Chapter 55
အဲ့ဒီလူက သူမရဲ့အသံကိုကြားလိုက်ချိန်မှာလျင်မြန်စွာပြေးခဲ့သည်။
သေချာပြီ၊သူ မကောင်းဆိုးဝါးကောင်
"မင်းကမတရားတဲ့သူပဲ၊မပြေးနဲ့" ထန်ချောင်းချောင်းကသူ့ကိုလိုက်ဖမ်းခဲ့သည်။အဲ့ဒီလူကနောက်ထပ်စင်္ကြံတစ်ခုက လွတ်မြောက်ဖို့လုပ်နေတာမြင်ချိန်မှာသူမက ထောင့်မှာ ထောင်ထားတဲ့တံမြက်စည်းကိုယူပြီးအဲ့ဒီလူရဲ့ခေါင်းနောက်ကိုရိုက်လိုက်သည်။
သစ်သားတံမြက်စည်းရိုးကအဲ့ဒီလူရဲ့ခေါင်းနောက်ကို "ဒေါင်ခနဲ" မြည်အောင်ရိုက်မိခဲ့သည်။အဲ့ဒီလူက ပြင်းထန်တဲ့ထိခိုက်မှုနဲ့တံခါးကိုခေါက်မိခဲ့သည်။သူကမြေကြီးပေါ်လဲကျပြီး မေ့မြောသွားခဲ့သည်။
ဟိုတယ်ဝန်ထမ်းက လုံခြုံရေးကိုအပြေးခေါ်ခဲ့သည်။ပြီးတော့စောင့်ကြည့်ရေးအရအဲ့ဒီလူကထန်ချောင်းချောင်းရှိတဲ့အထပ်ကိုခိုးကြောင်ခိုးဝှက်တက်ခဲ့ပြီးစာအိတ်ကိုတံခါးအောက်မှာထားခဲ့တာတွေ့ခဲ့ရသည်။ဟိုတယ်က အဲ့ဒီလူကိုလုံခြုံရေးအခန်းကိုယာယီပြောင်းခဲ့ပြီးသူနဲ့သဘောတူညီချက်ရရန် ရဲတွေကိုစောင့်နေခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးကတစ်နာရီခွဲလောက်ကြာခဲ့သည်။အပြန်လမ်းမှာ ထန်ချောင်းချောင်းက ဖန်ယန်ရဲ့ရင်ထဲက ကြာရှည်တဲ့ကြောက်လန့်မှုကိုခံစားခဲ့ရသည်။ "အမ ချောင်းချောင်း ပြေးတာအရမ်းမြန်တာပဲ။အမ ငါ့ကိုလန့်သေအောင်လုပ်နေတာပဲ"
ထန်ချောင်းချောင်းကသူမရဲ့လက်သီးကိုညှစ်ခဲ့သည်။ "အမျိုးသမီးတွေရဲ့ပုံကိုရိုက်တဲ့မတရားမှုမျိုးနဲ့သဘောတူညိချက်ရဖို့ နင် နူးညံ့နေလို့မရဘူး"
ဖန်ယန်ကနောက်ဆုံးတော့ သူမလိုက်နေတဲ့အနုပညာရှင်ကဘယ်လိုမျိုးလဲသိခဲ့ရသည်။
သူမလုံခြုံသလိုခံစားလိုက်ရသည်။
ထန်ချောင်းချောင်းကသူမရဲ့အထပ်ကိုပြန်သွားချိန်မှာ သူမကဆန့်ကျင်ဘက်က အမျိုးသားကတံခါးကနေကြည့်နေတာတွေ့လိုက်ရသည်။
လီကျီက ထန်ချောင်းချောင်းကိုမြင်လိုက်ချိန်မှာသူရဲ့မျက်လုံးတွေပြောင်းသွားခဲ့သည်။အခုလေးတင်သူမကပြေးလွှားပြီးထိုလူကိုဖမ်းခဲ့သည်။ရှန်းယွဲ့ကလဲဝှီးချဲနဲ့ပဲသူမကိုအလျင်အမြန်လိုက်ဖမ်းဖို့လုပ်ခဲ့သည်။
