အခန်း ၁၁၂ ရှင် လိုအပ်မယ့်
အရာ
စူးချင်းက
ဓားပြနှစ်ယောက်ကို သတ်ပြီးသွားကြောင်း မြင်လိုက်ရမှ ကျိရွှေရှန့်တစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။
စူးချင်းက ကျိရွှေရှန့်ကို
ကြည့်ကာ လှမ်းပြောလိုက်သည်။
"ပိုက်ကွန်ထဲက လွှတ်သွားတဲ့ ငါးတွေ"
"မင်း သူတို့ကို တွေ့လိုက်တာ ကံကောင်းတယ်"
ကျိရွှေရှန့်က စူးချင်းကို
ကျေးဇူးတင်လိုက်ပြီး သူက အလောင်းနှစ်လောင်းကို ၎င်းတို့၏လက်များမှ ဆွဲလိုက်လိုက်ပြီး
ခွေးသေများကဲ့သို့ ဆွဲထုတ်သွားသည်။
စူးချင်းက သူ့ကို
လှမ်းကြည့်ကာ ဝါးပြွန်တစ်ခု ထုတ်ပေးလိုက်သည်။
"ဒါက ဘာလဲ?"
ကျိရွှေရှန့်က
ဝါးပြွန်ကို လှမ်းယူလိုက်ပြီး စူးချင်းကို မေးလိုက်သော်လည်း ကျိရွှေရှန့်၏နှလုံးခုန်နှုန်းက
မြန်ဆန်လာသည်။
"ကျွန်မတို့ ထွက်သွားပြီးရင် ရှင်လိုအပ်မယ့်အရာပဲ၊ ရှင် ကြိုက်သလို
သုံးနိုင်တယ်"
စူးချင်းက ပေါ့ပေါ့ပါးပါး
ပြောလိုက်သော်လည်း ဉာဏ်ရည်ထက်မြက်သူများက အများကြီး ရှင်းပြနေစရာ မလိုသောကြောင့် ကျိရွှေရှန့်က
သူမဆိုလိုရင်းကို နားလည်သည်။ သူ့မျက်လုံးများက မီးရှူးမီးပန်းများကဲ့သို့ တောက်ပလာပြီး
ပြိုးပြိုးပြက်ပြက် လက်နေသော အကြည့်များဖြင့် သူမကို ကြည့်နေလေသည်။
ဓားပြများအားလုံးကို
သတ်ပြီးပြီ ဖြစ်သောကြောင့် ချက်ပြုတ်စားသောက်ရန် ရှာဖွေနိုင်ပြီ ဖြစ်သည်။
သို့သော်လည်း
အလောင်းများကို ကိုင်တွယ်ဖြေရှင်းနေရပြီး ထိုအရာက အနံ့အသက် ပြင်းထန်လွန်းသောကြောင့်
ကျိရွှေရှန့်က ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ရွာသားများကို မမြင်စေချင်တော့ပေ။
ထို့ကြောင့် သူက ချိုးယုံခန်းကို စခန်းချပြီး ချက်ပြုတ်နိုင်ရန် ရေရှိမည့်
နေရာတစ်ခုသို့ ရွာသူရွာသားများအား ခေါ်သွားခိုင်းလိုက်သည်။
သူက နောက်ဆက်တွဲပြဿနာများကို
ကိုင်တွယ်ဖြေရှင်းရန် ကျုံးယုံကိုသာ ခေါ်ထားလိုက်သည်။ အလောင်းပျော်မှုန့်ကြောင့် ဓားပြများ၏
အလောင်းများ ပျော်ဝင်နေသည်ကို တွေ့သောအခါ ကျုံးယုံ၏မျက်လုံးများက သူ့မျက်လုံးအိမ်ထဲမှ ထွက်ကျလုနီးပါး ဖြစ်လာပြီး သူက အားတက်သရော
အော်ဟစ်နေပြန်သည်။
“ဒါ ကောင်းတယ်၊
ဒါက အရမ်းကောင်းတယ်။ အကိုကြီး၊ ဒါကို လူသတ်ပြီး အလောင်းဖျောက်တာလို့ ခေါ်တာလား?”
