အခန်း ၁၁၇
ငွေရှာခြင်း
“အမြန် ဖယ်ကြစမ်း”
ထိုထိပ်တန်းစစ်သူကြီးက
မည်သူ မည်ဝါဖြစ်သည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် မြို့စောင့်တပ်သားများက
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို မောင်းထုတ်လိုက်ကြသည်။ ကျိရွှေရှန့်က ခေါင်းငုံ့နေပြီး ချိုးယုံခန်း၏နောက်တွင်
ရပ်လိုက်သည်။ ဝမ်မိသားစု၏တပ်သားများ မြို့ထဲသို့ ဝင်ရောက်နိုင်ရန် သူတို့၏ရထားလုံးများကို
ဘေးဘက်သို့ ဆွဲချထားရသည်။
အခြားလူများ၊ ရထားလုံးများနှင့်
မြင်းများလည်း မောင်းထုတ်ခံရလိုက်ရပြီး လှည်းများရထားလုံးများ စုပုံနေသောကြောင့်
သူတို့၏တစ်ဒါဇင်ပင် မပြည့်သော ရထားလုံးများက မျက်စိကျစရာ မဟုတ်တော့ပေ။
မြင့်မားသော
စစ်မြင်းကြီးတစ်ကောင်ကို စီးလာသော ဝမ်ယွိလင်ကို မြင်လိုက်ရချိန်တွင် မြို့စောင့်တပ်မှ
တပ်မှူးက အမြန်ပြေးထွက်သွားပြီး ဝမ်ယွိလင်၏ရှေ့တွင် ဒူးထောက်ကာ တစ်ချက်အော်လိုက်သည်။
"စစ်သူကြီး"
ဝမ်ယွိလင်က
သူ့ဘာသာသူ ဒေါသထွက်လာသောကြောင့် ထိုတပ်မှူးကို ကြည့်ပင် မကြည့်ဘဲ သူ့ကို ဖြတ်ကျော်ကာ
မြို့ထဲသို့ ဝင်သွားခဲ့သည်။
အစပိုင်းတွင် သူတို့က
နောက်တစ်မြို့အထိ ခရီးဆက်ပြီးမှ အနားယူရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဝမ်ယွိလင်ထံတွင်
စီစဥ်ရမည့် အရေးတကြီးကိစ္စများ ရှိနေသောကြောင့်
ခရီးစဥ်ကို တမင်ရွှေ့ဆိုင်းကာ နေ့ခင်းပိုင်း အနားယူရန် ကျင့်ချန်သို့ ဝင်လာခဲ့ခြင်း
ဖြစ်သည်။
ဝမ်ယွိလင်နှင့် ဝမ်မိသားစုစစ်တပ်မှ
သံချပ်ကာဝတ်တပ်သားများ ကျင့်ချန်ထဲသို့ ဝင်သွားပြီးချိန်တွင် ကျိရွှေရှန့်က
သူ့ခေါင်းကို ပြန်မော့လိုက်ပြီး ဝမ်ယွိလင်၏ နောက်ကျောကို စိုက်ကြည့်နေကာ
သူ့မျက်လုံးများမှ လူသတ်ချင်စိတ်များ တဟုန်ထိုး ထိုးထွက်လာခဲ့သည်။
"ရွှေရှန့် ပြန်ကြရအောင်"
ချိုးယုံခန်းက ကျိရွှေရှန့်၏ကိုယ်ဟန်အမူအရာ
တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိသောကြောင့် သူ့လက်မောင်းကို လှမ်းဆွဲကာ
တိုးတိုးလေး ပြောလိုက်သည်။
“အချိန်မတန်သေးဘူး”
“…”
ကျိရွှေရှန့်က အသက်ကို
ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ့ကိုယ်သူ ပြန်ထိန်းကာ သူ့နှလုံးသားထဲမှ ဒေါသများကို
