အပိုင်း ၄၈
Viewers 23k

Chapter 48

စွပ်ပြုတ်ထဲမှ ​ပေါင်မုန့်ပြား


ထန်​ချောင်း​ချောင်းနှင့် ရှန်းယွဲ့တို့က အစားအ​​သောက်​ကောင်း​လေးများကို စားခဲ့ကြသည်။


သို့​သော်လည်း ရက်အနည်းငယ်အကြာတွင် ထန်​ချောင်း​ချောင်းက ရိုက်ကူး​ရေးအဖွဲ့နှင့် ပူး​ပေါင်းရမည် ဖြစ်သည်။ ဒီတစ်ကြိမ်တွင် တစ်ရက် ,နှစ်ရက်ထက်မက ကြာနိုင်ပေသည်။


.............


"​ရရဲ့လား"


"အဆင်​ပြေပါတယ်"


"ဒီ​နေရာလား"


"​အောက်ကို နည်းနည်း​လောက်"


"ဒီ​နေရာလား... ကျွန်မ ပြင်းပြင်း​လေး နှိပ်​ပေးရမလား"


"အင်း... ပြင်းပြင်း​လေး လုပ်လိုက်"


"ခံစားရလား"


"မရဘူး"


ထန်​ချောင်း​ချောင်းက ရှန်းယွဲ့၏ ​ခြေသလုံးကို ရိုက်လိုက်၏။ 


"ဘာခံစားချက်မှ မရဘူးဆိုလဲ ဘာလို့ ခပ်ပြင်းပြင်း နှိပ်ခိုင်း​နေရတာလဲ"


"မင်းသာ ပြင်းပြင်း မနှိပ်ရင် ငါ ခံစားရမရ ဘယ်လိုသိနိုင်မှာလဲ" 


ရှန်းယွဲ့က ​နောက်မှီခုံ​လေးတွင် လဲ​လျောင်း​နေပြီး ဖျာ​​ပေါ်ကို ​ခြေ​​ထောက်များ ဆန့်ထုတ်ထားကာ ထန်​ချောင်း​ချောင်း၏ လက်​က​လေးများ သူ့​ခြေ​ထောက်​ပေါ်တွင် စန္ဒယားတီးသကဲ့သို့ ကခုန်​နေသည်ကို ကြည့်လို့​နေသည်။


ထန်​ချောင်း​ချောင်းက မျက်​မှောင်ကြုပ်ကာ ပွစိပွစိ ​ပြော​နေ​လေ၏။


 "မဟုတ်​သေးဘူး...ကျွန်မ ရှင့်ကို အပ်စိုက်တာ​ရော နှိပ်တာ​ရော အကြိမ်အများကြီး လုပ်​ပေးပြီးပြီကို ဘာလို့ ရှင် ဘာမှ မခံစားရတာလဲ"


သူမက ဝိဥာဏ်စွမ်းအား​တွေ လုံ​လုံလောက်​လောက် မထည့်​ပေးမိတာလား... မဟုတ်ရင် သူက အသီးအရွက်​တွေကို လုံလုံ​​လောက်​လောက် မစားရ​သေးလို့လား...


ရှန်းယွဲ့က အမှန်တကယ်တွင်မူ ခံစား၍ရ​နေပါ၏။ သို့​သော်လည်း အနည်းငယ်မျှ အား​ပျော့​နေ​သေးသည်။ မကြာ​သေးမီက ညစဥ်ညတိုင်းတွင် သူငယ်ရွယ်စဥ်က ဖွံ့ဖြိုးဆဲ အ​ခြေအ​နေကို ပြန်​ရောက်သွားသကဲ့သို့ သူ့​ခြေ​​ထောက်ဆီမှ အနည်းငယ် တစစ်စစ် ဖြစ်​သော အထိအ​တွေ့ကို ခံစား၍ ရ​နေခဲ့သည်။


သို့​သော်လည်း ထန်​ချောင်း​ချောင်းက သူ​ပျောက်ကင်းသွားသည်နှင့် တစ်ခုခုဖြစ်လာ​တော့မကဲ့သို့ သူ့​ခြေ​ထောက် ပြန်လည်သက်သာ​ရေး လုပ်ငန်းစဥ်ကိုသာ အ​ရေးတကြီး အာရုံစိုက်​နေသဖြင့် သူမကိုလည်း မ​ပြောပြချင်ခဲ့​ပေ။


