Chapter 131 မိန်းခလေးတွေက သရုပ်ဆောင်ဖို့ မွေးဖွားလာတာလား?
Viewers 17k

အခန်း ၁၃၁ မိန်းခလေးတွေက သရုပ်ဆောင်ဖို့ မွေးဖွားလာတာလား?

"ရှင့်ကြောင့် ကျွန်မရဲ့အကြံအစည်တွေ မပျက်စီးစေချင်လို့"

စူးချင်းက ဘာအမူအရာမှ မရှိသောမျက်နှာသေဖြင့် သူ့ကို ကြည့်နေပြီး ခပ်တင်းတင်း ပြောနေသော်လည်း လီဝူက စိတ်လှုပ်ရှားသွားပြီး လက်ခုပ်အုပ်ကာ စူးချင်းကို ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ သခင်မလေး၊ ဒါပေမယ့် သခင်ကြီးက မင်းကို အန္တရာယ် မဖြစ်စေချင်ဘူး"

"ကျွန်မက ဘာလို့ သူ့စကားကို နားထောင်ရမှာလဲ?"

စူးချင်းက လီဝူ့ကို စိုက်ကြည့်နေပြီး အေးစက်သောမျက်နှာဖြင့် ပြန်မေးလိုက်သောကြောင့် လီဝူတစ်ယောက် ဘယ်လိုပြန်ဖြေရမှန်း မသိတော့ပေ။

ဒီမိန်းကလေးရဲ့ စိတ်နေသဘောထားနဲ့ စရိုက်က အရမ်းထူးဆန်းတယ်။

"ဒါကို နောက်မှ ပြောမယ်"

စူးချင်းက သူမ၏အသံကို လျော့ချလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သောကြောင့် လီဝူက  ခေါင်းပြန်ညိတ်ပြလိုက်သည်။ သို့သော်လည်း သူ့ရင်ထဲတွင် မျှော်လင့်ချက်များ သိသိသာသာ တိုးလာခဲ့သည်။

စူးချင်းဆိုရင် သခင်ကြီးကို ကယ်တင်နိုင်မှာ သေချာတယ်။

"စူးချင်း"

ကျိရွှေရှန့်က အနက်ရောင်သစ်သားသေတ္တာကို စူးချင်းထံသို့ လှမ်းပေးလိုက်ပြီး မင်းက ဒီမှာနေခဲ့ပြီး ရွာသားတွေကို စောင့်ရှောက်ဖို့ ကူညီပေးထားလိုက်ပါ။ ငါ လူ သွားကယ်လိုက်မယ်"

"အတူတူ သွားမယ်"

စူးချင်းက ဘာရှင်းပြချက်ကိုမှ နးမထောင်ဘဲ တိုက်ရိုက် ငြင်းဆန်လိုက်ပြီး ကျိရွှေရှန့်၏လက်ထဲမှ သစ်သားသေတ္တာကို လှမ်းယူလိုက်သည်။ ဤအရာက ကျိရွှေရှန့်အတွက် များစွာအထောက်အကူဖြစ်နိုင်ပြီး မရှိမဖြစ် လိုအပ်သောအရာ ဖြစ်လာမည်ဟု သူမ ခံစားမိနေသည်။

အပြင်မှာဆိုရင် ပျောက်ဆုံးဖို့ ပိုလွယ်ပြီး သူမရဲ့စနစ်ထဲကို ထည့်ထားလိုက်တာက ပိုလုံခြုံတယ်။

စူးချင်းက အခိုင်အမာ ပြောနေကြောင်း နားလည်လိုက်သောကြောင့် ကျိရွှေရှန့်က သူမကို ထပ်နားချရန် မကြိုးစားတော့ပေ။

အဲ့လိုမှ မဟုတ်ရင် သူတို့ ငြင်းခုန်ရတော့မယ်၊ အဲ့တာဆိုရင် တခြားသူတွေလည်း ကြားသွားနိုင်တယ်၊ ပြီးတော့ သူ စူးချင်းကို မတားနိုင်ဘူး။

