Chapter 113 ကြာပန်းရေကန်
Viewers 17k

အခန်း ၁၁၃ ကြာပန်းရေကန်

ကြာကန်များမှ ကြာမြစ်(ကြာစွယ်)များ ရှိနိုင်ပြီး ထိုအမြစ်များမှ ကြာကစီမှုန့်နှင့် ကြာစွယ်အချပ်ကလေးများ ပြုလုပ်နိုင်သည်။

တိုတိုပြောရရင်တော့ ဒါက စားကောင်းတဲ့အရာတစ်ခုပါပဲ။

 

ကြာကစီမှုန့်များက ကြာရှည် သိမ်းဆည်းနိုင်သောကြောင့် လမ်းပေါ်တွင် စားသုံး၍ ရနိုင်သည်။ သို့သော်လည်း ကြာကစီမှုန့်ရရှိရန် အနည်းငယ်တော့ ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

"ငါ အဲ့တာတွေကို အပေါ်ပစ်တင်ပေးမယ်။ မင်းတို့ထဲက တစ်‌ယောက်က ခြင်းတောင်းထဲကို ကောက်ထည့်ဖို့ ဒီမှာ ကျန်နေခဲ့။ ကျန်တဲ့သူတွေက အနီးနားက တောရိုင်းအရွက်တွေနဲ့ အသီးအနှံတွေကို သွားရှာလို့ ရတယ်”

စူးချင်းက မိန်းကလေးများကို ကြာကန်ထဲသို့ ဆင်းခွင့်မပြုခဲ့ပေ။

အဲ့မိန်းကလေးတွေထဲမှာ အများစုက ရေမကူးတက်ကြသလို ကြာကန်ရဲ့အတိမ်အနက်ကိုလည်း မခန့်မှန်းနိုင်ဘူး။ တစ်စုံတစ်ယောက် ရေထဲ ပြုတ်ကျသွားရင် လိုက်ကယ်နေရတာက အချိန်ဖြုန်းတာနဲ့ အတူတူပဲ။ ပြီးတော့ ကြောင်တောင်တောင်တွေနဲ့ ကမ်းပေါ်မှာ ရပ်ကြည့်ခိုင်းနေမယ့်အစား အလုပ်တာဝန်ခွဲပေးလိုက်တာနဲ့ အတူတူပဲ။

စူးချင်းက လီရွှမ်းအာထံမှ ကောက်ရိုးဖိနပ်ကို တောင်းလိုက်ပြီး သူမစီးထားသော ဖိနပ်ကို ကမ်းစပ်တွင် ထားခဲ့ကာ ကောက်ရိုးဖိနပ်ကို ဝတ်ဆင်ပြီး ကြာမြစ်တူးရန် ရေကန်ထဲသို့ ဆင်းသွားတော့သည်။

အဲ့တာက သူမမှာရှိတဲ့ တစ်ခုတည်းသော ဖိနပ်အကောင်းတစ်ရံလေ၊ ရေထဲကို စီးသွားလို့ မဖြစ်ဘူး။

လီရွှမ်းအာက ခြေဗလာဖြစ်သွားသော်လည်း သူမက လျင်မြန်သွက်လက်ပြီး သူမအတွက် ကောက်ရိုးဖိနပ် အသစ်တစ်ရံပြုလုပ်ရန် ဘေးနားမှမြက်ပင်ရှည်များကို အသုံးပြုလိုက်သည်။ ယခုအချိန်တွင် သူမတို့ရွာမှ မိန်းကလေးများအားလုံးက မြက်ဖိနပ်ပြုလုပ်နည်းကို သိနေကြသည့်အတွက် ဖိနပ်တစ်ရန် ဖန်တီးရန် အချိန်သိပ်မကြာလိုက်ပေ။

စူးချင်းက ကြာပန်းရေကန်ထဲသို့ ဆင်းသွားပြီး ရေကန်က သိပ်မနက်ဘဲ ရေက ဒူးလောက်သာ ရှိကြောင်း သူမ သိလိုက်ရသည်။ သို့သော် သူမ ရှေ့သို့ ပိုတိုးသွာလေလေ ပိုနက်လေလေ ဖြစ်လာပြီး သူမ၏ခါးအထိရောက်လာကာ ကန်၏အောက်ခြေက ရွှံ့နွံများဖြင့် ပြည့်နေလေသည်။

