Chapter 130 ဘာကြောင့် ဒီစကားတွေကို လာပြောရတာလဲ?
Viewers 17k

အခန်း ၁၃၀ ဘာကြောင့် ဒီစကားတွေကို လာပြောရတာလဲ?

နောက်တစက္ကန့်မှာပင် ကျိရွှေရှန့်တစ်ယောက် သူ့အတွက် ရင်းနှီးကျွမ်းဝင်နေသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ စူးချင်းက လီဝူ၏ မျက်နှာရှေ့တွင် သူမ၏လက်ကိုင်ပုဝါကို ဝှေ့ယမ်းလိုက်ပြီး လီဝူက မိန်းမောသွားကာ မျက်လုံးများ မှိတ်ကျသွားပြီး ခဏအကြာတွင် သူ့၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျလာသည်။ ကျိရွှေရှန့်က သူ့လက်ကို ဆန့်တန်းလိုက်ပြီး လီဝူကို ဖမ်းထိန်းလိုက်သည်။ ထို့နောက် သူက စူးချင်းကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။

စူးချင်းက သူ့ကို အေးအေးဆေးဆေး ပြန်ကြည့်နေသော်လည်း သူမက ကျိရွှေရှန့်၏ မျက်လုံးများထဲမှ သူ့ပြောချင်သည့်အဓိပ္ပါယ်ကို နားလည်နေသောကြောင့်  အသံတိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကျွန်မက လူအိုကြီးချင်ကို ဆေးကုပေးမယ်လို့ ကတိပေးပြီးပြီ၊ အဲ့တာကြောင့် ကျွန်မရဲ့ကတိအတွက် ဒီလိုပဲ လုပ်ရတော့မယ်"

သူမ အဲ့လူအိုကြီးဆီကနေ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့လင်ဇီးနဲ့ ငွေလျန်တထောင်ကို လက်ခံထားပြီးပြီ၊ အဲ့တော့ သူ့ကို ကုသပေးမှ ဖြစ်မယ်လေ။

ကျိရွှေရှန့်က ရှုပ်ထွေးနေသော အမူအရာဖြင့်  စူးချင်းကို ကြည့်လိုက်ပြီးမှ လီဝူ၏လက်ကို ဆွဲမကာ သူ့နောက်ကျောပေါ်သို့ ထမ်းတင်လိုက်သည်။ ထို့နောက် သူ့နောက်ကျောမှ စူးချင်းကို ပြန်လှည့်ကြည့်ကာ "ငါ ကူညီပေးမယ်"

လူအိုကြီးချင်ကို ကယ်တင်ဖို့ ကြိုးစားတာက သူ့အတွက်လည်း စွန့်စားရဖို့ ထိုက်တန်ပါတယ်။ လူအိုကြီးက ဘာလို့ သူ့ကို အဲ့ဒီစကားတွေ ပြောခိုင်းတာလဲဆိုတာကို သူ သိချင်သေးတယ်။ ပြီးတော့ အဲဒီသစ်သားသေတ္တာထဲမှာ ဘာတွေပါတာလဲ?

"မလိုပါဘူး။ ရှင့်မှာ စိတ်ပူရမယ့်ကိစ္စတွေ ရှိနေသေးတယ်၊ ကျွန်မမှာက ဘာစိတ်ပူစရာမှ မရှိဘူး”

စူးချင်းက သူ့ကို ပြတ်ပြတ်သားသား  ငြင်းပယ်လိုက်သည်။ ဒါက သူမကိစ္စပဲ၊ အခြားဘယ်သူကမှ ဝင်စွက်ဖက်ဖို့ မလိုဘူး။

"ငါ သစ်သားသေတ္တာအကြောင်း သိချင်တယ်"

ကျိရွှေရှန့်က စူးချင်း၏ အေးစက်စက်မျက်နှာကို စိုက်ကြည့်နေရင်း သူမ မငြင်းနိုင်မည့် အကြောင်းပြချက်ကို ရှာပေးလိုက်သည်။

“…”

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။

အဲဒီအနက်ရောင်သစ်သားသေတ္တာထဲမှာ ဘာတွေပါတာလဲ? တကယ်တော့ သူမလည်း အရမ်းသိချင်နေမိတယ်။ လူအိုကြီးချင်က ဘာကြောင့် အဲ့ဒီသစ်သားသေတ္တာကို ကျိရွှေရှန့်ကို ပေးရတာလဲ? အဲ့ဒါက ကျိရွှေရှန့်ရဲ့ကြီးမားတဲ့ ရန်ငြိုးနဲ့ ဆက်စပ်နေတာလား?

