Chapter 120 ဘာလို့ ဓားလိုတာလဲ?
Viewers 17k

အခန်း ၁၂၀ ဘာလို့ ဓားလိုတာလဲ?

စူးချင်းက အဘယ်ကြောင့် ဓားလိုချင်မှန်း မသိသော်လည်း ယနေ့ စူးချင်းအပေါ် ထားရှိသော ကျန်းယိဖန်း၏ သဘောထားက သခင်ကြီးချီကို အလွန်ဒေါသထွက်စေခဲ့သည်။

ဒီလူငယ်လေးက သူ့ရဲ့ဇနီးနဲ့ သားကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်လေ။ ကျန်းယိဖန်းက ဒီလူငယ်လေးကို အပြင်းအထန် အရှက်ခွဲနေတာက သူ့ကို အရှက်ရစေတာနဲ့ အတူတူပဲလေ။

"ဓား သွားယူခဲ့"

သခင်ကြီးချီက သူ့၏အစေခံများကို အမိန့်ပေးလိုက်ပြီး သူ့၏မျက်နှာက ရေကဲ့သို့ ငြိမ်သက်နေကာ ကျန်းယိဖန်းကို ကြည့်နေသော သူ့အကြည့်များက ပို၍ပင် အေးစက်လာသည်။

ကျန်းယိဖန်းက သူ  သခင်ကြီးချီကို စော်ကားခဲ့မိသည်ကို မသိသေးဘဲ စူးချင်းက သမားတော်အတုဖြစ်ကြောင်း သခင်ကြီးချီကို ပြသရန် စိတ်စောနေခဲ့သည်။ ထိုအပြင် သူ့၏ဆေးသေတ္တာထဲမှာ သွေးတိတ်ဆေးများ ပါလာသောကြောင့်  သူ့က သူ့ကိုယ်သူ အပြည့်အဝ ယုံကြည့်နေပြီး ဒီသမားတော်လိမ်ကို  ဝန်ခံတောင်းပန်စေမည် ဖြစ်သည်။

သူက စူးချင်း၏မျက်နှာကို ဖြတ်ရိုက်ပြီး သူကသာ ထူးချွန်ထက်မြက်ပြီး ကျွမ်းကျင်သော နာမည်ကြီးသမားတော်တစ်ယောက်ဖြစ်ကြောင်း သက်သေပြရန် စိတ်စောနေသောကြောင့် စူးချင်းက ဓားတောင်းနေသည်ကိုပင်  သူက လုံးဝ သတိမထားမိပေ။

ခဏအကြာတွင် အစေခံတစ်ယောက်က သက်တော်စောင့်တစ်ယောက်စီမှ   သံမဏိဓားတစ်ချောင်းကို သွားယူလာခဲ့သည်။ ချွန်ထက်သော သံမဏိဓားက နေရောင်အောက်တွင် တောက်ပနေပြီး ဓားအလင်းကြောင့် ကျန်းယိဖန်း၏ မျက်လုံးများ မှိန်ဖျော့သွားကာ ထိုအချိန်မှ အစေခံက စူးချင်းထံသို့ ဓားတစ်ချောင်း လှမ်းပေးလိုက်သည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

စူးချင်းက ဘာလုပ်ရန် ကြိုးစားနေသည်ကို သူ နားမလည်သော်လည်း စူးချင်း၏ မျက်လုံးများမှ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်များကို မြင်လိုက်ရသောကြောင့် သူ ချက်ချင်း ထိတ်လန့်ကြောက်လန့်သွားတော့သည်။

ဒီလူက ဖော်ထုတ်ခံလိုက်ရလို့ ဒေါသထွက်ပြီး သူ့ကို သတ်ပစ်ချင်နေတာလား?

ကျန်းယိဖန်းက သခင်ကြီးချီ၏နောက်သို့ ဝင်ပုန်းရန် ကြိုးစားလိုက်ချိန်မှာပင် စူးချင်းက သူ့လက်မောင်းကို ဓားဖြင့် လှမ်းခြစ်လိုက်သည်။

ကျန်းယိဖန်းက သူ့လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့အသားကို ချွန်ထက်သော ဓါးဖြင့် အဖြတ်ခံလိုက်ရသည့် ခံစားချက်က တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ သူ့လက်မောင်းမှ သွေးများ တဟုန်ထိုး စီးကျလာသည်ကို မြင်လိုက်ရသောကြောင့်  ကျန်းယိဖန်းက သခင်ကြီးချီ၏နောက်တွင် ပုန်းအောင်းနေရင်း ကြောက်လန့်တကြားဖြင့် သူ့လက်မောင်းကို တစ်ခြားလက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

"သခင်ကြီးချီ၊ ကယ်ပါဦး။ ငါ့ကို ကယ်ပါဦး! သူက ငါ့ကို သတ်ဖို့ ကြိုးစားနေတာ!"