ဘာပဲဖြစ်" သူရဲ့ဝှီးချဲကလှေကားထစ်ကိုလုံးဝမသွားနိုင်ဘူး။
ထို့ကြောင့်လီကျီက ရှန်းယွဲ့ကိုဖိထားပြီးအခြေအနေကိုကြည့်ရန် အမြန်ဆင်းခဲ့သည်။ပြီးတော့ထန်ချောင်းချောင်းကလူကြီးကို တံမြက်စည်းနဲ့မေ့အောင်လုပ်ခဲ့တာရဲ့သက်သေဖြစ်ခဲ့သည်။
သူကသူမကိုသေးငယ်တဲ့အဖြူရောင်ပန်းလေးလို့ထင်ခဲ့တာ။ဒါပေမယ့် သူမကပန်းတွေရဲ့သခင်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။
Bossသာအမှန်တရားကိုရှာတွေ့သွားရင် bossသူမရဲ့ဆွဲဆောင်မှုကိုခံနေရအုံးမလားဆိုတာသိချင်မိသည်။
ထန်ချောင်းချောင်းဆန့်ကျင်ဘက်အခန်းကိုလျှောက်လာခဲ့သည်။
"Sir,မအိပ်သေးဘူးလား?"
လီကျီကပြုံးခဲ့သည်။"မအိပ်သေးဘူး၊မင်းကိစ္စကိုဘယ်လိုဖြေရှင်းခဲ့လဲကြည့်ချင်လို့"
ထန်ချောင်းချောင်းကခေါင်းငြိမ့်ခဲ့သည်။
"ဒီရက်ပိုင်းမတရားမှုတွေအများကြီးဖြစ်နေတယ်အပြင်ထွက်ရင်ပိုဂရုစိုက်သင့်တယ်"
"ကောင်းပါပြီ"
"ယောင်္ကျားလေးလဲအပြင်မှာဂရုစိုက်သင့်တယ်"
"ကောင်းပါပြီ" လီကျီအနည်းငယ်ပဟေဌိဖြစ်သွားသည်။
ရှင်တကယ်ပဲတစ်ယောက်တည်းနေတာလား?"
"Hmm,တစ်ယောက်တည်း"
လီကျီ ထိတ်ထိတ်ပျာပျာခေါင်းငြိမ့်လိုက်သည်။
"Oh" ထန်ချောင်းချောင်းထွက်သွားရန်လှည့်လိုက်သည်။ဒါပေမယ့်ရုတ်တရက်ပြန်လှည့်လာပြီးသူ့တံခါးကိုဖွင့်လိုက်သည်။
"ရှင်လိမ်နေတာ။အတွင်းမှာ သိသိသာသာလှုပ်ရှားမှုရှိနေတယ်"
လီကျီ အငိုက်ဖမ်းခံလိုက်ရပြီးထန်ချောင်းချောင်းတွန်းတာခံလိုက်ရသည်။သူ ကမန်းကတန်းပြောခဲ့သည်။
"Oh,မင်းဘာဖြစ်နေတာလဲ?တခြားလူရဲ့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဘယ်လိုများ ဝင်နိုင်ရတာလဲ?"
"ရှင်စိတ်လှုပ်ရှားနေပုံရတယ်။ရှင့်မျက်လုံးတွေကမြန်မြန်ပြောင်းလဲနေတယ်။ပြီးတော့ နင်သပ်သပ်ရပ်ရပ်ဝတ်ထားတယ်။ဒါပေမယ့် နင်အိပ်နေတယ်လို့ပြောခဲ့တယ်။ရှင်လိမ်နေတာ။ရှင်ကဟိုလူရဲ့ကြံရာပါလား?"
