ခုကို ခံစားလိုက်ရပေသည်။
ချီမော့၏
ကြီးမားသော လက်ဝါးက လက်မောင်းကို ပေါ့ပါးစွာ ထိတွေ့နေပြီး သူက သူမလက်ထဲမှ အိတ်ကို ကြည့်နေပုံရသည်။
"ကိုယ်
သယ်ပေးမယ်။"
သူက သိမ်မွေ့သည့်
လူရည်မွန်တစ်ဦး ဖြစ်သောကြောင့် သူမက အမှန်တကယ် သူ့ဇနီး ဟုတ်ဟုတ် မဟုတ်ဟုတ် ပစ္စည်းများ
သယ်ပေးရန် ကူညီခြင်းက မှန်ကန်ပေသည်။
ရှန်းမူမူက
မငြင်းဆန်ဘဲ အိတ်ကို လှမ်းပေးလိုက်သည်။
"ဒီမှာ..
ဘာပဲဖြစ်ဖြစ် ဒါက ရှင့်အတွက် ဝယ်လာတာဆိုတော့ ရှင် သယ်သင့်တယ်။"
ထိုစကားကို
ကြားသည့်အခါ ချီရှောင်ပိုင်က တောင့်တင်းသွားသည်။
သူသည်
ထိုမုယောသကြားဝယ်လာခဲ့ရသည့်အကြောင်း ရှန်းမူမူ နှုတ်မှ လွှတ်ခနဲ ထွက်သွားမည်ကို စိုးရိမ်နေသည်။
ရှန်းမူမူ၏
ပေါ့ပေါ့ပါးပါး စကားကြောင့် ချီမော့၏ မျက်လုံးများက ကျဥ်းမြောင်းသွားသော်လည်း နွေးထွေးမှုတို့
ဖြစ်တည်လာသည်။
လမ်းမီးအိမ်အလင်းက
သူ့အနက်ရောင်မျက်လုံးများကို တောက်ပနေစေပြီး နူးညံ့သိမ်မွေ့သည့် အံ့အားသင့်မှုတို့
ဖြတ်ပြေးသွားကြောင်း မြင်သာစေသည်။
"ကိုယ့်အတွက်
ဝယ်လာတာလား။ ဒါက ဘာလဲ။"
ရှန်းမူမူ:
"မုယောသကြား"
ရှန်းမူမူ
လျှာချော်ပြီး ပြောထွက်သွားခြင်းမှ ကာကွယ်ရန် ချီရှောင်ပိုင်က အမြန်ပြောလိုက်သည်။
"ဒီနေ့
ကျွန်တော် ဘက်စကက်ဘောကစားပြီးတော့ သူမက ကျောင်းကို လာကြိုပေးတာလေ။ အဲဒါ လမ်းမှာ အဲဒီဆိုင်တွေ့လို့
ဝယ်လာတာ။"
ချီမော့က
ချီရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းမူမူကို ပြန်ကြည့်လိုက်သည်။
"ကျေးဇူး"
လမ်းမီးအလင်းအောက်၌
ချီရှောင်ပိုင်၏ အရိပ်ထဲမှ ပခုံးများက စိတ်သက်သာရာရစွာ ပြေလျော့သွားသည်။
သူက စိတ်အေးသွားပြီး
သက်ပြင်းချလ်ုက်၏။
ဟူး....
ကံကောင်းစွာနှင့်
သူ့ မိထွေးက ယုံကြည်ရပေသည်။
သူမသည်
ထိုမုန့်ကို ဝယ်ခဲ့ခြင်းက သူ့အကြံဖြစ်ကြောင်း သူ့အဖေအား မပြောခဲ့ပေ။
သို့သော်
ချီရှောင်ပိုင် မသိခဲ့သည်က ထိုည၌ ရှန်းမူမူက သူ့ကို ရောင်းစားခဲ့သည်ကိုပင်။
(*ရောင်းစား
= သစ္စာဖောက်)