Chapter 50
ဒါရိုက်တာ၏ ခွင့်ပြုချက်ကို ရယူပြီးသည့်နောက် ထန်ချောင်းချောင်းသည် ဖန့်ယွမ်ကို ယာတောအိမ်ရှေ့၌ သူမ၏ပုံတစ်ချို့ကို ရိုက်၍ ဝေ့ပေါ် တွင် “ ကျောက်ရှောင်းရှောင်း၏ ပထမဆုံးနေ့ ” ဟူသော ခေါင်းစဉ်ဖြင့် ဖန်များကို မျှဝေခဲ့သည်။
【 အမေ***, ငါ့ရဲ့ အလှလေး ချောင်းပေါင်က ဘယ်ရောက်သွားလဲ? ထွက်သားစမ်း ၊ ဒါငါရဲ့ ချောင်းပေါင်မဟုတ်ဘူး အားးးး 】
【 နောက်ခံရှုခင်းနဲ့ ကွက်တိပဲ။ ချောင်းချောင်းအသားကျသွားတာ မြန်သားပဲ။ 】
【 ချောင်းချောင်းက ပန်းပွင့် အကြီးကြီးနဲ့ ဂွမ်းအင်္ကျီကြီးဝတ်ထားရင်တောင်မှ သူမက ကျောက်ကျားရွာရဲ့ ပန်းလေးတစ်ပွင့်ပဲ။ 】
【 အပူချန် ၃၀ ဒီဂရီလောက်ရှိနေချိန်မှာ ဒီလို ထူတဲ့ ဟာကြီးကို ဝတ်ရတာလား? အရမ်းခက်တာပဲ , ပင်ပန်းလိုက်တာ 】
【 ချောင်းပေါင်ရဲ့ ဒီပုံက နင်တို့ တရုတ်နှစ်သစ်ကူးမှာ အိမ်ကို ပြန်လာတဲ့ အချိန်နဲ့တူတယ်လို့ မထင်ဘူးလား? အထူးသဖြင့် ချောင်းပေါင်က ဘေစင်နဲ့ တံခါးနားလေးမှားရပ်လိုက်တာကြောင့်ပဲ 】
【 ဟုတ်တယ် ငါအရမ်းပျော်တာပဲ ငါ သူမကို နှစ်ကူးမုန့်ဖိုးပေးချင်လာတယ် 】
ဖန်တစ်ယာက်သည် ထန်ချောင်းချောင်း၏ ပုံမှန် တောက်ပနေသောပုံနှင့် ဒီပုံကို နှိုင်းယှဉ်၍ “ သင်မြို့တွင်ရှိနေသောအချိန် VS သင် နှစ်သစ်ကူးတွင် အိမ်သို့ပြန်ချိန် ” ဟူသော စကားလုံးများဖြင့် တင်လိုက်လေသည်။
【 F***, ဒီယှဉ်ပြချက်ကတော့ ဒီဟာက နှစ်ကူးအတွက် အိမ်ပြန်ချိန်က ငါ့အတိုင်းပဲ 】
【 ငါ့မွေးရပ်မြေကို ပြန်သွားတဲ့ အချိန်တိုင်း ငါ ဖြစ်ကတက်ဆန်းနိုင်တယ်။ ငါ ချောင်းပေါင်လို မကောင်းဘူး 】
【 တောက်ပလွန်းတယ်၊ ငါ အိမ်ကိုပြန်သွားတိုင်း ငါက သေးငယ်တဲ့ လူလတ်တန်းစားပုံရိပ်တောင် မရှိဘူး။ ရွာတစ်ဝိုက် တစ်နေ့လုံး ဂွမ်းထူအင်္ကျီ၊ ဂွမ်းဘောင်းဘီရှည်ကြီးနှင့် ညှပ်ဖိနပ်ကြီးတွေ ဝတ်ပြီး သွားရင် ဂရုစိုက်ပါနော် ( မျက်နှာကို ကွယ်လျက် ) 】
ဒီဓာတ်ပုံ ထွက်လာပြီးပြီးချင်း များစွာသော အင်တာနက်သုံးသူများသည် ချက်ချင်းကို ဖြန့်ဝေလိုက်ကြသည်။ များစွာသောလူတို့သည် ခေတ်ရေစီးကြောင်းအတိုင်းလိုက်၍ သူတို့၏ မြို့တွင်း၌ ရိုက်ထားသော သိမ်မွေ့သော မိန်းကလေးပုံ နှင့် ဆန့်ကျင်ဘက်တွင် သူတို့ မွေးရပ်မြေပြန်ချိန်တွင် ဂွမ်းထူအင်္ကျီ နှင့် ညှပ်ဖိနပ်ကြီးတွေ ဝတ်ဆင်ထားသောပုံတို့ကို တင်ကြသည်။ ရုတ်ခြည်း စတိုင်လ်ပြောင်းလဲမှုသည် အင်တာနက် တစ်ခုလုံးပျံ့နှံ့သွားတော့သည်။
ထန်ချောင်းချောင်း ဒီခေါင်းစီးကိုမြင်လိုက်သောအခါ သူမ၏မျက်နှာသည် ကြီးမားသော ကော်ရှင်မတ်များဖြင့် ပြည့်နေတော့သည်။
သူမက အဲ့လောက် ရယ်စရာကောင်းနေတာလား...
