အခန်း ၁၂၁ နှုတ်ဆက်ခြင်း
သခင်ကြီးချီက သူ့သူငယ်ချင်း၏ပြင်းထန်သောရောဂါကို
တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ဤသခင်ငယ်လေးက ဆေးပညာကို အလွန် ကျွမ်းကျင်နေသောကြောင့် ဤသမားတော်လေးက
သူ့သူငယ်ချင်း၏ရောဂါကို ကုသပေးနိုင်ရမည်ဟု သူ ယုံကြည်နေသောကြောင့် ထိုလူငယ်လေးကို
ဆက်နေခိုင်းရန် တွေးတောနေမိသည်။
"သခင်ကြီး၊ သခင်ကြီးက သခင်ကြီးချူကို ကုသပေးဖို့ သမားတော်လေးကို ခေါ်ထားချင်တာလား"
အိမ်ထိန်းက သခင်ကြီးချီ၏အတွေးများကို
ခန့်မှန်းလိုက်ပြီး အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
"အင်း၊ ဒီသခင်ငယ်လေးကို ခေါ်သွားပြီး ခရီးထွက်နိုင်မလားလို့ ငါ တွေးနေမိတယ်"
သခင်ကြီးချီက
ခေါင်းညိတ်ပြလိုက်ပြီး သူအတွေးကို ပြောပြနေချိန်တွင် တံခါးပွင့်လာပြီး တတိယသခင်မကို
ခစားသော အထိန်းတော်ကြီးက သခင်ငယ်လေးကို ခေါ်ဆောင်လာခဲ့သည်။ သခင်ကြီးချီ၏လေးနက်သောမျက်နှာက
နွေဦးလေညင်းများ ချက်ချင်း ပြည့်လာသလို နူးညံ့သွားပြီး ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာများဖြင့်
အနှီးထုပ်ထဲမှ သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။
သူက
အသက်ငါးဆယ့်ခြောက်နှစ်တွင် ဤသားလေးကို ရရှိခဲ့ပြီး ယခုအချိန်တွင် သူက ရေချိုး
သန့်စင် အဝတ်အစား လဲပြီး ဗုဒ္ဓနှင့် နတ်ဘုရားများ၏ ကောင်းချီးအတွက် ကျေးဇူးတင်ကြောင်း
ပြသချင်နေခဲ့သည်။
ချီမိသားစုက အမှန်တကယ်
ချမ်းသာသောမိသားစုဖြစ်ပြီး သူတို့၏အိမ်သာများကပင် ညစ်ပတ်နေခင်း မရှိဘဲ သန့်ရှင်းသပ်ရပ်နေသည်။
စူးချင်းက အစေခံများကို အပြင်တွင် စောင့်နေစေပြီး မည့်သူ့ကိုမျှ ဝင်ခွင့်မပေးခဲ့ပေ။
သူမ ရာသီခံခါးပတ် ဝတ်ဆင်ရန်
သူမ၏ဘောင်းဘီများ အားလုံးကို ချွတ်ပစ်ရမည် ဖြစ်ပြီး သူမက အမျိုးသား ဝတ်ရုံရှည်ကို
ဝတ်ဆင် ထားလျှင် အဆင်ပြေနိုင်သေးသည်။ သို့သော် ယခုအချိန်တွင် သူမက
သာမာန်ယောကျားဝတ်ကိုသာ ဝတ်ဆင်ထားသောကြောင့် ဖုံးကွယ်နိုင်မည့်အရာ ဘာမှ
ရှိမနေခဲ့ပေ။
စူးချင်းက စက္ကူဖြတ်စတစ်ထပ်ကို
ထူထူခေါက်လိုက်ပြီး ရာသီခံခါးပတ်ပေါ် တင်လိုက်သည်။ ဤအရာက ဂျပန်ဆူမိုနပန်းသမားများ ဝတ်ထားသော
အတွင်းခံများနှင့် အနည်းငယ်ဆင်တူနေပြီး သိပ်တော့ အဆင်မပြေလှပေ။ သို့သော် စူးချင်းက
သူမ၏ဘောင်းဘီကို အမြန်ချွတ်လိုက်ပြီး ရာသီခံခါးပတ်ကို ဝတ်ဆင်လိုက်သည်။
စူးချင်းက အဆင်ပြေ
မပြေကို ဂရုမစိုက်နိုင်တော့ဘဲ လက်ရှိတွင် သူမအတွက် အရေးကြီးဆုံးက သွေးများ အပြင်သို့
မပေါက်ကျလာစေရန်သာ ဖြစ်သည်။
ဘောင်းဘီကို ပြန်၀တ်လိုက်စဉ်တွင်
စူးချင်းက သူမ၏ဘောင်းဘီ ခွကြားနေရာတွင် သွေးများ ဖုံးလွှမ်းနေမှန်း သိလိုက်ရသည်။
အဲ့လောက်အများကြီး
ကွက်ပြီး နီရဲနေမှတော့ ဒီအတိုင်း ပြန်ဝတ်လိုက်ရင်
လူတိုင်း မြင်နိုင်မှာ မဟုတ်ဘူးလား?
