အပိုင်း ၁၂၃
Viewers 14k

 

 

အခန်း(၁၂၃) - ရှင့်ကို အများကြီး မျှော်လင့်ထားတယ်

 

သူမ၏ ဆန်ကုန်မြေလေးဖခင်က အလွန်ချီတုံချတုံဖြစ်ပြီး သဘောထားကွဲလွဲကာ အတူတူ တောင်ပေါ်တက်မည့် စိတ်ကူးကို ဆန့်ကျင်နေပုံပေါ်တာကြောင့် ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "သားလေး လိုချင်သေးသလား။"

 

ရှစ်မိသားစုရဲ့ တတိယသားက ဆက်ဆန့်ကျင်မနေတော့ဘဲ မြင်းရထားလုံးပေါ်သို့ ချက်ချင်း ခုန်တက်လာခဲ့သည်။

 

သူက ရှောင်ဟန်ကျန့်ဘေးနားမှာ ထိုင်ပြီး ပြောလေသည်။ "သွားမယ်။ ငါသွားမယ် ဟုတ်ပြီလား။"

 

ဒီအယုတ်တမာမကို သူ တကယ်ကြောက်သည်။

 

ရှစ်ချင်းလျို့က နှုတ်ခမ်းကို ကော့အောင်ပြုံးလိုက်သည်။ “အဲဒါ ပိုကောင်းတယ်။”

 

ပြဿနာကောင်တွေနှင့် ဆက်ဆံရာတွင် အလွန်သတိထားရမည်။

 

မြင်းရထားလုံးက တောင်ခြေရင်းမှာ ရပ်လိုက်ပြီး သူတို့ သုံးယောက်သား တာအိုဘုန်းကြီးကျောင်းကို အတူတူ လမ်းလျှောက်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က တံခါးကိုဖွင့်ရန် သူမ၏ သော့ကို ထုတ်ပြီးနောက် ရှစ်မိသားစုရဲ့ တတိယသားကို ပင်မခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

 

ဘုန်းတော်ကြီး၏ အရိုးပြာများကို ထွင်းထုထားသည့် အိုးတစ်လုံးနှင့်အတူ ပူဇော်စားပွဲပေါ်တွင် တင်ထားပြီးပြီ ဖြစ်သည်။

 

အရှေ့ဘက်တွင် အမွှေးတိုင် ပူဇော်သည့်ခွက် အကြီးကြီး တစ်ခု ရှိသည်။

 

ရှစ်ချင်းလျို့က လမ်းလျှောက်သွားပြီး မီးမညှိခင် စားပွဲပေါ်ရှိ အမွှေးတိုင် သုံးချောင်းကို ယူလိုက်လေသည်။

 

သူမက လက်အုပ်ချီကာ အမွှေးတိုင်ချောင်းတွေ ကိုင်ပြီး ဘုန်းတော်ကြီးကို ဦးညွှတ်လိုက်သည်။ "ဘုန်းတော်ကြီးကို ကျွန်မ လာရောက်ဖူးမြော်ပါပြီ၊ အကယ်၍ ပျော်တယ်ဆိုရင် ခေါင်းကို ထိပေးပါ။"

 

ထို့နောက် သူမက ခြေထောက်ကို စားပွဲဘေးတစ်ဖက်ဆီ ရွှေ့လိုက်ပြီး လူတိုင်း အလွယ်တကူ မထိတွေ့နိုင်သည့် ထောင့်တစ်ခုကို ကန်လိုက်သည်။

 

ပြီးမှ နောက်ပြန်ဆုတ်လိုက်ပြီး အမွှေးတိုင်ကို အမွှေးတိုင်ခွက်ထဲသို့ စိုက်လိုက်သည်။

 

စားပွဲကို ဖုံးထားသည့် စားပွဲခင်းက မြေနှင့် ထိလုနီးပါး ရှည်တာကြောင့် သူမ၏ လှုပ်ရှားမှုများကို မြင်ရန် ခက်ခဲလှသည်။

 

သူမ လုပ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူမ ခေါင်းကို ပွတ်သပ်လိုသလိုမျိုး ခေါင်းပေါ်မှ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာခဲ့သည်။

 

ရှစ်မိသားစု၏ တတိယသားရဲ့ ဦးခေါင်းတွင်လည်း အလားတူဖြစ်ခဲ့လေသည်။

 

အချိန်ခဏသာ ဖြစ်ခဲ့သော်လည်း သူ ခံစားမိနေတုန်းပင် ဖြစ်သည်။

 

ထို့ကြောင့် သူက မျက်လုံးပြူးပြီး တုန်လှုပ်ခြောက်ခြားကာ စိတ်လှုပ်ရှားနေလေသည်။

 

ဒါဆို တာအိုဘုန်းတော်ကြီးက တကယ်ကို မသေမျိုးဘုန်းတော်ကြီးပေါ့။

 