.......
ဒါရိုက်တာနှင့် ရိုက်ကူးရေးအဖွဲသည် အလွန်ကို ပျော်ရွှင်နေကြသည်။ ရိုက်ကူးရေးပထမနေ့တွင်ပင် သူတို့သည် ခေါင်းစဥ်ကြီးတစ်ခုကို အလကားရလိုက်သည်ဖြစ်သည်။ သရုပ်ဆောင်မင်းသမီး ထန်ချောင်းချောင်းသည် koi ငါးလေးတစ်ကောင်ဖြစ်ပြီး ကာကွယ်ပေးဖို့ လိုအပ်လေသည်။
“ကျွန်တော်တို့မိသားစု” သည် အုပ်စုဖွဲ့ ဒရမ်မာတစ်ခုထက်ပိုလေသည်။ အကြီးဆုံးသမီး ကျောက်ရှင်းလျန်သည် မိသားစုထဲတွင် အတော်ဆုံးဖြစ်သည်။ သူမ၏ကံကြမ္မာသည် ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်လည်ကျင်းပခြင်းကြောင့် အပြင်းအထန်ပြောင်းလဲသွားသည်။ ဒုတိယမြောက်သမီးသည်တော့ လုံးဝကွဲပြားသော လမ်းကြောင်းကို ယူလိုက်လေသည်။ သူမ၏အချက်အပြုတ်ကို အမှီပြု၍ ပထမဆုံးတော့ စားသောက်ဆိုင်ငယ်လေးဖွင့်လေသည်။ ပြန်လည်ပြုပြင်ရေးပြီး နောက်ပိုင်းတွင် သူမသည် တောင်ဘက်သို့ စီးပွားရေးလုပ်ရန် သွားလေသည်။
အခုရုပ်ရှင်၏ ဇာတ်ညွှန်းသည် စနေပြီဖြစ်သော်လည်း ကျောက်ရှောင်းရှန့်သည် ဇာတ်ကွက်အများကြီးမပါပေ။ သူမသည် ချက်ပြုတ်နိုင်သောကြောင့် သူမသည် အိမ်မှာနေ၍ သုံးနပ်လုံးကို ချက်ပြုတ်လေသည်။
သို့သော်လည်း အရေးမပါပုံရသော ရိုက်ကွက်များသည် အခုအခါတွင် ကျောက်မိသားစုသရုပ်ဆောင်များ၏ အမျှော်လင့်ဆုံးအခန်းများဖြစ်လေသည်။ စားရမည့်ရိုက်ကွက်ရှိသည့် အချိန်တိုင်း သရုပ်ဆောင်များသည် အလွန်အမင်း တက်ကြွနေကြသည်။
အဘယ်ကြောင့်ဆိုသော် ထန်ချောင်းချောင်း၏ အချက်အပြုတ်လက်ရာသည် အရသာရှိလွန်းသောကြောင့် ဖြစ်သည်။ သူမလက်ထဲတွင် အရာအားလုံးသည် စားကောင်းသောက်ဖွယ်များဖြစ်လာသည့်အတိုင်းပင်
အချက်အပြုတ်ပိုင်းနှင့်စပ်လျဥ်း၍ ဒါရိုက်တာ ထန်ချောင်းချောင်းကို သူမ ကျောက်မိသားစု၏ ငွေရေးကြေးရေးအခြေအနေကို မကျော်လွန်မချင်း သူမကို လွတ်လပ်စွာသရုပ်ဆောင်စေ၍ လုပ်ပိုင်ခွင့်အများအပြားပေးထားလေသည်။
ဒီခေတ်တွင် မြောက်ပိုင်းကျေးလက်ဒေသများ၌ ဆောင်းရာသီတွင် စားဖို့ရန် ဟင်းသီးဟင်းရွက် အမြားအပြားမရှိပေ။ သို့သော်လည်း အိမ်ထောင်စုတိုင်းတွင်တော့ တရုတ်ဂေါ်ဖီ၊ ကြီးမားသော မုန်လာဥဖြူ၊ အနံ့မွှေးသော မုန်ညင်းဖြူတို့ကို ဆောင်းတွင်းအတွက် သိမ်းဆည်းထားကြသည်။
