အခန်း (၂၀)
တိတ်တိတ်လေး ပြောပြမယ်
အိပ်ခန်းထဲတွင်......
ချီမော့
ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ရှန်းမူမူက Face Mask ကပ်နေသည်။
သူ ထွက်လာသည်ကို
မြင်ပြီး ရှန်းမူမူက ပြောလိုက်သည်။
"အိုး
ဒါနဲ့ ရှင့်ကို လျှို့ဝှက်ချက်သေးသေးလေး ပြောပြမယ်။ အဲဒီ မုယောသကြားက ရှင့်အတွက် ချီရှောင်ပိုင်က
အထူးတလည် ဝယ်လာခဲ့ပေးတာ။ သူက ဆိုင်ရှေ့မှာ အကြာကြီး စိုက်ကြည့်နေတာနဲ့ ကျွန်မလည်း ထပ်ပြီး ရပ်ကြည့်မနေနိုင်တော့ဘူးလေ။"
ထိုသို့ပြောရင်း
ချီရှောင်ပိုင်၏ အူကြောင်ကြောင် အကြည့်ကို တွေးနေသောအခါ သူမက အကြိမ်အနည်းငယ်လောက် ရယ်မောလိုက်သည်။
Face
Mask ကြောင့် သူမ၏ အသံထွက်က ထူးဆန်းနေပြီး 'ဟားဟား' ဟူသည့် ရယ်သံက 'ရွား ရွား' ဟု ဖြစ်သွားလေသည်။
သူမက
မှန်ကို ကြည့်ရင်း မျက်လုံးများ ကွေးသွားသည်အထိ ရယ်မောနေကာ မှန်ထဲ၌ ပေါ်နေသည့် အမျိုးသားသည်လည်း
သူမကို ကြည့်နေသည်အား သတိမပြုမိလိုက်ပေ။
ထိုအရပ်မြင့်မြင့်
အမျိုးသား၏ ဆံပင်ကို ခြောက်အောင် လေမှုတ်နေသည့် အပြုအမူတို့က တခဏမျှ ရပ်တန့်သွားသည်။
သူ့အကြည့်များက
သူမ နောက်ကျောဘက်တွင် ရပ်တန့်သွားသည်။
လျှပ်တပြက်အတွင်း
သူက ရုတ်တရက် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုခံစားချက်မှာ
သူမက သူနှင့် ချီရှောင်ပိုင်ကို အမှန်တကယ် မိသားစုအဖြစ် ဆက်ဆံနေသည်ဟု ဖြစ်သည်။
ထူးဆန်းသော်လည်း
မရင်းနှီးသည့် ခံစားချက်တစ်ခုက သူ့နှလုံးသားထဲတွင် လှိုင်းထသွားသည်။
သူသည်
ထိုခံစားချက်က ဘယ်နေရာကနေ ထွက်လာသလဲ မပြောနိုင်ပေမယ့် ၎င်းက သူ့မျက်ဝန်းထောင့်လေးများကို
မရှင်းပြနိုင်စွာ ကွေးညွှတ်သွားစေသည်။
ရှန်းမူမူသည်
ချီမော့ကို ထိုလျှို့ဝှက်ချက်လေး ပြောပြလိုက်ခြင်းက မှားသည့်အရာတစ်ခုခု လုပ်လိုက်မိသည်ဟု
မထင်ပေ။
ယနေ့တွင်
ချီရှောင်ပိုင်က သူမကို အစားအသောက်များ ဝယ်ကျွေးခဲ့ပြီး သူတို့သည် လျှိုကျန်းကျန်း၏
လျှို့ဝှက်ချက်အား ထိန်းသိမ်းထားရန် သဘောတူခဲ့ကြသည်။
သူမသည်
ဂရုတစိုက်တွေးတောပြီးနောက် သူမနှင့် ချီရှောင်ပိုင်က မိထွေးနှင့် လင်ပါသားအဖြစ်နှင့်
