Chapter 114 ဒါကို ဘယ်လိုစားရမှာလဲ?
Viewers 17k

အခန်း ၁၁၄ ဒါကို ဘယ်လိုစားရမှာလဲ?

"အစ်မစူးချင်းကတော့ ငါးရှဥ့်ကင်လို့ ပြောတယ်"

ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို အပြုံးလေးဖြင့် ကြည့်နေကာ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်လား? ကြည့်တာနဲ့တောင် အရသာရှိမှန်း သိသာတယ်”

ကျိရွှေရှန့်၏ သူ့နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။

စူးချင်းက တကယ်ကို အများကြီး သိတယ်။

ဒီနေ့ သူတို့ တောရိုင်းဟင်းရွက်တွေတဲ့ ငါးနည်းနည်းလောက်ပဲ စားနိုင်မယ်လို့ သူ ထင်ထားခဲ့တာပါ။ ဒါပေမယ့် စူးချင်းက  ဒီ‌လောက်အရသာရှိတဲ့ ဟင်းလျာကို ပြုလုပ်နိုင်ခဲ့တယ်။ ပုံမှန်ဆိုရင် ခါးသက်နေတက်ပြီး အရသာမရှိတဲ့ တောရိုင်းဟင်းရွက်တွေတောင်မှ သူမရဲ့လက်ထဲမှာ နီနီ စိမ်းစိမ်းလေးတွေအဖြစ် လှလှပပ ပေါင်းစပ်သွားခဲ့တယ်။ လှပနေရုံသာမကပဲ အရသာကလည်း အထူးကောင်းမွန်နေတာကြောင့် အခုလို ငတ်နေတဲ့ အချိန်မှာ ရိုးရှင်းပေမယ့် တန်ဖို့မဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်လာခဲ့တယ်။

ကြာစွယ်များနှင့် ပြုတ်ထားသော ငါးဟင်းအိုးကြီးကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သော‌ကြောင့် အဒါ်ချိုးနှင့် အဒေါ်လီတို့က လူတိုင်းအတွက် ဝေငှပေးရန် ပြင်ဆင်နေကြသည်။ သို့သော်လည်း လူတိုင်း၏မျက်လုံးများက ကျောက်ပြားကြီးပေါ်တွင် ကပ်ညှိနေပြီး သူတို့က အရသာကို မြည်းစမ်းချင်နေကြသည်။

ကျိုးယုံက စူးချင်း၏ရှေ့သို့ ကျော်ကြည့်နေပြီး သူ့၏မျက်လုံးများက ကျောက်ပြားပေါ်သို့ ကျလုနီးပါး ဖြစ်နေခဲ့သည်။ သူက သွားရည်များ ကျနေရင်း "အစ်မ၊ ဒါက အရသာမယ့်ရှိပုံပဲ"

စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မိုးမခအကိုင်းဖြင့် လုပ်ထားသည့် တုတ်ချောင်းရှည်ကြီးကို တူအဖြစ် သုံးကာ သူ့အတွက် ငါးအကြီးကြီးတစ်ပိုင်း လှမ်းယူပေးလိုက်သည်။

“မြည်းကြည့်လေ”

ကျုံးယုံက မမျှော်လင့်ထားသော ဆုလာဒ်ကြောင့် ပျော်ရွှင်သွားပြီး ငါးကို လက်ခံရယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ကျောက်ပြားမှ ယူပြီးခါစ ဖြစ်သောကြောင့်  ငါးကင်က ပူလောင်နေဆဲ ဖြစ်သော်လည်း ကျုံးယုံက လွှင့်မပစ်ရက်ပဲ အပူဒဏ်ကိူ ကြံ့ကြံ့ခံကာ ငါးကို ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားလိုက်သည်။

“စားလို့ ကောင်းတယ်။ အရမ်း အရသာရှိတယ်”

ကျုံးယုံက စားနေရင်း ချီးမွမ်းနောကာ မြန်မြန် မျိုချလိုက်သည်။ စားလို့ ကုန်သွားမှသာ သူက အရေးကြီးသောအရာကို သတိရသွားပုံဖြင့် သူ့အမေရှေ့သို့ ပြန်လှည့်ပြေးကာ သူ့အမှားကို ဝန်ခံရန် ဒူးထောက်လိုက်သည်။

