Chapter 119 အမှား ရှာခြင်း
Viewers 17k

အခန်း ၁၁၉ အမှား ရှာခြင်း

သခင်ကြီးချီ စိတ်ပူပန်နေချိန်တွင် ရှောင်ဟိုင်က ကျင့်ချန်ရှိ အကောင်းဆုံးသမားတော် ကျန်းယိဖန်းနှင့်အတူ အပြေးအလွှား ပြန်‌ရောက်လာခဲ့သည်။

"သခင်ကြီး၊ ကျွန်တော် သမားတော်ကျန်းကို ဖိတ်ခေါ်လာခဲ့ပါပြီ"

ရှောင်ဟိုင်က ပြေးဝင်လာရင်း ပြောလိုက်ပြီးမှ အသက်ကို ဝဝရှူနေခဲ့သည်။ သူက ချီမိသားစု၏ အစေခံမိသားစုမှ မွေးဖွားခဲ့သော ကလေးတစ်ဦးဖြစ်သောကြောင့် သူက သူ့သခင်များအပေါ် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိသည်။ သခင်ကြီးက ကြင်နာတတ်ပြီး ကျေးကျွန်များကို ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသောကြောင့် သူကလည်း သခင်မနှင့် နောင်အနာဂတ်သခင်ငယ်လေးတို့ ဒုက္ခရောက်မည်ကို တွေးကာ စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့သည်။

"ဒီကို လာပေးဖို့ သမားတော်ကျန်းကို ဒုက္ခပေးခဲ့မိပါတယ်"

သခင်ကြီးချီက ကျန်းယိဖန်းဆီသို့ လက်ခုပ်အုပ်ကာ အရိုအသေပေးလိုက်သည်။

ဒီသမားတော်ကျန်းရဲ့ ဆေးပညာအရည်အချင်းက မဆိုးဘူး၊ ဒါပေမယ့် သူက မာနကြီးပြီး သူ့ရဲ့ဆွေးနွေးတိုင်ပင်ခကလည်း စျေးကြီးလွန်းတယ်။

အဆင်ပြေပါတယ်၊ လူတွေကို အရင်ကယ်ကြရအောင်”

ချီမိသားစုက ကျင့်ချန်၏အချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်ပြီး သခင်ကြီးချီက တော်ဝင်ကုန်သည်တစ်ဦးဖြစ်သည်။ ထို့ကြောင့် လူဆိုးများနှင့် အစိုးရနှစ်ဘက်စလုံးက သူ့ကို မျက်နှာသာ ပေးထားရသည်။ ကျန်းယိဖန်းက အခြားသူများပေါ် မာနကြီးနိုင်သော်လည်း သခင်ကြီးချီ၏ရှေ့တွင်မှု လုံလုံလောက်လောက် မောက်မာနိုင်ခြင်း မရှိပေ။

ထို့အပြင် သခင်ကြီးချီနှင့်လည်း တိုင်ပင်ကြေးညှိနှိုင်းရန် မလိုအပ်ပေ။ သူက လူနာကို ကယ်တင်ပေးနိုင်သရွေ့ သခင်ကြီးချီက ကုန်ကျစရိတ်ကို  ထည့်တွက်မည် မဟုတ်ပေ။

သခင်ကြီချီက သမားတော်ကျန်း၏မောက်မာမှုကို ကောင်းစွာသိနေပြီး အခန်းတွင်းမှ  သမားတော်အား တွေ့သွားပြီး သမားတော်ကျန်း ဒေါသထွက်သွားမည်ကို စိုးရိမ်သောကြောင့် တစ်ခုခုပြောရန် ခက်ခဲသော အနေအထားကို ရောက်နေခဲ့သည်။

သို့သော်လည်း သူက အားနာဟန်ဖြင့် အထဲမှာ သမားတော်တစ်ယောက်က ကျွန်တော့်ဇနီးကို ကုသပေးနေပါတယ်”

