အခန်း ၁၃၅ ပြန်လည်ပေါင်းဆုံခြင်း (အပိုင်း ၂)
“သခင်၊
သခင် လုပ်နိုင်ခဲ့ပြီ။ သခင်က မကြာခင် အဆင့်တက်လာလိမ့်မယ်"
ရှောင်ချီ၏စိတ်လှုပ်ရှားနေသော
အသံလေးက စူးချင်း၏ နားထဲတွင် ထွက်ပေါ်လာပြီး ထိုအရာက တကယ့်ကို ထူးခြားနေခြင်း ဖြစ်သည်။
လူအိုကြီးချင်ကို
ကယ်တင်လိုက်ရုံနဲ့ သူမသခင်ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှဲ့ ကုသိုလ်ကောင်းမှုအမှတ်တွေက
အများကြီး တိုးမြင့်လာခဲ့တယ်။
စူးချင်းလည်း
တိုးတက်မှုမြန်ဆန်နေသော ဘားတန်းကို မြင်နေရပြီး အနည်းငယ် ပဟေဌိ ဖြစ်နေခဲ့သည်။ ချင်ဖုန်းက
သစ္စာစောင့်သိတဲ့ အရာရှိတစ်ဦးဖြစ်နေတာကြောင့် သူ့ကို ကယ်တင်ပေးလို့ ရလာတဲ့ကုသိုလ်ကောင်းမူရမှတ်က
လူတစ်ရာကို ကယ်တင်ပေးတာထက်တောင် ပိုပြီး သိသိသာသာ များပြားနေတာလား?
ထိုအချိန်တွင် ချင်ဖုန်းက
စူးချင်းကို အားတက်သရော ကျေးဇူးတင်လိုက်သည်။
“မိန်းခလေးစူး၊
မင်းရဲ့ဆေးက တကယ်ကို အံ့ဖွယ်ထူးခြားဆေးပါပဲ။ ငါ ငယ်ရွယ်တုန်းကထက်တောင် ပိုကောင်းလာသလို
ခံစားနေရတယ်။ ငါ့တစ်ကိုယ်လုံး ပေါ့ပါးနေပြီး ခြေလှမ်းတွေကလည်း သွက်လက်နေတယ်”
"အဲဒါကောင်းတယ်"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူမက ချင်ဖုန်း၏ ချီးကျူးစကားကြောင့် မာန်မတက်ချင်ပေ။ လက်ရှိတွင် သူမက တခြားလူကို ကုသပေးနိုင်ရန်
ရှောင်ချီ့ကို အားကိုးနေရဆဲဖြစ်သည်။ သူမ၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အဆင့် ၁၀ သို့
ရောက်လာမှသာလျှင် သူမ ကိုယ်တိုင် တခြားလူများကို လွတ်လွတ်လပ်လပ် ကုသပေးနိုင်မည်
ဖြစ်သည်။
"လီဝူ၊ ရှင် ကျွန်မတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် ရှင့်ကိုယ်ရှင် ဖော်ထုတ်မိပြီး
အန္တရာယ် ပိုးများလာလိမ့်မယ်"
စူးချင်းက လီဝူကို
ကြည့်လိုက်သည်။ လီဝူက အကြီးအကဲချင်၏သက်တော်စောင့်ဟောင်း ဖြစ်ပြီး ဝမ်မိသားစုစစ်တပ်မှ
လူတော်တော်များများက သူ့ကို မှတ်မိနေကြသည်။ အကယ်၍ သူက သူမတိုနှင့်အတူ လိုက်ပါမည်ဆိုလျှင်
ဖော်ထုတ်ခံရနိုင်ခြေ ပိုများလာမည် ဖြစ်သည်။ ထို့ကြောင့် သူမက လီဝူကို ထောင်ဟွားဝူဒုက္ခသည်အဖွဲ့သို့
ပြန်မခေါ်သွားချင်တော့ပေ။
"ကောင်းပါပြီ၊ ငါ တစ်ယောက်တည်း ထွက်သွားလိုက်မယ်"
လီဝူက ချက်ချင်း
ခေါင်းညိတ်လိုက်သည်။
စူးချင်းနဲ့ ကျိရွှေရှန့်တို့က
သူ့သခင်ကြီးကို ကာကွယ်ပေးရင် သူ ကာကွယ်ပေးတာထက် ပိုလုံခြုံမှာ သေချာပါတယ်။
“ဒါက
ခရီးသွားလက်မှတ်နဲ့ ငွေစက္ကူတချို့ပါ။ ကျင့်ရှီလျိုမြောင်ကို အရင်သွားပြီး ကျွန်တော်တို့ကို
အဲဒီမှာ စောင့်နေပါ"
