Chapter 127 ဒီကနေ မထွက်နိုင်ရင် ဒါက မင်းတို့ရဲ့သင်္ချိုင်းဖြစ်လာလိမ့်မယ်
Viewers 17k

အခန်း ၁၂၇ ဒီကနေ မထွက်နိုင်ရင် ဒါက မင်းတို့ရဲ့သင်္ချိုင်းဖြစ်လာလိမ့်မယ်

ကျိရွှေရှန့်က သူတို့ကို တောင်တန်းများ၏ ပို၍ နက်ရှိုင်းသော တောနက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အစပိုင်းတွင် ပတ်ဝန်းကျင်က ကြည်လင်တောက်ပနေသေးသော်လည်း သူတို့ ဆက်လျှောက်လာရင်း တဖြည်းဖြည်း မြူများ ထူထပ်လာသည်။  ခေါင်းဆောင်လာသူက ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရသောကြောင့် ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။

"ညီလေး၊ ဘာလို့ ဒီလောက်တောင် မြူတွေ ထူနေရတာလဲ?"

ဒီတောင်က အမြဲ ဒီလိုပဲ။ အမြဲတမ်း မှိုင်းဝေနေတက်တယ်"

ကျိရွှေရှန့်က နောက်သို့လှည့်ကာ ရှင်းပြလိုက်ပြီး ပို၍ နက်ရှိုင်းသော နေရာသို့ တိုးဝင်သွားသည်။

သူတို့ကို သေသေချာချာ လိုက်ကြည့်ထားကြ၊ သူတို့ ဘာလှည့်ကွက်တွေ လုပ်နေလဲဆိုတာကို ဂရုတစိုက် ကြည့်ကြ။ တစ်ခုခု မှားနေတယ်လို့ ခံစားရရင် သူတို့ကို သတ်လိုက်တော့”

ခေါင်းဆောင်က သူ့နောက်လိုက်များကို အမိန့်ပေးလိုက်ပြီး နောက်လိုက်များအားလုံးက သူတို့၏လက်နက်များကို တိတ်တဆိတ် ထုတ်ထားလိုက်ကြသည်။ သူတို့၏လက်နက်များက အကွေးပုံစံရှိသော ဓားမောက်များ ဖြစ်ပြီး ထိုဓားများကို ပေါင်းစည်းထားလျှင် ၎င်းတို့က စက်ဝိုင်းပုံများ ဖြစ်သည်။ တိုက်ခိုက်သောအခါတွင် ၎င်းတို့ကို စက်ဝိုင်းတစ်ခုအဖြစ်မှ လခြမ်းနှစ်ခုအဖြစ်သို့  ပြောင်းလဲနိုင်သည်။ ထိုဓားများကို ပစ်လွှတ်လိုက်လျှင် ဓားများက ပျံသန်းသွားပြီး တခြားလူ၏ဦးခေါင်းကို ယူနိုင်သည်အထိ  အလွန်ထက်ရှိသော ဓားကွေးများ ဖြစ်သည်။

ကျိရွှေရှန့်က နောက်သို့ ခေါင်းပြန်မကြည့်သော်လည်း သူက ထိုပြင်းထန်သော သတ်ဖြတ်ရိပ်ကို ခံစားနိုင်သေးသည်။ သူ့မျက်လုံး၏ထောင့်တွင် အေးစက်သည့် အလင်းတန်းတစ်ခု လင်းလက်သွားသောကြောင့် သူက ကျုံးယုံကို ရုတ်တရက် ဆွဲခေါ်လိုက်ပြီး ဘေးနားမှ တောအုပ်ဆီသို့ ပြေးဝင်လိုက်သည်။

ကျိရွှေရှန့် ပြေးသွားသည်ကို မြင်သောအခါ ခေါင်းဆောင်က သူ့လူများကို လိုက်ဖမ်းစေခဲ့သည်။ သို့သော် သူတို့ တောထဲသို့ ဝင်လာပြီးနောက် မြူများ ပိုထူလာသည်ကို သူတို့ တွေ့လိုက်ရသည်။

ရွာသားနှစ်ယောက်ကို မပြောနဲ့ သူတို့ အချင်းချင်းတောင် မတွေ့နိုင်တော့ဘူး။ ‌နောက်ဆုံး သူတို့ရှေ့က သူတို့ရဲ့လက်ချောင်းတွေကိုတောင် မမြင်နိုင်တော့ဘူး။

