အပိုင်း ၅၄
Viewers 23k

Chapter 54


ရှန်းယွဲ့သည် အခုအခါတွင် ဝီးချဲပေါ်တွင် ထိုင်နေရသော်လည်း သူသည် ရှန်ဂရု၏ ဂုဏ်သရေရှိသော သားတစ်ယောက်ဖြစ်ပြီး အရင်းနှီးမြှုပ်နှံမှု၏ ဥက္ကထ ဖြစ်လေသည်။ ဒီလိုကြွယ်ဝမှုမျိုးနှင့် ဆိုလျှင်  သူပြောလိုက်သည့် အမျိုးသမီး ကြယ်ပွင့် မည်သူ့ကိုမဆို သူနှင့် တွဲဖက်ဖို့ ရှာနိုင်ပေသည်။


“ ညစာစားပွဲ စီစဥ်မယ်... မင်းဘာလုပ်ချင်တာလဲ.. အမျိုးသမီး ကြယ်ပွင့် တစ်ယောက်ကို ပြောလို့မရနိုင်တဲ့ စည်းမျဥ်းတွေသုံးပြီး ဖိအားပေးမလို့လား? ” ရှန်းယွဲ့သည် သူ့ကို အေးစက်သော အကြည့်တို့ဖြင့် ကြည့်လိုက်လေသည်၊


 “ မင်း ဘယ်အချိန်တုန်းက ဒီအမှိုက်လို အရာတွေ သင်ခဲ့တာလဲ? ”


‘ အမျိုးသမီး ကြယ်ပွင့်တစ်ယောက်နောက်ကို လိုက်နေတာ ခင်ဗျားပဲ မဟုတ်ဘူးလား အစ်ကိုရယ် ’


လီကျီ စိတ်ဆိုးနေပေမယ့်လည်း စကားမပြောရဲပေ။ သူပြောလိုက်သည်၊ “ ကျွန်တောဘယ်လိို လုပ်ရဲပါ့မလဲ? ကျွန်တော်က သူမကို သိစေဖို့ အခွင့်အရေးတစ်ခု ရှာပေးချင်ရုံပါ။ အဲ့တာက ဒီလို သူမနောက် ခိုးကြောင်ခိုးဝှက် လိုက်တာထက်တော့ တော်ပါသေးတယ်။ ဒီဟာသာပျံ့သွားရင် ဘော့စ်မျက်နှာပျက်လိမ့်မယ်။ ”


ရှန်းယွဲ့ သူ့ကို စိုက်ကြည့်လိုက်သည်၊ “ ငါမိန်းမတစ်ယောက်နဲ့ တွေ့ဖို့ကို မင်းစီစဥ်ပေးဖို့ လိုမယ်ထင်လား? ”


“ ဒါပေါ့ မလိုပါဘူး ” လီကျီ တိုးတိုးလေးပြောလိုက်သည်။ “ အရေးကြီးဆုံးက မင်းသူမနောက် ဟိုတယ်ထဲမှာ လိုက်နေပေမဲ့ သူမက အစကနေအဆုံး သတိမပြုမိဘူးလေ။ ” 


“ လီကျီ ငါ ရုတ်တရက်ကြီး ငါတို့တွေ အာဖရိကမှာ ကမ်းခြေဖွင့်တော့မယ်ဆိုတာ အမှတ်ရသွားတယ်။ မင်း အဲ့ဒီမှာ မန်နေဂျာအဖြစ်သွားရင်ကော။ ဘယ်လိုလဲ... ” 


ရှန်းယွဲ့ သုန်မှုန်စွာ ပြောလေသည်။


“ ကျွန်တော်မှားသွားပါတယ် ဘော့စ်၊ ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့။ ကျွန်တော် ဘော့စ်ကို ခွဲမသွားချင်ဘူး။ ” 


လီကျီ ဒူးထောက်လုနီးပါး ကြောက်လန့်နေပေပြီ  ကျေးဇူးပြုပြီး သူ့ကို အာဖရိကန် ဆာဗားနားကို ခြင်္သေ့တွေနဲ့ အတူနေဖို့ မပို့လိုက်ပါနဲ့။ သူ ကောင်မလေးတောင်ရှာလို့ မတွေ့သေးဘူး။


“ စောင့်ကြည့်တာပေါ့ ” ရှန်းယွဲ့ တစ်ဖက်သို့ လှည့်လိုက်ပြီး သူ၏ အေးစက်သော ကျောပြင်နှင့် ခေါင်းကိုသာ ချန်ခဲ့လေသည်။


လီကျီ: အန္တရာယ်ပဲ။


......


