Chapter 53
ထန်ချောင်းချောင်းသည် မက်ကရယ်ငါးအဆာကို ယူ၍ ဖက်ထုပ်အရွက်ထဲထည့်ပြီး ပထမဆုံးအလယ်ကို ပိတ်၍ နောက်တွင် အစွန်းနှစ်ဖက်ကို လက်ဖြင့် ပိတ်လိုက်သည်။ လှပသောဖက်ထုပ်လေးက အဝိုင်းလှလှလေးဖြင့် ပုံပေါ်လာသည်။
ကျန့်ကုန်းကျွီ အံ့အားသင့်သွားလေသည်။ သူမျက်တောင်ခတ်လိုက်သည်မှာ တစ်စက္ကန့်နှစ်စက္ကန့်လောက်သာရှိသေးသည်မှာသေချာလေသော်လည်း ထန်ချောင်းချောင်း၏စည်းချက်ကို မလိုက်နိုင်တော့ပါ။
မြန်လွန်းသည်။
“ချောင်းချောင်း ဖြည်းဖြည်းလုပ်ပါ” သူတင်မကပါပေ၊ တခြားဖန်များသည်လည်းမလိုက်နိုင်တော့ပေ။
ထန်ချောင်းချောင်းသည် စိတ်ရှည်ရှည်ဖြင့် ဖက်ထုပ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ထုပ်ပြ၍ သူတို့ကို ထပ်ခါထပ်ခါသင်ပေးလေသည်။
နောက်ဆုံးတွင်တော့ ဖန်များသည် ဖက်ထုပ်များကို မထိခိုက်စေရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအစား သူတို့သည် ထန်ချောင်းချောင်း၏ပုံများကို ရှုထောင်းအမျိုးမျိုးဖြင့် ဖုန်းများကိုင်၍ ရိုက်ကြလေသည်။
ဒီဟာသည် သကြားယုန်လေးများနှင့် ချောင်းပေါင်တို့ ပထမဆုံးအကြိမ် အုပ်စုဖွဲ့၍ တွေ့ဆုံကြခြင်းဖြစ်သည်။
လူတစ်စုမှ မြန်မြန်လုပ်လိုက်ကြသောအခါ သူတို့သည် ဖက်ထုပ်များအားလုံးကို လုပ်ပြီးသွားကြသည်။ ဖက်ထုပ်များက်ို သူတို့မပြင်ခင်တွင် သုံးသုတ်ခွဲ၍ ချက်ရလေသည်။ ဖန်တစ်ယောက်ချင်းဆီတိုင်းသည် ပါးလွှာပြီးကြည်လင်နေသော အငွှေ့များထွက်နေသော ဖြူအု၍ဝနေသည့်ဖက်ထုပ်များကို ဆယ်ခုထက်ပို၍ ရနိုင်ပေသည်။ သူတို့သည် စိမ်းမြမြနှင့် နို့နှစ်ရာင်ရောထားသည့် အဖြူအဆာများကို ဖျော့ဖျော့လေး မြင်နိုင်ပေသည်။
အချို့သူများသည် ရိုးရိုးဒီတိုင်း သူတို့၏ဖက်ထုပ်များကို အချဥ်ရည်ထဲတွင်နှစ်၍ စားကြသည်။ တစ်ချို့ကတော့ ကြက်သွန်ဖြူအနှစ်များကို နှမ်းဆီဖြင့် စားကြလေသည်။ ထန်ချောင်းချောင်းသည် အမျိုးမျိုးသော အချဉ်ရည်များကို လေးလံသောအရသာများဖြင့် ပြင်ထားလေသည်။ ထို့ပြင် သူမသည် သူတို့၏လျှာများကိုပင်လည်သွားစေနိုင်သည့် အထူးလျို့ဝှက်အနီရောင်ငရုတ်ဆီကို ထပ်မံထည့်သွင်းထားခဲ့သည်။
