Chapter 52
ထန်ချောင်းချောင်း: ‘ ….ရုပ်ရှင်ဘုရင်မရေ နင့်ရဲ့ သဘာဝကတော့ ပေါ်ထွက်လာပြီပဲ ’
“ သူမ မင်းတို့ကို ခုခံမယ် ဒါပေမဲ့လည်း မင်းက လူဆိုးဖြစ်နေတော့ လက်လျှော့လို့ မရဘူး ”
ထန်ချောင်းချောင်းပြောလိုက်သည်။
“ ကြက်သေးသေးလေးတစ်ကောင်က မင်းစားမှာကို ခုခံနေတာလို့ စိတ်ကူးကြည့်၊ အဲ့ဒါက အရမ်းကို ဆန်းသစ်ပြီးတော့ ရယ်စရာကောင်းလိမ့်မယ်။ မင်းတို့ ဒီနည်းလမ်းအတိုင်းသာ တွေးကြည့် မယ်ဆိုရင် မင်းအနိုင်ကျင့်တဲ့သူတစ်ယောက်လို သဘာဝကျကျ သရုပ်ဆောင်နိုင်လိမ့်မယ်။ ”
ထန်ချောင်းချောင်း အထင်သေးသော အပြုံးလေးဖြင့် ဆက်၍ သရုပ်ပြလိုက်သည်
“ ဒီတောသူလေးက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ငါကြိုက်တယ်။ မင်းဒီသခင်လေးနောက်ကိုသာ လိုက်ခဲ့ မယ်ဆိုရင် ငါမင်းကို ကာကွယ်ပေးမယ်။ မင်း နောက်ဆို ဒီမြို့မှာ ကောင်းကောင်း စားနိုင်သောက်နိုင်စေရမယ်။ ”
အရန်ဇာတ်ကောင် မင်းသားနှစ်ယောက်သည် နောက်ဆုံးတွင် နားလည်သွားသောကြောင့် ခေါင်းည်ိမ့်လိုက်ကြသည်။
သို့သော်လည်း ထို့နောက်တွင် သူတို့ ချန်ချင်သည် သူမ၏ ခေါင်းကို ထန်ချောင်းချောင်းဆီသို့ ညင်ညင်သာသာလေး မှီ၍ ရှက်နေသော အမူအရာ ဖြင့် ပြောလိုက်သည်။
“ ချောင်းချောင်း နောက် ငါနင့် နောက်ကို လိုက်မယ်ဆိုရင် ငါ နှမ်းဘီစကစ်တွေ နေ့တိုင်းစားလို့ရလား? ”
အရံမင်းသားများ:" ...."
ရုပ်ရှင်ထဲတွင် မပါဝင်ရသေးသော အဓိကအမျိုးသားဇာတ်ဆောင်: ‘ ကြည့်ရတာ ငါကို မလိုတော့တဲ့ ပုံပဲ ’
ဒါရိုက်တာ: ‘ သေစမ်း၊ ထန်ချောင်းချောင်းရဲ့ ထူဆန်းတဲ့ အစားအသောက် သရုပ်ဆောင်ခြင်း နည်းလမ်းများက တကယ်ကို ရှင်းရှင်းလင်းလင်း နားလည်စေတာပဲ ’
ဒီအချိန်မှာ ရုပ်ရှင်ရိုက်ကွင်းမှ ရယ်သံများ ဟုန်းခနဲ ရုတ်တရက် ပေါ်ထွက်လာသည်။
ထန်ချောင်းချောင်း ကြည့်လိုက်သောအခါ သူမ၏နာမည်များကိုင်ထားသော ဖန်တစ်စုသည် ကိုယ်များလှုပ်ယမ်းသည်အထိရယ်နေသည်ကို တွေ့လိုက်ရသည်။
“ ချောင်းပေါင် က အရမ်းကို မိုက်တာပဲ။ ငါတို့အားလုံးက မင်းရဲ့ အမျိုးသမီးဖန်တွေပဲ! ”
