Chapter 13
Viewers 3k

🐹 Chapter 13

မြွေကြီးရဲ့အထိန်းတော်ဟမ်းစတားလေး



ရှုရှုက သင်ပြပေးပြီး တပည့်ကောင်းတစ်ယောက်ကိုမွေးထုတ်ချင်နေသည်။ ထို့ကြောင့် မြွေကြီးကိုသင်ပြပေးနေချိန်တွင် သူက အထူးဝီရိယရှိနေလေ၏။ စကားလုံးတိုင်းကို ဆယ်ကြိမ် ရွတ်ပြပေးလေ၏။ 


အားလုံးထက်ပို၍ အက်ဂါမှာ တစ်ချိန်က လူသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ သူက နိုင်ငံခြားဘာသာစကားအမြောက်အများကိုသင်ခဲ့ရပြီး မှတ်နိုင်စွမ်းလည်းကောင်း၏။ ရှုရှုအနေဖြင့် သူ့အား ထိုမျှအထိ[10ကြိမ်အထိ] သင်ပေးနေစရာ မလိုအပ်ပေ။


သို့သော်လည်း ရှုရှုသင်ပေးနေသည်ကို နားထောင်ရသည်ကို သူသဘောကျပြီး ပျင်းစရာကောင်းသည်ဟုလည်း မခံစားခဲ့ရပေ။ သူ့ခန္ဓာကိုယ်ကိုခွေထားရင်း ရှုရှုစကားပြောနေပုံကိုသာ ကြည့်နေလိုက်သည်။ 


ရှုရှုက သူ့ဂူထဲမှအရာအားလုံးကို မြွေကြီးအားသင်ပြပေးနေလေသည်။ လည်ချောင်းခြောက်သည်အထိ အသံကျယ်ကျယ်ဖြင့်ရွတ်ပြပြီးမှ ရပ်သွားလေ၏။ ထို့နောက် အပြင်ဘက်မှအခြေအနေကို သိချင်လာသည်။ စားစရာအချို့ကိုပြန်သယ်လာနိုင်လျှင် အကောင်းဆုံးပင်ဟု သူ တွေးနေမိသည်။ ထို့အပြင် မြွေကြီး၏ဂူလည်းရှိ၏။


မြွေကြီးက ထိုတွင်းထဲ၌ ပစ္စည်းအချို့ကိုဝှက်ထားပုံရသည်။ သူ့အနေဖြင့် မြွေကြီး ထိုအရာအားလုံးကို အသေအချာရွှေ့ပြောင်းနိုင်အောင် ကူညီပေးနိုင်သည်။


ဆိုရလျှင် သူ့အနေဖြင့် ယခုလိုကိစ္စမျိုးကို မြွေကြီးနှင့်အတူလုပ်သင့်သည်။ သို့ရာတွင် မြွေကြီးက လက်ရှိအချိန်တွင် ဒဏ်ရာရထားလေ၏။ လုံးဝ မလှုပ်ရှားသင့်ပေ။


ဆိုတော့ ဒီဆရာကပဲ တပည့်လေးကိုကူညီပြီး ပစ္စည်းတွေကို သယ်ပေးရတော့မှာပေါ့…


ထိုအတွေးဖြင့် ရှုရှုက မြွေကြီးရှေ့တွင်မတ်တတ်ရပ်ပြီး ခုန်ပေါက်ကာ လက်ကိုအကြမ်းပတမ်းခါယမ်းပြလိုက်သည်။ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နှင့် ပါးစပ်မှလည်း အကြိမ်ကြိမ်အော်နေသေးသည်။


"လှုပ်ရှားမယ် လှုပ်ရှားမယ် လှုပ်ရှားမယ်..."


ထို့နောက် သူရပ်လိုက်ပြီး နေရာတွင်ပင် မလှုပ်မယှက်ရပ်နေလိုက်လေသည်။ ထို့နောက် ထပ်ပြောပြန်သည်။

"မလှုပ်ရှားဘူး မလှုပ်ရှားဘူး မလှုပ်ရှားဘူး..."


ထို့နောက် သူက ထပ်ပြီးခုန်ပေါက်နေပြန်သည်။

"လှုပ်ရှားမယ် လှုပ်ရှားမယ် လှုပ်ရှားမယ်..."


