Chapter 80 အက်ကွဲသွားသော စိတ်ကူးယဥ်အိမ်မက်
Viewers 17k

အခန်း ၈၀ အက်ကွဲသွားသော စိတ်ကူးယဥ်အိမ်မက်

"ရွှေရှန့်၊ ရှင် ရထားလုံး မောင်းပေး"

စူးချင်းက သူမလက်ထဲမှ ကြာပွတ်ကို ကျိရွှေရှန့်ထံ လှမ်းပေးလိုက်သည်။ သူမက သူ့ကို ရထားလုံးကို မောင်းခိုင်းနေပုံပေါ်သော်လည်း သူမက သူကို လမ်းလျှောက်စေချင်ဘဲ များများအနားယူစေလိုကြောင်း ကျိရွှေရှန့်က နားလည်နေသည်။

"ကျေးဇူးပဲ"

ကျိရွှေရှန့်က ကြာပွတ်ကို လှမ်းယူလိုက်ပြီး တိုးညှင်းသောအသံဖြင့် စူးချင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

“…”

ခဏအကြာတွင် စူးချင်းက သူ့ကို ငုံ့ကြည့်ကာ ပေါ့ပါ့ပါးပါး ထပ်ပြောလိုက်သည်။

ကျွန်မမှာ ရှင့်ကို ဆေးခပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး”

တနည်းအားဖြင့် ပြောချင်တာက “ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်ကို ဆေးမခပ်သင့်ဘူး”

ကျိရွှေရှန့်က စူးချင်းဘက်မှ ထိုသို့ စပြောမည်ဟု မမျှော်လင့်ထားသော်လည်း သူမ စိတ်သက်သာရာရရန် ပြုံးပြလိုက်ပြီး "ငါ နားလည်ပါတယ်။ မင်းရဲ့ကြိုးစားပေးမှုအတွက်လည်း အများကြီး ကျေးဇူးတင်တယ်။ မင်း အဲ့လို မလုပ်ခဲ့ရင် ငါ အမှားကြီး မှားသွားနိုင်တယ်"

စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

သူမ တခြားသူတွေကို ဘယ်တုန်းကမှ တစ်ခါမှ မရှင်းပြခဲ့ဖူးဘူး။ ဒါက သူမရဲ့သမိုင်းမှာ တောင်းပန်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။

စူးချင်းက ကျိရွှေရှန့်နှင့် စကားဆက် မပြောတော့ဘဲ ရထားလုံး၏ကန့်လန့်ကာကို ဆွဲဖွင့်ကာ အထဲသို့ ဝင်သွားပြီး အကျအန ထိုင်နေလိုက်သည်။ ရာသီဥတုက အရမ်းပူနေပြီး ကန့်လန့်ကာက ရထားလုံး၏အတွင်းပိုင်းကို ပူလောင်မွန်းကျပ်နေစေသောကြောင့် စူးချင်းက လေဝင်စေရန် ကန့်လန့်ကာကို စုချည်ထားလိုက်သည်။

အကိုကြီး၊ ဒီမုန့်က အရမ်း အရသာရှိတယ်။ သားက အစ်ကိုကြီးအတွက် ပေးမယ်"

ရှောင်ဟူလေးက မုန့်ကို တစ်ကိုက်သာကိုက်ထားပြီး ကျန်မုန့်ကို စားရန် ဝန်လေးနေခဲ့သည်။ စူးချင်း အထဲသို့ ဝင်ထိုင်လိုက်သည်ကို တွေ့သောအခါ သူက ရတနာလေးတစ်ခု လက်ဆောင်ပေးနေသလိုမျိုး စူးချင်းကို မုန့် လှမ်းပေးလိုက်သည်။ ရှောင်ဟူလေးက ထက်မြက်သောကြောင့် စူးချင်းက သူမကို ‘အစ်မကြီး’ ဟု မခေါ်စေချင်ကြောင်းပင် သတိရနေသေးသည်။

"ကျေးဇူးပဲ"

