အပိုင်း ၁၈
Viewers 434

 

အပိုင်း (၁၈)

အခုလေးတင်မှ အောက်ထပ်သို့ ဆင်းလာသူများသည် မော့ကြည့်လိုက်ကြပြီး အပေါ်ထပ်က လန်းဆန်းတက်ကြွပြီး လှပသည့် မိန်းကလေးကို မြင်လိုက်ကြပြီး အခိုက်တန့် မှင်တက်အံ့ဩသွားကြ၏။

“ရှမြန်လား”

“အဲဒါ ရှမြန်လား”

ရှမြန်က သူမ၏ခေါင်းကို ထိလိုက်ပြီး ရှက်ရှက်နှင့် ရှင်းပြရသည်။

“ကျွန်မပါ၊ မြို့ကကျောင်းသူတွေက ကျွန်မ အတန်းဖော်တွေ ပြောသလိုမဟုတ်တာ တွေ့ခဲ့တယ်လေ, ဒါကြောင့် ကျွန်မရဲ့ဆံပင်နဲ့ အဝတ်အစားတွေကို ပြောင်းလိုက်တာ၊ အရင်က အားလုံးကို ရယ်စရာဖြစ်‌အောင် လုပ်ခဲ့မိတာ တောင်းပန်ပါတယ်”

အားလုံးလဲ သိတဲ့အတိုင်းပဲလေ။ အသွင်အပြင်ဆိုတာ အပိုဆုတစ်မျိုးပဲ။ နောက်ပိုင်း မျိုးဆက်တွေကမှာ ဟာသတစ်ခုတောင် ရှိသေးတယ်။ လူတစ်ယောက်ရဲ့ လောကအမြင်၊ တန်ဖိုးနဲ့ ရှုမြင်ပုံတွေကို လူတစ်ယောက်ရဲ့ အာရုံငါးပါးနဲ့ ဆုံးဖြတ်နိုင်တယ်တဲ့။ ဒါက သူ့အင်အားကို သက်သေပြနေတာပဲလေ။

ရှမြန်သည် သည်ကိစ္စအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်လေသည်။ သူမသည် သူမ၏အစ်ကိုနှစ်ယောက်၏ စနောက်ခြင်းအောက်တွင် ဆယ်နှစ်ကျော်လောက် နေလာခဲ့ရပြီး ဒေါသမထွက်လွယ်သူ၊ မည်သူ့ကိုမှ မရိုက်နှက်သူ နတ်သမီးတစ်‌ယောက်အဖြစ် ကိုယ့်ဟာကို အောင်အောင်မြင်မြင် ပြောင်းလဲခဲ့ပြီး စကားကိုလည်း ညင်ညင်သာသာ ပြောတတ်ခဲ့သည်။ လောကကြီးတစ်ခုလုံးက သူမကို ကောင်းမွန်သည့် စိတ်သဘောထားများ ရှိနေသယောင်ပင်။ ထို့အပြင် သည်မတိုင်ခင်တွင်တော့....

အင်း။ ဒီအကြောင်း မပြောကြရအောင်ပါ။ ဒီစူပါ တိုက်ခိုက်ရေးစကေးက အကောင်းဆုံး သက်သေပဲလေ။

လိုရင်းကိုပြောရရင် အခု ငါက နူးညံ့သိမ်မွေ့သလို ခက်ထန်မာကြောတဲ့ အရည်အချင်းနှစ်ခုလုံး ရှိတဲ့ နတ်သမီးဆိုပါတော့။ ငါ့ရဲ့ အစောပိုင်း ငယ်ရွယ်မှုနဲ့ မသိနားမလည်မှုကို ထုတ်ပြောလိုက်တဲ့အခါ အားလုံးကို ငါ့ကို ချက်ချင်း ခွင့်လွှတ်လိုက်ကြတာပဲလေ။

“မြို့က ကျောင်းသူတွေအားလုံးက အဲလိုဝတ်စားတာလို့ ဘယ်သူ ပြောတာလဲ”