ပြန်မျိုသိပ်လိုက်သည်။ သူနှင့် ချိုးယုံခန်းတို့က ရထားလုံးဆယ်စီးကို ဆွဲယူပြီး ထောင်ဟွားဝူမှ
ရွာသူရွာသားများကို ရှာဖွေရန် လိုက်လာခဲ့ကြသည်။
စူးချင်းက သူမ၏မြင်းကို
ဆွဲနေရင် ပါးနီရောင်းသော ဆိုင်တစ်ဆိုင်ဆီသို့ ရောက်လာခဲ့သည်။ ထိုဆိုင်က အတော်လေးစတိုင်ကျပြီး အလွန်စွဲမက်ဖွယ်ကောင်းသော နှစ်ထပ်သစ်သားအဆောက်အဦးတစ်ခု
ဖြစ်သည်။ တံခါးပေါ်ရှိ ကမ္ဗည်းပြားကပင် ခန်းနားထည်ဝါလှပြီး “နဥ်ကျစ်ရန်ကျစ်” ဟူသော
စကားလုံးများကို ကြီးမားပြီး ကွက်ကွက်ကွင်းကွင်း မြင်နိုင်အောင် ရေးသားထားသည်။
စူးချင်းကတော့
စက္ကူဖြတ်စများ ရှိနိုင်သရွေ့ ထိုဆိုင်က ခမ်းနားသည် မခမ်းနားသည်ကို ဂရုစိုက်နေမည်
မဟုတ်ပေ။ ဆိုင်အကူများက တံခါးဝတွင် ရပ်နေသော သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့်
အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်ကြပြီး စူးချင်း ဆွဲခေါ်လာသည့် မြင်းကို တွေ့လိုက်ရသောကြောင့်
ထိုလူငယ်လေးကို လျစ်လျူမရှုရဲတော့ပေ။ မြင်း၏အမွေးများက ချောမွေ့ပျော့ပျောင်းပြီး
တောက်ပနေသောကြောင့် အပြင်ပိုင်းကို ကြည့်ရုံဖြင့် ထိုမြင်းက သာမန်မြင်း မဟုတ်ကြောင်း
သိသာနေသည်။
ဒီလောက်ကောင်းတဲ့
မြင်းတစ်ကောင်ကို ဝယ်ဖို့တတ်နိုင်တဲ့သူက ဆင်းရဲပါ့မလား?
ဆိုင်အကူနှစ်ယောက်က
အတူတူ ထွက်လာကြပြီး စူးချင်းကို ဆိုင်ထဲဝင်ရန် နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ကြသည်။
"သခင်ငယ်လေး၊ ကျေးဇူးပြုပြီး..."
“ကျေးဇူးပြုပြီး
ငါ့မြင်းကို ကြည့်ပေးလို့ ရမလား?”
စူးချင်းက
ဆိုင်အကူတစ်ယောက်ထံသို့ မြင်းဇက်ကြိုးကို ပေးအပ်လိုက်ပြီး သူမကို ဖိတ်ခေါ်နေသော
တခြားဆိုင်အကူ၏နောက်သို့ လိုက်ပါသွားခဲ့သည်။
ဆိုင်အကူက
သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ကြိုဆိုလာသည်ကို
မြင်လိုက်သောကြောင့် ဆိုင်ရှင်က လုံးဝ
ထမလာပေ။ သူက အထက်တန်းအရာရှိများနှင့် မြင့်မြတ်သူများကိုသာ ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပေးမည်
ဖြစ်ပြီး ထိုကဲ့သို့ သာမာန်လူများအတွက်တော့ ဆိုင်အကူက ဧည့်ခံပေးလျှင် လုံလောက်ပြီ
ဖြစ်သည်။
"သခင်လေး၊ မိသားစုထဲက မိန်းမပျိုလေးတွေအတွက် မျက်နှာချေမှုန့်တွေ ဝယ်ချင်တာလား?
ဘယ်လို ဈေးနှုန်းထဲက လိုချင်လဲ?"
