အခန်း(၁)
Viewers 35

အခန်း(၁) အမြှောက်စာဇာတ်ကောင်တစ်ယောက်အဖြစ်ဘဝ


မြို့တော်၏ ဇွန်လသည် ပူလွန်းလို့ တရှဲရှဲမြည်သံပေးနေပြီး ချစ်ချစ်တောက် ပူလောင်လွန်းလှသည်။ ချစ်ချစ်တောက်ပူလောင်လှတဲ့ နေရောင်ခြည်က မြေကြီးကိုပင် တောက်လောင်ကျွမ်းနို င်စေ၏။ အနုလက်ရာမြောက်လှသည့် အလွန်လှပတဲ့ မြင်းလှည်းတစ်စီးက ဗုဒ္ဓတစ်ထောင်ဘုရား ကျောင်းတော်၏ တံခါး‌ပေါက်ဝရှေ့တွင် ရပ်တန့်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်‌လေးနှစ်ယောက်က မြင်းရထားလုံးထဲကနေ ဆင်းလာခဲ့သည်။


"မင်းသား(၉)က ဒီနေ့ ရောက်လာလိမ့်မယ်။ သီးသန့်ခန်းမှာ အရင်သွားစောင့်‌နှင့်လိုက်ဦး။ တကယ်လို့ ငါ သူ့ကိုတွေ့ရင် တစ်ယောက်ယောက်ကို လွှတ်ပြီး နင့်ကို အကြောင်းကြားခိုင်းလိုက်မယ်"


ချောမောလှပတဲ့ မိန်းမပျိုလေးတွေထဲကမှ အနည်းငယ်‌ လေး အသက်ပိုကြီးပုံရတဲ့ မိန်းကလေးက လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။


သူမကတော့ ရှန်းအိမ်တော်၏ တတိယသခင်မလေး ရှန်းဖေးယင် ပင်။


အခြားပိုငယ်တဲ့ မိန်းမပျိုလေးက ညင်သာစွာ ခေါင်းညိတ်ပြပြီး သူမမျက်လုံးထဲတွင်တော့ ရှုပ်ထွေးသွားသွားတဲ့ အရိပ်အယောင်လေးတစ်ချက် လက်ခနဲပေါ် လာခဲ့လိုက်သည်။ သူမကတော့ ရှန်းအိမ်တော်၏ တတိယမြောက်သခင်မလေး ရှန်းကျီးချောင် ဖြစ်သည်။

(T/N- ရှန်းဖေးယင်... ရှန်းကျီးချောင် ရှန်းချင်းတူပေမဲ့ တရုတ်လိုဆို Sheng နဲ့ Shen ရှန်း နှစ်ခုက မတူပါဘူးနော် အသံထွက်တူတာပါ စာလုံးကွဲပါတယ်။ အနက်အဓိပ္ပါယ်ကွဲပါတယ်)


သူမက ဒီကနေ့ပဲ အသက်ဆယ့်သုံးနှစ်

ပြည့်တင်းခဲ့တာပဲဖြစ်၏။ သူမက ချစ်စရာကောင်းပြီး သိမ်မွေ့နူးညံ့ပေမဲ့ တဇွတ်ထိုးနိုင်ပြီး မူလီမူယာများတတ်သူတစ်ဦးပင်။ မင်းသား(၉)ကို အရူးအမူးစွဲလန်းခဲ့တာကတော့ သူမ ငယ်ရွယ်စဉ်ကတည်းကပင်။ မင်းသား(၉) ဘယ်ကိုသွားသွား လိုက်ပါဖို့အထိ သူမ ကျိန်ဆိုထားခဲ့တာဖြစ်သည်။


သို့သော်လည်း သူမကိုကြည့်ရတာ အရင်ကထက် အနည်းငယ်လေး ကွဲပြားနေပုံရသည်။ ရှန်းဖေးယင်က သူမကို အကြာကြီး စိုက်ကြည့်နေလိုက်ပေမဲ့ သူမနှင့်ပတ်သက်လို့ ဘာကထူးဆန်းနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မထုတ်ဖော်နိုင်ခဲ့ပေ။


"ဘာဖြစ်လို့လဲ" ရှန်းဖေးယင်က သူမလက်ကို ခင်မင်ရင်းနှီးစွာ ဆုပ်ကိုင်ကာ ညင်သာစွာ မေးမြန်းလိုက်၏။


ရှန်းကျီးချောင်က သူမမျက်နှာ ဝိုင်းဝိုင်း‌လေးပေါ်မှာ ရင်သပ်ရှုမောဖွယ်ရာ တောက်ပတဲ့ အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်တယ်။ "ညီမ စိတ် လှုပ်ရှားနေလို့ပါ"


