အခန်း ၁၁၅ စစ်တပ်ရိက္ခာမှာ အဆိပ်တွေ ရှိနေတာလား?
ကြာကစီမှုန့်များ
ပြုလုပ်ပြီးချိန်တွင် စူးချင်း၏ဟင်းချက်ကျွမ်းကျင်မှုက အဆင့်တစ်ဆင့်
တိုးတက်လာခဲ့သည်။ ထိုနံနက်ခင်းတွင် သူမက ရေနွေးအိုးကြီးတစ်လုံး ကျိုကာ လူတိုင်း၏ မျက်လုံးများရှေ့တွင် ကြာကစီမှုန့်ကို
မည်သို့စားရမည်ကို သရုပ်ပြနေခဲ့သည်။
"ရေနွေး လောင်းထည့်လိုက်ရင် စားဖို့ အဆင်သင့်ဖြစ်ပြီ"
စူးချင်းက ကြာကစီမှုန့်များမှ
ဖောက်ထွင်းမြင်နိုင်သည့် အကြည်ရောင် အနှစ်ကလေးများအဖြစ်သို့ ပြောင်းလဲသွားသည်ကို
လက်တွေ့ သရုပ်ပြလိုက်သည်။ အရသာနှင့်အနံက ကြာစွယ်အတိုင်းသာ ဖြစ်ပြီး ပူပြင်းသောနွေရာသီတွင်
ကြာကစီ တစ်ပန်းကန်စားလိုက်ရခြင်းက တော်တော်ကို အဆင်ပြေလှသည်။
"စူးချင်းက တကယ်ကို အရည်အချင်းရှိတယ်"
အဒေါ်လီက စူးချင်း၏နည်လမ်းအတိုင်း
ကြာပန်းကစီတစ်ပန်းကန်လုံးစီ ပြုလုပ်လိုက်ကြသည်။ သူမတို့က အရသာကို
မြည်းစမ်းကြည့်လိုက်ရပြီး အရသာရှိသည်ဟု
ခံစားရသောကြောင့် သူမတို့က စူးချင်းကို စတင်ချီးမွမ်းကြတော့သည်။
စူးချင်း မရှိရင် သူမတို့
တောထွက်ဟင်းရွက်ရိုင်းတွေနဲ့ ငါးတွေကိုပဲ စားနိုင်လိမ့်မယ်။ ငါးစွပ်ပြုတ်ဆိုရင်တောင်
စူးချင်းရဲ့ဟင်းချက်နည်းက တခြားသူတွေနဲ့ ကွဲပြားပြီး အရသာကလည်း မတူဘူး။ နောက်ဆုံးတော့
တော်ဝင်စားဖိုမှူးတွေရဲ့သားမြေးတွေက အထူးစွမ်းရည်တွေ ရှိကြပြီး သူတို့မှာ မတူညီတဲ့
ဟင်းပွဲတွေကို ချက်ပြုတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။
"မှန်တယ်၊ စူးချင်းနဲ့ အတူရှိနေမှ ငါတို့ အရင်က တစ်ခါမှ မစားဖူးတဲ့ ဟင်းလျာကောင်းတွေ
အများကြီး စားဖူးသွားတယ်”
အဒေါ်ကျန်းကလည်း စူးချင်းကို
ချီးကျူးလိုက်သည်။
ဒီမိန်းခလေးက အရမ်းအေးစက်ပုံရတာကြောင့်
ဘယ်သူမှ သူမအနားကို မချဥ်းကပ်ရဲကြပေမယ့် သူမရဲ့အတွင်းစိတ်ကတော့ နွေးထွေးပြီး လူတိုင်းအတွက်
အများကြီး လုပ်ဆောင်ပေးခဲ့တယ်။
မိန်းကလေးများကတော့
စူးချင်းကို ပို၍ သဘောကျလာကြပြီး စူးချင်းကို သူမတို့ အတုယူရန် စံနမူနာပြအဖြစ် သတ်မှတ်ထားကြသည်။
သူမတို့က အနီရောင်ဝတ်ဆင်ရတာကို
မကြိုက်ပေမယ့် လက်နက်တွေကိုတော့ သဘောကျနေမိတယ်။ သူမတို့အားလုံးက စူးချင်းလိုမျိုး
