Chapter 111 ထောင်ချောက်ထဲသို့ ကျရောက်ခြင်း
Viewers 17k

အခန်း ၁၁၁ ထောင်ချောက်ထဲသို့ ကျရောက်ခြင်း

ဓားပြခေါင်းဆောင်ကလည်း ပါးနပ်သူဖြစ်ကာ လေတိုးသံကို ကြားကြားချင်း လှည့်ပတ်ကြည့်ရှုလိုက်ပြီး လေထဲသို့ ထိုးဖောက်လာသော မြှားကို သတိပြုမိသွားကာ မြေပြင်ပေါ်သို့ ခပ်မြန်မြန် ဒူးထောက်ချလိုက်သည်။ လေထဲမှ မြှားက သူ့ရှေ့မှ ဖြတ်လျှောက်သွားသော ညီအစ်ကိုတစ်‌ယောက်ကို ထိမှန်သွားပြီး အော်သံနှင့်အတူ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။

တောက်... ငါ ိုးမသားတွေ...  သူတို့ကို အရှင်လတ်လတ် မိအောင် ဖမ်းကြစမ်း၊ ငါ သူတို့ရဲ့ဗိုက်ကို ဖွင့်ပြီး သူတို့ရဲ့အသည်းတွေကို စားပစ်မယ်!”

ဓားပြခေါင်းဆောင် ‌ဒေါသကြောင့် ပိုရုန့်ရင်းကြမ်းကြုတ်လာပြီး ခုန်ပေါက်နေကာ သူ့၏လက်အောက်ငယ်သားများကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထိုဓားပြများ အားလုံးက ကြမ်းတမ်းသောသူများ ဖြစ်ကြသည့်အပြင် အတွေ့အကြုံလည်း များနေသောကြောင့် ချုံခိုတိုက်ခိုက်ခံရသည့်တိုင် မကြောက်ကြပေ။ သူတို့ကို ရှာတွေ့သွားပြီ ဖြစ်သောကြောင့် သူတို့ကလည်း ပုန်းလျိုးကွယ်လျိုးလုပ်မနေကြတော့ဘဲ သူတို့၏ဓားရှည်များကို မြှောက်ကာ အော်ဟစ်လိုက်ကြသည်။

သတ်ပစ်၊ အားလုံးကို သတ်ပစ်...ဗိုက်ကို ဖွင့်ပြီး ကလီစာတွေကို ဆွဲနှုတ်ကြ”

သူတို့၏အော်သံများက ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါစေလုမတက် ဖြစ်နေသောကြောင့် ထောင်ဟွားဝူ၏လူများကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ ကျိရွှေရှန့်က ဓားပြခေါင်းဆောင်ကို ပစ်သတ်ရန် နောက်တစ်ကြိမ် ချိန်ရွယ်နေခဲ့သော်လည်း ဓားပြခေါင်းဆောင်က ဓားပြများကြားတွင် ပုန်းနေပြီး သူ့၏ညီအစ်ကိုများကို လူသားဒိုင်းကာများအဖြစ် အသုံးပြုနေကြောင်း သူ တွေ့လိုက်ရသည်။

ကျိရွှေရှန့်၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အကြည့်များ ပေါ်လာခဲ့သည်။

 ဒါက ညီအစ်ကိုတွေတဲ့လား? ဒါကို သစ္စာစောင့်သိတယ်လို့ ခေါ်တာလား?

ကျိရွှေရှန့်က သူ့၏အမဲလိုက်ခြင်းပုံစံကို စတင်လိုက်ပြီး ဓားပြခေါင်းဆောင် ရှိနေသည့်နေရာသို့ ဦးတည်ကာ မြှားများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေသည်။ မြှားတိုင်းက ပစ်မှတ်တစ်ခုဆီကို မလွဲမသွေ ထိမှန်ခဲ့ပြီး မြှားခေါင်းများအားလုံးကို အဆိပ်ဖြင့် သုတ်လိမ်းထားသောကြောင့် မည်သည့်နေရာကို အပစ်ခံရသည်ဖြစ်စေ တစ်ဖက်လူက ခြွင်းချက်မရှိ လဲကျသေဆုံးသွားပေလိမ့်မည်။