ဆိုင်အကူက
စူးချင်းကို အပြုံးဖြင့် မေးလိုက်သည်။
စူးချင်းက စက္ကူဖြတ်စများကို
ရှာဖွေရန် ဆိုင်ထဲသို့ ဝင်သွားခဲ့သော်လည်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် မည့်သည့်စက္ကူဖြတ်စကိုမျှ
မတွေ့ရပေ။ သူမ အနံ့ခံမိသလောက်က သူမ ပန်းပွင့်အစုအဝေးထဲသို့ ဝင်သွားသလို ဖြစ်နေပြီး
မျက်နှာချေမှုန့်များ၏ အမွှေးအကြိုင်အနံများကိုသာ ရနေခဲ့သည်။
သူမ မမြင်နိုင်သော်လည်း
မေးကြည့်လျှင် ရကောင်းရနိုင်သောကြောင့် စူးချင်းက ဆိုင်အကူကို ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ဆိုင်မှာ စက္ကူဖြတ်စရှိလား?"
ဆိုင်အကူ၏
မျက်နှာပေါ်မှ အပြုံးက အေးခဲတောင့်တင်းသွားသည်။
ဒီလိုအရာမျိုးကို
ယောက်ျားတစ်ယောက် လာဝယ်တာက ဒါပထမဆုံးအကြိမ်ပဲ။
သို့သော်လည်း သူက
ဝယ်သူများကို နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးလာသောကြောင့် သတိရှိလှသည်။ သူက
ခဏလောက်သာ မှင်သက်နေပြီး ချက်ခြင်း ပြန်ပြုံးလိုက်သည်။
“ဟုတ်ကဲ့၊
ကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ စက္ကူဖြတ်စနဲ့ သာမာန်ဆိုပြီး နှစ်မျိုး ရှိပါတယ်။
သခင်လေးက ဘယ်တစ်ခုကို လိုချင်ပါသလဲ?”
"အကောင်းဆုံး"
စူးချင်းက သူမကိုယ်သူမ
ဒုက္ခမခံခိုင်းချင်တော့ပေ။ ကောင်းတာတစ်ခုခုကို ရရှိနိုင်သရွေ့ သူမက လျှော့သုံးမည်
မဟုတ်ပေ။ ထို့ကြောင့် သူမက အကောင်းဆုံးကိုသာ တိုက်ရိုက် တောင်းဆိုလိုက်သည်။
"ကောင်းပြီ၊ မင်း ဘယ်နှစ်ထပ်လောက် လိုချင်လဲ?"
(စာရွက်ပိုင်းတွေကို
ဖြတ်ပြီး တစ်ပုံတစ်ပုံ ထပ်ထားတာမျိုးပါ)
ဆိုင်အကူက ဆက်မေးနေပြီး
စူးချင်းက ခဏလောက် စဉ်းစားနေပြီးမှ ပြန်မေးလိုက်သည်။
"မင်းတို့မှာ ဘယ်လောက်ရှိလဲ?"
သူက အားလုံးကို ဝယ်ချင်နေတာလား?
ဆိုင်အကူက
ချက်ချင်း ထပ်ပြုံးလိုက်ပြီး “ဆိုင်မှာက အထပ် ၆၀ လောက် ရှိတယ်။ တစ်ထပ်ကို
ဝမ်ငါးရာလောက်ဆိုတော့ အဲဒါက စုစုပေါင်း ငွေ လျန်သုံးဆယ်လောက် ကျသင့်မယ်။ ငွေစက္ကူနဲ့
ပေးချင်လား ဒါမှမဟုတ် ငွေစနဲ့ ပေးချေချင်လား"
စူးချင်းက စျေးက
မနည်းကြောင်း သိလိုက်ရပြီး စက္ကူတစ်ထပ်က
ဆန်လုံးညိုနှစ်ရှီဝယ်နိုင်ကြောင်း သူမ နားလည်လိုက်သည်။ သို့သော်လည်း မည်မျှပင်
ကုန်ကျစေကာမူ သူမ ဝယ်ရမည်ဖြစ်သည်။
