Chapter 116 ကျင့်ချန်သို့ဝင်ရောက်ခြင်း
Viewers 17k

အခန်း ၁၁၆ ကျင့်ချန်သို့ဝင်ရောက်ခြင်း

မကျော်နိုင်တဲ့ တံတိုင်းရယ်လို့တော့ မရှိပါဘူး။ အဲ့ဒီလူက စစ်သူကြီးရဲ့နေရာကို အစားထိုးဖို့ မစောင့်နိုင်တော့ပုံပါပဲ”

(T/N:  မကျော်နိုင်တဲ့ တံတိုင်းရယ်လို့တော့ မရှိဘူး ဆိုတာက (idiom)ပါ။ အမြဲတမ်း သိမ်းဆည်းထားနိုင်တဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူးလို့ ပြောချင်တာပါ)

လုယွဲ့က သူ့ခေါင်းကို ငုံလိုက်ပြီး ဝမ်ယွိလင်ကို အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

အခုလက်ရှိမှာ ဧကရာဇ်ဆီကနေ မျက်နှာသာရပြီး အချစ်ခံနေရတဲ့ အန်းကွေ့ရန်ရဲ့ဖခင်က မြို့တော်ကို ကာကွယ်ပေးနေတဲ့ စစ်သူကြီးချုပ်ပါ။ အန်း‌ကွေ့ရန်ရဲ့ အစ်ကိုနှစ်ယောက်ကလည်း ရဲရင့်ပြီး တိုက်ရည် ခိုက်ရည် ကောင်းတာကြောင့် ဧကရာဇ်က သူတို့ကို ဧကရာဇ်ရဲ့တော်ဝင်သက်တော်စောင့် တပ်ဖွဲ့မှာ နေရာပေးထားခဲ့တယ်။ ပြီးတော့ မကြာသေးမီက အန်းကွေ့ရန်က နဂါးသန္ဓေသားကို ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်။ တော်ဝင်သမားတော်ရဲ့အဆိုအရက သန္ဓေသားက မင်းသားလေးဖြစ်နိုင်တာကြောင့် ဧကရာဇ်က အန်းကွေ့ရန်ကို အရမ်း တန်ဖိုးထားနေတယ်။ သူ(မ)ကို ကာကွယ်ဖို့ လူတွေ အများကြီး စေလွှတ်ပေးတယ်။ ဝမ်ကွေ့ဖေးက နန်းတော်ခြောက်ခုလုံးက တစ်ဦးတည်သော အချစ်ခံဘဝနဲ့ ဧကရာဇ်ကို နှစ်ပေါင်းများစွာ ခစားနိုင်ခဲ့ပေမယ့်  ကလေးမမွေးနိုင်ခဲ့ဘူး။ အခု အန်းကွေ့ရန်က နဂါးသန္ဓေသားလေးကို ကိုယ်ဝန်ဆောင်နေပြီဆိုတော့ ဧကရာဇ်က သူမရဲ့အကိုနှစ်ယောက်လုံးကို  တော်ဝင်သက်တော်စောင့်တပ်က လက်ဝဲ၊လက်ယာ ကိုယ်ရံတော်တွေအဖြစ် ရာထူးတိုးပေးလိုက်ပြီ။ အခု မြို့တော်တစ်ခုလုံးက အန်းမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ၊ စစ်သူကြီးတောင်မှ မြို့တော်ကို ဝင်ချင်ရင် တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်ရတော့မယ်”

(‌T/N: ကွေ့ဖေးက တော်ဝင် ကြင်ယာ‌တော်ပါ၊ မိဖုရားအောက် တစ်ဆင့်ပဲ နိမ့်ပါတယ်၊ ကွေ့ရန်ကတော့ မောင်းမအဆင့်ပဲ ရှိမယ် ထင်တယ်၊ ဘယ်အဆင့်လောက် ဖြစ်မလဲတော့ သေသေချာချာ မသိပါဘူး၊ အသစ်ဝင်လာတဲ့ ငယ်ငယ်နုနုလေး ဖြစ်မယ်ထင် ပါတယ်)

လုယွဲ့၏ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်ကို နားထောင်ပြီးနောက်တွင် ဝမ်ယွိလင်က သူ့ကို မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက ခေါင်းကို မော့ကာ ရယ်မောလိုက်ရင်း ငါတို့က သူ့ကို ရာဇပလ္လင်ပေါ်မှာ ဆယ်နှစ်ကျော် ထိုင်ခွင့်ပေးခဲ့တယ်။ သူက ငါ့တို့ကို ရန်စဖို့ ကြံရဲတယ်တဲ့လား?”