ဤကဲ့သို့
ဝမ်းနည်းကြေကွဲရလောက်အောင် အရှက်ရသည့် အခြေအနေမျိုးတွင် ရှိနေရခြင်းက စူးချင်းအတွက်
ပထမဆုံးအကြိမ်သာ ဖြစ်သည်။ သို့သော်လည်း သူမက ထိုဘောင်းဘီကို ပြန်ဝတ်လိုက်ရပြီး
အပြင်မှ အစေခံကို တပ်ပြောလိုက်သည်။
"ငါ့ကို ဘောင်းဘီတစ်ထည်လောက် ဝယ်ပေးပါဦး"
ဤသည်မှာ သခင်မနှင့်
သခင်ငယ်လေးကို ကယ်တင်ခဲ့သော မြင့်မြတ်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် အစေခံများက
နှောင့်နှေးမနေဝံ့ဘဲ စူးချင်းအတွက် ဘောင်းဘီပြေးဝယ်ပေးကြရတော့သည်။
အိမ်နောက်ဖေးမှ ပြန်ထွက်လာသော
အစေခံက သခင်ကြီးချီရှေ့မှ ဖြတ်သွားရန် ပြင်ဆင်နေချိန်တွင် သခင်ကြီးချီက သူ့နောက်တွင် ပါလာရမည့် စူးချင်းကို မေးလိုက်ရာ စူးချင်းက
အစေခံကို ဘောင်းဘီဝယ်ခိုင်းလိုက်မှန်း သိလိုက်ရသည်။
“ဘောင်းဘီတင်မကဘဲ
အကောင်းဆုံးအဝတ်အစားတွေ ဝယ်ပေးလိုက်။ သခင်လေး လဲလှယ်ဝတ်နိုင်ဖို့ နှစ်စုံလောက်ဝယ်ပေးလိုက်"
သခင်ကြီးချီက အဝတ်နှစ်စုံဝယ်ရန်
ငွေစက္ကူများကို ထုတ်ယူလိုက်ပြီး ရက်ရက်ရောရောဖြင့် အစေခံကို လှမ်းပေးလိုက်သည်။ သို့သော် သမားတော်လေး၏
ဘောင်းဘီက ပြဲနေသည်ကို သူ မမြင်မိသဖြင့် နားမလည်နိုင် ဖြစ်ခဲ့ရသည်။
စူးချင်းက စိတ်မရှည်စွာဖြင့် အိမ်သာထဲတွင်
စောင့်နေခဲ့ပြီး သိပ်မကြာခင်မှာပင် အစေခံတစ်ယောက် ပြန်ပြေးဝင်လာပြီး စူးချင်းထံသို့
အဝတ်အိတ်တစ်အိတ် လှမ်းပေးကာ တရိုတသေဖြင့် “သခင်လေး၊ ကျွန်တော် သခင်လေးအတွက်
ဝတ်ရုံရှည်တစ်စုံနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဖို့ သာမာန်ဝတ်စုံတစ်စုံ ဝယ်လာခဲ့တယ်”
"ခနနေမှ မင်းရဲ့ငွေကို ပြန်ပေးမယ်"
စူးချင်းက အဝတ်အစားများကို
လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ အထည်များက သပ်ရပ်လှပနေပြီး
အပြာရောင်ပိုးသားဝတ်ရုံရှည်က ဖဲသားဖြင့် ပြုလုပ်ထားပြီး တိမ်ပုံများ ပန်းထိုးထားသော
ဝတ်စုံဖြစ်သည်။ အစိမ်းဖျော့ရောင်ဝတ်စုံက ပေါ့ပေါ့ပါးပါး ပုံစံဖြစ်ပြီး