"ငွေစက္ကူနဲ့ ပေးမယ်"
စူးချင်းက
လျန်တစ်ရာတန် ငွေစက္ကူတစ်ရွက်ကို ထုတ်ကာ ချက်ချင်း လှမ်းပေးလိုက်သည်။ စူးချင်းက
အလွန်ရက်ရောနေသောကြောင့် ဤလူငယ်က ဖောက်သည်ကြီးဖြစ်နိုင်ကြောင်း ဆိုင်ရှင်က ရိပ်မိသွားပြီး
မောက်မာမနေတော့ဘဲ သူကိုယ်တိုင် ဧည့်ခံရန် ရောက်လာခဲ့သည်။
"တစ်ယောက်လောက် ဒီကို လာပြီး လက်ဖက်ရည် ပြင်ဆင်ပေးပါဦး။ ရှောင်ဝူ၊ သခင်လေးအတွက်
စက္ကူဖြတ်စတွေကို အမြန်ပြင်ဆင်ပေးလိုက်ပါ"
စူးချင်းကလည်း
ဗိုက်အောင့်နေသောကြောင့် အကြားကြီး
မတ်တပ်မရပ်ချင်တော့ပေ။ ထို့ကြောင့် သူမက
ကုလားထိုင်ပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေရင်း သူမ ပြန်ရောက်လျှင် ရာသီခံခါးပတ်ပြုလုပ်ရန် အချိန်ယူရဦးမည်ကို တွေးနေမိသည်။
သို့သော် ရာသီသွေးက အချိန်ကို စောင့်ပေးမည်မဟုတ်သောကြောင့် သူမက ဆိုင်ရှင်ကို
လှမ်းမေးလိုက်သည်။
"မင်းတို့ဆိုင်မှာ ရာသီခံခါးပတ်တွေ ရောင်းလား?"
ဓမ္မတာလာချိန်တွင်
သုံးရသော ပစ္စည်းများကို ရှက်ရွံ့ခြင်း သို့မဟုတ် မျက်နှာလေး ဖြူသွားခြင်းပင် မရှိဘဲ
ဆွေးနွေးနေသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသောကြောင့် ဆိုင်ရှင်ခမျာ ထိတ်လန့်သွားရသည်။
စက္ကူဖြတ်စများကို
ချမ်းသာသော မိသားစုမှ အမျိုးသမီးများက ရာသီလာချိန်အတွက် သုံးကြသလို တချို့ချမ်းသာသော
မိသားစုများတွင် အိမ်သာသုံးစက္ကူအဖြစ်လည်း အသုံးပြုကြသည်။ ထို့ကြောင့် စူးချင်းက
၎င်းတို့ကို အများအပြား ဝယ်ယူခဲ့သော်လည်း ဆိုင်ရှင် ၎င်းကို အများကြီး
တွေမးနေခဲ့ပေ။ စူးချင်းက ချမ်းသာသော မိသားစုမှ ဖြစ်ပြီး
အိမ်သာသုံးစက္ကူအဖြစ်သုံးရန် ဝယ်နေသည်ဟုသာ ထင်ထားခဲ့သည်။ ထို့နောက် စူးချင်းက ရာသီခံခါးပတ်ဝယ်လိုကြောင်း
သူ ကြားလိုက်ရပြီး အံ့သြသွားရတော့သည်။
ဘယ်မိသားစုက
အမျိုးသမီးငယ်လေးက သူမအတွက် ဒီလိုမျိုး ဝယ်ခိုင်းရဲတာလဲ?
မြင့်မြတ်သော
မိသားစုများမှ မိန်းခလေးများက အချုပ်အလုပ် ကျွမ်းကျင်ကြပြီး ထိုအရာမျိုးကို
သူမတို့ကိုယ်တိုင် ပြုလုပ်ကြသည်။ လုပ်ပုံလုပ်နည်းကို မသိလျှင်ပင် သူမတို့ အစေခံမလေးများကို စေလွှတ်ပြီး ဝယ်ယူခိုင်းကြသည်။
လူငယ်တစ်ယောက်က
ဒီလိုလာဝယ်တာ ဒါပထမဆုံးအကြိမ်ပဲ။
"မင်းတို့မှာ မရှိဘူးလား?"
