အခန်း(၂)
Viewers 38

အခန်း (၂) ရှန်းအိမ်တော်


ကျောင်းထိုင်ဆရာတော်က ပွဲလာရှာတဲ့ 

ရှန်းဖေးယင်ရဲ့အဖွဲ့သားတွေနှင့်အတူ ထွက်ခွာသွားခဲ့တယ်။ ရှန်းဖေးယင်က ရှန်းကျီးချောင်အား ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။ 

ရှန်းကျီးချောင် နောက်မှာရှိနေတဲ့ ကမောက်ကမနိုင်စွာနဲ့ ရှုပ်ထွေးသွားစေတဲ့ ချီကျန်းကတော့ ရှန်းဖေးယင်ကို ဒေါသထွက်သွား‌စေခဲ့တယ်။


အစေခံဝတ်စုံဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အ‌လောတကြီးဝင်ရောက်လာပြီး ချီကျန်းကို စိုးရိမ်တကြီး ကြည့်ရှုလိုက်တယ်။ "သခင်လေး အဆင်ပြေပါရဲ့လား"


ချီကျန်းက သူ့မျက်ခုံးရိုးများကို နာကျင်နေသည့်ဟန်ဖြင့် တွန့်ကွေးလိုက်တယ်။ "ငါ ဗိုက်အောင့်တယ်"


အစေခံက ရှန်းကျီးချောင်နှင့် ရှန်းဖေးယင် ကို လှမ်းကြည့်လိုက်ပြီးတော့ သူတို့တွေကို ထွက်သွား‌စေချင်နေပြီးတော့ သူ့မျက်လုံးထဲက မနှစ်မြို့နေတဲ့ အရိပ်အယောင်ကို ဖုံးကွယ်မထားခဲ့ချေ။


ရှန်းကျီးချောင်ရဲ့အကြည့်က

ချီကျန်းရဲ့ ချောမောတဲ့ မျက်နှာ ပေါ်ကို လွှမ်းခြုံသွားလိုက်၏။ သူမက ပြုံးကာ ပြောလိုက်တယ်။ "သခင်‌လေးချီရဲ့ အနားယူမှုကို မနှောင့်ယှက်တော့ပါဘူး၊ သွားလိုက်ပါဦးမယ်" ပြောပြီးသွားတော့ သူမက ရှန်းဖေးယင် ကို ကြည့်ရှုလိုက်၏။ "အစ်မရှန်း သွားကြမယ်လေ"


ရှန်းဖေးယင်တစ်ယောက် သူမဒေါသတွေကို အတင်းအကျပ် ပြန်ဖိနှိပ်လိုက်ကာ ချီကျန်းကို အရိုသေပြုနှုတ်ဆက်လိုက်ပြီး လှည့်ထွက်လာတော့တယ်။


သူတို့အနောက်ရှိ သီးသန့်အခန်း၏တံခါးက ပိတ်ကျသွားလိုက်၏။


ရှန်းကျီးချောင်က ရှန်းဖေးယင်ကို လှမ်းကြည့်လိုက်တယ်။ သူမ သက်သာရာရတဲ့ သက်ပြင်းမချရဲ‌သေးပေ။ ရှန်းဖေးယင်က ဒီကိစ္စကြောင့်နဲ့ လုံးဝ အရှုံးပေးမှာမဟုတ်တာကို သူမ သိလို့ပင်။ ဖြစ်နိုင်တာက သူမကို ဉာဏ်ရည်ချို့တဲ့အရူးနဲ့ လက်ထပ်‌စေဖို့ မကောင်းကြံမဲ့ နည်းလမ်းတွေ ထပ်ရှာနေဦးမှာပင်။


အရူးလား... ရှန်းကျီးချောင် သူမ‌ခေါင်းထဲမှာ စကားပြောဆိုမှုကို ပြန်တွေးမိလိုက်ပြီး သူ သူမလည်ပင်းကို ဆုပ်ကိုင်လိုက်တုန်းက ကြည့်လိုက်တဲ့ သူ့ရဲ့အေးစက်တင်းမာတဲ့ အကြည့်ကို ပြန်သတိရသွားလိုက်မိတယ်။ သူက ဘယ်လိုလုပ်ပြီးတော့များ အရူးတစ်ယောက် ဖြစ်သွားခဲ့တာများလဲ?