“ ဟဟဟ ညီအစ်မ CPပဲ၊ ငါထောက်ခံတယ်။ ဒါရိုက်တာကို ညီအစ်မရိုက်ပေးဖို့ မေးရအောင် ”
“ လိမ္မော်သီး ကြီးကြီး ရလာပြီ! ဒီလိမ္မော်သီးက အရမ်းကို ကောင်းတာပဲ! ”
[ E-T/N: "လိမ္မော်သီး" က girl love(GL)/Yuri အတွက် စကားရပ်လေးတစ်ခု ဖြစ်သည်။ ဤစကားရပ် သည် နာမည်ကြီး Yuri manga "Citrus"မှ ပေါ်လာခြင်းဖြစ်သည်။ ]
ချန်ချင်က ဖန်များကျယ်လောင်စွာ အော်ဟစ်နေသည်ကို ကြားသောအခါ သူမသည် ရှိုးကို နောက်တစ်ကြိမ် လုပ်လိုက်သည်။ သူမသည် ထန်ချောင်းချောင်း၏ လက်ကိုမြှောက်၍ ပြဇာတ်ရုံတစ်ခုတွင် ကန့်လန့်ကာ ကျလာတော့မည့် အချိန်တွင် ရောက်နေသကဲ့သို့ ဦးညွှတ်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
ထန်ချောင်းချောင်း ကြက်သေသေ သွားတော့သည်။ သူမသည် ရိုက်ကွင် တွင် ဝန်ထမ်းများသာ ရှိမည်ဟု ထင်ခဲ့၍ သူမကိုယ်သူက လွှတ်ပေးလိုက်သည် ဖြစ်သည်။ ဖန်တွေကဘယ်အချိန်တွင် ရောက်လာပါလိမ့်...
သူတို့ ခရီးစဥ်တစ်ခုလုံး လိုက်မကြည့် လောက်ပါဘူး ဟုတ်တယ်မလား...
......
ထန်ချောင်းချောင်းနှင့် ချန်ချင်တို့၏ သမားရိုးကျမဟုတ်သော သရုပ်ဖော်မှုပြီးသွားသောအခါ ရိုက််ကွင်းရှိလေထုသည် ပို၍ သက်တောင့်သက်သာ ဖြစ်လာတော့သည်။ သူတို့သည် ထန်ချောင်းချောင်းသင်ပေးသောနည်းလမ်းကို တွေးကြည့်သောအခါ တကယ်အလုပ်ဖြစ်သည်ကိုတွေ့ရသည်။ သူတို့သည် သူတို့နှစ်ယောက်ကို နာမည်ကျော်စတားကြီးတွေဟု မမှတ်ယူဘဲ သူတို့ ကြိုက်နှစ်သက်သော အစားအစာဟု သတ်မှတ်လိုက်သောအခါ သူတို့သည် သူတို့ကို တိိုက်ရိုက်ကြည့်ရဲသွားတော့သည်။
ဒါကြောင့် နောက်ထပ်နှစ်ခေါက်လောက်ရိုက်လိုက်သောအခါ ဒီရိုက်ကွက်သည် ပြီးသွားပြီဖြစ်သည်။
ဒီရိုက်ကွင်းကို ရိုက်ပြီးသောအခါ ထန်ချောင်းချောင်း ခဏမျှအနားယူနိုင်သွားတော့သည်။ ဖန်များသည် ချက်ချင်းကို သူ၏အနားသို့ စုဝေးလာတော့သည်။
ထန်ချောင်းချောင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းတို့ဘာလို့ဒီရောက်နေကြတာလဲ?”