ထန်ချောင်းချောင်း အခန်းသို့ ပြန်ရောက် သောအခါ ရေကောင်းကောင်းချိုးလိုက်သည်။ အနားယူပြီးနောက် သူမသည် သူမ၏ခြေထာက်များကို အိပ်ရာပေါ်တွင် ချလျက် သူမ၏ဖန်များပေးသော လက်ဆောင်များကို ကြည့်လိုက်လေသည်။ သူမသည် ဖန်များကို စျေးကြီးသော ပစ္စည်းများမပေးရန် အထပ်ထပ်အခါခါ ပြောထားသောကြောင့် သူတို့ပေးသော လက်ဆောင်များသည် လက်လုပ်လက်ဆောင်လေးများ ဖြစ်လေသည်။


သူမသည် အမျိုးသမီးဖန်တစ်ယောက်မှ ပြုလုပ်ထားသော သော့ချိတ်လေးတစ်ခုကို ကောက်ယူလိုက်သည်။ “ ထန်ချောင်းချောင်း ” ဟူသော သူမနာမည်၏ စကားလုံး သုံးလုံး ထွင်းထုထားပေသည်။ ဒီဖောင့်ကို ရင်းနှီးနေပေသည်။ တူညီသော လူမှ ရေးထားပုံ ရပြီး အခြားသောဖန်များက သော့ချိတ်လေးပြုလုပ်ထားသည်၊ အတော့်ကို မျှဝေတတ်ပေသည်။


ထန်ချောင်းချောင်းသည် ဒီစကားလုံးသုံးလုံးကို အလွန်ကြိုက်နှစ်သက်ပေသည်။ သူမသော့ကွင်းလေးတွင် ချိတ်မလို့ လုပ်နေသောအခါတွင် ရုတ်တရက် ဒေါက်တာလျူထံမှ ဖုန်းကို လက်ခံရရှိလိုက်သည်။


“ ဒေါက်တာလျူ ဒီလောက်နောက်ကျမှ ကျွန်မကို ခေါ်တာ ရှန်းယွဲ့ တစ်ခုခု ဖြစ်လို့လား? ”


တစ်ခြားတစ်ဖက်တွင် ဒေါက်တာလျူ.သည် အလွန်စိတ်ဆိုးနေသည်။ “ အဲ့တာက တကယ့်ကို တစ်ခုခု ဖြစ်နေတာ၊ သူငါ့ကို ဘာမှမပြောဘဲ အလုပ်ခရီးဆိုပြီး ထွက်သွားတယ်လေ ”


“ ရှန်းယွဲ့က အလုပ်ခရီးသွားတယ်လား? ” ထန်ချောင်းချောင်း အံ့သြသွားလေသည်။


“ ကြည့်ရတာ မင်းလဲမသိတဲ့ပုံပဲ။ ငါသူ့ကို ဒီနေ့စစ်ဆေးရမှာ ဒါမဲ့ သူကတော့ ထွက်ပြေးသွားတယ်လေ ” 


ဒေါက်တာလျူ ခါးသက်စွာ ပြောလေသည်။ 


“ ငါက သူလက်ထပ်ပြီးသွားရင် ပြောင်းလဲသွားလိမ့်မယ်လို့ထင်ခဲ့တာ။ သူခေါင်းမာနေတုန်းပဲလို့ မမျှော်လင့်ထားဘူး။ မင်းသူ့ကို ပြောလိုက် နောက်တစ်ကြိမ် သူကောင်းကောင်းမပူးပေါင်းပေးဘူးဆိုရင် ငါ သူ့ကို တကယ် ဂရုမစိုက်တော့ဘူးလို့။ 


"အိုကေ,စိတ်မပူပါနဲ့,ကျွန်မ သူ့ကို ပြောပြလိုက်ပါ့မယ်" ထန်ချောင်းချောင်းက အသက်ကြီးတဲ့လူကြီးကို အရင်နှစ်သိမ့်လိုက်သည်။


ထန်ချောင်းချောင်း ဖုန်းကိုချလိုက်ပြီး သူမရဲ့နှုတ်ခမ်းကိုကိုက်ရင်း ခဏတာတွေးတောခဲ့သည်။ရှန်းယွဲ့ကို ရုတ်တရက်အဝေးကိုထွက်သွားစေတဲ့ အရေးကြီးတဲ့အရာ တစ်ခုခုများ ရှိနေမလား? 