သူ မျှော်လင့်ထားသည့်အတိုင်း သူ့စကားဆုံးသည်နှင့် ကျန်းယိဖန်း၏မျက်နှာက မည်းမှောင်သွားကာ မကျေနပ်သဖြင့် လက်ခုပ်အုပ်လိုက်ပြီး "သခင်ကြီးချီက သမားတော် ရှာပြီးပြီဆိုတော့ ကျုပ် ပြန်လိုက်ပါဦးမယ်"

"အဲ့လို မလုပ်ပါနဲ့၊ သမာတော်ကျန်း ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ"

သခင်ကြီချီက  အခန်းထဲမှ အခေုအနေကို မသိနိုင်သလို အထဲမှ သမားတော်က တတိယသခင်မနှင့် သူမ၏ဗိုက်ထဲမှ ကလေးကို မကယ်တင်နိုင်မည်ကို ကြောက်နေသောကြောင့် ကျန်းယိဖန်းကို အမြန်တားဆီးလိုက်သည်။

ကျွန်တော်မိန်းမက အခုန သွေးတွေ အရမ်းထွက်နေပြီး၊ ​​အဲဒီသမားတော်က ဆိုင်မှာ တစ်ခုခု ဝယ်ဖို့ ရောက်နေတာပါ။ သူက ဒီအကြောင်းကို ကြားသွားပြီး ဆေးကုပေးဖို့ ရောက်လာခဲ့တာပါ”

သခင်ကြီချီက ကျန်းယိဖန်း နားလည်မှု မလွဲစေရန် ရှင်းပြလိုက်သည်။

လက်တွေ့မှာ သူက သမားတော်နှစ်ဦးကို ဖိတ်ခေါ်မိသလို ဖြစ်နေခဲ့တယ်။ သမားတော်တွေက တစ်ယောက်စီမှာ မတူညီတဲ့ ကုသမှု အစီအစဉ်တစ်ခုစီရှိ ကြပြီး သူတို့သတ်မှတ်တဲ့ ဆေးတွေကလည်း ကွဲပြားတယ်။  နှစ်ယောက်တော် ဖိတ်ခေါ်ရင် ဘယ်သူစကားကို နားထောင်မှာလဲ?

"သခင်ကြီးချီ၊ ခင်ဗျားနဲ့ မသိတဲ့လူကို ခင်ဗျား ဘယ်လို ယုံကြည်လိုက်တာလဲ?"

အတွင်းမှ သမားတော်က စျေးလာဝယ်သူတစ်ဦးသာဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် ကျန်းယိဖန်းက ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သခင်ကြီးချီကို စတင်အပြစ်တင်လိုက်သည်။

ဒါက သခင်မနဲ့ သခင်ငယ်လေးတို့ရဲ့ ဘဝတွေနော်၊ ဟာသမဟုတ်ဘူး”

သူ့စကားဆုံးသည်နှင့် အခန်းထဲမှ ကျယ်လောင်သော ကလေးငိုသံ ထွက်ပေါ်လာသည်။ သခင်ကြီးချီက သူ့ကို စကားပြန်ပြောရန်ပင် စိတ်မ၀င်စားနိုင်တော့ဘဲ တံခါးကို စိုက်ကြည့်နေရင်း သူ့လက်ကိုပင် ဘယ်မှာထားရမှန်း မသိအောင် စိတ်လှုပ်ရှားနေခဲ့သည်။

ကျန်းယိဖန်းက မျက်မှောင်ကြုတ်လိုက်သည်။

ဒါက ကြက်ကန်းဆန်အိုးတိုးတာပဲ ဖြစ်လိမ့်မယ်။ တတိယသခင်မက မွေးဖွားတော့မှာမို့  အထဲက တယောက်က ကံကောင်းသွားတာ ဖြစ်နိုင်တယ်။

ဂုဏ်ယူပါတယ် သခင်ကြီး၊ တတိယသခင်မက သခင်ကြီးအတွက် သခင်ငယ်လေးတစ်ယောက် ဖွားမြင်ပေးခဲ့ပါတယ်"

တံခါးပွင့်လာပြီး တတိယသခင်မ၏အစေခံမလေးက စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်။ သူမက သခင်ကြီးချီကို ဦးညွှတ်လိုက်ပြီး သတင်းကောင်းကို ဝမ်းမြောက်စွာ သတင်းပို့လိုက်သည်။

"ဘိုးဘေး၊ ဘိုးဘေးတွေက ငါ့ကို ချီးမြှောက်လိုက်ပြီ!"