ပြန်ထွက်ကြ၊ အားလုံး ဒီနေရာကနေ မြန်မြန် ပြန်ထွက်ကြ”

ခေါင်းဆောင်က သူလူ့များ ရှိနိုင်မည့်နေရာကို ခန့်မှန်းကာ ဦးတည်ရာမဲ့ လှမ်းအော်နေသည်။

ကျိရွှေရှန့်က လှောင်ပြောင်သောအသံဖြင့် ငါ မင်းတို့ကို အစမ်းသပ်ခံအနေနဲ့ သုံးလိုက်တော့မယ်။ မင်းတို့ ဒီက ထွက်သွားနိုင်ရင် မင်းတို့ အသက်ရှင်မယ်။ မင်းတို့ မထွက်သွားနိုင်ရင် ဒါက မင်းတို့ရဲ့သင်္ချိုင်းဖြစ်လာလိမ့်မယ်"

ထိုလူက သူ့လက်ထဲက ဓားပျံကို ကျိရွှေရှန့်၏အသံလာရာဆီသို့ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ကျိရွှေရှန့်က ထိုပျံသန်းနေသောဓားကို သူ့မြှားဖြင့် ပစ်ချလိုက်သည်။

ကျိရွှေရှန့် ရှိနိုင်မည့်နေရာကို ခန့်မှန်းအတည်ပြုပြီးနောက် ထိုလူက ကျိရွှေရှန့်ဆီသို့ ပြေးသွားသော်လည်း ယန္တရားတစ်ခုကို သူ့ကို စောင့်ကြိုနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူက ကြီးမားသော ကျောက်တုံးကြီးနှစ်တုံးကြားတွင် အညှပ်ခဲလိုက်ရပြီး  ‌အော်ဟစ်ရန် အချိန်ပင် ခဏလေးသာ ရလိုက်တော့သည်။

ထိုကျောက်တုံးကြီးနှစ်တုံးက လူကို ဖိညစ်လိုက်ပြီး မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကျိရွှေရှန့်က သူ ယခုတစ်ကြိမ် တည်ဆောက်ထားသည့် ယန္တရားအတွက် အလွန်ကျေနပ်နေပြီး သူက ထိုနေရာရှိ အခြားလူများကို ဂရုမစိုက်တော့ပေ။

သူ့မျက်လုံးထဲမှာတော့ ဒီလူတွေအကုန်လုံးက သေလူ ဖြစ်သွားပြီ။

ကျိရွှေရှန့်က သူ့၏မွေးစားဖခင် သင်ကြားပေးခဲ့သော ဒြပ်စင်ငါးပါးနှင့် ပါ့ကွာဖွဲ့စည်းမှုအတိုင်း ဤယန္တရားကို ဖွဲ့စည်းတည်ထောင်ထားခဲ့သည်။ ထောင့်ရှစ်ထောင့်ပါသော ပါကွာ့ဖွဲ့စည်းပုံ၏ အပြင်ဘက်တွင် အံ့သြဖွယ်ရာ မြူခိုးများ ရှိနေခဲ့သည်။ သာမန်လူတစ်ဦးက ထိုမြူခိုးမြူများကြားတွင် လမ်းပျောက်သွားနိုင်သော်လည်း အသက် ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က ထိုမြူအခင်းအကျင်းကို ဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့က  ပါ့ကွာဖွဲ့စည်းမှုထံသို့ ရောက်သွားကာ ယန္တရားက စတင်လည်ပတ်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ဤယန္တရား၏အခင်းအကျင်းကို မသိနားမလည်သူများ သေပွဲဝင်ရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ရှစ်ထောင့်ပုံ ပါ့ကွာဖွဲ့စည်းမှု၏အတွင်းတွင် လူများကို သေစေနိုင်သောန် ဧရာမကျောက်တုံးကြီးများနှင့် မြှားထောင်ပေါင်းများစွာ ရှိနေပြီး လူတို့၏နှလုံးကို ထိုးဖောက်နိုင်သည့် ချွန်ထက်သောအရာများစွာ ပါဝင်နေသေးသည်။