သူမကချက်ချင်းပဲ ရှန်းယွဲ့ဆီကို Video call ခေါ်လိုက်သည်။Video callမချိတ်ဆက်ခင် အချိန်အတော်ကြာအသံမြည်နေသည်။ 


"နင် ဘယ်မှာလဲ?" ရှန်းယွဲ့ Video ထဲမှာပေါ်လာတာနဲ့ ထန်ချောင်းချောင်းက အဲ့ဒီမေးခွန်းကိုမေးခဲ့သည်။ 


ရှန်းယွဲ့ Video ထဲကအမျိုးသမီးကို ကြည့်နေခဲ့သည်။ရုတ်တရက်ကြီး သူခဏတာ သတိမေ့လျော့သွားသလိုခံစားလိုက်ရသည်။ 


ထန်ချောင်းချောင်းက မုန်လာဥနီလေးတွေပါတဲ့လက်ရှည်ညအိပ်ဝတ်စုံနဲ့ယုန်နားရွက်ပုံစံhairbandလေးကိုဝတ်ထားသည်။သူမရဲ့ပါးလေးတွေက ပန်းရောင်လေး‌သန်းနေခဲ့သည်။ဒါ သူမ ခုမှ ရေချိုးပြီးထားတဲ့ပုံပဲ။ 


သူမက တကယ်ကို ချိုမြိန်နူးညံ့တဲ့ယုန်လေးတစ်ကောင်နဲ့တူသည်။ 


ထန်ချောင်းချောင်းရဲ့နူးညံ့ပြီးချစ်စရာကောင်းတဲ့အသွင်အပြင်ကြောင့် ရုတ်တရက် သူ ထန်ချောင်းချောင်းရဲ့မျက်နှာအစစ်ကို မေ့သွားခဲ့သည်။ 


"ရှင်ဘာလို့စကားမပြောတာလဲ? ဘာလို့ ရုတ်တရက် အလုပ်ခရီး ကိုထွက်သွားရတာလဲ? ကျွန်မကိုလဲ အရင်မပြောခဲ့ဘူး" 


"အရာအာလုံးကို ငါက မင်းကို အစီရင်ခံနေရမှာလား?"


 ရှန်းယွဲ့ သူရဲ့ရင်ထဲကဂနာမငြိမ်တာတွေကို ဖုံးကွယ်ရန် တင်းတင်းကြပ်ကြပ် ပြန်ပြောခဲ့သည်။ 


"မဟုတ်ပါဘူး ,ဒါပေမယ့် အနည်းဆုံးတော့ Dr.လျူကိုတော့ ပြောရမယ်လေ။ ရှင်ကရုတ်တရက်ထွက်သွားတော့ သူကအရမ်းစိတ်ဆိုးနေတယ်" 


"အဲ့တာအလျင်စလို ဖြစ်သွားတယ်။ငါသူ့ကို ရှင်းပြလိုက်မယ်" 


ထန်ချောင်းချောင်းက စပ်စပ်စုစု မေးလိုက်သည်။ "ဘယ်အရာကအလျင်စလိုဖြစ်တာလဲ...ရှင်က ထုံးစံအတိုင်းဆို ပေကျင်းက ထွက်ခွာဖို့တွန့်ဆုတ်နေတာလေ" 


ရှန်းယွဲ့မျက်လုံးတွေ လှုပ်ရှားသွားသည်။ 


"မင်း နားမလည်ပါဘူး။ကုမ္ပဏီမှာ ကိစ္စတစ်ချို့ရှိလို့ပါ" 