"ကျွန်မ ​ဒေါက်တာလျူကို လာပြီး ရှင့်အတွက် စမ်းသပ်ချက်ချက်​တွေ လုပ်​ပေးဖို့ ​ခေါ်လိုက်မယ်"


 ထန်​ချောင်း​​ချောင်းက ဖြည်းညှင်းစွာ ​ပြောလိုက်သည်။


​ဒေါက်တာလျူက ရှန်းယွဲ့​၏ ​ခြေ​ထောက် ကုသ​ရေး ဖြစ်စဥ်တစ်ခုလုံးတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်း​သော တရုတ်ပြည်မှ ဆရာဝန်ဖြစ်သည်။ သူက ရှန်းယွဲ့၏ အ​ခြေအ​နေကို ​ကောင်းစွာ သိ​ပေသည်။


"အကျယ်ချဲ့မ​နေနဲ့​တော့" ရှန်းယွဲ့က ခပ်မတ်မတ် ထိုင်လိုက်သည်။ 


"ငါ အကြိမ်အများကြီး ​ပြောခဲ့ပြီးပြီ... ငါဆရာဝန်နဲ့ ပြမှာ မဟုတ်ဘူး"


"​ဒေါက်တာလျူကို စစ်​ဆေးခိုင်းလိုက်ပါလား... ဒါဆို ကျွန်မတို့လည်း ဒီကုသ​နေတဲ့ ကာလအတွင်းမှာ ရှင့်​ခြေ​ထောက်​တွေ သက်သာ လာမလာ သိရတာ​ပေါ့" 


သူမတွင် ဝိဥာဏ် စွမ်းအင် ရှိ​နေ​သော်လည်း သူ့ခန္ဓါကိုယ်မှ ​ပြောင်းလဲမှုများကို မျက်လုံးသက်သက်ဖြင့် မ​တွေ့နိုင်​ပေ။ သူမက ခွဲစိတ်ရာတွင် ကျွမ်းကျင်မှု မရှိ​သော​ကြောင့် ဆရာဝန်တစ်​ယောက်ကို ရှာ​ဖွေရန် လိုအပ်​ပေသည်။


ပို၍ အ​ရေးကြီးသည်မှာ ရက်အနည်းငယ်အတွင်း သူမက ရိုက်ကူး​ရေးလုပ်ရန် အခြား​နေရာသို့ သွားရ​တော့မည် ဖြစ်သည်။ အန်တီဝမ်ကလည်း အလုံးစုံ နားမလည် နိုင်​ပေ။သူမ ​ဒေါက်တာလျူကို ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းစဥ်အချို့တွင် ရှန်းယွဲ့အား ကူညီ​ပေးရန် ​တောင်းဆိုပြီးမှသာ စိတ်​အေးနိုင်မည် ဖြစ်သည်။


ရှန်းယွဲ့: "မလိုဘူး... မလုပ်နဲ့"


ထန်​ချောင်​ချောင်းက လက်မခံဘဲ ခပ်တင်းတင်း​ ​ပြောလိုက်သည်။ 


"ဒါဆို ကျွန်မ ရှင်စားဖို့ ဘာမှ လုပ်မ​ပေး​တော့ဘူး"


ရှန်းယွဲ့က ဆွံ့အသွား​လေပြီး ခေါင်းမာစွာဖြင့် သူမစားဘူးဟု ​​ပြောချင်​သော်လည်း မလုပ်နိုင်ခဲ့​ပေ။


သူ တစ်ခဏမျှ တိတ်ဆိတ်​နေပြီး​နောက် ​ပြောလိုက်သည်။ 


"မင်း လုပ်ချင်ရင်​တောင် သူ့ကို ပင့်မရမှာဘဲ စိုးရိမ်ရတယ်​​နော်"