ကျိရွှေရှန့်က လီဝူကို
ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းတစ်ခု လှမ်းပေးလိုက်သည်။
ထိုအိမ်ထောင်စုစာရင်းနှင့်
ခရီးသွားလက်မှတ်များကို သူတို့ ရနိုင်ခဲ့ခြင်းက ခက်ခဲသောအရာတော့ မဟုတ်ခဲ့ပေ။ စစ်သည်များ၏လုယက်မှုကြောင့်
စားနပ်ရိက္ခာပြတ်တောက်ကာ ဆာလောင်ငတ်မွတ်မှုများ၊ အပူဒဏ်ကြောင့် ဖျားနာခြင်းများနှင့်
ဓားပြများ၏သက်ဖြတ်ခံရခြင်းများ စသည့် ဒုက္ခအမျိုးမျိုးကို တွေ့ကြုံခဲ့ရသော
လူအများအပြားက လမ်းဘေးတွင် သေဆုံးသွားကြရသည်။ တခြားသူများက သူတို့၏ပိုက်ဆံနှင့်
ပစ္စည်းများကို ယူရုံသာမက အဝတ်အစားများကိုပါ အကုန်ချွတ်ယူကြသော်လည်း
ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကိုမူ မည်သူကမျှ မလိုချင်ကြဘဲ မြေပြင်ပေါ်တွင်
ပစ်ချထားခဲ့ကြသည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့က
အဘိုးကြီးချင်ကို ကယ်တင်ရန် လာနေရင်း ၎င်းတို့၏ အထောက်အထားအတွက် တွေးတောခဲ့ကြသည်။ ထို့ကြောင့်
သူတို့က လမ်းတစ်လျှောက်တွင် အာရုံစိုက်ရှာဖွေကာ ခရီးသည်တစ်ဒါဇင်ကျော်၏အထောက်အထားများကို
ကောက်ယူခဲ့ကြသည်။ စူးချင်းက သူမ၏အဖေကို ပြန်ခေါ်လာသည်ဟူသော အကြောင်းပြချက် သုံးရန် စူးမျိုးရိုးအမည်ရှိ အထောက်အထားနှင့်
ခရီးသွားလက်မှတ်ကို ရွေးချယ် သိမ်းဆည်းထားခဲ့ကြသည်။ ထို့ကြောင့် သခင်ကြီးချင်အတွက်
အထာက်အထားနှင့် ခရီးသွားလက်မှတ်သာမက လီဝူအတွက်ပေးလိုက်သော
အထောက်အထားများကပါ စူးမျိုးရိုးရှိသော အမည်များ ဖြစ်နေခဲ့သည်။
ကံကောင်းထေက်မစွာဖြင့်
ထိုလူများ၏ မူရင်းဇာတိလည်း ယုချန် ဖြစ်နေသောကြောင့် စူးချင်းနှင့် ကျိရွှေရှန့်တို့အဖွဲ့က
ယုချန် တွေ့ဆုံခဲ့ခြင်းဟု ယူဆနိုင်ပြီး လုံးဝပြီးပြည့်စုံသော အထောက်အထားများ ဖြစ်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
လီဝူက ခရီးသွားလက်မှတ်နှင့်
ငွေစက္ကူများကို သိမ်းဆည်းလိုက်ထား ကျိရွှေရှန့်နှင့် စူးချင်းတို့၏ရှေ့မှာ
ဒူးထောက်ကာ "ကျေးဇူးပြုပြီး ငါ့သခင်ကြီးကို ကာကွယ်ပါ။ လီဝူက မင်းတို့ရဲ့ကြင်နာမှုကို
ပြန်ပေးဆပ်ဖို့ မင်းတို့ရဲ့ကျေးကျွန်ဖြစ်ဖို့ ဆန္ဒရှိပါတယ်”
ကျိရွှေရှန့်က လီဝူကို
ပြန်ထူပေးရန် ရှေ့တိုးလိုက်သည်။
လီဝူက သူ့သခင်အပေါ်
သစ္စာစောင့်သိသောကြောင့် သူက လီဝူကို အလွန်လေးစားမိခြင်း ဖြစ်သည်။
ထိုအချိန်တွင် စူးချင်းက
ရှောင်ချီနှင့် စကားပြောနေဆဲ ဖြစ်သည်။
"ရှောင်ချီ လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပြောင်းလဲပေးနိုင်တဲ့ ဆေးရှိလား?"
