အခန်း ၂၂၂ တစ်ပါးသူ၏နှလုံးသားကို
သိမ်းပိုက်ခြင်း
"ငါပါ... ချွီတာ့"
ချွီတာ့က အမှောင်ထဲမှ
တိုးထွက်လာပြီး ရှင်းရူဟိုင်နှင့် ရှင်းရူဟိုင်၏ဇနီးတို့က သူ့နောက်မှ လိုက်ပါလာကြသည်။
သူတို့ နောက်တွင် ကလေးနှစ်ယောက်ကို သယ်ဆောင်လာသည့် ကျန်းချမ်နှင့်
နောက်ထပ်လက်အောက်ငယ်သားတယောက် ရှိနေခဲ့သည်။ သူတို့က ရှင်းရူဟိုင်တို့မိသားစုကို
တောက်လျှောက် ကာကွယ်ပေးခဲ့ပြီး ပြန်ခေါ်လာခဲ့ကြသည်။
သစ်အယ်သီးလှော်၏
မွှေးရနံကိုသာ မရှူမိလျှင် သူတို့က ကျိရွှေရှန့်နှင့် တခြားသူများ ဘယ်မှာ သွားရှာရမှန်း
သိမည်ပင် မဟုတ်တော့ပေ။
"ဦးလေးချွီ ဘာလို့ပြန်လာတာလဲ? ကျွန်တော် သူတို့ကို ကာကွယ်ပေးဖို့ ဦးလေးကို
တောင်းဆိုခဲ့တာ မဟုတ်.....”
ကျိရွှေရှန့်က
ချွီတာ့၏အသံကို ကြားလိုက်သောကြောင့် သူ့ကို ကြိုဆိုရန် ထွက်လာခဲ့သည်။
သူ့စကားမဆုံးသေးခင်မှာပင် သူက ချွီတာ့၏နောက်မှ
ရှင်းရူဟိုင်နှင့် သူ့၏မိသားစုကို တွေ့သွားပြီး စကားရပ်လိုက်သည်။
"ဒါဆို ကျုပ်တို့ကို ကယ်ပေးဖို့ လူတွေစေလွှတ်ပေးခဲ့တာကာ ဒီက ကျေးဇူးရှင်ကြီးလား?"
ရှင်းရူဟိုင်က
မျက်ရည်များဝဲလာပြီး ကျိရွှေရှန့်ကို ကျေးဇူးတင်ရန် လက်သီးအုပ်လိုက်သည်။
“သခင်ကြီး၊
ခင်ဗျားက အရမ်း ကြင်နာတက်တယ်။ ဒီရှင်းမျိုးရိုးက သခင်ကြီးအတွက် ဘာမဆို လုပ်ပေးဖို့
ဆန္ဒရှိတယ်၊ နွားတစ်ကောင်လို မြင်းတစ်ကောင်လို အလုပ်လုပ်ပေးပါ့မယ်"
"ကျုပ်အတွက် မြင်းတွေ နွားတွေလိုတော့ အလုပ် လုပ်ပေးစရာ မလိုပါဘူး"
ကျိရွှေရှန့်က စကားကို
သွယ်ဝိုက်မေဘဲ တိုက်ရိုက် ပြောတက်သူ ဖြစ်သည်။ ရှင်းရူဟိုင်က ဤနေရာသို့
ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် သူ့၏အဖွဲ့တွင်
ပါဝင်ရန် ဖိတ်ခေါ်ဖို့ ထိုအခွင့်အရေးကို အပြည့်အဝ ရယူမည် ဖြစ်သည်။
“ကျုပ်က
စစ်သူကြီးရှောင်းဟမ်ရဲ့ မျိုးဆက်ပါ။ ကျုပ်က အဖေ့အတွက် လက်စားချေချင်တယ်။ ခင်ဗျားမှာ
ကျုပ်ကို ကူညီဖို့ ဆန္ဒရှိလားလို့ မေးပါရစေ"
"စစ်သူကြီးရှောင်းဟမ်လား?"
စစ်သူကြီးရှောင်းဟမ်ဟူသော
အမည်ကို ကြားလိုက်ချိန်တွင် ရှင်းရူဟိုင်က အလွန်စိတ်လှုပ်ရှားသွားပုံရသည်။
"မင်းက သူ့မျိုးဆက်လား?"
