အခန်း(၁၂၁)
- ထိန်းမရသိမ်းမရဖြစ်ခြင်း
ရှောင်ဟန်ကျန့်က
သူနှင့် ဆက်ဆံရေးကောင်းမွန်သော ကျောင်းနေဖက်များကို ပြုံးပြီး နှုတ်ဆက်ခဲ့သည်။
တစ်ချိန်တည်းမှာပင်
သူနှင့် အဆင်ပြေသည့် ကျောင်းနေဖက်များကို သိမ်မွေ့စွာ ပြန်တုံ့ပြန်ခဲ့ပြီး မနာလိုသော
အကြည့်များကိုတော့ မမြင်ချင်ယောင်ဆောင်ခဲ့သည်။
မကြာသေးခင်က
သူတို့သည် အလွန်စိတ်အချဉ်ပေါက်နေကြသည်။
သူ့ဇနီးက
အရမ်းတော်တာကိုမြင်တော့ သူတို့က ပိုလို့တောင် မနာလိုဖြစ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
ဒီလို
ဇနီးကောင်းတစ်ယောက်ရှိလို့ လူတိုင်းက သူ့ကို မနာလိုဖြစ်နေကြတာကို သူ သဘောကျသည်။
သူ့ဇနီးကို
ပိုပိုပြီး ကြွားထုတ်ပြချင်လာသည်။
သူ့ဇနီးကို
စီရင်စုမြို့ကျောင်းကို လည်ပတ်ဖို့ ခေါ်လာပြီးနောက် ရှောင်ဟန်ကျန့်က သူမကို ဧည့်ထိန်းဆီ
ခေါ်ဆောင်သွာပြီး စာနှစ်စောင် လက်ခံယူခဲ့သည်။
ရှစ်ချင်းလျို့က
စီရင်စုမြို့ကျောင်းမှ ထွက်လာကတည်းက စာထဲ အကြောင်းအရာများကို အနည်းငယ် သိချင်နေခဲ့သည်။
"ထမင်းဆိုင် သွားစားရအောင်။"
သူတို့
နေ့လည်စာ မပြန်စားကြောင်း ရှောင်ပိုင်လီကို သူမ ပြောခဲ့သည်။
ရှောင်ဟန်ကျန့်က
သူ့အင်္ကျီလက်ကအိတ်ထဲကို စာတွေထည့်လိုက်တယ်။ “ကောင်းပြီ။”
သူတို့နှစ်ယောက်က
ပိုင်မိသားစု၏ စားသောက်ဆိုင်သို့ သွားခဲ့ကြသည်။
ပိုင်မိသားစုနှင့်
ဝူမိသားစု၏ စားသောက်ဆိုင်များသည် အစားအစာမျိုးစုံရနိုင်သော စီရင်စုမြို့အတွင်း၌ အကောင်းဆုံး
စားသောက်ဆိုင် များဖြစ်သည်။
သေချာပေါက်
သူတို့က ဝူမိသားစုရဲ့ စားသောက်ဆိုင်ကိုတော့ မသွားခဲ့ပေ။
ပိုင်ရွှီက
ဒီမှာ မရှိပေမယ့် သူတို့ နှစ်ယောက် ဒီကို ခဏခဏ ရောက်ဖူးတာကြောင့် စားပွဲထိုးက သူတို့ကို
သိနေပြီဖြစ်သည်။
ထို့ကြောင့်
သူက သူတို့ကို သီးသန့်အခန်းသို့ ဖိတ်ခေါ်ခဲ့သည်။
ဟင်းပွဲတွေ
မှာပြီးတာနှင့် တံခါးကို သေချာပြန်ပိတ်ပေးပြီး ထွက်သွားခဲ့သည်။
ရှစ်ချင်းလျို့က
သူမနှင့် သူမ၏ခင်ပွန်းအတွက် ဆေးဖက်ဝင် လက်ဖက်ရည်တစ်ခွက်ဆီကို လောင်းထည့်ပေးလိုက်သည်။
"ရှောင်မိသားစုဟောင်းနဲ့ ရှင့်လူတွေ ရေးလိုက်တဲ့စာတွေလား။"
ရှောင်ဟန်ကျန့်က
သူ့အင်္ကျီလက်အိတ်ကပ်ထဲမှ စာများကို ထုတ်ယူလိုက်သည်။ "အင်း ဘယ်စာအရင်ဖတ်ချင်လဲ။"
ရှစ်ချင်းလျို့က
ပြောလိုက်သည်၊ "ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေဆီက စာကို အရင်ဖတ်ရအောင်။"
ရှောင်ဟန်ကျန့်က