စူးချင်းက ကလေး၏ မျက်လုံးများမှ ဖြူစင်သော ချစ်ခြင်းမေတ္တာနှင့် လေးစားမြတ်နိုးမှုများကို မြင်နေရပြီး သူက သူမကို သူ့၏အရင်းနှီးဆုံး ဆွေမျိုးအဖြစ် ဆက်ဆံနေကြောင်း သူမ နားလည်လိုက်သည်။ သူမက သူမခေါင်းကို ငုံ့ကာ မုန့်ကို ကိုက်လိုက်ပြီး ရှောင်ဟူလေး ကိုက်ထားသည့်မုန့် ဖြစ်နေသောကြောင့် မနှစ်သက်ခြင်းမျိုးလည်း လုံးဝ မရှိဘဲ ရှောင်မနေတော့ပေ။

အရင်တုန်းကဆိုရင် ဒါက လုံးဝ မဖြစ်နိုင်ပေမယ့် အခုချိန်မှာတော့ သူမမှာ ဘာဒေါသမှ လုံးဝ မရှိတော့ဘူး။

ချိုးယွဲ့က သူမ၏လေးလံသော ခြေထောက်များကို ဆွဲယူနေကာ အဖွဲ့နှင့်အတူ စက်ရုပ်ကဲ့သို လမ်းလျှောက်နေခဲ့သည်။ စူးချင်းက ကျိရွှေရှန့်အား ရထားလုံးမောင်းခိုင်းနေသည်ကို မြင်လိုက်ချိန်တွင် သူမ ဒေါသ ထွက်သွားပြီး သူမ၏မျက်နှာက  ဒေါသကြောင့် ဖြူဖျော့သွားသော်လည်း စူးချင်းကို ပြသနာမရှာရဲသောကြောင့် သူမ၏အဖိုးထံသို့ ပြေးသွားလိုက်သည်။

အဖိုး၊ စူးချင်းက ဘယ်လောက်တောင် အရှက်မဲ့လဲဆိုတာ ကြည့်ပါဦး။ သူ(မ)က အစ်ကိုရွှေ့ရှန့်ကို ရထားလုံးမောင်းခိုင်းနေတယ်၊ သူ့ကိုယ်သူ သခင်မလေးလို့ ထင်နေတာလား? သူ(မ)က စွန့်ပစ်ခံရတဲ့ မိန်းမပဲ”

မနာလိုစိတ်က သူမမျက်နှာကို ရုပ်ဆိုးနေစေသည်။ ရွာလူကြီးချိုးက သူ၏ ထူးဆန်းသော မြေးမလေးကို စိုက်ကြည့်နေကာ သူမကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

"ချိုးယွဲ့၊ မင်းက စူးချင်းလောက် အမြင်မကျယ်ဘူး။ သူ(မ)က ရွှေရှန့်ကို ရထားလုံး မောင်းခိုင်းတယ်တဲ့လား? အဲ့ဒါ သူ(မ)က ရွှေရှန့်ကို ကောင်းကောင်းအနားယူစေချင်လို့ပဲ၊ လမ်းလျှောက်ရတာနဲ့ ရထားလုံးမောင်းရတာက တူလို့လား? မင်း စူးချင်းကို ထပ်ပြီး ဆူပူကြိမ်းမောင်းနေတာကို ငါ ထပ်ကြားရရင် မင်းကို အိမ်အပြင် ထုတ်ပစ်မယ်၊ အဲ့အချိန်ရောက်လာမှ ငါ့ကို အပြစ်မတင်နဲ့"

နောက်ပိုင်းတွင် အဘိုးကြီးက သူ့အသံကို လျှော့ချလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ  နောက်ဆုံးတွင် သူက သူ့မြေးမလေး၏မျက်နှာကို ထိန်းသိမ်းပေးရန် ဆန္ဒရှိနေဆဲပင်။ သူမက မနာလိုဝန်တိုစိတ်များသော မိန်းခလေးဟု သတင်းပြန့်နှံ့သွားပါက နောင်တွင် သူမ အိမ်ထောင်ပြုရန် ပြဿနာဖြစ်လာနိုင်သည်။ အိမ်ထောင်ရှင်အမျိုးသမီးကြီးများတွင် အများစုက မနာလိုခြင်းကို မုန်းတီးကြသည်။