ချီကျန်းက ရူးချင်ဟန်ဆောင်‌နေတာ ဖြစ်နေမလားပဲ။ သူမ စိတ်ထဲ ရှုပ်ထွေးသွားတော့တယ်။ သူမ သိထားတဲ့ ဇာတ်ကြောင်းထဲမှာတော့ ချီကျန်းက အန်းမြို့စားကြီးရဲ့ သားအကြီးဆုံး ဖြစ်ပေမဲ့ သူက ဉာဏ်ရည်ချို့တဲ့နေတဲ့ အရူးတစ်ယောက်ပဲ။ ရှန်းဖေးယင်က သူ့ရန်သူရဲ့သမီးနှင့် လက်ထပ်စေဖို့ အကွက်ချ ကြံစည်ခဲ့တယ်။ အဆုံးသတ်မှာတော့ ရှန်းကျီးချောင်က အရူးတစ်ယောက်နဲ့ လက်မထပ်ချင်တာကြောင့် စာပေပညာရှင်တစ်ယောက်နဲ့ လိုက်ပြေးသွားခဲ့ပြီး လမ်းခရီးမှာပဲ သေဆုံးသွားခဲ့ရတာဖြစ်တယ်.....


ရှန်းကျီးချောင် ကိုယ်ခန္တာထဲကိုဝိညာဉ်ကူးပြောင်းသွားလိုက်ပြီးပြီပဲလို့ တွေးတောမိရင်း သူမ ရှုံးပွဲချသာ ငိုချင်လိုက်မိတော့တယ်။


ရှန်းဖေးယင်က ရှန်းကျီးချောင်၏ မျက်နှာအမူအရာတွေ ပြောင်းလဲသွားသည်ကို လှမ်းကြည့်လိုက်မိသည်။ သူမ သူမ(ရှန်းကျီးချောင်)ကို သံသယဝင်နေမိသည်။ ရှန်းကျီးချောင်က သူမအကြံကို သိ‌နေပြီးသားများ ဖြစ်‌နေမလား။ မဖြစ်နိုင်ပါဘူး။ မင်းသား(၉)ကို စွဲလန်းတဲ့အပြင်၊ သူမ ဘာလို့ အခြားအရာတွေကို အာရုံစိုက်မိသွားတာများလဲ။ ဒါပေမယ့် ဒီနေ့ သူမ တုံ့ပြန်ပုံကတော့ အရင်တုန်းကနဲ့ လုံးဝ မတူပဲ ကွဲပြား‌နေတာပဲ။


ရှန်းဖေးယင်တစ်ယောက် စိတ်ရှုပ်ထွေးနေရချိန်တွင်တော့ ရှန်းကျီးချောင်က သူမရဲ့အတွေးရေယာဉ်ထဲမှ ရုန်းထွက်နေပြီဖြစ်၏။


အခုချိန်က နေ့မွန်းတည့်ချိန်ဖြစ်၏။ စူးရှသော နေရောင်ခြည်က လမ်းဘေးဝဲယာရှိ သစ်ပင်များဆီမှ ဖြတ်ကျော် ဝင်ရောက်လာလိုက်တယ်။ သစ်ပင်သစ်ရွက်ခက်များက ရှန်းဖေးယင်ရဲ့ ချောမောလှပတဲ့ မျက်နှာပေါ်မှာ ဖြန်းပက်လိုက်ကာ သူမရဲ့အသားအရေကို ပိုလို့နူးညံ့သိမ်မွေ့သွားစေ၏။