ကျိရွှေရှန့်က ဤတောင်ပေါ်ရှိ လျှို့ဝှက်ချက်ကို အခြားသူများ ရှာမတွေ့ဖို့ သေချာစေရန် အထူး ဂရုစိုက်ကာ နှစ်ထပ်ဖွဲ့စည်းမှုကိုလည်း အထူးခင်းကျင်းထားခဲ့သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက အရမ်းတော်တယ်၊ အရမ်းတော်တယ်"

သူတို့ တောင်ပေါ်မှ ပြန်ထွက်ခွာလာချိန်တွင်  ကျိရွှေရှန့်ကို စိတ်လှုပ်ရှားစွာ စကားလှမ်းပြောနေသည့် ကျုံးယုံ၏ မျက်လုံးများတွင် လေးစားမှုများ ပြည့်လျှံနေခဲ့သည်။

မင်း မှတ်ထားရမှာက…”

ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး”

ကျိရွှေရှန့်၏သင်ကြားမှု မပြီးသေးခင်မှာပင် ကျုံးယုံက သူ့ကိုယ်သူ အာမခံလိုက်သည်။

"ကောင်းတယ်၊ သွားကြစို့!"

ကျိရွှေရှန့်က ကျုံးယုံနှင့်အတူ တောင်ပေါ်မှ ပြန်ဆင်းကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ သူက မထွက်ခွာမီတွင် 'ကျူးရှန်း' ဟူသော စာလုံးများ ပါသည့် နယ်နိမိတ်ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက နေရာကို မှတ်သားလိုက်ပြီး ကျုံးယုံနှင့်အတူ အဖွဲ့ကြီး၏နောက်သို့ ဆက်လိုက်ခဲ့ကြသည်။

သူတို့ထံတွင် မြင်းမရှိသောကြောင့်  အန်းချန်၏အပြင်တွင် ချိုးယုံခန်းနှင့် တခြားသူများကို အမှီလိုက်လိုက်ရန် အချိန် နှစ်ရက်ထပ်ယူခဲ့ရသည်။

ချိုးယုံခန်းက အဖွဲ့ကို အနားယူရန် အချိန်များများ ပေးခဲ့သောကြောင့် သူတို့ လိုက်မီခဲ့ခြင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင် အဖွဲ့ကို အမီလိုက်နိုင်ရန် နောက်ထပ်နှစ်ရက်လောက် အချိန်ယူရဦးမည် ဖြစ်သည်။

"ရွှေရှန့်၊ မင်း ပိုက်ဆံတွေ ပြန်ရခဲ့လား?"

ရွာလူကြီးချိုးက ပင်ပန်းနွမ်းနယ်‌နေသော ကျိရွှေရှန့်နှင့် ကျုံးယုံကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

ပြန်ရခဲ့ပါတယ်”

ကျိရွှေရှန့်က ထိုလူထံမှ ရရှိသော ငွေများထည့်ထားသည့်အိတ်ကို  ထုတ်ယူလိုက်ပြီး ချိုးယုံခန်းကို လှမ်းပေးလိုက်သည်။

အနာဂတ်မှာ ပိုသတိထားကြ။ အပြင်မှာ လူဆိုးတွေ အများကြီးပဲ”

အဘိုးအိုကလည်း ငွေများကို တွေ့သွားပြီး သူက နောက်ထပ် သတိပေးလိုက်သည်။

ကျိရွှေရှန့်က ပိုက်ဆံများ ပြန်ယူလာသည်ကို မြင်လိုက်ရသောကြောင့် ချိုးယွဲ့၏သံသယများက တစ်ဝက်လောက် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း သူမက တစ်စုံတစ်ခု မှားနေသေးသလို ခံစားနေမိသေးသည်။

သူက ငွေတွေကို ဘယ်လိုပြန်ရခဲ့တာလဲ? သူခိုးက ဘယ်သူလဲဆိုတာ သူတို့က သိနေလို့လား? အဲ့လိုသိနေရင် အရင်က ပိုက်ဆံတွေကို ဘာလို့ ဆုံးရှုံးခဲ့ရတာလဲ?