အနည်းငယ် အဆင့်နိမ့်သည်ဟု တည်ရသော်လည်း မြင့်မြတ်သောရောင်ဝါကို ထုတ်လွှတ်ပေးနိုင်မှန်း
သိသာနေသည်။
စူးချင်းက
အပြာရောင်ဝတ်ရုံကို အစေခံ ဆီသို့ ခဏ ပြန်ပေးထားလိုက်ပြီး အစိမ်းဖျော့ရောင်
ပေါ့ပေါ့ပါးပါး၀တ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ ထိုအဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ခြင်းက
သူမကို ကောင်းကင်တမန်တော်တစ်ဦးနှင့် ပိုတူသွားစေပြီး နတ်ဆေးသမားတော်တစ်ဦး၏
အရိပ်အယောင်ကို ပိုမြင်ယောင်လာစေသည်။
ထို့နောက်တွင် စူးချင်းက
အပြင်သို့ ပြန်ထွက်လာပြီး အစေခံကို ငွေစက္ကူတစ်ရွက် လှမ်းပေးလိုက်သည်။ ထိုငွေစက္ကူက
လျန်တစ်ရာတန်သောကြောင့် ဤအဝတ်နှစ်စုံကို ဝယ်ရန် လုံလောက်သည်ထက် ပိုလျှံနေပြီ
ဖြစ်သသည်။
အစေခံက သူ့လက်ကို
အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
“ဒါက
သခင်ကြီးဆီက လက်ဆောင်ပါ။ ငွေပြန်ပေးဖို့ မလိုပါဘူး"
စူးချင်းက သူမ၏မျက်ခုံးကို
ပင့်ကာ ငွေစက္ကူကို ပြန်သိမ်းပြီး ခြံရှေ့သို့ လျှောက်လာခဲ့လိုက်သည်။
သခင်ကြီးချီက
သူ့ရင်ခွင်ထဲတွင် သူ့သားလေးကို ပွေ့ချီထားပြီး စူးချင်း အဝတ်လဲပြီး ပြန်လာသည်ကို
မြင်လိုက်သောအခါ သူ့မျက်လုံးများက ပိုတောက်ပလာသည်။
ဒါက ကောင်းကင်တမာန်ရဲ့အမူအရာတွေနဲ့
ချောမောတဲ့ လူငယ်လေးတစ်ယောက်ပဲ။ သူက တကယ်ကို နတ်သားလေးနဲ့ တူပြီး
အံ့ဖွယ်နတ်ဆေးသမားတော် ဖြစ်ထိုက်ပါပေတယ်။
“သမားတော်လေး၊
ဒါက လျန်တထောင်အတွက် ငွေစက္ကူလတ်မှတ်တွေပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
သခင်ကြီးချီက
အိမ်တော်ထိန်းအား စူးချင်းအတွက် ဆေးကုခပေးခိုင်းလိုက်သည်။ သူက အလွန်စာနာတတ်ပြီး ပမဏများစေသော
ငွေသားငွေစများ မပေးခဲ့သလို အလွန်တန်ဖိုးကြီးပြီး သုံးရခက်သော
ငွေစက္ကူလတ်မှတ်ကိုလည်း မပေးခဲ့ပေ။ သူက တစ်ရွက်လျှင် လျန်တစ်ရာ တန်ဖိုးရှိသော
ငွေစက္ကူလတ်မှတ်ဆယ်ရွက်သာ ပေးခဲ့သည်။
ဘာပဲဖြစ်ဖြစ် ငွေလဲလှယ်ဖို့