ဇာတ်လိုက်မင်းသမီးတွေက အမြဲတမ်း လှပပြီး ထက်မြက်နေတော့တာပဲ။


ရှန်းဖေးယင် နဲ့ အခုချက်ချင်းကြီး သဘောထားကွဲလွဲလိုက်ဖို့က သူမအတွက် ဘာကောင်းကျိုးမှ ပေးနိုင်မည် မဟုတ်‌ဘူးပဲ။ ဘာမှမသိသလို ဟန်ဆောင်ထားတာ ပိုကောင်းတာပင်။ ရန်သူ့အကြောင်းကို ကောင်းကောင်းသိထားမှ အနိုင်ယူနိုင်မည်ပင်။ "အစ်မရှန်း ဘာတွေတွေးနေတာလဲ"


သူမက အရေးမပါတဲ့ အမြောက်စာဇာတ်‌ကောင်လေးမျှသာဖြစ်တယ်။ ရှန်းဖေးယင် နဲ့ အင်အားချင်း အတင်းအကြပ်ပြိုင်မယ်ဆိုရင် သူမ အနိုင်မရနိုင်မှာတော့ ကျိန်းသေပေါက်ပင်။ သူမ အားနည်း‌ချင်ယောင်ပဲ ဆက်ဟန်ဆောင်နေပြီးတော့ ရှန်းဖေးယင်ရဲ့ အကြံအစည်တွေကို ခိုးနားထောင်သင့်တယ်။ ဒီလိုနည်းနဲ့သာဆို သူမ ကိုယ့်အတွက်ကို နောက်ပြန်ဆုတ်နိုင်မဲ့ ပိုကောင်းတဲ့လမ်းကြောင်းကို ရှာဖွေနိုင်မည်ပင်။


ရှန်းဖေးယင်က ရှန်းကျီးချောင်၏ အပြစ်ကင်းစင်ပြီး မသိနားမလည်တဲ့ မျက်နှာလေးကို လှမ်းကြည့်လိုက်၏။ အနီရောင် စပျစ်နွယ်ပုံဖော်ကာ ပန်းထိုးထားတဲ့ သူမရဲ့အင်္ကျီလက်ဝက လေထဲတွင် ညင်သာစွာ လွင့်ဝဲနေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ရှန်းကျီးချောင်ကို လုံးလုံး မထိန်းချုပ်နိုင်‌တော့သလို သူမ ခံစားခဲ့ရတာမို့ ရှန်းကျီးချောင်ကပဲ ကံကောင်း‌နေတာလား ဒါမှမဟုတ် သူမအကြံအစည်ကို ထွင်းဖောက်မြင်နေလို့ပဲလားတော့ သူမ မသိတော့ပေ။


ဘယ်လိုပဲဖြစ်ဖြစ် သူမ ဟန်ဆောင်ထားဖို့ လိုတယ်။ အတိတ်ဘဝတုန်းက ကြေကွဲဖွယ်အဆုံးသတ်ကို ရှောင်ရှားဖို့နှင့် လက်စားချေနိုင်ဖို့အတွက် သူမ ကျိန်းသေပေါက် ရှန်းမိသားစုကို ဖျက်ဆီးပစ်ရပေမည်။


"ကျီးချောင် အစ်မ အမှားပါ။ အဲဒါ မင်းသား(၉)ရဲ့ အခန်းလို့ အစ်မ ထင်ခဲ့တာ။ မထင်ထားတာက... မင်းသား(၉)ဆီမှာ ရုတ်တရက် အကြောင်းတစ်ခု ပေါ်လာပြီး သူ

ရောက်မလာနိုင်ခဲ့ဘူး" ရှန်းဖေးယင် အပြစ်ရှိစွာဖြင့် ခေါင်းငုံ့ကာ သူမရဲ့ လှပဖြူသွယ်တဲ့ ငန်းတစ်ကောင်လို လည်တိုင်ကို ထုတ်ဖော်လိုက်ခဲ့တယ်။


သူမရဲ့အမူအရာကို ကြည့်ရုံနဲ့ လူတွေက စိတ်မကောင်းဖြစ်လို့သွားအောင် လုပ်ဆောင်နိုင်၏။ ရှန်းကျီးချောင်က ရှန်းဖေးယန် ရဲ့ လက်နှစ်ဖက်ကို ချစ်ခင်ရင်းနှီးစွာ ဆုပ်ကိုင်လိုက်ပြီး "အစ်မရှန်းကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ၊ အစ်မက ညီမကို ကူညီချင်နေတာပဲလေ၊ ငြိမ်ငြိမ်မနေနိုင်တာ ညီမအပြစ်ပါပဲ"