ထို့နောက် မလှုပ်ဘဲရပ်နေပြန်သည်။

"မလှုပ်ရှားဘူး မလှုပ်ရှားဘူး မလှုပ်ရှားဘူး..."


ထိုသို့ သွားလိုက်ပြန်လိုက် အကြိမ်များစွာလုပ်ပြီးနောက် ရှုရှုမှာ ခုန်ပေါက်နေရာမှ မောလာလေသည်။ ထို့နောက်မှ သူကမြွေကြီးနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်လေသည်။


"မြွေကြီး လှုပ်ရှားမယ်.."


အက်ဂါက ရှုရှု၏ရှင်းပြချက်ကို နားလည်သည်။ ရှုရှုပြောလိုက်သောစကားကိုကြားသည်နှင့် သူ့အမြှီးကို ချက်ချင်းယမ်းကာ လှုပ်ရှားလိုက်လေသည်။ ၎င်းကိုတွေ့ရသည့်အခါ ရှုရှုက ပျော်ရွှင်သွားလေ၏။ သူ အကြာကြီးသင်ပေးခဲ့ရပြီး မြွေကြီးက တစ်လုံးမှ နားမလည်လိုက်မည်ကို စိုးရိမ်နေခဲ့ရသည်။ ယခုမူ မြွေကြီးက နားလည်နေပုံရလေ၏။ 


သူက တော်သားပဲ…


"မြွေကြီး မသွားနဲ့.."


၎င်းကိုကြားသည့်အခါ မြွေကြီးက တုံ့ခနဲရပ်သွားလေသည်။ ယင်းကိုတွေ့သည့်အခါ ရှုရှုက မကျေနပ်သေးဘဲ အခြားတစ်ခုဖြင့် စမ်းသပ်ကြည့်လိုက်သည်။


"ရေ..."


မြွေကြီးက ဘေးမှရေကို အမြှီးဖြင့် ညွှန်ပြလိုက်သည်။ 


"သစ်အယ်သီး.."


မြွေကြီးကရှုရှု၏လက်ထဲမှ သစ်အယ်သီးကို ညွှန်ပြလိုက်သည်။


"မီး..."


မြွေကြီးက မီးပုံကို ညွှန်ပြလိုက်သည်။ ရှုရှုက မြွေကြီး လုံးဝအမှားမလုပ်သည်ကို သိသွား၏။ သူက အလွန်ပျော်သွားပြီး ပြောလိုက်လေ၏။


"ရှုရှု..."


မြွေကြီးက ရှုရှုကို ညွှန်ပြလိုက်သည်။


"တော်တယ်..."


ရှုရှုက စိတ်လိုလက်ရပြုံးလိုက်သည်။ သူက မြွေကြီးကို ချီးကျူးပေးချင်သော်လည်း မြွေကြီးကို ကြောက်နေပြီး အနားသို့ မသွားရဲသေးပေ။ တွေးကြည့်ပြီးနောက် သူ့အစာအိတ်ထဲမှ ခပ်ရှည်ရှည်အသားခြောက်ကို ထုတ်လိုက်သည်။ ထို့နောက် သစ်ရွက်အနည်းငယ်ဖြင့်ပတ်ကာ မြွေကြီးထံသို့ပစ်လိုက်လေ၏။


"မင်းကို ဆုချတာ.."


အက်ဂါက အသားကို တိတ်ဆိတ်စွာကောက်ပြီး နည်းနည်းချင်းစီ စားလိုက်သည်။ အက်ဂါ စား၍ပြီးသည့်အခါ ရှုရှုက ထပ်ပြောလိုက်ပြန်သည်။


"မြွေကြီး မလှုပ်နဲ့...မြွေကြီး မလှုပ်နဲ့..."