"အမေ၊ ကျွန်တော် မှားသွားပါတယ်။ အမေ့ကို အရင် ​မကျွေးမိဘူး"

"ရပါတယ်၊ ရှောင်ယင်က အမေ့အတွက် ငါး ယူလာပေးတယ်"

အမျိုးသမီးလီက ညင်သာစွာ ပြုံးနေပြီး သူမ၏လက်ထဲတွင် ပန်းကန်လုံးတစ်လုံး ကိုင်ထားကာ ထိုပန်းကန်လုံးထဲတွင် ငါးခူအလယ်ပိုင်းတစ်ပိုင်း ရှိနေသည်။ အဒေါ်ချိုးနှင့် တခြားသူများက အမြင်အာရုံမကောင်းသော အမျိုးသမီးလီကို ငဲ့ညှာပေးကြပြီး ငါး၏အရိုးမပါသော အပိုင်းကို ပေးခဲ့ကြသည်။

ကျုံးယုံက သူ့ကိုသူ့ အပြစ်တင်နေပုံဖြင့် ကျိရှောင်ယင်ကို လှမ်းပြောလိုက်သည်။

"ကျေးဇူးပါပဲ ရှောင်ယင်ရေ၊ နောင်မှာ မင်း တစ်ယောက်ယောက်ကို ရိုက်ချင်ရင် ငါ့ကို ပြောနော်၊ ငါ မင်းကို ကူညီပေးမယ်"

"ကျွန်မက ဘယ်သူ့ကိုမှ မရိုက်ချင်ပါဘူး"

သို့သော်လည်း ကျုံးယုံ၏စကားများက ကျိရှောင်ယင်ကို သဘောတွေ့စေခဲ့သည်။

သူက အရမ်းနှစ်လိုဖို့ ကောင်းတယ်။ ဒါပေမယ့် သူတပါးကို ဒီလိုမျိုး ကျေးဇူးဆပ်တဲ့သူ ရှိလို့လား? သူက သူ့မအတွက် လူမိုက် ဖြစ်ပေးချင်နေတာလား?

ချိုးယွဲ့က ပြန်သတိရနေပြီဖြစ်သော်လည်း အနည်းငယ်သော လှုပ်ရှားမှုကပင် သူမ၏တစ်ကိုယ်လုံးကို နာကျင်နေစေသည်။ စူးချင်းက သူမကို လူရုပ်မပေါ်လောက်အောင် ရိုက်နှက်ခဲ့ပြီး သူမ၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲရောင်ရမ်းနေခဲ့သည်။

ထို့အပြင် သူမကို အလွန်သဘောကျ နှစ်သက်ခဲ့ဖူးသော အဒေါ်ကျန်းနှင့် အဒေါ်ချိုးတို့က ယခုအခါ သူမအပေါ် သူစိမ်းကဲ့သို့ ပြုမူနေသည်ကို သူမ သဘောပေါက်ခဲ့ရသည်။ ထောင်ဟွားဝူမှ အခြားရွာသူရွာသားများကလည်း သူမကို ရှောင်နေကြသည်။

ချိုးယွဲ့က သူမက မှားယွင်း အပြစ်တင်ခံရပြီး နစ်နာနေသလို ခံစားနေရသည်။

ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက မကြောက်ဘဲ နေမှာလဲ? အဲ့တုန်းက သူမလည်း သူမ အသက်ရှင်ဖို့ကလွဲပြီး တခြားဘာကိုမှ  မတွေးနိုင်ခဲ့ဘူးလေ။ ဒါပေမယ့် စူးချင်းက အရမ်းလွန် လွန်းပြီး သူမ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရတယ်။

"ချိုးယွဲ့၊ နည်းနည်းလောက် စားလိုက်ဦး!"