(T/N : အမကြီးရေ အရင်တုန်းက သူများအကြောင်းကို စပ်စုတာက ပျင်းနေတဲ့သူတွေ လုပ်တာဆို...အမကြီးရော ပျင်းလာပြီလား?)

ကျိရှောင်ယင်၏မျက်လုံးများက တစ်ချိန်လုံး နီရဲနေသော်လည်း သူမက သူမအစ်ကိုကြီးနှင့် အစ်မစူးချင်းတို့ စကားပြောနေသည်ကို  လုံးဝ အနှောင့်အယှက် မပေးဘဲ သူမဘာသာတစ်ယောက်ထဲ အကျပ်ရိုက်နေခဲ့သည်။

တကယ်တော့ ကြင်နာတတ်တဲ့ အဘိုးကြီးကို ခွဲခွာဖို့ ဝန်လေးနေပေမယ့် သူမရဲ့ အစ်ကိုကြီးနဲ့ အစ်မတို့ စွန့်စားရမှာကိုတော့ သူမ မလိုလားပါဘူး။

ကျိရွှေရှန့်က လီဝူကို သူ့တို့အဖွဲ့ဆီသို့ ပြန်ခေါ်သွားခဲ့သည်။ ချိုးယွဲ့က လီဝူကို မြင်သွားပြီး လုံးဝ ဟန်မဆောင်နိုင်ဘဲ နောက်မှ လိုက်ကြည့်နေခဲ့သည်။

ဒီလူက ဘယ်သူလဲ?

အခုန အဲ့ဒီလူက အစ်ကိုရွှေရှန့်နဲ စူးချင်းတို့ကို အချိန်အတော်ကြာ စကားပြောနေတာကို သူမ တွေ့လိုက်ရတယ်။ သူက အစ်ကိုရွှေရှန့်ကို တစ်ခုခု ပေးခဲ့ပုံပဲ၊ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်တွေက ကာထားတာကြောင့် သူမ ဘာမှ သေသေချာချာ မမြင်လိုက်ရဘူး။

အဲဒီနောက်မှာ အဲဒီလူက ရုတ်တရက် မူးလဲသွားပြီး အစ်ကိုရွှေရှန့်က သူ့ကို ကူညီပြီး ပြန်သယ်လာတယ်။ သူမကတော့ တစ်ခုခု ထူးခြားတယ်လို့ ခံစားနေရတယ်။

ထိုသံသယများကြောင့် ချိုးယွဲ့က သူတို့ကို စိုက်ကြည့်နေခဲ့သည်။

စူးချင်းက ကျိရွှေရှန့်အား လီဝူကို သူမ၏ရထားလုံးထဲသို့ သယ်သွားခိုင်းလိုက်သည်။ ယခုတစ်ကြိမ်တွင် လီဝူက သူ့ကိုယ်သူ ရုပ်ဖျက်ထားခဲ့သည်။ သူက ဖာထေးထားသောအဝတ်များကို ၀တ်ဆင်ထားပြီး ထွက်ပြေးလာသော သာမန်ဒုက္ခသည်တစ်ဦးကဲ့သို့ ၀တ်ဆင်ထားသည်။

သို့သော်လည်း သူက လူအိုကြီးချင်နှင့် အလွန် နီးစပ်သူတစ်ဦး ဖြစ်ပြီး တစ်ယောက်မှ သူ့ကို မှတ်မိမည် မဟုတ်ဟု အာမခံရန် ခဲယဉ်းလှသည်။ ထို့ကြောင့် သူ့ကို ဖုံးကွယ်ထားရမည် ဖြစ်သည်။