“ကလေးက နားမလည်တာတော့ ထားပါတော့၊ ဒါပေမဲ့ ကျန်းချီမင်က သူ့ကို မသင်ပေးဘူးလေ”

“သူ ကလေးကို တမင် လှည့်စားထားတာပဲ၊ သူက ကလေးတွေကို ဘယ်လိုလုပ်ပြီး သင်ပေးနိုင်မှာလဲ၊ ငါကတော့ သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလို့ပဲ ထင်တယ်”  အဘွားလျို စကားကို အခုလေးတင် နားထောင်ခဲ့သည့်လူက အမှန်ကို ရှင်းပြလေသည်။

...

“ဟုတ်တယ် ရှမြန်၊ နင် မောင်းထုတ်ခံလိုက်ရလို့မဖြစ်ဘူး၊ ကိုယ့်ဟာကို အနိုင်ကျင့်မခံနဲ့”

အဘွားလျိုက အကြံပေးလိုက်၏။ “လူကြီးတွေကိုပဲ သွားခိုင်းလိုက်”

ဆရာမမီကလည်း ပြောသည်။ “ဟုတ်တယ်၊ ငါ ခဏနေမှ ရှောင်ပိုင်ကို သွားခိုင်းလိုက်မယ်”

အဲလိုတော့ မဖြစ်ဘူးလေ။ ငါ ဒီနေ့ ညစာအတွက် သူတို့ကို အားကိုးရအုံးမယ်။

ရှမြန်က ရှောင်ဖုန်းကို အောက်ထပ် မြန်မြန် ချီသွားလိုက်ပြီး

“တယ်တော့ ကျွန်မအမှားဆိုလဲ ဟုတ်ပါတယ်၊ ကျွန်မပဲ သွားရှင်းလိုက်ပါ့မယ်၊ မဟုတ်ရင် ကျွန်မပဲ စိတ်မကောင်းဖြစ်ရမှာ”

သည်အချိန်တွင် လီရှင်းမေကလည်း ကျွမ်းကျွမ်းနှင့် ပြန်လာသည်။ ရှမြန်က ရှောင်ဖုန်းကို ပြောလိုက်၏။

“ရှောင်ဖုန်း ကိုကိုကျွမ်းကျွမ်းနဲ့ ခဏလောက် ကစားနေနော်၊ အန်တီလေးက လူဆိုးတွေကို သွားမောင်းထုတ်လိုက်အုံးမယ်၊ ဟုတ်ပြီလား”

ရှောင်ဖုန်းက နာနာခံခံ ခေါင်းညိတ်လိုက်ပြီး သည်တစ်ကြိမ်တွင် သူသည် မသက်မသာခံစားချက်ကို မပြသတော့ချေ။

“အန်တီလေး ကျေးဇူးပြုပြီး ဂရုစိုက်နော်”

ရှမြန်က သူ့ခေါင်းပေါ်က ဆံပင်လေးကို သပ်ပေးလိုက်ပြီး ပြောလိုက်၏။

“လိမ္မာနော်”

ရှမြန်သည် လမ်းဆုံသို့ ပြန်ရောက်လာချိန်တွင် လူမိုက်များက ထိုနေရာတွင် ရှိနေသေးသည်။

ထိုကောင်းလေးများက စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် တော်တော် ကောင်းပြီး ‌မေးကို ချီထားကာ ‌ခြေထောက်ကို လှုပ်နေသည့် ဟန်ပန်ကို ပြန်ထုတ်ထားလေသည်။

သူတို့သည် လေချွန်ခြင်းက ပရောစတိတ်ကို ထိခိုက်နိုင်သည်ဆိုတာကို ယုံကြည်ပုံရသည်။ ထို့ကြောင့် သူတို့သည်  အများကြီးပိုပြီး တိတ်ဆိတ်သွား၏။ မကြာခဏဆိုသလို တစ်စုံတစ်ယောက်က အမှုမဲ့အမှတ်မဲ့ လေချွန်လျှင် သူ့အဖော်များ၏ တံတောင်စာသို့မဟုတ် ဒေါသကြည့်ကို ချက်ချင်း ခံယူရသည်။

