အပိုင်း ၁၂၀
Viewers 14k

 

အခန်း(၁၂၀) - သူတို့တွေ ပိုပိုပြီး အချဉ်ပေါက်လာသလို ခံစားလာခဲ့ရလေသည်

 

ထမင်းစားပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ပုံမှန်အတိုင်း လမ်းလျှောက်ထွက်ခဲ့သည်။

 

ဖေးချုံကျွက်းက အားနည်းနေသဖြင့် ထမင်းစားပြီးနောက် အနားယူရန် သူ့အခန်းသို့ ပြန်သွားခဲ့သည်။

 

ဖေးယွီကျယ်က သူ့ကို စောင့်ကြည့်ချင်နေတာကြောင့် သူ့အခန်းထဲ ပြန်ဝင်သွားခဲ့သည်။

 

ဧည့်ခန်းရှိ စာအုပ်စင်ပေါ်တွင် စာအုပ်များနှင့် စာစောင်တချို့ရှိနေသည်။

 

ထိုထဲမှာ ရှောင်ဟန်ကျန့် ရေးသားသည့် မသေမျိုးကျင့်ကြံစဥ် စာစောင်လည်း ပါဝင်ပါတယ်။

 

ဖေးယွီကျယ်က မူလက ပျင်းရိနေသောကြောင့် ဖတ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

 

ပထမစာအုပ်ကို ကောက်ကိုင်ကာ ဖတ်လို့ ကုန်သွားပြီးနောက် ဆက်မဖတ်ဘဲ မနေနိုင်တော့အောင် ဖြစ်သွားမည်ဟု မထင်မိခဲ့ပေ။

 

နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်နေသော ဖေးစုန့်ကျွင်းပင်လျှင် ဆေးသောက်ထားသော်လည်း အိပ်မပျော်တာကြာင့် စာအုပ်တစ်အုပ် ယူဖတ်လိုက်သည်။

 

သူလည်းပဲ စွဲလန်းသွားခဲ့သည်။

 

တစ်ဖက်တွင် လျန့်ယိုရှောင်က ရှောင်ဟန်ကျန့်တို့လင်မယားနှင့် အတူတူ လမ်းလျှောက်ထွက်ရန် ဆန္ဒရှိခဲ့သည်။

 

အဓိက အကြောင်းအရင်းကတော့ သူ ငြိမ်ငြိမ် ထိုင်မနေနိုင်လို့ ဖြစ်သည်။

 

ဒီလို ဝေးလံခေါင်သီပြီး မဖွံဖြိုးသေးသည့် ရွာကို သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

 

စူးစမ်းချင်စိတ် ပြင်းပြနေပြီး အပြင်ထွက်ကြည့်ချင်နေသည်။

 

သူ မတ်တပ်ထရပ်လိုက်သည်နှင့် ငန်းကြီးတစ်ကောင်က သူ့ကို အတူတူလိုက်ခွင့်မပြုသလို စိုက်ကြည့်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။

 

ဒီခြေနှစ်ချောင်းနဲ့ မကောင်းဆိုးဝါးက စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းလိုက်တာ။

 

သူ့အဖေနဲ့ အမေက သူ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်လာတာကို သူက ဘာဖြစ်လို့ လိုက်ချင်နေရတာလဲ။

 

လျန့်ယိုရှောင်က အနှီငန်းကြီး၏ မျက်လုံးများမှ သူ့အား ရွံရှာသလို ကြည့်နေတာကို အမှန်တကယ် မြင်လိုက်ရလေသည်။

 

ဒီငန်းက တကယ်ပဲ မှင်စာ ဖြစ်သွားပြီလား။

 

သူ ငန်းကြီးအား ဆွံ့အစွာ ကြည့်လျက် ပြောခဲ့သည်။  "ငါ မင်းကို မစားတော့ဘူး ဟုတ်ပြီလား။"

 

ဒမ်ဘီက အတိတ်ရန်ငြိုးကို သတိရသွားပြီး ပို၍ မထီမဲ့မြင်ပြုသော အော်သံအနည်းငယ်ကို ပေးလိုက်သည်။

 