ရှန်းဖေးယင်က ခပ်ဖွဖွ ပြုံးပြီး

ရှန်းကျီးချောင်ရဲ့ဆံပင်ကို ဘေးသို့ဖြီးသပ်ပေးလိုက်တယ်။ ပျော့ပြောင်း လေပြေအေးအသံလေးဖြင့် သူမက ပြောလာလိုက်တယ်။ "ငါတို့ရဲ့ တတိယသခင်မလေးရှန်းက အရမ်းလှတာပဲ။ ခံစားတတ်တဲ့ ဘယ်အမျိုးသားမဆို နင့်‌ကြောင့် စိတ်လှုပ်ရှားသွားကြတော့မှာပဲ"


မင်းသား(၉)က ရှန်းကျီးချောင် ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် မြင်ခဲ့ရပေမယ့် သူမရဲ့တည်ရှိမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့တဲ့ ရက်စက်တဲ့ သားရဲတစ်ကောင်လို သူမအား ဆက်ဆံနေဆဲပင်။ အဲဒီမင်းသား(၉)က မခံစားတတ်တာများ ဖြစ်‌နေမလား။ ရှန်းကျီးချောင် သူမ နှလုံးသားထဲမှာ လှောင်ရယ်လိုက်သည်။ သူမ(ရှန်းဖေးရင်) သူမကို လာချော့ချင်တာတောင် ဒီထက်ပိုကောင်းတဲ့ ဆင်‌ခြေတစ်ခုလောက်တော့ ရှာသင့်တယ် မဟုတ်ဘူးလား။


သူမတို့‌တတွေက ဗုဒ္ဓတစ်ထောင်ဘုရား ဘုရားကျောင်းထဲကို ဝင်‌ ရောက်သွားကြ၏။


ဗုဒ္ဓတစ်ထောင်ဘုရား ကျောင်းတော် နောက် ကျောဘက်ခြမ်းတွင် ဘုရားဝတ်ပြုသူများအတွက် သီးသန့်အခန်းများရှိတဲ့ အတန်းတစ်တန်းလိုက်ကြီးရှိတာဖြစ်၏။ မင်းသား(၉)က ကျောင်းထိုင်ဘုန်းကြီး၏ တရားဟောကြားပွဲကို နားထောင်ရန် ကြွချီလာတာကြောင့် လူပေါင်းစုံအား အခြားနေရာများသို့ ဖိတ်ခေါ်သွားလိုက်သဖြင့် ဒီဘုရားကျောင်းနောက်‌ခြမ်းက အပ်ကျသံမကြားအောင် တိတ်ဆိတ်‌ နေစေခဲ့၏။


ရှန်းဖေးယင်က ရှန်းကျီးချောင် ကို သီးသန့်ခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ အခန်းထဲတွင်တော့ စန္ဒကူးနံ့သာ မွှေးက တောက်လောင်နေခဲ့တယ်။ မီးခိုးငွေ့တွေက လေထုထဲတွင် ပြည့်လျှံ‌ နေခဲ့ပြီး မွှေးရနံ့က လူ့နှလုံးအိမ်ကို စိတ်လက်အေးချမ်းစေခဲ့သည်။


"လိုက်ကာတွေကို ချထားလိုက်"


"ရှန်းဖေးယင် သူမရဲ့နောက်က အစေခံတစ်ယောက်အား အမိန့်ပေးလိုက်တယ်။ လိုက်ကာပြင်တစ်ခုကို လက်ညှိုးထိုးပြရင်း ရှန်းကျီးချောင်အား သူမ ပြောလိုက်တယ်။ "အဲဒီနောက်က အကွယ်မှာ သွားပုန်းနေလိုက်နော်။ ငါ အပြင်တစ်ချက်သွားကြည့်လိုက်ဦးမယ်"


ရှန်းကျီးချောင် မတုံ့ပြန်နိုင်လိုက်မီမှာပဲ ရှန်းဖေးယင် က သူမကို လိုက်ကာစနောက်ကွယ်သို့ တွန်းထုတ်လိုက်ခဲ့သည်။


ရှန်းကျီးချောင်တစ်ယောက် တံခါးပိတ်သံ မမြည်လိုက်ရခင် ရှန်ဖေးယင်၏ ငွေဖြူရောင်တောက်တဲ့ ၀တ်စုံအား ရိပ်ခနဲလှုပ်ရှားသွားတာကိုတွေ့ဖို့ အချိန်သာရှိလိုက်နိုင်လေသည်။


အပြင်ဘက်တွင် နေရောင်ခြည်က ပြင်းပြင်းထန်ထန် ဖြာကျ‌ နေစဉ်တွင်‌ တော့ အခန်းထဲတွင် နွေဦးလေတွေလို အေးမြနေခဲ့သည်။ အလင်းရောင်က မှိန်ပျနေတော့ ရှန်းကျီးချောင် အခန်းထဲမှာ ရှိတာတွေကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။