ဘယ်သူကဘာကြောင့်ဆိုတာသိမှာလဲ၊ဒါပေမယ့် အခုတော့ သူ ထန်ချောင်းချောင်းရဲ့ နေရာကိုအလည်အပတ်သွားနေတယ်ဆိုတာ သူမကိုမသိစေချင်ဘူး 


အခု လီကျီရဲ့နှလုံးသားက ကြောင်တစ်ကောင်ရဲ့ကုတ်ခြစ်ခြင်းကို ခံလိုက်ရသလိုပဲ။ 


အခုတင် ရှန်းယွဲ့ရဲ့ဖုန်းက ရုတ်တရက်ထမြည်ခဲ့သည်။သူကိုင်လိုက်ပြီးနောက် ဝှီးချဲကို အလန့်တကြား လှည့်လိုက်သည်။သူ့ဟာသူ စိတ်ငြိမ်အောင် လုပ်လိုက်ပြီးသူ့ဆံပင်ကို ပြင်လိုက်သည်။ 


ပြီးတော့သူ ဖုန်းကို ဖြေးဖြေး ကိုင်လိုက်သည်။သိသာစွာပဲ အဲ့တာက Video call ဖြစ်နေသည်။ကံမကောင်းချင်တော့ သူက နားကြပ်ဝတ်ထားတော့ အခြားတစ်ဖက်က အသံကို မကြားနိုင်ခဲ့ဘူး။ 


ပထမတော့ သူ အသက်အကြီးကြီးအမျိုးသမီးလို့ ထင်ခဲ့သည်။ဒါပေမယ့် bossရဲ့အနည်းငယ်စိတ်လှုပ်ရှားနေတဲ့အမူအရာကိုကြည့်ခြင်းဖြင့်အဲ့တာ သူ့အမေတော့ မဟုတ်လောက်ပါဘူး။ 


'Hey,ဘယ်လိုပြောရမလဲ။ရှန်းယွဲ့ရဲ့အသံက အနည်းငယ်နူးညံ့လာခဲ့တယ်' 


'သူ့ကိုအချိန်အကြာကြီး သိရှိခဲ့ပြီးနောက် Boss ရှန်းရဲ့ပါးစပ်ကနေ ဒီလိုအသံမျိုးဘယ်ချိန်မှကြားနိုင်မှာလဲ? ' 


လီကျီကလက်ဖက်ရည်ခွက်ကို ကိုင်ချင်ယောင်ဆောင်ထားခဲ့သည်။ဒါပေမယ့် တကယ်တော့ သူက အခြားတစ်ဖက်မှာ အလေးအနက်ထားတာတွေကို ကြည့်ချင်နေခဲ့သည်။ 


သို့သော် သူမလုပ်ရဲဘူး။ 


ရှန်းယွဲ့ သူတကယ်ကိုသွားပြီလို့ ခံစားလိုက်ရသည်။ဖြေးဖြေးချင်း အဲ့ဒီအမျိုးသမီးရဲ့ အကျိုးသက်ရောက်မှုကိုခံခဲ့ရသည်။ 


သူရဲ့ယုံကြည်မှုတွေဟာ သူမရဲ့ Video ကိုလက်ခံလိုက်ကတည်းက ပျောက်သွားခဲ့သည်။ 


အမျိုးသမီးက ဖုန်းရဲ့အခြားတစ်ဖက်မှာစကားပြောနေတုန်းရှိသေးသည်။


"နောက်တစ်ခါ အလုပ်ခရီးကိုသွားမယ်ဆိုရင် ေဒာက်တာလျူကိုပြောပြရမယ်။သူ့ကိုပြန်ဖိတ်ဖို့ဆိုတာ မလွယ်ဘူး" 


ရှန်းယွဲ့ ဝတ်ကျေတမ်းကျေ ပြန်ပြောခဲ့သည်။ 


ထန်ချောင်းချောင်းကရုတ်တရက် screen နားကိုကပ်လာခဲ့သည်။သူမရဲ့သေးငယ်တဲ့မျက်နှာလေးနီးကပ်လာပြီး ရှန်းယွဲ့ သူမရဲ့ဖြောင့်စင်းနေတဲ့မျက်တောင်မွှေးလေးတွေကိုတောင် ရှင်းရှင်းလင်းလင်းမြင်ရသည်။သူရင်တွေခုန်လာခဲ့သည်။ 


သူမကမေးခဲ့သည်။ 


"ရှင်ဘယ်hotelမှာတည်းတာလဲ?ဘာလို့ အခန်းဖွဲ့စည်းပုံက ကျွန်မအခန်းနဲ့ တူနေရတာလဲ?" 


