အခန်း ၁၁၀ မြေအောက်ကမ္ဘာထဲ
ဆွဲသွင်းလိုက်တာကြောင့်
သူတို့က သူတို့
ပြန်သွားနိုင်မယ်လို့ ထင်နေရာလား?
စူးချင်းက ကြွေကျလာသော
သစ်ရွက်လေးများနှင့်အတူ သစ်ပင်ပေါ်မှ လွင့်ပျံခုန်ဆင်းလာသည်။ မတ်တပ်ထရပ်လိုက်သော ကင်းထောက်က
စူးချင်း သူ့ရှေ့သို့ ရုတ်တရက် ပြုတ်ကြလာသည်ကို မြင်လိုက်ရပြီး
အလွန်ထိတ်လန့်သွားကာ ပါးစပ်ကို ဖွင့်ပြီး အော်ဟစ်ရန် ပြင်လိုက်သော်လည်း စူးချင်းက
လျှပ်တပြက် လှုပ်ရှားလိုက်သောကြောင့် သူ့၏လည်ပင်းရိုးက ကျိုးသွားတော့သည်။
အခြားဓားပြကလည်း အသံများကြောင့်
လှည့်ကြည့်လာပြီး အဖြစ်အပျက်ကို မြင်ပြီးနောက် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့
ကန်ချခြင်း ခံလိုက်ရပြီး သူ့၏လည်ပင်းရိုးလည်း ကျိုးသွားခဲ့သည်။
စူးချင်း၏
အမြန်နှုန်းက လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်ပြီး အသံမထွက်သော်လည်း မြေပြင်ပေါ်သို့
လဲကျသွားသော ဓားပြ၏အသံက ကျိရွှေရှန့်၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူက စူးချင်း
ရှိနေသည့်နေရာသို့ ပြေးလာပြီး လှမ်းအော်မေးလိုက်သည်။
"အဲဒီမှာ ဘယ်သူလဲ?"
ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း
လေးညှို့သံကို ထိတ်လန့်ကြောက်ရွံ့နေကြသော ငှက်ကလေးများကဲ့သို့ ဖြစ်နေကြပြီး ကျိရွှေရှန့်၏အော်သံကို
ကြားလိုက်သည်နှင့် သူတို့က ထိတ်လန့်တကြား ထရပ်ကာ မည်းမှောင်နေသော ပတ်ဝန်းကျင်ကို
ကြောက်ရွံ့စွာ ကြည့်နေကြလေသည်။
“ကျွန်မပါ”
စူးချင်းက
တောင်ကုန်းပေါ်သို့ ပြန်တက်လာရင်း အသံအုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
စူးချင်းကို မြင်သွားသောကြောင့်
အားလုံးက သက်ပြင်းချလိုက်ကြပြီး မောပန်းနွမ်းနယ်နေသော ရွာသားများက မြေပြင်ပေါ်သို့
ပြန်ထိုင်ချကာ အချိန်ယူ အိပ်စက်ရန် ပြင်ဆင်နေကြသည်။ သို့သော်လည်း စူးချင်း၏စကားများက
သူတို့ကို ကြောက်လန့်သွားစေခဲ့သည်။
“တောထဲမှာ
ကင်းထောက်နေတဲ့ ဓားပြနှစ်ယောက် ရှိနေတယ်။ သူတို့ ပြောတဲ့စကားတွေအရ ဓားပြတွေ ငါတို့ကို
မီလာပြီ။ မကြာခင် သူတို့တွေ ငါတို့ဆီကို ရောက်လာကြလိမ့်မယ်လို့ ငါ ထင်တယ်”
"အားး ငါတို့ အခု ဘာလုပ်ကြမလဲ?"