စူးချင်းက ဘာမှ မထူးခြားသောအမူအရာဖြင့် ဓားကို ပစ်ချလိုက်ပြီး ကျန်းယိဖန်းကို လှမ်းကြည့်လိုက်ကာ "ငါတို့ အခု ပြိုင်လို့ ရပြီ"

အရူး၊ ဒီလူက အရူးပဲ။ ကျေးဇူးပြုပြီး ဒီကိစ္စကို ရုံးတော်ကို အမြန်အကြောင်းကြားပေးပါ၊ ကူညီပေးကြပါ။ သူ့ကို အာဏာပိုင်တွေဆီကို ခေါ်သွားပေးပါ”

စူးချင်း၏စကားကို ကြားလိုက်သောကြောင့် ကျန်းယိဖန်းက ဒေါသအလွန်ထွက်နေပြီး နှာပင် တွန့်သွားရသည်။ သူက စူးချင်းကို လက်ညှိုးဖြင့် ထိုးနေပြီး ကယောင်ကတမ်း ကျိန်ဆဲနေရင်း သူ့အတွက် လက်စားချေပေးရန် သခင်ကြီးချီကို အကူအညီ တောင်းနေခဲ့သည်။

"သမားတော်ကျန်း၊ မင်း သွေးတိတ်အောင် အမြန်လုပ်ဖို့ ငါ အကြံပေးချင်တယ်"

သခင်ကြီးချီက သူ့လက်များကို ခါယမ်းလိုက်ပြီး ကျန်းယိဖန်းကို အေးစက်သောလေသံဖြင့် သတိပေးလိုက်သည်။ ထိုမှသာ ကျန်းယိဖန်းက သူ့လက်မောင်းမှ သွေးများကို တိတ်အောင် ပြုလုပ်ရမည်ဟု သတိရသွားတော့သည်။ သို့သော်လည်း သူ့လက်မောင်းမှ သွေးများက မြေပြင်တစ်ခုလုံး ရဲနေအောင် စီးကျနေသည်ကို မြင်လိုက်ရသောကြောင့် သူ ထိတ်လန့်သွားရပြန်သည်။ ထိုကဲ့သို့ သွေးအလွန်အကျွံ ဆက်ထွက်နေလျှင် မကြာမီ သူ သေသွားနိုင်ပေလိမ့်မည်။

စူးချင်းက သူ့ကို အေးအေးဆေးဆေး စောင့်ကြည့်နေပြီး သူက တုန်တုန်ယင်ယင်ဖြင့် သူ့လက်ထောက်ကို သွေးတိတ်ဆေး ထုန်ပေးရန် အမိန့်ပေးလိုက်သည်။

သခင်ကြီးချီက စူးချင်းကို မသိမသာ အကဲခတ်နေသည်။ ဒီလူက ရက်စက်ပြီး တည်ငြိမ်လွန်းတယ်။ သူတောင်မှ စော်ကားဖို့ မတတ်နိုင်တဲ့သူမျိုးပဲ။

သူ ဒီလူငယ်လေးကို ဆေးကုသပေးတဲ့ အခကြေးငွေ မပေးမိရင် ဒီလူက မျက်တောင်တောင်မခတ်ဘဲ သူ့မိသားစုတစ်ခုလုံးကို သတ်ပစ်နိုင်တယ်လို့တောင် သူ တွေးနေမိတယ်။

သခင်ကြီးချီက စူးချင်းကို အကဲခတ်နေစဥ်တွင် ကျန်းယိဖန်းက သူ၏ဒဏ်ရာပေါ်သို့ သွေးတိတ်ဆေးကို လောင်းချလိုက်ပြီး ဆေးတစ်လုံး သောက်ကာ သူ့လက်ထောက်အား ပတ်တီးစည်းပေးရန် ကူညီခိုင်းလိုက်သည်။

သို့သော်လည်း သွေးများက အလျင်အမြန် ထပ်စီးကျလာသဖြင့် သူ့၏မျက်နှာက စက္ကူဖြူကဲ့သို့ ဖြူဖျော့လာသည်။ သူ့ဒဏ်ရာပေါ်ကို သူ လောင်းချထားသည့် သွေးတိတ်ဆေးက သွေးထွက်ခြင်းကို မရပ်တန့်နိုင်စေပေ။ သူ့လက်ထောက်က သူ့ဒဏ်ရာကို အရူးအမူး ပတ်တီးစည်းပေးနေသော်လည်း အသုံးမဝင်တော့ပေ။ စူးချင်းက သူ၏သွေးလွှတ်ကြောများကို ဖြတ်တောက်ခဲ့သောကြောင့် သာမန်သွေးတိတ်ဆေးများက မည်သို့ သွေးတိတ်စေရန် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

"ဆရာ၊ ကျွန်တော် မလုပ်နိုင်တော့ဘူး၊ သွေးတွေကို တားလို့ မရတော့ဘူး!"