ဖန်များသည် ချောင်းပေါင်နှင့်သူတို့အတူတူပြုလုပ်ထားသော ဖက်ထုပ်များကို ချစ်မြတ်နိုးကြလေသည်။ အပူများဖြည်းဖြည်းချင်း လွင့်ပါးလာသောအခါ သူတို့နောက်တစ်ကိုက်ထပ်ကိုက်လိုက်ကြလေသည်။ သူတို့၏ပါးစပ်များသည် စပိန်မက်ကရယ်ငါး၏လတ်ဆတ်သောအနံ့၊ မညှီဘဲနှင့် အရသာရှိ၍ အရည်များလျှံကျလာပြီး ဖော်ပြ၍မရနိုင်သည့် ပြိုင်ဘက်ကင်းသော ကြက်သွန်မြိတ်၏အရသာတို့ဖြင့် ပြည့်နေလေသည်။ သူတို့သည်ထပ်လိပ်လိုက်ကြပြီး အချဉ်ရည်ထဲတွင် ထည့်နှစ်လိုက်လေသည်။ ငရုတ်နီနှင့် ကြက်သွန်ဖြူတို့သည် လျှာထိပ်လေးများကို လှုံဆော်လိုက်ကြပြီး ပျော်ရွှင်မှုကို ရိုးရှင်းစွာ ခံစားလိုက်ကြရသည်။
ဖန်တစ်ယောက်သည် အလျင်အမြန်စားလိုက်၍ အပူလောင်သွားသဖြင့် သူမခုန်လိုက်ပြီး လျှာလေးတန်းလန်းဖြစ်နေသည်။ သူမဝိုးတဝါးပြောလိုက်သည်
“အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ။”
လူတိုင်းရယ်မောလိုက်ကြလေသည်။
---
“Boss ဘာများစားချင်လဲ?” လီကျီအလွန်ကို ညှင်းဆဲခံနေရလေသည်။ သူနှင့် ရှန်းယွဲ့သည် ဟိုတယ်တွင် တစ်နာရီထက်ပို၍ ထိုင်နေကြပြီး အစားအစာအနည်းငယ်မှာခဲ့သော်လည်း ရှန်းယွဲ့သည် သူ၏တူကိုယူ၍ အနည်းငယ်သာ စားလေသည်။ ဒီဟာသည် သူ၏ဘဝကိုတောင်း ထုတ်ယူသွားတော့မည်ဖြစ်သည်။ Bossသည် ဒီတစ်ကြိမ်တွင် သူနှင့်အတူတူအပြင်ထွက်လာသည်ဖြစ်သည်။ အကယ်၍ တစ်ယောက်ကသာ သူသည် သူ့(ရှန်းယွဲ့)ပြန်ပို့သည့်အခါ သူသည် ပိန်ပါး၍ ဖျားနေပါလျှင် ကုမ္ပဏီများလူများသည် သူ့ကို သေသည်အထိရိုက်ကြလိမ့်မည်ဖြစ်သည်။
“Boss ရယ် ဘယ်နှစ်ကိုက်များစားရသေးလို့လဲ? ကျွန်တော်လေယာဉ်ဆင်းကတည်းက Bossစားတာကို မမြင်ရသေးဘူး။”
လီကျီ ခါးသီးစွာ သွေးဆောင်လိုက်သည်။ ဘာလို့များဒီလိုတွေဖြစ်ရပါလိမ့်။ ဒီအရာများသည် သူရှန်းယွဲ့ဆီမှာ ဖုန်းကောလ်လက်ခံလိုက်သည်မှ စတင်ခဲ့ခြင်းဖြစ်သည်။
ရှန်းယွဲ့သည် သူ့ကိုဖုန်းခေါ်၍ မကြာသေးမှီက တခြားနေရာများနှင့် ပူးပေါင်းဆောင်ရွက်သည့် projects များရှိလျှင် သူ့ကိုပြောဟု ပြောလေသည်။ သူပ အပြင်သွားစစ်ဆေးချင်နေသည်။