ရထားလုံးပေါ်တွင် ထိုင်နေသော အမျိုးသမီးလီက ကျိရွှေရှန့် လူတစ်ဦးကို ကယ်တင်လာပြီး ရထားလုံးဆီသို့ ခေါ်လာသည်ကို မှင်တက်စွာ ကြည့်နေခဲ့သည်။ ထိုလူက သတိလစ်နေပုံရကြောင်း သူမ သိလိုက်သော်လည်း သူမက ဘာမှ မမေးဘဲ နေရာဖယ်ပေးရန် ဘေးဘက်သို့ ရွှေ့ပေးလိုက်သည်။

ကျိရွှေရှန့်က လီဝူကို နေရာာချပေးနေပြီး စူးချင်းက အမျိုးသမီးလီကို တစ်ချက်ကြည့်ကာ ကျိရှောင်ယင်ကို လှမ်းပြောလိုက်သည်။

"ရှောင်ယင်၊ မင်းအမေကို တခြားလှည်းဆီ ခေါ်သွားပေးလိုက်"

ကျိရှောင်ယင်၏နှလုံးသားက လေးလံနေပြီး သူမ၏မျက်လုံးများတွင် တွေဝေရိပ်များ ရှိနေနခဲ့သည်။ သူမက သူမအစ်ကိုကြီး အဘိုးချင်ကို ကယ်တင်ပေးမှာကို အလိုရှိပေမယ့် သူမအစ်ကိုကြီး ဒီလိုလုပ်မှာကိုလည်း သူမ ကြောက်တယ်။

သို့သော်လည်း စူးချင်း၏အမိန့်ကို ကြားလိုက်ချိန်တွင် သူမက သဘောတူလိုက်ပြီး အမျိုးသမီးလီကို ကူညီပေးရန် ရှေ့တိုးသွားလိုက်သည်။

သူမရဲ့အစ်ကိုကြီးနဲ့ အစ်မမှာ သူတို့အချင်းချင်း ပြောစရာတွေ ရှိနေမှန်း သူမ သိပါတယ်။ ပြီးတော့ ဒီစကားတွေက လူတိုင်းရဲ့နောက်ကွယ်မှာ ပြောမှ ဖြစ်လိမ့်မယ်။

"ရှောင်ယင်"

စူးချင်းက ကျိရှောင်ယင်ကို ခေါ်လိုက်ပြီး သူမ၏နားနားသို့ ကပ်ကာ စကားအနည်းငယ်လောက် တိုးတိုးလေး ပြောလိုက်သည်။ အဖွဲ့နှင့်အတူ အချိန်အတော်ကြာ ထွက်ပြေးလာပြီးနောက် ကျိရှောင်ယင်က အနည်းငယ် ရင့်ကျက်လာပြီ ဖြစ်သည်။ သူမက မမေးသင့်သော မေးခွန်းများကို မမေးရန် သိနေပြီ ဖြစ်ပြီး စူးချင်းက သူမကို အဘယ့်ကြောင့် ထိုသို့ ပြောခိုင်းသည်ကို ပြန်မမေးတော့ဘဲ အမျိုးသမီးလီ တခြားလှည်းပေါ်တက်နိုင်ရန် ကူညီပေးလိုက်သည်။

ချိုးယွဲ့က ထိုအရာကို မြင်လိုက်ပြီး ကျိရှောင်ယင်ကို လှမ်းအော်လိုက်သည်။

"ရှောင်ယင်၊ ဒီကို လာထိုင်"

ကျိရှောင်ယင်က ရှုပ်ထွေးသောအမူအရာဖြင့် သူမကို ကြည့်နေခဲ့သည်။ သူမ အဲ့နားကနေ ဖြတ်မသွားရင် အဆင်ပြေပေမယ့် အခု သူမက အဲ့နားကနေ ဖြတ်သွားရမှာ ဆိုတော့ နည်းနည်းလေး တွန့်ဆုတ်နေမိတယ်၊ ပြီးတော့ အစ်မချိုးယွဲ့က သူမကို ရွာသားတွေ အများကြီးရှေ့မှ ခေါ်လိုက်တာဆိုတော့ သူမ မသွားရင် အစ်မချိုးယွဲ့ အရှက်ရသွားလိမ့်မယ်။