ရှန်းယွဲ့ အဲ့ဒီစကားကိုကြားပြီး သတိလွတ်သွားခဲ့သည်။ 


သူဖြစ်နိုင်ချေတွေကို ရေတွက်ခဲ့တယ်။ဒါပေမယ့် ဒီတစ်ခုကို ထုတ်ပြခဲ့သည်။ 


သူကင်မရာကို ငြိမ်သက်စွာလှည့်လိုက်ပြီး သူ့နောက်မှာရှိတဲ့ အဖြူရောင်နံရံကိုပြခဲ့သည်။ 


"ယနေ့ခေတ်မှာ လူတိုင်းကhotelဒီဇိုင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်copyနေကြတာပဲလေ။အဲ့တာအရမ်းlevelနိမ့်လွန်းတယ်"


ရှန်းယွဲ့က မှန်ကန်တဲ့hotelသမိုင်းအတွက်သူ မှန်ကန်စွာ ပြောခဲ့သည်။ 


"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"။ထန်ချောင်းချောင်းက ပေါ့ပေါ့ပါးပါးပဲဖြေပြီးသူမရဲ့သံသယတွေကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။ 


သူမကဆက်မေးခဲ့သည်။"ရှင် အဲ့ဒီမှာ အစားအသောက် အဆင်ပြေတယ်မလား?" 


"အင်း,ငါ အခုလေးတင် bossအချို့နဲ့ညစာ စားပြီးသွားတာ"။


ရှန်းယွဲ့စိတ်ငြိမ်သက်သွားပုံရပြီး လီကျီရဲ့စိတ်ပျက်စရာ အမူအရာကို အပြည့်အဝ လျစ်လျူရှုလိုက်သည်။ 


'မင်းမျက်လုံးတွေကိုဖွင့်ပြီး အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ' 


"တကယ်လား?ငါတော့မယုံဘူး"။ထန်ချောင်းချောင်းက သူလိမ်နေပုံရတဲ့ အကြည့်တစ်ချက်ကို မြင်လိုက်ဟန်ရှိသည်။အားလုံးပြီးနောက် သူကအစားအသောက်ပျက်ခြင်းရဲ့သမိုင်းရှည်ကြီးရှိခဲ့သည်။ 


အဲ့ဒီအချိန်မှာပဲ ရှန်းယွဲ့က Video ထဲကနေ ထန်ချောင်းချောင်းရဲ့ တံခါးကိုလျင်မြန်စွာခေါက်နေတာကို ကြားခဲ့သည်။ 


"ဘာဖြစ်တာလဲ?" ရှန်းယွဲ့ရဲ့ရင်တွေမြင့်တက်လာခဲ့သည်။ 


ထန်ချောင်းချောင်းက အိပ်ယာက ထလိုက်သည်။မတ်တပ်ရပ်လိုက်ပြီးဖုန်းကိုလည်းကိုင်ထားခဲ့သည်။ 


"တစ်ယောက်ယောက်က တံခါးကိုခေါက်နေတယ်။ငါသွားကြည့်လိုက်အုံးမယ်" 


ရှန်းယွဲ့ကချက်ချင်းပြောခဲ့သည်။


" တံခါးကို လက်လွတ်စပယ်မဖွင့်နဲ့။ဘယ်သူက ဒီချိန်ကြီးတံခါးကိုအားကြိုးမာန်တက်ခေါက်မှာလဲ" 


ထန်ချောင်းချောင်းက အေးအေးဆေးဆေးပြောခဲ့သည်။


"အဆင်ပြေပါတယ် ကျွန်မ အာရုံစိုက်လိုက်ပါမယ်" 