“သားက
ဖခင်ရဲ့အမည်ကို မပြောသင့်ဘူးဆိုပေမယ့် ကျုပ်က အဖေ့အတွက် ဝတ္တရားမကျေပွန်တဲ့ သားမိုက်ပဲ”
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
သူ့အသံက ထူးထူးခြားခြား လေးနက်နေပြီး သူ့နှလုံးသားထဲမှ အမုန်းတရားများက မီးဖိုထဲမှ
မီးတောက်များကဲ့သို့ ပူလောင်နေလေသည်။
ကျိရွှေရှန့်က စစ်သူကြီးရှောင်းဟမ်၏သား
ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှင်းရူဟိုင်က ကျိရွှေရှန့်ကို ပြတ်ပြတ်သားသား
ပြန်အဖြေပေးလိုက်သည်။
"စစ်သူကြီးရှောင်းအတွက် လက်စားချေနိုင်ဖို့ ကျွန်တော် စစ်သူကြီးလေးကို
ကူညီဖို့ ဆန္ဒရှိပါတယ်"
"ကောင်းပြီ၊ ဝမ်မျိုးနွယ်စုကို ပြန်အဖက်မဆယ်နိုင်တဲ့အထိ အဆုံးစွန်ကို
တွန်းပို့ဖို့ အတူတူ လုပ်ကြရအောင်"
အရည်အချင်းရှိသူများ
တစ်ယောက်ပြီး တစ်ယောက် ရရှိလာခဲ့သည်အတွက် ကျိရွှေရှန့်၏ယုံကြည်မှုကလည်း
အဆပေါင်းများစွာ တိုးလာခဲ့သည်။ သူက ရှင်းရူဟိုင်ကို ဂုဏ်ယူစွာ ပြန်ပြောလိုက်ပြီး ရှင်းရူဟိုင်၏မိသားစုကို
အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
"လူကြီးမင်း အထဲကို ဝင်လာပြီး နွေးနွေးထွေးထွေး ဖြစ်အောင်လုပ်လိုက်ပါ"
ကလေးနှစ်ယောက်ထဲမှ
တစ်ယောက်က ကျန်းချမ်၏ရင်ခွင်ထဲတွင် ရှိနေပြီး ကျန်တစ်ယောက်က အခြားစစ်သည်ဟောင်းတစ်ယောက်၏ရင်ခွင်ထဲမှာ
ရှိနေခဲ့သည်။ ကလေးများက ထိုလူများက သူတို့၏ကျေးဇူးရှင်များ ဖြစ်နေကြောင်း သိသည့်အတွက်
မကြောက်ကြပေ။ သူတို့က သူတို့က အနက်ရောင်မျက်လုံးလေးများကို ခပ်ကျယ်ကျယ် ဖွင့်ထားပြီး
စူးစူးစိုက်စိုက် လိုက်ကြည့်နေကြသည်။
ကလေးငယ်များ၏ ပိန်ပါးသောလည်ပင်းများပေါ်တွင်
ဦးခေါင်းကြီးကြီးလေးများ ရှိနေသောကြောင့်
လူအများကို စိတ်ပူစေခဲ့သည်။ ထိုဦးခေါင်းများ ထပ်ကြီးလာလျှင် လည်ပင်းလေးများ
ကျိုးကျသွားမည်ကိုပင် စိုးရိမ်နေကြသည်။
သူတို့၏
ခန္ဓာကိုယ်များကလည်း အလွန်ညစ်ပတ်နေပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ခြေဖဝါးတွင်လည်း အသားကောင်းဟူ၍ မရှိတော့ပေ။ သွေးခြေဥများအပေါ် ဖိကာ လမ်းလျှေက်ခဲ့သောကြောင့် အနာများ ဖြစ်လာပြီး
ထိုအနာများဖြင့် လမ်းဆက်လျှောက်နေရသောကြောင့် သွေးများ ယိုစီးကာ ရောင်ယမ်းပြီး အသားများပုပ်နေပြီ
ဖြစ်သည်။ လမ်းတလျှောက် မည်မျှ နာကျင်ခံစားခဲ့ရသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ကျိရွှေရှန့်က လီတာ့နျိုကို
ရေနွေးမြန်မြန် ကျိုခိုင်းလိုက်သည်။ ယခင်က သူတို့ တည်ဆောက်ထားခဲ့သော