ထန်ချောင်းချောင်းကသူမစကားပြောနေစဉ်အတွင်း အခန်းထဲလျှောက်ဝင်လာခဲ့သည်။သူမက အခန်းရဲ့အတွင်းမှာရှန်းယွဲ့ကိုတွေ့လိုက်ရသည်။
ထန်ချောင်းချောင်းမျက်လုံးများပုတ်ခက်ပုတ်ခက်ဖြစ်သွားသည်။
ထိုအချိန်မှာ အားလုံးငြိမ်သက်သွား၏။
လီကျီက ရှန်းယွဲ့ရဲ့အရှေ့မှာရပ်ဖို့ကမန်းကတန်းလျှောက်လာပြီး စိတ်တိုစွာပြောလိုက်သည်။
"မင်းကိုမင်း starတစ်ယောက်ဖြစ်တာနဲ့မင်းလုပ်ချင်တာလုပ်နိုင်တယ်လို့မစဉ်းစားနဲ့"
ထန်ချောင်းချောင်းက သတိလွတ်သွားခဲ့ပြီး သူ့ကိုအဝေးကိုတွန်းလိုက်သည်။သူမကပြောခဲ့သည်။
"ရှင်....ရှင်င်ဘာလို့ဒီကိုရောက်နေတာလဲ?"
"အဟမ်း"
ရှန်းယွဲ့ သူမရဲ့မျက်လုံးတွေနဲ့မရင်ဆိုင်ရဲပဲ အပြစ်ရှိသောစိတ်နဲ့ပြောခဲ့သည်။
"ငါ အလုပ်ခရီး မှာရောက်နေတာလေ"
လီကျီကလှည့်လာပြီး "မင်းတို့ တစ်ယောက်နဲ့တစ်ယောက်သိကြတာလား?"
တစ်ယောက်မှငါ့ကိုမပြောကြဘူး။
ထန်ချောင်းချောင်းကထပ်မေးခဲ့သည်။
"အလုပ်ခရီး နဲ့ဒီကိုလာရမယ်လို့ ဘာလို့ကျွန်မကိုမပြောခဲ့တာလဲ ကျွန်မက ရှင့်ရဲ့တစ်ဖက်မှာနေနေတယ်ဆိုတာရောသိလား?ဘာလို့ကျွန်မဆီမလာတာလဲ?"
ရှန်းယွဲ့မေးခွန်းမေးခံလိုက်ရတဲ့အချိန်ပြောစရာစကားမဲ့သွားခဲ့ပြီး တစ်ခဏငြိမ်သက်သွားသည်။သူစကားအချို့ပဲပြောနိုင်တော့သည်။"အဲ့ဒါ တိုက်ဆိုင်မှုတစ်ခုပါပဲ"
"တိုက်ဆိုင်မှုတစ်ခုပဲလား ကျွန်မတော့မယုံဘူး" ထန်ချောင်းချောင်းကသူရဲ့ရှေ့မှာထိုင်လိုက်သည်။
ရှင့်ရဲ့အခန်းက ကျွန်မရဲ့အခန်းနဲ့တူတယ်လို့ငါမပြောခဲ့ဘူးလား။ဒါပေမယ့် နင်က သူတို့ကကူးချတာပါလို့ပြောခဲ့တယ်လေ"
ထန်ချောင်းချောင်းက သံသယဖြစ်စွာနဲ့ "ရှင်င့်ရဲ့အရေးကြီးကိစ္စက ကျွန်မဆီကိုအလည်လာဖို့တော့ မဟုတ်ဘူးမလား?"
"လျောက်မပြောနေနဲ့.."
ရှန်းယွဲ့ရဲ့အသံက အမြီးတက်နင်းခံရတဲ့ကြောင်လေးတစ်ကောင်လိုပင်။
"မင်း လီကျီကိုမေးကြည့်။ငါဒီကို project ပူးပေါင်းဖို့အတွက်ရောက်နေတာဟုတ်တယ်မလား?"
လီကျီ၏ စိတ်ထဲယောင်ချာချာဖြစ်နေလေသည်။တစ်ယောက်ယောက်သူ့ကိုဘာတွေဖြစ်နေလဲပြောပြနိုင်မလား?
