Chapter 51
ကြော်ငြာအဆုံးတွင် ထန်ချောင်းချောင်းကို အနီးကပ်ရိုက်ပြလေသည်။ သူမ၏မျက်လုံးများသည် ခိုင်မာနေ၍ သူမ၏အပြုံးလေးသည် ယုံကြည်မှုအပြည့်ဖြင့် ဖြစ်ပြီး နောက်ဆုံးတွင် သူမသည် ကျယ်ပြောလှသော တောအုပ်ထဲသို့ ပျောက်ကွယ်သွာလေသည်။
【 ဒီကြော်ငြာရဲ့ တီထွင်နိုင်စွမ်းကတော့ အရမ်းကောင်းတာပဲ။ မိန်းမတွေက ယောက်ျားတွေကို မှီခိုဖို့ မလိုအပ်ဘူး။ သူတို့က သူတို့ကိုယ် သူတို့ ကာကွယ်နိုင်တယ်။ 】
【 ငါဒီကြော်ငြာကို ကြည့်ပြီး အရမ်းစိတ်လှုပ်ရှားနေတာ။ ကြာပွတ်တစ်ချောင်းကိုင်စွဲထားတဲ့ဘုရင်မ ထန်ချောင်းချောင်း အားး 】
【 ဒီကြော်ငြာက ဘယ်လိုလုပ် အစစ်နဲ့တူလွန်းရတာလဲ? ထန်ချောင်းချောင်းက ဖျော်ရည်တစ်ပုလင်းလုံးကို တစ်ခါတည်းသောက်ချလိုက်တာနော်။ သူတို့တစ်စက္ကန့်တောင် မဖြတ်ထားဘူး။ 】
【 ငါတို့ရဲ့ ချောင်းပေါင်က တကယ်ကို ချိုသာတာပဲ။ မင်းတို့ ဒီကြော်ငြာကို မကြိုက်ဘူးလား... ရှယ်ယာရှင်တွေက သက်တမ်းရင့်ဖန်တွေဖြစ်နိုင်တယ်။ 】
ဒီကြော်ငြာသည် အကောင်းဆုံးအချိန်တွင် ထုတ်လွှင့်နေသည်။ လူတိုင်းနီးပါးသည် ထန်ချောင်းချောင်း၏ ဖျော်ရည်တစ်ပုလင်းလုံး တစ်ခါတည်းဖြင့် အပြတ်သောက်၍ ဇိမ်ယူမှုဖြင့် ဆွဲဆောင်ခံလိုက်ရသည်။ အဲ့တာက အဲ့သည်လောက် သောက်ကောင်းတာလား?
ကြော်ငြာလွှင့်ပြီးမကြာမှီ သေချာသော အဖျော်ကုမ္မဏီတစ်ခု၏တရားဝင် websiteမှ ရောင်းချလေသည်။ အမှာစာများ အများအပြားဝင်လာပြီး စူပါမားကတ်ကြီးများတောင်မှ ထပ်မံဖြည့်တင်းပေးရန်တောင်းဆိုခဲ့သည်။
အင်တာနက်သုံးသူများသည် ဒီကြော်ငြာက အရမ်းကို ချဲ့ကားလွန်းပြီး ဒီအားဖြည့်ဖျော်ရည်က ဒီတိုင်းလှည့်ကွက်တစ်ခုပဲဟု ပြောကြသောအခါ ထန်ချောင်းချောင်း ပြန်ဖြေခဲ့သည်။
“အဲ့ဒါက တကယ်ကို့ အကျိုးသက်ရောက်မှုရှိတယ်။ အဲ့ကြော်ငြာရိုက်တဲ့နေ့က ငါသောက်တာအရမ်းများသွားလို့ ညမှာ အိပ်ဖို့ရာကို အရမ်းတက်ကြွနေတယ်လေ။ ဒါကြောင့် ညလယ်ကြီးမှာ ဖန်တွေကို နှောင့်ယှက်ဖို့ရာ အစားအသောက်တွေကို ထုန်လွှင့်လိုက်တာ။”
