Chapter 53 ငါ့ရဲ့အထူးဧည့်သည်တော်ကို ဘာကြောင့် ဖမ်းတာလဲ?
Viewers 17k

အခန်း ၅၃ ငါ့ရဲ့အထူးဧည့်သည်တော်ကို ဘာကြောင့် ဖမ်းတာလဲ?

"လူကြီးမင်း၊ လူကြီးမင်း၊ သူ(မ)က သခင်ကြီးချင်ရဲ့ဧည့်သည်ပါ"

တည်းခိုဆောင်တာဝန်ခံက လက်ဖက်ရည်အိုးကို သယ်ဆောင်ကာ အပေါ်ထပ်သို့ တက်လာခဲ့ပြီး အပေါ်ထပ်တွင် အစောင့်နှစ်ယောက်က စူးချင်းကို သူတို့၏မဏိဓားများနှင့် ရွယ်ထားသည်ကို မြင်သွားပြီး စူးချင်းကို ကယ်တင်ရန်  အမြန်ရောက်လာခဲ့သည်။

"မင်းက ဘာလို့ အခန်းထဲမှာ မနေဘဲ ညလယ်ခေါင်မှာ လမ်းထလျှောက်နေရတာလဲ?"

တည်းခိုဆောင်တာဝန်ခံက စူးချင်း ထိုအခြေအနေမှ လွတ်မြောက်အောင် ကူညီပေးနေသော်လည်း  အစောင့်နှစ်ယောက်က စူးချင်းကို လုံးဝ မယုံနိုင်ဘဲ သူတို့က သူမကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်နေကြသည်။

စူးချင်းက ထိုကြမ်းတမ်းသော အစောင့်များကို ကြောက်ရွံ့မှု မပြဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။ “မိုးမခကိုင်းခက်တွေ ခုတ်ဖို့ ခြံဝင်းထဲကို သွားမလို့” 

မဟုတ်သေးဘူး၊ သခင်မလေး၊ သခင်မလေးက ဘာလို့ မိုးမခကိုင်းခက်တွေကို ခုတ်ချင်ရတာလဲ?”

စူးချင်း၏အဖြေက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူပင် ခံစားလိုက်ရသောကြောင့် တည်းခိုဆောင်တာဝန်ခံက ဝင်မေးလိုက်သည်။

ဘယ်မိန်းမပျိုလေးက ညလယ်ခေါင်မှာ ထလာပြီး မိုးမခကိုင်းတွေ သွားခုတ်ဖြတ်မှာတဲ့လဲ? ဒီအရာရှိတွေက သံသယရှိနေတာ အံ့သြစရာ မရှိတော့ဘူး။ သူ တောင်မှ သံသယဖြစ်လာပြီ။

"ခြင်းတောင်းရက်မလို့"

စူးချင်း၏အသံက ရေခဲကဲ့သို့ အေးစက်နေဆဲပင်။ သူမဆီမှ စကားအပို တစ်လုံးမှ ထွက်မလာခဲ့ပေ။

"တောင်းရက်တာလား? မင်းက ဘာလို့ တောင်းတွေ ရက်နေတာလဲ?"

တည်းခိုဆောင်တာဝန်ခံ၏အသံက ပိုကျယ်လောင်လာသည်။

သခင်ကြီးချင်ရဲ့ အထူးဧည့်သည်တော်က ခြင်းတောင်းတွေ ရက်တယ်တဲ့လား? မယုံနိုင်စရာပဲ...

"ငါတို့နဲ့လိုက်ခဲ့"

ထိုအဖြေက အစောင့်နှစ်ယောက်များကို ပို၍ပင် သံသယဝင်လာစေပြီး စူးချင်းကို ဖမ်းရန် ရှေ့တိုးလိုက်သည်။ တည်းခိုဆောင်တာဝန်ခံက သူတို့ကို တားချင်လျှင်ပင် တားနိုင်သောအင်အား မရှိတော့ပေ။ စူးချင်းကလည်း ပြန်လည်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီး သူမက ယနေ့ညအတွက် ပြင်းထန်သော တိုက်ပွဲကို စောင့်မျှော်နေပြီ ဖြစ်သည်။