ရေချိုးခန်းနှစ်ခုကို မဖယ်ရှားရသေးသောကြောင့် ထိုလေးယောက်မိသားစုအတွက် အဆင်ပြေသွားခဲ့သည်။
လီတာ့နျိုက ရှင်းရူဟိုင်နှင့်
သူ၏သားကို အမျိုးသားရေချိုးခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ကျန်းယွိရန်နှင့် ကျိရှောင်ယင်တို့က
အမျိုသမီးရှင်းနှင့် သူမ၏သမီး အမျိုးသမီးရေချိုးခန်းသို့ သွားနိုင်ရန် ကူညီပေးခဲ့ကြသည်။
ကျိရွှေရှန့်က စူးချင်းကို
နောက်ထပ် အာလူးကင်ရှိ မရှိ သွားမေးလိုက်သည်။ သူက ထိုမိသားစုလေးယောက်အတွက်
စားစရာတစ်ခုခု ပေးချင်နေခြင်း ဖြစ်သည်။
"မရှိတော့ဘူး၊ ဒါပေမယ့် သစ်အယ်သီးလှော်တွေ ရှိတယ်"
စူးချင်းက ခေါင်းယမ်းလိုက်သည်။
အာလူးကင်က လူတိုင်းစားဖို့တောင်
အလုံအလောက်မရှိတော့ ဘယ်လို ကျန်တော့မှာလဲ? ဒါပေမယ့် လတ်လတ်ဆတ်ဆတ် လှော်ထားတဲ့
သစ်အယ်သီးအိုးကြီးတစ်လုံး ရှိတယ်။ အဲ့ဒါကလည်း အရာသာရှိပြီး ဆာလောင်မှုကို ပြေပျောက်စေနိုင်တယ်။
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
အနည်းဆုံးတော့
သူတို့တွေရဲ့ ဗိုက်ကို တစ်ဝက်လောက်ပြည့်အောင်
လုပ်ပေးနိုင်လိမ့်မယ်။ ပြီးတော့ ဇီးသီးတွေလည် ရှိသေးတယ်။
"မင်းမှာ ဆေးတွေရှိသေးလား? သူတို့ရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်”
ကျိရွှေရှန့်က
သူ့အိတ်ထဲမှ ဆေးအားလုံးကို သုံးလိုက်ပြီးပြီ ဖြစ်သောကြောင့် စူးချင်းထံမှ ထပ်တောင်းနေရပြန်သည်။
“အင်း”
စူးချင်းက
ခေါင်းညိတ်လိုက်သည်။
ရှောင်ချီက
အချိန်မရွေး သုံးနိုင်ဖို့ ဆေးတွေ အများကြီး ပြင်ဆင်ပေးထားတယ်။ သူမက
ပုံမှန်အားဖြင့် ပြင်ပဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ဆေးပင်တွေ အများကြီးကို ဖြည့်စည်းပေးခဲ့တာကြောင့် ဂိုဒေါင်ထဲမှာ
ပြင်ပဒဏ်ရာအတွက် ဆေးတွေ အပြည့်ပဲ။
ကျိရွှေရှန့်က စူးချင်းကို
စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ သူမ ဆေးဖော်ရန် ဆေးပင်များကို မကြာခဏ ခူးဆွတ်နေသည်ကို
သူ တွေ့နေသော်လည်း သေသေချာချာတော့ မတွေးကြည့်ခဲ့ဖူးပေ။
သူမက ဘာကြောင့် ဆေးတွေကို
မကုန်မခန်း ထောက်ပံ့နိုင်တယ်လို့ သူ ထင်နေရတာလဲ? ဆေးတွေက ဘယ်လိုမှ
ကုန်ခန်းသွားပုံမပေါ်ဘူး။ အမြဲတမ်း ရနိုင်တာလား?
စူးချင်းက သူ့ကို
လျစ်လျူရှုလိုက်ပြီး သူ့၏အကြည့်များကို ရှောင်ရန် တစ်ဘက်သို့ လှည့်လိုက်ပြီး ဂူထဲမှ
ရွာသားများကို အော်ပြောလိုက်သည်။
"မင်းတို့မှာ မဝတ်ချင်တဲ့အဝတ်တွေ ရှိသေးလား? သူတို့မိသားစု အဝတ်လဲနိုင်ဖို့
သန့်ရှင်းတဲ့အဝတ်အစား နည်းနည်းလောက် ရှာပေးပါလား?”