"အဖိုး၊ ကျွန်မက ဘာလို့ အဲ့လို မပြောနိုင်ရမှာလဲ? သူ(မ)က ကွာရှင်းထားတဲ့ မိန်းမဖြစ်နေတာတောင်မှ အစ်ကိုရွှေရှန့်နဲ့ တနေကုန် ပရောပလုပ်နေတယ်၊ ကျွန်မ မပြောဘဲ နေလို့ရမလား? ကျွန်မက အစ်ကိုရွှေရှန့်နဲ့ …”

ချိုးယွဲ့က သူမ၏အဘိုးဖြစ်သူကို အလွန်စိတ်ဆိုးနေပြီး သူမ၏အဘိုးက စူးချင်းကြောင့် သူမကို မိသားစုမှ ထုတ်ပစ်ချင်နေကြောင်း သိလိုက်ရသောအခါတွင် သူမ၏ စကားများက ပို၍ မနှစ်မြို့ဖွယ်ရာ ဖြစ်လာရသည်။ အဆုံးစွန်သောအားဖြင့် သူမက ကျိရွှေရှန့်နှင့် စေ့စပ်ကြောင်းလမ်းလိုက်လျှင် စူးချင်းက ကျိရွှေရှန့်ကို သွေးဆောင်သောအခါ သူမ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိသည်ဟုပင် ပြောချင်နေခဲ့သည်။

"မင်းက ရွှေရှန့်နဲ့ မထိုက်တန်ဘူး၊ ဒါကြောင့် ဒီအတွေးတွေကို ထုတ်လိုက်တော့"

ရွာလူကြီးချိုးက သူ့မြေးမလေးကို စိတ်ပျက်လက်ပျက် ကြည့်နေရင်း ပြတ်ပြတ်သားသား ထိုးနှက်လိုက်သည်။

"ကျင့်ရှီလျိုမြောင်ကို ရောက်လို့ အခြေချပြီးတာနဲ့ မင်းအတွက် ခင်ပွန်းရှာပေးမယ်။ အရွယ်ရောက်လာတဲ့သမီးပျိုကို အိမ်မှာထားလို့ မရတော့ဘူး”

ချိုးယွဲ့က ဝမ်းပန်းတနည်း နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နေသည်။ သူမက သူမ၏အဘိုးကို စောဒကတက်လိုက်သည်။

အဖိုး၊ ကျွန်မကမှ အဖိုးရဲ့မြေးပါ။ ဘာလို့ စူးချင်းကို ဒီလောက်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေရတာလဲ?”

"မင်း နောက်တစ်ခွန်းထပ်ပြောရင် ငါ မင်းကို အခု ချက်ချင်း ရောင်းထုတ်ပစ်မယ်"

ရွာလူကြီးချိုးက မပြတ်သားခြင်းက မငြိမ်မသက်ဖြစ်မှုကိုသာ ဦးတည်စေနိုင်ကြောင်း သိထားပြီး  သူ ဆုံးဖြတ်ချက်မချပါက ပရမ်းပတာဖြစ်လာမည့် ဒဏ်ကို ခံရတော့မည်ဖြစ်ကြောင်း သိနေခဲ့သည်။ ထို့ကြောင့် ချိုးယွဲ့အား ကျိရွှေရှန့်ကို လက်လျှော့ပြီး သူမ၏အိပ်မက်ကို ရပ်တန့်ရန် ပြေနေခဲ့ခြင်း ဖြစ်သည်။

"အဖေ၊ ဘာဖြစ်လို့လဲ? အဖေက  ချိုးယွဲ့နဲ့ ရွှေရှန့်ကို အတူတူ မနေစေချင်ဘူးလား?"