ဓားပြများ
လိုက်မိလာကြောင်းကြားသောအခါ လူတိုင်းက ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့
ထိတ်လန့်နေကြပြန်သည်။
“ထွက်ပြေးနေရုံနဲ့
ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
ကျိရွှေရှန့်၏
တောက်ပသော မျက်လုံးများက ည၏ အေးမြသော အလင်းရောင်အောက်တွင် ပိုတောက်ပလာပြီး သတ်ဖြတ်ခြင်းရောင်ဝါများ
လွှမ်းမိုးလာပြန်သည်။ သူက သူတို့ကို လိုက်နေသော ဓားပြများအားလုံးကို အပြီးအပျက် ချေမှုန်းပစ်ချင်နေပြီး
နောက်ထပ်ရောက်လာမည့်ဒုက္ခများအားလုံးကို ဖယ်ရှားပစ်ရန် ဆန္ဒရှိနေခဲ့သည်။
"ရွှေရှန့် မင်း ဘယ်လို လုပ်ချင်လဲ? ငါတို့အားလုံး မင်းကို အပြည့်အဝ ထောက်ခံမယ်"
ကျိရွှေရှန့်က
ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြောင်း ချိုးယုံခန်းက နားလည်လိုက်ပြီး စတင်
ထောက်ခံလိုက်သည်။
“မြေကျင်းတွေ
တူးပြီး ထောင်ချောက်တွေ ဆင်ထားမယ်။ ဒီဓားပြတွေကို ဒီနေရာမှာပဲ အပြတ်ရှင်းပစ်ချင်တယ်”
ထူထပ်သော အနက်ရောင်
တောအုပ်ကို ကြည့်နေသည့် ကျိရွှေရှန့်၏မျက်လုံးများက ပို၍ နက်မှောင်လာသည်။
သူက
မွေးစားအဖေဆီကနေ ထူးဆန်းတဲ့ အတက်ပညာအချို့နဲ့ လျှို့ဝှက်ဖုံးကွယ်တဲ့
နည်းလမ်းတချို့ကို သင်ယူခဲ့တဲ့အပြင် ရနိုင်သမျှ ပစ္စည်းတွေကို အသုံးပြုရုံနဲ့
ယန္တရားအချို့ကို ပြုလုပ်နိုင်တယ်။
အခုအချိန်မှာ ဒီဓားပြတွေ
နောက်တစ်ခါ ဘယ်တော့မှ ထပ်မလာနိုင်တော့တာ သေချာသွားအောင် ပြင်ဆင်ရတော့မယ်။
စူးချင်းက ကျိရွှေရှန့်၏
မြင့်မားသော ကိုယ်နေဟန်ထားကို သဘောကျစွာ စိုက်ကြည့်လိုက်သည်။
လရောင်အောက်မှာ
ထောင်ဟွားဝူက ရွာသားတွေက သူ့ကို ဝိုင်းရံထားကြပြီး သူကတော့ တည်တည်ငြိမ်ငြိမ်
အေးအေးဆေးဆေးနဲ့ အမိန့်ပေးနေတယ်။
သူ့ရဲ့မွေးရာပါဗီဇထဲမှာကိုက ခေါင်းဆောင်လုပ်နိုင်တဲ့
အရည်အချင်းတွေ ရှိနေပုံပါပဲ။
"တာ့နျို၊ မင်းနဲ့ ကျုံးယုံက ဒီလမ်းအတိုင်း တွင်းတွေ တူးရမယ်။ ပြီးရင် တွင်းတွေရဲ့အောက်ခြေမှာ
ချွန်ထက်တဲ့ ဝါးလုံးတွေ ပြည့်နေအောင် စိုက်ပြီးမှ အပေါ်ကနေ ပြန်ဖုံးအုပ်ပြီး သေသေချာချာ
စောင့်ကြည့်ထားရမယ်”
ထောင်ချောက်များက
ညအချိန်တွင် အထိရောက်ဆုံးဖြစ်သည်။ အမှောင်ထဲတွင် ဓားပြများက သူတို့၏ခြေထောက်များကိုပင်
ရှင်းရှင်းလင်းလင်း မြင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ထောင်ဟွားဝူမှ လူများက ဤကဲ့သို့
ထောင်ချောက်များ ဆင်ထားလိမ့်မည် ဓားပြများက မျှော်လင့်ထားမည် မဟုတ်ပေ။
“လောင်ချီ၊
ယုံခန်း၊ မင်းတို့ကတော့ ဝါးတွေ သွားခုတ်တော့။ များလေ ပိုကောင်းလေပဲ”
ကျိရွှေရှန့်က စူးချင်းဆီသို့
သွားနေရင်း ချိုးယုံခန်းကို ညွှန်ကြားနေသည်။ စူးချင်းက ကျိရွှေရှန့်က သူမကို မည်သည့်တာဝန်ပေးမည်ကို
တွေးရင်း သူ့ကို ကြည့်နေသော်လည်း အဆုံးတွင် ကျိရွှေရှန့်က သူမကို
လှမ်းမေးလိုက်သည်။
"စူးချင်း မင်းမှာ အဆိပ်တွေ ရှိသေးလား?"