သူ့ကို စားဖို့ လုပ်ခဲ့သည့် ရည်ရွယ်ချက်နှင့် ပတ်သက်သည့်ကိစ္စကို ဒီတိုင်း ထားလိုက်ဖို့ သူ့အတွက် ထင်သလောက် မရိုးရှင်းပေ။

 

ဒီငန်းက တော်တော် ကိုင်တွယ်ရခက်ခဲတာပဲဟု လျန့်ယိုရှောင်က သူ့ကိုယ်သူ တွေးလိုက်သည်။

 

ထို့နောက် သူက ရှစ်ချင်းလျို့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ "မင်းရဲ့ ငန်းက တကယ်ကို အငြိုးကြီးတဲ့ကောင်ပဲ။"

 

ရှစ်ချင်းလျို့က ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်သည်။ "မှန်တယ်၊ ကျွန်မနဲ့ တူလို့လေ။"

 

သူမလည်း အငြိုးကြီးသည်။

 

သူမ ငန်းက ဒီလိုဖြစ်တာ ကောင်းသည်။

 

လျန့်ယိုရှောင်က သက်ပြင်းချရင်း တွေးလိုက်မိသည်။  ဒီအမျိုးသမီးက တကယ်ကို အံ့သြစရာကောင်းတာပဲ။

 

မာနကြီးသည့် ငန်းတစ်ကောင်က သဘောတူကြောင်းကို ဖော်ပြဖို့ အကြိမ် အနည်းငယ် အော်ဟစ်နေတာကို သူ တွေ့လိုက်ရလေသည်။

 

ငန်းက အမှန်တကယ်ပင် သူ၏ ပိုင်ရှင်နှင့် တစ်ထပ်တည်း ဖြစ်သည်။

 

လူနှင့် ငန်းတို့ ထိပ်တိုက်ရင်ဆိုင်နေတာကိုကြည့်ရင်း ရှောင်ဟန်ကျန့်က ပြုံးပြီးနောက် ထိုလူကို နှုတ်ဆက်ပြီး ဇနီးဖြစ်သူအား တံခါးအပြင်သို့ ဆွဲခေါ်လာလိုက်သည်။

 

သူနှင့် သူ့ဇနီးတို့ လမ်းလျှောက်သည့် အချိန်ကောင်းလေးကို ပေါင်းသင်းဆက်ဆံရေးကောင်းသည့် နှောင့်ယှက်မည့်လူ ရှိနေခြင်းကို သူ သဘောမကျပေ။

 

သူ့ဇနီးက အကြောင်းပြချက် မရှိဘဲ ငန်းကို အရမ်း အလိုမလိုက်ပေ။ သူမတွင် အကြံကောင်း ရှိသည်။

 

လျန့်ယိုရှောင်ကို အောင်မြင်စွာ တားမြစ်ပြီးနောက် ဒမ်ဘီက အောင်ပွဲခံသော အသွင်ကို ဆင်မြန်းလိုက်သည်။

 

ခြံဝင်းထဲက ရင်ကော့ပြီး ထွက်လာကာ သူ့အဖေနဲ့ အမေနောက်ကို လိုက်သွားခဲ့သည်။

 

လျန့်ယိုရှောင်က မျက်နှာကြီးမည်းကာ ကျန်ခဲ့လေသည်။

 

ရွာထဲမှာ လမ်းလျှောက်ဖို့ သူ့အစေခံကောင်လေးတွေကိုသာ ခေါ်လာခဲ့ပြီး ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့၏ အကြောင်းကိုလည်း တချိန်တည်း စုံစမ်းမေးမြန်းခဲ့သည်။

 

မကြာသေးမီက အဝေးမှ လာခဲ့ကြသော ကုန်သည်များစွာရှိသော်လည်း လျန့်ယိုရှောင် ကဲ့သို့သော ထူးကဲသည့် အဆင့်အတန်းကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည့် သခင်လေးမျိုး မရှိဖူးသေးပေ။

 

ထို့အပြင် သူက အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သောကြောင့် ရွာဝင်ပေါက်ရှိ သစ်ပင်ကြီးများအောက်တွင် အရိပ်အာဝါသအား မွေ့လျော်ခံစားနေကြသော သက်ကြီးရွယ်အို အမျိုးသမီးငယ်များနှင့် အဖွဲ့ကျရန် အချိန်အကြာကြီး မလိုခဲ့ပေ။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့၏ အကြောင်း တော်တော်များများကို သူ သိခဲ့ရသည်။