"ဘာလို့လဲ... ​​ဒေါက်တာလျူက ရှင်တို့ရဲ့ မိသားစု ဆရာဝန် မဟုတ်ဘူးလား... ရှင် အမြဲတမ်း သူ့ကို မိသားစုလို ဆက်ဆံခဲ့တာပဲ မဟုတ်ဘူးလား"


"ဖြစ်ခဲ့ဖူးတာ" ရှန်းယွဲ့က သူ့ကိုယ်သူ ရယ်​မောလိုက်ပြီး ပြုံးလိုက်သည်။


 "ငါ သူ့ကို ဘဲ​အော်သံနဲ့ တူတယ်လို့ ​ပြောလိုက်လို့ သူဘယ်​တော့မှ ထပ်မလာ​တော့ဘူးလို့ ​ပြောခဲ့တယ်​လေ"


​ဒေါက်တာလျူနှင့် ရှန်းယွဲ့က အချိန်အ​တော်ကြာ သိကျွမ်းလာကြပြီး အထူးသဖြင့် ရှန်းယွဲ့၏ ဖခင်နှင့် ဖြစ်သည်။ သူက တစ်ချိန်တုန်းက တရုတ်ပြည်၏ အ​တော်ဆုံး ဆရာဝန် ဖြစ်ခဲ့သည်။ ယခုအချိန်တွင်ပင် အနားယူပြီးသည့်တိုင်​အောင် ​ဆေးကုသမှုများအတွက် အချို့​သော နာမည်ရ ​ဆေးရုံများဆီ သွား​လေ့ရှိ​နေ​သေးသည်။ ထိုသူက စမ်းသပ်ရန် ခက်ခဲ​သော ​ရောဂါများကို ​လေ့လာရသည်အား ကြိုက်နှစ်သက်လှသည်။ ထိုကဲ့သို့ အဆင့်မြင့် ဆရာဝန်များက စိတ်ဆတ်ကြပြီး လူနာများကလည်း သူ့စကားကို နား​ထောင်ရမည်ဟုသာ ​တွေးလေသည်။ လူနာကသာ သူ့ကို ပြဿနာ ရှာရဲပါက သူ့ စိတ်အ​ခြေအ​နေက လူနာထက်ပင် ရန်မူတတ်​သေး​ပေသည်။


အစပိုင်းတွင် ရှန်းယွဲ့က ကားမ​​​တော်တဆမှုတွင် မသန်မစွမ်း ဖြစ်သွားကာ ကမ္ဘာ​တစ်ဝှမ်းလုံးရှိ ဆရာဝန်များနှင့် ပြသခဲ့​သော်လည်း အကျိုးမထူးခဲ့​ပေ။ တရုတ်သို့ ပြန်လာ​သောအခါ ​ဒေါက်တာလျူက သူကိုယ်တိုင် သု​သေတနပြုထား​သော နည်းလမ်းနှင့် ကုသရန် အကြံ​ပေးခဲ့သည်။


သို့​သော်လည်း ထိုအချိန်တွင် ရှန်းယွဲ့က ​မျှော်လင့်ချက်များအားလုံး ​ပျောက်ဆုံး​နေပြီ ဖြစ်သည်။ အမျိုးမျိုး​​သော ​ဆေးဘက်ဆိုင်ရာ နည်းလမ်းများဖြင့် ညှင်းပန်းခံခဲ့ရပြီး မည်သူ့ကိုမှ ထပ်မယုံကြည်နိုင်​တော့သည့်အတွက် သူက ​ဒေါက်တာလျူနှင့် မကြာခဏ စကားများခဲ့ကြသည်။ အထူးသဖြင့် သူ ​ဒေါက်တာအား စကားလုံးအချို့ဖြင့် ဘဲလို​အော်​နေ​သော ဆရာဝန်ဟု ကြိမ်း​မောင်းလိုက်သည့်အခါတွင် ​ဒေါက်တာလျူ အမျက်​ချောင်း​ချောင်း ထွက်သွားလေ၏။ ထိုသူက သူ​ခေါ်လျှင်တောင် ​နောက်ထပ် လာ​တော့မည် မဟုတ်​ကြောင်း ​ပြောခဲ့​လေသည်။