သွားရင် ငွေလဲလှယ်တဲ့ဝန်ဆောင်ခ ပေးရတော့ အခုလိုက အဆင်အပြေဆုံးဘဲ။
“ကောင်းပြီလေ”
စူးချင်းက ရှင်းရှင်းလင်းလင်း
ဖြစ်အောင် ငွေစက္ကူလတ်မှတ်များကို
သူ့တို့ရှေ့တွင် ရေကြည့်လိုက်ပြီး သခင်ကြီးချီကို ဦးညွှတ်လိုက်ကာ "ဒါဆို ဒီနေရာမှာပဲ နှုတ်ဆက်ပါတယ်၊ ကျွန်တော်တို့ ထပ်တွေ့ဖြစ်မယ် မထင်တော့ဘူး"
“ဂရုစိုက်ပါ
သခင်လေး။ ဒါပမေယ့် ငါမှာ တောင်းဆိုစရာတစ်ခုတော့ ရှိနေသေးတယ်"
သူမ ထွက်သွားတော့မည်ကို
မြင်လိုက်ချိန်တွင် သခင်ကြီးက သူ့သားလေးကို အထိန်းတော်ကြီးထံ အလျင်အမြန် ပြန်ပေးလိုက်ပြီး
စူးချင်းကို တားရန် ရှေ့တိုးလာသည်။
“သခင်ကြီး၊
ဆေးညွှန်းအကြောင်းဆိုရင် မပြောပါနဲ့တော့”
စူးချင်းက သူမကို
အနှောက်အယှက်ပေးသည့်လူများကို အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့် သူမက သခင်ကြီးချီကို
အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး သူနှင့် လက်တကမ်းအကွာတွင် သွားရပ်နေခဲ့သည်။
“မဟုတ်ဘူး၊
မဟုတ်ပါဘူး၊ ဆေးညွှန်းနဲ့ မပတ်သက်ပါဘူး။ ဒီလူအိုကြီးမှာ မိတ်ဆွေကောင်းတစ်ယောက် ရှိတယ်၊
သူ့အသက်ကို ကယ်တင်ပေးဖို့ သမားတော်လေးကို တောင်းဆိုချင်တာပါ"
စူးချင်း နားလည်မှု
လွဲသွားသည်ကို နားလည်လိုက်သောကြောင့် သခင်ကြီးချီက အမြန်ရှင်းပြလိုက်သည်။
ထိုအခိုက်အတန့်တွင်
စနစ်က သူမကို သတင်းကောင်းတစ်ခု ပေးခဲ့သည်။ စူးချင်းက အမေနှင့်သားတို့၏အသက်ကို
ကယ်တင်ပေးခဲ့ပြီး သူမကို ပြသနာရှာသော
ကျန်းယိဖန်းကိုလည်း အာဃာတမထားဘဲ သူ့ဒဏ်ရာကို ကုသပေးခဲ့သည်။ ထိုနှစ်ခုပေါင်းလိုက်သဖြင့်
သူမ၏ဆေးပညာကျွမ်းကျင်မှု အဆင့်တက်သွားပြီး
သူမ၏ [ဆေးပညာ] စွမ်းရည်က အဆင့် ၆ သို့ တိုးလာကာ သူမ၏ [စစ်နတ်ဘုရား] စွမ်းရည်က
အဆင့် ၂၈ သို့ တိုးမြှင့်သွားပြီ ဖြစ်သည်။
အဆင့်တက်သွားသောကြောင့်
စူးချင်းက စိတ်အခြေနေကောင်းနေပြီး အခြားလူကို ကယ်တင်ခြင်းက အဆင့်တက်နိုင်သလို ပိုက်ဆံလည်း
ရှာနိုင်သောကြောင့် သခင်ကြီးချီကို ပြန်မေးလိုက်သည်။
"သူက ဘယ်မှာလဲ?"