ရှန်းယွဲ့ရဲ့စူးရှတောက်ပတဲ့မျက်လုံးေတွရဲ့တိတ်ဆိတ်တဲ့ခြိမ်းခြောက်ခြင်းအောက်မှာထိတ်လန့်နေသောမျက်နှာနဲ့သူပြောသလိုလိုက်ပြောခဲ့သည်။ "ငါတို့က တကယ်ဒီကိုပူးပေါင်းဖို့အတွက်ရောက်နေတာ ပြီးတော့ ဒီဟိုတယ်မှာနေဖို့ဖြစ်လာခဲ့တာ"
ထန်ချောင်းချောင်းက သံသယဖြစ်နေတုန်းရှိသေးသည်။
လီကျီနောက်ထပ်မကူညီနိုင်တော့ဘူး။ပြီးတော့မေးရန်သူ့လက်ကိုမြှောက်ခဲ့သည်။
"မင်းတို့ရဲ့ ပတ်သက်မှု ကဘာလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား?"
ထန်ချောင်းချောင်းကရှန်းယွဲ့ကိုကြည့်ခဲ့သည်။ပြီးတော့သူမရဲ့ပါးစပ်ထောင့်မြင့်တက်လာခဲ့သည်။
"ရှင့်ရဲ့bossကိုမေးရမှာ။သူ ပြောပြလိမ့်မယ်"
လီကျီကချက်ချင်းရှန်းယွဲ့ကိုစိတ်အားထက်သန်စွာကြည့်ခဲ့သည်။သူ့ရဲ့bossနဲ့ဒီcelebrityအမျိုးသမီးတို့အမှန်တကယ်အဆက်အသွယ်ရှိတာကိုစဉ်းစားရင်းနဲ့သူစိတ်အားထက်သန်လာသလိုခံစားရသည်။
ရှန်းယွဲ့ သူရဲ့စပ်စုနေတဲ့မျက်လုံးတွေကိုကြည့်ပြီးအကူအညီမဲ့စွာသက်ပြင်းချခဲ့သည်။
"ငါက လက်ထပ်ပြီးသား"
လီကျီသတိလွတ်သွားသည်။" လက်ထပ်ပြီးသား?ဘယ်သူနဲ့လဲ?"
ရှန်းယွဲ့နဲ့ထန်ချောင်းချောင်းကသူ့ကိုအရူးတစ်ယောက်လိုကြည့်ခဲ့သည်။
သူရုတ်တရက်နားလည်သွားသည်။
Bossကလက်ထပ်ပြီးသား!
သူ့မိန်းမက ထန်ချောင်းချောင်း!
Bossကမတရားတာလုပ်တာမဟုတ်ဘူး!
အဲ့တာက သူ့ရဲ့မိန်းမကဒီမှာဖြစ်နေလို့ပဲ!