အဒေါ်ချိုးက သူမ၏သမီးအတွက် ငါးပန်းကန်ကို သယ်ကာ ရောက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချိုးယွဲ့က သူမ၏ကလေး ဖြစ်ပြီး သူမလည်း ချိုးယွဲ့အတွက် စိတ်မကောင်းဖြစ်နေရသည်။

"အမေ၊ ကျွန်မ အရိုက်ခံနေရတာကို အမေက ဘာလို့ လာမကူညီတာလဲ?"

စူးချင်းကြောင့် ချို့ယွဲ့၏သွားများလည်း ကျွတ်သွားသောကြောင့် သူမ စကားကောင်းကောင်း မပြောနိုင်သော်လည်း သူမက သူမ နစ်နာရသည်ဟု ခံစားမိသောကြောင့် သူမ၏အမေကို မကျေမနပ် မေးမြန်းလိုက်သည်။

"အမေ မင်းကို ဘယ်လိုကူညီပေးရမလဲ? မင်း လုပ်ခဲ့တာတွေက မင်းကို ကူညီဖို့ မဝံ့ရဲလောက်အောင် ငါတို့ကို အရှက်ရစေတယ်။ စူးချင်းက ဘာပဲဖြစ်ဖြစ် မင်းအသက်ကို ချမ်းသာပေးပါ့မယ်လို့ မင်းရဲ့အဘိုးဆီမှာ ကတိမပေးခဲ့ရင် သူ(မ) မင်းကို သတ်ပြီးနေတာ ကြာနေလောက်ပြီ"

အဒေါ်ချိုး စူးချင်းကို ရန်လိုနေသည့် သူမ၏သမီးကို အလွန်ဒေါသထွက်နေမိသည်။

စူးချင်းက သူမရဲ့သမီးကို သတ်ချင်ရင် အရမ်းကို လွယ်ကူတယ်လေ။ သူမတို့ မိသားစုက ဘယ်သူကမှ စူးချင်းကို တားနိုင်မှာ မဟုတ်ဘူး။

"သူ(မ)က ကျွန်မကို ဒီလို ဖြစ်အောင် ရိုက်ထားတာလေ၊ အဲ့တာတောင်မှ ကျွန်မက သူ(မ)ကို ကျေးဇူးတင်ရဦးမှာလား"

ချိုးယွဲ့က သူမအမေ၏စကားကြောင့် စိတ်ဆိုးသွားပြန်သည်။ သို့သော်လည်း သူမ၏ စိတ်လှုပ်ရှားမှုက သူမ၏ကျိုးနေသော နံရိုးများကို ဆွဲဆန့်သလို ဖြစ်သွားပြီး နာကျင်လွန်းသဖြင့် မျက်ရည်များ ထွက်ကျလာရသည်။

“စူးချင်းရဲ့စိတ်ရှည်မှုက ကန့်သတ်ချက်ကို ရောက်နေပြီ။ သူ(မ)ကို ထပ်မနှောင့်ယှက်နဲ့တော့။ မဟုတ်ရင် သူ(မ)က မင်းအဘိုးရဲ့မျက်နှာကို ထောက်နေတော့မှာ မဟုတ်ဘူး။ အဲ့လိုတွေ ဖြစ်လာရင် ဘယ်သူမှ မင်းအသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး”

အဒေါ်ချိုးက သူမ၏သမီးကို စိုးရိမ်တကြီး ကြည့်နေပြီး အလေးအနက် သတိပေးနေခဲ့သည်။

ချိုးယွဲ့က စူးချင်းကို ဒေါသထွက်အောင်လုပ်မိပြီး အသတ်ခံရမှာကို သူမ စိုးရိမ်နေမိတယ်။

"ကျွန်မ သိပါပြီ"

ချိုးယွဲ့က သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး သူမ၏စိတ်ထဲမှ မကျေနပ်မှုများကို မျိုချလိုက်သည်။

“စားလိုက်ဦး။ စူးချင်းသာ ဒီမှာ မရှိရင် ငါတို့က ဘယ်လိုလုပ်ပြီး ဝလင်အောင် စားနိုင်မှာလဲ? လူဆိုတာ ကျေးဇူးသိတတ်ရတယ်”