ချိုးယွဲ့က သူ့အမေ၏ ရင်ခွင်ထဲသို့ လဲကျသွားပြီး ရှိုက်ကြီးတငင် ငိုနေသောကြောင့် အဒေါ်ချိုး၏နှလုံးသားက နာကျင်လာပြီး သူမသမီး၏ကိုယ်စား သူမ၏ယောက္ခမကို သွားမေးလိုက်သည်။

"ပိုင်ကျို့ရှန်း အသက်ရှင်နေသေးတဲ့ အချိန်တုန်းက ငါ သူ့ကို တစ်ကြိမ် အကြံပြုခဲ့ပေမယ့် ပိုင်ကျို့ရှန်းက သဘောမတူခဲ့ဘူး။ အဲဒီတုန်းက သူက ကလေးတွေ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးခဲ့ပေမယ့် သူ မလိုလားဘူးဆိုတာ ငါ သိတယ်။ သူက ငါ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ပြတ်ပြတ်သားသား မငြင်းခဲ့တာ”

ရွာလူကြီးချိုးက သက်ပြင်းချလိုက်သည်။

တကယ်တော့ ချိုးယွဲ့သာ ရွှေရှန့်နဲ့ လက်ထပ်နိုင်ရင် ဒါက ကောင်းမွန်တဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် အဲ့တုန်းက ပိုင်ကျို့ရှန်း ဒီအိမ်ထောင်ရေးကို ဘာကြောင့် သဘောမတူခဲလဲဆိုတာကို သူ ရုတ်တရက် နားလည်သွားပြီ။ ရွှေရှန့်က အရမ်းတော်တဲ့ ကလေးဖြစ်ပြီး ပိုင်ကျို့ရှန်းက သူ့ကို အရမ်းချစ်တယ်။

အဖေ၊ ထပ်ကြိုးစားကြည့်ရအောင်၊ ရွှေရှန့်ကလည်း ချိုးယွဲ့ကို သဘောကျနေရင် ဘယ်လိုလုပ်မလဲ? သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက သိကျွမ်းလာတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ မရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ချိုးယွဲ့ကို လက်လျှော့ခိုင်းဖို့ အတင်း ဖိအားမပေးပါနဲ့"

အဒေါ်ချိုးက သူမ၏ယောက္ခမကို အသံတိုးတိုးဖြင့် တောင်းပန်နေပြီး သူမသမီးလေး၏ပျော်ရွှင်မှုအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးနေခဲ့သည်။

"ချိုးယွဲ့အပေါ်ထားတဲ့ ရွှေရှန့်ရဲ့သဘောထားကို မင်း မမြင်ဘူးလား? ဘာကြောင့် ကိုယ့်ကိုယ်ကို အရှက်ကွဲခံနေမှာလဲ? မင်းတို့ မျက်နှာ အပျက်ခံပြီးမှ ရွှေရှန့်ကို ပိုဝေးသွားအောင် တွန်းထုတ်ချင်နေတာလား?"

လူအိုကြီးချိုးက သူ့ချွေးမကို ကဲ့ရဲ့ရှုတ်ချသည်။ ရွှေရှန့်ကို လက်ထပ်ဖို့ သွားပြောဖို့ ဆိုတာက သူ့အတွက်တောင် ခက်ခဲနေမှာ သေချာတယ်၊ ရွှေရှန့်လိုမျိုး ထောင်ဟွားဝူရဲ့ခေါင်းဆောင် ဖြစ်ရလောက်အောင် ထက်မြက်တဲ့ အမျိုးသားတစ်ယောက်က ချိုးယွဲ့ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။

အဆင်မပြေတာတွေ ဖြစ်လာရင် ရွှေရှန့်က စူးချင်းနဲ့ သူ့ညီမလေးကို ခေါ်ပြီး  ထောင်ဟွားဝူအဖွဲ့ကနေ အဝေးကို ထွက်သွားလိမ့်မယ်။ ရွှေရှန့်က ထောင်ဟွားဝူအဖွဲ့ မရှိဘဲ ရှေ့ဆက်နိုင်ပေမယ့် ထောင်ဟွားဝူအဖွဲ့ကတော့  ရွှေရှန့်မရှိဘဲ  ရှေ့မဆက်နိုင်တာကို သူ ရှင်းရှင်းလင်းလင်း သိနေပါတယ်။

ရွှေရှန့်ရဲ့ ကာကွယ်မှု မရှိရင် ထောင်ဟွားဝူအဖွဲ့က ရွာသားတွေလည်း တခြားဒုက္ခသည်တွေလိုမျိုး ဖြစ်နေလိမ့်မယ်။ အစာရေစာ မရှိဘဲ အနိုင်ကျင့်ခံရလိမ့်မယ်။