ဆိုင်ရှင်က
စကားတစ်ခွန်းမှ မပြောဘဲ သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် စူးချင်းက
မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။
ဆိုင်ရှင်က
သတိပြန်ဝင်လာပြီး အမြန်ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့။ ရှိပါတယ်.... သခင်လေးက ဈေးကြီးတာ လိုချင်မလား? စျေးသက်သာတာ
လိုချင်မလားလို့ တွေးနေမိတာပါ”
"ကောင်းတာပဲ လိုချင်တယ်"
စူးချင်းက
ထိုပစ္စည်းများအကြောင်းကို သိပ် မသိသေးသော်လည်း အကြမ်းဖြင်းအားဖြင့် တန်ဖိုးကြီးတာက
ပိုကောင်းသည်ဟု သူမ သတ်မှတ်လိုက်သည်။
ဆိုင်ရှင်က
သူ့လက်ထောက်ကို စူးချင်းအတွက် ခါးပတ်ကြိုးပြား သွားယူခိုင်းလိုက်သည်။ ထိုအရာက
တော်တော်လေး ဆန်းကြယ်နေသောကြောင့် သူ ရယ်ချက်နေပြီး စူးချင်း လက်ဖက်ရည်သောက်ရန် ပြောကာ ထွက်သွားခိုင်းလိုက်သည်။
လက်ဖက်ရည်ပူပူလေး သောက်လိုက်ရသောကြောင့်
စူးချင်း၏ဗိုက်က အများကြီး ပြန်သက်သာလာသည်။ ဆိုင်အကူက ရာသီခံခါးပတ်ကို ယူလာခဲ့ပြီး
အထည်စက ပိုးသားဖြစ်ကာ တကယ်ကို အရည်အသွေးမြင့်မားလှသည်။
စူးချင်းက ရာသီခံခါးပတ်ကို
လှမ်းယူကာ သေသေချာချာ ကြည့်နေခဲ့သည်။
နောက်တစ်ကြိမ်ဆိုရင်
သူမ ကိုယ်တိုင် ချုပ်မှာလေ။
စူးချင်း၏လုပ်ရပ်ကို
မြင်နေရသော ကောင်တာနောက်ကွယ်မှ ဆိုင်ရှင်ကတော့ တော်တော်လေးတုန်လှုပ်နေပြီ ဖြစ်သည်။
ဒီသခင်လေးက ပုံမှန်မဟုတ်ဘူးလား?
သူက လိင်စိတ်ဖောက်ပြန်နေတဲ့သူလား? မိန်းမပျိုလေးတွေ ရာသီခံခါးပတ်ကို သူက ဘာလို့
ကစားနေရတာလဲ?
ခဏအကြာတွင်
ဆိုင်အကူတစ်ယောက်က စက္ကူဖြတ်စများကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။ စက္ကူဖြတ်စတစ်ထပ်က
အနံပေတစ်ပေခွဲခန့် ရှိပြီး တစ်ပေခန့်ထူသောကြောင့် အထပ်ခြောက်ဆယ်က
အိတ်ကြီးတစ်လုံးကို ပြည့်သွားစေခဲ့သည်။
“သခင်လေး၊
ဒါက မင်းအတွက် ပြန်အမ်းငွေပါ။ စက္ကူဖြတ်စက လျန်သုံးဆယ်နဲ့ ရာသီခံခါးပတ်က
ငွေသုံးလျန် ကျသင့်တာကြောင့် စုစုပေါင်း သုံးဆယ့်သုံးလျန်ပါ၊ ပိုငွေက
ခြောက်ဆယ့်ခုနှစ်လျန်ပါ၊ ကျေးဇူးပြု၍ ရေတွက်ကြည့်ပါဦး"
ဆိုင်အကူက စူးချင်းကို
ပိုငွေများ ပြန်လွှဲပေးနေပြီး ခြောက်ဆယ့်ခုနှစ်လျန်တွင်