ချမ်းသာကြွယ်ဝပြီး သြဇာညောင်းတဲ့ မိသားစုတစ်စုမှာ မွေးဖွားလာတဲ့

ရှန်းအိမ်တော်ရဲ့ ဒီတတိယသခင်မ လေးက သူမကို လူအများရှေ့မှောက်မှာ ကိုယ်ကျင့်တရားပျက်ပြားစေတဲ့ အရာတစ်ခု ပြုလုပ်စေဖို့ပဲလား ဒါမှမဟုတ် သူမကို တကယ်ပဲ ကူညီပေးမလားဆိုတာ ဘယ်သူက သိနိုင်ပါတဲ့မလဲ။


ရှန်းဖေးယင်က သူမနှင့် မင်းသား(၉)အတွက် အောင်သွယ်‌ တော်အဖြစ် ကူညီပေးမည်ဟု ပြောပြီး သူမကို ဒီနေ့ လာရှာခဲ့တာပဲဖြစ်တယ်။ မင်းသား(၉)ရဲ့ သီးသန့်ခန်းထဲမှာ သူမကို ပုန်း အောင်းစေခဲ့တယ်။ သူ သတိမထားမိတုန်းမှာ သူမက သူ့ကို နှောင့်ယှက်ပြီး ချုပ်နှောင်ထားရလိမ့်မယ်။ အဲဒီနောက်မှာတော့ ရှန်းဖေးယင်က ကျောင်းထိုင်ဆရာတော်နှင့်အတူတူ ရောက်ချလာပြီးတော့ မင်းသား(၉)နှင့် ရှန်းကျီး‌ ချောင်တို့ရဲ့ဂုဏ်သတင်းအတွက် သူ့ကို တာဝန်ယူခိုင်း‌စေမှာပင်......


ရှန်းကျီးချောင်၏ တဇွတ်ထိုးနိုင်ပြီး မူယာမာယာများတဲ့ ဂုဏ်သတင်းကို လူအများ သိထားကြပြီးပင်။ ထို့ကြောင့် သူမလုပ်ရပ်ကြောင့် လူတွေက သိပ်အံ့အားသင့်ကြမည်‌ မဟုတ်ပေ။ ရှန်းဖေးယင် အတွက်ကတော့ သူမ ကလဲ့စားချေနိုင်ဖို့ ဘာမဆို

လုပ်‌ ဆောင်တော့မည်ပင်။


တကယ်လို့ တကယ်ပဲ သူမ ကောင်းဖို့အတွက်ဆိုရင်တောင် ရှန်းကျီးချောင် စိတ်ဝင်စားမှာ မဟုတ်ဘူးပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ အကြံအစည်တစ်ခုဆိုတာ ထင်ရှား‌ နေ၏။ သီးသန့်ခန်းတွင် ထွက်ပေါ်လာမဲ့သူက မင်းသား(၉) မဟုတ်မှာတော့ သေချာပေါက်ပင်။


ရှန်းဖေးယင်က သူမကို မကောင်းကြံမယ်ဆိုတာ သူမကရော ဘယ်လိုလုပ်ပြီး သိ‌‌ နေရတာတဲ့လား။ ဘာလို့လဲဆိုတော့ သူမက သူမ တစ်ဝက်တစ်ပျက် ဖတ်ဖူးခဲ့တဲ့ ပြန်လည်မွေးဖွားပြီးတော့ ကလဲ့စားချေတဲ့ ဝတ္ထုတစ်ပုဒ်ထဲကို မတော်တဆ ဝိညာဉ်ကူးပြောင်းလာလို့ပင်။ သူမက ပြန်လည်မွေးဖွားလာတဲ့ ဇာတ်လိုက်မင်းသမီးကို မုန်းတီးခဲ့တဲ့ ဗီလိန်၏ သမီးဖြစ်လာခဲ့လို့ပါပဲ။ ဇာတ်လမ်းဇာတ်ကွက်က ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာ သူမ သိရှိနေပေမယ့် ဇာတ်လမ်းအဆုံးသတ်ကိုတော့ သူမ မသိ ပေ။


သူမက ဝတ္ထုကို တစ်ဝက်တစ်ပျက်ဖတ်ခဲ့ပြီးတော့ အိပ်ပျော်သွားခဲ့လို့ပင်။ သူမ နိုးလာတော့ မှင်တက်အံ့အားသင့်စွာနဲ့ပဲ သူမက ဝတ္ထု၏ အမြောက်စာဇာတ်‌ ကောင်ထဲမှာ ဝိညာဉ်ကူးပြောင်းလာတာကို သူမ သိလိုက်ရသည်။ ရှန်းဖေးယင် နှင့်အတူတူ ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းတော်သို့ ရောက်လာလိုက်ခဲ့သည်။ ကံမကောင်းလွန်းစွာပဲ သူမက ဇာတ်လိုက်မင်းသမီးရဲ့ အကွက်ချမကောင်းကြံစည်ခြင်းကို ခံရတော့မည်ဖြစ်၏။


ရှန်းကျီးချောင်က ခန်စီးလိုက်ကာပြင်နောက်ကနေ ထွက်လာခဲ့လိုက်တယ်။ ဇာတ်ကောင်တွေက သေသွားပေမယ့် သူမကတော့ အသက်ရှင်နေတာပဲ။ သူမကတော့ ဒီလိုမျိုး မကောင်းကြံခံရမှာကို ဆန့်ကျင်ရမှာပင်။


သူမ တံခါးကို တွန်းကြည့်လိုက်‌ တော့ အပြင်ဘက်ကနေ သော့ခတ်ထားတာကို သိလိုက်ရတယ်။ ဇာတ်ကွက်က သူမမျှော်လင့်ထားတဲ့အတိုင်း တစ်ထပ်တည်းပါပဲလား။ ရှန်းဖေးယင် ဒီနေ့ သူမကို မရမက ဖျက်ဆီး‌ တော့မှာပဲ!