အဒေါ်ချိုးက ယောက္ခမဖြစ်သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံလိုက်ရသည့်အတွက် သူမ၏ခေါင်းကို ငုံ့ချထားလိုက်သည်။ တကယ်တော့ ရွှေရှန့်က ထောင်ဟွားဝူမှာကတည်းက ချိုးယွဲ့ကို သူ့ရဲ့ညီမလေးလိုပဲ ဆက်ဆံခဲ့တာကို သူမလည်း ကောင်းကောင်းသိပါတယ်။ သူမတို့ ထွက်ပြေးလာပြီးတဲ့နောက်မှာ ချိုးယွဲ့ရဲ့လုပ်ရပ်တွေက ရွှေရှန့်ကို သူမနဲ့ ပိုဝေးကွာသွားစေခဲ့တယ်။ အခုဆိုရင် ရွှေရှန်းက ချိုးယွဲ့နဲ့ နှစ်ယောက်တည်း စကားပြောချင်စိတ်တောင် မရှိတော့ဘူး။ သူက ချိုးယွဲ့အပေါ်မှာ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်အပေါ်ထားတဲ့ ခံစားချက်မျိုး လုံးဝ မရှိဘူး။

ဒါပေမယ့် ချိုးယွဲ့က ငယ်ငယ်ကတည်းက ရွှေရှန့်ကို ချစ်ခဲ့တာလေ။ သူမ သူ့ကို လက်မထပ်နိုင်ရင် အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားလိမ့်မယ်။

ချိုးယွဲ့က သူ့အမေပြန်လာသည်ကို မြင်လိုက်ပြီး သက်ပြင်းချလိုက်ကာ သူမ စိုးရိမ်နေမိသည်။

သူမရဲ့အမေတောင် သူမကို မကူညီနိုင်တော့ဘူးလား?

သူမ မနေ့ကမှ သူမအဖိုးက သူမနဲ့ အစ်ကိုရွှေရှန့် လက်ထပ်ဖို့ ပြောပေးမှာကို ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းနေခဲ့တာလေ၊ ဒီနေ့ သူမ ရေအေးနဲ့ အလောင်းခံလိုက်ရတာလား?

စူးချင်းကတော့ ချိုးယွဲ့ ဘာတွေတွေးနေမှန်း မသိဘဲ သူမ၏ ရထားလုံးပေါ်၌ မပျင်းမရိ အလုပ်ကြိုးစားနေခဲ့သည်။ သူမက သူမ၏လက်မှုပညာတွင် နှစ်မြုပ်နေပြီး အထည်စများထဲမှ ပိုကြီးသောအစများကို ရွေးထုတ်ကာ အ‌ရောင်တူသောအပိုင်းများကို တွဲချုပ်လိုက်ပြီး  ရှောင်ချီပေးသည့် ဒီဇိုင်းအတိုင်း ညှပ်ပြီး ပြန်ချုပ်နေခဲ့သည်။

ကျိရွှေရှန့်က ရထားလုံးကို ခပ်မှန်မှန် မောင်းနှင်နေခဲ့ပြီး ရထားလုံးမခုန်စေရန် အဖုအထစ်များ၊ တွင်းပေါက်များရှိသည့်နေရာများတွင် မြင်း နှေးကွေးသွားစေရန် ဇက်ကြိုးကို အလျော့အတင်း လုပ်ပေးနေသည်။ သို့သော်လည်း တစ်ခါတရံတွင် ရထားလုံးက ဘယ်ညာ ယိမ်းနွဲ့နေဆဲဖြစ်သည်။

ကျိရှောင်ယင်နှင့် ကလေးများက တလှုပ်လှုပ်ဖြစ်နေသော ရထားလုံးပေါ်တွင် အိပ်ပျော်နေကြပြီး စူးချင်း၏ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါနေသော်လည်း သူမ၏လက်များကတော့ အဝတ်များကို ချုပ်လုပ်နေဆဲဖြစ်သည်။