အဒေါ်ချိုးက ငါးကို သူမသမီး၏ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သော်လည်း ချိုးယွဲ့က သူမအမေ၏စကားကြောင့် သူမ၏မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကာ “သူ(မ) မရှိလဲ ကျွန်မတို့ဘာသာ နေနိုင်တယ်၊ သူ(မ) မရှိရင် ကျွန်မတို့တွေ ဒီလိုအန္တရာယ်တွေ ကြုံတွေ့ရမှာ မဟုတ်ဘူး။ ဒီလိုကံဆိုးမှုတွေ ယူဆောင်လာတာက သူ့(မ)အပြစ်ပဲ”

"သူ(မ) နေပြန်ကောင်းသွားရင် အိမ်ထောင် ချပေးလိုက်တော့!"

လူအိုကြီးချိုးက သူ၏မြေးမလေးကို စိတ်ပူသောကြောင့် ချိုးယွဲ့ကို ကြည့်ရန် ရောက်လာခဲ့သော်လည်း ချိုးယွဲ့၏ခေါင်းမာသော စကားများကို ကြားလိုက်ရပြီး သူက ချက်ချင်း ဆုံးဖြတ်ချက်လိုက်သည်။

သူတို့သာ ချိုးယွဲ့ကို တတ်နိုင်သမျှ မြန်မြန် အိမ်ထောင်မချပေးရင်  ချိုးယွဲ့က စူးချင်းကို ထပ်ရန်စပြီး စူးချင်း ဒေါသထွက်နေလာရင် ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး။

စူးချင်းကတော့ ချိုးယွဲ့၏စကားများကို မကြားရပေ။ သူမက ကျိရှောင်ယင်ကို ငါးကင်နှစ်ပိုင်းပေးခဲ့ပြီး ကျိရွှေရှန့်အတံက် အကြီးဆုံးသုံးပိုင်းကို ပေးခဲ့သည်။ ထို့နော်ကတွင် သူမက အခြားသူများကို ဂရုမစိုက်တော့ဘဲ သူမကိုယ်တိုင်အတွက် ငါးသုံးပိုင်းနှင့် ဟင်းရွက်သုပ်အချို့ကို ယူကာ အဒေါ်ချိုး ဝေပေးထားသော ငါးကြာစွယ်ဟင့်နှင့် တွဲဖက် စားသောက်နေခဲ့သည်။

အမှန်တကယ်တွင် စူးချင်းက ဗိုက်ဆာနေခြင်း မရှိပေ။ သူမက ရှောင်ချီလုပ်ပေးထားသော ဖက်ထုပ်များအားလုံးကို စားထားခဲ့သောကြောင့် သူမဘေးမှ ဝံပုလွေကဲ့သို့ စားသောက်နေသည့် တခြားသူများနှင့် နှိုင်းယှဥ်လျှင် သူမက ဖြည်းဖြည်းနှင့် ကျက်သရေရှိစွာ စားသောက်နေခဲ့သည်။

ကျိရွှေရှန့်က သူ့ဝေစု ငါးများကို ကိုင်ထားပြီး စူးချင်းအနားတွင် ဝင်ထိုင်လိုက်သည်။ စူးချင်းက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူမဘာသာ ဆက်စားနေခဲ့သည်။

"အဲဒါက ဘာတွေလဲ?"

ကျိရွှေရှန့်က ကြီးမားသော ကြာမြစ်ပုံကြီးကို ညွှန်ပြရင်း စူးချင်းကို မေးလိုက်သည်။ တကယ်တော့ သူက စကားနဲ့ စကားပြောချင်နေတာပါ၊ အဲ့ကြာစွယ်တွေက အကြောင်းပြချက်တစ်ခု သာသာပဲ။

“ကြာမြစ်တွေ၊ စားပြီးရင် အရမ်းမြန်မြန်ကြီး ပြန် မထွက်နဲ့။ ကျွန်မ လမ်းမှာ စားဖို့ ကြာကစီမှုန့်တွေ လုပ်ပေးမယ်"

စူးချင်းက ပန်းကန်းထံမှ လှပသောငါးက သူမကို ဆွဲဆောင်နေပုံဖြင့် လုံးဝ ခေါင်းမမော့လာခဲ့ပေ။