အဲ့တာဆို အခု မြေပုံကို ကြည့်လိုက်။ ဒီလူတွေက လူအိုကြီးချင်ကို မြို့တော်အထိ ခေါ်ဆောင်သွားချင်ရင် အန်းချန်ကို ဖြတ်ပြီး လျိုကျိုး (ကျိုး-စီရင်စု) ကို သွားရမယ်။ တစ်ရက်အတွင်းမှာ လျိုကျိုးကို မရောက်နိုင်ရင် သူတို့ အလယ်မှာ အနားယူလိမ့်မယ်။ သူတို့ အနားယူတာကို အခွင့်ကောင်းယူပြီး လုပ်စရာရှိတာ လုပ်လို့ရတယ်”

ကျိရွှေရှန့်က  မြေပုံကို ထုတ်ယူကာ  အန်းချန်နှင့် လျိုကျိုးကြားရှိ လမ်းကို ညွှန်ပြပြီး စူးချင်းနှင့် လီဝူတို့ကို ရှင်းပြလိုက်သည်။

အင်း၊ သိပြီ”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ မြို့ထဲကို မရောက်သွားသရွေ့ အဆင်ပြေလိမ့်မယ်။  လူကယ်ဖို့ မြို့ထဲကို ဝင်ရတာက ပိုဒုက္ခဖြစ်စေတယ်။

"တကယ်တော့ ငါတို့ ဒီကာလမှာ ဘာမှ မလုပ်နိုင်ရင် လျိုကျိုးနဲ့ ပင်းကျိုးကြားမှာ လုပ်ရလိမ့်မယ်"

ကျိရွှေရှန့်က  လျိုကျိုးနှင့် ပင်းကျိုးကြားမှ လမ်းကြောင်းကို ထပ်ညွှန်ပြလိုက်သည်။ ထိုလူများ ဖြတ်သွားရမည့်နေရာတွင် တောင်တက်လမ်းတစ်ခုရှိနေသောကြောင့် သူတို့ ထိုနေရာမှ သွားစောင့်ကာ ချောင်းမြောင်းတိုက်ခိုက်ရန် သင့်‌တော်နေသည်။

ထောင်ဟွားဝူက လူတွေကို စူးကျိုးကို အရင်သွားခိုင်းလိုက်၊ ဒီမှာ သူတို့ရဲ့လုံခြုံရေးကို အာမခံနိုင်ပေးနိုင်မယ့် လမ်းကြောင်းနှစ်ခု ရှိတယ်”

စူးချင်းက အန်းချန်မှ စူးကျိုးနှင့် လျိုကျိုးသို့ သွားနိုင်သော လမ်းများကို ညွှန်ပြနေပြီး  ထိုအရာက လုံးဝခြားနားသော ဦးတည်ရာ နေရာများဖြစ်သည်။

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ငါ ချိုးယုံခန်းကို ပြောလိုက်မယ်"

သူတို့သုံးယောက်တိုင်ပင်ကာ ဆုံးဖြတ်ချက်ချပြီးနောက် လီဝူက ရုတ်တရက် ထအော်လိုက်သည်။

"စူးချင်း၊ မင်းအဖေက အရမ်းနေမကောင်း ဖြစ်နေပြီ။ မင်း မြန်မြန် သွားတွေ့မှ ဖြစ်မယ် မင်း နောက်ကျသွားရင် မင်း သူ့ကို နောက်ဆုံးအကြိမ်တောင် တွေ့နိုင်မှာ မဟုတ်တော့ဘူး”

"အာ? ကျွန်မအဖေက ဘာဖြစ်တာလဲ? ဒုတိယဦးလေး... ကျွန်မကို မြန်မြန် ပြောပါ”

တခဏအတွင်းမှာပင် စူးချင်း၏ အေးစက်စက် အမူအရာက စိုးရိမ်သောကရောက်နေသော အမူအရာ အဖြစ်သို့ ပြောင်းလဲသွားပြီး သူမက သူမ၏အဖေကို အလွန့်အလွန် စိတ်ပူနေပုံရကာ သူမ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး စိုးရိမ်တကြီး ‌မေးနေခဲ့သည်။

ကျိရွှေရှန့်က သူ့နှာခေါင်းကို သူ ပြန်ထိကြည့်လိုက်သည်။

မိန်းခလေးတွေက ဒီလို သဘာဝကျကျ သရုပ်ဆောင်နိုင်ကြတယ်ပေါ့။ သူမတို့က သရုပ်ဆောင်ဖို့ မွေးဖွားလာတာလား?