စူးချင်းက သူမ၏ ဘောင်းဘီရှည်ကို လိပ်တင်လိုက်ပြီး ကြာမြစ်များကို စမ်းကြည့်ရန် သူမ၏ကိုယ်ကို ကိုင်းချလိုက်သည်။ ထိုနေရာသို့ ကြာစွယ်ရှာရန် မည်သူမျှ ရောက်လာပုံမပေါ်ဘဲ ရေ‌အောက်တွင် ကြာစွယ်အများအပြား ရှိနေခဲ့သည်။ သူမက အနည်းငယ် သန်မာလာပြီ ဖြစ်သောကြောင့် ရွှံ့များကို ဖယ်လိုက်ပြီး မည်သည့်ကိရိယာမှ မပါဘဲ ကြာပန်းအမြစ်ကို အားဖြင့် ဆွဲထုတ်လိုက်သည်။

သူမ ကြာမြစ်များကို ဆွဲထုတ်နေရင်း သူမ၏ခြေမျက်စိဘေးမှ ချော်ကျိသော အရာတစ်ခု  ကူးခတ်သွားသည်ကို ခံစားလိုက်ရပြီး ခဏအကြာတွင် သူမ၏ခြေထောက်က ချော်နေသော အရာတစ်ခုကို နင်းမိသွားလေသည်။

စူးချင်း၏နှလုံးခုန်သံက ပို၍ မြန်ဆန်လာရသည်။

အဲ့တာ ရွှံ့ငါးလား?  ငါးရှဥ့်တွေလား?

အဲ့ဒါက စားလို့ ရတယ်ဟ။

စူးချင်းက ကြာမြစ်တူးခြင်းကို အရှိန်မြှင့်တင်လိုက်ပြီး အမြစ်တစ်ချောင်းကို  ခပ်မြန်မြန် ဆွဲနှုတ်ကာ ကမ်းပေါ်သို့ ပစ်တင်လိုက်သည်။ လီရွှမ်းအာက သူမ၏ ကောက်ရိုးဖိနပ်အသစ်ကို ဝတ်ဆင်ကာ ခြင်းတောင်းတစ်လုံးဖြင့် ကြာမြစ်များကို လိုက်ကောက်နေသည်။

ယုချန်တွင် ကြာပန်းရေကန်များ မရှိသဖြင့် သူမက ကြာပန်းကို တစ်ခါမျှ မမြင်ဖူးပေ။ သူမက ထိုရှည်လျားလှသော ပျော်ချော်ချော် အရာကြီးများကို ကြောင်တက်တက်ဖြင့် ကြည့်နေလေသည်။

ဒါက စားလို့ ရတယ်လား?

သို့သော်လည်း သူမက တခဏမျှသာ တုံ့ဆိုင်းမိသွားခြင်းပင်။ သူမ၏စူးချင်းအပေါ် ထားသော ယုံကြည်မှုက ကြီးမားလှသောကြောင့် စူးချင်းက စားနိုင်သည်ဟု ပြောနေသမျှ ထိုအရာက စားသုံးနိုင်မည်ဟု သူမ ယုံကြည်နေခဲ့သည်။

စူးချင်းက ကြာမြစ်များကို တူးဖော်နေရင်း ပင်ပန်းလာသောကြောင့် မတ်တပ်ထရပ်ကာ သူမ၏ကျောကို ဆန့်တန်းလိုက်သည်။ ဤကြာပန်းရေကန်က မကြီးမားသလို  အောက်ခြေကလည်း သိပ်မနက်သောကြောင့် စူးချင်းက  ကောင်မလေးများ  ဆင်းနိုင်ရန် ရေကန်ထဲမှ ရေ အနည်းငယ်ကို ဖယ်ထုတ်ချင်နေခဲ့သည်။