"အင်း"
စူးချင်းက
ခေါင်းညိတ်ပြပြီး ရထားလုံးဘက်သို့ ပြန်လှည့်သွားကာ အထည်အိတ်လေးတစ်လုံးကို
ထုတ်ယူလိုက်သည်။ ရှောင်ချီက စုချင်း၏အမိန့်အရ အဆိပ်ကို ပြင်ဆင်ထားပြီးသား ဖြစ်နေခဲ့သည်။
တကယ်တော့ ဒါက
လူတွေကို ဆေးကုသပေးနိုင်ပြီး ကယ်တင်ပေးတဲ့ စနစ်တစ်ခုပါ။ ဒါပေမယ့် Host က စနစ်ကို မြေအောက်ကမ္ဘာထဲ ဆွဲသွင်းလိုက်တာကြောင့် လူတွေကို အချိန်မရွေး သေစေနိုင်တဲ့
အဆိပ်ကို လုပ်နေရတဲ့ စနစ်ဖြစ်လာခဲ့ရတယ်။
စူးချင်းက အဆိပ်ကို
ကျိရွှေရှန့်ထဲသို့ လှမ်းပေးလိုက်ပြီး "ရေနဲ့ ဖျော်လိုက်"
“အင်း”
ကျိရွှေရှန့်က ခေါင်းညိတ်ပြီး
အလုပ်ပြန် စလိုက်တော့သည်။ ထောင်ဟွားဝူမှ အမျိုးသမီးများကလည်း မြေတွင်းများ တူးရန်
ကူညီပေးနေကြသည်။ အားလုံးက ဓားပြများကို ခုခံရန် အတူတူ အလုပ်လုပ်နေခဲ့ကြပြီး ကျိရွှေရှန့်နှင့်
စူးချင်းတို့ သူတို့ပတ်ဝန်းကျင်တွင် ရှိနေခြင်းက သူတို့က တည်ငြိမ်စေသော အင်အားသာ ဖြစ်သည်။
ထို့ကြောင့် ခဏတာမျှ အထိတ်တလန့် ဖြစ်နေပြီးနောက်တွင် လူတိုင်းက ငြိမ်သက်သွားကြသည်။
စူးချင်းကလည်း
ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ သားကောင်ကို စောင့်ဆိုင်းရန် အကောင်းဆုံးလက်နက်က
လေးနှင့်မြှား ဖြစ်သည်။ သို့သော် လေးနှင့်မြှားက အနီးကပ်ပစ်မှတ်များတွင်
ဒူးလေးလောက် အဆင်မပြေလှပေ။ စူးချင်းက ကျိရွှေရှန့်ဆီမှ ရတနာဓားကို တောင်းယူလိုက်သည်။
ကျိရွှေရှန့်က သူမ
ဘာအတွက်သုံးမည်ကိုပင် မမေးတော့ဘဲ ဓားကိုသာ လှမ်းပေးလိုက်သည်။
စူးချင်းက ဝါးနှစ်လုံး
ခုတ်လှဲလိုက်ပြီး ရှောင်ချီထံမှ ဒူးလေးပြုလုပ်နိုင်မည့်နည့်လမ်းနှင့် ပုံကြမ်းများ
တောင်းဆိုလိုက်သည်။ သူမက ရိုးရှင်းသော ဒူးလေးတစ်ချောင်းကို စတင်ပြုလုပ်ခဲ့သည်။
ပုံမှန်အားဖြင့်
ဒူးလေးအတွက် မြှားတိုလေးများသာ လိုအပ်ပြီး လေတွင် သုံးသည့်မြှားလောက် ရှည်စရာ
မလိုပေ။ ၎င်းက အနီးကပ် အကွာအဝေးတွင် သေစေနိုင်သော်လည်း ခွန်အားများစွာလည်း မလိုအပ်ပေ။
အားလုံးက အလုပ်ကိုယ်စီကို
တိတ်တဆိတ် လုပ်ကိုင်နေကြပြီး စူးချင်း လုပ်နေသည့်အရာကို မည်သူမျှ သတိမထားမိကြပေ။