“ငါတို့ ရိုက်ကွင်းမှာ မင်းကို ထောက်ပံ့ပေးဖို့ ရောက်လာတာ” ဖန်များသည် ထန်ချောင်းချောင်းကို အံ့အားသင့်စေရန်အလို့ငှာ မန်နေဂျာအစ်ကိုချမ်ကိုသာ ပြောထားလေသည်။ သူတို့က သူကို လျို့ဝှက်ထားဖို့တောင် ပြောထားခြင်းဖြစ်သည်။
ဒီဟာသည် ထန်ချောင်းချောင်း ပထမဆုံးအကြိမ် ဖန်များနှင့် အနီးကပ်ဆက်သွယ်သည့် အချိန်ဖြစ်လေသည်။ ဖန်များသည် အရမ်းစိတ်လှုပ်ရှားနေပြီး တစ်ချို့လူများသည် “ငါယုံတောင်မယုံနိုင်ဘူး။ ငါထန်ချောင်းချောင်းကို တကယ်ကြီး အပြင်မှာ အသက်ရှင်လျက် တွေ့လိုက်ရပြီ” ဟုတောင် ရေရွတ်နေကြသည်။
ထန်ချောင်းချောင်းရယ်လိုက်သည်။ ဒါပေါ့ အသက်ရှင်လျက်ပေါ့ ။သူမမှ မသေတဲ့ဟာကို။
ဖန်များသည် တတွတ်တွတ်ပြောနေကြသည်။
“ချောင်းပေါင် ဒီလိုပူနေတဲ့နေ့မှာ အများကြီးဝတ်ထားတာပဲ၊ မပူဘူးလား?”
ထန်ချောင်းချောင်း: “ကံကောင်းစွာနဲ့ပဲ ငါ့မှာ အေးစေတဲ့ စတစ်ကာတွေရှိတယ်။” သူမသည် အအေးစတစ်ကာများကို သူမ၏ လက်မောင်းများ ကျောများတွင် ကပ်ထာားသော်လည်း သူမ၏ကျောပေါ်က ရှပ်အင်္ကျီကတော့ ချွေးများစိုနေလေသည်။
ဖန်များ ညည်းညူလိုက်ကြသည်။
“မင်းအရမ်းအလုပ်ကြိုးစားတာပဲ။”
ထန်ချောင်းချောင်းသည် ဖန်များနှင့် လမ်းတလျှောက်စကားပြောလာခဲ့ပြီး ဖန်များပြင်ဆင်ထားသော ထောက်ပို့ကားဆီသို့ ရောက်လာသည်။ ထန်ချောင်းချောင်း၏ ပိုစတာကြီးသည် ပန်းရောင်ကားပေါ်တွင် ချိတ်စွဲထားသည်။
ကားရှေ့တွင် စားပွဲနှစ်လုံးသုံးလုံးခင်းထား၍ အဲ့ပေါ်တွင် အထူးကောင်းမွန်သော လက်ဆောင်လေးများ၊ ဖျော်ရည်များ၊ အသီးဗန်းများ၊ ထန်ချောင်းချောင်းပုံဖြင့် လျပ်စစ်ပန်ကာအသေးများ အားလုံးသည် ရိုက်ကူးရေးအဖွဲ့အတွက်ပင်ဖြစ်သည်။
“ချောင်းပေါင် ဒါလေးကမင်းအတွက်”
ထန်ချောင်းချောင်းသည် သကြားယုန်လေးများထဲမှ တစ်ယောက်လက်လွဲပေးသော ဦးထုပ်လေးကို ယူလိုက်ပြီးနောက် သူမ၏မျက်လုံးများဝင်းလက်သွားသည်။ အဲ့ဒီမှာ ပန်းရောင်ယုန်လေးက သူ၏လက်ထဲတွင် ဇွန်းလေးတစ်ချောင်းကိုင်၍ ချက်ပြုတ်နေသည်။ ယုန်လေးသည်လည်း စာဖိုမှူးဝတ်ဆုံလေးဝတ်၍ စာဖိုမှူးဦးထုပ်လေးဆောင်းထားသည်။ ဦးထုပ်၏အလယ်တွင် “ချောင်းပေါင်” ဟူသောစကားလုံးကို ရေးထားလေသည်။
‘သေပါပြီ။ ဒီဦးထုပ်လေးက သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ မိန်းကလေးရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေတယ်!