လီကျီပျော်ရွှင်သွားလေသည်။ Bossသည် နောက်ဆုံးတွင်တော့ သူ့ဘဝ၏ဇဝေဇဝါဖြစ်သည့်များမှ ရုန်းထွက်၍ သူ့၏ အလုပ်ကိစ္စများကို အာရုံစိုက်ချင်လာပြီဖြစ်သည်။ သူ ချက်ချင်းပင် ပူးပေါင်းဆောင်ရွက်ရေး project များကို တင်ပြလိုက်လေသည်။
သို့သော်လည်း သူတင်ပြမပြီးခင်မှာပင် ရှန်းယွဲ့သည်ကြားဖြတ်ပြောလာခဲ့သည်။
သူသည် ကျိမ်ကျန်းစီရင်စုနှင့် ပတ်သတ်သော ပူးပေါင်းစရာတစ်ခုခု ရှိလားဟုမေးခဲ့သည်။
လီကျီ “ဟုတ်”
ရှန်းယွဲ့သည် တုန့်ဆုန်းခြင်းမရှိဘဲဖြင့် ပြောလိုက်လေသည်။
“ပြင်ဆင်ထားလိုက်။ ငါတို့ ဒီ projectကို သွားစစ်ဆေးမယ်”
လီကျီ: သူအဲ့ဒါက ဘာလဲဆိုတာတောင် မိတ်ဆက်ဖို့အချိန်မရလိုက်တဲ့ပုံပါပဲ။
တစ်ခုတည်းဖြင့် သူတို့နှစ်ယောက်သည် မြို့ဆီကို အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ သို့သော်လည်း ရှန်းယွဲ့သည် စီးပွားရေးပါတနာမှ ပြင်ဆင်ပေးထားသော five-star အိမ်ရာတွင် မနေချင်ပေ။ သူသည် မြို့ဆင်ခြေဖုန်းရှိ ဝေးလံသော four-starဟိုတယ်တွင်နေလေသည်။
အဲ့ဒီတွင် ဒီဟိုတယ်ကို အခြေပြုလျက် ရိုက်နေသော ဇာတ်ကားတစ်ကား ရှိပြီး လူများစွာ ရောနှောလျက်ရှိသည်။ လီကျီသည် သူဒီဟိုတယ်ကို ရွှေ့လာခဲ့ပြီး သူ၏နှလုံးသားကို မလွတ်ချရဲပေ။ သူ သက်တော်စောင့်များကို Boss ၏လုံခြုံရေးကို ဂရုစိုက်ဖို့ အကြိမ်ပေါင်းများစွာ မှာကြားလေသည်။
ရှန်းယွဲ့အစားမစားသောကြောင့် လီကျီ၏မျက်နှာ မှုန်ကုတ်ကုတ်ဖြစ်နေသော်လည်း မျက်နှာချင်းဆိုင်မှလူသည်တော့ စိတ်ထိခိုက်နေသောနှလုံးသားဖြင့်ဖြစ်သော်လည်း မျက်နှာအမူအရာမဲ့စွာဖြင့် သူ၏ဖုန်းကို ပွတ်နေလေသည်။
ရိုက်ကူးတွင်ပါဝင်လာကြသောဖန်များသည် ပုံများ၊ စာများ၊ စိတ်ရင်းအမှန်ခံစားချက်များဖြင့် ဝေ့ပေါ်ပေါ်တွင် ထို ကြီးမားသောevent များဖြင့် မျှဝေထားကြသည်။