ဟုတ်ပါသည်။ သည်အချိန်သည် ရုံးဆင်းချိန်ဖြစ်ပြီး ပတ်ဝန်းကျင်နားက လူအများစုမှာ လူကြီးများဖြစ်ကြရာ သူတို့သည် ကြောက်နေကြသည်လည်း ဖြစ်နိုင်သည်။

“ဟယ်လို” ရှမြန်က အေးအေးလူလူ လမ်းလျှောက်သွားလိုက်သည်။

ထိုလူများသည် သူမဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။ လူမိုက်ခေါင်းဆောင်ဖြစ်သည့် ‌ခေါင်းဆောင်က သူမနှင့် အရင်လို ထိပ်တိုက်မတွေ့တော့ဘဲ အဖွဲ့ပြန်လုပ်ဖို့ စီစဉ်ထားကာ သူ့မျက်နှာကို အဖတ်ဆယ်ထားလေသည်။

ရှမြန်က သူတို့နှင့် စကားပြောပြီး အချိန်မကုန်လိုတော့သဖြင့် တိုက်ရိုက်သာ မေးလိုက်တော့သည်။

“နင်တို့တွေက ဘယ်သူ့ကို ရှာနေတယ်လို့ ပြောလိုက်တာ”

အစ်ကိုကျီးထို (ကြက်ခေါင်း)က သူ့တာဝန်ကို လုံးဝကို မှတ်မိနေသေးပြီး ဘာမှဂရုမစိုက်သလို ပြောလိုက်၏။

“ငါတို့တွေ ရှမြန်ကို ရှာနေတာ၊ သူ ငါ့တို့ကို ဒီနေရာကို လာခိုင်းထားတာ၊ ညီမလေး မင်း သူ ဘယ်မှာလဲသိလဲ”

“ရှမြန်လို့ခေါ်တဲ့သူ ဒီမှာ သုံးယောက်တောင်ရှိတယ်၊ ဘယ်တစ်ယောက်ကို ရှာတာလဲ”

ကျီးထိုက ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“သုံးယောက် ဟုတ်လား”

“ဟုတ်တယ် သုံးယောက်” ရှမြန်က ပြောလိုက်၏။ “ဒီတော့ ဘယ်တစ်ယောက်လဲ”

အစ်ကိုကျီးထိုနှင့် သူ့ညီအစ်ကိုများသည် အချင်းချင်း ကြည့်လိုက်ကြ၏။ ရှမြန်က ‌တိုးတိုးလေး ပြောလိုက်လေသည်။ “နင်တို့တွေ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား၊ သူ့နာမည်ကို ဘယ်လိုပေါင်းမှန်းတောင် မသိဘူးလား၊ ဒါမှမဟုတ်  နင်တို့တွေ ရုပ်ဆိုး၊ ခန္ဓာကိုယ်မကောင်း၊ ဦးနှောက်ပါ မကောင်းတာလား၊ နင်တို့ စာမဖတ်တတ်ဘူးလား”

သူတို့ရဲ့ရုပ်ရည်၊ ခန္ဓာကိုယ်၊ ဉာဏ်ရည်နှင့် သူတို့ကိုယ်တိုင် စိတ်မလုံမလဲ ဖြစ်ရသည့် တခြားအရာများနှင့် ယှည်လျှင် စာမတတ်ခြင်းကြောင့် လှောင်ပြောင်ခံရသည်ကတော့ သူတို့ သည်းမခံနိုင်သည့်အရာပင်။ နောက်ဆုံး အခြေခံပညားရေးကတော့ အမှန်တကယ် တတ်ခဲ့သည်ပင်။

ကျီးထိုနောက်က လယ်ဘောင်းဘီအကြပ်ကို ဝတ်ထားသည့် အရပ်မြင့်မြင့် ပိန်ပိန်နှင့် လူက အလွန်စိတ်ဆိုးသွားသည်။