အက်ဂါက သူပြောသည့်အတိုင်း မလှုပ်တော့ပေ။ ရှုရှုက ယင်းကိုတွေ့သည့်အခါ အက်ဂါအနားသို့ ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။ ထို့နောက် အက်ဂါ၏ အကြီးမားဆုံးဒဏ်ရာအပေါ်သို့ ဝိညာဥ်စွမ်းအားများ လွှဲပေးနေပြီး စကားဆက်ပြောရင်း အာရုံပြောင်းထားလေသည်။


"ငါအပြင်ထွက်သွားရင် မင်းက ဒီမှာပဲနေခဲ့ရမယ်… လျှောက်မပြေးရဘူး ကြားလား… မင်းလျှောက်ပြေးနေရင် လူတွေဆီက အစားခံရလိမ့်မယ်… ဒါဆို ငါ့မှာတပည့်ရှိတော့မှာမဟုတ်ဘူး..."


အက်ဂါက ရှုရှုပြောသည့်စကားများကို လုံးဝနားမလည်သော်လည်း ရှုရှု၏လက်ဖဝါးမှ အနွေးဓာတ်လေးက သူ့ခန္ဓာကိုယ်ထဲသို့ဝင်လာပြီး သူ့ကို အလွန်တရာမှ သက်သောင့်သက်သာရှိသွားစေခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေးကို တစ်ချက်မျှခိုးကြည့်ပြီး အက်ဂါမှာ ပျော်လည်းပျော်သလို စိတ်လည်းပူပန်သွားခဲ့ရသည်။ 


သူ ပျော်နေရခြင်းမှာ အဆင့်နိမ့်သားရဲလူသားလေးက သူ့ကိုကြောက်သော်လည်း ဒဏ်ရာကိုကုပေးနေသေး၍ဖြစ်လေ၏။ စိတ်ပူပန်ရခြင်းမှာ အဆင့်နိမ့်သားရဲလူသားလေးက အာရုံစိုက်မခံရအောင်နေခြင်းကို မသိနားမလည်၍ပင်။


အဆင့်နိမ့်သားရဲလူသားလေးက ပါးစပ်ထဲတွင် အစာအများအပြားကို သိုလှောင်ထားနိုင်ခြင်းမှာ မွေးရာပါစွမ်းရည်ဖြစ်နိုင်သည်။ ယခုမူ သူက ဒဏ်ရာကိုပါ ကုသနိုင်စွမ်းရှိနေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။

အာရုံစိုက်မခံရအောင်နေတာက အရေးကြီးတယ်ဆိုတာကို သူ မသိဘူးလား…


အက်ဂါကထိုအကြောင်းကိုတွေးနေစဥ် အဆင့်နိမ့်သားရဲလေးက ရပ်သွားပြီး အလွန်ပင်ပန်းနေသည့်ပုံစံဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အဆင့်နိမ့်သားရဲလေးက လူတစ်ယောက်၏ဒဏ်ရာကို ကုသပေးနိုင်သော်လည်း ရလဒ်မှာသိပ်မကောင်းလှပေ။ ထို့ကြောင့် အဓိကအချက်ကိုပြောရလျှင် လူများက မှတ်မိသွားမည့်အရေးကို စိုးရိမ်နေရန်မလိုပေ။


ရှုရှုက သူတပည့်အဖြစ် လက်ခံထားသော ဥာဏ်ကောင်းပြီး ဂရုမစိုက်တတ်သည့် မြွေဝိညာဥ်မှာ သားရဲလူသားဖြစ်ကြောင်း လုံးဝမသိပေ။ ပုံမှန်တွင် ရှုရှုက သူ၏သဘောထားကို သူ့တပည့်ထံမှ မဖုံးကွယ်ထားပေ။ ဝိညာဥ်စွမ်းအား အကုန်လုံးကို မြွေကြီးအားလွှဲပေးလိုက်ပြီးနောက် သူကအိပ်ခန်းထဲသို့မပြန်မီ ထပ်ပြောလိုက်ပြန်သည်။

"မလှုပ်နဲ့..."