"နောက်တစ်ခါ ငါ သေချာပေါက် နင့်ကိုကူညီ‌ပေးပါ့မယ်နော်" ရှန်းဖေးယင် ရှန်းကျီးချောင်ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ညင်သာစွာ ပြုံးလိုက်ခဲ့တယ်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးပြနေကြပြီး ကိုယ်စီကိုယ်စီ စိတ်ထဲတွင်တော့ ကျိတ်၍ တွေးတောနေကြ၏။


ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းတော်၏ ကျောင်းမုဒ်ဦးဝ အရောက်တွင်တော့ ရှန်းကျီးချောင် ရှန်းဖေးယင် နှင့် လမ်းခွဲလိုက်ပြီးတော့ မြင်းလှည်းပေါ်တက်ပြီး ရှန်းမိသားစုထံ ပြန်သွားလိုက်ခဲ့တယ်။


မြင်းရထားလုံးက သန့်ရှင်းသပ်ရပ်ပြီး ထည်ဝါလှသည့် မြို့တံခါးများအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဝါးကတ်ကုလားကာများမှတဆင့် ရှန်းကျီးချောင် အပြင်ဘက်မြင်ကွင်းကို မြင်လိုက်ရတယ်။ လမ်းမတွေပေါ်ကို နေရောင်က တောက်ပစွာဖြာကျနေပြီး လူတွေအများကြီး ပြာပန်းခပ်စွာ လှုပ်ရှားသွားလာနေကြသည်။ စူးစူးဝါးဝါးအော်သံဟစ်သံများကို သူမကြားလိုက်ရပြီး သူမ ခေါင်းတောင် နာကျင်သွားခဲ့တော့တယ်။ ဒါက သူမနဲ့ ရင်းနှီးတဲ့ ကမ္ဘာတစ်ခု မဟုတ်ပေ။ အရာအားလုံးက ရင်းနှီးမှုမရှိတာမို့ သူမကို ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့တာပင်။


ဇာတ်လမ်းထဲကို ဘယ်က‌နေ ဘယ်လိုကူးပြောင်းသွားလဲ သူမ မသိရ‌ပေ။ အဲဒီဝတ္ထုကို ဖတ်ရင်းနဲ့ သူမက ခွေးသွေးဇာတ်လမ်းကို ဝေဖန်‌နေခဲ့တာကြောင့်များ ဖြစ်‌နေမလား။ မရေမတွက်နိုင်တဲ့ အမျိုးသားတွေနဲ ပတ်ရှုပ်ထွေးနေပြီးတော့ ကာမရာဂစိတ်ပြင်းပြတဲ့ ကိုယ်ကျင့်စရိုက်ရှိ‌နေတဲ့ သန့်ရှင်းစင်ကြယ်တဲ့ ဇာတ်လိုက်တစ်ယောက်ဆိုတာ ဘယ်လိုလုပ် ရှိနိုင်ပါတဲ့မလဲ။ အဲဒါတွေကြောင့်ပဲ သူမ စိတ်အနည်းငယ်လေးဖောက်ပြန်သွားပြီးတော့ ဒီဝတ္ထုတွေဖတ်ရတာ ကြိုက်လာခဲ့တော့တာပဲ......