“ငါတို့တွေ စာမဖတ်တတ်ဘူးလို့ ဘယ်သူပြောလဲ၊ မင်းကမှ စာမဖတတ်တဲ့သူ”

“အဲဒီ စာလုံးနှစ်လုံးက ဘာတွေလဲ” ရှမြန်က သိမ်သိမ်မွေ့မွေ့နှင့် ဖြည်းဖြည်းလေး ပြောလိုက်သေးသည်။ သူမသည် သူတို့ကို ဖိနှိပ်ရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ သို့သော်လည်း သည်လူများသည် သူမ၏စိတ်ကိုတော့ လာဆွလို့မရပေ။

“ဟုတ်တယ်...” လယ်သာဘောင်းဘီနှင့်လူက ခဏလောက်တုံ့ဆိုင်းသွားပြီး ကျီးထိုကို ကြည့်လိုက်၏။

ကျီးထို...

ကျီးထိုက စာလုံးနှစ်လုံးကို  လုပ်ကြံပြောလိုက်၏။

“ရှက နွေရာသီ၊ မြန်က ဝါဂွမ်း”

“ကျွန်မတို့ဆီမှာ ဒီလူ လုံးဝမရှိဘူး” ရှမြန်က အော်ရယ်လိုက်ပြီး “ရှင်တို့ လာရှာတဲ့သူ မှားနေပြီ၊ နောက်ပြီး ရှင်တို့တွေက ငွေယူပြီး ပြဿနာရှာရဲသေးတယ်နော်၊ ကျွန်မကို ရှင့်ပိုက်ဆံတွေ ပြန်ပေးလာခဲ့”

အဖွားဖြစ်သူ၏ စိုးရိမ်စိတ်ကြောင့် နောက်ကလိုက်သွားရန် ပြောခံလိုက်ရသည့် နဉ်ရှောင်ပိုင်သည် အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး ...

သူ  အဲလောက် တက်ကြွနေတာလဲ မဆန်းဘူး။ သူက ဒီသူခိုးငနဲလေးတွေကို ဓားပြတိုက်ဖို့ စဉ်းစားထားတာကိုး။

နဉ်ရှောင်ပိုင်သည် ရယ်မောလိုက်ပြီး ရှေ့ဆက်မသွားလိုက်ချေ။ ဘေးတွင်သာ ရပ်ပြီး စောင့်ကြည့်နေလိုက်လေသည်။

တခြားဖက်က ကျီးထိုက ဒါကို ဝန်ခံလိမ့်မည်မဟုတ်ချေ။ “နင်က ဘာငွေကို ပြန်တောင်းချင်နေတာလဲ၊ နင် ပြောချင်တဲ့ စကားကို ငါ နားမလည်ဘူး”

လယ်သာဘောင်းဘီနှင့် ကောင်လေးက ဒေါသဖြင့် ပြောလိုက်၏။ “အေးလေ၊ နင့်ပိုက်ဆံလည်း မဟုတ်ဘဲနဲ့၊ ငါက ဘာလို့ ပြန်ပေးရမှာလဲ”

ကျီးထို :….

ရှမြန်:…

နဉ်ရှောင်ပိုင် ပေါ်လာသဖြင့် စုဝေးလာကြသည့်လူအုပ်ကြီး :….

“ဒီတော့”

ရှမြန်က ကျီးထိုကို သနားသလိုကြည့်လိုက်ပြီး “နင်တို့မှ တကယ် ဦးနှောက်တောင် မရှိတာပဲ”

သူမက သေသေချာချာ အကြံပြုလိုက်၏။

“နင်တို့တွေက တကယ် လူမိုက်လေးတွေ ဖြစ်မလာနိုင်ပါဘူး၊ ကျောင်းကို ပြန်သွားကြတော့၊ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းနေတဲ့သူဖြစ်ရတာထက် စာညံ့တဲ့ကျောင်းသားတစ်ယောက် ဖြစ်ရတာက ပိုကောင်းသေးတယ်၊ နောက်တစ်ယောက်က အလွန်ဆုံး ဆရာမ ကြိမ်းမောင်းတာပဲ ခံရမှာ၊ ရှေ့တစ်ယောက်ကတော့ လူအဖွဲ့အစည်း ရိုက်နှက်တာ ခံရလိမ့်မယ်”