"စစ်သူကြီး၊ ဒေါသကို လျော့ပါ"

လုယွဲ့က ဝမ်ယွိလင်ကို ကမန်းကတန်း တားဆီးလိုက်သည်။

"နံရံမှာ နားတွေရှိတယ်"

"ယုံချီ...ဒီကလေး..."

ဝမ်ယွိလင်က အံကြိတ်ရင်း တွေးတောနေပြန်သည်၊

ကံကောင်းတာက ဧကရာဇ်ရဲ့အမှုတော်ကို ထမ်းဆောင်ရတာက ကျားကို အစေခံရတာနဲ့ အတူတူပြ ဆိုတာကို သူက နားလည်းနေခဲ့တယ်၊ အဲ့တာကြောင့် သူက ကြိုတင် အစီအစဥ် ချထားပြီး ပြင်ဆင်ထားခဲ့တယ်၊ အဲ့လိုမှမဟုတ်ရင် ဒီကလေးက ရှောင်းဟမ့်ကို  စွန့်ပစ်လိုက်သလို သူ့ကိုလည်း စွန့်ပစ်မှာ အသေအချာပဲ။

ဝမ်ယွိလင်က ဧကရာဇ်မင်း၏ အဆိပ်သင့်စေသော စပါးများကြောင့် သံသယဝင်ကာ တွေးတောနေချိန်တွင် စူးချင်းနှင့် သူမ၏အဖွဲ့က နှစ်ရက်ကြာ ခရီးဆက်ခဲ့ကြပြီး နောက်ဆုံးတွင် ကျင့်ချန်၏အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

လူရိုင်းများ လီချန်ကို  ဝိုင်းရံထားသည့် သတင်းက ပျံ့နှံ့နေပုံရပြီး ကျင့်ချန်၏လုံခြုံရေးက အလွန်တင်းကျပ်နေသည်။ သို့သော်လည်း ဒုက္ခသည်များကိုသာ မြို့တွင်းသို့ ဝင်ခွင့်မပြုခြင်းဖြစ်ပြီး ချမ်းသာပြီး ငွေကြေးတတ်နိုင်သူများက မြို့ထဲသို့ ဝင်နိုင်ကြသည်။

ထိုအခြေအနေမျိုးတွင် ထောင်ဟွားဝူမှ ရွာသူရွာများအားလုံး မြို့ထဲဝင်ရန် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း ကျင့်ချန်၏အပြင်ဘက်တွင် နေထိုင်ရန်ကလည်း  မသင့်တော်သောကြောင့် ကျိရွှေရှန့်က လီတာ့နျိုနှင့် ကျန်လူများကို အဖွဲ့အားကို ဦးဆောင်စေကာ ခရီးဆက်ခိုင်းလိုက်သည်။ သူနှင့် ချိုးယုံခန်းတို့က စူးချင်း သူတို့အတွက် ဝယ်ပေးထားသော အဝတ်အစားအသစ်များကို ပြောင်းလဲဝတ်ဆင်ကာ ဆူဖြိုးသန်မာသော မြင်းနှစ်ကောင်ကို ယူပြီး မြို့ရိုးဆီသို့ ဦးတည်လိုက်သည်။

သူတို့၏အဝတ်အစားများက သေသပ်နေသည့်အပြင် အဝတ်ကောင်းများလည်း ဖြစ်နေသောကြောင့် ချိုးယုံခန်းက အားနည်းသော ပညာရှင်တစ်ယောက်နှင့် ဆင်တူနေပြီး ကျိရွှေရှန့်ထံတွင် မုတ်ဆိတ်မွေးများ ရှိနေသော်လည်း သူက သန်မာပြီး အမှန်တရားကို လိုလားသည့် သူရဲကောင်းတစ်ယောက်၏ဟန်ပန်ကို အပြည့်အဝ ပြသနိုင်ခဲ့သည်။ မြို့စောင့်အရာရှိက သူတို့၏ခရီးသွားလက်မှတ်များကိုသာ စစ်ဆေးပြီး သူတို့ကို မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်သောကြောင့် သူတို့အတွက် အခက်အခဲ မရှိခဲ့ပေ။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က မြို့ထဲသို့ ဝင်လာကြပြီး မြင်းလှည်းများနှင့် စပါးရောင်းသည့်နေရာများကို အရင် မေးမြန်း စုံစမ်းလိုက်ကြသည်။ သူတို့က မြင်းလှည်းဝယ်ရန် အရင်သွားလိုက်ကြပြီး မြင်းလှည်းတစ်စီးစီအတွက် ငွေဆယ်လျန် ကုန်ကျနိုင်ကြောင်း သိလိုက်ရသည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က သွားများ အံကြိတ်ကာ မြင်းလှည်းဆယ်စီးကို ဝယ်ယူလိုက်ကြသည်။