 

ကံကောင်းစွာ ချုံရှီပွဲဖြင့် လက်ထပ်နိုင်ခဲ့သော မသေမျိုးဆရာသခင်၏ တပည့်ဖြစ်ကြောင်းနှင့် တို့ဟူးလုပ်နည်း၊ သကြားလုပ်နည်းနှင့် ခြင်ပြေးအမွှေးတိုင်လုပ်နည်းများကိုပါ သိရှိသည့်လူဖြစ်ကြောင်းကိုလည်း သိခဲ့ရသည်။

 

ထိုအရာတွေ ကြားပြီးနောက် သူ ကြက်သေ သေသွားခဲ့သည်။

 

ရှစ်ချင်းလျို့က ဤမျှလောက်ထိ အသိဉာဏ်ကြွယ်ဝပြီး စိတ်ဝင်စားစရာကောင်းသည့် အတွေ့အကြုံများစွာ ရှိနေလိမ့်မည်ဟု သူ အမှန်တကယ် မထင်မိခဲ့ပေ။

 

မသေမျိုးဆရာသခင်၏ တပည့်ဖြစ်ကြောင်းကိုတော့ သာမာန်ကာလျှံကာဖြင့်သာ နားထောင်ခဲ့ပြီး အတည် မမှတ်ယူခဲ့ပေ။

 

ဒီလိုမျိုး ကျေးလက်တောရွာကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး ဒီက အသစ်အဆန်းတွေကို သူ နှစ်သက်သည်။ သို့သော် အတန်ကြာ လမ်းလျှောက်ပြီးနောက်တွင် သူ့ဖိနပ်အသစ်က ဖုန်မှုန့် ပေသွားတာကို မြင်မိတော့ အနည်းငယ် ရွံရှာမိနေသည်။

 

ထို့ကြောင့် သူက ရှောင်မိသားစုထံ အေးအေးဆေးဆေး ပြန်လာခဲ့သည်။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က တာအိုဘုန်းကြီးကျောင်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။

 

တာအိုဘုန်းကြီးကျောင်း၏ ပင်မ ခန်းမဆောင်ကို ဆောက်လုပ်ပြီးစီးသွားခဲ့ပြီး အလုပ်သမားများက လွန်ခဲ့သည့် ရက်အနည်းငယ်ကစပြီး ခန်းမဆောင်ကို အလှဆင်နေကြဆဲဖြစ်သည်။

 

ပင်မခန်းမဘေးရှိ အခန်းများကို ဖြိုဖျက်ပြီး ဘယ်ညာနှစ်ဖက် တိုက်တန်လျားတွေအဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။

 

အိမ်သာတွေနှင့် ရေချိုးခန်းတွေလည်း ထည့်ပေးထားခဲ့သည်။

 

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်၏ လက်ကို ဆုပ်ကိုင်ပြီး လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်သည်။ "ကျွန်မတို့ တာအိုဘုရားကျောင်းကို နောက်လကျရင် အများပြည်သူတွေ လာလို့ရအောင် ပြန်လည်ဖွင့်လှစ်လို့ရပြီ။"

 

ရှောင်ဟန်ကျန့်က ခေါင်းညိတ်လိုက်သည်။ "ကောင်းကောင်း အလှဆင်ပြီး နောက်လကျရင်တော့ အဆင်သင့်ဖြစ်မှာပါ။"

 

"ဆရာလီက ကိုယ်တို့ကို နေ့ကောင်းရက်မြတ် ရွေးပေးခဲ့တယ်၊ နောက်လရဲ့ ၇ရက်မြောက်နေ့ ဖြစ်လိမ့်မယ်။"

 

ရှစ်ချင်းလျို့က ပြောလိုက်သည်။ “ဒါဆို ခုနစ်ရက်မြောက်နေ့မှာ အများပြည်သူတွေလာလို့ရအောင် ဖွင့်ကြတာပေါ့။"

 