သူမ၏ဖန်လေးများသည် သူမကို အကောင်းဆုံးသိသော အိန်ဂျယ်လေးများဖြစ်ကြသည်။
ဖန်လေးသည် အသံသေးသေးလေးဖြင့် သတိပေးလေသည်။ “ချောင်းပေါင် နောက်ကိုကြည့်ကြည့်ပါဦး”
ဦးထုပ်သည် နှစ်ဖက်ပါတာဖြစ်သည်။
ထန်ချောင်းချောင်းသည် လှည့်လိုက်သောအခါ နောက်ဘက်တွင်တော့ ရုတ်တရက် ပုံစံပြောင်းသွားလေသည်။
အဲ့ဒါသည် တူညီသောပန်းရောင်ယုန်လေးဖြစ်သော်လည်း သူသည် အနက်ရောင်အင်္ကျီလက်ကျဥ်းသော လေ့ကျင့်ခန်းဝတ်ဆုံကို ဝတ်ထားသည်။ ယုန်လေး၏မျက်လုံးများသည် စူးရှစွာ တောက်ပနေပြီး သူသည် သူ၏ ခြေထောက်များမြှေက်ထားသည်မှာ ကောင်းကင်ကိုတောင် ကန်ချင်နေသကဲ့သို့ဖြစ်သည်။
ဖန်များသည်လည်း တင်စီးသော ပုံနှစ်ခုကို တွေးမိလိုက်ပြီး အော်သံများလျှံထွက်လာသည်။ “အား ဟေး!”
ထန်ချောင်းချောင်း: ‘မင်းက နတ်ဆိုးလားဟ?’
ဖန်တစ်ယောက်သည် မျက်လုံးလက်လက်လေးဖြင့် ထွက်လာသည်။
“ချောင်းပေါင် နူးညံ့တဲ့အပြင်ဘက်ပုံနဲ့ မာကြောတဲ့အတွင်းဘက်ပုံကို ကြိုက်လား ဒါမှမဟုတ် မာကြောတဲ့အပြင်ဘက်ပုံနဲ့ နူးညံ့တဲ့အတွင်းဘက်ပုံကို ကြိုက်လား။ ငါတို့ နောက်ခါ ဆွဲပြီးပေးမယ်လေ”
ထန်ချောင်းချောင်းသည် မေးခွန်းကြောင့် တခဏတာ ကြက်သေသေသွားလေသည်။
သူမတစ်ခဏတာတွေးတောလိုက်သော်လည်း အဲ့သည်မှာ မတူတာရှိလို့လား?
အမ်း သူမ မသိသလိုပဲနေလိုက်တော့မယ်။ ရုန်းကန်မနေတော့ဘူး။
တွန့်လိန်နေသော အပြုံး ပုံ.
ဂရုခေါင်းဆောင်အနေဖြင့် ရှောင်းရှောင်းသည် ထန်ချောင်းချောင်းကို ကုန်ပစ္စည်းများ ဦးဆောင်၍ မိတ်ဆတ်ပေးလေသည်။
“ချောင်းပေါင် ဒီပိုစတာတွေနဲ့ နဖူးစည်းတွေအားလုံးကို ငါတို့တွေလုပ်ထားတာလေ။”
ထန်ချောင်းချောင်း ယာယီအနေဖြင့် ကောင်းမွန်စွာ ခင်းကျင်းထားသော အပြင်အဆင်ကို ကြည့်၍ မျက်ရည်များစို့လာသည်။
သူမ အကြည့်တစ်ချက်နှင့်ပင် ခေါင်းစည်းပေါ်တွင် ရေးထားသော “ထန်ချောင်းချောင်း” ဟူသည့် ကြီးမားလှသော စာလုံးသုံးလုံးကို မြင်လိုက်ရသည်။
သူမ သိချင်စွာဖြင့်မေးလိုက်သည်။ “ဒီစာလုံးတွေကို ဘယ်သူရေးတာလဲ? တကယ်ကိုကောင်းတာပဲ။”
ရှောင်းရှောင်း: “အဲ့ဒါက ဂရုထဲက ယောက်ျားလေးဖန်တစ်ယောက်ပဲ။ ဒါပေမဲ့လည်း ကံမကောင်းစွာပဲ သူဒီအချိန်ရောက်မလာနိုင်ဘူး။”
ထန်ချောင်းချောင်း အံ့အားသင့်သွားလေသည်။ “အမျိုးသားဖန်တွေ ရှိတယ်လား?”