မြင်းလှည်းတစ်စီးတွင် လူခုနစ်ဦးမှ ရှစ်ဦးအထိ လိုက်ပါနိုင်ပြီး မြင်းလှည်းဆယ်စီးတွင် လူခုနစ်ဆယ်မှ ရှစ်ဆယ်အထိ လိုက်ပါနိုင်လိမ့်မည်။ သူတို့ထံတွင် မူလကတည်းက ပါလာသော နွားလှည်းနှင့် စူးချင်း၏ရထားလုံးလည်း ရှိနေသောကြောင့် အကြမ်းအားဖြင့် ထောင်ဟွားဝူမှ ရွာသူရွာသားများအားလုံး မြင်းလှည်းများဖြင့် ခရီးဆက်နိုင်ပေလိမ့်မည်။

မြင်းလှည်းများကို ဝယ်ယူပြီးနောက် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က စားနပ်ရိက္ခာဝယ်ယူရန်  သွားခဲ့ကြသည်။ လီချန်မှ စစ်သည်များ၏ ဓားပြတိုက်မှု ဖြစ်စဉ်အပြီးတွင် သာမန်လူတစ်ဦးအနေဖြင့် ကျောက်စိမ်းတစ်လုံးကို ပိုင်ဆိုင်ခြင်းက ရာဇ၀တ်မှုတစ်ခု ဖြစ်ကြောင်း သူတို့ နားလည်သွားသောကြောင့် အများကြီး ထပ်မဝယ်ရဲကြဘဲ သူတို့ နောက်တစ်မြို့အထိ ခရီးဆက်ရန် စားလောက်ရုံသာ ဝယ်ယူခဲ့ကြသည်။

စားနပ်ရက္ခာအပြင် သူတို့၏နေ့စဉ်ဘဝအတွက် မရှိမဖြစ် လိုအပ်သောအရာက ဆားဖြစ်ပြီး စူးချင်းကလည်း ​​ဆားများသုံးကာ ခရီးအတွက် အစားအစာကို အမြဲထိန်းသိမ်းရခြင်းအား နှစ်သက်လေ့ရှိသည်။ ထို့ကြောင့် ဆားအနည်းငယ်က မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ဆား အထုပ် နှစ်ဆယ် ဝယ်လိုက်ကြသည်။

ကျင့်ချန်၏စျေးနှုန်းများက ယုချန်ထက်ပင် နိမ့်ကျနေသည်ကို သူတို့ သိလိုက်ရပြီး သူတို့ ငွေအများကြီး အကုန်အကျ သက်သာခဲ့သည်ဟု ခံစားနေကြရသည်။

ပစ္စည်းများအားလုံး ဝယ်ပြီးချိန်တွင် သူတို့က မြို့ထဲ၌ အချိန်ဆွဲမနေတော့ဘဲ မြင်းလှည်းများကို မြို့ပြင်သို့ ပြန်မောင်းလာခဲ့ကြသည်။ သူတို့၏ အပြန်လမ်းခရီးတွင် ကျိရွှေရှန့်အတွက် ပို၍ပင် စိုးရိမ်သောကရောက်စေသော သတင်းတစ်ခုကို သူတို့ ကြားလိုက်ရသည်။

စူးချင်းနှင့် ကျန်သူများက ကျင့်ချန်နှင့်  တစ်လီခန့်ဝေးသောတစ်နေရာတွင် ကျိရွှေရှန့်တို့နှစ်ယောက်ကို စောင့်နေရင်း အနားယူနေကြသည်။ စူးချင်း ချည်သားအင်္ကျီထဲသို့ ဝါဂွမ်းများ ထိုးထည့်နေသည်။ သူမက ရထားလုံး ရပ်နေသည့်အချိန်အတွင်း အင်္ကျီများကို အပြီး  ဝါဂွမ်းသွပ်ရန်‌ တွေးထားပြီး မြေအနည်းငယ် ပြန့်သောနေရာကို ရှာကာ ဖြတ်ထားတဲ့အထည်စများကို နေရာချလိုက်သည်။ ထို့နောက် ဝါဂွမ်းကို ပြားကပ်နေအောင် ဆန့်ကာ အပေါ်ထပ်မှ လိုက်ဖြန့်နေခဲ့သည်။