မိတ်ဆွေ ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သော်လည်း ထိုကောင်စုတ်လေး ချီရှောင်ပိုင်နှင့် နှိုင်းယှဥ်ပါလျှင်
သူမ၏ သကြားဖေဖေအစစ်မှာ ချီမော့ဖြစ်သည်။
ချီမော့ကသာ
သူမ၏ လစာကို ပေးနေသူ ဖြစ်သည်။
သူ့ကို
ပွင့်ပွင့်လင်းလင်း ပြောပြခြင်းက ထိခိုက်မှု မရှိနိုင်ပေ။
မုယောသကြားအကြောင်း
တွေးမိလိုက်လျှင် သူမသည် ယခင်က ကြားဖူးခဲ့သည့် စကားတစ်ခွန်းကို ရုတ်တရက် တွေးမိသွားခဲ့သည်။
အချိုကြိုက်သည့်
ယောက်ျားများက သူတို့၏ ဇနီးများအပေါ် ချစ်ခင်ကြသည်ဟု ပြောခဲ့သည်။
သူမက
ခဏမျှ စဥ်းစားလိုက်သည်။
ချီမော့က
မုယောသကြားကို ကြိုက်ပြီး ချီရှောင်ပိုင်က စပျစ်အရသာ ချိုမြိန်သည့် ဆိုဒါကို ကြိုက်သည်။
ကြည့်ရသည်မှာ
ချီအိမ်မှ အမျိုးသားများက အချိုတော်တော်လေး ကြိုက်ပုံရသည်။
ဝတ္ထု၏
အမျိုးသားဇာတ်လိုက်အနေနှင့် ချီရှောင်ပိုင်က အနာဂတ်တွင် အမျိုးသမီးဇာတ်လိုက်ကို ချစ်ခင်ကြင်နာယုယပေးမည်
ဖြစ်သောကြောင့် ဤသည်က အဓိပ္ပါယ်ရှိသည်ဟု ပြောနိုင်သည်။
သို့သော်
၎င်းက ချီမော့နှင့် သက်ဆိုင်ပုံမပေါ်ပေ။
ရှန်းမူမူက
စာအုပ်ထဲမှ ဇာတ်ကြောင်းကို တွေးကြည့်လိုက်သည်။ မူလပိုင်ရှင် ကန်ထုတ်ခံရပြီးနောက် ချီမော့သည်
နောက်ထပ် လက်ထပ်ခြင်းမပြုတော့ဘဲ သေသည်အထိ တစ်ယောက်တည်း နေသွားခဲ့သည်။
သူက သူမအပေါ်
ချစ်ခင်ယုယရန် နေနေသာသာ ဇနီးတစ်ယောက်အဖြစ်ပင် လက်ထပ်ခဲ့ခြင်း မဟုတ်ပေ။
သူမ အတွေးများက
ထိုအကြောင်းသို့ ရောက်သွားသည်နှင့် ရှန်းမူမူသည် သူမ နောက်ကျောတလျှောက် အေးစိမ့်သွားသည်ကို
ရုတ်တရက် ခံစားလိုက်ရသည်။
သူမသည်
လက်ထပ်ပွဲ သဘောတူညီချက်ကို ဖြည့်ဆည်း၍ ချီအဖေနှင့် သားတို့ဖြင့် ကောင်းကောင်းမွန်မွန်
နေထိုင်ပြီး အချိန်ကျလာသည့်အခါ ပိုက်ဆံပိုက်ကာ ထွက်သွားရမည်ဟု တစ်ခါ
ထပ်၍ ဆုံးဖြတ်လိုက်ပေသည်။
အိပ်ရာမဝင်ခင်
ရှန်းမူမူက တည်ငြိမ်စွာဖြင့် ချီမော့ကို ပြောလိုက်သည်။
"နောက်ပိုင်း
ကျွန်မ သွားလာရင်း မုယောသကြားဆိုင် တွေ့ခဲ့ရင် ရှင့်အတွက် ဝယ်လာခဲ့ပေးမယ်။"
၎င်းက
မျက်နှာသာရစေနိုင်ပေသည်။
သူမ သကြားဖေဖေ၏
အကြိုက်များကို နားလည်ပြီး သူ့ခံစားချက်များကို ဂရုစိုက်ပေးခြင်းက ချမ်းသာသောမဒမ်အဖြစ်
သူမ၏ အဆင့်အတန်းကို ရေရှည်အကျိုးရှိစေပေလိမ့်မည်။