ကျိရွှေရှန့်က ဘာမှ
ပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ အလောင်းများက လုံးဝ အရည်ပျော်သွားသည်ကို ကြည့်ရှုနေပြီးနောက် သူက
ကျုံးယုံကို တွင်းပြန်ဖို့စေပြီး အရာအားလုံးက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ချိုးယုံခန်းက ကျိရွှေရှန့်၏စကားအတိုင်း
လိုက်နာပြီး အဖွဲ့ကို ဦးဆောင်သွားခဲ့သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများက ကျိရွှေရှန့်ကို
မမြင်ရသောကြောင့် အနည်းငယ် ထိတ်လန့်နေကြပြီး သေဆုံးသူများ၏မိသားစုများက ပို၍ပင်
ဝမ်းနည်းကြေကွဲနေကြသည်။ ကျိရွှေရှန့်နှင့် ကျုံးယုံတို့ကို ဓားပြများ ဖမ်းမိသွားခြင်း
ရှိ မရှိ သိနိုင်ရန် လူတိုင်းက တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ တိတ်တဆိတ် အကြည့်ချင်း ဖလှယ်မေးမြန်းနေကြသည်။
စူးချင်းက ရှေ့ဆုံးမှ
ရထားလုံး မောင်းနှင်နေပြီး သူမလည်း ရေရှိနိုင်မည့်နေရာကို ရှာဖွေနေခဲ့သည်။ သူမတို့
အဖွဲ့ သယ်ဆောင်လာသော ရေအားလုံးက သောက်၍ ကုန်သွားပြီ ဖြစ်သောကြောင့် လူတိုင်းက ရေငတ်မှုနှင့်
ဆာလောင်မွတ်သိပ်မှုကို ခံစားနေရပြီ ဖြစ်သည်။
“သခင်၊
မျက်စိအတွက်ဆေး ရပါပြီ။ သူ(မ)ရဲ့မျက်လုံးဒဏ်ရာက အရမ်း ပြင်းထန်တော့
ပြန်ကောင်းလာဖို့အတွက် ခုနစ်ရက်လောက်တော့ နေ့တိုင်း ဆေးသောက်ရပါမယ်!"
ရှောင်ချီ၏အသံက စူးချင်း၏နားထဲသို့
တိုးဝင်လာပြီး သူမ၏ လက်ထဲသို့ ဆေးလုံးတစ်ထုပ်ကို ရောက်လာခဲ့သည်။ စူးချင်းက ရှောင်ချီဆီက
ရေထည့်ထားသော ဝါးကျဥ်တောက်နှစ်ခုပါ ထပ်တောင်းလိုက်သည်။
သူမက အရေးပေါ်အခြေအနေအတွက်တွေးပြီး
သူမရဲ့စနစ်ထဲမှာ ရေအများအပြား သိုလှောင်သိမ်းဆည်းထားခဲ့တယ်၊ ယခုတော့ အဲ့တာတွေက
အသုံးဝင်လာပြီး သူမအတွက် အဆင်ပြေစေတယ်။
"ရှောင်ယင်၊ ဒီဆေးကို အဒေါ်လီကို တိုက်လိုက်၊ ခုနစ်ရက်ကြာအောင် နေ့တိုင်းနေ့တိုင်း
တစ်နေ့ တစ်လုံး တိုက်ရမယ်"
စူးချင်းက ဝါးကျည်တောက်နှင့် ဆေးလုံးများကို ကျိရှောင်ယင်အား
လှမ်းပေးလိုက်သည်။ ကျိရှောင်ယင်က ရေများပြည့်နေသော ဝါးကျည်တောက်နှင့် ဆေးလုံးတစ်ထုပ်ကို
ကြည့်ကာ တစ်ခုခု ပြောချင်နေပုံရသော်လည်း သူမက ပြောရန် တွန့်ဆုတ်နေပုံသည်။
အရင်က သူမလည်း ရေဖြည့်ခဲ့ပေမယ့်
သူမရဲ့ဝါးကျဥ်တောက်တွေက အလွတ်ဖြစ်နေပြီ၊ အစ်မစူးချင်းက ဘာလို့ ရေပြည့်နေတဲ့ ဝါးကျည်တောက်ကို
ထုတ်ပေးနိုင်ရတာလဲ?