သကြားယုန်လေးများလည်း ထန်ချောင်းချောင်းတစ်ယောက်ညလယ်ကြီးတွင် အစားအသောက်စားပြသည်ကို တိုက်ရိုက်ထုတ်လွှင့်သည်က သူမ ဒီအားဖြည့်အချိုရည် သောက်တာများသွားသောကြောင့်ဟု သဘောပေါက်သွားသည်။
ဟေး သူတို့က ချောင်းပေါင် သူ့ဖန်လေးများကို လွမ်းလွန်း၍ ညလယ်အချိန် အထူးအနေနှင့် သူတို့နှင့် စကားပြောသည်ဟု ထင်ထားသည်လေ။
သူတို့သည် အဲ့ဒါကို အိမ်မက်တစ်ခုဟုထင်ပြီး သူတို့နိုးလာသည့်အခါလည်းဒီအတိုင်းပင်ဖြစ်သည်။
ဒုတိယထပ်တွင် ရှန်းယွဲ့သည် အသီးအရွက်ဥယာဉ်ကို လှေကားပေါ်မှ ကြည့်လိုက်လေသည်။ အသီးအရွက်များသည် စိမ်းလန်းစိုပြည်နေပြီးသန်စွမ်းနေသော်လည်း ဥယာဉ်သည် ပျားကဲ့သို့သော အလုပ်များနေသူလေးကို လွမ်းနေပေသည်။
ထန်ချောင်းချောင်းသွားသည်မှာ လဝက်မျှရှိနေပေသည်။ သူမ၏တတွတ်တွတ်ပြောသံလေးများကို လွမ်းလှပြီး ဗီလာသည် ဗလာဖြစ်နေသည်ဟုပင် ရုတ်တရက်ခံစားလိုက်ရသည်။
ရှန်းယွဲ့ ဝေ့ပေါ် ဖွင့်ကြည့်လိုက်သောအခါ “ကျွန်တော်တို့မိသားစု” ရိုက်ကူးရေးအဖွဲ့၏ တရားဝင်ပေ့ချ်မှ တင်ထားသော ထန်ချောင်းချောင်း၏ အရသာရှိသော အစားအသောက်များအကြောင်း နေ့တိုင်းတင်ထားသည်ကို တွေ့လိုက်ရသည်။ အစပ်ဂေါ်ဖီကိုတောင်မှ နည်းလမ်း ၁၀၈ မျိုးဖြင့်ချက်ပြုတ်နိုင်ပေသည်။
ဓါတ်ပုံထဲတွင် သူမသည် အိမ်ပြန်ဖို့ရန် စဥ်းစားဖို့တောင် မလိုလားပုံဖြင့် ပျော်ရွှင်စွာ ပြုံးရယ်နေလေသည်။
နှလုံးသားမဲ့လိုက်တာ!
ရှန်းယွဲ့သည် ဖန်ဂရုထဲသို့ ဝင်နေကြအတိုင်းဝင်လိုက်သည်။ ညပေါင်းများစွာ တိုက်ပွဲဝင်ပြီးနောက် သူသည် ဂရုထဲ၌ ဖန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဂရုထဲသို့ ဝင်လိုက်သောအခါ အားလုံးသည် ထန်ချောင်းချောင်းဆီသို့ သွားလည်၍ သူမကို ရိုက်ကူးရေးအဖွဲ့တွင်ကူညီကြမည်ဟု ဆွေးနွေးနေကြသည်။
အိုး... သူအသစ်သင်ယူလိုက်ပြီ။
ရိုက်ကူးရေးအဖွဲ့ကို သွားထောက်ပံ့ရင်ကော ဘယ်လိုလဲ...