သို့သော်လည်း တရုတ်ဂေါ်ဖီ သည် မည်သို့ ရိုးရှင်းသော တရုတ်ဂေါ်ဖီ ဖြစ်နိုင်ပါမည်နည်း။
ထန်ချောင်းချောင်းသည် တရုတ်ဂေါ်ဖီကို အရွက်ဟောင်းများဖယ်၍ တစ်ရွက်ချင်းဆေးလိုက်ပြီး သူတို့ကို ဆားဖြူးလိုက်လေသည်။
မုန်လာဥဖြူများကို သေးမျှင်သော အရွက်အနှစ်များဖြစ်သည်အထိ ခုတ်ပိုင်းလိုက်ပြီး ငရုတ်သီးမှုန့်၊ နုပ်နုပ်စဉ်းထားသော ဂျင်း ကြက်သွန်ဖြူတို့ဖြင့် ရောလိုက်၍ အပေါ်ယံမှ နှမ်းဖြူးလိုက်လေသည်။ တရုတ်ဂေါ်ဖီကို ဆားများဖယ်ရှားရန် ရေထဲသို့ စိမ်လိုက်လေသည်။ ရေစစ်ပြီးနောက် အရွက်တစ်ရွက်ချင်းဆီကို မုန်လာဥဖြူအနှစ်ဖြင့် သုတ်လိုက်ပြီး သူတို့ကို ကြီးမားသော မြေအိုးကြီးထဲတွင်ထည့်၍ ကျောက်တုံးကြီးကြီးဖြင့် တင်းကြပ်စွာ ပိတ်ထားလိုက်သည်။
နှစ်ရက်သုံးရက်ကြာသောအခါ အထူး အစပ်ဂေါ်ဖီသည် အဆင်သင့် ဖြစ်တော့သည်။
အစပ်ဂေါ်ဖီသည် ချိုမြပြီးစပ်၍ လတ်ဆတ်လေသည်။ အဲ့ဒါသည် စားချင့်စဖွယ်ဖြစ်ပြီး ဆီများများပါလေသည်။ အေးခဲထားသော တိုဖူးဖြင့် နှပ်လိုက်သောအခါ အရသာအရှိဆုံးဖြစ်သည်။
ပူပေါင်းသေးသေးလေးများ အိုးထဲတွင် ထလာသောအခါ အချဥ်နှင့် အစပ်အနံ့တို့ ထွက်လာတော့သည်။ အေးခဲထားသော တိုဖူးသည် ပူပေါင်းများဖြင့် လှုပ်ခတ်လာသည်။ သူ၏ ပြိုင်ဘက်ကင်းသော အပေါက်ကလေးများတွင် ဂေါ်ဖီအစပ်ဟင်းချိုများဖြင့် ဖြည့်ထားလေသည်။ အဲ့ဒါသည် အလွန်အရသာရှိပြီး အသားထက်ကို ဝါးရန် ပိုသင့်လျော်ပေသည်။
ဆောင်းတွင်၌ မုန်ညင်းဖြူသည်လည်းရတနာတစ်မျိုးဖြစ်လေသည်။
တံစက်မြိတ်တွင် ချိတ်ထားသော ဝက်ဆားနယ်ခြောက်ကို ဖြတ်လိုက်ပြီး မျက်နှာပြင်ပေါ်မှ ဆားများကို ဆေး၍ အသားများကို တုံးတစ်လိုက်ပြီး ပူနေသောဒယ်အိုးထဲတွင် မွှေရင်းဖြင့် လျှင်မြန်စွာ ကြော်လိုက်သည်။ ပြိုင်ဘက်ကင်းသော အငန်အနံ့သည် အစားကြီးသူများ၏ ဝမ်းဗိုက်ကို နှိုးဆော်လိုက်လေသည်။ အပိုင်းပိုင်းဖြစ်အောင်လှီးထားသော မုန်ညင်း၊ ဝက်ဆားနယ်ခြောက်မွှေကြော်တွင် ငရုတ်သီးခြောက်၊ ငရုတ်ကောင်းစိမ်းတို့လည်း ထပ်ထည့်ထားလေသည်။ ဟင်းပွဲတစ်ခုလုံးသည် စပ်၍ လေးပင်သော မွှေးရနံ့များ သင်းကြိုင်နေသည်။