"ဘာဖြစ်လို့ အလုပ်သမားတွေကို အခန်းတွေ အများကြီးဆောက်ခိုင်းတာလဲ။"

 

ရှောင်ဟန်ကျန့်က လှည့်ကြည့်မေးလိုက်သည်။

 

ပင်မခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် အခန်းပေါင်း ၂၀ ကျော် ရှိသည်။

 

ထိုထဲမှာမှ ကြီးမားသည့် တိုက်ခန်းတချို့လည်း ရှိသေးသည်။

 

နောက်ဖေးတွင်လည်း တိုက်ခန်းတစ်တန်းနှင့် မီးဖိုချောင်ကြီး ၂ဆောင်လည်း ရှိသေးသည်။

 

စုစုပေါင်း အခန်း (၃၀) ကျော်ရှိသည်။

 

ထို့ကြောင့် တာအိုဘုန်းကြီးကျောင်း ဆောက်လုပ်တာ ယခုလမှ ပြီးစီးခဲ့လေသည်။

 

အလုပ်သမားတွေကလည်း သပ်ရပ်စွာ အလှဆင်နေကြဆဲဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒီတောင်ဟာ အခုကစပြီး ကျွန်မတို့အပိုင်ဖြစ်လာတော့မှာ၊ ဖွံ့ဖြိုးအောင်မလုပ်ရင် အလဟသ ဖြစ်ကုန်မှာပေါ့၊ ကျွန်မက ဒီရဲ့ မြေနေရာပတ်ဝန်းကျင်ကို လေ့လာခဲ့တယ်၊ တောင်ပေါ်မှာ သီးပင်စားပင်တွေ စိုက်ဖို့ လူတချို့ကို ငှားဖို့ ရည်ရွယ်ထားတယ်၊  မှိုခင်းတွေလည်း စိုက်ပျိုးချင်တယ်။"

 

သူမက လတ်ဆတ်သည့် မှိုအမျိုးမျိုးစားရတာ ကြိုက်သည့်အပြင် ရှီတာကီမှိုများကိုလည်း စားချင်သည်။

 

ငရုတ်သီးကို ပထမအသုတ် စိုက်ပျိုးပြီးနောက်  ငရုတ်သီးဆော့နှင့် ရှီတာကီမှိုတို့ကို စားဖို့ ပြင်ဆင်ထားခဲ့သည်။

 

“အဲဒါကြောင့် ကျွန်မတို့က ရေရှည်အလုပ်သမားတွေ ငှားဖို့ လိုတယ်၊ အိမ်မှာ ထားရတာ အဆင်မပြေဘူး၊ အိမ်ဟောင်းနဲ့ နည်းနည်းဝေးတဲ့အတွက် နေ့စဥ် အသွားအလာလုပ်ဖို့ ခက်ခဲတယ်၊ ဒါကြောင့် တာအိုဘုန်းကြီးကျောင်းမှာ အခန်းတွေ ထပ်ဆောက်ပြီး ဒီရေရှည်အလုပ်သမားတွေကို အစားအသောက်တွေပေးပြီး ဒီမှာ နေခွင့်ပေးဖို့ စဉ်းစားနေတာ၊ ပိုအရေးကြီးတာက ခြံနောက်ဖေးက ပြောင်းဖူးနဲ့ ငရုတ်သီးခင်းတွေကို စောင့်ရှောက်ဖို့ လူတချို့ကိုလည်း ရှာချင်တယ်၊ အနာဂတ်မှာ တာအိုဘုန်းကြီးကျောင်းရဲ့ နောက်ဖေးခြံက နေရာလွတ်မှာ လူတချို့နဲ့ အသစ် အသစ်သော အပင်တွေကို စိုက်ပျိုးစေချင်တယ်။

 

သီးနှံအားလုံးကို သူမ၏ မသေမျိုးဆရာသခင်က ပေးခဲ့တာဖြစ်သည်။

 

ရှစ်ချင်းလျို့က ရယ်မောလိုက်သည်။ “ဒီတာအိုဘုန်းကြီးကျောင်းက အမွှေးနံ့သာတွေနဲ့ ပြည့်နေရုံသာမကဘဲ ပိုနာမည်ကြီးလာမှာပါ၊ ကျွန်မရဲ့ ဆရာသခင်​လည်း သေချာ​ပေါက်​ ​ပျော်​​နေမှာပါ။"