ရလဒ်အ​နေ​ဖြင့် ယ​နေ့လို မတိုးသာမဆုတ်သာ အ​ခြေအ​နေသို့ ​ရောက်လာရခြင်း ဖြစ်သည်။


အ​ကြောင်းအရာနှင့် အကျိုးရလဒ်များအ​ကြောင်း နား​ထောင်ပြီးချိန်တွင် ထန်​ချောင်း​ချောင်းက ​အေးစက်​​နေ​သော အသံဖြင့် ပြောလိုက်သည်။ "ရှင်နဲ့ တန်တာပဲ​လေ... ကျွန်မသာ ဆိုရင်လည်း ရှင့်ကို ဆက်ပြီး ဂရုစိုက်​ပေးမှာ မဟုတ်ဘူး"


"မင်သာ ငါ့ကို လျစ်လျူရှုပြီး ပစ်ထားလိုက်ရင် ငါလည်း ​​အေး​အေးချမ်းချမ်း ဖြစ်သွားမှာပဲ" 


ရှန်းယွဲ့က ထန်​ချောင်း​ချောင်းကို ​သွေးထိုးကာ ချန်ထားခဲ့သည်။ သူ့​ခြေ​ထောက်များကို လက်နှစ်ဖက်ဖြင့်မကာ ခက်ခက်ခဲခဲဖြင့် ဖျာ​ပေါ်မှ ​ရွှေ့သွား​လေသည်။


ထန်​ချောင်း​ချောင်းက ထိုသူ၏ က​လေးဆန်​သော အပြုအမူများ​ကြောင့် ​ဒေါသတကြီး ရယ်​မောမိ​တော့သည်။


"ကျွန်မ ​ဒေါက်တာလျူကို ​ခေါ်နိုင်သ၍ သူ့ကို ရှင့်​ခြေ​ထောက် စစ်​ဆေးခွင့်ပြုမယ်လို့ ​ပြောချင်တာလား"


"သူ့ကို အရင်​ခေါ်လိုက်အုံး... ပြီးမှ ဆက်​ပြောကြတာ​ပေါ့" ရှန်းယွဲ့က ​ပြောသည်။


ထန်​ချောင်း​ချောင်း: "​​စောင့်​နေလိုက်"


ထန်​ချောင်း​ချောင်းက အန်တီဝမ်ကို အ​ပြေးအလွှား သွားရှာလိုက်သည်။ ရှန်းယွဲ့ ​က ​ဒေါက်တာလျူ သူမိသားစုနှင့် သိသည်မှာ အ​တော်ကြာပြီဟု ​ပြောခဲ့သည်။ အန်တီဝမ်က ရှန်းမိသာစုတွင် ဆယ်နှစ်​ကျော် ရှိခဲ့ပြီး သူမသည်လည်း ​ဒေါက်တာဝမ်နှင့် ရင်းနှီးနိုင်​ပေသည်။


အန်တီဝမ်နှင့် ​ပြောဆိုပြီး​နောက် ထန်​ချောင်း​ချောင်းက ​ဒေါက်တာလျူသည် ​ပေကျင်း ​ဒေသခံ မဟုတ်ဘဲ ရှန့်ရှီးမှ ဖြစ်​ကြောင်း သိလိုက်ရသည်။ သူက ဆယ်​ကျော်သက်အရွယ်တွင် သူ့မိဘများနှင့်အတူ ​ပေကျင်းသို့ ​ပြောင်းလာခဲ့သည်။ အန်တီဝမ် ထပ်​ပြောခဲ့သည်မှာ ​ဒေါက်တာလျူက သခင်ကြီးရှန်း၏ ပုံမှန် စစ်​ဆေးမှုအတွက် လာသည့်အချိန်တွင် သူ့​မွေးရပ်​​မြေအ​ကြောင်း ​ပြော​လေ့ရှိသည် ဟူ၏။ သူက ​ပေကျင်းတွင် ရှန့်ရှီးဟင်းလျာ စစ်စစ်များကို မစားရဟုလည်း ​ပြောခဲ့​​သေးသည်။ အန်တီဝမ်က သူ့အတွက် အကြိမ်များစွာ လုပ်​ပေးဖူး​သော်လည်း သူ့ခံတွင်းနှင့် ကိုက်ညီခဲ့ဟန် မတူ​ပေ။ 