ရှန်းကျီးချောင် သူမခေါင်းကို ခါရမ်းလိုက်တော့တယ်။ သူမမှာ အခု‌လောလောဆယ်တော့ ဝတ္ထုဇာတ်ကြောင်းကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်နေဖို့ အချိန်မရှိဘူးပဲ။ ရှန်းအိမ်တော်ကို ဝင်ရောက်ပြီးတော့ သူမရဲ့ နောက်ထပ်လှမ်းရမဲ့ ခြေလှမ်းတွေကိုသာ သေချာစဉ်းစားဖို့ပဲလို‌တာပင်။


ဇာတ်‌ကြောင်းထဲမှာက ရှန်းမိသားစုဝင်တွေအကြောင်း သိပ်မပြောထားခဲ့ပေ။ ရှန်းကျီးချောင်တွင် အစ်ကိုကြီးတစ်ယောက်၊ မောင်ငယ်လေးတစ်ယောက်ရှိသည့်အပြင် အစ်မကြီးနှစ်ယောက်ရှိတာကိုသာ သိရှိထားသည်။ သူမဖခင်ဖြစ်သူ ရှန်းရှောင်က နန်းတော်က စစ်သူကြီးချုပ်ဖြစ်သည်။ သူမအစ်ကိုကြီးဖြစ်သူက စစ်တပ်ထဲတွင်ရှိနေပြီးတော့ မောင်လေးဖြစ်သူကစာသင်ကြားနေတုန်းဖြစ်တယ်။ သူမရဲ့အစ်မနှစ်ယောက်အကြောင်းကတော့... သူမ သူတို့အကြောင်းကို အများကြီးမသိထားခဲ့ပေ။ 


သခင်မကြီးရှန်းက ရှန်းအိမ်တော်ကို အုပ်ချုပ်တယ်။ ရှန်းကတော်ကတော့ ရှန်းကျီးချောင်ကိုမွေးဖွားပြီး သူမ၏ခန္ဓာကိုယ်ကိုထိခိုက်သွားခဲ့တာကြောင့် နောက် ၃ နှစ်အကြာတွင် ကွယ်လွန်သွားခဲ့တာပင်။ ရှန်းရှောင်က မူလကတော့ နောက်အိမ်ထောင်ထပ်ပြုချင်‌ပေမဲ့ သူအိမ်ထောင်ပြုခါနီးတိုင်း ကျီးချောင်က အသည်းအသန် နေမကောင်းဖြစ်ခဲ့ပြီးတော့ သူမကို အပြင်လူတွေ ပြုစုစောင့်ရှောက်ပေးမှာကို ငြင်းဆန်ခဲ့တယ်။ အဲဒီအစား သူမက ရှန်းရှောင်အား သူမကို ပြုစုစောင့်ရှောက်ပေးစေချင်နေခဲ့တယ်။ အဲဒီအတွက်ကြောင့် ရှန်းရှောင်၏ အိမ်ထောင်ပြုဖို့ရေး ကြိုးပမ်းမှုက ကျရှုံးသွားခဲ့ပြီး သူရဲ့ ကြိုးစားအားထုတ်ခြင်းကို ရပ်တန့်လိုက်ရတော့၏။


ရှန်းရှောင်က ဆုံးပါးသွားတဲ့ သခင်မရှန်းကို အလွန်ချစ်မြတ်နိုးတာကြောင့် သူ့ရဲ့တစ်ဦးတည်းသော တရားဝင်သမီးဖြစ်တဲ့ ကျီးချောင် တော်တော်လေး အလိုလိုက်ခဲ့တယ်။ သို့ပေမဲ့လည်း သခင်မကြီးရှန်းကတော့ ကျီးချောင်ကို အလွန်ကို အလေးမထားစွာ ဆက်ဆံခဲ့တယ်။ ကျီးချောင်က သူမအမေကို ဘေးဒုက္ခဖြစ်စေပြီးတော့ ရှန်းရှောင်ကို နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြစ်စေတယ်လို့ သူမက ယုံကြည်ထားခဲ့ပြီး အချိန်တိုင်းလိုလို သူမကို လျစ်လျူရှုထားခဲ့တယ်။ ရှန်းရှောင်ကလည်း နှစ်တွေအကြာကြီး မကြာခဏ စစ်မြေပြင်မှာပဲ ရှိနေတာမို့ သူ့သမီးဖြစ်သူကို အလိုလိုက်ပေးနေစေကာမူ သူမကို မလွှဲမရှောင်သာ သူ ပစ်ပယ်ထားခဲ့တယ်။ ဒီအချက်တွေကြောင့်ပဲ ရှန်းကျီးချောင်က လူတွေရဲ့အာရုံကို စွဲဆောင်ချင်တဲ့ ဉာဏ်နီဉာဏ်နက်များပြီး တဇွတ်ထိုးနိုင်သူတစ်ယောက်ဖြစ်လာခဲ့တာပင်........။