သရုပ်ဆောင်များ ရိုက်ကူးရေးလုပ်နေသောအခါ ဖန်များက အစားအစာများနှင့် အဖျော်ရည်များ ရိုက်ကူးရေးအဖွဲ့ဆီသို့ ပုံမန်ပို့လေ့ရှိသည်။
ယေဘုယျအားဖြင့် မုန့်များ၊ အချိုရည်များ စသည်ဖြင့်သာ ဖြစ်သည်။ ဒါ့အပြင် ဒါရိုက်တာများနှင့် သရုပ်ဆောင်များအတွက် အထူးလက်ဆောင်များလည်း ရှိတတ်သေးသည်။
အခုခေတ်ဖန်များသည် တကယ်ကို အဖေများ ၊ အမေေများနှင့် တူလေသည်။
【 ပထမဆုံးအကြိမ် ချောင်းချောင်းကို ထောက်ပံံ့ကြစို့။ ငါတို့ မျက်နှာချင်းဆိုင် တွေ့ကြမယ်။ ငါတို့ မရှုံးနိုင်ဘူး။ 】
【 အား အား အား ငါ ချောင်းပေါင်ကို ငါမျက်လုံးတွေနဲ့ မြင်နိုင်တော့မယ်။ ငါစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပါပြီ။ 】
【 ငါထင်တာတော့ ငါတို့တွေ နေ့လည်လောက်ကျမှ မြန်မြန်သွားရင်ကော။ ဒါဆို ငါတို့ ချောင်းပေါင်လုပ်ထားတဲ့ အစားအစာတွေ စားရင်စားနိုင်မှာ။ 】
【 အပေါထပ်ပြောတာကိုတော့ ကြိုက်သွားပြီ။ 】
【 မင်းပြောတာ...မှန်လိုက်တာ ငါလည်းထောက်ပံ့ရမည် ဟ်ိဟိဟိ 】
‘မင်းတို့က ထန်ချောင်းချောင်းကို တွေ့ဖို့သွားမှာလား စားချင်လို့ သွားတာလား?’
ရှန်းယွဲ့သည် ဒီလို ဖန်များ၏ နုံအသော အပြုအမူများကို သူ၏နှလုံးသားထဲကပင် မကြိုက်ပေ။ သူတို့ ရိုက်ကူးရေးအဖွဲ့ဆီ သွားချင်သူများရေတွက်သောအခါ သူသည် ပြတ်ပြတ်သားသားပင် စာရင်းသွင်းလိုက်သည်။
အဟမ်း သူက ရေစီးကြောင်းအတိုင်း လိုက်ရုံပါပဲ
သို့သော်လည်း လူများစွာ စာရင်းသွင်းကြသည်။ ဂရုခေါင်းဆောင် ရှောင်းရှောင်းသည် မဲနှိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
အဆုံးတွင် ရှန်းယွဲ့ မရလိုက်ပေ။
ရှောင်းရှောင်း: 【 မရလိုက်လည်း စိတ်ဓါတ်မကျပါနဲ့ သကြားယုန်လေးတွေရေ။ နောက်တစ်ကြိမ် မင်းတို့အလှည့်ဖြစ်ပါလိမ့်မယ်နော်။ ဒီ ကံစမ်းမဲပရိုဂရမ်အသေးလေးက မှန်ပါတယ်နော်။ မင်းတို့ရဲ့အကောင့်က အစစ်အမှန်မဟုတ်လို့ ဒါမှမဟုတ် မင်းတို့ရဲ့ အထောက်အပံ့က အရမ်းနိမ့်နေလို့ ဖြစ်နိုင်တယ်။ မင်းတို့ရဲ့အရန်အကောင့်ကိုပဲ မသုံးပါနဲ့။ တစ်နေ့လုံးလည်း ပျင်းရိမနေနဲ့။ ပြီးတော့ အကြံပေးရမယ်ဆိုရင် မင်းတို့ရဲ့အကောင့်နာမည်ကို ချောင်းချောင်းနဲ့ ပတ်သတ်တာလေးထား၊ ဒါဆိုပထမဆုံးမှာတင်ကို မင်းတို့က ချောင်းချောင်းဖန်ဆိုတာ သိနိုင်တယ်လေ။ အဲ့ဆို မဲရနိုင်ခြေလည်း ပိုမြင့်လိမ့်မယ်။ 】
ရှန်းယွဲ့၏မျက်နှာ ဆွံအသွားလေသည်။