“နင့်အလုပ်မဟုတ်ပါဘူး”

ကျီးထိုက ဒေါသထွက်သွားပြီး ပြောလိုက်၏။ “ငါက မိန်းမတွေကို မရိုက်ဘူးလို့များ နင်က ထင်နေတာလား”

သူက ပြောရင်းဆိုရင်း ရှေ့တစ်လှမ်းတိုးလာပြီး ရှမြန်၏ကော်လံကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

လူအုပ်ထဲက ယောက်ျားတစ်ယောက်က ရှေ့တိုးသွားမည်ပြင်လိုက်စဉ် ရှမြန်က တစ်နေရာမှ တောက်ပနေသည့် အသီးလှီးဓားကို ထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။ ဖြစ်ပျက်နေသည်ကို မမြင်လိုက်ရသေးခင်မှာပင် ထက်ရှသည့်ဓားသွားကာ ကျီးထို၏လည်ပင်းကို ထောက်ထားလိုက်သည်။

ကျီးထိုမှာ လည်ပင်းပေါ်တွင် အေးစိမ့်စိမ့်ခံစားလိုက်ရပြီး အလိုလို လက်မြောက်ထားလိုက်၏။

“အစ်ကို”

“အစ်ကို”

ညီငယ်များက ကြောက်လန့်သွားကြသည်။

ကြည့်ရှုနေသူများကလည်း ထိတ်လန့်သွားကြသည်။

“ညီမလေး မင်းမှာ ပြောစရာရှိတယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ကောင်းကောင်းပြောပါ၊ ဒီလိုတွေကို ဒီလို ဆက်ဆံတာ မတန်ပါဘူး”

ရှမြန်က ပြုံးပြောလိုက်လေသည်။

“အစ်ကို ရပါတယ်၊ ကျွန်မက အားနွဲ့သူပါ၊ ဒီလူမိုက်တွေက ကျွန်မကို အရင် ရန်လာစတာ၊ ဒါက တရားဝင်ခုခံမှုပဲ၊ တကယ် သွေးထွက်အောင် အပေါက်ဖောက်လိုက်ရင်တောင် ကျွန်မ ဘာမှမဖြစ်မှာမဟုတ်ဘူး”

ကျီးထိုသည် သူ့လည်ပင်ပေါ်တွင် အေးစိမ့်စိမ့် ခံစားလိုက်ရပြီး သူ့မျက်နှာမှာ ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားတော့သည်။ သူက အလွန်မှ ပါးပါးနပ်နပ် ဝန်ခံကာ ပြောလိုက်၏။

“မိန်းကလေး စကားကောင်းကောင်း ပြောကြရအောင်ပါ”

ရှမြန်က ပြောလိုက်သည်။

“ပိုက်ဆံပြန်ပေး၊ ဒါက ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုမဟုတ်ဘူး၊ ရှင် လူမှ ရှာမတွေ့ခဲ့တာ၊ နောက်ပြီး ရှင်တို့ တာဝန်လဲ မပြီးခဲ့ဘူးလေ၊ ရှင်တို့တွေ ငွေယူထားဖို့ သတ္တိရှိသေးတယ်လား”

လယ်သာဘောင်းနှင့် ညီငယ်က သူတို့၏အလုပ်နိုင်သည့် စွမ်းရည်နှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံလိုက်ရသဖြင့် အလွန်စိတ်ဆိုးသွားလေသည်။

“ငါတို့တွေ တာဝန်မပြီးဘူးလို့ ဘယ်သူပြောလဲ၊ ရှမြန်ရဲ့နာမည်ကို သေချာပေါက် ဖျက်ဆီးပစ်ရမယ်”