ထန်​ချောင်း​ချောင်းက လက်​ချောင်းများကို တ​တောက်​တောက် ​ခေါက်တာ နည်းလမ်းတစ်ခုကို ရှာ​တွေ့သွားသည်။ သူမက ​ဒေါက်တာလျူကို ကိုယ်တိုင်​ခေါ်လိုက်ပြီး ဖုန်းပြန်​ဖြေလာ​သောလူမှာ ​​နွေး​ထွေးသည့် ​လေသံ ရှိ​နေ​ပေသည်။


"ဟယ်လို ​ဒေါက်တာလျူလား... ကျွန်မနာမည် ထန်​ချောင်း​ချောင်းပါ.. ရှန်းယွဲ့ရဲ့ ဇနီးပါ"


​ဒေါက်တာလျူက မရင်းနှီး​​သော မိန်းက​လေးတစ်​ယောက်၏ နူးညံ့လှ​သော အသံကို ကြားလိုက်ရချိန်တွင် လူနာတစ်​​ယောက်က သူ၏ ကိုယ်​ရေးကိုယ်တာဖုန်းကို ရိုင်းပြစွာ ဆက်လာသည်ဟု ထင်​နေခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက ရှန်းမိသားစုမှ ဖြစ်သည်ကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့သြသွားခဲ့​သေးသည်။


 "ရှန်းယွဲ့ရဲ့ စိတ်အ​ခြေအ​နေနဲ့ဆို သူ့ကို လိုချင်တဲ့ မိန်းက​လေး ရှိ​သေးလို့လား"


ထန်​ချောင်း​ချောင်း: "...ကျွန်မလည်း အဲ့လို​တွေး​နေတာ​ပဲ​နော်"


​ဒေါက်တာလျူ: "ရှန်းယွဲ့က ​နောက်ဆုံး​တော့ စိတ်​ပျော့သွားပြီး သူ့ကို စစ်​ပေးဖို့ ငါ့ကို ​ခေါ်ချင်​နေတာလား"


ထန်​ချောင်း​ချောင်းက ပြုံးကာ ​ပြောလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မ ​ဒေါက်တာ့ကို ညစာစားဖို့ ဖိတ်ချင်လို့ပါ"


"ညစာအတွက်ပဲလား" ​​ဒေါက်တာလျူ အံ့အားသင့်သွား​လေ၏။


"ဟုတ်ပါတယ်... ​ဒေါက်တာလည်း ရှန်းယွဲ့ရဲ့ ဦး​လေးလို့ သတ်မှတ်လို့ရတာပဲ​လေ... ကျွန်မ ​​ဒေါက်တာ့ကို ညစာဖိတ်​​ကျွေးသင့်တယ် ထင်လို့ပါ"


​ဒေါက်တာလျူ တုန့်ဆိုင်းသွား​လေသည်။


ထန်​ချောင်း​​ချောင်း: "​ဒေါက်တာ လာမှ ဖြစ်မယ်​နော်... မဟုတ်ရင် ကျွန်မလည်း သခင်မကြီးကို ရှင်းပြနိုင်မှာ မဟုတ်ဘူး"


"​ကောင်းပြီ​လေ" ​ဒေါက်တာလျူသည်လည်း ထိုမိန်းက​လေးက မည်သည့်ပုံစံမျိုး ရှိသည်ကို သိချင်​နေခဲ့သည်။


​နေ့လည် ဆယ့်နှစ်နာရီတွင် ​ဒေါက်တာလျု ဗီလာသို့ ​ရောက်လာခဲ့သည်။ ထန်​ချောင်း​ချောင်းက တံခါးဝကို သွားကာ သူ့ကို ခရီးဦးကြိုပြခဲ့သည်။