စူးချင်းက အလုပ်လုပ်နေချိန်တွင် သူမ၏ အလုပ်ကိုသာ လုံးလုံးလျားလျား အာရုံစိုက်တက်သော်လည်း ယခုအချိန်တွင် သူမ၏ဗိုက်ထဲမှ ရုတ်တရက် ထိုးထွက်လာသော နာကျင်မှုတစ်ခုကို သူမ ခံစားလိုက်ရသည်။ သူမက မူလခန္ဓာကိုယ်၏အတွေးများကို ပြန်တွေးလိုက်ကာ  ထိုရက်များရောက်လာသည်ကို ပြန်သတိရသွားကြောင့်  စူးချင်း၏အမူအရာက ပြောင်းလဲသွားသည်။

ဤခေတ်တွင် သန့်ရှင်းသော အမျိုးသမီးလစဥ်သုံးပစ္စည်းများ မရှိသလို အိမ်သာသုံးတစ်ရှူးစက္ကူများလည်း မရှိသေးပေ။ ဓမ္မတာလာချိန်အတွင်းတွင် အမျိုးသမီးများက အပင်ပြာများ ထည့်ထားသော သေးငယ်သည့် အထည်စပြားပြားရှည်ရှည်လေး၏ အစွန်းနှစ်ဖက်ကို ကြိုးသေးသေးလေးဖြင့် လျှိုထားကာ ထိုကြိုးလေးကို ခါးတွင် ရစ်ပတ်ထားကြရသည်။ ၎င်းကို ရာသီခံခါးပတ်ပြားဟု ခေါ်သည်။ မိန်းခလေးများ၏ကြွယ်ဝမှုအပေါ် မူတည်၍ သူမတို့ လဲလှယ်ဝတ်ဆင်နိုင်သည့် အရေအတွက်ကို ဆုံးဖြတ်ကြသည်။

ထိုသန့်ရှင်းရေးခါးပတ်ကို နောက်တစ်ခုဖြင့် လဲလှယ်ပြီးနောက်တွင် အတွင်းပိုင်းရှိ ညစ်ပတ်နေသည့် အရာများကို ဖယ်ရှားကာ သန့်ရှင်းရေးခါးပတ်ကြိုးကို ရေသန့်၊ ဆပ်ပြာတို့ဖြင့် ပြန်လည်ဆေးကြော လျှော်ဖွတ်နိုင်သည်။ ထို့နောက် လေဖြင့် အခြောက်ခံပြီး ပြန်အသုံးပြုနိုင်သည်။ အရေးတကြီး လိုအပ်သည့်အချိန်ပြီးတွင် မီးဖြင့်လည်း အခြောက်ခံကြသည်။ ၎င်းက တစ်ကိုယ်ရေသန့်ရှင်းမှု မရှိရုံသာမက အလွယ်တကူလည်း စိမ့်ထွက်နိုင်ပြီး အဝတ်အစားများကို စွန်းထင်းသွားပါက ရှက်စရာလည်း ကောင်းလှသည်။

စူးချင်းက ပညာရှင်ကြီးတင်း၏ကိုယ်လုပ်တော် ဖြစ်ခဲ့ဖူးသော အမျိုးသမီး၏ တင်ပါးပေါ်မှ ကြီးမားသော သွေးစွန်းကွက်ကို တွေးလိုက်မိသည်။

မဖြစ်ဘူး၊ သူမ စက္ကူဖြတ်စ ဝယ်ဖို့ မြို့ထဲကို သွားရမယ်။

ထိုစက္ကူဖြတ်စက နူးညံ့သောစက္ကူအမျိုးအစား ဖြစ်ပြီး ၎င်း၏ ရေစုပ်ယူမှုက ခေတ်မီအိမ်သာသုံးစက္ကူနှင့် ဆင်တူသည်။ ချမ်းသာသော မိသားစုများမှ အမျိုးသမီးများက ရာသီခံခါးပတ်ပြားတွင် ထည့်ဝတ်ရန် ထိုထိုစက္ကူဖြတ်စများကို အသုံးပြုကြသည်။

သို့သော် ဈေးကြီးသောကြောင့် ဆင်းရဲသော မိသားစုများမှ အမျိုးသမီးများက မတတ်နိုင်ကြပေ။

“ရှောင်ယင်၊ ငါ တစ်ခုခု ဝယ်ဖို့ မြို့ထဲကို သွားဦးမယ်။ မင်းအစ်ကိုနဲ့ ချိုးယုံခန်း ပြန်လာရင် မင်းတို့ အရင်ထွက်သွားလို့ ရတယ်”

စူးချင်းက ကျိရှောင်ယင်ကို သွားရှာပြီး အသိပေးလိုက်သောကြောင့် ကျိရှောင်ယင်က စိုးရိမ်တကြီးဖြင့် ပြန်မေးလာခဲ့သည်။

"အစ်မဘယ်သွားမလို့လဲ?"