စာအိတ်တစ်ခုကို ကောက်ယူပြီး ဖြဲကာ ဖွင့်လိုက်သည်။
သူက ရှစ်ချင်းလျို့ကို
သူ့ပေါင်ပေါ်တင်ကာ ဖက်လိုက်ပြီး စာအတူတူဖတ်ရန် ပြင်ခဲ့သည်။
ရှောင်မိသားစုဟောင်းထံမှ
စာကလွန်ခဲ့သည့်တစ်လက ရေးသားခဲ့ပြီး အဖြစ်အပျက်များစွာကို ပူပင်ကြောင့်ကြမဲ့စွာ ဂုဏ်ယူဝံ့ကြွားစွာ
ပုံဖော်ထားသည်။
ရှောင်မိသားစုဝင်ဟောင်းများအားလုံးက
စစ်သူကြီး၏ နေအိမ်တွင် အထက်စီးဆန်ဆန် အာဏာကြီးစွာ နေထိုင်မေခဲ့ကြသည်။
ရှောင်သခင်မကြီးသည်လည်း
စစ်သူကြီးစံအိမ်ကို ချုပ်ကိုင်ထားသည်။
ရှောင်ဟန်ကျန့်၏
ဆန်ကုန်မြေလေးဖခင်နှင့် ကောချွန်းရုတို့သည်လည်း မကန့်ကွက်ခဲ့ဘဲ သူတို့ကို လွှတ်ထားလိုက်ကြသည်။
မကြာသေးမီက
ရှောင်မိသားစုဟောင်း၏ ပြဿနာကောင်များက ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ပျော်ခဲ့ကြသည်။
သူတို့ဝတ်ဖို့
ပိုးထည်တွေ များစွာရှိပြီး ဖြုန်းတီးဖို့ ငွေများစွာလည်း ရှိသည်။
သူတို့က
အလွန်ပူပင်ကြောင့်ကြမဲ့သည့် ဘဝကို ဦးဆောင်သွားနေကြသည်။
ဤစာထဲတွင်
ရှစ်ချင်းလျို့ကို အကြံဥာဏ်များပေးရန် မတောင်းဆိုထားပေ။
ဒီစာရေးလိုက်ရခြင်း၏
အဓိကအကြောင်းအရင်းက ကြွားဝါဖို့သာ ဖြစ်သည်။
စစ်သူကြီးစံအိမ်ရဲ့
ဖော်ပြချက်မှာလည်း အလွန် အသေးစိတ် မရှိတော့ပေ။
သူ့ရဲ့
ဆန်ကုန်မြေလေးအဖေနဲ့ အဲဒီအမျိုးသမီးကို ဘယ်လိုထိန်းချုပ်ကြောင်းလည်း ရေးထားသေးသည်။
စာကိုဖတ်ပြီးနောက်
ရှစ်ချင်းလျို့က လှောင်ပြောင်ခဲ့သည်။ “ဒီပြဿနာကောင်တွေက သူတို့ရဲ့ ပုံစံအစစ်အမှန်ကို
ထုတ်ဖော်ဖို့ အချိန်အကြာကြီး တောင့်မခံနိုင်ဘူးပဲ၊ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ဉာဏ်အရမ်းကောင်းပုံရတယ်၊
ဒီစိတ်ဝင်စားစရာကောင်းတဲ့ အကြံဉာဏ်တွေကို ပေးနေတဲ့ သူက ကျွန်မဆိုတာ သူသိပြီထင်တယ်။”
သူ့ရဲ့
ဆန်ကုန်မြေလေးအဖေက တကယ်ကို ကိုင်တွယ်ရလွယ်သည်ဆိုပါက အငယ်တန်းစစ်သားကနေ ဧကရာဇ်မင်းမြတ်ရဲ့
တန်ဖိုးထားခံရသည့် အကြီးတန်း စစ်သူကြီးရာထူးဆီ ဖြစ်သွားဖို့ မဖြစ်နိုင်ပါပေ။
ရှစ်ချင်းလျို့က
ဤပြဿနာကောင်များကို လက်ဆောင်အဖြစ် သူတို့တို့နှစ်ဦးထံ ထုပ်ပိုးပေးပို့ခဲ့သည်။
အစကတည်းက
အဆုံးထိ ဒီပြဿနာကောင်တွေ အကြာကြီး ထိန်းထားနိုင်မည်ဟု သူမ မထင်မိခဲ့ပေ။
သူမ အကြံဉာဏ်ပေးခဲ့ရင်တောင်
အာဏာရလာတဲ့အခါ သူတို့က သူတို့ဘာသာသူတို့ကျေနပ်ကာ အာခံလာလိမ့်မည်ဆိုတာလည်း သူမ ကောင်းကောင်းသိသည်။
ထို့နောက်
မကြာမီ သူတို့၏ လှေနစ်မြုပ်သွားလိမ့်မည်။