“ဘာတွေ ဖြစ်နေတာလဲ? ဘာလို့ ငါ့ရဲ့ဧည့်သည်တော်ကို ဖမ်းမှာလဲ?" ထိုအခိုက်အတန့်တွင် သခင်ကြီးချင်၏အသံက အခြေအနေကို ကြားဖြတ်နှောက်ယှက်လိုက်သည်။

လီဝူက အဖြစ်အပျက်ကို သိသွားပြီး သခင်ကြီးချင်ကို အမြန်သွားရှာခဲ့သောကြောင့် သူ ရောက်လာပြီး အသံနက်ကြီးဖြင့် လှမ်းမေးလိုက်ခြင်းပင်။

ထိုနေရာ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် အနောက်မှ အခန်းတံခါးက ပွင့်လာပြီး ဝမ်ယွိလင်က မှုန်ကုပ်ကုပ် မျက်နှာအမူအရာဖြင့် ထွက်လာသည်။ သူက အ‌ခြေအနေ တင်းမာနေသော မြင်ကွင်းကို မြင်သွားပြီး အေးစက်စွာ မေးလိုက်သည်။

“မင်းတို့က ဘာလို့ ချင်လူကြီးမင်းကို နှောင့်ယှက်နေရတာလဲ?”

စစ်သူကြီး၊ ဒီအမျိုးသမီးက ညလယ်ခေါင်မှာ ခိုးကြောင်ခိုးဝှက် လျှောက်သွားနေပါတယ်။ ကျွန်တော်တို့ သူ(မ)ကို တွေ့ပြီး စစ်ဆေးမေးမြန်းတော့ သူ(မ)က မိုးမခကိုင်းတွေ ခုတ်ဖို့ ခြံဝင်းထဲကို သွားချင်တယ်လို့ ပြောပါတယ်”

သူတို့၏စစ်သူကြီး ထွက်လာသည်ကို တွေ့လိုက်ရသာကြောင့် အစောင့်တပ်သားနှစ်ယောက်က အလျင်အမြန် အလေးပြုပြီး ဖြစ်ပျက်ခဲ့သမျှကို အတိုချုံး သတင်းပို့လိုက်သည်။

မိုးမခကိုင်းတွေ ခုတ်ဖို့လား?”

ဝမ်ယွိလင်၏လင်းယုန်မျက်လုံးများက စူးချင်းကို စိုက်ကြည့်နေသည်။

သူ့မှာ ဒီမိန်းကလေးအပေါ် အမြင်တစ်ခု ရှိတယ်။ တည်းခိုဆောင်အဝင်ဝမှာတုန်းက သူ သူမကို တွေ့ခဲ့ဖူးတယ်။ သူမက အေးစက်ပြီး ရင့်သီးတဲ့ စိတ်နေစိတ်ထားရှိတယ်။ သူမရဲ့ မျက်လုံးတွေက ဘာကိုမှ  ဂရုစိုက်ပုံမရပေမယ့် သူမက အရာအားလုံးကို အပေါ်စီးကနေ ငုံကြည့်နေသလို ဖြစ်နေတယ်။

"ခြင်းတောင်းရက်တာလား?"

စူးချင်းကလည်း သူ့ကို ပြန်ကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစ်မျှင်ပင် မရှိချေ။ သူမက တည်ငြိမ်လွန်းနေသဖြင့် ဝမ်ယွိလင်က သူ့မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။

လူအများစုက သူ့မျက်လုံးတွေကို ရင်ဆိုင် မကြည့်ဝံ့ပေမယ့် ဒီအမျိုးသမီးကတော့ အေးအေးဆေး‌ဆေး ပြန်ကြည့်ရဲတယ်ပေါ့၊ သူမက သာမာန်လူ မဟုတ်တာတော့ သေချာနေပြီ။

"ခြင်းတောင်းရက်ဖို့လား?"