သခင်ကြီးချီက အလွန်စိတ်လှုပ်ရှားနေသဖြင့် ကျန်းယိဖန်းကို လုံးလုံး မေ့သွားကာ သူ့လက်များကို လက်ခုပ်အုပ်ရင်း ကောင်းကင်ကို ဦးညွှတ်နေခဲ့သည်။

ဆရာကြီး၊ လျန်တစ်ထောင် ပေးရတာက ထိုက်တန်ပါတယ်”

တတိယသခင်မနှင့် သူမ၏သားလေး ဘေးကင်းသွားကြောင်း သေချာသွားပြီး‌နောက် ဆိုင်ရှင်က ချက်ချင်း ဝမ်းသာသွားခဲ့သည်။

သူ ခေါ်လာတဲ့သမားတော်က တတိယသခင်မနဲ့ သခင်ငယ်လေးကို ကယ်တင်ပေးနိုင်ခဲ့တယ်၊ သခင်ကြီးက သူ့ကို ကောင်းကောင်း ချီးကျူးမှာ မဟုတ်လား?

သူက မျက်နှာဝင်ယူရန် ကမန်းကတန်း ရှေ့ထွက်လိုက်သည်။

ဟား ဟား၊ မှန်တယ်။ တကယ် ထိုက်တန်တယ်။ တစ်ယောက်လောက် လာစမ်း။ စာရင်းကိုင်အခန်းကို သွားပြီး ငွေစက္ကူတွေ ယူလာခဲ့။ ဒီလူငယ်လေးကို ကောင်းကောင်း ကျေးဇူးတင်ရမှာပေါ့”

သခင်ကြီးချီက ကျယ်လောင်စွာ ရယ်မောနေပြီး စိတ်အခြေအနေကောင်းနေပုံရသည်။

သူ့မှာ သားတစ်ယောက်ရလာပြီဆိုတော့ ဘဝအတွက် ပိုယုံကြည်မှု ပိုရှိလာပြီ။ သူ ကောင်းမွန်တဲ့ဘဝလေးမှာ ရှင်သန်နေထိုင်ဖို့ ပိုစိတ်အားထက်သန်ပြီး စိတ်ဓာတ်တက်ကြွနေခဲ့တယ်။ နောက်ဆုံးတော့  သူရဲ့ များပြားလှတဲ့ စည်းစိမ်ဥစ္စာတွေကို အမွေဆက်ခံနိုင်မယ့် တစ်ယောက်ယောက် ရှိလာခဲ့ပြီ။

လျန်တစ်ထောင် မပြောဘဲ လျန်တစ်သောင်းပေးရလည်း တန်တယ်။

အတွင်းမှ သမားတော်က  လျန်ငွေတစ်ထောင် ရနိုင်ခဲ့သည်ကို ကြားလိုက်ရချိန်တွင် ကျန်းယိဖန်း၏ မျက်လုံးများက နီရဲလာသည်။

သူ့ရဲ့ဆွေးနွေးတိုင်ပင်ခက စျေးကြီးပေမယ့် တစ်ကြိမ်ကို ဆယ်လျန်လောက်ပဲ ရတာလေ။ လျန်တထောင်ဆိုတာ သူ တွေးတောင် မတွေးဝံ့တဲ့အရာပဲ။

ဒီငွေက အစက သူ ရသင့်တဲ့ငွေဆိုပေမယ့် အတွင်းထဲက သမားတော်က သူ့လက်ထဲက ငွေတွေကို လုယူသွားခဲ့တယ်။