ဒါတွေအားလုံးက ရှန်းကျီးချောင်သိထားတဲ့ သူမရဲ့နောက်ကြောင်းကုန်စင် ပင်ဖြစ်တယ်။ သူမ ခေါင်းမခဲဘဲနေနိုင်ပါ့မလား။ အဆုံးမှာတော့ သူမက အမြှောက်စာဇာတ်ကောင်တစ်ယောက်ပင် သို့ပေမဲ့ စာရေးသူက သူမကို ဘာလို့ ဒီလောက်အသေးစိတ်ကျကျ ဖော်ပြထားခဲ့ရတာလဲလို့။


ပြန်လည်မွေးဖွားလာတဲ့ ဇာတ်လိုက် မင်းသမီး ရှန်းဖေးယင်အတွက်ကတော့ ရှန်းရှောင်က သူမအဖေကို သေစေခဲ့ပြီး ရှန်းမိသားစုကို သွယ်ဝိုက်တဲ့အနေနဲ့ ဖျက်ဆီးလိုက်ခဲ့တာပဲဖြစ်တယ်။ ရှန်းဖေးယင်က အရှက်တရားကို အသက်နဲ့လဲကာ သတ်သေခဲ့ပြီး ပြန်လည်မွေးဖွားလာခဲ့တယ်။ ရှန်းဖေးယင်က ရှန်းမိသားစုကို လက်စားချေဖို့ ကြံစည်နေပြီးတာဖြစ်ပေမဲ့လည်း ရှန်းရှောင်ကလည်း ရှန်းအမတ်ကို ထိခိုက်အောင် မလုပ်မိသေးပေ။ 


ရှန်းကျီးချောင် စကားမပြောဘဲ မျက်ရည်ဝဲလာခဲ့၏။ သူမမှာမှ ဘာလို့ ဒီလောက်ထိ ခါးသီးတဲ့ ဘဝမျိုး ရှိခဲ့ရတာလဲ။


"တတိယသခင်မလေး ကျွန်တော်တို့ ရောက်ပါပြီ" မြင်းရထားလုံး မောင်းလာသူက ရှန်းကျီးချောင်ရဲ့ အတွေးနက်ရှိုင်းနေမှုကို နှောက်ယှက်ကာ အော်ပြောလိုက်တယ်။


ရှန်းအိမ်တော်၏ အိမ်ရှေ့တံခါးပေါက်ဝသည် ခမ်းနားထည်ဝါပြီး အစိမ်းရောင်ခြယ်သထားသည်။ အစောင့်ကြပ် တရုတ်ခြင်္သေ့ အမတစ်ကောင်နှင့် အထီးတစ်ကောင် ခြင်္သေ့နှစ်ကောင်တို့က တံခါးတစ်ဖက်တစ်ချပ်စီတွင် ထိုင်လျက် ရှိကြ၏။ ခြင်္သေ့အထီးသည် ညာဖက်ရှေ့ခြေသည်းများဖြင် ပန်းထိုးဘောလုံးကို ခြေထောက်နင်းထားခဲ့ပြီး ဘယ်ဘက်ရှေ့ခြေသည်းများဖြင့် ခြင်္သေ့ပေါက်လေးကို ဖိထားခဲ့သည်။ ခြင်္သေ့တွေက ရက်စက်ကြမ်းကြုတ်သောအမူအရာကိုဖော်ပြထားပြီး မမြင်နိုင်သော စွမ်းအားကို ထုတ်လွှတ်လျက်၏။


ငါ ဒီကိုရောက်လာပြီပဲ! ရှန်းကျီးချောင်က ရှန်းအိမ်တော်တံခါးထုပ်တန်းပေါ်က ပြင်းထန်ပြီး အားကောင်းသော စကားလုံးများကို ကြည့်ရှုလိုက်ခဲ့၏။ သူမ အသက်ပြင်းပြင်း ရှူရှိုက်လိုက်တယ်။ အားလုံး အဆင်ပြေသွားမှာပါ။