တကယ်လို့ လူများများနဲ့ တူးနိုင်လေလေ၊ ကြာကန်ထဲက ရွံ့ငါးတွေကို အများများ ဖမ်းနိုင်လေပဲ။

"လီရွှမ်းအာ၊ မင်းအစ်ကိုကို ဒီနေရာကို လာခဲ့ဖို သွားခေါ်လိုက်၊ ဂေါ်ပြား ယူခဲ့ဖို့ ပြောလိုက်ဦး"

စူးချင်းက လီရွှမ်းအာကို လှမ်းအော်လိုက်သည်။ လီရွှမ်းအာက သူမ ကောက်နေသော ကြာမြစ်များကို ကိုင်ထားရင်း စူးချင်း၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။

အင်း”

လီရွှမ်းအာက လက်ဗလာဖြင့် မပြန်သွားဘဲ သူမ ကောက်ထားသော ကြာမြစ်ခြင်းထောင်းနှစ်တောင်းထဲမှ ခြင်းတောင်းတစ်လုံးကို ပြန်သယ်သွားခဲ့သည်။ သူမက အ‌ဒေါ်ချိုးနှင့် သူမ၏အမေကို အရင် ချက်ပြုတ်ခိုင်းမည်ဟု တွေးထားခဲ့သည်။

လီရွှမ်းအာ ထွက်သွားပြီးနောက် သိပ်မကြာခင်မှာပင် လီတာ့နျိုက ဂေါ်ပြားနှင့်အတူ ရောက်လာခဲ့သည်။ စူးချင်းက ကမ်းပေါ်သို့ ပြန်တက်လာပြီး ငါးပိုက်ကွန်တစ်ခု ရက်လုပ်ရန် ပြင်ဆင်နေသည်။ သူမ ရက်လုပ်ထားသော ပိုက်ကွန်က အလွန်စိတ်သောကြောင့် ရွှံ့ငါးများပင် ထွက်သွားနိုင်မည် မဟုတ်ပေ။

"လီတာ့နျို၊ မင်း ဒီကနေ စပြီး တူး"

လီတာ့နျို ရောက်မလာခင်ကပင် စူးချင်းက ချိုင့်ရှိသောနေရာကို ရှာထားခဲ့ပြီး သူမက လီတာ့နျိုကို ထိုနေရာသို့ တူးမြောင်းတစ်ခု တူးစေကာ ကန်ထဲမှ ရေများကို  ထိုနေရာသို့ လွှဲထုတ်ရန် စီမံလိုက်သည်။

လီတာ့နျိုက စူးချင်း၏ စကားကို မြေဝယ်မကျ နားထောင်သူ ဖြစ်ပြီး သူ့ဖိနပ်ကို ချွတ်ကာ ရေထဲသို့ ဆင်သွားပြီး  ရေလွှဲရန် မြောင်းကို စတင် တူးနေတော့သည်။

စူးချင်းက သူတူးနေသည်ကို စောင့်နေပြီးမှ လွတ်သွားသောနေရာကို ပိတ်ဖြင့် တားထားလိုက်သည်။ ထိုနေရာမှတဆင့် ရေများ ချောမွေ့စွာ စီးဆင်းနိုင်သော်လည်း ကြာကန်အတွင်းရှိ ငါးများနှင့် အကောင်အသေအမွှားများကတော့ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

"စူးချင်း၊ မင်းက အရမ်းတော်တာပဲ"

လီတာ့နျိုက စူးချင်းကို သဘောကျစွာ မြှောက်ပင့်လိုက်သော်လည်း စူးချင်းက သူ့ကို လျစ်လျူရှုကာ ထိုနေရာကို ထပ်ပိတ်ဆို့ရန် သူမ၏ခြင်းတောင်းကို နေရာ ချနေခဲ့သည်။ ဤရှေးဦးငါးဖမ်းနည်းက အလွန်ထိရောက်ပြီး အချိန်တိုအတွင်းမှာပင် သူမက လက်ဖဝါးအရွယ် ငါးကြင်းတောင်းတစ်ဝက်ကို ဖမ်းနိုင်ခဲ့သည်။