သူမတံခါးဆီကို ညင်"သာ"လျှောက်သွားခဲ့သည်။ဒါပေမယ့် တံခါးခေါက်တာရပ်သွားခဲ့သည်။သူမတံခါးနားကိုကပ်ပြီးအပြင်ကလှုပ်ရှားမှုကို နားထောင်ခဲ့သည်။ပြီးတော့တံခါးကိုဖွင့်ခဲ့သည်။အပြင်မှာတစ်ယောက်မှရှိမနေဘူး။ဒါပေမယ့်တံခါးအောက်မှာစာ‌တစ်စောင်ရှိနေခဲ့သည်။ 


သူမဘေးပတ်လည်ကိုသံသယဖြစ်ဖွယ်ကြည့်လိုက်သည်။ပြီးတော့ စာအိတ်ကို ယူလိုက်သည်။သူမစာအိတ်ကိုဖွင့်လိုက်ချိန်မှာပုံတွေအများကြီးထွက်လာခဲ့သည်။ 


သူမပုံတွေကိုမြင်လိုက်ချိန်မှာ သူမရဲ့ရင်ခုန်သံတွေ မြင့်တက်လာခဲ့သည်။ 


ပုံတွေအားလုံးရဲ့အကြောင်းအရာက သူမဖြစ်နေသည်။သူမရိုက်ကူးရေးအတွက်စောင့်နေတဲ့အချိန်၊သူမလဲလျောင်းအနားယူနေချိန်၊သူမ အခြားမင်းသားတွေနဲ့စကားပြောနေချိန်၊ပြီးတော့ သူမtioletထဲမဝင်ခင်အချိန်ထိတောင်ဖြစ်သည်။ပုံရဲ့နောက်မှာလဲ ပြတ်သားတဲ့ဝန်ခံခြင်းရဲ့စကားလုံးတွေနဲ့ပြည့်နေသည်။ 


ပုံတွေရဲ့ရှုထောင့်အရ ဒါသေချာပေါက်ကိုခိုးကြောင်ခိုးဝှက်ရိုက်ထားတာဖြစ်သည်။ 


တစ်ယောက်ယောက်ကဒီရက်ပိုင်းသူမရဲ့ပုံတွေကိုလျှို့ဝှက်စွာရိုက်ခဲ့သည်။ သူမကတော့အဲ့ဒါကိုမသိခဲ့ဘူး။ 


သူမကိုတစ်ယောက်ယောက်ကစောင့်ကြည့်နေသလို၊ဒီနေ့ထူးဆန်းသလိုခံစားနေရတာ မအံ့ဩတော့ပါဘူး။ 


ထန်ချောင်းချောင်းဒေါသအရမ်းထွက်ခဲ့သည်။ရူးသွပ်တဲ့လိုက်ရှာဖွေသူက ခိုးကြောင်ခိုးဝှက်‌ပုံတွေကိုရိုက်ခဲ့တာကြောင့်သူမကမြေကြီးကိုရိုက်ချိုးချင်နေခဲ့သည်။ 


"ဘာဖြစ်တာလဲ?"သူမရဲ့ဖုန်းကနေ ရှန်းယွဲ့ရဲ့စိတ်လှုပ်ရှားနေတဲ့အသံထွက်လာခဲ့သည်။ 


"အဆင်ပြေပါတယ်၊ပိုးဟပ်တွေ့လို့ အဲ့တာကိုဖြေရှင်းလိုက်အုံးမယ်။ဖုန်းအရင်ချလိုက်မယ်နော်" ထန်ချောင်းချောင်းဒေါသထွက်တဲ့အပြုအမူနဲ့ဖုန်းချခဲ့သည်။ပြီးတော့ဆန့်ကျင်ဘက်အခန်းဘက်ကိုတန်းသွားခဲ့သည်။ 


ဒီနေ့ ဆန့်ကျင်ဘက်အခန်းကို တစ်ယောက်ယောက်နေပြီးတာနဲ့ ညမှာသူမတံခါးကိုတစ်ယောက်ယောက်ကလာခေါက်ခဲ့သည်။အဲ့တာထူးဆန်းပြီးတော့သံသယဖြစ်စရာကောင်းသည်။ 