သူတို့ ထန်ချောင်းချောင်းအစစ်ကို တွေ့ဆုံကြရသည်သာမက သူမနှင့်အတူတူဖက်ထုပ်များတူတူလုပ်ခဲ့ကြပြီး အဖွဲ့လိုက်အစီအစဉ်များလည်းလုပ်ခဲ့ကြလေသည်။ သူတို့သည် ဖက်ထုပ်များသည် သူတို့၏ဘဝတွင် စားဖူးသမျှထဲ၌ အကောင်းဆုံးဖက်ထုပ်ဖြစ်သည်ဟု ချီးကျူးကြလေသည်။
ထိုနေရာသို့ မသွားနိုင်သောဖန်များသည် မနာလိုစွာအော်ဟစ်နေကြသည်။
ရှန်းယွဲ့သည် ဖန်များတစ်ယောက်ဆီတင်ထားသော ဓါတ်ပုံတစ်ပုံများကို ဖွင့်ကြည့်လိုက်သည်။ အဲ့ပုံသည် ထန်ချောင်းချောင်းဖြစ်နေလျှင် သူသည်ထိုဓါတ်ပုံကို တစ်ခဏမျှကြာအောင်ကြည့်နေပေလိမ့်မည်
ထန်ချောင်းချောင်းနောက်ကလူက ဘယ်သူလဲ၊ သူကဘာလို့ သူမနဲ့ အရမ်းကပ်နေပြီး ဖက်ထုပ်တွေလုပ်နေရတာလဲ?
သူတို့ကတော့ ဖက်ထုပ်တွေ အရသာရှိစွာ စားနေပြီး သူကတော့ အေးစက်သည်များကိုသာ စားနိုင်ပြီး ဒီမှာ ညစ်ပတ်နေသော အစားအစာများသာ ရှိလေသည်။
‘အရမ်းကောင်းတယ်’
ဒီအချိန်တွင် ဟိုတယ်ဝင်ပေါက်မှ ဆူညံသံအကျယ်ကြီးကြားလိုက်ရလေသည်။
လီကျီ သူ၏လည်ပင်းကိုဆန့်၍ ကြည့်လိုက်သည်တွင် လူများစွာဝန်းရံ၍ လျှောက်လာသော မိန်းမတစ်ယောက်ကိုသာ မြင်လိုက်ရသည်။
‘ဟေး အဲ့မိန်းမကို နဲနဲရင်းနှီးနေသလိုပဲ’
‘သေစမ်း အဲ့ဒါ ထန်ချောင်းချောင်းဟ’
လီကျီသည် သူ၏လည်ပင်းကို ဖြေးညင်းစွာ ရွှေ့လိုက်ပြီး သူ၏အကြည့်ကို ရှန်းယွဲ့ဆီသို့ ကြည့်လိုက်သောအခါ သူသည် ဝင်ပေါက်ဆီသို့ စူးစိုက်စွာကြည့်နေသည်ကိုသာ မြင်လိုက်ရလေသည်။
‘လက်စသတ်တော့ ဖုံးကွယ်ထားတဲ့ အကြောင်းအရင်းတစ်ခု ရှိနေတာပဲ။’
ရှန်းယွဲ့ ထန်ချောင်းချောင်းကို ပူလောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ မိန်းကလေးသည် အစိမ်းဖျော့ရောင် လေကာအင်္ကျီကို ဝတ်ထားပြီး သူမ၏ ကျစ်ဆံမြီးကို သူမ၏ ခေါင်းနောက်တွင် သာမန်ကာလျှံကာ ချထားလိုက်ပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်တို့သည် သူမ၏ ပုံမှန်မဟုတ်သော အလှတို့ကို ထပ်ဖြည့်ပေးနေသည်။
သူတို့ နှစ်ယောက် အချင်းချင်း မတွေ့ရသည်မှာ လဝက်လောက်ရှိပြီဆိုသည်မှာ သိသာပါပေ၏။ သူသည် ရိုက်ကူးရေးအဖွဲ့မှ တင်သော အတိုအထွာလေးများကို တွေ့နိုင်သည်။ သို့သော်လည်း ရှန်းယွဲ့၏မျက်လုံးများသည် သူ သူမကို အလုံအလောက်မကြည့်ရသေးသကဲ့သို့ သူမထံမှ ဖယ်ရှားခြင်းမရှိပေ။