ဓားပြများ တစ်ယောက်ပြီးတစ်ယောက် လဲကျနေသည်ကို မြင်နေသောကြောင့် ဓားပြခေါင်းဆောင်က ထိတ်လန့်နေပြီး  သူ၏ခေါင်းကိုပင် မမော့ဝံ့ဘဲ သူ့လူများ၏နောက်တွင် ဝင်ပုန်းနေခဲ့သည်။

ချိုးယုံခန်းနှင့် ကျန်းလောင်ချီတို့ကလည်း အမဲလိုက်ခြင်းကို စတင်နေကြပြီး စူးချင်း ပြုလုပ်ပေးသော ဒူးလေးများကို အသုံးပြုနေကြသည်။ သူတို့၏ထိုးနှက်မှုနှုန်းက ကျိရွှေရှန့်ထက် နိမ့်ကျနေသော်လည်း ဓားပြသုံးလေးယောက်ကို သတ်နေနိုင်ဆဲပင်။

သူတို့ဘက်မှ အသေအပျောက်များ များလာချိန်တွင် ဓားပြခေါင်းဆောင်က အလျင်အမြန် အော်ဟစ်အမိန့်ပေးလိုက်သည်။

တောထဲဝင်၊ အားလုံး တောထဲကို ဝင်ကြ”

ဓားပြများက ထိတ်လန့်နေသော ပျားများကဲ့သို့ တောထဲသို့ ပြေးဝင်သွားကြသည်။

ဤသည်မှာ ကျိရွှေရှန့် လိုချင်သောရလဒ်ဖြစ်ပြီး သူက တောအုပ်ကို အေးစက်စွာ စိုက်ကြည့်နေကာ စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေလိုက်သည်။ သူ ငါးအထိ ‌ရေတွက်ပြီးချိန်တွင် တောထဲက အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာတော့သည်။ အချို့သော ဓားပြများက တောထဲမှ ပြန်ပြေးထွက်လာကြပြီး ကျိရွှေရှန့်၊ ချိုးယုံခန်းနှင့် အခြားသူများက ထပ်မံ အမဲလိုက်ကြပြန်သည်။

တောအုပ်ထဲမှာ ထောင်ချောက်များ ရှိနေပြီး ဝင်သွားသူသမျှ သေဆုံးရပေလိမ့်မည်။ တောအုပ်အပြင်သို့ ပြန်ထွက်လိုက်လျှင် တိကျသေချာသော လေးပစ်သမားများ ရှိနေသည်။ ထိုအရာများကြောင့် ဓားပြများက သူတို့ရောက်လာချိန်ကကဲ့သို့ မောက်မာနိုင်ခြင်း မရှိတော့သလို အမိန့်ကိုလည်း မနာခံနိုင်တော့ဘဲ လမ်းမကြီးဘက်သို့ ပြန်ပြေးကြတော့သည်။

ကျိရွှေရှန့်က သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး မှောင်မိုက်သောညတွင်ပင် ကျားတစ်ကောင်ကဲ့သို့ ထောင်ချောက်များကို ခုန်ကျော်ကာ ဓားပြများနောက်သို့ လိုက်သွားခဲ့သည်။

ကျုံးယုံက ကျိရွှေရှန့်နှင့် မခွဲအတူ ရှိနေပြီး သူ့အစ်ကိုကြီးက ဓားပြများနောက်သို့ လိုက်သွားသည်ကို မြင်သည်နှင့် ကျုံးယုံ၏တိုက်ခိုက်ရေးစွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာကာ သူက အော်ဟစ်လိုက်သည်။

သတ်!”