ရှောင်ဟန်ကျန့်က
သူ့ဇနီးလည်း အလားတူ အတွေးမျိုးလည်း ရှိသည်ကို သတိပြုမိခဲ့သည်။
“ကိုယ့်အဖေနဲ့
သူ့မိန်းမကို သူတို့ အနိုင်ယူနိုင်လိမ့်မယ်လို့ ကိုယ် ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး၊
သူတို့က အဲဒီအမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပြီး ဧကရာဇ်မင်းမြတ်ရဲ့ ဆူပူကြိမ်းမောင်းမှုကနေ
ကိုယ့်အဖေကို အရှက်ရစေခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ မောင်လေးရဲ့ တောက်ပတဲ့အနာဂတ်ကို ဖျက်ဆီးခဲ့တာ
တကယ် အံ့သြစရာပါပဲ။”
သူ့ဆန်ကုန်မြေလေးအဖေက
အရမ်း အပေါက်ဆိုးသည်။
ယခင်က
ရှောင်ဟန်ကျန့်ရဲ့ ဇနီးက သူတို့အား သွေးထိုးလှုံ့ဆော်ပြီးနောက် သူတို့က မြို့တော်ကို ရုတ်တရက် ရောက်လာခဲ့ကြသည်။
သူ့ဆန်ကုန်မြေလေးအဖေနှင့်သူ၏
ဇနီးသည် သတိမမူမိသည့် အချိန်မှာပဲ မထင်မှတ်သည့် အဖြစ်အပျက်များစွာကို ဖြစ်ပေါ်စေခဲ့သည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်
သူ့ဆန်ကုန်မြေလေးအဖေက သူတို့ရဲ့ အသက်ကယ်ကြိုးကို ခန့်မှန်းပြီး တန်ပြန်တိုက်ခိုက်လိမ့်မည်။
ခဏလောက်စဉ်းစားပြီး
သူက မေးလိုက်သည်။ “သူတို့ကို သတိပေးဖို့ စာတစ်စောင်ရေးရမလား။”
ရှစ်ချင်းလျို့က
ခေါင်းခါလိုက်သည်။ “ဒီတစ်ခါတော့ သူတို့ကို သတိမပေးဘူး၊ သူတို့က အခု ထိန်းမနိုင် သိမ်းမနိုင်
ဖြစ်နေကြပြီ၊ ကျွန်မ သူတို့ကို သတိပေးလိုက်ရင် နောက်တစ်ခါ သိပ်နာခံမှာ မဟုတ်တော့ဘူး။”
သူ့ဆန်ကုန်မြေလေးအဖေနှင့်
အဲဒီအမျိုးသမီးက သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျှော့တွက်ထားတာကြောင့် အရာအားလုံးက
ချောချောမွေ့မွေ့ဖြစ်သွားခဲ့သည်။
ယခုတော့
ပြဿနာကောင်တွေ ထိန်းမရသိမ်းမရ ဖြစ်သွားသည့်အခါ ဖြေရှင်းရလွယ်အောင်လို့ သူတို့နှစ်ဦးက
ပြဿနာကောင်များကို တမင်တကာ ချော့လိုက်ကြသည်။
သူမက
အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "ဒီနှစ်ကောင်ကလည်း ခွေးကောင်းတွေ မဟုတ်ပါဘူး၊ အစကတည်းက
သူတို့တွေ ခွေးချင်းကိုက်အောင် စီစဥ်ထားတာ၊ အရင်က မြို့တော်မှာ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့
သူ့မိန်းမက အများကြီးဒုက္ခခံခဲ့ရတာ၊ အခုတော့ အလှည့်အပြောင်းလေး ဖြစ်သွားတာပေါ့၊ သူတို့ကို
သင်ခန်းစာပေးဖို့ ပိုဒုက္ခပေးခံလိုက်တာလည်း မဆိုးပါဘူး၊ သူတို့နှစ်ယောက်ဆီက ကြောက်စရာကောင်းတဲ့