ဝက်ဆားနယ်ခြောက်ကို မုန်ညင်းစိမ်းနှင့် ဆီပူထိုးထားပြီးသောအခါ ပန်းကန်၏ အနားပိုင်းတွင် ဝေါ်ဝေါ်ထို့ ပေါင်မုန့်များကို အဝိုင်းလေးများဖြစ်အောင်ထားလိုက်သည်။ဝေါ်ဝေါ်ထို့ သည် ပြောင်းမုန့်ဖြင့် ပြုလုပ်ထားပြီး ရွေရောင်သန်း၍ ထိပ်ပိုင်းနှင့် အောက်ပိုင်းတွင် ဝိုင်း၍ သေးငယ်ပြီးလက်ရာမြောက်လေသည်။
ပေါင်မုန့်ပိုင်းကို လက်ထဲတွင် ပြောင်းပြန်ကိုင်၍ ဝက်ဆားနယ်ခြောက်နှင့် မုန်ညင်းစိမ်းကို တူတစ်ချောင်းဖြင့်ယူကာ မုန့်အခေါင်းပေါက်ထဲသို့ ထည့်ထားသည်။ တစ်ချက်ကိုက်လိုက်ရုံနှင့် အချိုအရသာနှင့်စေးပျစ်သောအနေအထားဖြင့် မွှေးပျံ့နေရုံသာမက ဝက်ဆားနယ်ခြောက်နှင့်မုန်ညင်းစိမ်းတို့၏ ဆားငန်ပြီး အစပ်အရသာကိုလည်းရနိုင်ပေသည်။ အရသာနှစ်ခုမှာ ကြံကြံဖန်ဖန် ပေါင်းစပ်နေပြီး သူတို့သည် လျှာထိပ်တွင် အချိန်တော်တော်ကြာကြာ စွဲနေပေသည်။
ဒါကြောင့် အခြားရိုက်ကူးအဖွဲ့အများစုသည် ညစာအတွက်ပို့စ်တင်ပြီး သရုပ်ဆောင်များသည် ဆန်တစ်စေ့တောင် မစားသော်ငြား “ ကျွန်တော်တို့မိသားစု ” အဖွဲ့သည်တော့ မတူကွဲပြားပေသည်။
သူတို့ အစားအသောက်နှင့် ပတ်သတ်၍ ရိုက်လိုက်သည့် အချိန်တိုင်း သရုပ်ဆောင်များသည် အရာအားလုံးရှင်းလင်းသွားအောင် စားပေမည်။ ဒါရိုက်တာသည် တစ်ခါတစ်ရံတွင် သူအစားအသောက်ရှိုးတစ်ခု လုပ်နေသည်ဟုပင် အထင်မှားတော့သည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းသည် ပျော်ရွှင်စွာ စားသေက်ကြပြီး အရမ်းကိုစစ်မှန်သည့်ပုံပေါက်လေသည်။ တစ်ချို့လူတွေတောင်မှ သူတို့ ထပ်စားနိုင်သေးသည်ဟု ထင်ရန် လှုံဆော်ကြလေသည်။ သည်လိုမျိုးဆယ်ရက်ကျော်လောက်ရိုက်ပြီးနောက်ဆုံးတွင်တော့ ဆိုးကျိုးများထွက်ပေါ်လာတော့သည်။ တစ်ချို့သရုပ်ဆောင်များ ရုတ်တရက်ကြီး ပေါက်ကွဲလာတော့သည်။
အကြီးဆုံးသမီး ကျောက်ရှောင်းလျန်အဖြစ်သရုပ်ဆောင်သော မင်းသမီးသည် သရုပ်ဆောင် ချန်ချင်ဖြစ်သည်။ သူမသည် ငယ်ရွယ်သော်လည်း တရုတ်စာတန်းထိုးရုပ်ရှင်များတွင် အရေးကြီးဆုံးနေရာကို ရရှိထားသည်။
ဒီနေ့တွင် သူမသည် ရုတ်တရက် ဝေ့ပေါ်ပေါ်၌ ပို့စ်တင်လိုက်သည်။ “ ငါ ထန်ချောင်ချောင်းကို တရားစွဲချင်တယ် @ထန်ချောင်းချောင်း v. နင်ကတကယ့်ကို မယုံရဘူးပဲ! ”
အင်တာနက်သုံးသူများ “???”