အသံနှင့်အတူ သူကိုယ်တိုင်လည်း ကောက်ဆွကို မြှောက်ကာ ပြေးထွက်သွားခဲ့သည်။

ချိုးယုံခန်းနှင့် တခြားသူများကလည်း နောက်မှ အနီးကပ်လိုက်ပါသွားကြပြီး ဓားပြများကလည်း သူတို့မည်မျှ ချုံခိုနေသည်ကို မသိနိုင်သောကြောင့် သူတို့၏လက်နက်များကိုပင်ချကာ ထွက်ပြေးနေကြသည်။

ကျိရွှေရှန့်က သူတို့နောက်သို့ လိုက်သွားပြီး သူ မြင်သမျှဓားပြတိုင်းကို သတ်ပစ်နေခဲ့သည်။ သူက ကိုယ်ခံပညာ အလွန်ကျွမ်းကျင်သည့်အပြင် သူ့လက်ထဲတွင် ရတနာဓားလည်း ရှိနေသေးသည်။ သူ ဓားပြအုပ်စုထဲသို့ ဝင်သောအခါ သူက လူမနေသောတိုင်းပြည်ထဲမှ လူတစ်ယောက်နှင့် တူသွားပြီး သူ့၏သတ်ဖြတ်စိတ်က  သူ့သွေးထဲမှ သဘာဝအလျာက် ပေါက်ကွဲထွက်လာပုံရသည်။

ချိုးယုံခန်း၏မြားတံက တာဝေးပစ်ခြင်းထက် အနီးကပ်ပစ်ခတ်ရာတွင် ပိုမိုတိကျသောကြောင့် ခဏအကြာတွင် အလောင်း ၁၀ လောင်းထက်မနည်း မြေပြင်ပေါ်သို့ ပစ်ကျလာသည်။

ကျိရွှေရှန့်က ဓားပြခေါင်းဆောင်ကို လိုက်မီသွားခဲ့သည်။ ဓားပြခေါင်းဆောင်က သူထွက်မပြေးနိုင်တော့မှန်း သိသွားပြီး သူ့၏ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်ကာ ကျိရွှေရှန့်နှင့် တိုက်ခိုက်ရန် သူ့၏တူကြီးနှစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဓားပြခေါင်းဆောင်က အကန့်အသတ်မဲ့ ခွန်အားကို ပိုင်ဆိုင်ပုံရပြီး သူ၏ တူနှစ်ချောင်းကို မြှောက်ကာ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။ ကျိရွှေရှန့်က လက်နက်တိုတစ်လက်ကို ကိုင်ဆောင်ထားခြင်း ဖြစ်စေ‌ကြောင့် သူ့၏ရတနာဓားနှင့် သံတူကြီး ထိမိသွားသည့်အချိန်တွင် အမှတ်အသားတစ်ခုသာ ချန်ထားနိုင်ခဲ့ပြီး သံတူကြီးကို မချိုးဖျက်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျိရွှေရှန့်က ဓားပြခေါင်းဆောင်၏ အနီးသို့ ကပ်ရန် လှည့်ပတ်ချောင်းမြောင်းနေပြီး သူက ဓားပြခေါင်းဆောင်၏လက်မှ အရွတ်၊ အကြောများကို ဖြတ်တောက်နိုင်ရန် အခွင့်ကောင်းတစ်ခုကို ရှာဖွေနေခဲ့သည်။ သံတူကြီး မြေကြီးပေါ်သို့ ကျလာသည်နှင့် တွင်းကြီးတစ်ခု ပေါ်လာသောကြောင့် ထိုသံတူကြီးက မည်မျှ လေးလံကြောင်း သိရှိနိုင်သည်။

ကျုံးယုံက ဓားပြတစ်ဦးကို ဆွဲယူကာ ကိုင်ပေါက်လိုက်သောကြောင့် ထိုဓားပြက သတိလစ်သွားခဲ့သည်။ သူက သူ့အစ်ကိုကြီးဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ့အစ်ကိုကြီးကို ပစ်လိုက်သော ဓားပြခေါင်းဆောင်၏သံတူကြီးက မြေပြင်ထဲသို့ နစ်ဝင်သွားကို သူတွေ့လိုက်ရသည်။ သူက ဝမ်းသာအားရ ပြေးလာပြီး သံတူကြီးကို ကောက်ကိုင်ကာ ချိန်ဆကြည့်ပြီးနောက် ထိုသံတူကြီးက သူ့အတွက် အလွန်သင့်တော်သည်ဟု ခံစားလိုက်ရသည်။ ကျုံးယုံက ထိုသံတူကြီးကို မြှောက်ကာ ဓားပြခေါင်းဆောင်၏ ဦးခေါင်းကို ရိုက်ခွဲလိုက်ရာ ဦးနှောက်များပင် လွင့်စင်ထွက်လာခဲ့သည်။