လက်တွေ့သုံးနိုင်သည့်
ရိုးစင်းသော ဒူးလေးတစ်လက်က သားရေကွင်းနှင့် တူချောင်းများကိုပင် အသုံးပြု၍
ပြုလုပ်နိုင်သည်။ သို့သော် ရှေးခေတ်တွင် သားရေကွင်း မရှိသောကြောင့် ဆံပင်ကို
သူးရန်က တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ စူးချင်းက သူမ၏ရှည်လျားသော ဆံပင်များကို မဆိုင်းမတွ
ဖြည်ချလိုက်ပြီး ဆံပင်စတစ်မျှင်ကို ဖြတ်ချလိုက်ကာ ရိုးရှင်းသော ဒူးလေးတစ်ခု
ပြုလုပ်ရန် ဝါးနှင့် ဆံပင်ကို အသုံးပြုလိုက်သည်။
ဒူးလေးကို
ပြုလုပ်ပြီးနောက်တွင် စူးချင်းက မြှားတံတိုလေးများ ပြုလုပ်ရန် ဝါးတစ်ပုံကို ထိုင်ချွန်နေပြန်သည်။
ထိုနောက် သူမ စမ်းသပ်ကြည့်လိုက်ရာ အတော်လေး အားပြင်းကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် စူးချင်းက
ချိုးယုံခန်းနှင့် ကျန်းလောင်ချီကို လှမ်းခေါ်လိုက်ပြီး ဒူးလေး ပြုလုပ်နည်းနှင့်
အသုံးပြုနည်းကို သင်ပေးလိုက်သည်။
ချိုးယုံခန်းက စူးချင်း
ပြုလုပ်ထားသည့် ရိုးရှင်းသော လက်နက်ကပင် မည်မျှ အစွမ်းထက်သည်ကို မြင်လိုက်ရသောကြောင့်
သူ အထူးတလည် တုန်လှုပ်သွားမိသသည်။ စူးချင်းအပေါ်
သူ နားလည်နိုင်စွမ်း မရှိကြောင်းကို သူ သဘောပေါက်လိုက်ပြီး သူမအပေါ်တွင် ရှိနေသည့်
သူ့၏လေးစားမှုကလည်း ထပ်တိုးလာခဲ့သည်။
ထိုအချိန်တွင် ကျိရွှေရှန့်က
ချွန်ထက်သော ဝါးလုံးများ၏ထိပ်ဖျားကို အဆိပ်ရည်အိုးထဲသို့ နှစ်ပြီး တူးထားသော တွင်းများထဲတွင်
သေသေချာချာ မြှုပ်နှံနေခဲ့သည်။ ထို့နောက်
သူက ထောင်ချောက်ကို ပြန်ဖုံးရန် သစ်ကိုင်းကို အသုံးပြုခဲ့ပြီး အပေါ်မှ သစ်ရွက်များကို
မထူမပါးကို ပြန်ဖုံးထားလိုက်သည်။ အရာအားလုံး အဆင်ပြေနေကြောင်း သေချာစေပြီးနောက် ကျုံးယုံနှင့်
လီတာ့နျိုတို့ကို ကုန်းမြင့်သို့ အမြန် ပြန်ဆုတ်ခွာခိုင်းလိုက်ပြီး ထောင်ချောက်ကို
သေသေချာချာ ရှောင်ရန် အမိန့်ပေးလိုက်သည်။
ထို့နောက်
ယန္တရားတစ်ခုကို ပြင်ဆင်ရန် တောသို့ ဝင်သွားပြန်သည်။ သူက ချွန်ထက်သော ဓားကဲ့သို့
လျှို့ဝှက်လက်နက်များ၏နေရာတွင် ဤနေရာတွင် အလွယ်ရနိုင်သည့် ဝါးခွန်များကို