ရှောင်ချီက
သူမ၏သခင်ဆီမှ သူမ၏အမည်ကို အခေါ်ခံလိုက်ရခြင်းအတွက် အလွန်ပျော်ရွှင်သွားပြီး “ရှိပါတယ်...သခင်၊
ဒါက လူတစ်ယောက်ရဲ့အသွင်အပြင်နဲ့ အသံကို ပြောင်းလဲပေးနိုင်တဲ့ ရှေးဟောင်းလျှို့ဝှက်ချက်ဆေးနည်းတစ်ခုပါ”
"ငါ့ကို ဆေးနှစ်လုံးလောက်လုပ်ပေး"
စူးချင်းပင်လျှင်
ထိုကဲ့သို့သော ဆေးမျိုးရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက သူတို့ကို မိတ်ကပ်
သို့မဟုတ် ပလပ်စတစ်ဆာဂျရီနည်းဖြင့် ကူညီပေးမည်ဟုသာ စိတ်ကူးထားခဲ့သည်။ သို့သော်
ဆေးက ပိုအဆင်ပြေနေသောကြောင့် ရှောင်ချီ့ကို ဆေးနှစ်လုံး လုပ်ခိုင်းလိုက်သည်။
“ကောင်းပါပြီ”
ရှောင်ချီက
ချိုချိုသာသာ ပြန်ဖြေလိုက်ပြီး သူမ၏ခန္ဓာကိုယ်တုတ်တုတ်လေးကို တွန့်လိမ်ကာ စနစ်၏စခရင်ဆီသို့
ပြေးသွားလိုက်သည်။ သူမက စခရင်ကို နှိပ်လိုက်ပြီး ရုပ်သွင်ပြောင်းဆေးအတွက် ဆေးညွှန်းကို
ယူကာ သူမ၏ခြေထောက်တိုလေးများဖြင့် ဆေးများထားသည့်နေရာဆီသို့ ပြေးသွားပြန်သည်။
'သခင်က
အရမ်းတော်တယ်။ ရှောင်ချီ လိုအပ်တဲ့ဆေးတွေ မှန်သမျှ အကုန် ရှာထားပေးခဲ့တယ်'
"ရှောင်ချီ မန်ထို တစ်အိုး လုပ်ပေးဦး"
ရုပ်သွင်တစ်ရာဆေး
ပြုလုပ်ပြီးချိန်တွင် သူမသခင်၏အမိန့်ကို ထပ်ကြားလိုက်ရသောကြောင့် ရှောင်ချီ၏တောက်ပသောမျက်လုံးလေးများက
လခြမ်းကွေးလေးများအဖြစ်သို့ ပြောင်းလဲသွားကာ ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်သည်။
“ကောင်းပါပြီ၊
သခင်”
"သခင်ကြီး၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"
လီဝူက သခင်ကြီးချင်၏လက်ကို
ဆွဲကိုင်ထားပြီး စိတ်မချနိုင်သည့် အမူအရာဖြင့် သတိပေးနေသောကြောင့် သခင်ကြီးချင်က
မျက်လုံးများဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"လီဝူ၊ မင်းလည်း သတိထားရမယ်နော်"
သူတို့နှစ်ဦးကြားတွင်
သခင်နှင့်ကျေးကျွန်ဟူသော ဆက်ဆံရေးမျိုးရှိခဲ့သော်လည်း နှစ်ရှည်လများ အပြန်အလှန်
ဆက်ဆံပြီးနောက်တွင် သခင်ကြီးချင်၏နှလုံးသားထဲတွင် လီဝူက သူ့မိသားစုဖြစ်နေပြီ ဖြစ်သည်။