မကြာမီမှာပဲ ရှန်းကျီးချောင်တစ်ယောက် ရှန်းအိမ်တော်၏ ခြံနောက်ဖေး ဥယျာဉ်တော်ထဲမှာ မတ်တပ်ရပ်နေရင်း ငိုချချင်မိတော့တယ်။ သူမ အခန်းက ဘယ်မှာလဲလို့?


"တတိယသခင်မလေး ပြန်လာပြီလား။ သခင်မကြီးက သခင်မလေးကို နေရာအနှံ့ လိုက်ရှာနေတယ်" ရှန်းကျီးချောင် လမ်းပျောက်နေစဉ်မှာပဲ လှပစွဲမက်ဖွယ်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အစေခံတစ်ယောက်က အလောတကြီး ပြေးလာခဲ့သည်။


"ဘယ်မှာလဲ သခင်မကြီးက? ငါ့ကို မြန်မြန်ခေါ်သွားပေး" ရှန်းကျီးချောင်က အလျင်စလို ပြန်ဖြေလိုက်တယ်။


အစေခံက ရှန်းကျီးချောင်ကို မျက်ခုံးပင့်ကာ ပြောလိုက်တယ်။ "တတိယသခင်မလေး သခင်မလေးက တကယ်ကို အရည်အချင်းရှိတာပဲ။ အစေခံ လေးယောက်ကတောင် သခင်မလေးကို စောင့်ကြည့်မထားနိုင်ဘူးပဲ"


ရှန်းကျီးချောင်က အစေခံဆိုလိုတာကို နားမလည်ခဲ့ပေ။ သူမ နှုတ်ခမ်းကို စုဝိုင်းကာ ပြုံးလိုက်ကာ ဘာမှ ပြန်မပြောလိုက်ခဲ့ပေ။


သူမက လျင်မြန်စွာဖြင့် ခြံဝင်းတစ်ခုဆီ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ သူမ ဝင်ဝင်လိုက်ချင်းပင် အဆောက်အဦးအလယ်ရှေ့တွင် ထိုင်နေတဲ့ ရောင်စုံအ၀တ်အစားများ ဝတ်ဆင်ထားတဲ့ အစေခံ နှစ်ယောက် သုံးယောက်ခန့်ကို တွေ့လိုက်ရတယ်။ မက်မွန်ပွင့်ဂါဝန်ကို ၀တ်ဆင်ထားတဲ့ အစေခံတစ်ယောက်က မတ်တပ်ရပ်လိုက်ခဲ့တယ်။ "အိုး..ဒါက တတိယသခင်မလေးပဲ"


သူမက ထိုသို့ပြောဆိုလိုက်တော့ ကျန်တဲ့လူတွေက မတ်တပ်ထရပ်ကာ လိုက်ကာစတွေကို ဘေးဘက်သို့ 'မ'တင်ပေးခဲ့ကာ ရှန်းကျီးချောင်အား အတွင်းသို့ ဝင်သွားစေလိုက်၏။


သင်းပျံ့မွှေးကြိုင်တဲ့ မွှေးရနံ့တစ်ခုက လေထုထဲတွင် ပျံ့လွင့်နေ၏။ ရှန်းကျီချောင် မော့ကြည့်လိုက်ပြီး သူမဘေးပတ်ဝန်းကျင်ကို ဖြတ်ခနဲ ဝေ့ကြည့်လိုက်ခဲ့တယ်။ အခန်း၏ နေရာချထားမှုကို လေ့လာဖို့ သူမမှာ စိတ်အခြေအနေရှိမနေခဲ့ပေ။ အလယ်ဗဟိုတွင် စန္ဒကူးနံ့သာထိုင်ခုံကို မှီနေသော အမျိုးသမီးတစ်ဦးကို တစ်ဖက်တစ်ချက်စီမှ အစေခံနှစ်ဦးက ညင်သာစွာဖြင့် သူမအား ယပ်ဖွဖွခပ်ပေးနေတာကို သူမ မြင်လိုက်ရတယ်။ အခန်းအလယ်မှာ ရေခဲတွေထည့်ထားတာပဲ။ နွေရာသီမှာ ထင်ထားသလောက် ပူလောင်မှုကို မခံစားရတာ မအံ့ဩတော့ပါဘူး။