သူသည် သူ၏ အရန်အကောင့်ကိုသာ သုံးပြီး အကောင့်အစစ်ဖြင့် ပို့စ်တင်သည်မှာ ရှားလေသည်။ ပြီးတော့ သူ၏နာမည်သည်လည်း ထန်ချောင်းချောင်းနှင့် မည်သို့မျှ ဆက်နွယ်ခြင်းမရှိချေ။
ထို့နောက် ရွေးချယ်ခံရသူများကား “ထန်ချောင်းချောင်းကို အချစ်ဆုံး” ၊ “ချောင်းချောင်းရဲ့ ဆန််လုံးလေး” ၊ “ ငါက ထန်ချောင်းချောင်းလက်ထဲက ကြာပွတ်လေး ” တို့ဖြစ်ကြသည်။
ဒီလူက “ကြာပွတ်လေး” အမည်ဖြင့်လူဖြစ်ပြန်ပြီဖြစ်သည်။ သူလည်းအရွေးခံရသည်။
ကောင်းပြီလေ။ သူသည် ထန်ချောင်းချောင်းနှင့် ပတ်သတ်သည့် သက်တံ့အကြောင်းများကို တစ်နေ့လုံးထိုင်တင်နေပြီး သူ၏နာမည်သည်လည်း အရမ်းကို သင့်လျော်ပေသည်။
ရှန်းယွဲ့၏လက်ချောင်းများသည် နာမည်ဆက်တင်တွင်် အကြာကြီးတုန့်ဆိုင်းနေပြီးနောက် ဝေ့ပေါ်ကို ပိတ်လိုက်တော့သည်။
‘သူတို့က ရိုက်ကွင်းကို သွားလည်ရုံပဲမလား ဘယ်သူက ဂရုစိုက်လို့လဲ...
ခဏတာတိတ်ဆိတ်ပြီးနောက် သူ လီကျီ၏ဖုန်းကိုခေါ်လိုက်လေသည်။
“ ကျွန်တော်တို့၏ မိသားစု ” ရှိ လုပ်ဖော်ကိုင်ဖက်များသည် ဒါရိုက်တာဝူ သည် ဒါရိုက်တာတစ်ယောက်ဖြစ်လာကတည်းက တွေ့ဆုံခဲ့သည့်များထဲက အတွဲအဖက်အညီဆုံး အဖွဲ့ဖြစ်လေသည်။ အလောတကြီးလုပ်စရာလည်းမလို၊ ဖန်များလည်းမရှိ၊ ဇာတ်ညွှန်းရေးဆရာများကို ဇာတ်ညွှန်းပြောင်းလဲပေးရန် တောင်းဆိုသော သရုပ်ဆောင်များလည်းမရှိသလို၊ အခြားအရှုပ်အထွေးများလည်း မရှိပေ။ ရိုက်ကွင်းသည် အရမ်းကိုမှ အဆင်ပြေ ချောမွေ့နေသည်။
တစ်ခုတည်းသော ပြဿနာအသေးလေးမှာ သူသည် မကြာမကြာ ထွက်လာ၍ သရုပ်ဆောင်များကို သူတို့၏ ပါးစပ်များကို ထိန်းရန်ကြီးကြပ်ရသည်၊ ဒါမှသား သူတို့ သည် ဓာတ်ပုံစားသော ပုံပန်းသွင်ပြင်ကို ထိန်သိမ်းနိုင်မည် ဖြစ်သည်။
ရလာဒ်အနေဖြင့် ရိုက်ကူးရေးအဖွဲ့ ရှိသည့် ဂျင်ခန်းမသည် မကြာသေးမီကပင် လူကြိုက်များလာတော့သည်။ “ ကျွန်တောတို့၏ မိသားစု ” အဖွဲ့၏ သရုပ်ဆောင်များသည် ရိုက်ကွင်းတစ်ခုပြီးတိုင်း အသည်းအသန် ဖြစ်ကြသည်။ ဟိုတယ်ဝန်ထန်းလေးသည် သရုပ်ဆောင်များဘယ်လိုနှစ်မြုပ်ထားသည်ကို အထူးတလည် လာကြည့်တော့သည်။
သို့သော်လည်း သရုပ်ဆောင်များသည် သူတို့၏ နှလုံးသားထဲတွင်တော့ သူတို့ ကယ်လိုရီများများ လောင်ကျွမ်းနေသ၍ သူတို့်ဝလာမည်မဟုတ်ဟုသတ်မှတ်ထားလေသည်။ ထိုသို့ဆိုလျှင်သူတို့ မနက်ဖြန်တွင် ထန်ချောင်းချောင်း လုပ်ပေးသော အစားအစာများ ပိုစားနိုင်မည်ဖြစ်သည်။
သို့သော်လည်း အဓိက တရားခံဖြစ်သည့် ထန်ချောင်းချောင်းသည်တော့ ဂျင်ကိုသွား၍ ကယ်လိုရီများ လောင်ကျွမ်းရန်မလိုပေ။
........