သုံးလေးမိနစ်လောက်ကြာသောအခါ ချန်ချင်သည် ချက်ချင်းကို နောက်တစ်ခုထပ်တင်လာသည်။ “ ငါ ထန်ချောင်းချောင်းကို သူမက တစ်ဖွဲ့လုံးကို ဖျက်စီးပစ်ဖို့ သူမရဲ့ မကောင်းတဲ့ရည်မှန်းချက်တွေနဲ့ ငါတို့ အကုန်လုံးကို ဝလာအောင် လုပ်ချင်နေတယ်လို့ စွဲချက်တင်ချင်ပါတယ်။ ( P.S. ငါတောင်းပန်ပါတယ် ငါ အခုလေးတင် နှမ်းဘီစကစ်တွေက်ို လုလာပေမဲ့လည်း တစ်ခုတည်းပဲ ရလိုက်တယ်။ ထန်ချောင်းချောင်း နင်ငါ့ကို နောက်ထပ်တစ်ခုထပ်ပေးရမယ်နော်။ ) ”
ချန်ချင်သည် သူမ၏လက်ထဲတွင် နှမ်းဘီစကစ်ကို ကိုင်ထားသည့် ဆယ်ဖီကို “ ထန်ချောင်းချောင်း၏နှမ်းဘီစကစ် ” ဟူသော ခေါင်းစဉ်ဖြင့် တင်လိုက်လေသည်။
【 ပြောတဲ့အခါ အလယ်မှာ မရပ်လိုက်နဲ့လေ။ အဲ့ဒါက ငါ့ကို သေလောက်အောင်ကြောက်သွားစေတယ်။ ငါထင်တာ ငါ့နတ်ဘုရားမနှစ်ယောက် အချင်းချင်း ဆုတ်ဖြဲတော့မှာလားလို့။ 】
【 ချန်ချင်ကို ထန်ချောင်းချောင်းက သူမ ဝမလာချင်း ကျွေးမယ်..... ဘာလို့ ဒီဟာက အရမ်းရီစရာကောင်းနေရတာလဲ ဟဟဟ 】
【 ထန်ချောင်းချောင်းက ရိုက်ကူးရေးအဖွဲ့ မီးဖိုချောင်ကို ဝင်ပြန်ပြီလား? အဲ့ဆို ဒါရိုက်တာတောင်မှ ဘီစကစ်တွေ လုနေမယ်ထင်တယ်။ နှိုးထကြပါတော့။ မင်းတို့က ရှေးက ဒရမ်မာရိုက်နေတာလေ၊ လျှာကဝေရုပ်ရှင်အကြောင်း ရိုက်နေတာမဟုတ်ဘူးလို့။ 】
ချန်ချင် ပြန်ဖြေလိုက်သည်။ “ ဟုတ်တယ်။ အစားစားချိန်တိုင်းက ကြီးမားတဲ့တိုက်ပွဲကြီးပဲ။ ဒါရိုက်တာလည်း သွားလိုက်ပြီဆိုတော့ ငါကိုယ်ငါပဲ အားကိုးရနေတယ်။ ဝမ်းနည်းမျက်ရည်လေးများ။ ”
【 ငါလည်းပဲ ချောင်းပေါင်လုပ်ကျွေးတဲ့ အစားစာတွေကို နေ့တိုင်းစားချင်တယ်လေ။ 】
【 မင်းတို့ ရိုက်ကူးရေးအဖွဲ့မှာ အချိန်ပိုလေးများရှိလား? ငါ့အတွက်လက်မှတ်ထိုးပေးဖို့ အချိန်လေးများလောက်မလား? 】
【 +၁၀၀၈၆, ငါလည်းပဲ သွားချင်တယ်။ 】
【 ရိုက်ကူးရေးအဖွဲ့က အရမ်းကို သဟဇာတ ဖြစ်တာပဲ။ ဝိရောဓိဖြစ်နေတဲ့သူကတော့ ဒီနေ့ နှမ်းဘီစကစ်လုစားတဲ့သူပဲ။ 】
ထန်ချောင်းချောင်းသည် အင်တာနက်ပေါ်တွင် သူမ ရိုက်ကူးရေးအဖွဲ့ကို သူတို့ဝလာသည်အထိ ကျွေးမွေးနေသည့်ကိစ္စကို ဆွေးနွေးနေကြောင်းမသိသေးပေ။ သူမ နှမ်းဘီစကစ်စ်တစ်ခုကို ရှာတွေ့သောအခါ သာမန်အတိုင်းအော်လိုက်သည်။
“ဒီမှာတစ်ခုကျန်သေးတယ်။ ဘယ်သူလိုချင်လဲ?”