သူမက သခင်မကြီးရှန်း ဖြစ်လောက်မယ်။ 


"နင်က တကယ် ပြန်လာဖို့ ဆန္ဒရှိသေးတယ်ပေါ့လေ" အဘွားကြီးက အနီရင့်ရောင်ပန်းပွင့်များဖြင့် ပန်းထိုးတားတဲ့ ဂါဝန်ကို ၀တ်ထားခဲ့တယ်။ ရှန်းကျီးချောင် ဝင်လာတာကို မြင်လိုက်ချိန်တွင်တော့ သူမက အအေးခံထားတဲ့ သစ်သီးတွေကို စားနေခဲ့တယ်။ သူမက သစ်သီးတွေကို ပြန် ချလိုက်ခဲ့ကာ အစေခံတစ်ယောက်က လက်ဆေးရန်နှင့် ပါးစပ်ကို သုတ်ရန်အတွက် ကြေးနီအင်တုံနှင့် မျက်နှာသုတ်ပုဝါကို ပေးလိုက်ခဲ့တယ်။


ရှန်းကျီးချောင်က ခေါင်းငုံ့လိုက်ခဲ့တယ်။ "အဖွား"


"ဟမ့် အရှက်မဲ့တဲ့ဟာမလေး!" သခင်မကြီးရှန်းက ရုတ်တရက် ဒေါသထွက်ထွက်နဲ့ သူမလက်ထဲက လက်ကိုင်ပုဝါနဲ့ ရှန်းကျီးချောင်မျက်နှာကို ပစ်ပေါက်လိုက်ခဲ့တယ်။ "နင်က ရှန်းမိသားစုရဲ့ မျက်နှာကို အရှက်ရအောင် လုပ်လိုက်တာပဲ။ နဝမမင်းသားက နင့်ကို နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလို မြင်စေချင်တာလား၊ နင့်အဖေက ညီလာခံမှာ အရှက်ခွဲခံရပြီး အလှောင်ခံရတာ မလုံလောက်သေးဘူးလို့ နင် တွေးနေလား"


ရှန်းကျီးချောင်က ခေါင်းကို ငုံ့လျှိုးလိုက်တယ်။ သခင်မကြီးရှန်းက ဗုဒ္ဓတစ်ထောင်ဘုရားကျောင်းကို သွားလို့တော့ သူမကို ဒေါသထွကမည်မဟုတ်လို့ သူမ တွေးတောလိုက်ခဲ့တယ်။ သတင်းတွေက ဘယ်လိုလုပ်ပြီး လျင်လျင်မြန်မြန် ပြန့်နှံ့သွားလဲဆိုတာကို သူမ တိတ်တဆိတ် တွေးတောလိုက်တယ်။ သူမနဲ့ ချီကျန်း အကြောင်း သိသွားတာကြောင့်များ ဖြစ်နေမလား?


သခင်မကြီးရှန်း၏ အကျင့်စရိုက်ကို သူမ ကောင်းကောင်းမသိတာကြောင့် ရှန်းကျီးချောင် သူမကိုယ်သူမ ခုခံကာကွယ်ဖို့ မဝံ့ရဲခဲ့ပေ။ သူမ ခေါင်းငုံ့လျိုး၍ တိတ်ဆိတ်စွာပဲ နေလိုက်ခဲ့တယ်။


ထိုအချိန်တွင် အကြီးဆုံးသခင်မလေးနှင့် ဒုတိယသခင်မလေးတို့ ရောက်ရှိလာကြောင်း အစေခံတစ်ဦးက သတင်းပို့လာခဲ့၏။


°°°°

🍁