 

ရှောင်ဟန်ကျန့်က တိတ်ဆိတ်နေခဲ့သည်။

 

မသေမျိုးဆရာဖြစ်သူ ပျော်နေမလား မပျော်ဘူးလား မသိပေမယ့် သူ့အပေါ် ပိုအပြစ်ပုံချခံနေရမှာတော့ သေချာသည်။

 

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ “အဝေးက လာတဲ့ ဧည့်သည်တွေက အမွှေးတိုင်တွေ လာလှူပြီး အလှူငွေတွေ လှူမယ်ဆိုရင် သူတို့ကို ဒီမှာ ညအနည်းငယ်လောက် နေခွင့်ပေးမယ်၊ ဒါမှမဟုတ် အဝေးကလာတဲ့ ဧည့်သည်တွေကို ကျွန်မတို့ တည်းခိုခန်းက တည်းခိုဖို့ နေရာမလောက်တော့ရင် သူတို့ကို ဒီမှာ နေခွင့်ပေးလိုက်မယ်၊ လူတိုင်းကို ကျွန်မ  ဆရာသခင်ရဲ့ မသေမျိုးရောင်ဝါအချို့ကို ခိုလှုံခွင့်ပေးလိုက်ရင် သူတို့ ပျော်နေမယ်ဆိုတာ သေချာပါတယ်။”

 

အနာဂတ်တွင် ဤတာအိုဘုန်းကြီးကျောင်းက ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်သည့် နေရာတစ်ခု ဖြစ်လာနိုင်သည်။

 

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "မင်းပျော်နေရင် ပြီးတာပါပဲ။"

 

လက်ရှိ တာအိုဘုန်းကြီးကျောင်းက တကယ်ကို ကောင်းမွန်စွာ တည်ဆောက်ထားသည်။

 

ရေခဲနှင့် ဘိလပ်မြေ လုပ်နည်းများအပြင် ဤသတင်းသည်လည်း မြို့တော်တွင် ပျံ့နှံ့နေပြီ ဖြစ်လောက်မည်။

 

အမွှေးတိုင် လာလှူတဲ့ လူတွေ အလှူငွေ လာလှူတဲ့ သူတွေလည်း တစ်ညလုံး တည်းခိုကြလိမ့်မည်။

 

နှစ်ယောက်သား လမ်းလျှောက်ခဲ့ကြသည်။

 

ကောင်းကင်ကြီး မှောင်စပြုနေပြီကို မြင်တော့ သူတို့က လက်တွဲပြီး အိမ်ပြန်ခဲ့ကြသည်။

 

ဝါးတောကြီးက ဤတောင်ကြီး၏ အောက်ခြေ၌ တည်ရှိသည်။

 

တောင်ပေါ်တက်လမ်းတစ်ဝက်က တာအိုဘုန်းကြီးကျောင်းကနေ ဆင်းလျှောက်ရသည့် အချိန်ဟာ နံ့သာတိုင်တစ်တိုင်ကို မီးရှို့ပြီးချိန်နှင့် ညီမျှသည်။

 

ရှစ်ချင်းလျို့က သူမတွင် ငွေအလုံအလောက်ရှိပြီး ကောက်ပဲသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးပြီးသည့်နောက်တွင် တာအိုဘုန်းကြီးကျောင်းမှ ရွာဝင်ပေါက်အထိ ဘိလပ်မြေလမ်း ဖောက်လုပ်ရန် ပြင်ဆင်ထားသည်။

 

နောက်တစ်နေ့တွင် ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့နှင့်အတူ ပစ္စည်းအချို့ ဝယ်ယူရန် စီရင်စုမြို့သို အဖော်လိုက်ပါခဲ့သည်။

 

စီရင်စုမြို့ကျောင်းမှာ သူ့အတွက် စာတစ်စောင်ရှိတယ် လို့ ပြောသည့် အတန်းဖော်တစ်ယောက်နဲ့ တွေ့ခဲ့တာကြောင့်  သူတို့ နှစ်ယောက် စီရင်စုမြို့ကျောင်းကို ပြန်သွားခဲ့ရသည်။