​ဒေါက်တာလျူ၏ ဆံပင်များက တစ်ဝက်မျှ ဖြူ​နေပြီ ဖြစ်​သော်လည်း အလွန် အင်အား ပြည့်ဝ​နေပုံပင်။ သူက အသက်ကြီး​နေပြီဖြစ်​သော်လည်း အသက်ကြီးကြီးပြဿနာအိုး တစ်​ယောက်ကဲ့သို့ ကာတွန်းဇာတ်​​ကောင်ပုံများ ရိုက်နှိပ်ထားသည့် ကုတ်အင်္ကျီကို ဝတ်ထား​​​သေးသည်။


​ဒေါက်တာလျူသည်လည်း ထန်​ချောင်း​ချောင်းကို ကြည့်​နေခဲ့သည်။ သူက ထိုမိန်းက​လေးကို မြင်မြင်ချင်းပင် သ​ဘောကျသွား​လေ၏။ သူမက လှပရုံသာမက ဖျတ်လတ်ကာ သန်မာမည့်ပုံပင်။


​ဒေါက်တာလျူက ထမင်းစားခန်းထဲသို့သွားကာ စားပွဲအလွတ်ကြီးကို ကြည့်လိုက်သည်။ "ဘာစားဖို့ ဖိတ်တာလဲ"


ထန်​ချောင်း​ချောင်း: "ခဏ​လောက် ထိုင်​ပေးပါ"


တစ်ခဏမျှအကြာတွင် ထန်​​ချောင်း​ချောင်းက ​ဒေါက်တာလျူ​ရှေ့တွင် အစားအစာလင်ပန်းကို ချထားလိုက်သည်။


စွပ်ပြုတ်​ထဲတွင် ​ပေါင်မုန့်အစ​လေးများ ထည့်ထားသည့် ပန်းကန်လုံးကြီးနှင့် အသား​ပေါင်မုန့်ညှပ်ကို ပန်းကန်​ပေါ်တွင် ငရုတ်သီး​ဆောစ့်နှင့် ပြင်ဆင်ထားသည်ကို ​တွေ့လိုက်ရသည်။


​ဒေါက်တာလျူက ထန်​ချောင်း​ချောင်း သူ့ကို ဖိတ်သည့်အတွက် ကြီးကျယ်​သော ဇိမ်ခံ အစားအစာများ ဖြစ်လိမ့်မည်ဟု ​တွေးခဲ့​​သော်လည်း သူ့​မွေးရပ်​မြေမှ သ​ရေစာတစ်မျိုး ဖြစ်​နေမည်ဟု မထင်ထားခဲ့​ပေ။


ထန်​ချောင်း​ချောင်းက ချိုသာစွာ ပြုံးပြလိုက်သည်။ "​ဒေါက်တာလျူက ရှန့်ရှီးကဆိုတာကို သိလို့ ကျွန်မ ​​ဒေါက်တာ့အတွက် အထူးတလှယ် ပြင်ဆင်ထားတာပါ"


​​ဒေါက်တာလျူက အစားအစာလင်ပန်းကို ကြည့်လိုက်ပြီး​နောက် သူ့​ရှေ့မှ ပြုံး​နေ​သော မိန်းက​​လေးကို ပြန်ကြည့်လိုက်သည်။ သူက တူကို ​ကောက်ယူလိုက်ပြီး ဟင်းရည်နှစ်ထား​သော ဘန်းမုန့်ကို လက်လှမ်းလိုက်သည်။


ဟင်းရည်ထဲမှ ​ပေါင်မုန့်ပြား၊ အမဲသားနှင့် သိုးသား ယို့ကျားမိုနှင့် သိုး​သွေးနှင့် ​ခေါက်ဆွဲစွပ်ပြုတ်တို့ကို " မရှိမဖြစ် ရှန့်ရှီး အစားအစာသုံးခု"ဟု ဆိုရ​ပေမည်။

[T/N ယို့ကျားမိုက အသားအဆာသွပ် ဘန်းမုန့်ပါ]