ချိုးယွဲ့နှင့်ကျိရှောင်ယင်တို့လည်း တောထဲမှ ထွက်လာကြပြီး  လီဝူ၏ငိုရှိုက်သံနှင့် စူးချင်း၏စိုးရိမ်တကြီး မေးသံကို ကြားလိုက်ကြရသည်။

အစ်မစူးချင်းက အဘယ်ကြောင့် သူမကို ထိုကဲ့သို့ ပြောခိုင်းမှန်း ကျိရှောင်ယင်က ချက်ခြင်း နားလည်သွားခဲ့သည်။

အစ်မက ဒီကနေ ထွက်သွားချင်နေတာပဲ။

ချိုးယွဲ့က စူးချင်း၏ ရထားလုံးကို သံသယစိတ်ဖြင့် စိုက်ကြည့်နေပြန်သည်။ တောထဲတွင် ထိုလူက မည်သူဖြစ်ကြောင်း သူမက ကျိရှောင်ယင်ကို တိတ်တဆိတ် မေးခဲ့ပြီး ကျိရှောင်ယင်ကလည်း ထိုလူက စူးချင်း၏ဒုတိယဦးလေးဖြစ်ကြောင်း ပြန်ပြောပြခဲ့သည်။

အဲ့တော့ ဒီလူက စူးချင်းရဲ့ ဒုတိယဦးလေးပေါ့... ဒါပေမယ့် တစ်စုံတစ်ခုက ထူးဆန်းနေတယ်လို့ သူမ ခံစားနေမိသေးတယ်။

စူးချင်းက သူမမှာ မိသားစုရှိတယ်လို့ ပြောတာကို သူမတို့ တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမယ့် ဘာလို့ ဒုတိယဦးလေးဆိုတဲ့ လူတစ်ယောက်က ရုတ်တရက် ပေါ်လာရတာလဲ? သူမအဖေကို သွားတွေ့ဖို့ လာခေါ်တယ်လို့တောင် ပြောနေသေးတယ်။

စူးချင်းမှာ မိသားစုရှိတယ်ဆိုရင် စူးချင်းက အိမ်ထောင်ကွဲပြီးတာနဲ့ ဘာကြောင့် သူမရဲ့မိသားစုအိမ်ကို မပြန်ရတာလဲ? စူးချင်းက ဘာကြောင့် သူမတို့နဲ့အတူရောက်ပြီး လိုက်ပါလာရတာလဲ?

ကျိရှောင်ယင်၏ဘေးတွင် တိတ်တဆိတ် လိုက်ပါလာခဲ့သော အမျိုးသမီးလီက ချိုးယွဲ့ကို လှည့်ကြည့်လိုက်သည်။ သူမက ချိုးယွဲ့၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ဤမိန်းခလေးက စူးချင်းအပေါ် ရန်လိုနေကြောင်း အမျိုးသမီးလီက ခံစားသိရှိနိုင်ခဲ့သည်။

တောထဲတွင် ချိုးယွဲ့က ကျိရှောင်ယင်ကို စူးချင်းပြန်ခေါ်လာသောလူအကြောင်း ပြောပြရန် လှည့်ဖျားဖို့ ကြိုးစားခဲ့သောကြောင့် အမျိုးသမီးလီက စူးချင်းကို ထိုအကြောင်း သတိပေးချင်နေခဲ့သည်။

"စူးချင်း သွားရအောင်။ မင်းအဖေကို သွားတွေ့ဖို့ ငါ ကူညီပေးမယ်"

ထိုအချိန်တွင် ကျိရွှေရှန့်၏အသံ ထွက်ပေါ်လာသောကြောင့် ချိုးယွဲ့က သူမ၏အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

စူးချင်းရဲ့အဖေကို သွားတွေ့မှာကို ဘာလို့ အစ်ကိုရွှေရှန့်က လိုက်သွားမှာလဲ?