အရာရာ ကျွမ်းကျင်နေမယ်ဆိုရင် ဒီလို ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးမှာ သူမတို့ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်တယ်။
(T/N: အနီရောင်ဝတ်ဆင်ရတာကို မကြိုက်ပေမယ့် လက်နက်တွေကိုတော့ သဘောကျတယ်... ဆိုတာက
မော်စီတုန်းခတ်က ဝါဒဖြန့်တဲ့ ဆောင်ပုဒ်လို့ သိရတယ်၊ အဓိက ကတော့ အမျိုးသမီးတွေရဲ့
မကြုံစဖူး ရဲစွမ်းသတ္တိကို အမွမ်းတင်ချင်တာပါ)
ကြာပန်းကစီမှုန့်များက
အဆင်သင့်ဖြစ်သွားပြီ ဖြစ်သော်လည်း ငါးခြောက်များက လုံးဝ မခြောက်သေးပေ။ သို့သော်လည်း
သူတို့ထံတွင် အချိန်ဆွဲနေရန် အချိန်မရှိတော့သောကြောင့် ငါးသေးသေးလေးများကို သစ်သားတွန်းလှည်းများ၏ဘေးနှစ်ဖက်တွင်
ဖြန့်ထားကာ လှီးဖြတ်ထားသော ငါးအကြီးများကို ကောက်ရိုးကြိုးများဖြင့် ချည်ထားပြီး
သစ်သားတွန်းလှည်းများ၏ဘေးတွင် ချိတ်ဆွဲကာ အခြောက်ခံရတော့သည်။
အစားအစာကို အလုံအလောက်
စားသောက်ခဲ့ရသောကြောင့် လူတိုင်းက လမ်းလျှောက်ရန် ခွန်အား ပြည့်နေကြသည်။ ထို့အပြင်
အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူအများစုက
လမ်းလျှောက်စရာ မလိုတော့ဘဲ မြင်းစီးနေနိုင်ပြီ ဖြစ်သည်။
ဤတစ်ကြိမ် ဓားပြများကို
တန်ပြန်တိုက်ခိုက်မှုက ကြီးစွာသော ရိတ်သိမ်းမှု ဖြစ်ခဲ့သည်။ မြင်းတစ်ဒါဇင်ကျော်၊ လျန်တစ်ရာတန်
ငွေစက္ကူများစွာနှင့် ရွှေနှင့် ကျောက်စိမ်းကဲ့သို့သော အဖိုးတန်ပစ္စည်းများကိုပင်
ရရှိခဲ့ကြသည်။ သူတို့ လီချန်၌ ဆုံးရှုံးခဲ့ရသော သူတို့၏ စားနပ်ရိက္ခာများထက်
အဆပေါင်း ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းလောက် ပြန်ရလိုက်ကြသည်။
စူးချင်းက ကျိရွှေရှန့်ကို
ရထားလုံး မောင်းခိုင်းထားပြီး သူမက ရထားလုံးထဲတွင် ထိုင်နေကာ သူမနှင့် ကျိရှောင်ယင်အတွက်
ချည်သားအ၀တ်အစားများကို စတင်ပြုလုပ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်
သူမက ဤဒါဇင်ပေါင်းများစွာသော ဝါဂွမ်းအိတ်များကို အစားအသောက်များ တင်ထားသော လှည်းများပေါ်တွင်
မတင်ထားခဲ့ပေ။ စစ်သည်များက စားစရာကိုသာ အငမ်းမရ လိုချင်ကြပြီး ချည်ထည်များကို
သတိမထားမိသောကြောင့် ထိုဝါဂွမ်းအိတ်များ ကျန်ရစ်နေခဲ့သည်။
ယနေ့က အမျိုးသမီးလီ
ဆေးသောက်သော ဒုတိယမြောက်နေ့ ဖြစ်ပြီး သူမက သူမ၏ မျက်လုံးရှေ့တွင် မြူရိပ်များ