သင်ခန်းစာကို သင်ယူပြီးရင် သူတို့ကို လုံးလုံးလျားလျား အလျော့ပေးပြီး သူတို့ကို မုန်းတီးသွားလိမ့်မယ်။"
သူမက
နှုတ်ခမ်းကို ကော့ကာ ပြောခဲ့သည်။ “ဒါက ဓားကို တကယ်ထက်မြက်စေလိမ့်မယ်၊ နောက်တစ်ခါ ကျွန်မတို့
မြို့တော်ကို သွားတဲ့အခါ ပိုထက်မြက်အောင် သွေးပေးကြတာပေါ့၊ အခုတော့ နည်းနည်းတော့ လိုနေသေးတယ်။"
သူမရဲ့
ခင်ပွန်းကလည်း အတိတ်တုန်းက များစွာ သော ဒုက္ခတွေ ခံစားခဲ့ရလိမ့်မည်။
ထို့အပြင်
သူတို့က သေဆုံးသွားသူနှင့် အတူ သင်္ဂြိုဟ်ရန် ရှောင်ပိုင်လီကို လက်ထပ်ရန် စေလွှတ်ခဲ့သေးသည်။
သူတို့က
လူသတ်သမားတွေသာ ဖြစ်သည်။
ရှစ်ချင်းလျို့က
သူတို့ဘဝတွေကို ပျော်ရွှင်ဖို့အတွက် မြို့တော်ကို သွားခွင့်ပြုလိုက်တာ မဟုတ်ပေ။
သူမက
ဆန်ကုန်မြေလေးနှစ်ယောက်ကို အနှောက်အယှက်ဖြစ်စေပြီး ဓားကို ထက်မြက်စေရန် ကြိုးစားရုံသာဖြစ်သည်။
ရှောင်ဟန်ကျန့်က
ရှစ်ချင်းလျို့ရဲ့ နားရွက်ကို နမ်းလိုက်သည်။ "မင်းမှန်တယ်။ ဒီဓားက နည်းနည်း တုံးနေသေးတယ်၊
ကိုယ်တို့က ပိုထက်အောင် သွေးရမှာပေါ့။"
ရှောင်မိသားစုဟောင်းမှ
ပြဿနာကောင်များသည် မြို့တော်သို့သွားပြီးသည်နှင့် သူတို့နှစ်ဦးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု
သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
သူ၏ ဆန်ကုန်မြေလေးဖခင်က အကြီးတန်းစစ်သူကြီးတစ်ဦးဖြစ်လာရန် ကိုယ်တိုင်စီမံနိုင်ခဲ့ပြီး
စစ်ဘက်အရာရှိများကြားတွင်ပင် နာမည်ကောင်းရရှိခဲ့ကာ ဧကရာဇ်မင်းမြတ်၏ တန်ဖိုးထားမှုကို
ခံရခြင်းကြောင့် ကိုင်တွယ်ရန် မလွယ်ကူဘူးဟု ထင်နေခဲ့သည်။
ဇာတ်သိမ်းခါနီးတွင်
ရှောင်ဟန်ကျန့်က သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမကို လုံးလုံးလျားလျား နင်းခြေရန်
ကိုယ်တိုင်ကိုယ်ကျ ပါဝင်မည်ဖြစ်သည်။
သူတို့ရဲ့
တန်ဖိုးအထားရဆုံးအရာတွေကို ဆုံးရှုံးအောင်လုပ်မှသာလျှင် သူ့နှလုံးသားထဲက ဆူးပင်တွေကို
ဖယ်ရှားနိုင်မှာဖြစ်သည်။
သူ့ဇနီးတွင်လည်း
အလားတူ အတွေးမျိုး ရှိနေကြောင်း ထင်ရှားသည်။
ဤသို့သော
ဖွင့်ပြောစရာမလိုဘဲ အချင်းချင်းနားလည်မှုကြောင့် သူ မချစ်မိဘဲ မနေနိုင်ပေ။
ရှစ်ချင်းလျို့၏
နားရွက်များသည် ခင်ပွန်းဖြစ်သူ၏ အနမ်းကြောင့် ယားယံနေသကဲ့သို့ သူမ၏ နှလုံးသားလည်း ယားယံနေသည်။
သူ့အပေါ်ကို
ညင်သာစွာမှီထားရင်း သူမ၏ နားရွက်ဖျားကလည်း နီရဲလာသည်။ "ပြောပါဦး ရှင့်ဆန်ကုန်မြေလေးအဖေက
ဘာလုပ်မယ်လို့ ထင်လဲ။"
ရှောင်ဟန်ကျန့်က