"လီဝူ၊ ဒီဆေးကို သောက်လိုက်"
စူးချင်းက လီဝူကို ရုပ်သွင်တစ်ရာဆေးကို
ပေးလိုက်သည်။ လီဝူက ဘာဆေးလဲဟုပင် မမေးဘဲ စူးချင်းက သူ့ကို သောက်ဖို့ ပြောသည်နှင့်
မဆိုင်းမတွ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးလုံး ဗိုက်ထဲသို့
ရောက်သွားသည်နှင့် သူ့မျက်နှာက မီးလောင်သလို ပူလာသည်ကို လီဝူတစ်ယောက် ခံစားလိုက်ရသည်။
ထို့အပြင် သူ့မျက်နှာက တစစ်စစ် ကိုက်ခဲကာ ယားယံလာသောကြောင့် သူက စူးချင်းကို
မော့ကြည့်လိုက်ပြီး “သခင်မလေးစူး၊ ငါ့မျက်နှာက အရမ်းယားပြီး နာကျင်လာတယ်"
“အင်း”
စူးချင်းက လီဝူ၏မျက်နှာကို
ဆက်လက်စိုက်ကြည့်နေသည်။ တောအုပ်က မှောင်မိုက်နေသောကြောင့် သူမက မီးစာတိုင်ဖြင့်
မီးထွန်းလိုက်သည်။ ထိုမီးအလင်းရောင်အောက်တွင် လီဝူ၏မျက်နှာ ပြောင်းလဲသွားသည်ကို
မြင်လိုက်ရသည်။
လီဝူက
အလွန်ချောမောခြင်း မရှိသော်လည်း မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးရှိပြီး တည်ကြည်သော
အမျိုးသားတစ်ဦး၏ ပုံပန်းသွင်ပြင်ရှိသည်။ သို့သော် ဆေးသောက်ပြီးနောက်တွင် သူ့၏အသွင်အပြင်က
လုံးဝပြောင်းလဲသွားပြီး သူ့အသားအရောင်က အဝါရောင်သန်းလာကာ သူ့၏မျက်လုံးဝိုင်းဝိုင်းများက
အနည်းငယ် ရှည်သွယ်သွားပြီး သူ့၏မျက်ခုံးထူထူများက လျော့ရဲလာသည်။ ထို့အပြင် သူ့မျက်နှာပေါ်မှာ
ဒေါင်လိုက်အစင်းကြောင်းများ ရှိနေသောကြောင့် လူများက သူ့ကို ကြည့်လျှင်
အရေခွံအောက်တွင် ဦးခေါင်းခွံရှိနေသောလူ ဟုသာ တွေးကြပေလိမ့်မည်။
မူလက နက်နဲပြီး
အားကောင်းသော လီဝူ၏ အသံကလည်း အက်ရှရှအသံအဖြစ်သို့ ပြောင်းလဲသွားသည်။
အပြင်လူတွေ
မပြောနဲ့ သခင်ကြီးချင်တောင်မှ လီဝူ့ကို မမှတ်မိနိုင်လောက်ဘူး။
"ရှင် အခု ထွက်သွားလို့ရပြီ"
စူးချင်းက
ဆေး၏အာနိသင်ကို ကျေနပ်နေခဲ့သည်။ သူမတို့ကိုယ်တိုင် ဘာမှဖွင့်မပြောသရွေ့
ဝမ်မိသားစုစစ်တပ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ လီဝူကို လုံးဝမှတ်မိမှာ
မဟုတ်ဘူး။