ကြင်နာတတ်သော ကျိရှောင်ယင်က ချိုးယွဲ့ကို မထိခိုက်စေချင်သောကြောင့် အမျိုးသမီးလီကို ထိုနေရာသို့ သွားရန် ကူညီပေးလိုက်သည်။ ချိုးယွဲ့က သူမဘေးတွင် ထိုင်နေသော လီရွှမ်းအာကို တွန်းထုတ်လိုက်ပြီး နင် အနောက်က လှည်းပေါ်မှာ သွားထိုင်လိုက်”

လီရွှမ်းအာက ချိုးယွဲ့ကို မကျေမနပ် ပြန်ကြည့်လိုက်သော်လည်း ချိုးယွဲ့က သက်ပြင်းချလိုက်ပြီး "အဒေါ်လီက သူ(မ)က ပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက် လိုအပ်နေတာကို နင် မတွေ့ဖူးလား? စူးချင်းက ရထားလုံးပိုင်ရှင်ဆိုတော့ သူ(မ)က ပေးမထိုင်ရင် ဘယ်သူကမှ ဘာမှ လုပ်လို့ မရဘူး”

ပြောချင်တာကတော့ စူးချင်းက ရထားလုံးကို သူ ဝယ်ထားတယ်ဆိုပြီး မောက်မောက်မာမာနဲ့ အဒေါ်လီနဲ့ ရှောင်ယင့်ကို နှင်ထုတ်လိုက်တယ်ပေါ့။

ထိုစကားက လီရွှမ်းအာနှင့် ကျိရှောင်ယင်တို့ကို မပျော်မရွှင် ဖြစ်သွားစေပြီး ကျိရှောင်ယင်က စူးချင်းကိုယ်စား ပထမဆုံးရှင်းပြလိုက်သည်။

"အစ်မချိုးယွဲ့ ပေါက်ကရစကားတွေ မပြောပါနဲ့။ အဲဒီဦးလေးက နေမကောင်းဖြစ်နေတော့ အစ်မက သူ့ကို ဆေးကုသပေးရမယ်။ အစ်မက ကျွန်မတိုနဲ့ ရထားလုံးနဲ့ မလိုက်စေချင်လို့ မဟုတ်ဘူး”

"ဟုတ်တယ်... အစ်မစူးချင်းက အဲလိုလူမျိုး မဟုတ်ဘူး။ နင်သာဆိုရင် အဲ့လိုလူမျိုး ဖြစ်မှာ။ နင်က အမြဲတစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုယ်ပဲ တွေးတက်တဲ့သူ"

လီရွှမ်းအာကလည်း ပြန်ပြောလိုက်သည်။ သူမကတော့ ချိုးယွဲ့ကို ပိုပြိး ပိုပြီး မကြိုက်တာတွေ များလာပြီ၊ အဲ့တာကြောင့် ချိုးယွဲ့ စိတ်မကောင်းဖြစ်သွားမှာကို  သူမ မစိုးရိမ်နေတောဘူး။ ဘာပဲဖြစ်ဖြစ် အစ်မစူးချင်းအကြောင်း မကောင်းတာတော့ ပြောလို့ မရဘူး။

ချိုးယွဲ့က လီရွှမ်းအာ၏စကားကြောင့် စိတ်ဆိုးသွားသော်လည်း သူမ၏ဒေါသကို ပြန်ထိန်းကာ "နင်က ငါ့ကို အထင်လွဲနေတာပါ။ ငါ ပြောချင်တာက ဒီရထားလုံးက စူးချင်း ပိုင်တာဆိုတော့ သူ ထိုင်ခိုင်းချင်တဲ့သူကို ထိုင်ခိုင်းလို့ ရတယ်လို့ပြောချင်တာပါ”

လာစမ်းပါ၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်၊ ဒီနေရာမှာ နင် ဘာကို ဆိုလိုတယ်ဆိုတာကို နားမလည်နိုင်တဲ့သူ ရှိလို့လား? နင်က ရှောင်ယင်နဲ့ အစ်မ စူးချင်းတို့ကြားထဲက ဆက်ဆံရေးကို ဖျက်ဆီးချင်နေတာမလား? စက်ဆုပ်ဖို့ ကောင်းလိုက်တာ”

လီရွှမ်းအာက သူမတို့အနီးနားမှ မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ သူမကိုယ်သူမ နစ်နာဟန်ဆောင်နေပြီး မပျော်မရွှင်ဖြစ်နေသော ချိုးယွဲ့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်ကာ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။