“ဒါပေါ့ ဒီမှာတောင် တစ်ယောက်ရှိသေးတယ်။” ရှောင်းရှောင်းသည် အပြင်ဘက်မှနေ၍ မက်စ်တပ်ထားသော ယောက်ျားလေးတစ်ယောက်ကို ဆွဲခေါ်လိုက်သည်။ “သူက ကျွန်မတို့ထဲမှာ အချမ်းသာဆုံးပဲ။ သူက ဒီက အအေးတွေအကုန်လုံးကို ဒကာခံထားတာ”
“ရှင်…” ထန်ချောင်းချောင်းသူကို ညွှန်လိုက်ပြီး သူမ၏မျက်လုံးများ ကျယ်သွားလေသည်။ “ရှင်က မစ္စတာကျန့်တော့ မဟုတ်လောက်…”
“ဟုတ်တယ် သူက မင်းကို နှင်းဆီပန်း ၉၉၉ ပွင့် ချီးမြှင့်တဲ့ ကြာပွတ်လေးလေ” ရှောင်းရှောင်းက ဦးစွားဖြေလိုက်လေသည်။
“ဟမ်?” ထန်ချောင်းချောင်း ပဟေဠိဖြစ်သွားလေသည်။ သူသည်မက်စ်တပ်ထားသော်လည်း သူသည် သူ၏ရွှေရောင်ကိုင်းဖြင့်မျက်မှန်သည် သူမ သူ့ကို ချက်ချင်းမှတ်မိသွားစေသည်။ သူသည် သေချာပေါက်ကို ကျန့်ကုန်းကျွီ ဖြစ်လေသည်။ သူသည် ဘယ်လိုလုပ် ကြာပွတ်လေးဖြစ်နိုင်ပါမည်နည်း။
ထိုလူသည် သူ၏မျက်မှန်ကို ပင့်တင်၍ ပြောလိုက်သည်။ “ကျွန်တော်အကောင့်နာမည်က ချောင်းပေါင်လက်ထဲက ကြာပွတ်လေးပါ။”
ချမ်းသာတဲ့လူတွေအကုန်လုံးက ဒီလိုတွေ ကြီးပဲလား? သူ့အကောင့်နာမည်ကို ကြားလိုက်သောအခါ ထန်ချောင်းချောင်းနားလည်သွားလေသည်။ ဒီနေ့ကြော်ငြာရိုက်တဲ့အခါ ကြာပွတ်တစ်ချောင်းပြင်ထားသည်မှာ အံ့အောစရာ မရှိပေ။
ထန်ချောင်းချောင်းသည် ကျန့်ကုန်းကျွီကို အကြည့်တစ်ချက်ပေးလိုက်လေသည်။ ‘စိတ်မပူပါနဲ့ ကျွန်မဘာမှပြန်မပြောပါဘူး’
လူတိုင်းက သူတို့ကြိုက်တာလုပ်ဖို့ အားလပ်နေကြသည်။ ဒီခေတ်လူမှု့အသိုင်းအဝိုင်းမှာ ဘယ်သူ့မှာ အထူးဝါသနာတစ်ခု မရှိလို့လဲ?