ရှန်းယွဲ့ဖုန်းနဲ့ပတ်သတ်ပြီးစိတ်လှုပ်ရှားနေချိန်မှာရုတ်တရက်သူတံခါးခေါက်သံကြားလိုက်ရသည်။လီကျီက မျက်လုံးပေါက်ကနေ ကြည့်လိုက်ပြီးပြောခဲ့သည်။"အဲ့တာထန်ချောင်းချောင်း" 


ရှန်းယွဲ့က သူမကိုအမြန်ထွက်သွားခိုင်းဖို့ လီကျီကို ကမန်းကတန်းအချက်ပြလိုက်ပြီးနောက်တစ်ခနမှာသွားပုန်းခဲ့သည်။ 


လီကျီ အသက်ပြင်းပြင်းရှူလိုက်ပြီးတံခါးကိုတစ်ဝက်ဖွင့်ခဲ့သည်။ 


"Miss,ဘာဖြစ်လို့လဲ?" 


'သေလိုက်ပါတော့၊ဒါ ထန်ချောင်းချောင်းကို အနီးကပ်ပထမဆုံးမြင်ဖူးတာပဲ။သူမကအရမ်းလှတာပဲ။bossဆွဲဆောင်ခံရတာ မအံ့ဩတော့ပါဘူး' 


ထန်ချောင်းချောင်းကအမူအရာမဲ့နေခဲ့သည်။"တခြားတစ်ဖက်ကနေ အခု တစ်ခုခုကြားလိုက်သေးလား?" 


လီကျီ: "မကြားလိုက်ဘူး၊ငါအခုအိပ်နေတာ။ငါဘာမှမကြားလိုက်ဘူး၊တစ်ခုမှလဲမမြင်လိုက်ဘူး" 


သူဖြေတာ အရမ်းမြန်နေခဲ့သည်။အဲ့တာက ပိုပြီးသံသယဖြစ်စရာကောင်းနေခဲ့သည်။ 


ထန်ချောင်းချောင်းက အခန်းထဲကိုချောင်းကြည့်ခဲ့သည်။ဒါပေမယ့် လီကျီက သူမရဲ့မြင်ကွင်းကိုပိတ်ပြီး ပြုံးပြခဲ့သည်။


 "အခန်းထဲမှာငါတစ်ယောက်တည်းမှာရှိတာပါ" 


ထန်ချောင်းချောင်းကရပ်လိုက်ပြီး 


"ကျွန်မတောင်းပန်ပါတယ်။ခွင့်ပြုပါအုံး" 


လီကျီက သူ့ပါးစပ်ထောင့်ကိုကွေးလိုက်သည်။ 


"ရပါတယ်" 


အဲ့ဒီအချိန်မှာပဲ ဖန်ယန်ကလှုပ်ရှားမှုတွေကိုကြားတဲ့အချိန်မှာနောက်အခန်းကိုထွက်လာခဲ့သည်။သူမကထန်ချောင်းချောင်းလက်ထဲကပုံတွေကိုမြင်ပြီးအရမ်းလန့်ခဲ့သည်။သူမကစိတ်လှုပ်ရှားစွာပြောခဲ့သည်။


"ဒါဟာ မတရားမှုပဲ၊ နင် ရဲကိုခေါ်ချင်လား?" 


ထန်ချောင်းချောင်းကစိတ်လျော့လိုက်သည်။


"စိတ်မပူပါနဲ့၊အဲ့ဒီလူ အဝေးကိုမသွားလောက်သေးပါဘူး။သူငါရဲ့တုန့်ပြန်မှုကိုကြည့်နေလောက်မှာ" 


သူမကသံသယတွေနဲ့ showကိုကြည့်နေတဲ့ လီကျီကိုဖြတ်ခနဲကြည့်ခဲ့သည်။ 


အဲ့ဒီအချိန်မှာလှေကားထစ်ကနေ ထူးဆန်းတဲ့အသံထွက်လာခဲ့သည်။ 


ထန်ချောင်းချောင်းကအပြေးအလွှားကြည့်ခဲ့ပြီးအောက်ထပ်ကိုအလျင်အမြန်ဆင်းနေတဲ့ဦးထုပ်နဲ့လူကိုတွေ့ခဲ့သည်။ 


"ရပ်လိုက်စမ်း"ထန်ချောင်းချောင်းကအကျယ်ကြီးအော်လိုက်သည်။ 


Xxxxxx