နင်…”

ထိုသို့ကဲ့ရဲ့ခံရခြင်းက ချိုးယွဲ့အတွက် သူမ၏နှလုံးသားထဲအထိ နာကျင်သွားစေခဲ့သည်။ သူမက စူးချင်း၏လက်ပါးစေဖြစ်သော လီရွှမ်းအာကို ကျိန်ဆဲချင်နေသော်လည်း စူးချင်း ကြားသွားမည်ကိုလည်း စိုးရိမ်နေသေးသည်။

ချိုးယွဲ့က စူးချင်းက  လူအများရှေ့တွင် သူမကို သတ်ပစ်လိုက်သည်ဟူသော အိပ်မက်ဆိုးများကို မကြာခဏ မက်လေ့ရှိသည်။

တကယ်တော့ စူးချင်းက ကြက်တစ်ကောင်ကို ရိုက်သတ်သလို သူမကို ရိုက်သတ်လိုက်မှာကို သူမ အရမ်းကြောက်တယ်။

ထိုလှည်းပေါ်တွင် ရှိနေသည့် အဒေါ်ကြီးများကလည်း ချိုးယွဲ့ကို ပိုမိုလေးနက်သော အဓိပ္ပါယ်ပါသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ချိုးယွဲ့ လုပ်ဆောင်နေသည့်အရာများကြောင့် လူတိုင်း၏ သူမအပေါ်ထားသော သဘောထားများက တဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။

ချိုးယွဲ့က စကားရပ်လိုက်သောကြောင့် လီရွှမ်းအာက အနောက်ဘက်မှ လှည်းဆီသို့ လျှောက်သွားပြီး တွန်းထိုးဝင်ထိုင်လိုက်သည်။ ကျိရှောင်ယင်က အမျိုးသမီးလီ  လှည်းပေါ်တက်ရန် ကူညီပေးလိုက်ပြီး သူမက အထူးအဆန်း ဖြစ်နေသော ချိုးယွဲ့၏ဘေးတွင် မထိုင်ချင်သောကြောင့် အနောက်မှ လှည်းသို့ သွားရန် ပြင်လိုက်သည်။

"ရှောင်ယင်၊ ငါက ဒဏ်ရာရနေတယ်၊ အဒေါ်လီက မမြင်ရဘူး။ ငါက သူ(မ)ကို ဂရုစိုက် မပေးနိုင်ဘူးလေ"

ချိုးယွဲ့က ကျိရှောင်ယင်၏လက်ကို ဆုပ်ကိုင်ထားပြီး အလွန်အားနည်းနေသည့်အမူအရာကို ပြသနေခဲ့သည်။

ကျိရှောင်ယင်က တွေဝေသွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေပုံရကာ အမျိုးသမီးလီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

အမှန်တော့ သူမလည်း သူမရဲ့မွေးစားအမေကို ဒီမှာ တစ်ယောက်တည်း မထားခဲ့ချင်ပါဘူး။ ပတ်ဝန်းကျင်မှာ သူစိမ်းတွေ ဝိုင်းနေရင် သူမရဲ့မွေးစားအမေက ကြောက်နေလိမ့်မယ်။

နောက်ဆုံးတွင် ကျိရှောင်ယင်က ထိုလှည်းပေါ်သို့တက်ကာ ချိုးယွဲ့၏ဘေးတွင် ဝင်ထိုင်ရန်သာ တက်နိုင်တော့သည်။

သူမတို့ ပထမဆုံး စထွက်ချိန်တွင် ချိုးယွဲ့က ကျိရှောင်ယင်၏အမူအရာကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ပြီး သူမ မကျေမနပ် ဖြစ်နေသည်ကို မြင်နေရသောကြောင့် ဘာမှ မပြန်တော့ပေ။ သို့သော်လည်း ကျိရွှေရှန့်က လှည်းများအားလုံးကို ပြန်ရပ်ခိုင်းပြီး ခဏအနားယူရန် ပြောချိန်တွင် သူမက ကျိရှောင်ယင်ကို သတိထားနေသော အမူအရာဖြင့် "ရှောင်ယင်၊ ငါ အပေါ့သွားချင်လို့ မင်းကို ဒုက္ခပေးလို့ရမလား?"