အသုံးပြုခဲ့သည်။ ထို့နောက် တောထဲသို့ ထပ်ဝင်လိုက်ပြီး နွယ်ပင်နှင့် ကျစ်ထားသောကြိုးတစ်ချောင်းကို
နေရာချလိုက်သည်။ တစ်စုံတစ်ယောက်က ဝင်လာပြီး ထိုကြိုးကို ထိလိုက်သည်နှင့် ဝါးချွန်များက
ထိုလူ့ဆီသို့ တညီတညွတ်တည်း ပြေးဝင်သွားပေလိမ့်မည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားချိန်တွင်
ကျိရွှေရှန့်က သစ်ပင်တစ်ပင်ပေါ်သို့ တက်ကာ လမ်းမကြီးမှ တောထဲသို့ ဝင်နိုင်သည့်လမ်းကို
ငုံ့ကြည့်နေသည်။ ဓားပြများက လမ်းမကြီးပေါ်မှ မြင်းစီးကာ ရောက်လာကြမည်
ဖြစ်သောကြောင့် သူတို့နေသည့်နေရာသို့ ရောက်လာရန် ထိုလမ်းမှ ဝင်လာမည်မှာ သေချာနေသည်။
သို့သော်လည်း တောအုပ်ဘက်မှ
ရောက်လာလျှင်ပင် သူက စိုးရိမ်နေတော့မည် မဟုတ်ပေ။ သူက ယန္တရားများ
တပ်ဆင်ထားခဲ့သောကြောင့် ထိုနေရာကို စောင့်ကြည့်ရမည့်လူပင် မလိုအပ်တော့ပေ။
ရွာသူရွာသားများအားလုံးကတော့
အလွန်စိုးရိမ်နေကြသေးသည်။
အမျိုးသားများက
သူတို့၏ ပေါက်ပြားများကို တင်းတင်းကျပ်ကျပ် ကိုင်ဆောင်ထားပြီး အမျိုးသမီးများက
ကျောက်ခဲများကို ကောက်ယူထားကာ သူမတို့၏ခြေထောက်များအနီးတွင် စုပုံထားကြသည်။ သူမတို့
အများကြီး မကူညီနိုင်သော်လည်း တစ်ဖက်လူကို ကျောက်ခဲများဖြင့် ထိမှန်အောင်
ပစ်ပေါက်နိုင်သေးသည်။
လူတိုင်း၏စည်းလုံးညီညွတ်မှုက
မကြုံစဖူး မြင့်မားနေပြီး သူတို့သေသေချာချာ လေ့ကျင့်ထားခြင်းကြောင့်တော့ မဟုတ်ပေ။
သူတို့ မခုခံလျှင် သေရမည် ဖြစ်ပြီး ပြန်တိုက်ခိုက်မှသာလျှင် အသက်ရှင်နိုင်ရန်
မျှော်လင့်ချက်ရှိသောကြောင့်သာ ဖြစ်သည်။
စူးချင်းက
ဓားပြများထံမှ သူမ လုယူထားသည့် သံမဏိဓားကို ကိုင်ဆောင်ထားပြီး ရထားခုံပေါ်တွင်
ထိုင်နေလေသည်။ သူမက ရထားခုံပေါ်တွင် ခြေတစ်ချောင်း ချထိုင်နေရင်း ရထားလုံးကို
ခေါင်းမှီကာ မျက်လုံးမှိတ်ထားသည်။
သန်းခေါင်ကျော်လာချိန်တွင်
ကျီးကန်းများက တအားအားဖြင့် အော်မြည်ပြီး
တောထဲမှ ပျံပြေးသွားကြသည်။ လမ်းဆုံမှာ အနက်ရောင်ဝတ်ထားသော လူအုပ်စုကြီး ပေါ်လာပြီး
တောင်ကုန်းပေါ်ရှိ ရထားလုံးကိုလည်း သတိပြုမိသွားကြသည်။
"သူတို့က ဒီမှာ!"