ဘယ်လို ထွက်သွားရမလဲဆိုတာကို စဉ်းစားနေတုန်း တံခါးဆီကိုလျှောက်လာတဲ့ ခြေသံတွေက နီးကပ်လာခဲ့လိုက်၏။


ရှန်းကျီးချောင် ကူကယ်ရာမဲ့သွားလိုက်ပြီး ခန်းစီးလိုက်ကာပြင်နောက်တွင် ပုန်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူမ နောက်ပိုင်းမှာ မပေါ်လာသရွေ့တော့ အဆင်ပြေမယ်လို့ပဲ သူမ‌ တွေးတောလိုက်တော့တယ်။


တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ဘက်တွင် တည်ငြိမ်သော ခြေသံများ ထွက်ပေါ်လာသည်။ အဲဒီနောက် တံခါးက ပြန်ပိတ်သွားခဲ့တယ်။ အသံတိုးတိုးနဲ့ အမျိုးသားတွေ စကားပြောနေတာကို သူမ ကြားလိုက်ရတယ်။


"သခင် လောလောဆယ် ဒီမှာ အနားယူလိုက်ပါ။ ဒီအ‌စေခံက အပြင်ဘက်မှာပဲ စောင့်နေပါ့မယ်"


"ကောင်းပြီ မင်းသွားလို့ရပြီ" တုံ့ပြန်လိုက်တဲ့ လူသည် နက်နဲပြီး အားမာန်ပါသော အသံတစ်ခုရှိ၏။ ရှန်းကျီးချောင် အသံကြောင့် အံ့ဩသွားလိုက်၏။ အသံက အရမ်းနား ထောင်လို့ကောင်းတာပဲ။


ထို့နောက် တံခါးက တိုးညှင်းစွာ ပိတ်သွားလိုက်သည်။ အခန်းက တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားတော့သည်။


ရှန်းကျီးချောင် ထိုလူက မင်းသား(၉) မဟုတ်တာကို သူမ သိတယ် ဒါပေမဲ့ ထိုသူက နောက်ပိုင်းကျရင် လူသိများလာမဲ့ မြို့စားရဲ့ ဉာဏ်ရည်ချို့တဲ့တဲ့ သားတစ်ယောက်ဖြစ်တဲ့ ချီကျန်း ပဲဖြစ်တယ်။ ဒါပေမဲ့လည်း အသံကိုကြားလိုက်ရတော့ သူမ ကောလဟာလ တွေကို သံသယဝင်သွားလိုက်၏။ သူက ချီကျန်း ဖြစ်နိုင်ပါ့မလား။


'ဘယ်လိုလုပ်ပြီး အခု ဘာအသံမှ သူမ မကြားရ‌တော့တာလဲ?'


ရှန်းကျီးချောင် အပြင်ဘက်မှ လှုပ်ရှားမှု‌ တွေကို ကြားချင်တာမို့ လိုက်ကာပြင်နှင့် သူမနားကို ဖိကပ်ထားလိုက်သည်။


ရုတ်တရတ် လိုက်ကာပြင်ကို တင်းတင်းရင်းရင်း အောက်သို့ ဆွဲချခံလိုက်၏။ ရှန်းကျီးချောင်ရှေ့မှာ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေခဲ့တယ်။ သူမ မတုံ့ပြန်ခင်မှာပဲ အမျိုးသားက သူမရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ခဲ့၏။


"မင်း ဘယ်သူလဲ" ထိုလူက အေးစက်စွာ မေးမြန်းလိုက်သည်။ အမှောင်ထဲတွင် သူမ သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ သူ့ရဲ့ ကိုယ်ခန္တာကောက်ကြောင်းကို ရိုးတိုးရိပ်တိတ် မြင်လိုက်ရလေသည်။


ရှန်းကျီးချောင် သူမလည်ပင်းကို ဆုပ်ကိုင်ခံထားရတာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့နိုင်ပေ။ သူမ ထိုလူ၏လက်ကို အတင်းသာ ရိုက်နှက်နိုင်ခဲ့သည်။


သူ့လက်က သံမဏိကဲ့သို့ သန်မာလွန်းလှသည်။ သူမ သူ့ကို နည်းနည်းလေးတောင် ရွေ့အောင်မလှုပ်နိုင်လိုက်‌ပေ။