မဟုတ်ရင် ဒီလေပြင်းက ဘယ်က ထွက်လာမှာလဲ။

 

သူက တံတွေး မျိုချလိုက်ပြီး ရှစ်ချင်းလျို့ကို မေးခဲ့သည်။  "စောနက မင်းရဲ့ ဆရာသခင်လား။"

 

ရှစ်ချင်းလျို့က ဖြောင့်မှန်စွာ ပြောလိုက်သည်။ "အဓိပ္ပာယ်မရှိတာ၊  ကျွန်မ ဆရာသခင် မဟုတ်ရင် ဒီအခန်းထဲမှာ ရုတ်တရက် လေပြင်းတိုက်မယ်လို့ ထင်နေတာလား။"

 

သူမက ပင်မခန်းမကို ပြုပြင်မွမ်းမံစဉ်အတွင်း ရှောင်မူတို့သားအဖကို မသေမျိုးဘုန်းတော်ကြီး၏ ဝိညာဉ်တော်အား ပိုထင်ရှားပြနိုင်စေရန် ယန္တရားတချို့ကို ထည့်ပေးဖို့ တောင်းဆိုခဲ့သည်။

 

ထိုပစ္စည်းက အချိန်တိုလေးအတွင်း လေပြင်း တိုက်ခိုက်အောင် ပြုလုပ်ခြင်း ဖြစ်သည်။

 

ထိုထောင်ချောက်ကို ကန်ပြီးသည့်နောက် ပင်မခန်းမအထက်ရှိ ကြိုးတစ်ချောင်းက ပန်ကာကို လှည့်ရန် ဆွဲလိုက်ပြီး လေတစ်ကြိမ် တိုက်ခတ်သွားမည်ဖြစ်သည်။

 

တခြားနေရာများတွင် ပို၍ပင် အားကောင်းသည့် ယန္တရားများ ရှိသော်လည်း ရှစ်မိသားစုရဲ့ တတိယသားကဲ့သို့ တစ်စုံတစ်ယောက်အတွက် မလိုအပ်ပေ။

 

ရှေးလူများက ထိုအရာများကို ယုံကြည်သောကြောင့် သူမသည် သူမ၏ တာအိုဘုန်းတော်ကြီးက အမှန်တကယ် မသေနိုင်မျိုးဘုန်းတော်ကြီးဖြစ်ကြောင်းကို လူတိုင်းယုံကြည်စေရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်အချို့ကို ဖန်တီးခဲ့တာ ဖြစ်သည်။

 

သို့မှသာ အပြစ်ပုံချမှုကို ဆက်လက်ခံယူနိုင်မည်ဖြစ်သည်။ ဟားဟား။

 

ရှစ်မိသားစုရဲ့ တတိယသားက နောက်ဆုံးတော့ သူမကို ယုံကြည်သွားခဲ့သည်။

 

အပြင်မှာ လေပြင်းတိုက်တာ မရှိသလို အတွင်းပြတင်းပေါက်တွေလည်း မဖွင့်ထားပေ။

 

သူတို့ခေါင်းပေါ်မှာ လေပြင်းတွေ ဘယ်လိုတိုက်ခတ်နိုင်မည်နည်း။

 

မသေမျိုး ဘုန်းတော်ကြီး တည်ရှိနေတာ မဟုတ်ပါက ဘာဖြစ်နိုင်ဦးမည်နည်း။

 

ထို့နောက် သူက တောက်လောင်သောအကြည့်ဖြင့် ရှစ်ချင်းလျို့ကို ကြည့်လိုက်သည်။ "မသေမျိုးဘုန်းတော်ကြီးက မင်းကို သူ့တပည့်အဖြစ် တကယ် သဘောကျပုံပဲ။"

 

ရှစ်ချင်းလျို့က မေးစေ့ကို ပင့်လိုက်သည်။ "ဒါပေါ့ ကျွန်မ ဆရာသခင်က ကျွန်မကို မကြိုက်ရင် သူက ကျွန်မကို အများကြီး သင်ပေးပါ့မလား။"

 

ရှစ်မိသားစုရဲ့ တတိယသား၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး သူမရဲ့ အနားကို တိုးကပ်လာခဲ့သည်။ "အဲဒါကို ဆွေးနွေးရအောင်လား။"

 

ရှစ်ချင်းလျို့က သူပြောမည့်အရာကို သိနေသည်။ "သားယောကျာ်းလေး ရအောင် ကူညီစေချင်တာလား။"

 

ရှစ်မိသားစုရဲ့ တတိယသားက သူ့လက်ကိုသူ ပွတ်သပ်လိုက်သည်။ "မင်းက ဉာဏ်ကောင်းသားပဲ။"

 

ရှစ်ချင်းလျို့က သူ့ကို ဒီနေ့ခေါ်လာပြီး မသေမျိုးဘုန်းတော်ကြီး တည်ရှိသလို ပြသခဲ့သည်။