ကျိရှောင်ယင်က သူမအစ်မ၏အရည်အချင်းကို သိနေသော်လည်း သူမအတွက် စိုးရိမ်နေသေးသည်။

ကျားတစ်ကောင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဝံပုလွေတစ်အုပ်ကို တွန်းလှန်ဖို့တော့ မလွယ်ဘူးလေ။

"ငါ တစ်ခုခု သွားဝယ်မလို့"

စူးချင်းက အတိုချုံးပြန်ဖြေလိုက်ပြီး တခြားဘာမှ မပြောထပ်မပြောတော့ဘဲ မြင်းနက်ကြီးကို ကြိုးဖြည်ပေးလိုက်ပြီး မြင်းပေါ်သို့ ခုန်တက်သွားသည်။ မြင်းနက်ကြီးကလည်း အလွန်စိတ်လှုပ်ရှားနေပုံရကာ သူ့မျက်လုံးကြီးများက တောက်ပနေပြီး သူက သူ့၏အရှေ့ခွာများကို ခပ်မြင့်မြင့် မြှောက်ကာ စည်းချက်ညီသော အသံများ ထွက်ပေါ်လာအောင် ပြုလုပ်နေခဲ့သည်။

စူးချင်းက သူမ၏မြင်းနှင့် ထွက်ခွာသွားသောကြောင့် လီရွှမ်းအာနှင့် အခြားမိန်းခလေး အနည်းငယ်က ကျိရှောင်ယင်ကို ဝိုင်းလာပြီး မေးမြန်းစပ်စုနေကြသည်။

"အစ်မစူးချင်းက ဘယ်သွားတာလဲ?"

"တစ်ခုခု သွားဝယ်မလို့တဲ့"

ကျိရှောင်ယင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သစ်ပင်အောက်တွင် ထိုင်နေသော ချိုးယွဲ့က ထိုစကားကို ကြားသွားကာ သူမ၏မျက်ခုံးများကို ပင့်တင်လိုက်သည်။

အခုတော့ သူမ မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်ပြီပေါ့။ ဒါက အခွင့်အရေးတစ်ခုပဲ။

စူးချင်းက မြင်းစီးလာသောကြောင့် ကျင့်ချန်မြို့ပြင်သို့ ခပ်မြန်မြန် ရောက်သွားခဲ့ပြီး သူမက အဝတ်ကြမ်းများကို ၀တ်ဆင်ထားသော်လည်း သူမက အရပ်ရှည်ပြီး သန်မာသော  မြင်းကို စီးလာခဲ့သည်။ မြို့တံခါးမှ အစောင့်တပ်မှူးက သူမဆီမှ ခရီးသွားလက်မှတ်ကို တောင်းလိုက်သောကြောင့်  စူးချင်းကသူမ မလာခင်  အမျိုးသမီးလီနှင့် ကျုံးယုံထံမှ ငှားလာသော အထောက်အထားများကို ပြသလိုက်သည်။

အစောင့်တပ်မှူးက ထိုလက်မှတ်များကို စစ်ဆေးပြီး စူးချင်းထံသို့ ပြန်ပေးလိုက်သည်။

မြို့စောင့်တပ်သားများကတော့ စူးချင်းကို စိုက်ကြည့်နေကြသည်။ ဒီလူငယ်က အရပ်ဘယ်လောက် ရှိလို့လဲ? သူ့မှာ နှုတ်ခမ်းနီနီလေးတွေ သွားဖြူဖြူလေးတွေရှိပြီး မိန်းခလေးတွေထက်တောင် ပိုချောသေးတယ်။ သူရဲ့ဝတ်စားဆင်ယင်မှုက နိမ့်ကျပေမယ့် ဒီမြင်းက မဆိုးဘူး။

"လက်နက်တွေ ယူလာသေးလား?"