ဒါက  ညှိနှိုင်းလို့ မရနိုင်တဲ့ အမုန်းတရားတစ်ခုဖြစ်လာပြီ။

ကျန်းယိဖန်းက စူးချင်း၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို သူ့၏ဘေးနားမှ အစေခံတစ်ယောက်ကို ထပ်မေးလိုက်ပြီး စူးချင်းက ​​တစ်ခုခု ဝယ်ရန် ရောက်လာသော လူငယ်တစ်ယောက်ဖြစ်ကြောင်း သူ သိလိုက်သောကြောင့် သူက ချက်ချင်း ယုံကြည်မှု ပိုရှိလာခဲ့သည်။

"သခင်ကြီး၊ ပုံမှန်ဆိုရင်တောင် သခင်မက မွေးတော့မှာပါပဲ။ အထဲမှာ တစ်ယောက်က ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးဖမ်းရုံပါပဲ။ ဒီလိုလှည့်စားနေတဲ့ သမား‌တော်တွေကို မယုံပါနဲ့”

ကျန်းယိဖန်း၏လေသံက တော်တော်ကို မထီမဲ့မြင် ပြုနေပုံရပြီး သူက စူးချင်းကို လိမ်လည်သော သမားတော်တစ်ယောက်ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူက သူမကို လူလိမ်လို့ လွယ်လွယ်လေး ပြောလိုက်တယ်ပေါ့။

အခန်းအတွင်းမှ စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အာဟာရ ပြန်ဖြည့်တင်းရန်နှင့် သွေးအားပြန်ဖြည့်တင်းရန် လိုအပ်သောဓာတ်စာများနှင့် သွေးမတည်မငြိမ်ဖြစ်မှုများကို ဖယ်ရှားပေးနိုင်မည့် ဆေးများကို ညွှန်ကြားပြီးခါစ ဖြစ်သည်။ သူမ၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အဆင့် ၅ သို့ ရောက်သွားပြီးကတည်းက သူမက လူနာအတွက် ဆေးစာများရေးနိုင်နေပြီ ဖြစ်သည်။ သူမက ရောဂါကို မှန်ကန်အောင် ခန့်မှန်းနိုင်သလို ကုသပေးရာတွင် ပြဿနာ မရှိပေ။

ထို့အပြင် ရှောင်ချီကလည်း သူမကို စောင့်ကြည့်‌ပေးနေပြီး သူမ ဆေးမှားနေရင် ချက်ချင်း ထောက်ပြပေးနိုင်သည်။

စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် ဆေးစာ ပေးခဲ့ပြီးနောက် အခန်းထဲမှ ထွက်လာချန်တွင် ကျန်းယိဖန်း၏အဓိပ္ပါယ်မဲ့သောကို စကားကို ကြားလိုက်ရသည်။

သူမက ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သူတွေနဲ့ အချိန်ဖြုန်းဖို့ စိတ်မ၀င်စားဘူးလေ။ အဲ့တာကြောင့် သူမက သခင်ကြီးချီဆီကိုပဲ တိုက်ရိုက်သွားလိုက်တယ်။

"သခင်ကြီးချီ၊ အမေရော ကလေးရော ဘေးကင်းတယ်"

ဆိုလိုရင်းကတော့ ငါက ငါ့ကတိကို တည်တယ်။ အခု မင်း မြန်မြန် ပြန်ပေးမယ့်အလှည့်ပဲ။

ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် သမား‌တော်လေး။ ကျေးဇူးပြုပြီး အခန်းထဲ ဝင်ထိုင်ပါဦး။ ဆွေးနွေးတိုင်ပင်ကြေး သွားယူဖို့ အစေခံတွေကို အမိန့်ပေးထားပြီးပါပြီ။ ဒီလူအိုကြီး အရက်နဲ့ သက်သတ်လွတ်ဟင်းပွဲအချို့လည်း ပြင်ဆင်ပေးထားတယ်။ မင်္ဂလာအရက်တစ်ခွက်သောက်ဖို့ သမားတော်လေးကို ဖိတ်ခေါ်ချင်ပါတယ်”