ရှိနေသကဲ့သို့ ဖြစ်နေကာ အရိပ်တစ်ချို့ကိုလည်း ရိုးတိုးရိပ်တိတ် မြင်နေရသလို သူမ
ခံစားနေရသည်။ အမျိုးသမီးလီက အလွန် စိတ်လှုပ်ရှားနေမိသော်လည်း ၎င်းက
သူမ၏စိတ်ကူးသက်သက် ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် မည်သူ့ကိုမျှ ဖွင့်မပြောရဲပေ။
စူးချင်းက ရထားလုံးပေါ်တွင်
ထိုင်နေရင်း ချည်သားအ၀တ်အစားများ ပြုလုပ်နေသည်။ ပထမအဆင့်အနေဖြင့် အထည်စများ ဖြတ်တောက်ရန်
ဖြစ်ပြီး သူမထံတွင် ရှောင်ချီပေးထားသော ဒီဇိုင်းများရှိနေသောကြောင့် ဖြတ်ရန် မခက်ခဲပေ။
ရထားလုံးက ယိမ်းနွဲ့နေသော်လည်း သူမ၏လက်များက တည်ငြိမ်နေပြီး
ဖြတ်ရန်လိုအပ်သည့်နေရာကို လုံးဝ မလွဲချော်ပေ။
"ရွှေရှန့်၊ ငါမှာ အကြံတစ်ခု ရှိတယ်"
ချိုးယုံခန်းက စူးချင်း၏ရထားလုံးကို
အမှီလိုက်လာပြီး ရထားလုံးနောက်မှ လိုက်နေရင်း ကျိရွှေရှန့်နှင့် ဆွေးနွေးရန်
စကားစလိုက်သည်။
"ရထားခုံပေါ်မှာ ဝင်ထိုင်လိုက်၊ မင်း ဘယ်လို တွေးမိလို့လဲ? ပြောလေ"
ကျိရွှေရှန့်က ချိုးယုံခန်းကို
အလွန်လေးစားသူ ဖြစ်သောကြောင့် ရထားခုံ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်ခိုင်းလိုက်သည်။
“အခု ငါတို့မှာ
ပိုက်ဆံရှိနေပြီဆိုတော့ ကျင့်ချန်ကို သွားပြီး လှည်းဝယ်သင့်တယ်လို့ ငါ ထင်တယ်။
မြင်းတစ်ကောင်က လူတစ်ယောက်ပဲ တင်နိုင်တယ်၊ လှည်းဆိုရင် လူခုနစ်ယောက်၊ ရှစ်ယောက်လောက်
တင်နိုင်လိမ့်မယ်။ ငါတို့အားလုံး လှည်းစီးနိုင်ရင် ခရီးပိုတွင်လိမ့်မယ်၊ အဲ့လိုဆိုရင်
နှင်းမကျခင်မှာ ငါတို့ အားလုံး ကျင့်ရှီလျိုမြောင်ကို ရောက်နိုင်လိမ့်မယ်။
“အင်း
ကောင်းပြီလေ၊ အခုတော့ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြရအောင်။
ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မယ်လို့ ငါ ခံစားနေရတယ်”
ကျိရွှေရှန့်က ချိုးယုံခန်း၏
အဆိုပြုချက်ကို သဘောတူလိုက်သည်။
တခြားတစ်ဖက်တွင်
သူ့၏ခံစားချက်က လုံးဝ မမှားဘဲ ကျူးကျော်တိုက်ခိုက်ခြင်းမှ အကျိုးကျေးဇူးများ ရရှိလာကြသော
လူရိုင်းမျိုးနွယ်များက တာ့ရှားပြည်ထောင်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်များ
ပြင်းထန်လာကြတော့သည်။
လီချန်မြို့၏အပြင်ဘက်တွင်