ထန်ချောင်းချောင်းသည် လမ်းလျှောက်ရင်းဖြင့် ဖန်များဖြင့် စကားပြော၊ ရယ်မောနေသည်။ သူမသည် စိတ်အခြေအနေကောင်းနေပုံ ရသည်။
သူမ ဓာတ်လှေကား အတွင်းသို့ ဝင်တော့မည် ဖြစ်သောကြောင့် ဖန်များသည် သူမကို လွှတ်ပေးရန် တွန့်ဆုတ်နေသည်။ သူတို့လည်း သူတို့၏အိုင်ဒေါနှင့် ပိုမို နီးကပ်ချင်ပေမဲ့ မတတ်နိုင်ပေ။ မည်သူကစ၍ တွန်းလိုက်ကြသည်မသိပေ။ ထန်ချောင်းချောင်း အတိုးဝှေ့ခံလိုက်ရသည်။
“ မတွန်းကြပါနဲ့ အစဉ်တိုင်းသွားကြပါ ” ဖန်ထဲမှ တစ်ယောက်က အော်လေသည်။
“ ချောင်းချောင်း ငါမင်းကို ချစ်တယ် ” ရူးသွပ်နေသည့် ယောက်ျားတစ်ယောက်က ပြင်းပြင်းထန်ထန် အော်လိုက်သည်။ သူသည် စည်းအပြင်ဘက်သို့ ထွက်ပြီး သူ့ကိုယ့်သူ ထန်ချောင်းချောင်းဆီသို့ အတင်းတိုးဝင်လာသည်။
အခြားသော ဖန်များသည် မပျော်ရွှင်တော့ပေ။ ထန်ချောင်းချောင်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် သူတို့၏လက်များကို သူမကို ကာကွယ်ရန် မြှောက်လိုက်လေသည်။
ထန်ချောင်းချောင်းသည် မည်သည့် မသက်မသာမှုမျိုးကိုမှ မခံစားမိပေ။ ထို့နောက် မြင်ကွင်းသည် လျင်မြန်စွာ ငြိမ်သက်သွားသည်။
သို့သော်လည်း ရှန်းယွဲ့၏ မျက်လုံးများသည် မီးတောက်နေလေသည်။ ‘ ထန်ချောင်းချောင်းရဲ့ ခါးနောက်မှာ သူ့လက်ထားရဲတဲ့ သူက ဘယ်သူလဲ?
သူသည် ထန်ချောင်းချောင်းနောက်မှ အစောင့်အရှောက်ကဲ့သို့ နီးကပ်စွာ လိုက်ပါလာသည်။ ဖန်များ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်တောင်မှ သူသည် အစဉ်တိုင်းထိန်းသိမ်းရန် ပြောနေပြီး လူတိုင်းသည်လည်း သူပြောသည်ကို နားထောင်ပုံရသည်။ သို့သော် သူ၏ အဝတ်အစားများကို ကြည့်မည်ဆိုလျင်တော့ သူသည် သက်တော်စောင့်တစ်ဦးနှင့် မတူပေ။
ထန်ချောင်းချောင်းသည် ရပ်လိုက်ပြီး ဖန်များကို လှည့်ကြည့်လိုက်သည်။ လူတိုင်းသည် သူမကို သူတို့၏မျက်လုံးများတွင် အပြုံးများ၊ သဘောကျခြင်းများ အပျော်များဖြင့် ကြည့်နေကြသည်။