ယနေ့သည် နေသာသော နေ့လေးတစ်နေ့ဖြစ်သည်။
ထန်ချောင်ချောင်းနှင့် ချန်ချင်တို့သည် ညီအစ်မနှစ်ယောက်မြို့သို့တက်လာသောအခန်းကို ရိုက်ရပေမည်
သူတို့နှစ်ယောက်က မြို့သို့တက်ခဲပေသည်။ သူတို့သည် အစားအသောက်ကူပွန်များ၊ အဝတ်အထည်လက်မှတ်များဖြင့် စျေးဝယ်ထွက်နေကြသည်။ သို့သော် မမျှော်လင့်ဘဲ လမ်းကြားထဲတွင် ဂန်းစတားလူဆိုးများဖြင့် ဆုံလေသည်။ ထို့နောက် ဇာတ်ညွှန်းထဲတွင် သူရဲကောင်းမှ အလှလေးများကို ကယ်တင်သည့် အခန်းဖြစ်သည်။
ဇာတ်ကွက်သည် ရိုးရှင်းသော်လည်း သူတို့ကြိုးစားသရုပ်ဆောင်ခဲ့ကြသည်။
ညီအစ်မနှစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားဖို့ရန်အတွက် စီစဉ်ထားသော လူမိုက်ဂန်းစတားနှစ်ယောက်သည် ငယ်ရွယ်သော အပို ဇာတ်ကောင် ယောက်ျားလေးနှစ်ယောက်ဖြစ်သည်။ သူတို့သည် သရုပ်ဆောင် အနုပညာကျောင်းမှ ဘွဲ့မရခဲ့သောလည်း သူတို့ အချိန်အားနေသောကြောင့် အဖွဲ့ထဲတွင် အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြစ်သည်။
ချန်ချင်၏ နာမည်သည် အရမ်းကြီးလွန်းသောကြောင့်လား သို့မဟုတ် ထန်ချောင်းချောင်း၏ အံ့သြဖွယ်ကောင်းသော ခြေကန်ချက်ကြောင့်လား မသိပါပေ။ အရန် ဇာတ်ကောင် ယောက်ျားလေးနှစ်ယောက်သည် ကောင်းကောင်းသရုပ်မဆောင်နိုင်ပေ။ ဒါရိုက်တာဝူ သူတို့ကို မကျေနပ်တော့ပေ။ သူသည် သူတို့ကို မကြိုက်တာမဟုတ်သောလည်း သူတို့၏ သရုပ်ဆောင်မှုသည် အလွန်ချုပ်တည်းလွန်းပြီး သူတို့၏ အမူအရာများသည် သဘာဝမကျပေ။ သူ သူတို့ကို ဆူနေသည်တောင်မှ သူတို့ NG ကို ခဏတိုင်းထပ်ကာထပ်ကာဖြစ်နေကြသည်။