ဝမ်ယွင်လင်က တိုးလျအေးစက်သော အသံဖြင့် နောက်တစ်ခါ ထပ်ပြောလိုက်သည်။

"ဟုတ်​တယ်၊​ အိပ်​လို့ မရလို့ အချိန်မြန်မြန်ကုန်အောင် ခြင်းတောင်းရက်တာ"

စူးချင်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး သူမက သူမ၏နောက်ကျောက လုံးဝ  ဖြောင့်တန်းနေအောင် ဆန့်ထားပြီး မလှုပ်မယှက် အမူအရာအတိုင်း ရှိနေသေးသည်။ သူမက သူ့ကို မကြောက်ဘဲ သူ့ကို အပေါ်စီးဆန်သောအကြည့်များဖြင့် ပြန်ကြည့်နေသောကြောင့် ဝမ်ယွိလင်က စိတ်မသက်မသာ ဖြစ်လာတော့သည်။ သူက စူးချင်းကို နက်မှောင်သောအကြည့်များဖြင့် ကြည့်နေပြီး သူမ၏မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ်တစ်စုံတစ်ရာကို ရှာတွေ့နိုင်ရန် ကြိုးစားနေသည်။

ဟား ဟား၊ ငါ့မိတ်ဆွေလေးမှာ အဲ့ဒီလိုဝါသနာ ရှိတယ်။ သူ(မ)က ငါနဲ့အတူ ခရီးထွက်ခဲ့ပြီး တစ်လမ်းလုံး ကြိမ်ခြင်းတောင်းတွေကို ရက်လုပ်ခဲ့တာလေ၊ သူ(မ)ရဲ့ လက်ရာက အရမ်းကောင်းတာကြောင့် ငါတောင်မှ ခြင်းတောင်းဆယ်လုံးကို ဝယ်မိလိုက်တယ်။ ငါတို့ ဒီမှာတွေ့ပြီ ဆိုမှတော့ ငါက စစ်သူကြီးဝမ်ကို ခြင်းတောင်းတစ်လုံး ပေးလိုက်မယ်။ အဲ့တာကို ပစ္စည်းတွေ ထည့်ဖို့ သုံးမယ်ဆိုရင် မဆိုးဘူး။ အရမ်း အသုံးဝင်တယ်။ လီဝူ၊ ဒီသခင်ကြီး ဝယ်ထားတဲ့ ကြိမ်ခြင်းတောင်းတွေကို အမြန်ထုတ်ပြီး စစ်သူကြီးဝမ်ကို ရွေးခွင့်ပေးလိုက်ပါ”

သခင်ကြီးချင်က တင်းမာမှုကို ဖြေဖျောက်ပေးရန် ကျယ်လောင်စွာ ရယ်မောရင်း ဝင်ပြောလိုက်သည်။ စူးချင်းက ရက်လုပ်ခြင်းကို ဝါသနာပါသည်ဟု သူက ဝမ်ယွိလင်ကို ပြောပြနေပြီး စူးချင်းရက်လုပ်ထားသော မိုးမခခြင်းတောင်းများကို ယူဆောင်လာရန် လီဝူအား အမိန့်ပေးလိုက်သည်။

လီဝူက အမိန့်ကို နာခံပြီး ခြင်းတောင်းများ ယူရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ဝမ်ယွင်လင်း၏မျက်နှာက တုန်လှုပ်သွားပုံရသည်။

သခင်ကြီးချင်က သူလို ကြီးကျယ်ခမ်းနားတဲ့ စစ်သူကြီးတစ်ယောက်ကို ခြင်းတောင်းတစ်လုံး ပေးချင်နေတာလား?

ဒီလူအိုကြီးချင်က အငြိမ်းစားယူပြီး သူ့မွေးရပ်မြေကို ပြန်သွားပြီးတဲ့နောက်မှာ ပိုပြီးတော့ အဓိပ္ပါယ်မဲ့လာတယ်။ သူက ဒီမိန်းကလေးနှစ်ယောက်ကြောင့် သူ ကြိုးကြိုးစားစား တည်ဆောက်ထားတဲ့ နာမည်ကောင်းကို ပျက်ဆီးသွားမှာကို  မကြောက်ဘူးလား?