လီကျီ ဒီညမှာသူ့ရဲ့စိတ်ထဲ အချက်အလက်တွေအများကြီးရခဲ့သည်။သူအားလုံးကိုတစ်ခါတည်းစနစ်တကျမထားနိုင်တော့ဘူး။
ဒီချိန် သူ့ရဲ့နှလုံးသားထဲမှာ "ဘာလို့လဲ" ဆိုတာ ရာထောင်ချီရှိနေသည်။ဒါပေမယ့်အခုကအဲ့ချိန်မဟုတ်သေးဘူး။သူက ဖြစ်နိုင်သမျှမြန်မြန်ထွက်သွားရမယ့်ကြီးမားတဲ့မီးလုံးတစ်လုံးပဲ။
"Boss,မရီး, ဖြေးဖြေးစကားပြောကြပါ။ကျွန်ေတာ် ဒီအခန်းကနေနင်တို့အတွက်ထွက်သွားပေးပါမယ်"
ချစ်သူတွေကအချိန်တိုတစ်ခုအတွက်မတွေ့ရချိန်မှာသူတို့က လက်ထပ်ပြီးခါစလိုမျိုးဖြစ်သွားလိမ့်မယ်။
လီကျီထွက်ခွာသွားပြီးနောက် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့သည် အချင်းချင်း ကြည့်နေကြ၍ အခန်းသည် ပြန်၍ တိတ်ဆိတ်သွားပြန်သည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို အချိန်အကြာကြီး ကြည့်နေသည်။ သူနှင့် လီကျီတို့သည် လောလောဆယ်တွင် သူတို့၏မျက်ခုံးများကို တွန့်ကွေးလျက် သူတို့သည် သူမမသိနိုင်ဟု တွေးထင်လျက် သူတို့၏စကားများသည်လည်း အပေါက်များဖြင့် ပြည့်နေလေသည်။
ရှန်းယွဲသည် သူမစိုက်ကြည့်နေသောကြောင့် မသက်မသာ ဖြစ်လာပြီး သူ၏မျက်နှာသည် အနည်းငယ် ပူလောင်နေသည်။ အဲ့တာသည် သူမ၏ ပူပြင်းသော အကြည့်ကြောင့်လား သို့မဟုတ် ရိပ်မိသွားခြင်းကို ရှက်နေ၍လား မသိနိုင်ပေ။
ရှန်းယွဲ့သည် သီးခံ၍ ခတ်ပြတ်ပြတ် ပြောလိုက်လေသည်။ “ မင်းဘာလို့ကိုယ့်ကို အဲ့လိုကြည့်နေတာလဲ? ”
ထန်ချောင်းချောင်းသည် မတ်တပ်ရပ်၍ အခန်းကို ခပ်ဖြေးဖြေး လမ်းလျှောက်၍ သာမန်ကာလျံကာ ပြောလိုက်သည်။
“ ရှင် ဒီဟိုတယ်ကို ရွေးချယ်လိုက်တယ်ဆိုတော့ ရှင် ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီက ဒီအနီးနားမှာပေါ့ ”
ရှန်းယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ “ အဲ့ဒီတော့? ”
“ ရှင် ဒီည အနီးအနားမှာပဲစားခဲ့မှာပေါ့ ဟုတ်တယ်မလား? ”
“ ရှင်ဘယ်စားသောက်ဆိုင်မှာ စားခဲ့တာလဲ... အရသာရှိလား... ကျွန်မကို ပြောပြ။ ကျွန်မ ရိုက်ကွင်းကနေထွက်ပြီး သွားစားဖို့ အချိန်မရှိဖြစ်နေတာ။ ဒီမှာ အထူးဟင်းပွဲတွေရှိတယ်ကြားလို့ တကယ်စားကြည့်ချင်နေတာ။ ”
ထန်ချောင်းချောင်းသည် သာမန်သာ မေးလိုက်သည့် ပုံစံဖြင့် ကြည့်လိုက်သည်။
“…” ရှန်းယွဲ့သည် ဒီနားဝန်းကျင်တွင် တကယ်မစားခဲ့ပေ။ သူဘယ်လိုသိနိုင်မလဲ?