စူးချင်းက သူ့မိတ်ဆွေ၏ရောဂါကို
ကုသပေးရန် သဘောတူလိုက်သောကြောင့် ဆရာကြီးချီက ဝမ်းသာသွားပြီး စူးချင်းကို အမြန်ပြန်ဖြေလိုက်သည်။
"သူက ကျင့်ချန်မှာ မဟုတ်ဘူး။ သူက အိပ်ယာထဲလဲနေပြီ၊ အဲ့တာကြောင့် ငါတို့
အဲ့နေရာကို ခရီးထွက်ဖို့ သမားတော်လေးကို ဒုက္ခပေးရလိမ့်မယ်။ ဆွေးနွေးကုသကြေးကို နှစ်ဆပေးပါ့မယ်”
"သူ ကျင့်ချန်မှာ မရှိရင် သူ့ကို ကုသပေးဖို့ မဖြစ်နိုင်ဘူး။ သူ့ကို ကုသပေးဖို့က
ကံကြမ္မာပေါ်မှာလည်း မူတည်သေးတယ်။ ကျွန်တော့်မှာ အရေးတကြီး လုပ်စရာရှိတော့ ချက်ချင်း
ထွက်သွားမှ အဆင်ပြေလိမ့်မယ်။ သူမှာ ကျွန်တော်နဲ့ တွေ့ဖို့ ကံပါလာပုံ မရဘူး"
ကျင့်ချန်မှ ခရီးဆက်ထွက်ရမည်ကို
ကြားသောအခါ စူးချင်းက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။
သူမက
ဒုက္ခသည်အဖွဲ့ဆီကို ပြန်ဖို့လိုနေပြီး လျန်နှစ်ထောင်အတွက် အဖွဲ့နဲ့မခွဲချင်သေးဘူး။
ဒီအတောအတွင်းမှာ
တစ်ချို့အရာတွေကို အတူတူ ရင်ဆိုင်ခဲ့ရတာကြောင့် သူမလည်း ထောင်ဟွားဝူက လူတွေအတွက်
စိုးရိမ်ပူပန်ပေးတက်နေပြီ။
“ကောင်းပါပြီ၊
အဲ့လိုဆိုရင် ငါလည်း သမားတော်လေးကို နှောင့်နှေးအောင် မလုပ်တော့ပါဘူး၊ ဒါပေမယ့် မင်း
စုကျိုးဘက်ကို ရောက်ရင်တော့ ငါ့ရဲ့မိတ်ဆွေကောင်းကို သွားကြည့်ပေးနိုင်မလား?”
သခင်ကြီးချီက အနည်းငယ်
စိတ်ပျက်သွားသော်လည်း စူးချင်း၏ဆေးပညာအရ စူးချင်းက သူ့မိတ်ဆွေကို ကယ်တင်ပေးနိုင်မည်ဟု
သူ ယုံကြည်နေပြီး သူမ အချိန်ရ မရကို မသိသောလည်း သူ့မိတ်ဆွေအတွက်
အကောင်းဆုံးကြိုးစားပေးနေဆဲဖြစ်သည်။
"စုကျိုးလား?"
သခင်ကြီးချီ၏သူငယ်ချင်းကောင်းက
စူးကျိုးတွင် ရှိနေသည်ကို ကြားလိုက်ချိန်တွင် စူးချင်း၏မျက်ခုံးက အနည်းငယ် ပင့်တက်သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူမလည်း
စုကျိုးကို သွားမှာဆိုတော့ ပိုက်ဆံနည်းနည်းလောက် ရှာနိုင်တာက ပိုမကောင်းဘူးလား?
"တိုက်ဆိုင်လိုက်တာ။ ကျွန်တော်လည်း စုကျိုးကို သွားစရာ ရှိတယ်။ ခင်ဗျားရဲ့မိတ်ဆွေကို
သွားကြည့်ပေးနိုင်ပါတယ်”
"တကယ်လား? အဲဒါ အရမ်းကောင်းတယ်။ ငါ့မိတ်ဆွေရဲ့ကိုယ်စား
ကျေးဇူးတင်ပါတယ်။ နေရာနဲ့ စာကို အခုပဲ သွားရေးလိုက်တော့မယ်"
စူးချင်း စုကျိုးသို့
သွားမည့်အကြောင်း ကြားလိုက်သောကြောင့် သခင်ကြီးချီက စိတ်လှုပ်ရှားသွားပြီး
မှင်ကြိတ်ရန် အိမ်တော်ထိန်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သခင်ကြီးချီက စူးချင်း၏ဆေးပညာစွမ်းရည်က
နတ်ဘုရားနှင့်တူကြောင်း ဖော်ပြသည့် အကြောင်းအရင်းများကို သူ့လက်ရေးဖြင့်