လူရိုင်းများက လီချန်၏မြို့ရိုးကို လှေကားများနှင့် သစ်တုံးကြီးများဖြင့် အရူးအမူး
တိုက်ခိုက်နေကြသည်။
လီချန်ရှိ
ဝမ်မိသားစုစစ်တပ်က ဝမ်ယွိလင်၏အမိန့်ကို နာခံကာ မြို့ကိုသာ ကာကွယ်နေပြီး
လူရိုင်းများကို လုံးဝ မနှင်ထုတ်ဘဲ တိုက်ခိုက်ခွင့် ပြုထားခဲ့သည်။
မြို့တွင်းရှိ တပ်သားများက
တုံ့ပြန်တိုက်ခိုက်ခြင်း မပြုဘဲ ခုခံနေရုံသာ ဖြစ်သောကြောင့် လူရိုင်းများက
အလွန်ဂုဏ်ယူနေကြသည်။ သူတို့က မြို့ကို မဖောက်ဝင်နိုင်သောကြောင့် မြို့ပြင်တွင်
မီးရှို့ခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ကျူးလွန်လာကြသည်။
ထိုအချိန်တွင် သဘာဝဘေးဒဏ်ခံရသောကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကသာ ၎င်းတို့၏
ပစ်မှတ်များ ဖြစ်လာရပြန်သည်။
အချို့သော ဒုက္ခသည်များက
မြို့တံခါးဆီသို့ ဆွဲခေါ်ခံလာရသည်။ လူရိုင်းများက သူတို့ကို ဓားစားခံအဖြစ်
အသုံးပြုလျှင် မြို့တွင်းမှ စစ်သားများကို မြို့တံခါးဖွင့်ပေးမည်ဟု
မျှော်လင့်ကြသည်။
သို့သော်
မမျှော်လင့်ထားဘဲ တာ့ရှား၏စစ်သည်များက လူရိုင်းမျိုးနွယ်ကို မျက်စိဖွင့်ပေးလိုက်ကြသည်။
သူတို့က ဒုက္ခသည်များကို မြှားများဖြင့် အမှန်တကယ် ပစ်သတ်ခဲ့ကြသည်။
မအေ ိုး၊ တာ့ရှားရဲ့စစ်သည်တွေ
အားလုံးက သားရဲထက်တောင် ပိုဆိုးတယ်ကွ...
လူရိုင်းမျိုးနွယ်က
ပင်ကိုယ်အားဖြင့် ရက်စက်ကြမ်းကြုတ်ကြသော်လည်း သူတို့က သူတို့၏လူမျိုးများ
ဘယ်သောအခါမှ ပြန်မသတ်ခဲ့ကြပေ။ တာ့ရှားပြည်ထောင်မှ စစ်သည်တစ်စုကတော့
၎င်းတို့၏လူများကိုပင် သတ်ပစ်နိုင်ကြသည်။
လက်ရှိအချိန်တွင် ဝမ်မိသားစုစစ်တပ်က
မြို့ထဲ၌ ချက်ပြုတ်စားသောက်နေကြသည်။ သူတို့က တော်ဝင်ရုံးတော်မှ ပေးပို့သည့် စစ်တပ်ရိက္ခာများကို
သိမ်းဆည်းရမိသည့် စားနပ်ရိက္ခာများနှင့် ပေါင်းစည်းလိုက်ပြီး ၎င်းတို့ကို အတူတကွ စုပေါင်းချက်ပြုတ် စားသောက်လေ့ရှိကြသည်။
အစာစားပြီးနောက်
လူများစွာက သူတို့၏ဗိုက်များကို နှိပ်ကာ မြေကြီးပေါ်တွင် လူးလိမ့်နေကြသည်။
မကြာခင်မှာပင် သူတို့၏ဒွါရ ခုနစ်ပေါက်မှ သွေးများ ထွက်လာပြီး သေဆုံးသွားကြပြီး
ဝမ်မိသားစုစစ်တပ်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားရသည်။
ထိုအချိန်တွင် ဝမ်ယွိလင်က
သူ့စတုတ္ထညီ၏ရုပ်အလောင်းကို မြို့တော်သို့ ပြန်လည်သယ်ဆောင်လာရင်း ခရီးဆက်နေခဲ့သည်။