"လွှတ်..လွှတ်ပေး...." ရှန်းကျီးချောင် က ခက်ခက်ခဲခဲ စကားလုံးများကို ညှစ်ထုတ်လိုက်ရသည်။ ဇာတ်ကွက်က ဘယ်လို ဖြစ်‌ပေါ်သွားလဲ မရှင်းလိုက်ဘူးပဲ။


အမျိုးသမီးက အားနည်းနေတာကို မြင်တော့ အမျိုးသားက ရုတ်တရက် လွှတ်ချလိုက်တယ်။ သူ့မျက်လုံးထဲက တင်းမာမှုနှင့် ရက်စက်မှုတို့သည် ချက်ချင်း မှိန်ဖျော့ မှိုင်းဝေပြီး ရှုပ်ထွေးသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ "ငါက...မင်းကို သူခိုးလို့ ထင်လို့"


ရှန်းကျီးချောင် အလွန်မင်းမင်း ထိတ်လန့်သွားလိုက်သည်။ ထိုယောက်ျား၏ သာယာနာ‌ပျော်ဖွယ် အသံကိုကြားလိုက်ရ‌တော့ သူမ ကမန်းကတန်း ရှင်းချက်ထုတ်လိုက်သည်။ "ကျွန်မ သူခိုး မဟုတ်ဘူး၊ ရှင်က ဘယ်သူလဲ"


"မင်းကရော ဘယ်သူလဲ?" ထိုသူက သူမ မေးသလို နောက်ကလိုက်‌ မေးလိုက်ခဲ့၏။


ဒီစကားဝိုင်းက... ရှန်းကျီးချောင်အား တစ်စက္ကန့်ကြာမျှ အေးခဲသွားလိုက်ပြီး သူမ ဝါညစ်ညစ်အရောင်ဖြစ်နေတဲ့ လိုက်ကာစကို ဘေးသို့ ဆွဲချ စေလိုက်သည်။


စူးရှ‌တောက်ပတဲ့ နေရောင်ခြည်သည် ထောင့်မှန်စတုဂံမှန်ကူပြတင်းပေါက်မှ ဖြတ်ကျော်ကာ စိမ့်ဝင်သွားလိုက်သည်။ အလင်း‌ရောင်သည် အမျိုးသားပေါ်သို့ ကျရောက်သွားခဲ့‌သည်။ ရှန်းကျီးချောင်တစ်ယောက် မှိုင်း‌ဝေနက်မှောင်နေပြီး နက်ရှိုင်းတဲ့ မျက်လုံးတစ်စုံနဲ့ မျက်လုံးချင်းဆုံမိသွား‌တော့၏။


ထိုသူက မဲပြာရောင်ဝတ်စုံဖြင့် ခါးတွင် အစိမ်းရောင် ခါးပတ် ပတ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နဲ့ သန်မာ‌တောင့်တင်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်သည်။ 'သူ... သူက အရမ်းချောတာပဲ' ရှန်းကျီးချောင် သူ့ကို ဘယ်လို ဖော်ပြရမှန်းမသိတော့ပ။ သူ့အသက်က နှစ်ဆယ်ကျော်လောက်ရှိသည်။ သူ့မှာ ထက်မြက်တဲ့ အသွင်အပြင်နဲ့ ထင်းလင်းတဲ့ မျက်ခုံးမွှေးတွေက သူ့ကို ချောမောခန့်ညား‌စေသည်။


နှမြောစရာကောင်းတာက...... သူက မှုန်မှိုင်းတဲ့အကြည့်တစ်ခုနဲ့ ကလေးဆန်တဲ့မျက်နှာအမူအရာဖြင့် ရှန်ကျီးချောင်အား သူ့ရဲ့နောက်ကြောင်းကိုခန့်မှန်းဖို့ ဦးတည်နေ၏။


"မင်းက ဘာလို့ ငါ့အခန်းထဲကို ရောက်နေတာလဲ" ထိုလူက ရှန်းကျီးချောင် ကို ကြည့်ရှုလိုက်ပြီး မြေပြင်ပေါ်ရှိ ခန်းစီးလိုက်ကာပြင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက ရှုပ်ထွေး‌သွားလိုက်၏။


"နင်က ချီကျန်းလား" ရှန်းကျီးချောင် က မေးလိုက်တယ်။ ဇာတ်ကွက်က မှန်သလား မှားသလားဆိုတာ သူမ အတည်ပြုချင်လိုက်တာပဲဖြစ်တယ်။


ထိုလူက ခေါင်းညိတ်လိုက်သည်။


'သူက တကယ်ပဲ ချီကျန်းလား...' ရှန်းကျီးချောင်တစ်ယောက် သူမရဲ့ အတွေးတွေကို စဉ်းစားတွေးတောနေဖို့ အချိန်မရှိဘဲ နောက်လှည့်ပြီး တံခါးဖွင့်ပြီး ထွက်သွားတော့မလို့လုပ်ချိန်မှာတော့ ရှန်းဖေးယင် ရဲ့ အသံက အပြင်ဘက်က‌နေ ထွက်‌ပေါ်လာလိုက်၏။