အက်ဂါက ကြမ်းပြင်ပေါ်၌လှဲချလိုက်ပြီး လုံးဝလျှောက်မသွားပေ။ အိပ်ခန်းထဲမှသူတူးထားသော လှိုဏ်ခေါင်းလေးကိုဖြတ်သွားအပြီး မကြာမီမှာပင် ရှုရှုက အက်ဂါ၏ဂူထဲသို့ ရောက်လာလေသည်။


 á€‚á€°á€œá€ąá€¸á€€ ညစ်ပတ်ပြီးရှုပ်ပွနေလေ၏။ တွင်းထဲ၌ သူပစ်ထားခဲ့သောမြက်စကတ်နှင့် အခြားပစ္စည်းများက မူလနေရာတွင်ပင် ရှိနေသေးသည်။ မြွေကြီးက ဤနေရာသို့ပြန်မလာရသေးကြောင်း သေချာသွားသည်။ ရှုရှုက ကိုယ်ကိုငုံ့ကိုင်းကာ ပစ္စည်းများကို လိုက်ကောက်လိုက်၏။ မြက်စကတ်လေးအပြင် မြွေကြီး သူ့ကိုပေးခဲ့ဖူးသောမီးခြစ်နှင့်တူသည့် သတ္တုဖြင့်လုပ်ထားသော အခြားပစ္စည်းများလည်း ရှိနေလေ၏။ သူက မြွေကြီးမှာ လူများကျန်ရစ်ခဲ့သောပစ္စည်းများကိုကောက်ပြီး ၎င်းတို့ကို ရတနာပစ္စည်းများအဖြစ်စုထားသည်ဟု ထင်လိုက်သည်။ သို့သော်လည်း ထိုပစ္စည်းများက အလွန်တရာမှ အသုံးဝင်လေသည်။


ရှုရှု၏အစာအိတ်လေးက ပစ္စည်းအမြောက်အများဝင်ဆန့်ပေသည်။ ပစ္စည်းများကို အိတ်ထဲသို့ထည့်နေချိန်တွင် မည်သည့်အရာကိုမှ မခံစားရပေ။ သို့သော်လည်း ပါးစပ်ထဲမှထည့်ရသည်ဖြစ်ရာ ရှုရှုက စားစရာများကိုသာ ထိုအထဲတွင်ထည့်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်လေ၏။ ယခု သူက ပစ္စည်းများကို ပါးစပ်ထဲသို့ မထည့်လိုက်ပေ။ ထိုအစား မြက်စကတ်ဖြင့်ထုပ်ကာ ကျောပေါ်တွင် လွယ်လိုက်သည်။ ကိစ္စများပြီးမြောက်သည့်အခါ မြွေကြီး၏ဂူအဝမှ အပြင်ဘက်သို့ထွက်လာလိုက်လေ၏။


ထိုအချိန်မှ မြွေကြီးနေသည့်ဂူမှာ သူနေထိုင်သောဂူနှင့် သိပ်မဝေးကြောင်းသိလိုက်ရသည်။ ဂူ၏အပြင်ဘက်ကို တောအုပ်ဖြင့် ဖုံးကွယ်ထားခံရခြင်းသာ ဖြစ်လေ၏။ ထို့အပြင် ဆူးပင်များကလည်း ပေါက်ရောက်နေသဖြင့် သူက ဤနေရာသို့ လာမစစ်ဆေးခဲ့ခြင်းဖြစ်၏။


ရှုရှုက ဂူထဲမှထွက်ကာ အနားတဝိုက်တွင်လျှောက်သွားနေပြီး မကြာခဏဆိုသလို အနံ့ခံကြည့်နေလေသည်။ အဆုံး၌ ဖားကြီးများကိုဖမ်းမိလာခဲ့ပြီး အမျိုးအစားမသိရသော်ငြား စား၍ရသောသစ်သီးများကိုလည်း ခူးလာနိုင်ခဲ့သည်။ သစ်သီးများကို အစာအိတ်ထဲ၌ထည့်လိုက်ပြီး ဖားများကိုထုပ်ပိုးကာ သူ့လက်ထဲတွင် သယ်လာခဲ့လိုက်သည်။ 


မြွေကြီး၏အသုံးအဆောင်များကို မြက်စကတ်ဖြင့်ထုပ်ပိုးကာ ကျောပေါ်တွင်သယ်လျက် ရှုရှုက သူ့ဂူသို့ပြန်ရောက်လာခဲ့သည်။ ထို့နောက် မြွေကြီးက ထိုနေရာ၌ ငြိမ်ငြိမ်လေးလှဲနေဆဲဖြစ်သည်ကို တွေ့လိုက်ရလေသည်။ ၎င်းက လုံးဝလျှောက်သွားမနေခဲ့ပေ။ 


ဒီမြွေကြီးက အရမ်းလိမ္မာတာပဲ…


ရှုရှုက သူ့ကိုယ်သူဂုဏ်ယူနေလေ၏။ ထို့နောက် ခပ်လှမ်းလှမ်းတွင်ရပ်ကာ လက်ထဲမှမြက်စကတ်အထုပ်ကို မြွေကြီးထံသို့ ပစ်ပေးလိုက်လေသည်။

"ဒီမှာ မင်းရဲ့ပစ္စည်းတွေ ငါပြန်ယူလာခဲ့တယ်..."