သို့သော်လည်း သူမသည် သူမ၏ကျောတွင် မီးတောက်နေသကဲ့သို့ ခံစားရစေရန် ပြုလုပ်နေသော သူမကို စိုက်ကြည့်နေသည့် ခါးသက်သော အကြည့်စူးစူးကို ထူးထူးခြားခြား ခံစားမိနေသည်။
‘ အမြင်မှားတာပဲ ဖြစ်ပါလိမ့်မယ်။ ငါဒီနေ့ ရုပ်ရှင်ရိုက်ရတာ ပင်ပန်းနေလို့ ဖြစ်ရမယ်။ ’
“ မင်းတို့ မြန်မြန် ပြန်သွားတော့နော်။ ညဘက် အပြင်မှာ အကြာကြီးမနေနဲ့။ အဖွဲ့ ထဲက မိန်းကလေးတွေ ဘေးကင်းဖို့ ဂရုစိုက်ကြနော်။ ” ထန်ချောင်းချောင်းသည် ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။ ဖန်များကလည်း သူမနောက်ဆက်မလိုက်တော့ပေ။
သူမသည် ရပ်လိုက်ပြီးနောက် ကျန့်ကုန်းကျွီကိုပြောလိုက်သည်၊ “ အမ် မစ္စတာကြာပွတ်လေး ရှင်လည်းမကြာခင်ပြန်လိုက်တော့နော်၊ ရှင်ကပိုတောင် လုံခြုံးမှု နည်းနိုင်တယ် ”
ကျန့်ကုန်းကျွီ၏ နှလုံးသားလေး ထပ်မံ လှုပ်ရှားသွားပြန်သည် ‘ သူမက ငါ့ကို ဂရုစိုက်တယ် ’
ဖန်များသည် တွန့်ဆုတ်စွာဖြင့် နှုတ်ခွန်းဆက်စကားများဖြင့် ထန်ချောင်းချောင်းကို နှုတ်ဆက်ကြပြီး ဓာတ်လှေကား မပိတ်မချင်းသူတို့၏ လက်များကို ဝှေ့ယမ်းနေကြသည်။
သူမ၏ သကြားယုန်လေးများသည် တကယ်ကို့ ချစ်ဖို့ကောင်းလေသည်။
ဖန်ယွဲ့သည် ထန်ချောင်းချောင်းကို သူမ၏ အခန်းတံခါးဆီသို့ လိုက်ပို့လေသည်။
မျက်နှာချင်းဆိုင်အခန်းမှ တံခါးပိတ်လိုက်သည့် အသံကြောင့် သူမ တိုးတိုးလေးရေရွတ်လိုက်သည်၊ “ မျက်နှာချင်းဆိုင်အခန်းမှာလည်း လူရောက်နေပြီ ”
ထန်ချောင်းချောင်း၏ အထပ်တွင် အခန်းအနည်းငယ်သာရှိသည်။ သူမ၏ မျက်နှာချင်းဆိုင်အခန်းသည် အရင်က လူမရှိပေ။
ထန်ချောင်းချောင်းသည် မျက်နှာချင်းဆိုင်အခန်းကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ တံခါးသည် တင်းကြပ်စွာ ပိတ်ထားသော်လည်း သူမ၏ အသိစိတ်သည် ချောင်းကြည့်ပေါက်နောက်တွင် တစ်ယောက်ယောက်ရှိနေသည်ဟု ခံစားရနေသည်။
ဖန်ယွဲ့သည် နားမလည်သည့်ပုံဖြင့် မေးလေသည်၊ “ ဘာဖြစ်လို့လဲ? ”
ထန်ချောင်းချောင်းသည် သူမ၏ခေါင်းကို ယမ်းလိုက်သည်။ သူမ ဒီနေ့ သံသယ အနည်းငယ် ပိုနေသည်။ သူမ ရေချိုးပြီး ကောင်းကောင်းအနားယူရမည့်ပုံ ဖြစ်သည်။