“ငါ!ငါ! ”
ချန်ချင်သည် လက်နှစ်ဖက်စလုံးကို မြှောက်ပြီး ထိန်းချုပ်၍မရသောအသံဖြင့် ပြောလိုက်သည်။သို့သော်လည်း သူမ၏လက်တစ်ဖက်တွင် မကုန်သေးသော ဘီစကစ်တစ်ဝက်ကျန်သေးပေသည်။
လူတိုင်းသည် ရယ်လိုက်ပြီးသူမဆီမှ မလုတော့ပေ။
ချန်ချင်သည် ဇာတ်လမ်းထဲတွင် တည်ငြိမ်၍ ယုံကြည်အားထားရသော ဇာတ်လိုက်မင်းသမီး အကြီးဆုံးအစ်မကြီး ကျောက်ရှောင်းလျန်အဖြစ်သရုပ်ဆောင်သော်လည်း လက်တွေ့တွင် လုံးဝ ထင်ရှားကျော်ကြားသည့် လေထုမရှိဘဲ လုံးဝကို တခြားသူတစ်ယောက်ကဲ့သို့ ဖြစ်လေသည်။
ချန်ချင်သည် နောက်ထပ် နှမ်းဘီစကစ်နောက်တစ်ခုရလိုက်သောကြောင့် ကျေနပ်နေပေသည်။ နှမ်းဘီစကစ်များသည် အဝါရောင်မာနေသောမျက်နှာပြင်အနားသားနှစ်လွှာ ပါရှိလေသည်။တစ်လွှာသည် နှမ်းနံ့လေးသင်းနေပြီး မျက်နှာပြင်သည် ကြွပ်ဆတ်လေသည်။ နောက်တစ်လွှာသည် နူးညံ့၍ အထဲတွင် ပူနေတုန်းဖြစ်သည်။
‘ အရသာရှိလွန်းတယ်! ’
ချန်ချင်သည် ကျေနပ်နေသော်လည်း သူမနှလုံးသားထဲမှ နောက်ထပ်နောင်တရနေပြန်သည်။
သူမ၏ အလေးချိန်, သူမ၏ပုံပန်းသွင်ပြင်!
သူမသည် ထန်ချောင်းချောင်းသို့ ညွှန်ပြ၍ သူမ၏ရင်ဘက်ကို ကိုင်၍ စိတ်ဓါတ်ကျနေသာ မျက်နှာဖြင့် ပြောလိုက်သည်။
“ နင် ပြော နင်က ငါ့ကို တမင်သက်သက် ဒုက္ခရောက်အောင်လုပ်တဲ့ ငါ့ရဲ့anti-fan မလား။ မဟုတ်ရင် ဘာလို့ ဒီလို အရသာရှိပြီး နာကျင်ဖွယ်ကောင်းတဲ့ ညှင်းပန်းမှုမျိုး နေ့တိုင်း လုပ်ရတာလဲ။ ”
ထန်ချောင်းချောင်းသည် သူမ၏နှဖူးကို အကူအညီမဲ့စွာ ထောက်ထားလိုက်သည်။
သည်ရုပ်ရှင်ဘုရင်မချန်သည် နေရာတိုင်းကောင်းသော်လည်း သူမသည် ဒရမ်မာခင်းလေ့ရှိပြီး ၎င်ူကို တစ်ချိန်လုံးလည်းလုပ်နိုင်သည်။ ထန်ချောင်းချောင်းသည် ထိုအပြုအမူကိုအခုထိကျင့်သားမရသေးပေ။
သူမ ဒီလိုတစ်ချိန်လုံးသရုပ်ဆောင်နေသဖြင့် သူမဆုရနိုင်သည်မှာ အံ့သြစရာမရှိချေ။
ဒီအဖွဲ့ကို ဝင်လာသည်မှာ လဝက်လောက်ရှိသောအခါ ထန်ချောင်းချောင်းရိုက်ထားသော ဖျော်ရည်ကြော်ငြာသည် နောက်ဆုံးတွင်တော့ ထုတ်လွင့်ပြီဖြစ်သည်။