အက်ဂါမှာ မြက်စကတ်ကိုတွေ့သည်နှင့် အမူအရာက အလွန်တောင့်တင်းသွားခဲ့လေသည်။ သူက အဆင့်နိမ့်သားရဲလူသားလေးကို အမှုမထားသလို ခပ်တည်တည်ပင်ကြည့်နေလိုက်သည်။ထို့နောက် မက်ခါထံမှထုတ်ယူထားသော မိုက်ခရိုချပ်စ်အပြားလေးနှင့်အတူ သူ့အတွက်အသုံးဝင်လောက်မည့်ပစ္စည်းများကိုထည့်ထားသော မြက်စကတ်လေးအား ဟိုလှန်သည်လှန်လုပ်နေလိုက်သည်။ အဆင့်နိမ့်သားရဲလူသားလေး(ရှုရှု)က အဆင့်နိမ့်သားရဲလူသားတို့နှင့် သားရဲလူသားများကြားမှ အကြောင်းအရာကို လုံးဝမသိကြောင်း နားလည်သွားရလေ၏။ သူ မြက်စကတ်က်ိုဝှက်ထားချိန်တွင် လှုပ်ရှားမှုအချို့လုပ်ခဲ့ခြင်းကိုလည်း အဆင့်နိမ့်သားရဲလူသားလေးက လုံးဝမသိသေးပေ။ အဆင့်နိမ့်သားရဲလူသားလေးက အလွန်ရိုးသားပြီး သူကမူ အလွန်တရာမှ ညစ်ညမ်းနေသလို ခံစားလိုက်ရသည်။


"ဒါက မင်းစားဖို့အတွက်...မြွေကြီး...စား..."


ရှုရှုက ဖားကို ထုတ်ပြလိုက်သည်။

"ဖား...ဖား...ဖား...ဖားကိုစားလိုက်..."


ယခင်က သူတွေ့ခဲ့ဖူးသောမြွေများမှာ ကြွက်များကိုစားတတ်ပြီး ဖားများကိုစားရလျှင်လည်း သဘောကျကြသည်။ 


မြွေကြီးလည်း ကြိုက်လောက်တယ်မလား…


ရှုရှုက မြွေကြီးကို ဖား၏အခေါ်အဝေါ်ကို အကြိမ်ကြိမ်သင်ပေးနေလေသည်။ ထို့နောက် လက်ထဲမှဖားများကိုလွှတ်ပေးလိုက်ပြီး ၎င်းတို့ကို ဂူထဲတွင် ခုန်ပေါက်ခိုင်းထားကာ အက်ဂါစားမည့်အချိန်ကို စောင့်နေလိုက်သည်။ ဂူအဝကို ပိတ်ထားပြီးဖြစ်သောကြောင့် ဖားများက ထွက်ပြေးနိုင်မည်မဟုတ်ပေ။ အက်ဂါက အလျင်စလိုခုန်ပေါက်နေကြသောဖားများကိုကြည့်ပြီး စိတ်မဝင်စားသလို တစ်ဖက်လှည့်သွားလေသည်။


ငါက အသက်ရှင်ဖို့အတွက် အစိမ်းစားနေရပေမဲ့ အဆင့်နိမ့်သားရဲလူသားလေးရှေ့မှာတော့ စားလို့ဘယ်ဖြစ်ပါ့မလဲ…


မြွေများက တစ်ကြိမ်ဗိုက်ပြည့်ပြီးလျှင် တစ်နှစ်ပတ်လုံးဗိုက်ဆာနေရလည်း ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ ယခုချိန်တွင်လည်း သူ ဗိုက်မဆာသောကြောင့် မစားလိုပေ။



🐹🐹🐹