"ကျေးဇူးအများကြီး တင်ပါတယ်၊ အခု သွားကြရအောင်!"

စူးချင်းနှင့်ကျိရွှေရှန့်တို့က အချင်းချင်း လိုက်ဖက်ညီညီ ပြောဆိုနေပြီး ရွာလူကြီးချိုးက ဘာတွေဖြစ်နေသည်ကို မေးရန် ချိုးယုံခန်းကို စေလွှတ်လိုက်သည်။

ကျွန်မက ဘေးဒုက္ခကနေ ရှောင်တိမ်းထွက်ပြေးရင်း အလုပ်များနေတော့ မိသားစုကို ရှာမတွေ့ခဲ့ဘူး။ အခု ဒုတိယဦးလေးနဲ့ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ရက်အတော်ကြာ ဘာမှ မစားရတာကြောင့် ဦးလေးက အဆာလွန်ပြီး မူးလဲသွားတယ်။ အခု ဒုတိယဦးလေး နိုးလာလို့ မေးကြည့်တော့ အဖေက အရမ်းနေမကောင်းဖြစ်နေတယ်လို့ ပြောတယ်။ အဲ့တာကြောင့် ကျွန်မအဖေကို မြန်မြန်သွားခေါ်ဖို့ ဦးလေးက တောင်းဆိုနေတာပါ”

စူးချင်း၏အသံက အရမ်းအကျယ်ကြီး မဟုတ်သော်လည်း ထောင်ဟွားဝူမှ လူတိုင်း ကြားနိုင်ရန် လုံလောက်နေခဲ့သည်။ သူမက အလွန်စိုးရိမ်နေပုံရပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျနေသောကြောင့် သူမက ချိုးယုံခန်းကိုပင် လှည့်စားနိုင်ခဲ့ပြီး သူက သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

"စူးချင်း၊ စိတ်မပူပါနဲ့။ ငါတို့ ဖြေးဖြေးသွားပြီး မင်းတို့ကို စောင့်နေပေးပါ့မယ်"

"ယုံခန်း၊ အဖွဲ့ကို ခေါ်ပြီး စုကျိုးကို အရင်သွားလိုက်။ လမ်းပေါ်မှာ ငါတို့ကို စောင့်မနေနဲ့လေ။ စုကျိုးရောက်မှ ငါတို့ကို စောင့်နေ”

ကျိရွှေရှန့်က သူတို့လမ်းပေါ်တွင် စောင့်နေမည်ကို စိုးရိမ်သောကြောင့် အရင်ထွက်သွားရန် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို မင်းတို့ကို စုကျိုးမှာ စောင့်နေမယ်"

ချိုးယုံခန်းက ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်နေသော လီဝူကို ကြည့်လိုက်သော်လည်း ထိုလူက မည်သည့်ပုံစံဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရ‌ပေ။

ချိုးယုံခန်း၏စိတ်ထဲတွင်လည်း သံသယများ ရှိနေခဲ့သည်။ သို့သော် သူက ဘာမှ  မမေးခဲ့ပေ။

သူက ရွှေရှန့်ကို ကူညီပေးပြီး သူ့ကို ထောက်ပံ့ပေးဖို့ပဲ လိုအပ်တယ်၊ အခုက သူက ထောင်ဟွားဝူကလူတွေကိုပဲ ဂရုစိုက်ပေးဖို့ လိုတယ်။ ရွှေရှန့်နဲ့ စူးချင်းက အရေးကြီးတဲ့အရာတွေကို လုပ်လိမ့်မယ်။

"အစ်ကိုကြီး ကျွန်တော်လည်း လိုက်ခဲ့မယ်"

ကျုံးယုံက သူ့လက်ထဲမှ သံတူကြီးနှစ်ချောင်းနှင့်အတူ အပြေး ရောက်လာခဲ့သည်။

အစ်ကိုကြီး နောက်ကို လိုက်ရတာ အရမ်းကောင်းတယ်။ အစ်ကိုကြီးနောက်ကို လိုက်ရတာက သူ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းတယ်လေ....