"ရွှေရှန့်၊ ငါတို့ စားနပ်ရိက္ခာတွေ ထပ်ဖြည့်ဖို့ မြို့ထဲကိုသွားရမယ်"

ချိုးယုံခန်းက အစားအသောက်လှည်းအလွတ်ကို ညွှန်ပြပြီး ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ ကျန်နေတဲ့ အစားအစာတွေက တစ်နပ်စာလောက်ပဲ ရှိတော့တယ်၊ သူတို့ အခု နေ့လည်စာ မစားရသေးဘူး၊ နောက်ထပ် တစ်နပ်စာ ချက်လိုက်ရင် အကုန် ကုန်သွားလိမ့်မယ်။

"ကောင်းပြီ၊ အရင် စားကြရအောင်"

ဤရက်အနည်းငယ်အတွင်းတွင် ကျိရွှေရှန့်နှင့် ကျုံးယုံတို့က အခြားသူများ၏အာရုံကို ဆွဲဆောင်မည်ကို ကြောက်ရွံ့သောကြောင့် တောတောင်များထဲတွင် မီးမမွှေးရဲကြပေ။ ထို့ကြောင့် သူတို့က သူတို့ အမဲလိုက်ပြီး ရရှိသည့် သားကောင်ကို အစိမ်းလိုက်စားကြရသည်။ ထိုသို့ မစားချင်လျင်  တောရိုင်းဟင်းရွက်များနှင့် သစ်သီးဝလံများကို ရှာဖွေစားသောက်ကြရသည်။ ထို့ကြောင့် သူက ပုံမှန်အစားအစာအချို့ကို စားရန် အလောတကြီး မျှော်လင့်နေမိသည်။

စူးချင်းက ယာဂုကျိုရန် ရောက်မလာခဲ့ပေ။ ယာဂုကျိုခြင်းက သူမ ချက်ပြုတ်ခြင်း စွမ်းရည်ကို မတိုးတက်‌တော့ဘဲ ဟင်းလျာအသစ် ချက်ပြုတ်မှ စွမ်းရည်တိုးတက်လာနိုင်တော့မည် ဖြစ်သောကြောင့်ပင်။

သူမက အနားယူနေစဉ်အတွင်း ချည်သားအ၀တ်အထည်များ ပြုလုပ်ခဲ့ပြီး သူမ၏ ချုပ်လုပ်မှုစွမ်းရည်က တဟုတ်ထိုး တိုးတက်ခဲ့သောကြောင့် သူမက ချည်သားအ၀တ်အစားကို ပုံစံအသစ်ဖြင့် ထပ်မံပြုလုပ်နေခဲ့သည်။

သူမက ကျိရွှေရှန့်နဲ့ ကျုံးယုံ ဘယ်ရောက်သွားလဲဆိုတာကိုတောင် မသိချင်ဘူးလေ။ လူတိုင်းမှာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ရှိကြတယ်။ တခြားသူတွေရဲ့လျှို့ဝှက်ချက်တွေကို လိုက်ကြည့်နေတာက အလုပ်မရှိလို့ ပျင်းရိနေတဲ့သူတွေ လုပ်တဲ့အရာပဲ။

"ကျုံးယုံ"

အမျိုးသမီးလီ၏မျက်လုံးများက ယောင်ဝါးဝါးရုပ်သွင်များကို မြင်နိုင်နေပြီ ဖြစ်သောကြောင့် သူမက သူမ၏သားကို ကြည့်ရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။

စူးချင်းက သူမကို မော့ကြည့်လိုက်သည်။ ခုနစ်ရက်ပြည့်ရန် တစ်ရက်သာလိုတော့သောကြောင့် အမျိုးသမီးလီ၏မျက်လုံးများက ယခင်ကကဲ့သို့ မှုန်မှုန်မှိုင်းမှိုင်း မဟုတ်တော့ပေ။ ယခု သူမက လူအနည်းငယ် မြင်နိုင်ကြောင်း စူးချင်းက သိနေခဲ့သည်။

အမေ၊ အမေ”

ကျုံးယုံက သူ့အမေကို ကူတွဲပေးရန် ကမန်းကတန်း ရောက်လာသည်။ သူ၏မျက်နှာတွင် အမွှေးအမှင်များ မရှိသောလည်း သူ့ဆံပင်များက မြက်ခြောက်များကဲ့သို့ ဖြစ်နေကာ မြေမှုန်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူက တောတောင်များထဲတွင် ရက်အနည်းငယ်ကြာ နေခဲ့ရပြီး တောရိုင်းသားတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။

"ယုံအာ?"