သူက မြင်းပေါ်တွင် ထိုင်နေပြီး သူလျှိုများ စုဆောင်းလာသော လျှို့ဝှက်သတင်းများကို
နားထောင်နေသည်။
“စစ်သူကြီးကို
သတင်းပို့ပါတယ်။ လူရိုင်းတွေက လူအိုကြီးချင်ကို ဖမ်းမိသွားတဲ့နောက်မှာ
ကျွန်တော်မျိုးတို့က သူ့ကို လမ်းကနေ ဖြတ်ပြီး ကယ်တင်ထားခဲ့ပါတယ်၊ အခု ကျွန်တော်မျိုးတို့က
စစ်သူကြီးရဲ့ စီရင်ချက်ကို စောင့်နေပါတယ်”
“လူအိုကြီးချင်ကို
မြို့တော်ကို ပို့ဖို့ လီချန်ရဲ့အစိုးရရုံးတော်ကို အမိန့်ပေးလိုက်။ သူ့အတွက် အချိန်ကောင်းတွေ
လုံးဝ မရှိစေနဲ့။ ဒါပေမယ့် မြို့တော်ကို မရောက်မချင်း သူ့ကို အသက်ရှင်လျက် ထားလိုက်ဦး”
ဝမ်ယွိလင်က ကေက်ကျစ်ပုံရသော
အပြုံးတစ်ခု အမိန့်ပေးလိုက်သည်။
'အဘိုးကြီး၊
မင်းက အငြိမ်းစားယူပြီးလို့ ငါက မင်းကို အလွှတ်ပေးထားချင်ပေမယ့် မင်းက ငါ့ရဲ့အကြံအစည်တွေကို
လာဖျက်ခဲ့တယ် အဲ့တာကြောင့် ငါက မင်းကို မင်းရဲ့သမက်လို အသေဆိုးနဲ့
သေခိုင်းလိုက်မယ်'
“အမိန့်တော်
အတိုင်းပါ”
လျှို့ဝှက်အထောက်တော်က
ဦးညွှတ်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။
"စစ်သူကြီး၊ သတင်းဆိုး"
ထိုအချိန်တွင် မြင်းတစ်ကောင်က
ဖုန်လုံးကြီးကြားမှ ပြေးထွက်လာပြီး မြင်းပေါ်မှ စစ်သည်က အဝေးမှပင် အော်ဟစ်လာခဲ့သည်။
"ဘာတွေ ဖြစ်လာတာလဲ?"
ဝမ်ယွင်လင်က သူ လီချန်၌
ချန်ထားခဲ့သည့် ဒုတပ်မှူးကြီးကို မြင်လိုက်ရသောကြောင့် ကြီးကြီးမားမား
ဖြစ်သွားမည်ကို တွေးကာ စိုးရွံ့ထိတ်လန့်လာခဲ့သည်။
“စစ်သူကြီးကို
သတင်းပို့ပါတယ်၊ တော်ဝင်ရုံးတော်က ပေးပို့တဲ့ စစ်တပ်ရိက္ခာတွေမှာ အဆိပ်တွေ
ပါဝင်နေခဲ့တာကြောင့် ကျွန်တော်မျိုးတဲ့ရဲ့ ညီအစ်ကိုတွေ အယောက် ခုနစ်ဆယ်ကနေ
ရှစ်ဆယ်လောက်အထိ အသတ်ခံလိုက်ရပါတယ်”
ဒုတပ်မှူးကြီးက သူ့မြင်းပေါ်မှ
ခုန်ဆင်းကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး လက်သီးအုပ် အရိုအသေပေးရင်း ဝမ်ယွိလင်ကို
မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် တင်ပြလိုက်သည်။
"စစ်တပ်ရိက္ခာတွေမှာ အဆိပ်ရှိနေခဲ့တာလား?"
ဝမ်ယွိလင်က ထိုဒုတပ်မှူးကြီးကို
မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြန်မေးလိုက်သည်။
"သေသေချာချာ စစ်ဆေးပြီးပြီလား?"