ဆေးပညာသင် လက်ထောက်လေးက ဒဏ်ရာပေါ်တွင် ပတ်ထားသော အဝတ်ဖြူပေါ်မှ နီရဲနေသည့် သွေးများကို ကြည့်နေရင်း အထိန့်တလန့် ဖြစ်နေကြသည်။ သူက ဒဏ်ရာကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားပြီးသား ဖြစ်နေသော်လည်း သွေးထွက်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။

ထိတ်လန့်တုန်လှုပ်နေသည်မှာ ထိုလက်ထောက်လေးတစ်ယောက်တည်း မဟုတ်ဘဲ ကျန်းယိဖန်းကိုယ်တိုင်လည်း ထိတ်လန့်နေပြီ ဖြစ်သည်။ သူသည် သူ၏ သွေးတိတ်ဆေးကို အလွန်ယုံကြည်မှု ရှိခဲ့သော်လည်း ၎င်းက သူ့၏သွေးထွက်ခြင်းကိုပင် မတားဆီးနိုင်လောက်အောင် ထိရောက်မှု မရှိဖြစ်နေလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး အေးစက်နေပြီး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ဤသည်မှာ သွေးအလွန်အကျွံ ဆုံးရှုံးခြင်း၏လက္ခဏာပင် ဖြစ်သည်။

သူ ဒီနေ့ ဒီမှာ သေရတော့မှာလား?

"သခင်ကြီးချီ၊ ငါ့ကို ကယ်ပါဦး!"

ကျန်းယိဖန်းက သခင်ကြီးချီကို အကူအညီ တောင်းနေပြီး သူ့၏အသံကလည်း အားနည်းလာပြီ ဖြစ်သည်။

"သမားတော်ကျန်း မင်းက သမားတော်ပါ။ မင်းတောင်မှ သွေးတိတ်အောင် မတားနိုင်ရင် ဒီအဘိုးကြီးက မင်းကို ဘယ်လို ကယ်တင်ပေးနိုင်မှာလဲ?"

သခင်ကြီးချီက ငတုံး မဟုတ်သောကြောင့် အခြေအနေကို သူက အလွယ်တကူ  နားလည်နိုင်သည်။ ကျန်းယိဖန်း၏ သွေးတိတ်ဆေးက ထိရောက်မှု မရှိသည်ကိုလည်း သူ မြင်နိုင်သည်။ စူးချင်းကို ရှာတွေ့ခဲ့သည့်အတွက်လည်း သူ ဝမ်းသာနေမိသည်။

ဒီလူငယ်လေးကိုသာ ရှာမတွေ့ရင် သူ့မိန်းမနဲ့ကလေးကို ကယ်တင်ပေးမယ့်သူသာ မရှိဘဲ အလောင်းနှစ်လောင်း ဖြစ်နေမှာကိုတောင် သူ စိုးရိမ်မိသေးတယ်။

သို့သော်လည်း သခင်ကြီးချီ၏စကားများက ကျန်းယိဖန်းအား သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားရစေခဲ့သည်။

မင်းက မင်းရဲ့ဆေးပညာကို အရမ်း ယုံနေတာ မဟုတ်ဘူးလား? အခု မင်းရဲ့ဒဏ်ရာကိုတောင် ဘာလို့ မကုနိုင်ရတာလဲ?

သွေးထွက်တာက အရမ်းမြန်လွန်းလို့ သာမန်ဆေးတွေနဲ့ တားလို့ မရတော့ဘူး။ ဒဏ်ရာကို အရင် ချုပ်ရမှာ”

ကျန်းယိဖန်းက ဖျော့တော့နေသော မျက်နှာဖြင့် ရှင်းပြလိုက်သည်။ သူက မတ်မတ်ပင် မရပ်နိုင်တော့ပဲ သွေးတိတ်စေမည့် အပ်စိုက်ကုထုံးအမှတ်များကို ဖိနှိပ်ရန် ကြိုးစားနေသော်လည်း သွေးထွက်နေခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူ၏အမြင်အာရုံက မည်းမှောင်လာပြီး သူ့၏ခန္ဓာကိုယ်က တဖြည်းဖြည်း အေးစက်လာသည်။

သူ သေရတော့မှာလား?