စစ်သူကြီးဝမ်က သူ့စိတ်ထဲမှနေ၍ အဘိုးကြီးချင်ကို ဝေဖန်နေချိန်တွင် လီဝူက စူးချင်းရက်လုပ်ထားသော ကြိမ်ခြင်းတောင်းဆယ်လုံးကို ယူဆောင်လာပြီး ဝမ်ယွိလင် ရှေ့သို့သွားကာ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီးမှ ရိုသေသော အပြုံးဖြင့် "ဝမ်စစ်သူကြီး၊ ကျေးဇူးပြုပြီး ရွေးချယ်ပါ"

ဝမ်ယွိလင်က ပုံစံအမျိုးမျိုး ရှိနေသည့် မိုးမခခြင်းတောင်းဆယ်လုံးကို ကြည့်နေပြီး သူ့အသက်ရှုသံက ပိုမြန်လာသည်။ သူ့တွင် အရေးကြီးသည့်အရာများ ရှိနေသေးပြီး ဤပျင်းရိသူများနှင့် အချိန်မဖြုန်းချင်တော့ပေ။

မလိုပါဘူး။ လူကြီးမင်းချင်က ဒါတွေကို သဘောကျနေမှတော့ လူကြီးမင်းအတွက် သိမ်းထားလို့ ရပါတယ်။ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်၊ အချိန်ဖြုန်းလို့ မဖြစ်ဘူး”

ထိုသို့ ပြောပြီးနောက် ဝမ်ယွိလင်က စူးချင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြန်သည်။ သူမက သာမာန်လက်မှုပစ္စည်းပြုလုပ်သူတစ်ယောက် မဟုတ်ဘူးဟု သူ ခံစားနေမိသည်။

သခင်မလေး၊ အပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစောင့်စစ်သည်တွေ ရှိတယ်။ သူတို့က မင်းကို မတော်တဆ ထိခိုက်စေမိရင် ငါက သခင်ကြီးချင်ကို ရှင်းပြနိုင်တော့မှာ မဟုတ်ဘူး”

ဝမ်ယွိလင်က ပြန်လှည့်မထွက်ခင် စူးချင်း၏မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ခြိမ်းခြောက်လိုက်သည်။

ဆိုလိုတာက......သူတို့ မှားယွင်းပြီး သတ်တာကို မခံရအောင် အပေါ်ထပ်မှာ လိမ်လိမ်မာမာနေလေ.....

တာဝန်ခံကြီး၊ သခင်မလေးစူးအတွက် မိုးမခကိုင်းတချို့လောက် ခုတ်ပေးပါဦး”

သခင်ကြီးချင်ကလည်း စူးချင်းအန္တရာယ်ဖြစ်မည်ကို ကြောက်နေခဲ့သည်။

ဒီမိန်းခလေးက အသနားခံဖို့ထက် သေရမှာကို ပိုကြိုက်နိုင်တယ်။ သူမက သေရမှာကို လုံးဝ မကြောက်သလိုပဲ။ သူမက သေခြင်းတရားကို မကြောက်ပေမယ့် သူကတော့  သူမကို အန္တရာယ် ကျရောက်စေမှာ မဟုတ်ပါဘူး။

သူမက နတ်ဆေးသမားတော် ဖြစ်နေလို့သာမကပဲ သူမက ကျိရှောင်ယင်ရဲ့အစ်မလည်း ဖြစ်နေတာကြောင့်ပါပဲ။

စူးချင်းက သူမ အပြင်မထွက်နိုင်တော့မှန်း သိသွားသဖြင့် ခေါင်းညိတ်ပြကာ အပေါ်ထပ်သို့ ပြန်လှည့်သွားတော့သည်။

တာဝန်ခံ၏မျက်နှာကတော့ မှုန်ကုပ်ကုပ် ဖြစ်သွားရသည်။ သူ ညသန်းခေါင်မှာ မိုးမခကိုင်းတွေ သွားခုတ်ပြီး စစ်သူကြီးဝမ်ရဲ့လူတွေက သူကို လူမှားသတ်မိရင် သူ ဘယ်လိုလုပ်ရမလဲ?