ဆယ်လျန်စီတန်ဖိုးရှိသော ငွေတုံးကြီးခြောက်တုံးနှင့် ငွေတုံးလေးခုနစ်တုံး ဖြစ်သည်။
ရှေးခေတ်လူတွေက ငွေကြောင့်
တော်တော် ဒုက္ခရောက်ရတယ်။ ဒီလောက် ကြီးမားတဲ့ အစုအပုံကြီးကို ဘယ်နားမှာ ထားကြမလဲ
မသိဘူး။
စူးချင်းကတေ့
ထိုငွေများကို အဝတ်ဖြင့် ထုပ်လိုက်ပြီး သူမ၏လက်ထဲတွင်သာ
ကိုင်လာခဲ့သည်။ သူမ မျက်နှာချေဆိုင်မှ ထွက်လာပြီးသည်နှင့် ထိုငွေထုတ်ကို ရှောင်ချီ
ထိန်းသိမ်းနိုင်ရန် စနစ်ထဲသို့ ပစ်ပေးလိုက်သည်။
ဆိုင်အကူက စက္ကူဖြတ်စများကို
အိတ်နှစ်အိတ်ဖြင့် ခွဲထည့်ပေးလိုက်သည်။ အလုပ်သမားနှစ်ယောက်က ထိုအိတ်နှစ်အိတ်ကို
တံခါးအပြင်အထိ သယ်ပေးပြီး တံခါးအပြင်သို့
ရောက်သောအခါ မြင်းကို ပြန်လာလာပေးပြီး
ထိုအထုတ်များကို မြင်းပေါ်တင်ကာ ကြိုးဖြင့် သေသေချာချာ ချည်ပေးလိုက်သည်။ သူတို့၏ဝန်ဆောင်မှုက
အလွန်ကောင်းမွန်ပြီး စူးချင်းက ထိုအိတ်များကို သယ်ရန် မလိုတော့သလို လက်ညှိုးပင် ထိုးပြစရာ မလိုလိုက်ပေ။
"ဧည့်သည်တော်ကြီး၊ မင်းအိမ်က ဘယ်မှာလဲ? နောက်တစ်ခါ မင်း လိုအပ်တာမှန်သမျှ ငါတို့က
အိမ်အရောက် ပို့ပေးနိုင်ပါတယ်။ မင်း ဒုက္ခခံနေစရာ မလိုဘူးလေ"
ဆိုင်အကူက ဤဖောက်သည်ကြီးကို
ထိန်းထားချင်သေးသည့်အတွက် အပြုံးဖြင့် စူးစမ်းလိုက်သည်။
"မလိုတော့ဘူး။ ငါ လိုအပ်တာမှန်သမျှ ဝယ်ပြီးပြီ"
စူးချင်းက
သူ့စကားကို မတုံ့ပြန်ခဲ့ပေ။ သူမက မြင်းပေါ်သို့ တက်ကာ ထွက်သွားရန် ပြင်ဆင်နေပြီး သူမ ထွက်သွားခါနီးတွင် အစေခံအ၀တ်အစားများကို ဝတ်ဆင်ထားသော
လူနှစ်ယောက်က မျက်နှာချေဆိုင်ထဲမှ ပြေးထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
"ရှောင်ဟိုင်၊ ဘာဖြစ်တာလဲ?"
ဆိုင်အကူက
သူတို့ကို ကမန်းကတန်း လှမ်းဆွဲကာ မေးလိုက်သောကြောင့် ရှောင်ဟိုင်ဟု ခေါ်သည့် အစေခံလေးက ကမန်းကတန်း
ပြန်ဖြေပြီး အလျင်စလို ပြေးထွက်သွားသည်။
“တတိယသခင်မက ခလေးမွေးဖို့ ခက်ခဲနေပြီး သွေးတွေ အများကြီး ဆုံးရှုံးနေပြီ။ ဝမ်းဆွဲသည်က သမားတော်ကို အမြန် ခေါ်ခိုင်းလိုက်တယ်။ အရမ်းနောက်ကျသွားရင် လူကြီးရော ကလေးကိုပါ ကယ်တင်နိုင်မှာ မဟုတ်ဘူးတဲ့”
✍️✍️✍️