သခင်ကြီးချီက ကျန်းယိဖန်း၏စကားကို နားမထောင်ဘဲ စူးချင်းကို ကျေးဇူးတင်စကားဆိုကာ လက်ခုပ်အုပ် အရိုအသေပေးနေရင်း သူမကို ဧည့်ခံရန်  လှိုက်လှိုက်လှဲလှဲ ကြိုးစားနေခဲ့သည်။

သူက ဘာပဲဖြစ်ဖြစ် သူ့ကတိကို သူ စောင့်ထိန်းမှာပါ။ သူ့ဇနီးနဲ့ သူ့သားကို မကယ်တင်နိုင်ရင်  ဒီနယ်လှည့်သမားတော်တစ်ယောက်ကို သူ့နှိမ့်ချမိမှာ သေချာပေမယ့် လူတွေကို ကယ်တင်နိုင်သရွေ့တော့ ဘယ်လိုသမားတော်ဖြစ်ဖြစ် အဆင်ပြေတယ်။ လူကို ကယ်နိုင်သရွေ့ သမားတော်ကောင်းပဲ။

ကျန်းယိဖန်းက စူးချင်းကို ပို၍ပင် အထင်အမြင်သေးလာပြီး မထီမဲ့မြင်ပြုလာခဲ့သည်။  သူ့လို ရွာကလူတစ်ယောက်က သမား‌တော်ဖြစ်နိုင်တယ်ဆိုတာကို သူ လုံးဝ မယုံနိုင်ဘူး။

သခင်ကြီးချီက  စူးချင်းကို အလွန်လေးစားသည်ကို မြင်လိုက်ရသောကြောင့် သူက ဒေါသပိုထွက်လာပြီး စူးချင်းကို ရန်စလာခဲ့သည်။

ဒီညီလေးက ဘယ်လိုဆေးစာအုပ်တွေ သင်ယူပြီး ဘယ်ဆရာဆီကနေ သင်ယူခဲ့တယ်ဆိုတာကို ငါ သိချင်မိတယ်”

"ဒီသမားတော်လေးက တော်ဝင်သမားတော်မျိုးဆက်ကနေ ဆင်းသက်လာတဲ့သူပါ"

ကျန်းယိဖန်း၏ ဒေါသနှင့် သူ၏ မထီမဲ့မြင်ပြုသော သဘောထားကို ခံစားလိုက်မိသော သခင်ကြီးချီက စိတ်မချမ်းသာတော့ဘဲ အေးစက်သောမျက်နှာဖြင့် စူးချင်းကို အမြန် ကူညီပေးလိုက်သည်။

"အိုး? ငါက အရည်အချင်း မပြည့်မီပေမယ့် ငါ့အဘိုးက တစ်ချိန်က တော်ဝင်ဆေးဌာနမှာ အလုပ် လုပ်ခဲ့ဖူးတယ်။ ဒီညီလေးက ဘယ်တော်ဝင်သမားတော်ကနေ ဆင်းသက်လာလဲလို့ တွေးနေမိတယ်။ ငါ့အဘိုးရဲ့ မိတ်ဆွေဟောင်းတွေများ ဖြစ်နေမလား?!”

ကျန်းယိဖန်းက အလွန်ရန်လိုနေပြီး စူးချင်းကို အရှက်ခွဲရန် ဆုံးဖြတ်ထားပုံရသည်။

ဒီအစ်ကိုရဲ့အသက်ရှုသံက မကောင်းဘူး၊ မျက်လုံးတွေ နီရဲနေပြီး အတွင်းမှာ အပူတွေ များနေပုံပဲ။ ခင်ဗျားရဲ့နှလုံးသားက မနာလို စိတ်တွေ များနေတော့ သူများကိုပဲ မြင်နေပြီး သမားတော် တစ်ယောက်အနေနဲ့ ကိုယ်ရဲ့အသေးအမွှားရောဂါလေးကိုတောင် မကုသနိုင်တော့ဘူးလို့ ကျုပ် ထင်တယ်၊ ခင်ဗျားကိုဘ် ခင်ဗျား တော်ဝင်သမားတော်ရဲ့ မျိုးဆက်လို့ ပြောဖို့ မျက်နှာရှိနေတုန်းပဲလား?”