စူးချင်းက ခြင်းတောင်းကို ပြန်ယူခါနီးတွင် မီတာဝက်ခန့်ရှည်သော ငါးခူကြီးတစ်ကောင်ကို ခြင်းတောင်းထဲသို့ မျောဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမက ခြင်းတောင်းကို အမြန်ဆွဲတင်ကာ ကမ်းပေါ်သို့ ပြန်သယ်လာလိုက်သည်။

သူမ ကမ်းစပ်သို့ရောက်သောအခါ ငါးခူက ခုန်ထွက်သွားပြီး လီရွှမ်းအာက ထိုငါးခူကို ထိတ်လန့်သွားသဖြင့် နောက်ပြန်ဆုတ်လိုက်ရာ ဖင်ထိုင်လျက်လေး လဲကျသွားတော့သည်။

လီရွှမ်းအာက ခြင်းတောင်းထံမှ အနက်ရောင်ရွံ့ငါးများနှင့် အဝါရောင် ငါးရှဉ့်များကိုပါ ထပ်မြင်သွားပြီး ပို၍ပင် ကြောက်လန့်လာသည်။ သူမက ထိတ်လန့်နေသည့် အမူအရာဖြင့် စူးချင်းကို မေးလိုက်သည်။

"အစ်မစူးချင်း၊ ဒါက ရေမြွေ မဟုတ်ဘူးလား?"

ငါးခူတွေ၊ ငါးရှဉ့်တွေ အကုန်စားလို့ရတယ်”

စူးချင်းက သူမ စရောက်လာတုန်းကလောက် မအေးစက်တော့ပေ။ အနိမ့်ဆုံးအနေဖြင့် လီရွှမ်းအာနှင့် တခြားသူများက သူမကို တစ်ခုခုမေးလျှင် သူမက ပြန်ဖြေပေးနေပြီ ဖြစ်သည်။

သူမကို ဒေါသထွက်အောင် မလုပ်သ‌ရွေ့တော့ သူမက သူမတို့ကို မျက်နှာလွှဲသွားမှာ မဟုတ်ပါဘူး။

"ကျွန်မ...ကျွန်မ...ကိုင်ဖို့ နည်းနည်းကြောက်တယ်!"

လီရွှမ်းအာက ကူညီချင်နေသော်လည်း ငါးများက သူမ လက်ထဲမှ ချော်ထွက်သွား‌ကြောင့် သူမ ကြောက်လန့်ကာ ခုန်ပေါက်နေပြီး အော်ဟစ်နေတော့သည်။

အဆင်ပြေပါတယ်။ အဲ့တာတွေက မကိုက်တက်ဘူး”

စူးချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူမ၏ ခြင်းတောင်းထဲမှ ခုန်ထွက်သွားသော ငါးခူကြီးကို ပြန်ဖမ်းဆွဲကာ ကျောက်ခဲနှင့် ထုချလိုက်သည်။ သူမ နှစ်ကြိမ်ဆက်တိုက် ထုပြီးနောက်တွင် ငါးခူကြီးက ခုန်ရန် ခွန်အားမရှိတော့ပေ။

"စူးချင်း၊ ငါးတွေ အများကြီးရှိတယ်!"

လီတာ့နျို၏ စိတ်လှုပ်ရှားနေသော အသံက ချိုင့်ဘက်မှ ထွက်ပေါ်လာပြီး သူမ လှည့်ကြည့်လိုက်ရာ များလှစွာသော ငါးများက ငါးဖမ်းပိုက်ထဲတွင် ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။ ဒါဇင်ပေါင်း များစွာသော ငါးရှဉ့်များက မီတာဝက်ခန့် ရှည်ပြီး လက်ကောက်ဝတ်ခန့် လုံးပတ်ရှိနေသည်။

"ကျွန်မ ပြန်သွား လူသွား ထပ်ခေါ်လိုက်မယ်"