ရထားလုံးက ထျဲကြွယ်တောင်၏ ပတ်ဝန်းကျင်သို့ ရောက်လာချိန်တွင် သူမ၏ချုပ်နေသော အဝတ်အထည်လေးများ ပြီးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စနစ်၏ရွှင်မြူးနေသော အသံက စူးချင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။

[ဂုဏ်ယူပါတယ် Host... သင်ရဲ့ ရက်လုပ်ခြင်းကျွမ်းကျင်မှုကို အဆင့် ၂ ဆင့် မြှင့်တင်နိုင်လိုက်ပါတယ်။ သင်ရဲ့ဝိညာဉ်စွမ်းအား၊ ကာယကြံ့ခိုင်မှုနဲ့ စစ်နတ်ဖုရားစွမ်းရည်တွေအားလုံးကို အဆင့် ၂၀ ကို တိုးမြှင့်လိုက်ပါတယ်]

စူးချင်းက သူမလက်ထဲမှ အဝတ်အစားများကို ကြည့်နေပြီး သူမ၏ပါးစပ်ထောင့်က အနည်းငယ် တွန့်ကွေးနေကာ သူမ၏မျက်လုံးထဲတွင် အပြုံးရိပ်များ လင်းလက်နေသည်။

သူမက အပ်ချုပ်ဖို့ အရည်အချင်း မရှိဘူးလား? ပန်းထိုးဖို့ကရော ဖြစ်နိုင်ပါ့မလား?

စူးချင်းက ရှောင်ချီကို သူမအတွက် ကျားပုံစံ ရှာခိုင်းလိုက်ပြီး ရှောင်ချီက ကျားပုံစံပန်းထိုးဒီဇိုင်းများကို ရှာဖွေရန်  သူမ၏ခြေထောက်တိုတိုလေးများဖြင့် စနစ်၏ဖန်သားပြင်ဆီသို့ ပြေးသွားတော့သည်။

စူးချင်းက ရုတ်တရက် ပြဿနာတစ်ခုကို ထပ်တွေးလိုက်မိသည်။ သူမ ပန်းထိုးအပ်တွေနဲ့ ပိုးထိုးချည်တွေ မဝယ်ခဲ့မိဘူးပဲ။  ကျားပုံလေး ပန်းထိုးချင်တဲ့ သူမရဲ့စိတ်ကူးကိုတော့ အကောင်အထည် မဖော်နိုင်လောက်တော့ဘူး။

[Host က အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာကြောင့် ဆုရရှိပြီး ဆုကြေးက ရောင်စုံပန်းထိုးချည်တစ်ထုတ်၊ ပန်းထိုးအပ်တစ်ချောင်းနဲ့ ပန်ထိုးကွင်း တစ်ခုပါ]

စူးချင်းက သူမ၏အကြံကို စွန့်လွှတ်ခါနီးတွင် စနစ်၏အသံ ထပ်ထွက်လာပြီး အသံမြည်လာပြန်သည်။ စူးချင်းက ပြုံးနေပြီး စနစ်က သူမအပေါ် ပို၍ နားလည်သဘောပေါက်လာသည်ကို သူမ ရိပ်မိလာသည်။ ၏

စနစ်က သူမလိုအပ်တာကို အမြဲ သိပြီး သူမဆီကို အမြန်ပို့ပေးတက်တယ်။

စနစ်က စူးချင်း၏ ချီးကျူးမှုကို ခံစားနိုင်ခဲ့သည်။

[သင့်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် Host။ ကျွန်ုပ်က သင့်ကို ဆက်ပြီး ဝန်ဆောင်မှုပေးပါ့မယ်!]

"မဆိုးဘူး"

စူးချင်းက ထပ်ချီးကျူးလိုက်သည်။ ယခင်က ‌အေးစက်ခဲ့ဖူးသော စစ်နတ်ဘုရားစနစ်က   ယခုအခါ သူကိုယ်တိုင် မီးရှူးမီးပန်းများကဲ့သို့ တောက်လောင်နေတော့သည်။

ငါတို့ ထျဲကြွယ်တောင်ကို ရောက်ပြီ။ အားလုံးပဲ ဒီမှာ အနားယူကြမယ်၊ မီးမွေးပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ကြတော့”


✍️✍️✍️