ရှန်းယွဲ့သည် အနည်းငယ် ရှက်ရွံလာပြီး ဒေါသအဖြစ်သို့ ပြောင်းသွားသည်။
“ကိုယ်ဘယ်လိုလို့ အဲ့လိုဟာမျိုးကို ဘယ်လိုလို့ မှတ်မိမလဲ၊ သူတို့က စီစဥ်ပေးတာကို ကိုယ်က မျက်နှာပြပေးရုံပဲ။”
“အိုး အဲ့လိုလား” ထန်ချောင်းချောင်းသည် အရှုံပေးရန် ငြင်းဆန်၍ ဆက်ပြောလေသည်၊
“ ဘယ်လိုဟင်းပွဲတွေကို စားခဲ့တာလဲ? ဘယ်လိုဟင်းပွဲတွေက အရသာရှိလဲဆိုတာ ကျွန်မကို ပြောပြပါ။ ဒါဆို နောင်မှာမှတ်မိနေပြီး စမ်းကြည့်ကြည့်မယ်”
ရှန်းယွဲ့သည် တိတ်ဆိတ်နေသည်။ ‘ဒီမိန်းမက တမင်သက်သက်လုပ်နေတာပဲ။’
ထန်ချောင်းချောင်း၏မျက်လုံးများ တိတ်တခိုး ဝင်းလက်သွားသည်။ ‘ရှန်းယွဲ့၏ မကျေနပ်သည့်အသွင်က တကယ်ကို့ စိတ်ဝင်စားဖို့ကောင်းတာပဲ။’
ရုတ်တရက် ရှန်းယွဲ့သည် သူ၏နှုတ်ခမ်းတွင် အပြုံးလေးဖြစ်ပေါ်လာပြီး စကားလွှဲလိုက်လေသည်။ “မင်း ကိုယ်ဘယ်မှာ စားတယ်ဆိုတာ အများကြီး ဂရုစိုက်နေတာပဲ။ မင်းဘာလိုချင်လို့တုန်း? အဲ့ဒါက မင်းဒီနေရာကို စစ်ဆေးချင်လို့မှတ်လား? မင်းကိုယ် အပြင်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ တွေ့မှာကို စိုးရိမ်နေတာလား?”
ထန်ချောင်းချောင်း ကြက်သေသေသွားသည်။
“ မဒမ် ” ရှန်းယွဲ့သည် သူမကို ချဥ်းကပ်ပြီး သူ၏မျက်လုံးများကိုပင့်၍ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။
“ မင်း စိတ်ချထားလို့ ရတယ်။ ကိုယ်ခုလောလောဆယ်မှာ ဘယ်အပင်ကိုမှ ပန်းပွင့်အောင်လုပ်မှာ မဟုတ်ဘူး။ ”
သူ၏အသံသည် ပုံမှန်အားဖြင့် ကြည်လင်နေပြီ ချောမွတ်နေသော်လည်း အခုအချိန်တွင်တော့ သူသည် သူ၏အသံကို နှိမ့်ချလိုက်ပြီး အဲ့ဒါက ညို့ဓာတ်အနည်းငယ်ရှိနေပုံရသည်။ သူ “ မဒမ် ” ဟု တီးတိုးလေးခေါ်လိုက်ပုံသည် ထန်ချောင်းချောင်းကို ရင်ခုန်သွားစေသည်။သူမသည် သူမ၏ခေါင်းကို အနောက်သို့ ဆုတ်၍ သူနှင့် အကွာအဝေးတစ်ခုထားလိုက်သည်။
“ ရှင်အတွေးလွန်နေပြီ။ ကျွန်မ အဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဘယ်တုန်းကမှ စိတ်မပူခဲ့ဘူး။ ”ထန်ချောင်းချောင်း၏မျက်နှာ အနည်းငယ်နီနေသည်။ သူမ၏မျက်လုံးများသည် လှိမ့်နေသော်လည်း သူမ၏အသံသည် နူးညံ့၍ ယုံကြည်စရာမကောင်းပေ။
ရှန်းယွဲ့၏နှုတ်ခမ်းထောင့်များ မြှင့်တက်သွားပြန်သည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ အိပ်ရာခင်းများသည် ဟိုတယ်၏အဖြူရောင်အိပ်ရာခင်းများ မဟုတ်ကြောင်းသတိပြုမိသွားပြီး ပြောလိုက်သည်။ “ ရှင်က တကယ်ကို့ ဇီဇာကြောင်တာပဲ။ ရှင်က ရှင် အပြင်သွားတာတောင်မှ ရှင့်ရဲ့ကိုယ်ပိုင်အိပ်ရာခင်းအစုံလိုက်ကို ယူခဲ့တာပဲ။ ”