သူမသား၏မျက်နှာကို ဆုပ်ကိုင်ထားသော အမျိုးသမီးလီ၏လက်များ တုန်ရီနေသည်။ သူမက သူမ၏သားကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း သားဖြစ်သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။ မှုန်ဝါးနေသော မျက်နှာက မြူအလွှာတစ်ခု ခြားထားသကဲ့သို့ ဖြစ်နေကာ သူမ၏ မျက်လုံးများရှေ့တွင် မှုန်ဝါးဝါး မျက်နှာတစ်ခု လှုပ်ယမ်းနေသည်။ သူမက ရှင်းရှင်းလင်းလင်း မြင်ချင်နေသော်လည်း မြူများက မပျံ့လွင့်သွားပေ။

"အမေ? အမေ မြင်နိုင်ပြီလား?"

ကျုံးယုံက သူ့မိခင်၏မျက်လုံးများရှေ့တွင် သူ့လက်ကြီးများကို ဝှေ့ယမ်းနေပြီး သူ့အသံက တုန်ရီနေကာ သတိထားနေပုံပေါ်သလို အံ့သြမှုများလည်း ရှိနေခဲ့သည်။

"ကောင်းကောင်း မမြင်ရသေးဘူး။ စူးချင်းက ခုနစ်ရက်ကြာမှ ပြန်မြင်နိုင်တွေ့မယ်လို့ ပြောတယ်”

အမျိုးသမီးလီက ခေါင်းယမ်းလိုက်သော်လည်း သူမက ပြုံးနေသေးသည်။ ယခုအချိန်တွင် သူမက စူးချင်း၏ဆေးကို အလွန်ယုံကြည်နေပြီ ဖြစ်သည်။

အရင်တုန်းက ခါးသီးတဲ့ဆေးတွေ အများကြီးသောက်ခဲ့ပေမယ့် အလင်းရောင်တစ်စလေးတောင် မမြင်နိုင်ခဲ့ဘူး။ စူးချင်းရဲ့ဆေးတွေကို သောက်ပြီးတဲ့နောက်မျာ သူမမျက်လုံးရဲ့နေ့စဉ် ပြောင်းလဲမှုတွေကို သူမ ခံစားနိုင်ခဲ့တယ်။

ဒီနေ့တော့ ဝါးတားတားတောင် မြင်နေရပြီ။ နောက်ထပ်တစ်ရက်ပဲ... နောက်ထပ်တစ်ရက်ဆိုရင် ​သူမ သားရဲ့မျက်နှာကို သူမ မြင်နိုင်တော့မယ်။

သူ့အမေ၏စကားကြောင့် ကျုံးယုံက အံ့သြဝမ်းသာ ဖြစ်သွားပြီး သူက စူးချင်းရှေ့သို့ လျှောက်သွားကာ ဒူးထောက်လိုက်သည်။ ထို့နောက် သူက လက်သီးအုပ်ကာ စူးချင်းကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"စူးချင်း၊ ငါ့အမေရဲ့ မျက်လုံးတွေကို ကုသပေးခဲ့တဲ့အတွက် မင်းက ငါ့ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီ။ မင်း ငါ့ကို လူရိုက်ခိုင်းရင် မင်းရိုက်ခိုင်းသမျှလူကို ငါ ရိုက်နှက်ပေးမယ်!"

စူးချင်းက သူမ၏မျက်လုံးကို ပင့်တင်လိုက်ပြီး ကျုံးယုံကို ဘာသိဘာသာ ကြည့်ကာ ငါ ရိုက်ချင်တဲ့သူကို ငါကိုယ်တိုင် ရိုက်နှက်နိုင်တယ်”

သူမ၏စကားများက အလွန်မောက်မာလွန်းသော်လည်း ထောင်ဟွားဝူမှ ရွာသူရွာသားများက သူမ၏စကားကို လုံးဝ သံသယမဝင်ကြပေ။ လက်ရှိလူများထဲတွင် ကျိရွှေရှန့်သာလျှင် စူးချင်းကို အနိုင်ယူနိုင်ပေလိမ့်မည်။

ကျုံးယုံက ခဏလောက် တုံ့ဆိုင်းသွားပြီး ဆုံးဖြတ်ချက်အကြီးကြီးတစ်ခု ချလိုက်ကာ စူးချင်းကို ထပ်ပြောလိုက်သည်။

"ဒါဆို? ငါ ငါ့အသက်ကို ပေးမယ်"

ကျုံးယုံက ရိုးသားမှုအပြည့်ရှိသော မျက်နှာဖြင့် ဒူးထောက်နေပြီး စူးချင်းက သူ့ကို တစ်ချက်စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ကောင်းပြီလေ!”