စူးချင်းက သူမ၏ နှာခေါင်းကို အုပ်ကာ ပြောနေပြီး သူမ၏အသံက အေးစက်နေကာ သရော်မှုများ အပြည့်ရှိနေခဲ့သည်။

သူမ သခင်ကြီးထံမှ ဆေးကုခ လျန်တစ်ထောင်ရခဲ့သည့်အတွက် ကျန်းယိဖန်းက မနာလိုဖြစ်နေကြောင်း သူမက ထောက်ပြလိုက်သည်။ စိတ်သဘောထားသေးသိမ်ပြီး မနာလိုဝန်တိုတက်တဲ့ သမားတော်က တော်ဝင်သမားတော်တစ်ဦးက ဆင်းသက်လာတဲ့သူလို့ ဘယ်လိုများ ပြောရဲရတာလဲ?

ဟား.... ဟား… ဒီညီလေးရဲ့လေသံကတော့ ပေါ့သေးသေး မဟုတ်ဘူးပဲ။ မင်းရဲ့ ဆေးပညာက ထူးချွန်တယ်ဆိုရင် မင်း ငါ့နဲ့ ပြိုင်ရဲလား?"

ကျန်းယိဖန်းက စူးချင်း၏ ပုတ်ခတ်ပြောဆိုမှုကြောင့် ဒေါသထွက်လာပြီး သူမနှင့် ယှဉ်ပြိုင်ရန်ပင် စိန်ခေါ်နေပြီ ဖြစ်သည်။

ကောင်းပြီလေ”

စူးချင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

သူက အရှက်တကွဲ အကျိုးနည်း ဖြစ်ချင်နေမှတော့ သူမက သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။

ကျုပ် ရောက်လာစတုန်းက တတိယသခင်မက သွေးထွက်လွန်ပြီး အသက်အန္တရာယ် ကြုံနေရတယ်။ ကျုပ် တတိယသခင်မကို ကုသပေးနိုင်တာက ကံကောင်းတယ်လို့ ဒီအစ်ကိုက ထင်နေမှတော့ တခြားဘာကိုမှ မပြိုင်တော့ဘူး။ ဘယ်သူက သွေးတိတ်အောင် အရင် လုပ်နိုင်မလဲ ကြည့်လိုက်ကြရင်အောင်”

ကောင်းပြီလေ”

ထိုအရာက သူ့အတွက် လုံးဝ မခက်ခဲဘူးဟု ကျန်းယိဖန်းက တွေးနေမိသည်။

သွေးတိတ်အောင်ထိန်းရတဲ့ ကိစ္စက သူ့အတွက်ကလေးကစားစရာတစ်ခုပဲ။ မုန့်ကို ဖဲ့စားရတာထက်‌တော် ပိုလွယ်သေးတယ်။ သူ့လို နာမည်ကြီးသမားတော်တစ်ယောက်က အမည်မသိတဲ့ ကျင်းဟူက ဆေးဆရာကို ဘယ်လို ရှုံးနိုင်ပါ့မလဲ။ သူက အရမ်းကို အဆင်သင့် သဘောတူလိုက်ပြီး  စူးချင်းရဲ့မျက်နှာကို ဖြတ်ရိုက်ဖို့ စောင့်ဆိုင်းနေမိတယ်။ သူက ဒါကို အခွင့်ကောင်းယူပြီး ဒီလူငယ်လေးက လိမ်စားနေတဲ့ သမားတော်ဆိုတာကို သခင်ကြီးချီကို မြင်ခွင့်ပေးလိုက်မယ်။

ကျန်းယိဖန်းက သဘောတူလိုက်သည်ကို မြင်လိုက်သာကြောင့် စူးချင်း၏မျက်လုံးများက သခင်ကြီးချီဆီသို့ ရောက်သွားပြီး အေးစက်စက်ဖြင့် မေးလိုက်သည်။

"သခင်ကြီးချီ၊ ခင်ဗျားမှာ ဓားရှိလား? ကျွန်တော့်ကို ခဏငှားပါ"

✍️✍️✍️