စူးချင်းက တည်းခိုဆောင်၌ ပြဿနာတက်နေချိန်တွင် အခြားတစ်ဖက်တွင် ကျိရွှေရှန့်က ရွာသူရွာသားများနှင့်အတူ တစ်ညလုံး ခရီးနှင်လာခဲ့သည်။ သူက သူ့ညီမလေးနှင့် စူးချင်းအတွက် စိတ်ပူနေသောကြောင့် ကျင်းချန်သို့ အမြန်ဆုံးရောက်ရန် စိတ်စောနေသည်။

သူက မြန်မြန် သွားချင်နေသော်လည်း အဖွဲ့တွင် ရှိနေသည့်  အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများက သည်းမခံနိုင်တော့ပေ။ နောက်ဆုံးတွင် သူတို့က လမ်းဆက်မလျှောက်နိုင်တော့ဘဲ ကျင်းချန်နှင့် လီနှစ်ဆယ်အကွာတွင် ရပ်တန့်ကာ အနားယူနေကြရသည်။

ဤနေရာက တောဟု ဆိုနိုင်သောလည်း ပြန့်ပြူးနေပြီး ချုံပင်၊မြက်ပင်လောက်သာ ရှိနေသောကြောင့် ဤနေရာတွင် ဘေးဒဏ်သင့်ခံရသူများစွာ စုဝေးနေပြီ ဖြစ်သည်။ အချို့က ထမင်းချက်ရန် အိုးများ ပြင်ဆင်နေပြီး အချို့က အစားအစာ ရှာဖွေနေကြသည်။ သူတို့အားလုံး မောပန်းနွမ်းနယ်နေကြသော်လည်း အစားအစာ ရှာနိုင်ရန် ပြေးလွှားနေကြရဆဲပင်။

သူတို့အဖွဲ့မှ လူတိုင်း မလှုပ်ရှားနိုင်တော့သောကြောင့် ကျိရွှေရှန့်က ရပ်တန့်ပြီး စခန်းချမည်ဟု ဆုံးဖြတ်လိုက်သည်။ အဖွဲ့တစ်ခုလုံး အခြေချပြီးနောက် သူက ချိုးယုံခန်းကို သူ့ဘေးနားသို့ လာရန် လှမ်းခေါ်လိုက်သည်။

"ယုံခန်း၊ ငါ ဒီနေရာကို မင်းနဲ့ ထားခဲ့လိုက်မယ်။ ငါ ကျင်းချန်ကို အမြန်သွားမှ ဖြစ်မယ်။ ရှောင်ယင်နဲ့ စူးချင်းက အဲ့ဒီမှာ စောင့်နေလိမ့်မယ်”

"ရပါတယ်၊ မင်း သွားလေ"

ချိုးယုံခန်းက ခေါင်းညိတ်သဘောတူလိုက်သည်။ ရွှေရှန့် တစ်ရွာလုံးအတွက် လုပ်ပေးခဲ့တာမှာ လုံလောက်နေပါပြီ။ ရှောင်ယင်က ရွှေရှန့်ရဲ့တစ်ဦးတည်းသောမိသားစုဝင်လေ။ သူမ တစ်ခုခုဖြစ်သွားခဲ့ရင် ရွှေရှန့် ဘယ်လို တောင့်ခံနိုင်ပါ့မလဲ?

"အစ်ကိုကြီး၊ အစ်ကိုရွှေရှန့်၊ အစားအသောက်တွေ အဆင်သင့်ဖြစ်ပြီ"

စူးချင်း အနားတွင် မရှိသောကြောင့် ချိုးယွဲ့က သူမ၏တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်နေသလို ခံစားနေရပြီး သူမ၏ပုံမှန် နူးညံ့သိမ်မွေ့မှုကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သူမက သူတို့ဆီသို့ လျှောက်လာပြီး ကျိရွှေရှန့်ကို အပြုံးလေးဖြင့် ပြောလိုက်သည်။

အကိုကြီးနဲ့အတူ ရှိနေတာဆိုတော့ အစ်ကိုရွှေရှန့်က ထွက်သွားလို့ရမှာ မဟုတ်ဘူးလေ။

ချိုးယွဲ့က သူမ၏လှပသော မျက်လုံးကြီးများကို ကျယ်ကျယ်ဖွင့်ထားပြီး ကျိရွှေရှန့်ကို ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

အဘိုးက ဒီည သူမတို့ရဲ့အိမ်ထောင်ရေးအကြောင်း ပြောလိမ့်မယ်။ အဘိုးက ပြောတာဆိုရင် အစ်ကိုရွှေရှန့်က သေချာပေါက် သဘောတူမှာပဲ။