ခဏလောက်စဉ်းစားလိုက်တယ်။ "သူတို့ကို မြို့တော်ထဲက နှင်ထုတ်မှာ၊ အရင်က ဖြစ်ခဲ့တဲ့
ကိစ္စတွေကြောင့် လောလောဆယ် သူတို့ကို ရွာကို ပြန်ပို့မှာ မဟုတ်ဘူး၊ အဲဒီအစား သူက ကိုယ့်ရဲ့
အကြီးဆုံးဦးလေး၊ တတိယဦးလေး ဒါမှမဟုတ် ကိုယ့်အကြီးဆုံးတူကို တစ်နေရာရာမှာ အငယ်တန်းအရာရှိအဖြစ်
ပို့ဖို့ ဆင်ခြေသုံးလိမ့်မယ်၊ နောက်တစ်ကြိမ် မီးထပ်မွေးပြီး ပြဿနာကောင်တွေကို ကိုယ့်သေတွင်းကိုယ်
တူးခိုင်းလိမ့်မယ်။"
ရှောင်မိသားစုဟောင်း၏
မဆင်မခြင်လုပ်မှုကြောင့် သူ့ရဲ့ ဆန်ကုန်မြေလေးအဖေ၏ ငါးစာထဲ သူတို့ ကျိန်းသေပေါက် ကျရောက်လိမ့်မည်။
ယခု သူတို့က
ဘဝင်လေဟပ်နေကာ သူတို့၏ အကြံဉာဏ်ကို နားမထောင်ကြပေ။
ထို့ကြောင့်
သူ့ဆန်ကုန်မြေလေးအဖေရဲ့ တန်ပြန်တိုက်ခိုက်ခြင်းကနေ သင်ခန်းစာကောင်းတစ်ခု ရသွားတာ ပိုကောင်းသည်။
သူတို့
လုံလောက်သည့် ဒုက္ခတွေကို ခံစားခဲ့ရပြီးနောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က
သူတို့ကို မြို့တော်ကို ပြန်ပို့ဖို့ ကူညီပေးမည်။
ရှောင်မိသားစုဟောင်း၏
မုန်းတီးမှုများ ပိုကြီးလာကာ ဉာဏ်ထက်မြက်ရမည့်အစား သူ့ဇနီး၏ ညွှန်ကြားချက်များကို နာခံမှုရှိရှိ
နားထောင်ရန် လှုံ့ဆော်ပေးနိုင်သည်။
သူ့ယခင်ဘဝတုန်းက
ရှောင်မိသားစု၏ ပြဿနာကောင်များက သူ့မိခင်နှင့် ညီငယ်၊ ညီမငယ်များ သေဆုံးမှုအတွက် တစ်စိတ်တစ်ပိုင်း
ပါဝင်ခဲ့သည်။
သူတို့က
သူ့အနာဂတ်ကို တမင်တကာ ဖျက်စီးပြီး သူ့အား လမ်းလွှဲစေခဲ့သည်။
သူက အသက်မရှည်သောကြောင့်
ရန်သူအားလုံးနှင့်အတူ သေကြေပျက်စီးခဲ့ရသည်။
ကလဲ့စားချေခြင်းကို
နှစ်သက်အားရမှု မရှိခဲ့ပေ။
ထို့ကြောင့်
သူသည် သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုမိန်းမကို မုန်းတီးပြီး ရှောင်မိသားစုဟောင်းကို
အလွှတ်မပေးချင်ပေ။
ရှစ်ချင်းလျို့က
သူမခင်ပွန်းဖြစ်သူ၏ စိတ်ခံစားချက် အနည်းငယ်ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့သည်။
သူမက
သူ့လက်ကို ကိုင်လိုက်သည်။"ကျွန်မလည်း အဲလိုထင်တယ်၊ ပြဿနာကောင်တွေကို တကယ့်ဆင်းရဲဒုက္ခနဲ့
စိတ်ပျက်အားငယ်ခြင်းရဲ့ အရသာကို အရင်ဆုံး ခံစားခိုင်းလိုက်ရအောင်၊ ဒုတိယစာကို ဖတ်ရအောင်။"
“ကောင်းပြီ။”
ရှောင်ဟန်ကျန့်က သူ့လူများရေးသည့် ဒုတိယစာကို ဖောက်ဖတ်လိုက်သည်။
ဒါဟာ
အရေးတကြီးစာတစ်စောင်ဖြစ်ပြီး ရှောင် မိသားစုဟောင်းထံကလာသည့်စာထက် ရက်နောက်ကျပြီးမှ
ရောက်လာသည့် စာဖြစ်သည်။