သူ့အပေါ်
ကောင်းခြင်းက သူမကိုယ်သူမ ကောင်းခြင်းနှင့် ညီမျှပေသည်။
သူမက
အမှန်တကယ် လိမ္မာပါးနပ်သော မိန်းကလေး ဖြစ်သည်။
ချီမော့က
သူ့လက်စွပ်ကို ချွတ်လိုက်ပြီး အိပ်ရာဘေးရှိ စားပွဲပေါ် ညင်သာစွာ တင်လိုက်သည်။ သူမ၏
စကားလုံးများကို ကြားသောအခါ သူ့ လှုပ်ရှားမှုများက နှေးကွေးသွားသည်။
"အဲဒါဆိုလည်း
ကျေးဇူးပါပဲ။"
အမှန်တကယ်တွင်
သူ၏ အကျင့်စရိုက်နှင့်ဆိုပါက သူ့အဖြေက 'မလိုဘူး' ဟု ဖြစ်ပေလိမ့်မည်။
သို့သော်
ဤတစ်ကြိမ်၌ သူက ထိုကဲ့သို့ မပြောခဲ့ပေ။
ရှန်းမူမူက
သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟေး
ကျွန်မတို့ရဲ့ ဆက်ဆံရေးမှာ ကျေးဇူးတင်စရာ မလိုပါဘူး။"
သူက လတိုင်း
သူမအား မုန့်ဖိုး ငါးသိန်းပေးလေရာ သူမက မုယောသကြားလေး အိတ်အနည်းငယ်ကို မည်သို့ ကပ်စေးနည်းနေနိုင်ပါမည်နည်း။
သို့သော်
ချီမော့သည် ရှန်းမူမူ၏ အဓိပ္ပါယ်ကို နားလည်မှုလွဲကာ အဖြေပြန်မပေးဘဲ စက္ကန့်အနည်းငယ်လောက်
တိတ်ဆိတ်သွားသည်။
အမျိုးသမီးတစ်ယောက်၏
အတွေးများကို ခန့်မှန်းရန် သူ့တွင် အတွေ့အကြုံ မရှိပေ။
စီးပွားရေးလောကအတွင်းတွင်
သူက အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များစွာနှင့် တွေ့ဆုံဖူးပြီး ဆက်ဆံပြောဆိုဖူးသော်လည်း
ထိုအမျိုးသမီးများနှင့်ဆိုလျှင် လိင်အမျိုးအစား ကွဲပြားမှုကို လျစ်လျူရှုထားနိုင်ပေသည်။
စီးပွားရေးလောကအတွင်းမှ ထိုအမျိုးသားများနှင့် အမျိုးသမီးများ အားလုံး၏ ဦးတည်ချက်
အခြေခံအားဖြင့် အတူတူသာ ဖြစ်ပြီး ထိုသူများ၏ အတွေးများက ခန့်မှန်းရလွယ်ကာ သူသည်လည်း
တစ်ဖက်လူက အမျိုးသမီးဖြစ်သောကြောင့်ဟု နှိမ့်ချခွဲခြားဆက်ဆံလိမ့်မည် မဟုတ်သလို အထင်အမြင်သေးခြင်းလည်း
မရှိပေ။
သို့သော်
ယခုတွင် ချီမော့သည် အမျိုးသမီးတစ်ယောက်၏ နှလုံးသားက အမှန်တကယ် နားလည်ရန် ခက်ခဲကြောင်း
သတိပြုမိလိုက်သည်။
ရှန်းမူမူ
ပြောသည့် 'ကျွန်မတို့ရဲ့ ဆက်ဆံရေး' ဆိုသည်က မည်သည်ကို ဆိုလိုပါသနည်း။
သူသည်
တခဏတွေးပြီး နောက်ဆုံးတွင် 'အိမ်ထောင်ဖက်ဆက်ဆံရေး' ဟု ကောက်ချက်ချလိုက်သည်။
သူတို့က
ခင်ပွန်းနှင့် ဇနီး ဖြစ်သောကြောင့် ကျေးဇူးတင်စကား ပြောစရာမလိုပေ။
အင်း..