အခြား​သော မရှိမဖြစ်နှစ်ခုနှင့် နှိုင်းယှဥ်လျှင် ဟင်းရည်ထဲမှ ​ပေါင်မုန့်ပြားက ပြုလုပ်ရန် ပိုခက်ခဲသည်။ အ​ကြောင်းမှာ ဝက်အူများနှင့် ဝက်ဗိုက်သားကို သန့်ရှင်းရာတွင် အပိုအင်အားများ လိုအပ်​ပေသည်။ ထိုအူများက ပွတ်တိုက်ခြင်း၊ ဖယ်ထုတ်ခြင်း၊ အ​မွှေးနှုတ်ခြင်း၊ ​ပြောင်းပြန်လှန်ခြင်း၊ အတွင်းပိုင်း အညစ်အ​ကြေးများ ​ပြောင်စင်​အောင် ​​ကြေးချွတ်ဆေး​ကြောခြင်း စသည့် အနည်းဆုံး ဒါဇင်ခန့် ရှိ​​သော လုပ်ငန်းစဥ်များကို ဖြတ်​ကျော်ရသည်။ ၎င်းက အဆုံးသတ် မဟုတ်​သေးပါ​ချေ။ အူမကြီးနှင့် ဝက်ဗိုက်သားများကို အဖြူ​ရောင် ​ပြောင်းလာသည်အထိ ထပ်ကာထပ်ကာ ​ဆေး​ကြောပြီး​နောက် ချက်ပြုတ်သူက သန့်ရှင်းထား​သော အူမကြီးကို အိုးအလွတ်အတွင်းတွင်ထည့်ကာ အနံ့ပြင်းပြင်း အရည်များ ထွက်လာသည်အထိ ​ပေါင်းရသည်။ ​​နောက်တစ်ဆင့်တွင် အူမကြီးနှင့် ဝက်ဗိုက်သားများကို ညှီနံ့​ပျောက်သည်အထိ အကြိမ်များစွာ ​ဆေး​ကြောရသည်။ ထို့​နောက် အဆီပြည့်​နေ​​သော အူများနှင့် ဝက်ဗိုက်သားတို့ကို နူးညံ့လာသည်အထိ အပူချိန် အလယ်အလတ်အထက်တွင် အိုးထဲထည့်၍ ​​ပေါင်းကာ ​ခြောက်​သွေ့​သွား​စေရန် ဖယ်ထုတ်ထားရသည်။


စွပ်ပြုတ်အခံရည်က အလွန် အချက်အချာ ကျ​ပေသည်။ ဝက်အရိုးအကြီးကြီးများကို ရိုးတွင်းခြင်ဆီများ ​ပေါ်ထွက်လာသည်အထိ ခွဲလိုက်ပြီး ဝက်သား၊ ကြက်မအိုကြီး တစ်​ကောင်တို့နှင့် ပြုတ်လိုက်သည်။သစ်ကြံ့ပိုး​ခေါက်၊ စမုန်စပါး၊ မြက်သီး၊ နာနတ်ပွင့်နှင့် အခြား​သော အစပ်အရသာများကို ထည့်ကာ စွပ်ပြုတ်ရည် ပိုပျစ်လာပြီး အဖြူ​ရောင်ခရင်မ် ဖြစ်လာသည်အထိ ချက်ပြုတ်လိုက်သည်။ 


စွပ်ပြုတ်အရည်ကို အူများနှင့် ဘန်းမုန့်များ​ပေါ်တွင် ထပ်ကာထပ်ကာ ​လောင်းချလိုက်ပြီး ​ဆောစ့်၊ လတ်ဆတ်​သော လက်တစ်ဆုပ်စာ ကြက်သွန်ဖြူမြိတ် အပင်​ပေါက်​လေးများ၊ တရုတ်နံနံတို့ကို ထည့်ကာ စွပ်ပြုတ်ကို ထပ်​လောင်းချလိုက်ပြန်သည်။ သင်သာ အစပ်စာများကို ကြိုက်နှစ်သက်ပါက အရသာ ပိုပြင်းလာ​စေရန် အနီ​ရောင် ငရုတ်သီးမှုန့်တစ်ဇွန်းကို ထည့်သင့်​ပေသည်။


​ဒေါက်တာလျူက အူမကြီး အပိုင်းကြီးကြီးတစ်ခုကို ​ကောက်ယူကာ မျက်လုံးများ မှိတ်လိုက်ပြီး ​​သေ​သေချာချာ အရသာခံလိုက်သည်။ 


Xxxxxxx