ပြီးတာ့ အစ်မစူးချင်း
ဆေးဖော်နေတာကို သူမ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမယ့် အစ်မက ဘာလို့ ဆေးတွေကို
အဆုံးမရှိ ထောက်ပံ့ပေးနိုင်နေရတာလဲ? ဘာလို့ ဆေးတွေကို အလွယ်တကူ ထုတ်ပေးနိုင်ရတာလဲ?
စူးချင်းက ကျိရှောင်ယောင်၏အမူအရာကို
မြင်နေရသောလည်း သူမကို မမေးသည့်အတွက် တွေးချင်သလို တွေးခွင့်ပေးထားလိုက်သည်။
“မွေးစားအမေ၊
ဆေးသောက်ပါ”
ကျိရှောင်ယင်က သူမ နားမလည်နိုင်သည့်အရာများကို
လေးလေးနက်နက် မစဉ်းစားတော့ဘဲ ဆေးလုံးတစ်လုံးကို အမျိုးသမီးလီဆီသို့ လှမ်းပေးလိုက်ပြီး
ဆေးသောက်ရန် ညင်ညင်သာသာ တိုက်တွန်းလိုက်သည်။
"ဒါက ဘာလဲ?"
အမျိုးသမီးလီက
ဘာဆေးမှန်း မသိသောကြောင့် စူးစမ်းလိုက်သည်။
"ဒါက မျက်လုံးအတွက် ဆေးပါ"
ကျိရှောင်ယင်က စူးချင်း၏
နောက်ကျောကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။ အစ်မက သူမကိုလည်း ဘာဆေးလဲဆိုတာ
မပြောဘူးလေ။ ဒါပေမယ့် မွေးစားအမေမှာ အခြားပြဿနာများ မရှိဘူး။ အဲ့တော့ မျက်လုံးတွေကို
ကုသပေးဖို့ပဲ ဖြစ်နိုင်တယ်။
"တကယ်လား? မွေးစားအမေရဲ့မျက်လုံးတွေကို တကယ် ကုလို့ ရနိုင်သေးတာလား?"
အမျိုးသမီးလီက အံ့အားသင့်နေပြီး ကျိရှောင်ယင်၏လက်ကို ညင်ညင်သာသာ
ဆုပ်ကိုင်ရင်း သေချာအောင် ထပ်မေးလိုက်သည်။ သူမလည်း အလင်းရောင်ကို မြင်ရဖို့ တောင့်တမိတာပေါ့။
သူမရဲ့သားလေး၊ ရှောင်ယင်၊ ရွှေရှန့်နဲ့ အဲ့ဒိ လှည်းမောင်နေတဲ့ အေးစက်တဲ့မိန်းခလေး...