ရှေးခေတ်မှာ
လျှို့ဝှက်ရုပ်ဖျက်တဲ့ နည်းလမ်းတွေ ရှိနေမှန်း သူမ သိထားခဲ့ပေမယ့် ဒီလောက်အစွမ်းထက်မယ်လို့တော့
သူမ မမျှော်လင့်ထားခဲ့ဘူး။
"ကျေးဇူးအများကြီးတင်ပါတယ်၊ သခင်မလေး"
လီဝူက
စိတ်ခံစားချက်ပြင်းပြင်းဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ ဘယ်သူနဲ့ပဲ ရန်သူဖြစ်ရပါစေ
စူးသခင်မလေးနဲ့တော့ ရန်သူ မဖြစ်ချင်ဘူး။ သူမနဲ့သာ ရန်သူဖြစ်ရင် သူမက သူကို သေလို
သေသွားမှန်း မသိအောင် သတ်ပစ်လိုက်မှာ သေချာတယ်။
လီဝူ ထွက်သွားပြီးနောက်တွင်
စူးချင်းက အခြားသော အသွင်တစ်ရာဆေးကို လူအိုကြီးထံသို့ လှမ်းပေးလိုက်သည်။
"လူအိုကြီး၊ ရှင်လည်း ဒါကို သောက်သင့်တယ်"
လူအိုကြီးချင်က သူမကို
ခေါင်းညိတ်ပြလိုက်ပြီး ဆေးကို ယူကာ မဆိုင်းမတွ မျိုချလိုက်သည်။ အခု သူ့ရဲ့နာမည်က
စူးယောာင်ရှန်းပါ၊ သူ့က အခု ယုချန်ရဲ့ တာ့ရန်မိသားစုကျေးရွာက
သာမန်လယ်သမားတစ်ဦးဖြစ်သွားပြီ၊ ဒီနေ့ကစပြီး ချင်ဖုန်က ဒီကမ္ဘာပေါ်မှာ ရှိမှာမဟုတ်တော့ဘူး။
ဆေးသောက်ပြီးနောက်တွင်
သခင်ကြီးချင်၏အသွင်အပြင်ကလည်း ပြောင်းလဲသွားခဲ့သည်။ သူက ရိုးသားသော လယ်သမားတစ်ဦး၏
ပုံစံအတိုင်း ဖြစ်လာပြီး သူ့အသားအရောင်က နီရဲနေကာ အရေးအကြောင်းများက လေရဟတ်ကဲ့သို့
ထွက်ပေါ်လာသည်။ အရေအကြောင်းများ၏ အောက်ခြေတွင် အဖြူရောင်အနည်းငယ် ရှိနေသော်လည်း အပြင်ပိုင်းတွင်
အနီရောင်နှင့် အနက်ရောင်များ ရှိနေသောကြောင့် သူက မြေကြီးကို တူးဆွကာ အစားအစာ ရှာဖွေစားသောက်ရသော
သာမန်လယ်သမားအများစုနှင့် မကွာခြားတော့ပေ။
ကျော့ရှင်းသွယ်လျသည့်
သူ့လက်များကလည်း ညိုမည်းလာပြီး ခေါင်းမှ ခြေဖျားအထိ တစ်ချိန်က သူ၏ မွန်မြတ်ပြီး
စိုးမိုးနိုင်သည့် အရပ်အယောင်များက တစ်ခုမျှပင်
မရှိတော့ချေ။
ကျိရွှေရှန့်က ဘေးမှ
ရပ်ကြည့်နေရင်း အလွန် အံ့အားသင့်နေကာ သူ့မုတ်ဆိတ်မွေးများကို ပြန်ထိကြည့်ရင်း
တွေးမိတွေးရာ လျှောက်တွေးနေလေသည်။
ဒီလောက်ကောင်းတဲ့ဆေးနဲ့ဆိုရင်
သူရဲ့မုတ်ဆိတ်မွေးကို ရိတ်လို့ ရလောက်လား?