ရှန်းကျီးချောင် လန့်ဖျန့်သွားလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။


ချီကျန်းက သူမကို မေးခွန်းထုတ်စွာနဲ့ ကြည့်ရှုနေလိုက်တယ်။


"ချီကျန်း တစ်ယောက်ယောက်က ငါ့ကို ဒီကို ရည်ရွယ်ချက်ရှိရှိ ခေါ်လာခဲ့တာ။ နင် ကူညီပေးပါလား" ရှန်းကျီးချောင်က ထိုအမျိုးသား၏ IQ က သူ့အသက်အရွယ်နှင့် ကိုက်ညီမှာမဟုတ်တာကို သိရှိ‌ထား၏။ သူ နားမလည်မှာ စိုးတာကြောင့် သူမက တမင်ထပ်ကာ ရှင်းပြလိုက်ခဲ့တယ်။ "မကောင်းတဲ့လူဆိုးတွေကို အနိုင်ယူဖို့ ငါ့ကို ကူညီပေးပါနော်"


"ငါက လူဆိုးမဟုတ်ဘူး" ချီကျန်း၏ ချောမောသော မျက်နှာပေါ်တွင် အလွန်ကို ကလေးဆန်တဲ့ အမူအရာ ပေါ်လွင်သွားလိုက်၏။


သူမ အသေးစိတ် မရှင်းပြနိုင်ခင်မှာပဲ တံခါးကို အရှိန်နဲ့တွန်းဖွင့် ဝင်လာလိုက်ကြသည်။


ရလဒ်အနေနဲ့ တံခါးနားမှာ ရပ်နေတဲ့ ရှန်းကျီချောင်က ချီကျန်းရဲ့လက်‌မောင်းထဲကို ပစ်ဝင်သွားမိ‌တော့တယ်။


"အာ... ကျီးချောင် နင်..... နင် ဘယ်လိုလုပ်ပြီးတော့..." ရှန်းဖေးယင်က

ချီကျန်းရဲ့ လက်‌မောင်းထဲရှိ ရှန်းကျီးချောင် အား စိုက်ကြည့်ရင်း အံ့အား

သင့်သွားလိုက်သည်။ စိတ်ထိခိုက်နေတဲ့ လေသံဖြင့် သူမကို လက်ညှိုးထိုးလိုက်ခဲ့၏။ "ဘုရားကျောင်းက သန့်ရှင်းပြီး ငြိမ်းအေးတဲ့ နေရာပါ။ ကျီးချောင် ဘယ်လိုလုပ်ပြီးတော့ နင်က..."


ရှန်းကျီးချောင်က သူမစကားကို အမြန်ဖြတ်ချလိုက်သည်။ "ငါ အပြင်ဘက်မှာ သခင်လေးချီနဲ့ တွေ့ခဲ့တာ။ သူက နေလို့မကောင်းဖြစ်နေတာ ဒါပေမယ့် သူ့ကို ကူပေးဖို့ ဘယ်သူမှ ငါ ရှာမတွေ့ဘူး။ အဲဒါနဲ့ပဲ အနားယူဖို့ ငါ သူ့ကို ဒီကို ခေါ်လာ‌ပေးခဲ့တာပဲ။ နင့်ကိုရှာဖို့ တစ်ယောက်ယောက်ကို ငါလွှတ်လိုက်တော့မလို့ပဲ။ ဘာဖြစ်လို့ ဆရာတော်နဲ့တူတူ နင် ရောက်လာတာလဲ။"


ချီကျန်းက ရှန်းကျီးချောင်ကို ငုံ့ကြည့်လိုက်သည်။ သူတို့ရဲ့ အနေအထားကို ကြည့်လိုက်တော့... တကယ်ပဲ ရှန်းကျီးချောင်က သူ့ကို ထောက်ကူ‌ပေးနေ

သည့်ပုံ‌ပေါက်၏။


ရှန်းဖေးယင်၏ နောက်တွင် အခြားမိန်းမပျိုများလည်း ရှိနေခဲ့သည်။ ရှန်းကျီးချောင်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် သူမတို့‌တွေက နှာခေါင်းရှုံ့လိုက်ကြသည်။ "နင်က မင်းသား(၉)ကို ကြွလာတဲ့အချိန် ခုန်အုပ်မလို့ စောင့်နေတာလို့ ငါတို့ ထင်ခဲ့တာ"


"အဓိပ္ပာယ်မရှိတာတွေ။ ငါက ဘာလို့ အဲဒီလို လုပ်ရမှာလဲ" ရှန်းကျီးချောင် က ဒေါသတကြီး ပြောလိုက်တယ်။ သူမ နောက်လှည့်၍ ချီကျန်းကို ကြည့်လိုက်ကာ အံအားသင့်စွာပြောလိုက်တယ်။ "သခင်လေးချီ နေလို့မကောင်းရင် မြန်မြန်ထိုင်ပြီး အနားယူလိုက်ပါဦး။ ကျွန်မ ပြန်လိုက်တော့ပါမယ်နော်"