[ဂုဏ်ယူပါတယ် Host…. Host ရဲ့ ဟင်းချက်စွမ်းရည်က အဆင့် ၆ ကို မြှင့်တက်သွားပါပြီ၊ သင့်ရဲ့ရက်လုပ်မှုစွမ်းရည်ကလည်း အဆင့် ၄ အထိ တိုးမြင့်သွားတာကြောင့် သင့်ရဲ့ရုပ်ပိုင်းဆိုရာ ခွန်အား၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေကို အဆင့် ၂၇ အထိ အဆင့်မြှင့်တင် ပေးလိုက်ပါပြီ။ Host အနေနဲ့ ဆက်ပြီး ကြိုးစားရပါမယ်]

စနစ်၏အသံက စူးချင်း၏နားထဲတွင် ထွက်ပေါ်လာပြီး သူမ အဆင့်နှစ်ဆင့်ဆက်တိုက် တိုးသွားသောကြောင့် စူးချင်းက ကျေနပ်နေခဲ့သည်။

အမျိုးသမီးလီ၏မျက်လုံးများ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် သူမ၏ ဆေးပညာစွမ်းရည်လည်း အဆင့်တက်လာနိုင်ပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို အမြင့်ဆုံးအထိ အဆင့်မြှင့်တင်ရန်က စိန်ခေါ်မှု မဟုတ်နိုင်တော့ပုံရသည်။ သူမက နောက်နှစ်ရက်အတွင်း ချည်အ၀တ်အစားများ ပြုလုပ်ရန် ပြင်ဆင်ထားပြီး ထိုအချိန်ရောက်လျှင် သူမ၏အပ်ချုပ်ကျွမ်းကျင်မှုကိုလည်း အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။

ညစာစားပြီးနောက်တွင် မိန်းကလေးများနှင့် အဒေါ်ချိုးက သန့်ရှင်းရေးလုပ်ရန် ထွက်ခွာသွားကြပြီး စူးချင်းက ကြာကစီမှုန့်ကို စတင်ပြင်ဆင်တော့သည်။

ကြာမြစ်မှ ကြာကစီမှုန့်ပြုလုပ်ရန် ပထမဆုံးအနေဖြင့် ကြာစွယ်များကို သန့်စင်အောင် ဆေးကြောပြီး အမြစ်ဆုံများနှင့် အပေါ်ခွံ့များကို ဖယ်ထုတ်ရမည် ဖြစ်သည်။ ထို့နောက် ကြိတ်စက်ဖြင့် ကျိတ်ခြေကာ ကြာစွယ်အနှစ်များ ပြုလုပ်ရမည် ဖြစ်သည်။

လက်ရှိတွင် အရေးကြီးဆုံး ပြသနာက သူတို့ထံတွင် ကြိတ်စက် မရှိခြင်း ဖြစ်သည်။ စူးချင်းက ကျောက်ဆုံတစ်ခုကို ရှာဖွေလိုက်ပြီး ရေဆေးထားသော ကြာမြစ်များကို ထားလိုက်သည်။ ထို့နောက် ကြာမြစ်များမှ ကြာစွယ်အနှစ် ရရှိရန် ကျူံးယုံထံသို့ ထိုကျောက်ဆုံကို ပေးအပ်လိုက်ကာ သူ့၏သံတူကို သုံးခိုင်းလိုက်သည်။ ထိုအရာက သန်မာလွန်းသော ကျုံးယုံအတွက်    ကလေးကစားစရာသာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိုသို့လုပ်ရသည်ကို ပျော်နေခဲ့သည်။

ဒုတိယအဆင့်က ကြာစွယ်အနှစ်များကို ပြန်သန့်စင်ရန် ဖြစ်သည်။ ကြာစွယ်အနှစ်များကို အဝတ်အိတ်တစ်ခုထဲသို့ ထည့်ကာ အိတ်အောက်တွင် ခွက် (သို့မဟုတ်) ဇလုံတစ်ခု ခံကာ အိတ်ပေါ်မှ ရေလောင်းချရသည်။ ထို့သို့ ဆေးကြောနေစဉ်အတွင်း အိတ်အတွင်းမှ ကြာစွယ်အနှစ်များက ကြည်လင်သောရေကို စစ်ထုတ်ပေးသည်အထိ မွှေပေးရမည်။