ရှမြန်:…

ကျီးထို:…

နောက်ထပ်ညီတစ်ယောက်က လယ်သာဘောင်းဘီနှင့် ညီကို ခပ်နာနာလေး ကန်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။

“အခုချိန်ကစပြီး ပါးစပ်ပိတ်ထား”

ကြည့်ရှုနေသူများ : ဒီတော့ ဒီလူတွေက ကလေးမရဲ့နာမည်ကို တမင်ဖျက်ဆီးဖို့ ဒီကို ရောက်လာကြတာပေါ့။ ဒါတော့ အရမ်းရက်စက်တာပဲ။

သမီးနှင့် ညီမ ရှိကြသည့် ယောက်ျားများက ရှေ့တိုးလာကြသည်။ အလွန်အရပ်ရှည်ပြီး သန်မာသည့် ညီတစ်ယောက်က လယ်သာဘောင်းဘီနှင့် ညီငယ်ကို ကော်လံမှ ဖမ်းဆွဲကာ ပြောလိုက်၏။

“မင်းကို ဒီလိုအောက်တန်းကျတဲ့အလုပ် ဘယ်သူ လုပ်ခိုင်းလိုက်တာလဲ”

လယ်သာဘောင်းဘီနှင့် ညီလေးက အစ်ကိုကျီးထိုကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်သော်လည်း သူ့မှာ ပြောရခက်နေလေသည်။

“ငါ မသိဘူး”

“ဪ ‘ငါမသိဘူး’ပေါ့လေ၊ ‘မရှိဘူး’ မဟုတ်ဘူးပေါ့” ရှမြန်က စကားလုံးများကို လေးတိလေးကန် ဆွဲထုတ်လိုက်၏။

အားလုံးကို သတိဝင်လာကြပြီး အရပ်မြင့်မြင့် သန်မာသည့်အစ်ကိုမှာ ဖြတ်ထိုးဉာဏ်ကောင်းသူတစ်ယောက် ဖြစ်မှန်း သဘောပေါက်လိုက်ကြ၏။ သူက လယ်သာဘောင်းဘီနှင့်လူကို လက်သီးဖြင့် ထိုးနှက်လိုက်ပြီး မေးလိုက်သည်။

“ဘယ်သူလဲ”

ထိုလူက နာကျင်စွာ အော်ဟစ်လေသည်။

ရှမြန်က အစ်ကိုကျီးထိုကို ပြောလိုက်၏။ “ကြည့်လိုက်၊ လူ့အဖွဲ့အစည်းက ရိုက်ပါတယ်ဆို၊ ငါပြောတာ မှန်တယ်မလား”

အစ်ကိုကျီးထိုမှာ အလွန်မှ ဒေါသထွက်သွားပြီး သူ့မျက်နှာက နီရဲသွားသော်လည်း ပတ်ဝန်းကျင်တွင် လူအများကြီး ရှိနေပြီး တခြားညီအစ်ကိုများ ရိုက်နှက်ခံရတော့မည်ကို မြင်လိုက်သည်တွင် သူက အလျင်စလို ပြောလိုက်လေသည်။

“ငါတို့က နောက်နေတာပါ၊ ငါတို့က မိန်းကလေးရဲ့ နာမည်ကို မဖျက်ဆီးချင်ပါဘူး၊ ဒီအိမ်ရာဝင်းထဲမှာလဲ ငါတို့သိတဲ့ မိန်းကလေး မရှိပါဘူး”

ရှမြန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “နာမည်က မဖျက်ဆီးခံရဘူးဆိုတော့ တာဝန်လဲ လုံးကျရှုံးသွားပြီ၊ ငွေကို အပြည့်ပြန်ပေးသင့်တယ်”

ကျီးထို : ...