"သမားတော်လေး၊ သမားတော်ကျန်းအတွက် သွေးတိတ်အောင် လုပ်ပေးနိုင်မလား? ငါ့ရဲ့သားလေးက အခုမှ မွေးတာဆိုတော့ ကံကောင်းမှုလေးတွေ လိုချင်လို့ပါ”

သခင်ကြီးက စူးချင်းဘက်သို့ လက်ခုပ်အုပ်ကာ ‌တောင်းဆိုလိုက်သည်။

ဒီလို ပျော်စရာကောင်းတဲ့နေ့လေးမှာ တစ်ယောက်ယောက် သူ့အိမ်မှာ သေသွားရင် အရမ်းစိတ်ပျက်စရာကောင်းသွားလိမ့်မယ်၊ အဲ့တာကြောင့် ဒီသမားတော်က ကျန်းယိဖန်းကို ကယ်တင်ပေးဖို့ သူ မျှော်လင့်မိတာပါ။

ပြဿနာ မရှိဘူး”

စူးချင်းက တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်ပြီး ကျန်းယိဖန်း၏ပါးစပ်ကို ဆွဲဖွင့်ကာ ဆေးလုံးတစ်လုံး ပစ်ထည့်ပေးလိုက်သည်။ ထို့နောက် သူ့လက်မောင်းကို ဆွဲယူကာ သွေးတိတ်စေမည့် အပ်စိုက်မှတ်များကို ဖိလိုက်ပြီး အနီရောင်ဆေးကို ဒဏ်ရာပေါ်သို့ ဖြူးပေးလိုက်သည်။

စူးချင်းက ကျန်းယိဖန်းအား ဆေးတစ်လုံး တိုက်လိုက်ပြီး သူ၏ဒဏ်ရာပေါ်သို့ အနီရောင်ဆေးမှုန့်အချို့ကို ဖြူးပေးပြီးနောက်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့်အရှိန်ဖြင့် စီးကျနေသော သွေးများက ရပ်တန့်သွားသည်။ စူးချင်းက ပတ်တီးစည်းရမည့်ကိစ္စကို  လက်ထောက်ကောင်လေးဆီ လွှဲပေးလိုက်သည်။

ဒီဟန်ဆောင်ကောင်းပြီး စိတ်သဘောထားကျဉ်းမြောင်းတဲ့ ကြောင်သူတော်ကောင်ကို ကုသပေးဖို့ သူမ စိတ်မ၀င်စားတော့ဘူး။

စူးချင်း၏ဆေးအာနိသင် ထိရောက်မှုကို တွေ့မြင်ပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ကျန်းယိဖန်းက ဘာမှ ထပ်မပြောဝံ့တော့ဘဲ သူ့လက်မောင်းမှ ဒဏ်ရာကို အုပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားခဲ့သည်။

"သခင်လေး၊ မင်းက တကယ့်ကို နတ်ဆေးသမားတော်ပဲ!"

သခင်ကြီးချီက စူးချင်း တတိယသခင်မကို ကုသပေးမှုအား မတွေ့မြင်ခဲ့ရသော်လည်း ယခုအချိန်တွင် စူးချင်း၏ ဆေးပညာက ထူးခြားလှပြီး သွေးများကိုပင် အလွယ်တကူ တားဆီးနိုင်သည်ကို သူ့မျက်စိဖြင့် မြင်ခွင့်ရလိုက်သည်။

ဒီဆေးကို စစ်တပ်မှာ သုံးနိုင်ခဲ့မယ်ဆိုရင် စစ်သည်တွေ အများကြီးရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ ဒါက ကြီးမားတဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခုပဲ။

သခင်ကြီးချီက ထိုသွေးတိတ်ဆေး ဖော်စပ်နည်းကို ဝယ်ချင်နေသည်။ ထို့နောက်တွင် သူက ထိုဆေးနည်းဖြင့် တော်ဝင်မိသားစုအတွက် အကျိုးပြုနိုင်သော ဆေးဝါးပညာရှင်တစ်ဦး ဖြစ်လာရန် အသုံးပြုချင်နေခဲ့သည်။

"ကျွန်တော့်မှာ လုပ်စရာတွေ ရှိနေသေးတယ်၊ တိုင်ပင်ကြေး?!"