အမျိုးသမီးလီက စူးချင်း ရှိနေမည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူမ မြင်နေရသည်က အဖြူရောင် အရိပ်တစ်ခုသာ ဖြစ်သော်လည်း အေးစက်သောရုပ်သဏ္ဍာန်တစ်ခုမှန်း သိသာနေသည်။

အမျိုးသမီးလီ၏မျက်လုံးများတွင် စိုးရိမ်နေသော အရိပ်အယောင်များ ပေါ်လာပြန်သည်။ သူမသားရဲ့အသက်နဲ့ လဲလှယ်မှ သူမမျက်လုံးတွေ ပြန်မြင်မယ်ဆိုရင်‌တော့ သူမ တစ်သက်လုံး အကန်းဘဝနဲ့ပဲ နေလိုက်တော့မယ်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းက ယာဂုနှစ်ပန်းကန်လုံးစီ စားလိုက်ကြပြီး မြင်းလှည်းများကို ဆွဲကာ မြို့ထဲသို့ ဝင်ရန် ပြင်ဆင်နေကြသည်။ လူနည်းလေလေ ပိုလုံခြုံလေလေ ဖြစ်သောကြောင့် သူတို့ဘာသာ ထွက်သွားကြတော့သည်။ တခြားသူများက လူပြန်စုလိုက်ကြပြီး ခရီးအမြန်ဆက်ရန် ပြင်ဆင်နေကြသည်။

လှည်းထဲတွင် ချည်သားအကျီများ မလုပ်နိုင်သောကြောင့် စူးချင်းက သူမ၏ချည်သားအကျီကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူမက အချိန်မဖြုန်းဘဲ အချောသတ်ရန် ကျန်နေသည့် ဖိနပ်ရှည်ကို ကောက်ယူကာ ဆက်ချုပ်နေခဲ့သည်။

အရင်တုန်းကတော့ သူမ အလုပ်လုပ်နေရင် ရထားလုံးမောင်းပေးတဲ့သူက ကျိရွှေရှန့်ပဲ။ အခု ကျိရွှေရှန့်က မြို့ထဲကို ဝင်သွားတာကြောင့် သူမက ရထားလုံးကို ကျုံးယုံကို လွှဲပေးလိုက်တယ်။ ကျုံးယုံကလည်း ကျေနပ်နေပြီး သူ့ပါးစပ်ကြီးက စကားတွေကလည်း လုံးဝ မရပ်မနားပဲ။

"အမေ၊ အစ်ကိုကြီးက ကျင့်ရှီလျိုမြောင်က အရမ်းကောင်းတယ်လို့ ပြောတယ်။ ကျင့်ရှီလျိုမြောင် ရောက်ရင် ကျွန်တော်တို့လည်း အိမ်ဆောက်နိုင်လိမ့်မယ်။ ပြီးရင် မြေရိုင်းတွေကို ပြင်ပြီး စိုက်ပျိုးကြမယ်၊ ကျွန်တော်မှာ အစ်ကိုကြီးနောက်ကို လိုက်ဖို့ ခွန်အားတွေရှိတယ်။ အဲ့တာကြောင့် အမေ နေ့တိုင်း ကောင်းကောင်း စားနိုင်လိမ့်မယ်"

စူးချင်းက သူမ၏ခေါင်းကို မော့ကာ ကျုံးယုံကို ကြည့်လိုက်သည်။

ကျိရွှေရှန့်က အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးနိုင်မယ်လို့ သူ ထင်နေတာလား?

"မင်းတို့ ကြားကြလား? တော်ဝင်မင်းဆရာက လူရိုင်းတွေကို မြို့တံခါးဖွင့်ပေးပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်တာတွေ လုပ်ခိုင်းခဲ့တယ် တဲ့”

ဒါက မုန်းစရာကောင်းလွန်းတယ်။ သူက ဧကရာဇ်ရဲ့ မင်းဆရာ ဖြစ်ပြီး ဘာလို့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ?”

✍️✍️✍️