ဓားပြခေါင်းဆောင် သေဆုံးသွားသည်နှင့် တပြိုင်နက် သူ့လက်အောက်ရှိ ဓားပြများက ပို၍ပင် ဖရိုဖရဲ ဖြစ်လာပြီး ခေါင်းမပါသော ယင်ကောင်များကဲ့သို့ လှည့်ပတ်ပြေးလွှားနေကြတော့သည်။ ကျိရွှေရှန့်က သူ့၏ သတ်ဖြတ်ချင်စိတ်ကို   မထိန်းထားတော့ဘဲ သူတို့နောက်သို့ လိုက်ကာ ဓားဖြင့် အသေထိုးသတ်နေခဲ့သည်။ ကျုံးယုံကလည်း သူ ကျွမ်းကျင်သော လက်နက်ကိုရပြီးနောက် သူ့၏အင်အားကို တိုးမြှင့်နိုင်ပုံဖြင့်  သံတူကြီးကို မြှောက်ကာ ဓားပြများ၏ဦးခေါင်းများ ရိုက်ခွဲနေလေသည်။

ညီအစ်ကိုနှစ်ဦး၏ပူးပေါင်းဆောင်ရွက်မှုက တွန်းလှန်ရန် ခက်ခဲလှပြီး ချိုးယုံခန်း၊ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က သူတို့နောက်မှ လိုက်လာကာ အကြွင်းအကျန်များကို ရှင်းလင်းခဲ့ကြသည်။ ပိုက်ကွန်မှ ချော်ထွက်လာသမျှ သူတို့က သတ်ကြပေလိမ့်မည်။

မိုးလင်းသည်အထိ အားရပါးရ သတ်ဖြတ်နေကြပြီး ဓားပြအနည်းငယ်က မြင်းများဖြင့် ထွက်ပြေးသွားသည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က မြင်းပေါ်သို့ ခုန်ဆင်းကာ သူတို့နောက်သို့ လိုက်သွားခဲ့သည်။ သူ ထွက်မသွားခင်တွင် သူက ချိုးယုံခန်းနှင့် တခြားသူများကို အော်ဟစ်အမိန့်ပေးခဲ့သေးသည်။

မင်းတို့ သေသေချာချာ စစ်ဆေးကြ။ တစ်ကောင်မှ အသက်မရှင်စေနဲ့"

ခက်ခက်ခဲခဲ လွတ်မြောက်နိုင်ခဲ့သော ဓားပြများကလည်း မူလကတည်းက ကြောက်လန့်နေပြီ ဖြစ်ကာ ကျိရွှေရှန့်က သူတို့နောက်သို့ လိုက်နေသည်ကို  တွေ့လိုက်ရသောကြောင့် ပို၍ပင် ကြောက်သွားကြပြီး အသည်းအသန် ထွက်ပြေးကြတော့သည်။

သို့သော်လည်း သူတို့၏ပြေးနှုန်းက ကျိရွှေရှန့်၏မြှားများထက် နှေးကွေးနေပြီး နောက်ဆုံးတွင် သူတို့အားလုံး တစ်ယောက်မကျန် သူတို့၏မြင်းပေါ်မှ ပစ်ချခံလိုက်ရသည်။

ကျိရွှေရှန့်က မြင်းများကို အရင် ထိန်းချုပ်လိုက်ပြီး ဓားပြများ၏ အလောင်းများကို မြင်းကျောပေါ်သို့ ပစ်တင်ကာ ကုန်းမြင့်ဆီသို့  ပြန်ဆွဲလာခဲ့သည်။