လီရွှမ်းအာကလည်း ငါးများကို မြင်သွားပြီး အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူမ၏မျက်နှာက နီရဲလာသည်။ သူမက နောက်သို့ လှည့်ကာ ပြေးထွက်သွားပြီး သိပ်မကြာခင်မှာပင် သူမက လူတစ်ဒါဇင်ကျော်ကို ပြန်ခေါ်လာပြီး သူတို့က ခြင်းတောင်းများကိုပါ သယ်ဆောင်လာကြသည်။ ထို့နောက်တွင်မှု ထိုအမျိုးသားများအားလုံးက အတူတူ ငါးဖမ်းနေကြပြီး သူတို့က ငါးရှဥ့်များကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။

 စားနိုင်သရွေ့တော့ သူတို့က ကြောက်စရာကောင်းတဲ့ငါးတွေတောင် ဖမ်းရဲသေးတယ်။

ကြာကန်အတွင်းရှိ ရေများအားလုံးနီးပါး ကုန်ဆုံးသွားချိန်တွင် အောက်ခြေရှိ ရွှံ့နွံများနှင့် ကြာမြစ်များ ထွက်ပေါ်လာသည်။ စူးချင်းက မိန်းကလေးများကို ဆင်းခိုင်းလိုက်ပြီး ကြာမြစ်များကို တူးခိုင်းလိုက်သည်။

အားလုံးက အတူတူ အလုပ်လုပ် နေကြပြီး မည်သူကမျှ ပင်ပန်းသည်ဟု လုံးဝ မခံစားကြရပေ။ သိပ်မကြာမီမှာပင် ကမ်းစပ်တွင် ကြာမြစ်တောင်ကုန်းလေးတစ်ခု စုပုံလာသည်။ စူးချင်းက တခြားသူများကို ဆက်တူးခိုင်းခဲ့ပြီး  သူမနှင့် လီတာ့နျိုတို့က ငါးများကို ချက်ပြုတ်ရန် ပြန်သယ်သွားကြသည်။

မိန်းကလေးများက နူးညံ့သော တောရိုင်း ဟင်းသီးဟင်းရွက် အများအပြားကိုလည်း ကောက်ယူခဲ့ကြပြီး စူးချင်းက အသီးအရွက်သုပ် လုပ်စားရန် ဆုံးဖြတ်လိုက်သည်။

ငါးခူနှင့် ငါးကြင်းများကို ပါးပါးလှီးထားသော ကြာစွယ်များဖြင့် ရောပြုတ်ထားပြီး အိုးကြီးက မောက်လျှံနေသပြည့် ရွာသူရွာသားအားလုံးက စားရမည့်အချိန်ကို မမျှော်လင့် စောင့်စားနေပြီး လူတိုင်း၏ဗိုက်များမှ အသံများ ထွက်နေလေသည်။

စူးချင်းက ရွှံ့ငါးများနှင့် ငါးရှဉ့်များကို ချက်ပြုတ်ရန် ပိုကောင်းမည့်နည်းလမ်းကို တွေးထားပြီးသား ဖြစ်သည်။ ထိုငါးများက ကောင်းစွာမချက်ပြုတ်နိုင်လျှင် ရွှံ့အနံ့ ကျန်နေတက်သောကြောင့် သူမက ရှည်လျားပြီး ပါးလွှာသော ကျောက်ပြားတစ်ခုကို ရှာဖွေလိုက်သည်။

သူမက ထိုကျောက်ပြားကို ကျောက်တုံးနှစ်တုံးပေါ်တင်လိုက်ပြီး ကျောက်ပြား၏အောက်သို့ ထင်းများ ထည့်လိုက်သည်။

ရွာသူရွာသားများအားလုံးက စူးချင်း ဘာလုပ်နေသည်ကို လုံးဝ မသိနိုင်ပေ။ သူတို့က ထိုကဲ့သို့ ဟင်းချက်နည်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ယခုက ဝါးမြင်းသား ပြုလုပ်ရန်  တွင်းတူးသည့်အချိန်ကထက်ပင် ထူးဆန်းနေသေးသည်။