ချီကျန်း က သူမကို ကြည့်ပြီးတော့

ရှန်း‌ဖေးယင်နဲ့ တခြားသူတွေကို ကြည့်ရှုလိုက်တယ်။ အားနည်းတဲ့ မျက်နှာအမူအရာကို သူ ထုတ်ဖော်လိုက်ခဲ့သည်။ "ဗိုက်‌နာလိုက်တာ"


ရှန်းဖေးယင်၏ ချောမောလှပတဲ့ မျက်နှာ‌လေးက အေးစက်စက် အလင်းတစ်ချက် လက်သွားလိုက်သည်။ သူမက စိတ်ပူပန်စွာ ပြောလိုက်တယ်။ "ကျီးချောင် နင် တကယ်‌တော့ ဒီလို မလုပ်သင့်ဘူး။ နင် သခင်လေးချီနဲ့ တွေ့မိတယ်ဆိုရင်တောင် နင်တို့‌တွေ အခန်းတစ်ခန်းထဲမှာ အတူတူ မရှိသင့်ဘူးလေ။ ဒါက.... နင့်ရဲ့ဂုဏ်သိက္ခာအတွက် မကောင်းဘူးလေ။ နင်အနာဂတ်မှာ ဘယ်လိုလုပ်ပြီး လက်ထပ်လို့ရ‌တော့မှာလဲ"


"ငါက ငါ့ရဲ့နေ့စဉ် ကြင်နာတဲ့ အလုပ်ကို လုပ်နေရုံပါ။ အဲဒါက ငါ့ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ဖျက်စီးနိုင်မှာလဲ။ နင်က သူ့ကို ပစ်ထားခဲ့ပြီး ရက်စက်တတ်ဖို့ ငါ့ကို လာပြောနေတာလား" ရှန်းကျီးချောင်ပုံက ရှန်းဖေးယင်အား ပြုံးပြုံးလေး ပြန်ကြည့်ကာ သူမစကားများကို ကန့်ကွက်လိုက်ခဲ့၏။


"နင်နဲ့ သခင်လေးချီက အခန်းတစ်ခန်းထဲမှာ အတူရှိနေတာလေ..... အဲဒီသတင်းသာ ပြန့်သွားရင်တော့ နင့်အပေါ်မှာ အရုပ်ဆိုးသွားစေလိမ့်မှာပေါ့"

ရှန်းဖေးယင် က ပြန်‌ ပြောလိုက်တယ်။


"ငတုံးကောင်ကိုပဲ သူ့ကို လက်ထပ်လိုက်ပါစေပေါ့" ဘယ်သူပြောမှန်း မသိရဘဲ တစ်ယောက်က ပြောလာလိုက်တယ်။


ရှန်းကျီးချောင်က ရှန်းဖေးယင် ကို ပြုံးပြလိုက်ပြီး သူတို့ရဲ့ အကြည့်တွေက လေထဲမှာ တွေ့ဆုံသွား၏။ သူမတို့နှစ်ယောက်လုံးက တစ်ယောက်ရဲ့ အတွေးတွေကို တစ်ယောက်က သိ‌ရှိနေကြသည်။ "အစ်မရှန်း အိမ်ထောင်စုကို ထိန်းသိမ်းတဲ့ တာဝန်ယူတုန်းကလည်း အမျိုးသားတွေနဲ့ တစ်ခန်းတည်း ခဏခဏနေတတ်တယ်မလား။ ဒီလိုဆို နင်လည်း သူ့ကိုလက်ထပ်မှာလား။ အစ်မရှန်းရဲ့ နည်းလမ်းတွေကို ညီမက သင်ယူလိုက်ရုံပါ"


ရှန်းဖေးယင်၏ အကြည့်တွေက အေးခဲသွား‌တော့၏။ ရှန်းကျီးချောင်က သူမ၏ မကောင်းကြံမှုအကြောင်း အနှေးနဲ့အမြန်ဆိုသလို သိရှိလာမည်ကို သူမ သိသည်။ သူမ

မမျှော်လင့်ထားတာက သူမနဲ့ ချီကျန်း တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်နေတုန်း သူမနဲ့ မထင်မှတ်လဲ ပက်ပင်းတိုးတာကို ဖမ်းမိထားတာတေင် သူမက ဒီလောက်အေးဆေးတည်ငြိမ်နေလိမ့်မယ်လို့ပင်။