ချိုးယုံခန်းနှင့် အခြားသူများက သာမာန်ပြည်သူများကို မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် ထောင်ချောက်အတွင်းမှ ဝါးချွန်ကို ပြန်ဆွဲထုတ်နေကြသည်။ ထိုနောက်တွင် ဓားပြများ၏ အလောင်းများအားလုံးကို ထိုတွင်းများထဲသို့ ပစ်ချလိုက်ကြသည်။ သို့တိုင်အောင် လူများလွန်းသောကြောင့် တွင်းများက မလုံလောက်တော့ဘဲ လူကြမ်းကြီးများဖြစ်သော ကျုံးယုံနှင့် လီတာ့နျိုတို့က တွင်းတူးရန် တာဝန်ယူကြရပြန်သည်။

ကျိရွှေရှန့်က ပြန်‌ရောက်လာပြီး အလောင်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ သူ ပြန်ဆွဲလာသော မြင်းများကို ချိုးယုံခန်းထံ အပ်လိုက်သည်။ ထို့နောက် သူက စူးချင်းကို ရှာရန် ထွက်သွားတော့သည်။

အလောင်းအသစ်များကို တွေ့လိုက်သည်နှင့် ကျန်းလောင်ချီက ၎င်းတို့၏ခန္ဓာကိုယ်များကို ရှာဖွေလိုက်သည်။ ဓားပြခေါင်းဆောင်က သူတို့အတွက် ပိုက်ဆံအများဆုံး ပေးခဲ့ပြီး လျန်တစ်ရာတန် ငွေစက္ကူများစွာ၊ သူဝတ်ဆင်ထားသော ရွှေလက်စွပ်၊ ကျောက်စိမ်းဆွဲသီးနှင့် ရွှေသွားများကိုပင် ရခဲ့သေးသည်။ သူတို့က ထိုရွှေသွားများကိုပင် အလွတ်မပေးဘဲ အားလုံးကို ဆွဲနှုတ်ခဲ့ကြသည်။

စူးချင်းက ကူညီရန် ရောက်မလာဘဲ သူမက ကျိရှောင်ယင်နှင့် ကလေးများကိုသာ စောင့်ရှောက်ပေးနေခဲ့သည်။ အမျိုးသမီးလီက ကြောက်ရွံ့နေသည့်အပြင် သားဖြစ်သူ၏ အခြေအနေကိုလည်း စိုးရိမ်နေသေးသည်။ တိုက်ခိုက်သံများကို မကြားရတော့ချိန်တါင် သူမက ရထားလုံးပေါ်မှ အမြန် ဆင်းလိုက်သည်။

"မွေးစားအမေ၊ အပေါ့အပါး သွားချင်လို့လား?"

ကျိရှောင်ယင်က အမျိုးသမီးလီ ရထားလုံးပေါ်မှ ပြုတ်ကျမည်ကို စိုးရိမ်သွားပြီး အမြန်ကူတွဲပေးလိုက်သည်။ စူးချင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်နေပြန်သည်။ အမျိုးသမီးလီ၏မျက်လုံးများကို မကုသနိုင်သရွေ့ ထိုကဲ့သို့သော ဒုက္ခများကို ရင်ဆိုင်ရပေဦးမည်။

သူမက ရှောင်ချီကို မျက်လုံးများ ပြန်လည်ကောင်းမွန်စေနိုင်မည့်ဆေး ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ကံမကောင်းစွာဖြင့် ကျိရမ်ထန်၏လူများက အကျင့်ပျက်သူများ ဖြစ်သဖြင့် ဆေးဝါးအမျိုးအစားအစုံအလင် ရှိသော်လည်း ဆေးဘက်ဝင်ပစ္စည်းအတုများ ရောနှောပါဝင်နေခဲ့သည်။ ရှောင်ချီက လွန်ခဲ့သည့်နှစ်ရက်ကပင် ထိုဆေးဘက်ဝင်ပစ္စည်းအတုများကို အရင်လိုက်ကောက်နေခဲ့ရသည်။

"သူတို့ အဆင်ပြေရဲ့လား?"