သူတို့အားလုံးကို သူမရဲ့မျက်စိနဲ မြင်ချင်တယ်။
“အစ်မက
အံ့ဖွယ်သမားတော်ပါ။ အစ်မရဲ့ဆေးက မွေးစားအမေကို သေချာပေါက် ကုသပေးနိုင်လိမ့်မယ်"
ကျိရှောင်ယင်၏လေသံတွင်
ဂုဏ်ယူနေမှုများ အပြည့်ပါဝင်နေပြီး စူးချင်းက သူမအတွက် သူမ၏နှလုံးသားထဲမှ လေးလေးနက်နက်
လေးစားအားကျရသူ ဖြစ်သည်။
စူးချင်း၏နှုတ်ခမ်းထောင့်များက
အနည်းငယ် တွန့်ကွေးလာပြီး သူမ၏ စိတ်အခြေကနေက ပိုကောင်းလာသည်။
“ကောင်းပြီ”
အမျိုးသမီးလီက
ဆေးလုံးကို သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ကျိရှောင်ယင်က ဝါးကျည်တောက်ကို
အမြန်ပေးလိုက်ကာ သူမက အလွန်ဂရုစိုက်နေသော အမူအရာဖြင့် “မွေးစားအမေ၊
ဖြေးဖြေးသောက်ပါ”
ကျိရှောင်ယင်၏စောင့်ရှောက်မှုအောက်တွင်
အမျိုးသမီးလီက ဆေးကို သောက်နေပြီး ဆေးကို မျိုချနိုင်ရုံသာ ရေတစ်ငုံသောက်လိုက်သည်။
ထို့နောက် ကျန်နေသည့်ရေများကို ကျိရှောင်ယင်အတွက်
ချန်ထားပေးခဲ့သည်။
"မင်းနဲ့ ကလေးတွေ အတူတူ သောက်လို့ ရသေးတယ်"
“မွေးစားအမေ၊
များများသောက်ပါ။ ဒီမှ အများကြီး ရှိသေးတယ်!”
ကျိရှောင်ယင်က အမျိုးသမီးလီ၏
သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို ကြည့်ကာ ဝါးကျည်တောက်ကို သူမ၏ပါးစပ်နားသို့
ကပ်ပေးလိုက်သည်။
စူးချင်းက နောက်သို့
တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ တကယ်တော့ ရှောင်ယင်က လူတိုင်းအပေါ် ကြင်နာတတ်တယ်။
အဲ့တာကြောင့် သူမက ရှောင်ယင့်ကို သဘောကျမိတာပါ။
အမျိုးသမီးလီက
ရေနှစ်ငုံလောက် ထပ်သောက်လိုက်ပြီး သူမ ထပ်မသောက်ချင်တော့ကြောင့် ပြောလိုက်သည်။ ကျိရှောင်ယင်က
ဝါးကျည်တောက်ကို စူးချင်းအား ပြန်ပေးလိုက်သည်။
"အစ်မ၊ ရေသောက်လိုက်ဦး"
စူးချင်းက ကျိရှောင်ယင်၏
ခြောက်ကပ်နေသော နှုတ်ခမ်းများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“ငါ့မှာ
ရှိတယ်၊ မင်းဘာသာမင်း သောက်လို့ ရတယ်!"
"အစ်မ မသောက်ရင် ကျွန်မလည်း မသောက်ဘူး"
ကျိရှောင်ယင်က စူးချင်းထံတွင်
ရေအပို ရှိနေသည်ကို မယုံသောကြောင့် သူမကို အရင်သောက်ခိုင်းနေပြီး စူးချင်းက သူမ၏ဘေးမှ
ရေများပြည့်နေသော ဝါးကျည်တောက်ကို လှမ်းယူကာ သူမကို ပြလိုက်သည်။
“ငါ့မှာ
တကယ်ရှိတယ်။ မင်းနဲ့ ကလေးတွေ သောက်လို့ ရတယ်!"