တစ်ယောက်ယောက်က ခေါင်းဆောင်ကို
သတင်းသွားပို့ပြီး သူ့၏နောက်ကျောကို သံတူကြီး နှစ်ချောင်းကို သယ်ပိုးထားသော ဓားပြခေါင်းဆောင်က
အလွန်တရာ ရက်စက်ကြမ်းတမ်းပုံ ပေါက်နေခဲ့သည်။ သူက ကုန်းမြင့်ပေါ်မှ ရထားလုံးကို ကြည့်လိုက်ပြီး
မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည်။
ထို့နောက် သူက သူ့နောက်မှ
ဓားပြများကို အမိန့်ပေးလိုက်သည်။
“ညီအစ်ကိုတို့၊
ဘယ်သူကိုမှ အသက်ရှင်လျှက် ချန်မထားနဲ့။ ကောင်မလေးတွေကိုတောင် မခေါ်ကြနဲ့တော့"
“ကောင်းပြီ”
ဓားပြများက ထောင်ဟွားဝူမှ
လူများ သတိပြုမိသွားမည်ကို မလိုလားကြပေ။ မည်သို့ပင် ဖြစ်စေ ထိုလူများက အရည်အချင်းရှိသောကြောင့်
သူတို့က ခပ်တိုးတိုးသာ သဘောတူလိုက်ကြသည်။ သူတို့ ခိုးဝင်တိုက်ခိုက်မှု ပြုလုပ်ချင်ပါက
ဤကဲ့သို့ ညသန်းခေါင်ယံက အဆင်အပြေဆုံးဖြစ်သည်။ ဤအချိန်တွင် လူအများစုက အိပ်ပျော်နေကြပြီး
ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့် သိုးအုပ်ထဲသို့ ဝင်သွားသော ဝံပုလွေများကဲ့သို့
အေးအေးဆေးဆေး သတ်ဖြတ်ရန်သာ လိုအပ်တော့သည်။
ဓားပြများက
ဓားများကို ကိုင်ဆောင်ထားပြီး ကုန်းမြင့်ကိုသာ အာရုံစိုက်နေကြသည်။
ရွာသူရွာသားတွေကို လန့်မိသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူတို့က
ခြေသံဖွဖွဖြင့် လျှောက်လှမ်းနေကြသော်လည်း
ရှေ့မှ လူအနည်းငယ်က ရုတ်တရက် လေကိုသာ နင်းမိပြီး ထောင်ချောက်ထဲသို့ ပြုတ်ကျသွားတော့သည်။
"အား အား!"
အော်သံ အနည်းငယ်
ထွက်နိုင်ခဲ့ပြီး ထောင်ချောက်ထဲသို့ ကျသွားသော ဓားပြများအားလုံးကို
တွင်းအောက်ခြေရှိ ဝါးချွန်များဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။ သူတို့အာလုံး အသေဆိုးဖြင့်
သေသွားကြပြီး နောက်ထပ် ရှေ့တိုလားသော ဓားပြများလည်း အဆက်မပြတ် တွင်းထဲသို့ ပြုတ်ကျနေတော့သည်။ နောက်ဆုံးတွင် တခြားဓားပြများက
ကြောက်လွန်းသွားကြပြီး ရှေ့သို့ ဆက်မလျှောက်ရဲကြတော့ပေ။
သူတို့က အမှောင်ထဲတွင်
ရှိနေပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ထောင်ချောက် မည်မျှ
စောင့်ဆိုင်းနေသည်ကို သူတို့လည်း မသိနိုင်ပေ။
“တောက်...
တောထဲကနေ ဝင်ကြစမ်း”
လမ်းပိတ်ဆို့နေသည်ကို
မြင်လိုက်သောကြောင့် ဓားပြခေါင်းဆောင်က သူ့လူများကို တောထဲမှ ဖြတ်ဝင်ခိုင်းလိုက်သည်။
သစ်ပင်ပေါ်မှ ကျိရွှေရှန့်က ထိုလူများကို ချိန်ရွယ်ထားပြီး အမိန့်ပေးလိုက်သည့်သူကို မြင်လိုက်သည်နှင့် သူ့လက်ထဲမှ လေးနှင့်မြှားဖြင့် ထိုလူကို မဆိုင်းမတွပင် ချိန်ရွယ်လိုက်သည်။
✍️✍️✍️