သို့သော် ထိုအတွေးက
သူ့စိတ်ထဲတွင် ခဏတာမျှသာ ပေါ်လာနိုင်ပြီး သူက အတွေးကို ရပ်တန့်လိုက်သည်။
ထောင်ဟွားဝူမှ ရွာသားများက
သူ့၏ လက်ရှိအသွင်အပြင်ကို ကျင့်သားရနေပြီဖြစ်ကာ သူ ရုတ်တရက် ပြောင်းလဲလိုက်ပါက
သံသယများ ဖြစ်ပေါ်လာပေလိမ့်မည်။
"ရွှေရှန့်၊ ချိုးယွဲ့က အရာအားလုံးကို ပျက်စီးစေလိမ့်မယ်။ အဘိုးချင်ရဲ့
အထောက်အထားတွေအကြောင်း ရှောင်ယင့်ကိုတောင် မပြောနဲ့"
စူးချင်းက ကျိရွှေရှန့်ကို
ကြည့်ကာ ပြောလိုက်သည်။ သူမက လူသတ်ရန် ကြံရွယ်ထားပြီးဖြစ်ကာ ချိုးယွဲ့ကို
အသက်ရှင်လျက် မထားနိုင်တော့ကြောင်း သေချာနေပြီ ဖြစ်သည်။
သူမတို့ ဒုက္ခသည်အဖွဲ့မှ
ထွက်ခွာလာခါနီးတွင် အမျိုးသမီးလီ၏ဘေးမှ ဖြတ်လာစဥ်၌ ချို့ယွဲ့က လီဝူ မည်သူဖြစ်ကြောင်း
ကျိရှောင်ယင်ကို မေးမြန်းခဲ့ကြောင်း အမျိုးသမီးလီက သူမကို တိတ်တဆိတ် ပြောပြခဲ့သည်။
လီဝူက လူအိုကြီးချင်ကို
ဆေးကုသပေးရန် ဖိတ်ခေါ်မှုအတွက် သူမထံသို့ အရင်ရောက်လာသူ ဖြစ်သောကြောင့် ထောင်ဟွားဝူမှ
လူပေါင်းများစွာက သူ၏အသွင်အပြင်ကို မြင်ဖူးကြသည်။ ကံကောင်းထောက်မစွာဖြင့်
ဤတစ်ကြိမ်တွင် လီဝူက ရုပ်ဖျက်ထားခဲ့သည်။ ချိုးယွဲ့က လီဝူ၏အသွင်အပြင်ကို မမြင်လိုက်သောကြောင့်
သူမ လီဝူကို ယခုကဲ့သို့ အလွယ်တကူ ထွက်သွားခိုင်းနိုင်ခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်လျှင်
သူမတို့ မည်သို့သောဒုက္ခမျိုးနှင့် ကြုံတွေ့ရမည်ကို မှန်းဆ၍ပင် ရနိုင်တော့မည်
မဟုတ်ပေ။
"ကောင်းပြီလေ၊ ငါက အဘိုးချင်ကို မင်းရဲ့အဖေလို့ပဲ ပြောပြလိုက်မယ်"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
အကျဉ်းထောင်လှည်းကို တိုက်ခိုက်လုယက်ခြင်းက ကြီးလေးသော ကိစ္စဖြစ်ပြီး ထိုအကြောင်းကို
သိသူနည်းလေလေ၊ ပိုကောင်းလေဖြစ်သည်။
“သခင်ကြီးချင်ကို
လုယူခံလိုက်ရတဲ့အကြောင်း ဝမ်မိသားစုစစ်တပ်ဘက်ကနေ ရှာတွေ့ဖို့ အချိန်တစ်ရက်လောက်တော့
ကြာနိုင်တယ်။ သူတို့ နောက်ကနေ လိုက်ဖို့ လူလွှတ်နိုင်တဲ့အချိန်ဆိုရင် အနည်းဆုံး တစ်ရက်ခွဲလောက်တော့
ကြာသွားလိမ့်မယ်။ ဒီတစ်ရက်ခွဲအတွင်း ကျွန်မတို့က ထောင်ဟွားဝူအဖွဲ့ကို အမီလိုက်ဖိုါ
စုကျိုးကို အမြန်ဆုံး သွားရလိမ့်မယ်"
ကျိရွှေရှန့်က
မြေပုံကို ဖွင့်ပြီး စူးချင်း စီစဉ်သည့်အတိုင်း လမ်းကြောင်းကို ရှာကြည့်လိုက်သည်။
အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာပါပဲ။ ဝမ်မိသားစုစစ်တပ်က သခင်ကြီးချင် စုကျိုးကို သွားမယ်လို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူး။
✍️✍️✍️