[ E T/N:NG သည် " no good " ဟုဆိုလိုသည်။ အတိုချုပ်ရလျှင် NGသည် တစ်ချို့ အမှားများကြောင့် သုံးမရတော့သည် သို့မဟုတ် ဒါရိုက်တာက မကြိုက်ဟု သတ်မှတ်သောအပိုင်းများ ဖြစ်သည်။ ]
ဒါရိုက်တာ၏ ဆူပူမှုကြောင့် အရန် ဇာတ်ကောင် ယောက်ျားလေးနှစ်ယောက်သည် ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။ သူတို့၏မျက်လုံးများသည် ထန်ချောင်းချောင်းကို မကြည့်ရဲဖြစ်နေသည်။ သူတို့၏ပါးများလည်း ရှက်ရွံ့မှုကြောင့် နီရဲနေသည်။ အဓိက အမျိုးသားဇာတ်ဆောင်သည်တော့ သူ့အလှည့်ရောက်ရန် ဘေးဘက်တွင် စောင့်နေသည်။
ထန်ချောင်းချောင်းသည်လည်း “ ကယ်ကြပါ ” ခဏခဏ အော်နေရသည်။ သူမသည် အချိန်ကြာကြီး မည်သည့် အကြောင်းပြချက်မျှမရှိဘဲ အော်နေသည်ဟု ခံစားရသည်။
နေ့အပူချိန် မြင့်တက်လာပေပြီ။ အကြာကြီး ရိုက်ရသည့်အတွက် လူတိုင်း အနည်းငယ် စိတ်မရှည် ဖြစ်နေကြသည်။ ဒါရိုက်တာမှ နောက်တစ်ကြိမ် ရပ်ဖို့ပြောသောအခါ လေထုသည် အနည်ငယ်စိုးရိမ်မှုတို့ဖြင့် ပြည့်သွားသည်။ အရန်ဇာတ်ကောင်များထဲမှ တစ်ယောက်သည် သူ၏ခေါင်းကိုနှိမ့်ထားပြီး ငိုချတော့မည့်အလား သူ၏ပုခုံးတို့ တုန်ရီနေသည်။
“ ယောက်ျားတွေ မျက်ရည်ကျတဲ့ အခါ သူတို့ကတော့ ပေါ့ပေါ့ပါးပါး သုတ်ပစ်လိုက်တယ်။ ငါဆို အချိန်ကြာကြီး အနိုင်ကျင့်ခံရတဲ့သူတစ်ယောက်ပဲ ဒါပေမဲ့ ငါ မငိုခဲ့ဘူး ” ထန်ချောင်းချောင်းသည် ကောင်လေး၏ ပိန်ပါးသော ပုခုံးများကို ပုတ်လိုက်လေသည် “ ကောင်းပြီ၊ ငါ မင်းကို ငါ့ရဲ့ အစားအသောက် သရုပ်ဆောင်ခြင်း နည်းလမ်းများကို ပြပေးမယ်။ နောက်ကျ လုပ်ကြည့်ပေါ့။ ”
အရံဇာတ်ကောင် ယောက်ျားလေးနှစ်ယောက်နှင့် ဘေးမှ ပါတနာ ချန်ချင်: ‘ ဘယ်လို? သရုပ်ဆောင်တာက အစားအသောက်နဲ့ ဘာလုပ်လို့ရနိုင်လို့လဲ?