ကျန့်ကုန်းကျွီသည် သူမ၏အကြည့်ကို ရရှိသောအခါ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားထဲတွင် အသည်းအသန်အော်ဟစ်သံများ ပြည့်လျံနေပေသည်။
‘ငါ မက်စ်ထပ်ထားပေမဲ့ သူမက ငါ့ကို မှတ်မိနေတာပဲ။ငါတကယ့်ကို သူ့မအတွက် အရေးပါတာပဲ’
ထန်ချောင်းချောင်းသည် ကျန့်ကုန်းကျွီ၏ အတွေးများကိုမသိပေ။ သူမသည် ဖန်လေးများက ဒီလက်ဆောင်သေးသေးလေးများကို အမျိုးမျိုးသောအဖွဲ့သားများထံသို့ ပေးရန် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။
သူမစိတ်သောကရောက်စွာ မေးလိုက်လေသည်။ “မင်းတို့စားရောစားပြီရဲ့လား?”
“မစားရသေးပါဘူး” ဖန်များ အတူတကွ ကျယ်လောင်စွာ ပြန်ဖြေသည်။
သူတို့သည် ထန်ချောင်းချောင်းကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် လှမ်းကြည့်နေကြသည်။ သူတို့၏အတွေးအစစ်များသည် သူတို့၏မျက်နှာပေါ်တွင် ရေးထားလေသည်။ ‘မင်းရဲ့ နောက်ထပ်စကားကို စောင့်စားနေပါတယ်။’
ထန်ချောင်းချောင်းသည် ရုတ်တရက် တစ်ခုခုကို ရှာတွေ့သွားလေသည်။ “မင်းတို့ရဲ့တကယ့် ရည်ရွယ်ချက်က ဒီကိုလာပြီး စားဖို့များလား?”
ဖန်များ: ‘အိုး မဟုတ်ဘူး ပေါ်သွားပြီ။’
ဒီအချိန်တွင် ဖန်များသည် ၃၀ထက်ကို ပိုလေသည်။ ထန်ချောင်းချောင်းတွေးလိုက်ပြီး ဖက်ထုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှေးစကားတွေအတိုင်းပဲ “ဖက်ထုပ်လောက် လုပ်ရတာလွယ်ပြီး အရသာရှိတာ ဘယ်ဟာမှ မရှိဘူး။” လူလည်း အလုံအလောက်ရှိသဖြင့် ထုပ်သည့်နှုန်းသည်လည်း မြန်ပေလိမ့်မည်။ ဖက်ထုပ်တူတူလုပ်ခြင်းဖြင့် ဖန်များသည်လည်း သူတို့ တူတူပါဝင်ထားသည်ဟု ခံစားရပေသည်။
ထန်ချောင်းချောင်းသည် ရိုက်ကွင်းတွင် လူတိုင်းကို အကြိမ်များစွာ ချက်ကျွေးလေ့ရှိသည်။ ဒီတစ်ကြိမ် သူမမီးဖိုချောင်ငှားလိုသည့်အခါ ထောက်ပံ့ရေးငှာနသည် အလွယ်တကူပင်သဘောတူလိုက်ပြီး သူမစိတ်ကြိုက် ပါဝင်ပစ္စည်းများသုံးနိုင်လေသည်။ ထန်ချောင်းချောင်းသည် မီးဖိုချောင်ထဲရှိ ပါဝင်ပစ္စည်းများကို စစ်ကြည့်လိုက်သောအခါ လတ်ဆတ်သော စပိန်မက်ကရယ်ငါးများတွေ့သောကြောင့် စပိန်မက်ကရယ်ငါးဖက်ထုပ်များလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
လတ်ဆတ်သောမက်ကရယ်ငါးများကို နောက်ကျောတွင် နှစ်ခြမ်းခြမ်း၍ အရိုးများကို ဂရုတစိုက်ဖယ်ရှားလိုက်ပြီး အသားများကို အရေခွံမှ ဖြည်းဖြည်းချင်း ခြစ်ထုတ်လိုက်လေသည်။ အရေခွံသည် သုံးမရပေ။