စူးချင်း၏အမူအရာက အေးစက်နေပြီး သူမက အာလာပသလာမ မပြောတော့ဘဲ ဆေးကုသခကိုသာ တိုက်ရိုက်တောင်းလိုက်တော့သည်။

အံ့ဖွယ်သမားတော်များအားလုံးက သူတို့၏ကိုယ်ပိုင်စရိုက်များ ရှိကြသည်ကို နားလည်နေသောကြောင့် သခင်ကြီးချီက စူးချင်း၏သဘောထားကို ဂရုမစိုက်ဘဲ သူမကို ဦးညွှတ်လိုက်ကာ "သမားတော်လေး၊ မင်း ပြောတာကို ငါ မကျေမနပ် မဖြစ်ပါဘူး။ ဒါပေမယ့် ငါက မင်းရဲ့ဆေးဖော်စပ်နည်းကို ဝယ်ယူချင်တယ်။ မင်း လိုချင်တဲ့စျေးနှုန်းကို ပေးနိုင်ပါတယ်။ ငါ စျေးမစစ်ပါဘူး"

"ဒါက ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ လျှို့ဝှက်ချက်ဆေးနည်းဆိုတော့ အပြင်လူကို မပေးနိုင်ဘူး"

စူးချင်းက စကားတစ်ခွန်းတည်းဖြင့် သူ့ကို ချက်ချင်း ငြင်းပယ်လိုက်သည်။

ရှားပါးတဲ့အရာက ပိုတန်ဖိုးရှိတယ်လေ။ နေရာတကာ ရနေရင် ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်တော့ဘူး။

"ဒါဆိုလည်း! ကောင်းပါပြီ"

သခင်ကြီးချီက စိတ်မကောင်းစွာဖြင့် ခေါင်းညိတ်ပြရုံသာ တက်နိုင်တော့သည်။ ဘိုးဘေးတွေရဲ့ လျှို့ဝှက်ချက်နည်းလမ်းဆိုတာမျိုးက ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းပေးနိုင်တဲ့ အရာမျိုး မဟုတ်တဲ့အတွက် သူ အတင်းအကြပ် မလုပ်နိုင်တော့ဘူး။

စူးချင်းက သူမ၏ဗိုက်ထဲမှ အပူများ တဟုန်ထိုး ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူမမှာ ဒီကိစ္စအတွက် အပြင်ထွက် ဖြေရှင်းနိုင်မယ့် အချိန်မရှိတော့ဘူး။ သူမက သခင်ကြီးချီကို ကြည့်ကာ မေးလိုက်သည်။

"အိမ်သာရှိလား?"

"ရှိပါတယ်"

သခင်ကြီးချီက သူ့၏အစေခံများအား စူးချင်းကို အိမ်သာသို့ ခေါ်ဆောင်သွားရန် အလျင်အမြန် တောင်းဆိုလိုက်သည်။ စူးချင်းက သူမ၏အိတ်ကပ်ထဲတွင် ရာသီခံခါးပတ်ရှိနေသော်လည်း စက္ကူဖြတ်စ မပါလာပေ။ သူမ၏ စက္ကူဖြတ်စများက မြင်းပေါ်တွင် ကျန်နေခဲ့ပြီး သွားယူရန် အချိန်မမီတော့သောကြောင့် သူမက သခင်ကြီးချီထံမှ စက္ကူဖြတ်စ တောင်းရုံသာ တက်နိုင်တော့သည်။

"သခင်ကြီးမှာ စက္ကူဖြတ်စတွေရှိလား?"

"ရှိပါတယ်"

သခင်ကြီးချီက စက္ကူဖြတ်စများ ယူလာပေးရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်ပြီး သူက မလုံလောက်မှာကို ကြောက်သည့်အတွက် ရှိသမျှ စက္ကူဖြတ်စများ ယူလာခိုင်းလိုက်သည်။ စူးချင်းက အားလုံးကို ယူကာ အိမ်သာဘက်သို့ အမြန်ထွက်သွားတော့သည်။

ဒီနတ်ဆေးသမးတော်ရဲ့စရိုက်က နည်းနည်းတော့ ထူးဆန်းတယ်”

သခင်ကြီးချီက စူးချင်းကို အလွန်စိတ်ဝင်တစား စူးစမ်းနေပြီး သူ့၏မွေးကင်းစသားလေးကို ကြည့်ရန်ပင် မေ့လျော့နေခဲ့သည်။ စူးချင်း၏နောက်ကျောကို ကြည့်နေရင်း သူ့ဘာသာသူ ရေရွတ်နေသော်လည်း ဆိုင်ရှင်က အမြန်ဝင် ပြောလိုက်သည်။

"အံ့ဖွယ်သမားတော်တွေအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးတွေ ရှိတက်ကြတယ်"

"ငါ သူ့ကို ခေါ်ထားချင်တယ်"

✍️✍️✍️