အဲဒါ အဓိပ္ပါယ် ရှိပုံရတယ်။
သူက ၎င်းကို
မှတ်ထားလိုက်သည်။
မအိပ်ခင်
ရှန်းမူမူက ယနေ့ ချီမော့နှင့် သူမကြားမှ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သုံးသပ်ခဲ့သည်။
ချီရှောင်ပိုင်နှင့်လည်း
သဟဇာတဖြစ်နေခဲ့သည်။ လက်ရှိအခြေအနေအရ သူသည် သူမအပေါ် အမြင်မကြည်ဖြစ်နေတော့မည် မဟုတ်ပေ။
ချီမော့အတွက်မူ
သူတို့က အဆက်အသွယ် အများကြီး မလုပ်ဖြစ်သလို စကားလည်း အများကြီး မပြောဖြစ်ချေယ
သို့သော်
သူမတို့ စကားပြောသည့်အချိန်တိုင်း ချီမော့က လေးစားမှုနှင့် စိတ်သက်သာရာရမှုကို ခံစားမိစေသည်။
ကြည့်ရသည်မှာ
သူမ အရမ်း စိတ်ပူနေစရာ မလိုအပ်ပုံရသည်။
သူမ ရိုးသားနေပြီး
ချီသားအဖနှင့် ဆက်ဆံရေးတွင် ထိခိုက်မှုမရှိနေသရွေ့ ကန်ထုတ်ခံရမည်ကို စိုးရိမ်နေစရာ
မလိုပေ။
ထိုသည်ကို
သတိပြုမိပြီးနောက် ရှန်းမူမူသည် သူတို့နှင့် ဆက်ဆံရာ၌ ပို၍ သက်သောင့်သက်သာနှင့် ပေါ့ပေါ့ပါးပါးသာ
ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
*********
နောက်ပိုင်းတွင်လည်း
ချီမော့က အလုပ်များနေဆဲ ဖြစ်ကာ အိမ်ပြန်လာသည်က ရှားပါးလှသည်။
ရှန်းမူမူကလည်း
ပန်းဆိုင်ကိစ္စများနှင့် အလုပ်ရှုပ်နေပြီး အချိန်အများစု၌ အိမ်ပြန်မလာနိုင်ပေ။
တစ်နေ့တွင်
ရှန်းမူမူ အိမ်ပြန်လာသည့်အချိန်၌ အပြင်သို့ ထွက်လာသည့် ချီမော့နှင့် ခြံထဲတွင် တွေ့ခဲ့သည်။
နောက်ဆုံး၌
သူ့ကို တွေ့ခွင့်ရပြီဖြစ်ပြီး ရှန်းမူမူသည် ပန်းဒိုင်စာချုပ် လက်မှတ်ထိုးရာ၌ သတိထားသင့်သည့်
မေးခွန်းများစွာကို မေးမြန်းရန် အခွင့်အရေးရယူခဲ့သည်။
ဒရိုင်ဘာရှောင်ဝမ်က
ကားရှေ့တွင် မတ်တပ်ရပ်နေပြီး သူတို့နှစ်ယောက် စကားပြောနေသည်ကို မြင်သည့်အခါ နာရီတစ်ချက်ကြည့်လိုက်သည်။
နေ့လယ်ခင်း
အစည်းအဝေးက အချိန်ရောက်တော့မည်ဖြစ်ပြီး ပုံမှန်အားဖြင့် အချိန်တိကျသည့် ဥက္ကဋ္ဌချီက
ဒီတစ်ကြိမ်၌ နောက်ကျလိမ့်မည်လား။
သူက စိုးရိမ်ပူပန်စွာ
လှမ်းကြည့်လိုက်ပြီး သူတို့ကို သတိပေးသင့်သလား တုန့်ဆိုင်းနေသည်။
ချီမော့က
ရှန်းမူမူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေပြီး သူ့အမူအရာက တည်ငြိမ်နေကာ စိတ်မရှည်သည့်
အရိပ်အယောင် မရှိခဲ့ပေ။
ရှောင်ဝမ်ကို
တစ်ချက်ကြည့်လိုက်ပြီးနောက် သူက ပြောလိုက်၏။ "မင်း ကားထဲ အရင်သွားနှင့်။"
နောက်ကွယ်မှ
အဓိပ္ပါယ်က : သွားဖို့ အလျင်မလိုဘူး။
ရှောင်ဝမ်က
ကားထဲတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ 'ဒီသင်ခန်းစာကို
မှတ်ထားရမယ်။'
အလုပ်နှင့်ယှဥ်လျှင်
ဥက္ကဋ္ဌချီ၏ နှလုံးသားထဲ၌ မဒမ်က ပိုပြီး အရေးကြီးပေသည်။