ရှန်းယွဲ့၏ ဇီဇာကြောင်မှု နှင့် အသန့်ကြိုက်မှု အဆင့်တို့သည် ကျသွားမည် မဟုတ်ပေ။
ထန်ချောင်းချောင်းသည် အိပ်ရာခင်းကို ထိလိုက်ပြီး သူမသည် အိမ်မှယူလာခဲ့သော ပိုးထည် အိပ်ရာခင်းများသည် ဟိုတယ်မှများထက် ပို၍ကောင်းသည်ဟု ပြောရပေမည်။
“ မစ္စတာရှန် အိပ်ရာကို သွားပါ ” အံ့သြစရာကောင်းစွာပင် ထန်ချောင်းချောင်းဘာမှ ထပ်မပြောတော့ပေ။
ရှန်းယွဲ့သည် ကြက်သေသေသွားသည်။ “ ဘာဖြစ်လို့လဲ? ”
“ အိပ်ရာပေါ်လာစမ်းပါ။ ရှင့်ခြေထောက်တွေ ဘယ်လိုနေလဲဆိုတာ ကြည့်မလို့လေ ”
ထန်ချောင်းချောင်းသည် သူမ၏တင်ပါးအောက်တွင်ရှိသော အိပ်ရာခင်းကို ပုတ်လိုက်သည်။
အချိန်ခဏလောက်ပျော်ရွှင်နေသော ရှန်းယွဲ့သည် ထပ်မံ၍ ဆို့နင့်သွားပြန်သည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ အိပ်ရာပေါ်သို့ ဖြည်းဖြည်းချင်း တစ်ဝက်လှဲချသည်ကို ကူညီလိုက်သည်။ ထန်ချောင်းချောင်းသည် သူ၏ ဘောင်းဘီရှည်ကိုမ၍ သူ၏ခြေထောက်များကို သေချာစွာ စစ်ဆေးလိုက်သည်ပြီး သူတို့ကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ညင်သာစွာ နှိပ်လိုက်လေသည်။
ရှန်းယွဲ့သည် ခဏတာရပ်၍ မေးလိုက်သည်။
“ အပြင်မှာ ခုလေးတင် ဘာဖြစ်သွားတာလဲ? ”
ထန်ချောင်းချောင်းသည် ညင်သာစွာ ရှင်းပြလေသည်။
“ ကျွန်မကို နောက်ယောင်ခံလိုက်လာတဲ့ ကင်မရာမန်းကို တုတ်နဲ့ ရိုက်လိုက်တာလေ။ ကျွန်မတို့ သူ့ကို ဟိုတယ် လုံခြုံရေးခန်းထဲမှာ ထိန်းသိမ်းထားတယ်။ မနက်ဖြန်ဆိုရဲတွေ စုံစမ်းမေးမြန်းမှု ရလဒ်ကို ကျွန်မသိရတော့မယ်။ ”
“ ကိုယ်မင်းကို အရင်ကြိမ်က ပြောခဲ့သလိုပဲ ဒီလိုအခြေအနေမျိုးကြုံရပြီဆို တစ်ယောက်ယောက်ကို ခေါ်ဖို့ သတိရ၊ ကိုယ့်ကိုကိုယ့် ဖိအားပေးပြီး အလောတကြီးမလုပ်ပါနဲ့လို့။ သူက ရက်စက်ပြီး လက်နက်တစ်ခုခုပါရင် ဘယ်လိုလုပ်မလဲ။ သူ့လက်ထဲမှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုခုပါရင်ကော ဘယ်လိုလုပ်မလဲ.. ”
ရှန်းယွဲ့ စဥ်းစားလိုက်လျှင်ကို ဒေါသထွက်လာလေသည်။ ဒီအမျိုးသမီးသည် သူမတွင် ကြမ်းကြုတ်သည့် အင်အားရအနည်းငယ်ရှိသည်ဟုထင်လျက် အကျိုးဆက်များကို မစဥ်းစားဘဲ အမြဲ စိတ်လက်မာန်ပါ လုပ်လေ့ရှိသည်။
Xxxxxx