ထိုသို့ တွေးလိုက်ရုံဖြင့် ချိုးယွဲ့၏နှလုံးသားက ရွှင်လန်းလာခဲ့သည်။

"ငါ မစားတော့ဘူး၊ ငါ ရှောင်ယင့်ကို သွားရှာရမယ်"

ကျိရွှေရှန့်က ခပ်ပြတ်ပြတ် ငြင်းဆန်လိုက်သည်။ အကယ်၍ ချိုးယုံခန်းသာ ဤနေရာတွင် ရှိမနေပါက ကျိရွှေရှန့်က ချိုးယွဲ့နှင့် သူကို သံသယ အဝင်မခံရစေရန် ရှောင်ထွက်သွားမည် ဖြစ်သည်။

ကျိရှောင်ယင်ကို လိုက်ရှာမည်ဟု ကြားသောအခါ ချိုးယွဲ့က စိုးရွံ့လာပြန်သည်။ အဲမှာ ကျိရှောင်ယင်တင်မကပဲ စူးချင်းလည်း ရှိနေတယ်လေ။

အစ်ကိုရွှေရှန့်က စူးချင်းကို လိုက်ရှာမည်ကို မလိုလားသောကြောင့် သူမ အလျင်စလို ပေါက်ကွဲသွားပြီး ယောင်ဝါးဝါး ပြောလိုက်သည်။

သူ(မ)က သူဌေးရဲ့ရထားလုံးပေါ်ကို ပါသွားတာပဲ၊ အန္တရာယ် မရှိနိုင်ပါဘူး”

ကျိရွှေရှန့်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။ သူက ချိုးယွဲ့ကိုပင် မကြည့်တော့ဘဲ ချိုးယုံခန်းကိုသာ ထပ်ပြောလိုက်သည်။

"ငါ သွားတော့မယ်"

သူက ပြတ်ပြတ်သားသား ထွက်သွားသည်ကို မြင်လိုက်သောကြောင့်  ချိုးယွဲ့က ကျိရွှေရှန့်၏နောက်ကျောကိုသာ  မြင်လိုက်ရပြီး သူမက စိုးရိမ်တကြီး ခြေစောင့်ကာ သူမ၏အစ်ကိုကြီးကို အပြစ်တင်လိုက်တော့သည်။

အစ်ကိုကြီး၊ အစ်ကိုရွှေရှန့်ကို ဘာလို့ လွှတ်လိုက်တာလဲ? ညဘက်မှာ တစ်ယောက်တည်း သွားတာက အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးလား?”

ချိုးယုံခန်းက သူ့၏ညီမကို ကူကယ်ရာမဲ့ ပြန်ကြည့်လိုက်သည်။

"ချိုးယွဲ့၊ ရွှေရှန့်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုခံစားရဆိုတာကို ငါ သိတယ်၊ ဒါပေမယ့် ရွှေရှန့်က မင်းကို ညီမလေးလိုပဲ ဆက်ဆံတယ်။ မင်း ပြသနာမရှာနဲ့တော့၊ မဟုတ်ရင် မင်း ဒီမောင်နှမဆက်ဆံရေးကိုတောင် မရနိုင်ဖြစ်သွားလိမ့်မယ်"

"ညီမလေးက အစ်ကိုကြီးရဲ့ညီမအရင်း မဟုတ်ဘူးလား? အစ်ကိုကြီးက ညီမလေးကို လုံးဝ မကူညီဘူး"

ချိုးယွဲ့က ရှက်လည်းရှက်နေသလို ဒေါသလည်းထွက်နေသောကြောင့် သူမကခြေထောက်ကို စောင့်နင်းရင်း မျက်ရည်များဝဲကာ ထွက်ပြေးသွားတော့သည်။

ထောင်ဟွားဝူမှ လူများ၏ဝန်ထုပ်ဝန်ပိုးကြီး မရှိသောကြောင့် ကျိရွှေရှန့်က လီဒါဇင်ပေါင်းများစွာကို ကျော်ဖြတ်ရန် နှစ်ရှီးချန်သာ အချိန်ယူခဲ့ရသည်။ ကျင်းချန်၏မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားသော မီးပုံးများကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က သူ့၏အရှိန်ကို ထပ်မြှင့်လိုက်သည်။

"ဘယ်သူလဲ?"

✍️✍️✍️