“ကျွန်တော်မျိုးတို့
စစ်ဆေပြီးပါပြီ၊ ဒီတစ်သုတ် ထပ်ရောက်လာတဲ့ စပါးတွေကြောင့် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
အရင်က ကျွန်တော်မျိုးတို့ စားနေတဲ့ စပါးတွေက ကောင်းပေမယ့် ဒီတစ်ခေါက်တော့ ညီအစ်ကို
ဒါဇင်ပေါင်းများစွာက အဆိပ်မိပြီး သေသွားကြတယ်”
ဒုတပ်မှူးကြီးက
ဝမ်ယွိလင်ကို ဝမ်းနည်းဒေါသများ ပြည့်နေသောအသံဖြင့် ပြန်ဖြေလိုက်သည်။
"မင်း ပြန်သွားလို့ ရပြီ။ အဲ့ရိက္ခာတွေကို မစားကြနဲ့တော့။ မင်းတို့အတွက်
ရိက္ခာတွေ ထပ်ဝေငှပေးဖို့ လူတွေ ထပ်လွှတ်ပေးလိုက်မယ်"
ဝမ်ယွိလင်က အံကြိတ်ထားရင်း
မြင်းဇက်ကြိုးကို တင်းနေဆောင် ဆုပ်ကိုင်ထားလိုက်သည်။ သူက အေးစက်စက် မျက်နှာဖြင့်
ဒုတပ်မှူးကြီးကို လက်ဝှေ့ယမ်းပြနေသော်လည်း ရက်စက်ကြမ်းကြုတ်သော သူ့မျက်လုံးများတွင် လူသတ်အငွေ့အသက်များ ပြည့်နှက်နေသည်။
ဒုတပ်မှူးကြီး
ထွက်သွားပြီးနောက်တွင် ဝမ်ယွိလင်၏ စစ်ရေးအကြံပေးဖြစ်သော လုယွဲ့ ရောက်လာပြီး
ဝမ်ယွိလင်၏နောက်တွင် ရပ်ကာ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"စစ်သူကြီး!"
"မင်း ဘယ်လိုထင်လဲ?"
ဝမ်ယွိလင်က သူ့မျက်လုံးများကို
မှေးကျဥ်းထားပြီး လုယွဲ့ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
“အောင်မြင်မှုတစ်ခုက
သခင်အပေါ်ကို လွှမ်းမိုးအနိုင်ယူနိုင်တယ်”
(T/N: မှူးမတ်တစ်ဦးက ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပေမယ့် ဘုရင်ကို
ကျော်ပြီး အမည်ကောင်းရလာရင် ဘုရင့်အတွက် ခြိမ်းခြောက်မှုဖြစ်လာပြီး ဘုရင်က
သံသယတွေနဲ့ ဆက်ဆံလာတက်တာမျိုးကို ပြောချင်တာပါ၊ ပြီးတော့ အဲ့အတွက် စကားလုံးက
လေးလုံးထဲပါ “功高盖主” တဲ့)
လုယွဲ့က
စကားလေးခွန်းလုံးသာ ပြောလိုက်သော်လည်း ဝမ်ယွင်လင်၏မှေးကျဥ်းထားသော မျက်လုံးများက
ပြန်ပွင့်လာပြီး သူ့မျက်လုံးများတွင် မောက်မာမှုများ ပြည့်လျှံနေခဲ့သည်။
"သူ ဒီလောက် မိုက်မဲပါ့မလား?"
ဝမ်မိသားစုစစ်တပ်ဆိုတာက
တာ့ရှားပြည်ထောင်မှာ သူတို့ လုပ်ချင်တာ လုပ်နိုင်လောက်အောင်
အလုံးစုံအင်အားကြီးမားတဲ့သူတွေလေ။ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့လူရဲ့မျက်နှာကိုတောင်
ကြည့်နေစရာ မလိုဘူး။ အကြောင်းကတော့ ဝမ်မိသားစုက သူ့ကို အဲ့နေရာမှာ ထိုင်ခွင့်ပေးထားလို့ပဲ၊
ဝမ်မိသားစုက သူ့ကို အဲ့နေရာမှာ မထိုင်စေချင်ရင် သူက လှိမ့်ဆင်းသွားရလိမ့်မယ်။
“စစ်သူကြီးက
စစ်တပ်ကို မြို့ကို ကာကွယ်ဖို့ပဲ အမိန့်ပေးခဲ့ပြီး တုံ့ပြန်တိုက်ခိုက်မှုတွေ
မလုပ်ခိုင်းခဲ့ဘူး။ တကယ်လို့ ကျွန်တော်မျိုးတို့ရဲ့စစ်သည်တွေက မြို့ထဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်
စစ်တပ်ရိက္ခာမှာ ပြသနာ ရှိနေတယ်လို့ ဘယ်သူမှ တွေးမိမှာ မဟုတ်တော့ဘူး”
လုယွဲ့က ဝမ်ယွိလင်ကို
အကဲခတ်နေရင်း ဂရုတစိုက် ပြောလိုက်သည်။
"ဒီလိုလုပ်တာက သူ့အတွက် ဘာအကျိုးရှိမှာလဲ။ ဝမ်မိသားစုစစ်တပ်က သူ့အတွက်
တံခါးကို စောင့်ပေးနေတာလေ။ သူက ဘာလို့ လူရိုင်းမျိုးနွယ်ကို ကူညီပေးမှာလဲ?”