ကျိရှောင်ယင်က စူးချင်း၏ဝါးကျည်တောက်ကို
မြင်သွားမှသာ သူမတွင် ရေတကယ်ရှိကြောင်း ယုံကြည်သွားပြီး ဝါးကျည်တောက်ထဲမှ ရေအနည်းငယ် မော့သောက်လိုက်သည်။
ထို့နောက် သူမကို စိတ်အားထက်သန်စွာ ကြည့်နေသော ကလေးငယ်လေးများကို ဝါးကျည်တောက် လှမ်းပေးလိုက်သည်။
“ရေသောက်ကြဦး”
ဘယ်ကလေးကမှ
လောဘမကြီးဘဲ ရေကို တစ်ကျိုက်မျှသာ သောက်ပြီး ဝါးကျည်တောက်ကို နောက်ထပ်ကလေးတစ်ယောက်ဆီသို့
လက်ဆင့်ကမ်းနေကြသည်။
စူးချင်းက ထိုအပြုအမူများကို
မြင်နေရပြီး သူမက ဘာမှ မပြောသော်လည်း ယခုအချိန်တွင် သူမက ထိုကလေးများကို ပိုပိုချစ်လာပြီ
ဖြစ်သည်။
တကယ်တော့ ဒီမိတ်ဆွေသူငယ်ချင်း
ဆက်ဆံရေးဆိုတာ သူမမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အရာပါ။ သူမမှာ ငယ်ငယ်ကတည်းက သူငယ်ချင်းဆိုတာ
မရှိဘဲ သူမအနားက လူတွေအားလုံးက ရန်သူတွေချည်းပါပဲ။
ချိုးယုံခန်းက
မြင်းတစ်ကောင်ကို စီးသွားပြီး ရှေ့မှ ကြိုထွက်သွားခဲ့သည်။ ဓားပြများကို
နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးနောက် သူက ပိုမို သတိထားတက်လာခဲ့သည်။
ချိုးယုံခန်းက
ရေတိမ်သော မြစ်ကြမ်းပြင်တစ်ခုကို တွေ့ရှိသွားပြီးနောက် မြင်းကို အမြန်ပြန်လှည့်ကာ အဖွဲ့ဆီသို့
ပြန်ရောက်လာပြီး အော်ဟစ်လိုက်သည်။
“အားလုံး
မြန်မြန်သွားကြ၊ ရှေ့မှာ ရေရှိတယ်”
ရေရှိသည်ဟု ကြားလိုက်ရချိန်တွင်
မောပန်းနေပြီဖြစ်သော ရွာသူရွာသားများက ချက်ခြင်း စိတ်ဓာတ်တက်ကြွလာပြီး အရှိန်လည်း
ပိုမြန်လာကြသည်။
ရှီးချန်တစ်ဝက်(တစ်နာရီ)ခန့်
ကြာပြီးနောက်တွင် ရေရှိရာသို့ ရောက်သွားကြပြီး ထိုရေအရင်းအမြစ်က တောင်ပေါ်မှ
စီးဆင်းလာသော မြစ်ကြမ်းပြင် တစ်ခုဖြစ်သည်။ ရေက အလွန်နက်ရှိုင်းသည် မဟုတ်သော်လည်း
လူတိုင်းသောက်သုံးရန်နှင့် ချက်ပြုတ်ရန် လုံလောက်နေသေးသည်။
အားလုံးက မြစ်ဆီသို့
ပြေးသွားပြီး ရေသောက်ကြတော့သည်။ စူးချင်းကလည်း မြစ်၏ အခြေအနေကို ကြည့်ရှုရန်နှင့်
ရေသောက်ရန် သူတို့နောက်မှ လိုက်ပါသွားခဲ့သည်။ မြစ်ရေက တိမ်သောကြောင့်
ငါးရှိလျှင်ပင် ငါးသေးသေးလေးများသာ ဖြစ်ပေလိမ့်မည်။ ၎င်းတို့က ဖမ်းရန်မလွယ်ကူသလို
ဝလင်အောင် စားနိုင်မည်လည်း မဟုတ်ပေ။
လီတာ့နျိုနှင့်
အခြားသူများ အရင်က ဖမ်းခဲ့သော ငါးများအားလုံးကို စူးချင်းက အခြောက်လှန်းထားခဲ့သည်။