မီးက တဖြည်းဖြည်း အရှိန်ရလာပြီး မကြာမီ ကျောက်ပြားကြီးလည်း ပူလာခဲ့သည်။ စူးချင်းက ကျောက်ပြားမျက်နှာပြင်ကို ဆီသုတ်ရန်အတွက် ဝက်ဆီတစ်ဇွန်းကို ထုတ်ယူလိုက်ပြီး ငါးရှဉ့်နှင့် ယူကာ ကျောက်ပြားပေါ်သို့ ပစ်တင်လိုက်သည်။

ရွှံ့ငါးများနှင့် ငါးရှဉ့်များက အပူခံလိုက်ရသောကြောင့် ကျောက်ပြားများပေါ်တွင် ခုန်ပေါက်နေကြသည်။ စူးချင်းက ၎င်းတို့ကို ဖိရန် သစ်သားအိုးအဖုံးကို အသုံးပြုလိုက်သောကြောင့် ရွှံ့ငါးများနှင့် ငါးရှဉ့်များအားလုံး မလှုပ်ရှားတော့ပေ။ စူးချင်းက ၎င်းတို့အပေါ်သို့ ဆားဖြူးလိုက်ပြီး ငရုတ်ကောင်း၊ ကြက်သွန်မြိတ်နှင့် ဂျင်းရိုင်းများကို ပစ်ထည့်လိုက်သည်။

ဇီယာစေ့တို့ နှမ်းတို့ မရှိတာတော့ စိတ်မကောင်းစရာပဲ။ နည်းနည်းလေး ဖြူးနိုင်ရင်တောင် အရမ်းအရသာရှိမှာ သေချာတယ်။ ဒါပေမယ့် သူမမှာ ငရုတ်သီး ရှိတယ်လေ။

စူးချင်းက ငရုတ်သီးအနီကို ငရုတ်သီးမှုန့်ဖြစ်အောင် ထောင်းလိုက်ပြီး ငါးများပေါ်သို့ အနည်းငယ် ဖြူးပေးလိုက်သည်။

ကျိရွှေရှန့် ပြန်ရောက်လာချိန်တွင် စူးချင်းက လေးနက်သည့် မျက်နှာအမူအရာဖြင့် ကျောက်ပြားပေါ်တွင် တစ်ခုခု လှော်နေသည်ကို တွေ့လိုက်ရသည်။ မွှေးရနံ့ကတော့ အဝေးကနေ ရနိုင်လောက်အောင် သင်းပျံ့နေသောကြောင့် သူ့ကိုပင် ဗိုက်ဆာလာစေခဲ့သည်။

စူးချင်းက ကျိရှောင်ယင်နှင့်လီရွှမ်းအာတို့ကို ငါးများ ဆက်ကြည့်ခိုင်းလိုက်ပြီး တောရိုင်းအသီးအရွက်များကို ရေနွေး မဖျောမီ မြေနံ့များနှင့် အခါးဓာတ်များကို ဖယ်ရှားရန် ‌ရေသွားဆေးလိုက်သည်။

သူမ ပြန်လာပြီးနောက်တွင် စူးချင်းက ဝက်ဆီအနည်းငယ်ကို အပူထပ်ပေးလိုက်ပြီး ငရုတ်သီးမှုန့်နှင့် ကြက်သွန်မြိတ်များပေါ်သို့ လောင်းချလိုက်သည်။ ဤအထူးပြင်ဆင်ထားသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောစပ်ထားသော တောရိုင်းဟင်းသီးဟင်းရွက်များက လတ်ဆတ်ပြီး ကြွပ်ရွသောအရသာ ရှိကာ မယုံနိုင်လောက်အောင် အရသာရှိသည်။ မွှေးရနံ့ကပင် လူတိုင်း၏ဝမ်းဗိုက်ကို အသံများ ဆူပွက်နေအောင် သင်းပျံနေခဲ့သည်။

"အဲ့ဒါ ဘာလဲ?"

ကျိရွှေရှန့်က ကျောက်ပြားကြီးဆီသို့ လျှောက်လာပြီး သူ့၏ညီမလေးကို‌  စူးစမ်းချင်စိတ်ပြင်းပြစွာ လှမ်းမေးလိုက်သည်။

✍️✍️✍️