ဝမ်ယွိလင်က ထိုလူက
ဤမျှလောက် မိုက်မဲလိမ့်မည်ဟု မယုံကြည်ပေ။
လုယွဲ့က ပြုံးလိုက်ပြီး
“ဒီနေ့စစ်မြေပြင်မှာ ဝမ်မိသားစုရဲ့စစ်တပ် ကျဆုံးသွားရင် အဲဒီလူက
ဝမ်မိသားစုစစ်တပ်က မြို့တစ်မြို့ကိုတောင် မကာကွယ်နိုင်ဘူးလို့ စီရင်ချက် ချလိမ့်မယ်။
ပြီးရင် စစ်သူကြီးရဲ့စစ်တပ်အာဏာကို လျှော့ချဖို့ အခွင့်အရေးကို ရှာဖွေလိမ့်မယ်၊ နောက်ဆုံးမှတော့
ရှောင်းမျိုးရိုးနေရာမှာ စစ်သူကြီးကို အစားထိုးခဲ့သလို အစားထိုးနိုင်မယ့်သူကို ရှာလိမ့်မယ်။
လူတွေက ပြောခဲ့ဖူးတယ် စစ်သူကြီးရှောင်း မရှိတော့ရင် တာ့ရှားက ဘာကိုမှ
ခုခံကာကွယ်နိုင်မှာ မဟုတ်တော့ဘူးတဲ့။
ဒါပေမယ့် တာ့ရှားက အခုအချိန်အထိ ရပ်တည်နိုင်ခဲ့တယ် မဟုတ်ဖူးလား? ကျွန်တော်မျိုး
မှန်းတာ မမှားရင် အဲဒီလူက လီချန်နားကို စစ်တပ်တစ်တပ် စေလွှတ်ထားပြီးလောက်ပြီ။
ဝမ်မိသားစုစစ်တပ် ရှုံးနိမ့်သွားတာနဲ့ သူတို့က ချက်ချင်း ဝင်တိုက်ပြီး လီချန်ကို ပြန်သိမ်းပိုက်မှာ အသေအချာပဲ၊ အဲ့အချိန်ရောက်လာရင်
ဝမ်မိသားစုစစ်တပ်က အခြားသူအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးသလို ဖြစ်သွားလိမ့်မယ်”
မူလကတည်းက
သံသယများတက်သော ဝမ်ယွင်လင်က လုယွဲ့က ထိုစကားများကြောင့် ပို၍ သံသယဖြစ်လာခဲ့သည်။ သူက
သူ့မျက်လုံးများကို ပြန်မှေးကျဥ်းလိုက်ပြီး သူ့ဘာသာသူ ရေရွတ်နေခဲ့သည်။
"သူ သတိထားမိသွားလို့ ဖြစ်နိုင်လား?"
(T/N: အဲဒီလူ အမည်ခံ ဘုရင်ကြီး Be like: အကြံပေးကြီးရေ... အလုပ်ပြောင်းပြီး ပြဇာတ်ရေးပါလား.... ငါက မတရား စွပ်စဲခံရတာပါ၊ ဟို အေးစက်စက် အစ်မကြီးက စပါးအိတ်တွေကို သူ့လက်နဲ့ လိုက်ရိုက်ထားသေးတယ်လေ)
✍️✍️✍️