ကျီးထိုသည် ငိုချင်သွားသော်လည်း မျက်ရည်က မထွက်ချေ။

“မိန်းကလေး မင်း ဘာလို့ ငါတို့ကို ဆွဲထားတာလဲ”

ဘာလို့လဲဆိုတော့ ငါ ငွေပြတ်နေလို့လေ။

ရှမြန်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ဘာလို့လဲဆိုတော့ ငါက ရှမြန်လေ”

လယ်သာဘောင်းဘီနှင့် ညီလေးက လွှတ်ခနဲထွက်သွား၏။

“နင် လိမ်နေတာ၊ ရှမြန်က ဆံပင်အနီနဲ့ပဲ၊ သူလည်း လူမိုက်တစ်ယောက်ပဲ”

အရပ်မြင့်မြင့် သန်မသည့်အစ်ကိုက ထိုစကားကို ကြားလိုက်ချိန်တွင် သူသည် နောက်ထပ် လက်သီးလေးငါးချက်လောက် ပစ်သွင်းလိုက်၏။

“မကောင်းသတင်းတွေ လွှင့်နေတုန်းလား၊ မကောင်းသတင်းတွေ လွှင့်နေတုန်းလားကွ”

“မကောင်းသတင်းတစ်ခု ပြန့်ဖို့ တစ်လပဲကြာတယ်၊ ဒါကို ဖြေရှင်းဖို့ကတော့ အားစိုက်ထုတ်မှု အများကြီး လုပ်ရတယ်” ရှမြန်က ဓားဖျားကို သုံးကာ အားထည့်လိုက်ပြီး

“နင်တို့ကြောင့် ငါ ဒီနေ့ တနေ့လယ်ခင်းလုံး အဆဲခံခဲ့ရတယ်၊ ငါ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ”

အစ်ကိုကျီးထိုက လက်ကို ပိုမြင့်အောင် မြောက်ထားလိုက်ပြီး “ဆွေးနွေးရအောင်၊ ဆွေးနွေးကြရအောင်၊ ငါတို့တွေ နင် ပြောတဲ့အတိုင်းလုပ်မယ်၊ ငါတို့တွေက နင့်ကို ကူပြီးတော့ အဲဒီမကောင်းတဲ့သတင်း ပျောက်သွားအောင် လုပ်ပေးပါ့မယ်”

လူအုပ်ကြီးက သူမ ထိခိုက်သွားမှာ စိုးရိမ်သွားပြီး အလောတကြီး ပြောလိုက်၏။ “ညီမလေး စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်၊ ငါတို့အားလုံး နင့်ကို ကူညီပြီး သတင်းပျောက်သွားအောင် လုပ်ပေးပါ့မယ်”

“ဒါဆိုရင်တော့ အစ်ကိုတို့နဲ့ အစ်မတို့အားလုံးကို  အရင်ဆုံး ကျေးဇူးတင်ပါတယ်” ရှမြန်က အသီးလှီးဓားကို သိမ်းလိုက်သည်။

အစ်ကိုကျီးထိုသည် ဓားကိုင်ထားသည့် သူမ၏လက်ကို စိုက်ကြည့်နေပြီး အန္တရာယ်ကင်းပြီဟု ခံစားမိလိုက်သည်နှင့် သူက ရုတ်တရက် ဓားကို ဆွဲလုသည်။

ရှမြန်၏ခန္ဓာကိုယ်က သူ့ဦးနှောက်ထက်က ပိုပြီးမြန်မြန် လှုပ်ရှားလိုက်၏။ သူမသည် တဖက်လူ၏ လက်ကောက်ဝတ်ကို မြန်မြန်ဖမ်းဆွဲထားလိုက်ပြီး ဆွဲလိမ်လိုက်ကာ တဖက်လူ၏ဒူးကို ကန်ထည့်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစ်ကိုကျီးထိုသည် အော်ဟစ်ပြီး ဒူးထောက်ကျသွားတော့သည်။

ပတ်ဝန်းကျင်က ထိတ်လန့်သွားသည့် အကြည့်များကို သတိထားမိလိုက်သည်တွင် ရှမြန်သည် အံမကြိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

ဒီလူမိုက်လေးကတော့ ငါ့ကို လမ်းလွဲအောင် လုပ်နေပြန်ပြီ။

...