အမျိုးသမီးလီက ကျိရှောင်ယင်ကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ ကျိရှောင်ယင်က ခေါင်းခါလိုက်ပြီး သူမ၏မွေးစားအမေကို ပြောပြနေသည်။

အခု ဘာမှ မဖြစ်တော့ပါဘူး၊ အားလုံး လုံခြုံသွားပြီ။ ယုံအာလည်း အဆင်ပြေတယ်"

ကျိရှောင်ယင်၏အတည်ပြုချက်ကို ရရှိပြီးနောက် အမျိုးသမီးလီက စိတ်သက်သာရာရသွားပြီး အပေါ့အပါးသွားရန် ကျိရှောင်ယင်နှင့်အတူ လိုက်ပါသွားခဲ့သည်။

"မင်းတို့အားလုံး ရထားလုံးပေါ်မှာဘဲ နေကြ၊ လှည့်ပတ်မပြေးကြနဲ့ "

စူးချင်းက ကလေးများကို သတိပေးလိုက်ပြီး ကျိရှောင်ယင်တို့ နောက်သို့ လိုက်သွားခဲ့သည်။

ကျိရွှေရှန့်က သူမကို ရှာရန် ရောက်လာချိန်တွင် စူးချင်းက ထွက်သွားပြီ ဖြစ်သောကြောင့် သူက သူမကို ထိုနေရာတွင် စောင့်နေရတော့သည်။

အပြင်ဘက်တွင် သူမ၏အစ်ကို ထောင်ထားသော ထောင်ချောက်များ ရှိနေပြီး အပြင်ပိုင်းက  မလုံခြုံသောကြောင့် ကျိရှောင်ယင်က တော၏အတွင်းပိုင်းအထိ ဝင်သွားခဲ့သည်။  သူမတို့ တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် ချုံပုတ်ထဲမှ ပွတ်တိက်သံများကို ကြားလိုက်ရပြီး လူရိပ်နှစ်ခုက  ချုံပုတ်ထဲမှ ခုန်ထွက်ကာ သူမတို့ဆီသို့ ပြေးလာခဲ့သည်။

စူးချင်းက သူ့လက်ထဲမှ ဓားက ပျံထွက်သွားပြီး ဓားပြတစ်ယောက်၏နောက်ကျောကို စိုက်ဝင်သွားသည်။ ထို့နောက် သူမက တချက် ခုန်လိုက်ပြီး နွယ်ပင်များကို လှမ်းဆွဲကာ တခြားဓားပြဆီသို့  ပြေးဝင်သွားပြီး သူ့၏လည်ပင်းကို ကန်ချိုးလိုက်သည်။

ကျိရှောင်ယင်က အလွန်ထိတ်လန့်နေပြီး အမျိုးသမီးလီ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ အမျိုးသမီးလီက သူမ၏လက်များကို ဖွင့်လိုက်ပြီး ကျိရှောင်ယင်ကို သူမ၏နောက်တွင် ပုန်းနေစေကာ  ကြက်မကြီးက သူမ၏ကြက်ပေါက်လေးများကို ကာကွယ်ပေးနေသကဲ့သို့ ကာကွယ်ပေးထားခဲ့သည်။

စူးချင်းက နောက်သို့ ပြန်လှည့်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့်  သူမ၏နှလုံးသားပင် လှုပ်ရှားသွားခဲ့သည်။

အမျိုးသမီးလီကိုယ်တိုင်လည်း ကြောက်ရွံ့တုန်လှုပ်နေတာ သိသာနေပေမယ့် သူမက လုံးဝ တုန့်ဆိုင်းမနေဘဲ ရှောင်ယင်ကို ကာကွယ်ပေးနေခဲ့တယ်။

မိခင်တစ်ယောက်ရဲ့မေတ္တာတရားက အဲ့လောက်တောင် ကြီးမားတယ်လား?

ကျိရွှေရှန့်က တိုက်ခိုက်သံများကို ကြားသွားပြီး တောထဲသို့ အမြန်ပြေးဝင်လာခဲ့သည်။

✍️✍️✍️