စာတစ်စောင် ရေးခဲ့ပြီး သူ့သူငယ်ချင်းကောင်း ထိုနာမကျန်းမှုကို ကျော်လွှားကာ မကြာမီ
သူ့ကို လာတွေ့နိုင်ရန် စောင့်မျှော်နေကြောင်းပါ ရေးသားလိုက်သည်။
စူးချင်းက
ထိုအိမ်၏တည်နေရာကို တစ်ချက်ကြည့်လိုက်ပြီး ချင်မိသားစု၏အိမ်တော်နှင့် သိပ်မဝေးကြောင်း
တွေ့လိုက်ရသည်။ သူမက ခေါင်းညိတ်ပြပြီး အိမ်လိပ်စာနှင့် စာကို သိမ်းဆည်းလိုက်သည်။
သခင်ကြီးချီ၏ရှေ့တွင်
သူမက ထိုစာများကို သိမ်းလိုက်ပုံရသော်လည်း အမှန်တကယ်တွင် ရှောင်ချီ့ကို
သိမ်းခိုင်းရန် စနစ်ထဲကို ပစ်ထည့်လိုက်ခြင်း ဖြစ်သည်။
ရှောင်ချီက
တစ်ချိန်တည်းတွင် ကုသရေးစနစ်၊ အတွင်းရေးမှူး၊ အိမ်တော်ထိန်း၊ ခြံစောင့်၊ စားဖိုမှူးနှင့်
ဥယာဥ်မှူးစသည့် အလုပ်များစွာကို ထမ်းဆောင်နေရပြီး သူမ အားလပ်နေချိန်တွင် သူမ၏သခင်အတွက်
ရေနှင့် ဆေးဝါးများ ရှာဖွေရန်၊ ပုံကြမ်းအမျိုးအစား အမျိုးမျိုး ရှာဖွေပေးရန်
စသည်တို့ကို ပြုလုပ်ပေးနေရပြီး အလွန် အလုပ်များနေရသည်။
“ဒီအစားအစာတွေက
လမ်းမှာ စားလို့ ရအောင်ပါ။ ပထမတော့ သမားတော်လေးကို အိမ်တော်မှာ အရက်နဲ့ဧည့်ခံချင်ပေမယ့်
သမားတော်လေးမှာ အရေးတကြီး လုပ်စရာရှိနေတော့ နေခိုင်းလို့ မဖြစ်တော့ဘူး။ အနာဂတ်မှာ သမားတော်လေး
ကျင့်ချန်ကို ဖြတ်သွားရင် ငါ့တို့အိမ်တော်ကို လာပြီး ငါနဲ့ အတူသောက်ရမယ်နော်"
သခင်ကြီးချီက စူးချင်းထံသို့
သေသေသပ်သပ် ထုတ်ပိုးထားသည့် အစားအသောက်သေတ္တာနှစ်လုံးကို လှမ်းပေးလိုက်သည်။
အစားအသောက်သေတ္တာတစ်ခုစီတွင် အထပ်သုံးထပ်ရှိပြီး အထပ်တစ်ခုစီတွင် ဟင်းပွဲတစ်ခုစီ ပါရှိသည်။
အထဲတွင် အရက်ကောင်းကောင်း နှစ်ပုလင်းလည်း ရှိနေသေးသည်။
“ကျေးဇူးတင်ပါတယ်”
စူးချင်းက
ယဥ်ကျေးမနေတော့ဘဲ အစားအသောက်သေတ္တာများကို လက်ခံကာ သခင်ကြီးချီကို
ကျေးဇူးတင်လိုက်သည်။ သခင်ကြီးချီက သူ့၏စူးချင်းအပေါ် လေးစားမှုကို ပြသသည့်အနေဖြင့်
သူမကို တံခါးဝအထိလိုက်ပို့ပေးခဲ့ပြီး စူးချင်းက အစားအသောက်သေတ္တာများကို ကိုင်ကာ
ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ဆိုင်အကူက စူးချင်း
အစားအသောက်သေတ္တာများနှင့် ထွက်လာသည်ကို
မြင်သွားပြီး မြင်း၏နောက်ကျောတွင် ကူချည်နှောင်ပေးခဲ့သည်။ စူးချင်းက မြင်းပေါ်သို့
ခုန်တက်ကာ ထွက်ခွာသွားတော့သည်။
သူမ အနောက်ဘက်လမ်းမှ မြင်းစီးလာပြီး မြို့တံခါးဆီသို့ သွားနေချိန်အတွင်း နားနေတည်းခိုဆောင်ရှေ့မှ ဖြတ်သွားရချိန်တွင် ထိုအပေါက်ဝတွင် ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူက အနောက်ဘက်လမ်းဆီသို့ လက်ညှိုးညွှန်ပြနေပြီး သံချပ်ကာတပ်သားနှစ်ဦးကို တစ်ခုခု ပြောပြနေပုံရသည်။
✍️✍️✍️