အဖျော်ယမကာကုမ္မဏီသည် တကယ်ကို့ ပိုက်ဆံအများအပြားပေးလေသည်။ တိုတောင်းသော တစ်မိနစ်ကြော်ငြာလေးတွင် အထူးပြုလုပ်ချက်များသည် ငါးဆယ်ရာခိုင်နှုန်းထက် သေချာပေါက်ပိုလေသည်။ အရမ်းအံ့သြဖို့ကောင်းလေသည်။
သက်ရွက်တစ်ရွက်ချင်းဆီတိုင်းသည် အလွန့်ကို အသက်ဝင်လှသည်။ ထန်ချောင်းချောင်းသည် တောအုပ်ထဲတွင် လှပသော မင်းသမီးဝတ်ဆုံလေးကို ဝတ်ရင်း နတ်သူငယ်မင်းသမီးလေးအလား ပြေးလွှားနေသည်။ ဆိုးယုတ်သော နဂါးကြီးသည် ကြီးမားသော အတောင်ပံကြီးနှစ်ခုဖြင့် နက်မှောင်ပြီး တောက်ပနေသည်။ သူသည် အထက်စီးဆန်ပြီး မနှစ်မြို့ဖွယ်ကောင်းလေသည်။
ပထမတစ်ဝက်တွင် နဂါးကြီးသည် မင်းသမီးလေးကို ပြင်းပြင်းထန်ထန်လိုက်နေသောအခါ စက္ကန့်တိုင်းသည် ရင်ဖိုစရာကောင်း၍ လူတိုင်းသည် ကျော်ကြားသည့် ဒစ်စနီမင်းသမီးရုပ်ရှင် ကြည့်နေရသည့်အလားဖြစ်သည်။
ထိုအချိန်မှာပင် မင်းသမီးလေးသည် သူမ၏ပါးစပ်ကို ဖွင့်၍ ပြောလိုက်သည်။
“အိုး ကျွန်မရဲ့မင်းသားလေး ရှင်ဘယ်မှာများလဲ?”
ထိုသို့သော ဖန်တစ်ရာထေနေသည် လက်သုံးစကားသည် ပရိတ်သတ်ကို ချက်ချင်းရယ်စေလေသည်။ ဒီဟာသည် တရုတ်နှင့် အနောက်တိုင်းလက္ခဏာတို့ ပေါင်းထားသော မင်းသမီးလေးဖြစ်သည်။
ဒုတိယတစ်ပိုင်းတွင် ဖျော်ရည်သောက်ပြီးနောက် မင်းသမီးလေးသည် ခမ်းခမ်းနားနားပြောင်းလဲသွားလေသည်။ ကြော်ငြာသည် စိတ်လှုပ်ရှားရာကောင်းသော နောက်ခံသီချင်းဖွင့်လိုက်သောအခါ လူများ၏သွေးများချက်ချင်း ဆူပွက်လာတော့သည်။
အထူးသဖြင့် မင်းသမီးသည် “မိန်းမတွေက မင်းသားတစ်ပါးရှိဖို့ မလိုအပ်ဘူး” လို့အော်လိုက်သောအခါတွင် ဖြစ်သည်။ ထိုအခါ သူမသည် ချက်ချင်းကိုပင် အမှောင်ဘုရင်မဖြစ်သွားသည့်အလားဖြစ်သည်။
ကြော်ငြာအဆုံးတွင် ထန်ချောင်းချောင်းကို အနီးကပ်ရိုက်ပြလေသည်။ သူမ၏မျက်လုံးများသည် ခိုင်မာနေ၍ သူမ၏အပြုံးလေးသည် ယုံကြည်မှုအပြည့်ဖြင့် ဖြစ်ပြီး နောက်ဆုံးတွင် သူမသည် ကျယ်ပြောလှသော တောအုပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။
Xxxxxx