"အင်း ရပါတယ်!"

ကျိရှောင်ယင်အတွက်လည်း သဘောတူလိုက်ရန်မှ တပါး ရွေးချယ်စရာ မရှိပေ။ သိုသော်လည်း သခင်မလီက သူမ၏လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။

"ရှောင်ယင် အမေလည်း လိုက်မယ်"

ကျိရှောင်ယင်က သူမ၏မွေးစားအမေ လှည်းပေါ်မှ ဆင်းနိုင်ရန် အမြန် ကူညီပေးလိုက်သည်။

မွေးစားအမေ၊ သတိထားနော်”

ချိုးယွဲ့က မျက်မှောင်ကြုတ်ပြီး အမျိုးသမီးလီကို တစ်ချက်ကြည့်လိုက်သော်လည်း သစ်သားပြားကို ကိုင်ကာ လှည်းပေါ်မှ ဆင်းနေသော အမျိုးသမီးလီကို မလိုက်ရန် မပြောနိုင်သောကြောင့် ဘာမှ မပြောတော့ပေ။  အ‌ဒေါ်ချိုးက သူမ၏သမီးကို ကူညီပေးရန် အမြန်ရောက်လာခဲ့သော်လည်း ချိုးယွဲ့က ခေါင်းခါလိုက်သည်။

"အမေ၊ အမေ မလိုက်လည်း ရတယ်။ ရှောင်ယင်က ကျွန်မနဲ့အတူ ရှိနေတာပဲ။ သူ(မ)က ကျွန်မကို ဂရုစိုက်ပေးလိမ့်မယ်"

အ‌ဒေါ်ချိုးက ကျိရှောင်ယင်ကို လှမ်းကြည့်လိုက်သည်။ သူမက ခုနက သူမ၏သမီး တခုခုပြောလိုက်သည်ကို  အခုမှ သိခဲ့ရသည်။ ချိုးယွဲ့က တခြားတစ်ခုခု ထပ်ပြောလိမ့်မည်ကို သူမ ကြောက်နေသောကြောင့် သူမ၏အသံကို လျှော့ချလိုက်ပြီး ပေါက်ကရတွေ မပြောနဲ့”

အင်း”

ချိုးယွဲ့က နာနာခံခံဖြင့် သဘောတူလိုက်သည်။ ကျိရှောင်ယင်က သူမကို ကူတွဲပေးရန် ရည်ရွယ်ချက် မရှိသည်ကို မြင်နေရသောကြောင့် သူမ၏နံရိုးများကို တင်းတင်း အုပ်ကိုင်ကာ အံကြိတ်ရင်း သူမတို့နောက်မှ လိုက်သွားခဲ့သည်။

သူမ၏ကျိုးသွားသော အရိုးများက ပြန်ကုသရရန် မလွယ်ကူပေ။ ရက်အတော်ကြာခဲ့ပြီ ဖြစ်၍ လမ်းလျှောက်နိုင်ပြီ ဖြစ်သော်လည်း မချိမဆန့် နာကျင်နေတုန်း ဖြစ်သည်။ ချိုးယွဲ့က စူးချင်းကို ပို၍ပင် မုန်းတီးနေပြီ ဖြစ်သည်။

သူမတို့ အပေါ့အပါးသွားရန် တောထဲသို့ ဝင်သွားချိန်တွင် ရထားလုံးထဲမှ လီဝူက ပြန်သတိရလာပြီး စူးချင်းက သူ့ဘေးတွင် ထိုင်ကာ သူ့ကို အေးစက်စက် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လီဝူက ရထားလုံးပေါ်မှ ခုန်ဆင်းကာ ထွက်သွားရန် ကြိုးစားလိုက်သော်လည်း သူထံတွင် ခွန်အား လုံးဝ မရှိသေးပေ။ သူက ရထားလုံး၏နံရံကို မှီထိုင်လိုက်ပြီး စူးချင်းကို ခါးသီးသော အပြုံးဖြင့် မေးလိုက်သည်။

"သခင်မလေးစူး၊ မင်း ဘာလို့ ငါ့ကို တားနေရတာလဲ?"

✍️✍️✍️