"ပြီးတော့လည်း ဘယ်သူနဲ့ လက်ထပ်ရမလဲဆိုတာ ညီမက ဘယ်လိုလုပ် ရွေးချယ်နိုင်မှာလဲ။ ညီမအတွက် စိတ်ရှုပ်ခံမနေပါနဲ့။ ဆရာတော် သခင်လေးချီအတွက် သမားတော် အမြန်ပင့်‌ပေးလိုက်ပါဦး။ မဟုတ်လို့ရှိရင် တစ်ခုခုဖြစ်လာရင် ကျွန်မတို့အားလုံး တာဝန်မယူနိုင်ပါဘူးနော် " ရှန်းကျီးချောင် က ပြောလိုက်တယ်။


ဘုန်းတော်ကြီးက လက်အုပ်ချီလိုက်ပြီး "အော်မိတောဖော မြတ်စွာဘုရား၊ ဒီဆရာတော်က တစ်ယောက်ယောက်ကိုသွားပြီး သမားတော်ကို ပင့်ဖိတ်ခိုင်းလိုက်ပါ့မယ်"


ဘုရားကျောင်းတော်နောက်ဘက်မှာ တစ်စုံတစ်ယောက် လူ့စည်းကမ်းနဲ့

မ‌လျော်ညီတဲ့အရာတွေလုပ်နေတယ်လို့ သူ ကြားမိတာ။ ဒေါသထွက်ထွက်နဲ့ လူအားလုံးနဲ့တူတူ နောက်ကနေ သူ လိုက်လာလိုက်တာပဲ။ သူ နားလည်မှုလွဲသွားတယ်ဆိုတာ ဘယ်သူသိမှာတဲ့လဲ။


ဒီနေ့ သူမရဲ့ အကြံအစည် ကျရှုံးသွားပြီ ဆိုတာ ရှန်းဖေးယင် နားလည်လိုက်၏။ သူမ နှလုံးသားထဲမှာ ဒေါသ‌ချောင်း ချောင်းထွက်နေပေမယ့် သူမက မပြုံးချင်ပြုံးချင် အပြုံးတုပြုံးလိုက်ခဲ့သည်။ "ချီကျောင်းက ခါတိုင်းနဲ့ မတူတော့ဘူးပဲ။ ငါ‌တော့ နင့်ကြောင့် အမြင်သစ်တစ်ခု ရခဲ့ပါပြီလေ။"


"အဲဒါ မမရှန်း ဆီက‌ နေ ညီမ အခု‌လေးတင်မှ သင်ထားလိုက်တာလေ" ရှန်းကျီးချောင် က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး သူမရဲ့ အကြည့်တွေကတော့ အေးစက်နေခဲ့၏။


ဝတ္ထုကို စဖတ်‌ထဲက သူမ ဇာတ်လိုက် မင်းသမီးဖြစ်သူကို သိပ်ကြိုက်လှတယ်မဟုတ်ဘူး။ ဇာတ်လိုက်မင်းသမီးနဲ့ ဘာမှမပတ်သတ်ဘဲနဲ့ ကြေကွဲဖွယ် အဆုံးသတ်သွားတဲ့ ရှန်းကျီးချောင်ကိုပဲ သူမ သနားမိတယ်။ အခုတော့ သူမကိုယ်တိုင် ရှန်းကျီးချောင် ဖြစ်လာပြီဆိုတော့ သူမ ဒီလိုမျိုး သေရပြီး ရှုံးနိမ့်ဖို့ လုံးဝလက်ခံလိမ့်မှာ မဟုတ်ဘူးပဲ။


ဘယ်သူက အမြောက်စာ‌ဇာတ်ကောင်ဖြစ်ဖို့ ဆန္ဒရှိမှာလဲ။ အနည်းဆုံးတော့ သူမကတော့ အဲ့လိုလုပ်မှာ မဟုတ်ဘူးဆိုတာတော့ သူမ သိတယ်။


ရှန်းမိသားစုမှာ ကောင်းတဲ့သူဆိုတာ အနည်းငယ်သာ ရှိပေမဲ့လည်း သူမကလည်း အပျိုစင်မယ်ရီ မဟုတ်ဘူး။ ရူးနေတဲ့သူကပဲ သူများအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပေးလိမ့်မှာ။


ဒါ့ကြောင့်မို့ သူမ ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးတစ်ခု ရှာနိုင်လေတယ်။ ဇာတ်လိုက်မင်းသမီးလိုမျိုး လူတိုင်းက သူမကို ချစ်လာဖို့ သူမ မမျှော်လင့်ရဲပါဘူး။ အနည်းဆုံးတော့ သူမကတော့ ဇာတ်ကွက်ကနေ အသတ်ခံရပြီး အေးအေးဆေးဆေး ထွက်သွားဖို့တော့ မဖြစ်နိုင်ပေ။


တကယ်လို့ သူမက ပြန်လည်မွေးဖွားလာတဲ့ ဇာတ်လိုက်မင်းသမီးကို အနိုင်ယူချင်တယ်ရင်တော့..... ခက်ခဲမှာပဲ၊ ဒါပေမယ့် သူမကတော့ သေချာပေါက် မဆုတ်မနစ် ဆက်ကြိုးစားရဦးမှာပဲ!


°°°°°