 

ရှစ်ချင်းလျို့က လအနည်းငယ်ကြာအောင် ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရတာကြောင့် သူမက ပိန်ခြောက်ခြောက် မဟုတ်တော့ပေ။

 

သူမရဲ့ အသားအရည်က ပိုဖြူလာပြီး သူမရဲ့ ကိုယ်ဟန်က တဖြည်းဖြည်း ပို၍ ကြော့မော့လာသည်။

 

နွေဦးစမ်းရေကို နေ့တိုင်းသောက်တာကြောင့် သူမက  အားအင်ပြည့်ဝနေပုံရသည်။

 

သူမရဲ့ မျက်နှာသွင်ပြင်က အလွန်လှပသိမ်မွေ့ပြီး စိတ်နေစိတ်ထားလည်း ကောင်းသည်။

 

ဒီနေ့မှာတော့ သူမဟာ အစိမ်းဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားပြီး ရိုးရှင်းတဲ့ ဆံပင်ပုံစံကို ချည်နှောင်ထားသည်။

 

တစ်ချက်ကြည့်လိုက်ရင် သူမကို မင်းစိုးရာဇာမိသားစုထဲက မိန်းမငယ်လေးတစ်ယောက်လို့ ထင်နေလိမ့်မည်။

 

ထို့ကြောင့် စီရင်စုမြို့ကျောင်းသို့ရောက်သောအခါ ရှောင်ဟန်ကျန့်က သူ့ဇနီးကို ခေါ်ပြီး  ပစ္စည်းလာယူသည်ဟု လူအများကြားသောအခါ သူတို့အားလုံးက မျက်နှာမပျက်စေရန်အတွက် အမှတ်တမဲ့ ဆုံတွေ့သည့်ဟန်ဆောင်ခဲ့ကြသည်။

 

နောက်တော့ သူတို့က တကယ် အတွေးလွန်နေခဲ့သည်ဆိုတာ သိလိုက်ရလေသည်။

 

ဆွဲဆောင်မှု မရှိသည့် ရွာသူ ဟူသော  မိန်းကလေးဟူ၍ လုံးဝ မရှိပေ။

 

သူမက သိမ်မွေ့သော စိတ်ထားဖြင့် လှပနေပုံ မှာ ထင်ရှားသည်။

 

ရှောင်ဟန်ကျန့်က ဤရွာသူလေးအား အဘယ်ကြောင့် ဒီလောက် အကာအကွယ် ပေးခဲ့ရလဲဆိုတာကို အားလုံး နားလည်သွားခဲ့ကြသည်။

 

မသေမျိုးတာအိုဘုန်းတော်ကြီး၏ တပည့်ဖြစ်သည့်အပြင် သူမက လှပကာ သွက်လက်ပုံပေါ်သည်။

 

သူမက တကယ် ထူးခြားပြီး အခြားသူများ သူမကို သတိမပြုမိရန် ခက်ခဲသည်။

 

ရှောင်ဟန်ကျန့်ကို မနာလိုဖြစ်နေပြီဖြစ်သော အချို့သူများသည် မနာလိုစိတ်အပြည့်ရှိသည့် လူအဖြစ် ပြောင်းလဲသွားခဲ့သည်။

 

အရင်တုန်းကတော့ ရှောင်ဟန်ကျန့်က  ​​ရွာကမိန်းကလေးနှင့် လက်ထပ်ခဲ့သည့်အတွက် သူ့နောက်ကွယ်မှာ လှောင်ပြောင်ခဲ့သည်။ အခုတော့ သူတို့ ထိုသို့ မလုပ်နိုင်တော့ပေ။

 

ဒီလူက သူ့ကို ချုံရှီပွဲကနေ နှိုးပေးသည့် အရည်အချင်းရှိကာ ချောမောလှပသည့် ဇနီးနှင့် လက်ထပ်ရတာ တကယ်ကို ကံကောင်းခဲ့သည်။

 

စီရင်စုမြို့က ဆရာက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာကြောင့် သူတို့တွေ ပိုပိုပြီး အချဉ်ပေါက်လာသလို ခံစားလာခဲ့ရလေသည်။