“အင်း”
ဂွမ်းချည်သားပါသောအဝတ်များကို
၀တ်ဆင်ထားသူများက သူတို့၏မူလအဝတ်များကို စည်းမဲ့ကမ်းမဲ့ မပစ်ကြဘဲ ထုပ်ပိုးသိမ်းဆည်းထားခဲ့ကြသည်။
စူးချင်း၏တောင်းဆိုချက်ကို ကြားသောအခါ သူတို့က အဝတ်အစားများ ရှာပေးရန် သူတို့၏အိတ်ကို
အမြန် ဖွင့်လိုက်ကြသည်။
အဒေါ်လီက ရှောင်ဟူဝတ်ဆင်ခဲ့သည့်
ကလေးအဝတ်အစား နှစ်ထည်ကို ရှာတွေ့လာခဲ့သည်။ ထို့အပြင် မိသားစုလေးယောက်၏အတိုင်းအထွာအရ
သိပ်လည်းမဟောင်းသလို အသစ်လည်း မဟုတ်သော ဖိနပ်လေးစုံကိုလည်း သူမ ရှာတွေ့ခဲ့သည်။
ထိုအကြောင်းပြောရလျှင်
ထောင်ဟွားဝူမှ ရွာသူရွာသားများက အလွန်ကြင်နာတက်သူများ ဖြစ်ကြသည်။ လမ်းတစ်လျှောက်တွင် ကပ်ဘေးဒုက္ခသည်များ များပြားလွန်းသောကြောင့်
အများအားဖြင့်တော့ သူတို့က ထိုကပ်ဘေးဒုက္ခသည်တွေကို ကူညီရန် မဝံ့ရဲကြပေ။ သူတို့
ထိုလူများကို ကူညီမိလျှင် အားလုံးကို ဆွဲချသလို ဖြစ်သွားမည်ကို သူတို့ နားလည်ကြသည်။
ယခု ရှင်းရူဟိုင်၏မိသားစုတွင်
လူလေးယောက်သာ ရှိပြီး သူတို့၏သနားစရာကောင်းသော အခြေအနေဆိုးကို သူတို့ မြင်နေကြရသည်။
ထို့ကြောင့် လူတိုင်းက သူတို့၏အခက်အခဲကို စာနာစိတ်ဖြင့် ရက်ရက်ရောရော ပေးကမ်းကြခြင်း
ဖြစ်သည်။
ရွာလူကြီးချိုးက
သူ့မြေးကို ကျိရွှေရှန့်အား သွားခေါ်ရန် စေလွှတ်လိုက်သည်။ ကျိရွှေရှန့်က ချိုးယုံခန်း၏နောက်သို့
လိုက်လာခဲ့ပြီး ရွာလူကြီးချိုးက သူကို အဘယ်ကြောင့် ခေါ်သည်ကို တလေးတစား မေးမြန်းလိုက်သည်။
“ရွှေရှန့်၊
သူတို့မိသားစုက အကျဉ်းသားတွေနော်၊ လူတိုင်းကို ထိခိုက်စေလိမ့်မယ်”
ရွာလူကြီးချိုးက
တစ်ရွာလုံးအတွက် တွေးတောပေးခဲ့ခြင်း ဖြစ်သည်။ အကျဉ်းသားတစ်ဦးကို လုယက်ခြင်းက
ခေါင်းဖြတ်အပြစ်ပေးခံရနိုင်သည့် ပြင်းထန်သော ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။
"အဖိုးချိုး၊ ကျွန်တော်တို့ လမ်းတစ်လျှောက်မှာ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကတင်
ခေါင်းဖြတ်ခံရဖို လုံလောက်နေပြီ မဟုတ်ဘူးလား?"
ကျိရွှေရှန့်က ရှင်းရှင်းလင်းလင်း
အဖြေမပေးဘဲ ထိုအစား သူက ရွာလူကြီးချိုးကို မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။
ရွာလူကြီးချိုးက ထိုမေးခွန်းကြောင့်
တုန်လှုပ်သွားခဲ့သည်။ စစ်သည်တွေကို သတ်ဖြတ်ခဲ့တာက အကျဉ်းသားတွေကို လုယက်တာထက် အများကြီး
ပိုလေးလံတဲ့ ရာဇ၀တ်မှုပဲ။
“ကောင်းပြီ၊
မင်း အဆင်ပြေသလို လုပ်တော့”
ရွာလူကြီးချိုးက သက်ပြင်းချလိုက်သည်။
အခု သူတို့အားလုံးက
လှေတစ်စင်းတည်းပေါ်ကို ရောက်နေပြီး ကြိုးတစ်ချောင်းနဲ့ချည်နှောင်ထားတဲ့ လူတွေပဲ။ အဆိုးဆုံးက
အတူတူ ပုန်ကန်ရုံပဲ ရှိတော့တာပေါ့၊ ဒီလိုဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ဘယ်လူတွေက ကောင်းကောင်း
နေထိုင်ခွင့် ရနိုင်မှာလဲ?