လီကျီသည် တံခါးကို ပိတ်၍ ချောင်းကြည့်ပေါက်မှ ထန်ချောင်းချောင်းကို ကြည့်နေသည်။
သူမ၏အကြည့်နှင့် ဆုံလိုက်ချိန် သူသည် သူမ သူ့ကို မြင်ရသည်ဟု ခံစားရသည်။ သူ၏ နှလုံးသားသည် သူ့ရင်ဘက်မှ ခုန်ထွက်သွားတော့မည် ဖြစ်သည်။
ထန်ချောင်းချောင်း ဓာတ်လှေကားရှေ့တွင် ဖန်များဖြင့် စကားပြောနေချိန်တွင် သူနှင့် ရှန်းယွဲ့သည် အခြားတစ်ဖက်မှ အပေါ်သို့တက်ခဲ့ကြသည်။
“ ဘော့စ် သူမ သူမအခန်းကိုပြန်ရောက်ပါပြီ။ သူမတစ်ယောက်တည်းပါ။ ”
လီကျီ မျက်ရည်မရှိဘဲ ငိုချင်နေပြီ ဖြစ်သည်။ သူသည် လျော်ကန်သော အပြုအမူကောင်းဖြင့် ကောင်းသော ငယ်ရွယ်သည့် လူငယ်လေးဖြစ်သည်။ သူသည် ဆိုရှယ်လစ်ဝါဒကို လိုက်နာကျင့်သုံးသော ဂုဏ်သရေရှိသော လူငယ်လေးဖြစ်သည်။ ဘာကြောင့်များ သူက မိန်းမတွေကို ချောင်းကြည့်သည့် အရာမျိုး ပြုလုပ်ရပါသနည်း? သူသည် နာမည်ဆိုးဖြင့် ကျော်စောသည့် လူယုတ်မာကောင် ဖြစ်လာတော့သည်။၎င်းသာ ပျံ့နှံ့သွားလျှင် သူဘယ်လို ကောင်မလေး ရှာလို့ရတော့မှာပါလိမ့်?
တကယ့် အယုတ်တမာကောင်သည် သူမဟုတ်သည်မှာ ထင်ရှားပေသည်။
လီကျီသည် ရှန်းယွဲ့သည် စတားနောက်ကို လိုက်ရုံပဲဟု ထင်ခဲ့သည်။ သူခဏတာ ဆွဲဆောင်ခံရသော်လည်း ကျော်ဖြတ်သွားပြီဖြစ်သည်။ မမျှော်လင့်စွာပင်၊ သူသည်လည်းပဲ တရားမဝင်သော နောက်ယောင်ခံလိုက်ခြင်းကို စတင်ခဲ့ရသည်။ သူသည် အမှန်တကယ်ကိုပင် မိန်းမတစ်ယောက်ကို သူမနေသော ဟိုတယ်သို့လိုက်၊ သူမ၏ အခန်းနံပါတ်ကို ရယူပြီး ဘေးအခန်းသို့ပင် ရွေ့လာခဲ့သည်။
ရှန်းယွဲ့ကိုကြည့်သည့် လီကျီ၏အကြည့်သည် မည်သည့် အရာတွင်မှ စိတ်မဝင်စားသော တစ်ကိုယ်တော်သမားလေးမှ မိုက်မဲသည့် သူအဖြစ်သို့ ပြောင်းလဲသွားလေသည်။
‘ မဟုတ်ဘူး၊ ဒါကတကယ်ကို ဆိုးတယ်။ ’
လီကျီသည် ရှန်းယွဲ့၏ဘေးသို့ ရွှေ့၍ အကြံပြုလိုက်သည်။ “ ဘော့စ် ဒီတိုင်းကြီးသွားလိုက်ဖို့က သိပ်မဟုတ်သေးဘူး၊ သူမက မင်းကို လုံးဝမသိသေးဘူးလေ။ ကျွန်တော် ဘော့စ်အတွက် စားသောက်ပွဲတစ်ခု ဒါမှမဟုတ် တစ်ခြားတစ်ခုခု စီစဥ်ပေးရမလား? ”
Xxxxx