"မရဘူး၊ အဒေါ်လီနဲ့ တခြားသူတွေကို ကာကွယ်ဖို့ မင်း ဒီမှာ နေခဲ့ရမယ်"

ကျိရွှေရှန့်က ကျုံးယုံကို တားဆီးရန် ကျုံးယုံ၏မိခင် အတိအကျ ထည့်သွင်း ပြောဆိုလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း သူ့မိခင်၏အမည်ကို ကြားသောအခါ ကျုံးယုံက ကျိရွှေရှန့်၏နောက်သို့ လိုက်ရန် မတောင်းဆိုတော့ပေ။ သို့သော် သူက စွန့်ပစ်ခံလိုက်ရသော ခွေးပေါက်ကလေးကဲ့သို့ တွန့်ဆုတ်နေသော အမူအရာဖြင့် ကျိရွှေရှန့်ကို ကြည့်နေလေသည်။

ငါ မှာထားတာကို သတိရနော်”

ကျိရွှေရှန့်က စိုးရိမ်တကြီး ထပ်မှာလိုက်ပြီး ကျုံးယုံက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ကျွန်တော့်ကို အသေသတ်ရင်တောင် မပြောဘူး”

စူးချင်းက သူတို့နှစ်ယောက်၏ထူးဆန်းသည့် အပြုအမူကို စိုက်ကြည့်နေလေသည်။

ရွှေရှန့်က ကျုံးယုံကို ကောင်းကောင်း သင်ပြပေးထားတာပဲ။

ကျိရွှေရှန့်က ရွာလူကြီးချိုးနှင့် စကားပြောရန် အရင် သွားလိုက်ပြီးမှ စူးချင်းနှင့် လီဝူတို့ကို ခေါ်ကာ ရထားလုံးကို မောင်းနှင်သွားတော့သည်။

သူတို့ ဘာမှ မစားရသေးဘူး၊ စူးချင်း ဗိုက်စာနေမလား မသိဘူး” အ‌ဒေါ်ချိုးနှင့် တခြားသူများက ဟင်းချက်ရင်း အလုပ်ရှုပ်နေကြပြီး စူးချင်းနှင့် ကျိရွှေရှန့်တို့ ဘာမှ မစားဘဲ ထွက်ခွာသွားသည်ကို တွေ့လိုက်သောကြောင့် တိုးညှင်းသော အသံဖြင့် ဆွေးနွေးနေကြသည်။

စူးချင်းက သူမ၏အဖေကို နောက်ဆုံးတစ်ကြိမ် မတွေ့နိုင်တော့မည်ကို အ‌ဒေါ်လီက စိုးရိမ်နေပြီး သူမက ထိုနမိတ် မရှိသော စကားများကို မပြောချင်ပေ။ ထို့ကြောင့် သူမက စူးချင်းရဲ့ဆေးပညာက  အရမ်းကောင်းတယ်လေ။ သူ(မ)က သူ(မ)ရဲ့အဖေကို ကုသပေးနိုင်မှာပါ”

ချိုးယွဲ့က ရထားလုံးမောင်းထွက်သွားသော ကျိရွှေရှန့်ကို မကျေမနပ်ဖြင့် လိုက်ကြည့်နေလေသည်။

သူမအနားကနေ ဖြတ်သွားတာတောင် သူက သူမကို တစ်ချက်လေးမှ လှည့်မကြည့်ဘူး။ သူ့ရဲ့နှလုံးသားနဲ့ မျက်လုံးတွေထဲမှာ စူးချင်းနဲ့ပဲ ပြည့်နေပြီ။ အခု သူက စူးချင်းရဲ့မိသားစုကိစ္စတွေကိုတောင် စိတ်ပူတက်နေပြီ။ သူက ထောင်ဟွားဝူကလူတွေကို ချန်ထားခဲ့ပြီးတော့ စူးချင်းရဲ့ဖခင်ကို ခေါ်ဖို့ ထွက်သွားတယ်ပေါ့။