ကျိရွှေရှန့်က ရွာလူကြီးချိုးနှင့်
စကားပြောနေချိန်တွင် စူးချင်းက ရေချိုးနေသော အမျိုသမီးရှင်းနှင့် သူမ၏သမီးတို့အား
ဆေးများ သွားပေးလိုက်သည်။
"ရေချိုးပြီးရင် ဒဏ်ရာကို ဆေးလိမ်းလိုက်ပါ"
အမျိုသမီးရှင်းက
အလွန်စိတ်လှုပ်ရှားသွားပြီး စူးချင်းကို အလေးအနက် အရိုအသေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းခလေး"
"ရတယ်"
စူးချင်းက ဘာမှ
ထပ်မပြောဘဲ ပြန်ထွက်သွားခဲ့သည်။
သူမရဲ့စိတ်နှလုံးကို
သံမဏိလို မာကျောအောင် လေ့ကျင့်ထားခဲ့ရတာကြောင့် သူမက ဘယ်သူ့ကိုမှ သနားမှာ မဟုတ်ဘူးလို့
သူမ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဒီကလေးမလေးရဲ့ခန္ဓာကိုယ်အနှံ့ ထိခိုက်ထားတဲ့ ဒဏ်ရာတွေကို
မြင်လိုက်ရတဲ့အချိန်မှာ သူမ လုံးဝ မကြည့်ရက်နိုင်ခဲ့ဘူး။
ရေချိုးပြီးနောက် အမျိုသမီးရှင်းက
သမီးဖြစ်သူ၏ ဒဏ်ရာများကို ဆေးအရင်လိမ်းပေးခဲ့သည်။ ဒဏ်ရာပေါ်သို့ ဆေးလိမ်းလိုက်သည်နှင့်
ဆေးက အေးမြနေပြီး နာကျင်မှုများကို တော်တော်လေး သက်သာသွားစေခဲ့သည်။
အမျိုသမီးရှင်းက သူမ
သမီးလေး၏ဒဏ်ရာများကို ဆေးလူးပေးနေရင်း သူမ၏နောက်ကျောမှ ဒဏ်ရာကို တွေးနေချိန်တွင် ကျိရှောင်ယင်၏အသံကို
ကြားလိုက်ရသည်။
"အဒေါ်ရှင်း၊ ကျွန်မ အဒေါ့်အတွက် အဝတ်အစားတချို့ ယူလာပေးတယ်"
ကျိရှောင်ယင်က
အဝတ်နှစ်စုံနှင့် ဖိနပ်နှစ်စုံကို ပွေ့လာကာ ရေချိုးခန်းအပြင်ဘက်မှ တိုးတိုးလေး
လှမ်းအော်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရှင်းအမျိုးသမီးက
ကျိရှောင်ယင်ကို တိုးညှင်းသော အသံဖြင့် ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူမက သူမ၏စုတ်ပြတ်နေသောအဝတ်အစားများကို
သူမ၏ကိုယ်ပေါ်သို့ ဖုံးအုပ်ကာ ကျိရှောင်ယင်ကို ဝင်ခွင့်ပြုလိုက်သည်။
ရေချိုးခန်းက သေးငယ်နေသောကြောင့်
လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်အတွက် လှည့်မရ ပြုမရ ဖြစ်နေခဲ့သည်။
“ကလေးကို
အဝတ် ဝတ်ပေးပြီးရင် အပြင်ထွက်ခိုင်းလိုက်ပါ။ ကျွန်မ အဒေါ့်ကို
ဆေးလိမ်းပေးမယ်"
ကျိရှောင်ယင်က ကြင်နာတတ်သည့်အပြင်
သူများအတွက်လည်း အလွန်စဉ်းစားပေးတက်သူ ဖြစ်သည်။ အမျိုသမီးရှင်း၏ခန္ဓာကိုယ်ပေါ်တွင်
ဒဏ်ရာများစွာ ရှိနေပြီး သူမ၏နောက်ကျောမှ ဒဏ်ရာများကလည်း အထူးတုန်လှုပ်ဖွယ်ဖြစ်နေခဲ့သည်။