တိုက်ဆိုင်စွာပင် မြို့စောင့်တပ်သားများထဲမှ တစ်ဦးက အမျိုးသားများကို သဘောကျသောကြောင့် စူးချင်းထံမှ အခွင့်ကောင်းယူရန် ကြိုးစားလာခဲ့သည်။

"မယူခဲ့ပါဘူး"

စူးချင်းက သူ စစ်ဆေးနိုင်ရန် သူမ၏လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ပေးလိုက်သော်လည်း ထိုတပ်သားက သူမကို အလွှတ်ပေးမည့်ပုံ မပေါ်ပေ။ သူက နူးညံ့သော အသားအရည် ရှိပုံပေါ်သည့် ဤလူငယ်လေးကို ထိကြည့်ချင်နေပြီး စူးချင်းက မျက်မှောင်ကြုတ်နေကာ သူမ၏မျက်လုံးများတွင် သတ်ဖြတ်ရိပ်များ ပြည့်နှက်လာခဲ့သည်။ ထိုအချိန်တွင် အရာရှိတစ်ယောက် ရောက်လာပြီး လှမ်းအော်လိုက်သည်။

"မြန်မြန်လုပ်ကြ၊ ရုံးတော်ကနေ ငါတို့ကို အကြောင်းကြားလာပြီ၊ စစ်သူကြီးဝမ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြတော့"

ဝင်သွား!”

စူးချင်းကို အခွင့်ကောင်းယူရန် ကြိုးစားနေသော ထိုတပ်သားက လက်လျှော့လိုက်ပြီး   သူ့လက်ကို ဝှေ့ယမ်းကာ မလိုလားသည့် အမူအရာဖြင့် စူးချင်းကို ပြောလိုက်သေးသည်။

စစ်သူကြီးဝမ်က ဒီကို ‌ရောက်လာပြီ။ ငါ မင်းကို ဝင်ခွင့် မပြုချင်ပေမယ့် မင်းကို နေပူထဲမှာ အကြာကြီး မစောင့်စေချင်လို့ ဝင်ခွင့်ပေးလိုက်မယ်။ ငါ့ရဲ့ကြင်နာမှုကို မှတ်ထားရမယ်နော်”

"ဟုတ်ကဲ့ပါ လူကြီးမင်း"

စူးချင်းက သူမ၏မြင်းပေါ်သို့ ပြန်တက်လိုက်ပြီး မြို့ထဲသို့ ဝင်လာခဲ့သည်။ မြို့ထဲသို့ ဝင်လာပြီးနောက်တွင် သူမက အမျိုးသမီးအလှကုန်များနှင့် အမျိုးသမီးများအတွက် လိုအပ်သည့်ပစ္စည်းများကို အထူးရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ရှာဖွေလိုက်သည်။

အဲလိုဆိုင်တွေမှာက စက္ကူဖြတ်စတွေ ရောင်းတယ်လေ။

စူးချင်းက သူမ၏မြင်းပေါ်မှ ပြန်ဆင်းလာကာ  မြင်းကို ဆွဲလာရင်း လမ်းတစ်လျှောက်မှ လမ်းဘေးဈေးသည်များကို ပါးနီဆိုးဆေးနှင့် မျက်နှာချေမှုန့် ရောင်းသည့်ဆိုင်ကို မေးလာခဲသည်။ နောက်ဆုံးတွင် ပါးနီဆိုးဆေးနှင့် မျက်နှာချေမှုန့် ရောင်းသည့်ဆိုင်က အနောက်ဘက်မှ လမ်းတွင် ရှိနေသည်ကို သူမ သိလိုက်ရပြီး သူမက မြင်းကို အနောက်ဘက်သို့ ဦးတည်လိုက်သည်။ သူမ ထိုနေရာမှ ဖြတ်သွားနေစဉ် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကလည်း ရထားလုံးတစ်ဒါဇင်ကျော်ကို မောင်းကာ ထိုနေရာမှ ထွက်သွားခဲ့ကြသည်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ကျင့်ချန်မှ ထွက်ခွာရန် အလျင်လိုနေပြီး ဘာကိုမှ လှည့်မကြည့်သောကြောင့် သူတို့က စူးချင်းကို မတွေ့လိုက်ကြတော့ပေ။

သူတို့ မြို့ထဲမှ ထွက်ခွာလာသောအချိန်တွင် လေထဲတွင် လွင့်နေသော အဝါရောင် စစ်အလံများကို တွေ့လိုက်ရပြီး အလံ၏နောက်တွင် သံချပ်ကာတပ်သားများ တန်းစီနေသည်ကို တွေ့လိုက်ရသည်။

✍️✍️✍️