ငါးကို ပိတ်ကျဲဖြင့်ပတ်၍ မပျစ်သောငါးအနှစ်အဖြစ်သို့ ဓါးနှောင့်ဖြင့် ထုလေသည်။ တကယ့် စပိန်မက်ကရယ်ငါးအဆာသည် အရသာအနည်းငယ်ပိုမာလေသည်။ ဒါကြောင့် အရသာ နူးညံ့သွာပြီး ပို၍ညင်သာသွားစေရန် ဆီလေးအနည်းငယ်ထည့်ရလေသည်။
ထို့နောက် သူမသည် ကြက်သွန်မြိတ် အနည်းငယ်ကိုယူ၍ စပိန်မက်ကရယ်ငါးနှင့် အနံ့မွှေးစေရန် ရောလိုက်သည်။ ငါးညှီနံ့ပျောက်သွားစေရန် ဟင်းချက်ဝိုင်မလိုတော့ပေ။ ကြက်သွန်နီ ဂျင်း ငရုတ်ကောင်းပြုတ်ရည်တို့ကိုသာသုံး၍ ရေပသည်။ ထို့နောက် ကြက်သွန်နီနှင့် ဂျင်းရည််တို့ ရောသွားစေရန် နာရီလက်တံတိုင်းမွှေလိုက်သည်။
ထန်ချောင်းချောင်းသည် မုန့်ညက်ကိုပြုလုပ်ထားပြီး တစ်ချို့သောဖန်များကို မုန့်ညက်ကူလိပ်ပေးရန် တောင်းဆိုလိုက်သည်။ အချို့သောသကြားယုန်လေးများသည် အထူးကို တီထွင်ဉာဏ်ကောင်း၍ လိပ်ထားသော မုန့်ညက်လေးများသည် ပါးလွှာပြီး ကြည်လင်လေသည်။
ဖက်ထုပ်ဝိုင်းလေးကို လျင်မြန်စွာလိပ်လိုက်ကြပြီး ကျန််သောဖန်လေးများကလည်း စောင့်မနေကြတော့ပေ။ သူတို့သည်လည်း လာ၍ ဖက်ထုပ်လုပ်ကြလေသည်။
ဖက်ထုပ်ဘယ်လိုထုပ်ရမလဲ မသိသည့် ကျန့်ကုန်းကျွီလို လူများသည်တော့ လိုက်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူသည် ထန်ချောင်းချောင်း၏နောက်တွင် နေရာယူထားလျက် သူမနောက်မှ သင်ယူရန်ရည်ရွယ်၍ လိုက်လုပ်တော့သည်။
ထန်ချောင်းချောင်းသည် သူ(ကျန့်ကုန်းကျွီ) သူ၏အိုင်ဒီအစစ်အမှန်ကို မထုတ်ဖော်ချင်ဘူးဆိုတာသိသည့်အတွက် သူမ သူ့ကို မဖောာ်ထုတ်တော့ပေ။ သူမသူကို ရိုးရိုးဖန်တစ်ဦးဟုသာ မှတ်ယူလိုက်သည်။
“မစ္စတာ ကြာပွတ်လေး၊ ပထမဆုံး ဖတ်ထုပ်ရွက်လေးကို ယူပြီး အစွန်းပိုင်းတွေမှာ ရေလေးနဲနဲစွတ်လိုက်”
ထန်ချောင်းချောင်း၏နှလုံးသားသည် ရှက်ဖွယ်နာမည်နှင့်ပတ်သတ်၍ ညင်းညူနေသော်လည်း ကျန့်ကုန်းကျွီ၏နှလုံးသားသည်တော့ သူအဲ့ဒါကို ကြားသည့်အခါ လှိုင်းထနေတော့သည်။
‘အာ သူမပါးစပ်ကနေ ထွက်လာတော့ ဒီနာမည်က အရမ်းကိုနားထောင်ကောင်းတာပဲ။’
ဟုတ်ပေသည်၊ ကျန့်ကုန်းကျွီသည် သူ၏နှလုံးသားထဲတ္ငင် ထိုလှုပ်ခတ်မှုကို သိမ်းဆည်းထားပေသည်
ကျန့်ကုန်းကျွီသည် သူဆက်သင်နေတုန်းတွင်လည်း ယိမ်းထိုးနေတုန်းဖြစ်သည်။
Xxxxxxx