သူမက သူမကိုယ်သူမ နောက်ပြန် ဆေးလူးရန် လက်မမှီနိုင်ဘူးဟု တွေးကာ ကျိရှောက်ယင်က ဆေးလိမ်းပေးရန်
ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မိန်းခလေး"
စိတ်လှုပ်ရှားလွန်းသောကြာင့်
အမျိုးသမီးရှင်း၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ သူမက အချိန်အတော်ကြာ
ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ယခုကဲ့သို့ တစ်စုံတစ်ယောက်က သူမကို ဂရုစိုက်ပေးသောကြောင့်
သူမ၏ခုခံမှုက ရုတ်တရက် ပြိုကျသွားခဲ့သည်။
ကျိရှောင်ယင်က
ကလေးမလေးအား အဝတ်အစားများကို ဝတ်ဆင်ပေးရန် မရင် ကူညီပေးလိုက်သည်။ သူမ ဖိနပ်ကို
ပေးလိုက်ချိန်တွင် ကလေးမလေးက ဝမ်းသာလွန်းလို့ ငိုနေရှာပြန်သည်။
"အမေ၊ သမီးမှာ ဖိနပ်ရှိတယ်"
ကျောက်ခဲလမ်းပေါ်တွင်
ခြေဗလာဖြင့် လျှောက်လှမ်းရတဲ့ ခြေလှမ်းတိုင်းက နှိပ်စက်ညှဉ်းပန်းသလို ခံစားရစေတယ်။
“ဟုတ်တယ်၊
ဒီကကျေးဇူးရှင်တွေရဲ့ ကျေးဇူးတွေကို မှတ်ထားပြီး သူတို့ကို အနာဂတ်မှာ ပြန်ကျေးဇူးဆပ်ရလိမ့်မယ်"
အမျိုးသမီးရှင်းက ကြင်နာမှုကို
မည်သို့ ပြန်ဆပ်ရမည်ကို သိနေပြီး ထိုလူများ၏ ကြင်နာမှုကို သတိရနေရန် သူမ၏သမီးလေးကို
ချက်ချင်း သင်ကြားပေးလိုက်သည်။
“ဟုတ်ကဲ့”
ကလေးမလေးက
အားတက်သရော ခေါင်းညိတ်လိုက်သည်။
ကလေးမလေးကို အပြင်ထွက်ခိုင်းပြီးနောက်
ကျိရှောင်ယင်က အမျိုသမီးရှင်း၏ဒဏ်ရာများကို ဆေးလိမ်းရန် ကူညီပေးလိုက်သည်။ အမျိုသမီးရှင်း၏
ခန္ဓာကိုယ်က နာကျင်မှုကြောင့် တုန်ယင်နေသည်ကို သူမ ခံစားနိုင်ခဲ့သည်။ သူမ၏
တစ်ကိုယ်လုံး တုန်ယင်သည်အထိ နာကျင်နေသည်မှာ သိသာထင်ရှားနေသော်လည်း အမျိုအမီးရှင်းက
အံကြိတ်ထားပြီး လုံးဝ အသံမထွက်ပေ။ အလွန့်အလွန် စိတ်မကောင်း ဖြစ်ဖွယ်ဖြစ်နေခဲ့ပြီး
အထူးသဖြင့် အမျိုသမီးရှင်း၏မျက်နှာကို မြင်နေရချိန်တွင် ကျိရှောင်ယင်က ပို၍ပင်
စိတ်မသက်မသာဖြစ်နေသလို ခံစားနေရသည်။
ဒီမျက်နှာကို
ကုတ်ခြစ်ပစ်ဖို့ သူမ ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ခဲ့ရတာလဲ?
ရှင်းရူဟိုင်ကလည်း
သူ့ဒဏ်ရာကို ဆေးထည့်နေပြီ ဖြစ်သည်။ ကျိရွှေရှန့်က ရှင်းရူဟိုင်ကို သူကိုယ်တိုင်ဆေးလိမ်းပေးခဲ့သည်။
ရှင်းရူဟိုင်၏ မျက်နှာပေါ်မှ 'အပြစ်သား' ဟူသော
စကားလုံးကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
ဒီစကားလုံးကို ဖယ်ပစ်ရမယ်..
✍️✍️✍️