သူတို့ထံတွင် အဝတ်အိတ်လည်း မရှိသောကြောင့် စူးချင်းက သူမ ဝယ်ထားသော ချည်ထည်စကို ထုတ်ယူကာ အဝတ်အိတ်တစ်အိတ် ချုပ်လိုက်သည်။

တတိယအနေဖြင့် ကြာစွယ်ပျော့ဖတ်များကို ရေဖြင့် ဆေးလိုက် မွှေပေးလိုက်လုပ်ရမည် ဖြစ်သည်။ ထို့နောက် ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော ကြာစွယ်ဖတ်အကြွင်းအကျန်များနှင့် အောက်ခြေအလွှာရှိ အနည်အနှစ်များကို ဖယ်ရှားပြီး ထို့နောက် အလယ်မှ ကစီများကို အခြားအင်တုံတစ်ခုတွင် ထည့်ကာ ကြည်လင်သောရေဖြင့် ပြန်ဖျော်ကာ အနည်ထိုင်စေရသည်။ ကြာကစီများ ဖြူလာသည်အထိ ဤလုပ်ငန်းစဉ်ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးရသည်။

စတုတ္ထအဆင့်က ရေစင်အောင် ပြန်စစ်ရန် ဖြစ်သည်။  ကြာကစီများကို  သန့်ရှင်းသော အဝတ်အိတ်ထဲသို့ ထည့်ကာ ကြိုးဖြင့် ချိတ်ထားလျင် နေ့တစ်ဝက်အတွင်း  ရေများ ခြောက်သွေ့သွားပေလိမ့်မည်။

ထိုနောက် ကြာကစီများကို အပိုင်းငယ်လေးများ ခွဲကာ နေရောင်ဖြင့်ဖြစ်စေ မီးဖြင့်ဖြစ်စေ တစ်နာရီခန့် အခြောက်ခံရမည် ဖြစ်သည်။

စူးချင်းက ပြုလုပ်ပုံအဆင့်ဆင့်ကို သေသေချာချာ ကြည့်လိုက်ပြီး ယနေ့တွင် သူမတို့ အလျင်စလို ထွက်ခွာရန် မဖြစ်နိုင်တော့သည့်အတွက် ကြာပန်းမှုန့်ပြုလုပ်ရန်အတွက် ဤနေရာ၌ တစ်ရက်အနားယူရန် ကျိရွှေရှန့်နှင့် ဆွေးနွေးခဲ့သည်။

ထို့အပြင် သူတို့က ငါးများ အမြောက်အများ ဖမ်းမိခဲ့ပြီး ငါးသေးသေးများကို အခြောက်လှန်းကာ ငါးအကောင်ကြီးများကို နှစ်ပိုင်းခွဲပြီး ဆားဖြင့် နှယ်ကာ နေလှန်းရဦးမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီကနေ မထွက်ခင် နှစ်ရက်လောက်တော့ စောင့်ရဦးမယ်။

ကျိရွှေရှန့်က သူတို့ ဓားပြများ အားလုံးကို ရှင်းပြီးပြီ တွေးလိုက်သည်။ ရွာသားများအားလုံးလည်း မောပန်းနွမ်းနယ်နေကြပြီး ခရီးပြန်မထွက်ခင် နှစ်ရက်လောက် အနားယူခြင်းက အားလုံးအတွက် အဆင်ပြေစေသောကြောင့် ကျိရွှေရှန့်က သဘောတူလိုက်သည်။

နှစ်ရက်အကြာတွင် စူးချင်း၏ကြာကစီမှုန့်များကို ပြုလုပ်ပြီးဖြစ်ကာ အိတ်သုံးလုံးဖြင့် အဆင်သင့်ခထုတ်ပိုးပြီး ဖြစ်သည်။

လူတိုင်းက ထိုကြာကစီမှုန့်များကို ကြည့်ရင်း စပ်စုချင်နေကြသည်။

ဒါကို ဘယ်လိုစားရမှာလဲ?

✍️✍️✍️