သူမက ထိုငါးများကို ကောက်ရိုးကြိုးများနှင့် ချည်ကာ ရထားလုံးတွင် ချိတ်ဆွဲထားပြီး မြွေနှစ်ကောင်ကတော့
သူမတို့အဆွဲ့ စားလိုက်ကြပြီ ဖြစ်သည်။ သူမ၏ရထားလုံးပေါ်တွင် ကန်စွန်းဥတောင်းတစ်ဝက်၊
ဆားနှစ်အိတ်နှင့် အဖြူရောင်ပိုကောင် ဝဝလေးများ ရှိနေသေးသည်။
သို့သော်လည်း စူးချင်းက
ထိုအစားအစာများကို မထိချင်သေးပေ။
ပိုးကောင်တွေဆီကနေ
ပိုးချည်တွေ ရပြီးမှ စားရင်လည်း သိပ်တော့ နောက်ကျမှာ မဟုတ်ပါဘူး။
ငါးခြောက်တွေကလည်း အချိန်အကြာကြီး သိမ်းဆည်းထားလို့ရတော့ လုံးဝ စားစရာ မရှိတော့တဲ့
အချိန်မျိုးမှာ အသုံးဝင်လာနိုင်တယ်။
အဲ့တော့ အခု စားစရာ
ရှာရတော့မယ်။ ဒီတောင်ကြီးက စိမ်းစိုနေတော့ တိရစ္ဆာန်တွေနဲ့ တောရိုင်းဟင်းရွက်တွေ
ရှိမှာတော့ အသေအချာပဲ။
"ငါနဲ့ လိုက်ခဲ့ကြ၊ စားစရာ သွားရှာကြရအောင်"
စူးချင်းက
မိန်းကလေးတွေကို လှမ်းခေါ်လိုက်သည်။ ကောင်မလေးများက သူမ ချိုးယွဲ့ကို ရိုက်နှက်နေသည်အား
မြင်ခဲ့ကြပြီး သူမကို ကြောက်လည်းကြောက်သလို လေးလည်း လေးစားကြသည်။ စူးချင်း၏ခေါ်သံကို
ကြားလိုက်သည်နှင့် သူမတို့၏ခြင်းတောင်းများကို အလျင်အမြန် ကောက်ယူကာ သူမနောက်မှ
လိုက်သွားကြသည်။
ကျိရှောင်ယင်က
လိုက်ချင်နေသောလည်း စူးချင်းက သူမကို တားလိုက်သည်။
"အိမ်မှာ နေခဲ့ပြီး အဒေါ်ကို ဂရုစိုက်ထား"
တကယ်တော့ ရှောင်ယင်က
အမျိုးသမီးလီကို ဂရုစိုက်ပေးဖို့ မလိုအပ်ပါဘူး။ တခြားလူတွေ အများကြီးရှိတယ်လေ၊ ဒါပေမယ့်
သူမက ရှောင်ယင်ကို မပင်ပန်းစေချင်တာကြောင့် အမျိုးသမီးလီကို ပြုစုစောင့်ရှောက်ဖို့လို့
အကြောင်းပြပြီး ရိုးရှင်းတဲ့အလုပ်တာဝန်ကို ပေးလိုက်တာပါ။
"အစ်မကြီး၊ ကျွန်တော်တို့လည်း သွားချင်တယ်"
ရှောင်ဟူနှင့်
အခြားကလေးများက ပြေးလာကြပြီး စူးချင်းကို မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့်
မော့ကြည့်နေကြသည်။
“မရဘူး၊
တောင်ပေါ်မှာ အဆိပ်ရှိတဲ့မြွေတွေ ရှိတယ်”
စူးချင်းက
အုံ့မှိုင်းနေသော မျက်နှာဖြင့် ငြင်းပယ်လိုက်ပြီး ကျိရှောင်ယင်က မူကြိုမှ
ကလေးထိန်းကဲ့သို့ ကလေးများကို စောင့်ရှောက်ပေးရန် ဆွဲခေါ်လိုက်ပြီး ကလေးများက
သူမ၏အနီးတဝိုက်တွင် စုရုံးနေကြတော့သည်။
စူးချင်းက မိန်းခလေးအုပ်စုကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်သွားခဲ့ပြီး ကြာပန်းများ ပြည့်နေသော ရေကန်တစ်ကန်ကို ရှာတွေ့ခဲ့သည်။
✍️✍️✍️