ကျိရွှေရှန့်က စူးချင်းနှင့် လီဝူတို့ကို ခေါ်ကာ ထောင်ဟွားဝူအဖွဲ့မှ ထွက်ခွာလာခဲ့ပြီး လျိူကျိုးသို့ ဦးတည်လိုက်သည်။ လမ်းတလျှောက်တွင် သာမန်ပြည်သူများ အသက်စွန့်ထွက်ပြေးနေကြရသည်ကို သူတို့ တွေ့ခဲ့ရပြီး သူတို့အားလုံးက လူအိုကြီးချင်က လူရိုင်းများကို ဝင်ခွင့်ပေးခဲ့ကြောင်း ပြောဆိုဆွေးနွေးနေပြီး အဘိုးအိုကို ကျိန်ဆဲနေကြသည်။

ထိုအသံများကို နားထောင်နေရင်း လီဝူ၏မျက်လုံးများက နီရဲလာပြန်သည်။ သူ့သခင်ကြီး သူ့ရဲ့ဘဝတစ်လျှောက်လုံး တန်ဖိုးအထားရဆုံးဖြစ်တဲ့ ဂုဏ်သိက္ခာကို ဝမ်မိသားစုက သားအဖတွေက ဖျက်ဆီးပစ်လိုက်ပြီ၊ ကောင်းကင်က ဘာကြောင့် မျက်စိကန်းနေရတာလဲ? စစ်သူကြီးရှောင်းနဲ့ သူ့သခင်ကြီးတို့ နှစ်ယောက်စလုံးက ထူးချွန်ထက်မြက်ပြီး ပြည်သူတွေရဲ့ကောင်းစားရေးကို ရှေးရူခဲ့ပေမယ့် သူတို့က ဘာလို့ လူတွေရဲ့ ကြိမ်းမောင်းခြင်းကို ခံနေရတာလဲ?

သူတို့က ဧကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်ကို တစ်သက်လုံး ချစ်မြတ်နိုးခဲ့ကြ‌ပေမယ့် ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တယ်လို့ စွပ်စွဲခံခဲ့ရတယ်။ ဝမ်မိသားစုက သားအဖတွေကမှ သားရဲတိရစ္ဆာန်တွေ ဖြစ်ပြီး လူတွေကို ဒုက္ခကြီးကြီးပေးတဲ့လူတွေ မဟုတ်ဘူးလား?

လူအိုကြီးချင်ကို လိုက်ပို့သည့်အဖွဲ့က လူအိုကြီးချင် အရှက်ရစေရန်  ပြည်သူများကို ကျိန်ဆဲစေပြီး သူ့၏စိတ်နှင့် ကိုယ်ကို နှိပ်စက်နေသောကြောင့် အဝေးကြီး မသွားနိုင်ကြသေးပေ။ ထို့ထက် ပိုအရေးကြီးသည်မှာ သူတို့က သခင်ကြီးချင်အား ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန်အတွက် လမ်းတလျှောက်မှ လူများကို လှုံဆော်ကာ တိုင်ကြားစာများ ရေးပေးစေလိုသောကြောင့် အချိန် နှောင့်နှေးနေကြသည်။

အနောက်ဘက်တွင် နေဝင်လာပြီဖြစ်သော်လည်း အစောင့်အဖွဲ့က လျိုကျိုးသို့ ရောက်ရန် ဆယ်လီလောက် ဝေးကွာနေသေးသည်။ သူတို့က အချိန်မီ မသွားနိုင်တော့ဘဲ စခန်းချ၍ အနားယူရန် လုံခြုံသောနေရာကို ရှာလိုက်ကြသည်။

သိုသော်လည်း စခန်းရန် ပြင်ဆင်ပြီးမှ သူတို့၏မျက်နှာများက ချက်ချင်းပြောင်းလဲသွားပြီးသူတို့၏သဘောထားလည်း ပြောင်းသွားကြသည်။

✍️✍️✍️