’
ထန်ချောင်းချောင်း: “ ငါ သူမနဲ့ ပြပေးမယ် ”
“ ငါ? ” အခေါ်ခံလိုက်ရသော ချန်ချင်သည် သူမကိုယ်သူမ ညွှန်ပြ၍ မျက်တောင်လေးများခတ်ရင်း စိတ်လှုပ်ရှားလာသည်။
“ ကောင်းပြီလေ ”
ထန်ချောင်းချောင်းသည် ချန်ချင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခံရမည့် ဇာတ်ကောင်နေရာထား၍ သူမကို ထောင့်ဘက်သို့ တွန်းလိုက်သည်။ ထန်ချောင်းချောင်းသည် နံရံပေါ်သို့ လက်တစ်ဖက်ထောက်လိုက်ပြီး မိန်းကလေးကို အပေါ်မှ အောက်သို့ တည့်တည့် ကြည့်လိုက်သည်။
ချန်ချင်သည် ဇာတ်ကောင်ထဲသို့ လျင်မြန်စွာ ဝင်သွားလေသည်။ သူမသည် သူမ၏ ကော်လံကို သူမ၏လက်များဖြင့် တင်းကြပ်စွာ ဆွဲစေ့လိုက်ပြီး ကြောက်ရွံ့စွာကြည့်လေသည်။
“ ရှင်…ကျွန်မကို ဘာလုပ်ချင်လို့တုန်း? ”
ထန်ချောင်းချောင်း: ‘ အစ်မရေ နင့်က ငြင်းပယ်နေတာလား ဖိတ်ခေါ်နေတာလား? ’
“ မင်းတို့တွေ သူ့ကို စတားတစ်ယောက်လို့ မတွေးနဲ့၊ ” ထန်ချောင်းချောင်းသည် အရန်မင်းသားကို ပြောလိုက်သည်။ “ သူမကို အစားအစာတစ်မျိုးလို့ ဆက်ဆံရမယ်။ ”
ထန်ချောင်းချောင်း သူမ၏မျက်ခုံးများပင့်လိုက်သည်။
“ သူမရဲ့ အသားအရေက ဘယ်လိုတောင် ဖြူဖွေးပြီး နူးညံ့နေလဲကြည့်လိုက်၊ ချက်ပြုတ်ပြီး အခွံခွာထားတဲ့ ကြက်ဥတစ်လုံးလိုပဲ ဟုတ်လား...”
အရန်မင်းသားများသည် ခေါင်းညိမ်ကြသည်။ “ ဟုတ် ”
“ နောက်ပြီး သူမခန္ဓာကိုယ်ရဲ့ အရသာ၊ သူမက မင်းတို့ကြိုက်တဲ့ အသီးလိုမျိုး အရသာရှိတယ်လို့ စိတ်ကူးကြည့်လိုက်၊ ”
အရန်မင်းသားများ၏ မျက်လုံးများသည် တောင့်တသည့် အရိပ်အယောင်တို့ ပြလာသည်။
“ ဟုတ် ”
ထန်ချောင်းချောင်း: “ မင်းတို့ တကယ်စားချင်ပြီဆိုမှတော့ မင်းတို့ တွန့်ဆုတ်မနေတော့ဘူးလေ ”
ထို့နောက် သူမသည် သူမ၏လက်ဖမိုးဖြင့် ချန်ချင်၏မျက်နှာကို ပွတ်လေသည်။
သူမ ရယ်ပြီးပြောလေသည်၊
“ကောင်မလေးရဲ့ မျက်နှာက အရမ်းကို နူးညံ့နေတာပဲ ၊ ဒီအစ်ကိုကြီးကို ထိခွင့်ပေးလိုက် ”
ချန်ချင်သည် ထန်ချောင်းချောင်း၏ ထောင့်သို့ တွန်းလိုက်သည် ကို ခံလိုက်ရသည်။ သူမ၏ အာရုံစိုက်ထားသော အမူအရာကို ကြည့်၍ သူမ၏ နှလုံးရုတ်တရက် ခုန်သွားခဲ့ရသည်။ ‘ အာ၊ ငါဒီဟာနဲ့ အဆင်ပြေပါတယ် ’
ထန်ချောင်းချောင်းသည် စိတ်အားထက်သန်စွာ ရှင်းပြလေသည်။ “ ဒီအချိန်မှာ သားကောင်က သေချာပေါက်ခုခံမှာပဲ။ အဲ့ဒါဆို မင်းတို့ဘာလုပ်မလဲ.. ”
ချန်ချင်သည် ချက်ချင်းကို တုန့်ပြန်လေသည်။ သူမ(ထန်ချောင်းချောင်း)၏ လက်လေးများကို လှိုက်လှဲစွာ ကြိုဆိုလေသည်။
“ မ~ မလုပ်…. မလုပ်နဲ့ ~ ”
[E-T/N: မူရင်းတွင် သူမသည် anime/hentaiထဲတွင်ပြောသလို “Yamete.... yamete” ပြောခဲ့ခြင်းဖြစ်သည်။]
Xxxxxx