 

သေချာပေါက် ရှစ်မိသားစုရဲ့ တတိယသား သူမဆီ အရင်ဆုံး ခြေလှမ်းလှမ်းလာအောင် လုပ်ခဲ့တာဖြစ်သည်။

 

သူမက မရေမရာ ပြောခဲ့သည်။ “မဖြစ်နိုင်ပါဘူး။”

 

ရှစ်မိသားစုရဲ့ တတိယသားက စိုးရိမ်နေမိလေသည်။ "မင်းသေသေချာပြောလို့ရပါတယ်။"

 

သူက ကမန်းကတန်းပြောလေသည်။ "မင်း ငါ့ဆီက လိုအပ်တာရှိရင် ပြောပါ။"

 

သူက နိမ့်ကျပြီး မထိုက်တန်သသည့်ခင်တစ်ဦးဖြစ်သည်။

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်လိုက်သည်။ "ရှင့်ကို ပြောရမယ် ဟုတ်လား။"

 

ရှစ်မိသားစုရဲ့ တတိယသားက အသက်အောင့်လိုက်မိပြီး ထိုအယုတ်တမာမက သူ့ကို အထင်သေးနေခဲ့သည်။

 

“ငါ မင်းစကားကို နားထောင်ရုံသာမက ကုသိုလ်ကောင်းမှုတွေကိုလည်း များများလုပ်မယ်။”

 

အခုအချိန်မှာတော့ သူ့မှာ ဆန္ဒတစ်ခုပဲ ရှိတော့သည်။ အဲဒါက မိသားစုနာမည်ကို ဆက်ထိန်းထားဖို့ သားတစ်ယောက်ရှိဖို့ပင် ဖြစ်သည်။

 

ရှစ်ချင်းလျို့က သူမ၏ မေးစေ့ကို ပွတ်လိုက်သည်။ “ကောင်းပြီ၊ ကျွန်မတို့က အဖေနဲ့ သမီး ဆက်ဆံရေး ရှိနေတော့ ရှင့်အတွက်ကို ကျွန်မရဲ့ ဆရာသခင်ဆီမှာ ခဏခဏ တောင်းပန်ပေးပါ့မယ်၊ ဒါပေမယ့် ရှင့်ရဲ့ နောက်ကလေးက ယောက်ျားလေးဖြစ်မယ်ဆိုတာ အာမခံချက်မပေးဘူးနော်။"

 

အဲဒါနဲ့ ပတ်သက်ပြီး သူမ တကယ် လုပ်နိုင်တာ ဘာမှ မရှိပေ။

 

ရှစ်မိသားစုရဲ့ တတိယသားက သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်းရဲ့ ဆရာသခင်ကို ငါယုံတယ်။"

 

ရှစ်ချင်းလျို့က သူ့မကိုယ်သူမ တွေးလိုက်လေသည်။ ​​အခု သူ့ကို မယုံတဲ့လူဆိုလို့ ကျွန်မပဲ ရှိတော့တာလေ ဟုတ်တယ်မလား။

 

ဒါ​ပေမယ့်​ ​သေချာပေါက် သူ့ကို ထိုစကား ထုတ်မပြောခဲ့ပေ။  "ကောင်းပြီကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်။"

 

သူမက ထပ်ပြောခဲ့သည်။ “ရှင်အလုပ်ကို ကောင်းကောင်းမလုပ်ရင် ဒါမှမဟုတ် တခြားသူတွေကို ကူညီမယ့်အစား မကောင်းမှု တစ်ခုခု ကျူးလွန်ရင် ကျွန်မရဲ့ ဆရာသခင်က ရှင့်ကို သားတစ်ယောက် သေချာပေါက် ကောင်းချီးပေးမှာ မဟုတ်ဘူး။”

 

ဒါက သူမ ဆိုလိုတာဖြစ်သည်။

 

သူမ၏ ဆန်ကုန်မြေလေးဖခင်သာ သားယောက်ျားလေးကို မမွေးနိုင်လျှင် ကုသိုလ်ကောင်းမှုပြုရန် ဇွဲလုံ့လ ရိုးသားမှုမရှိဘူးဟု ဆိုလိုတာဖြစ်သည်။

 

ဒါက ပြီးပြည့်စုံသည့် အကြောင်းပြချက်ဖြစ်သည် ။

 

ရှစ်မိသားစုရဲ့ တတိယသားက သူမကို ယုံကြည်သည်။ "ငါ သေချာပေါက် စိတ်ရင်းအမှန်ထားပြီး ကောင်းတာကိုပဲ လုပ်မှာပါ။"

 

ရှစ်ချင်းလျို့က သူ့ကို လက်ယပ်ခေါ်လိုက်တော့ ချက်ချင်း အနားကို တိုးကပ်လာခဲ့သည်။

 

"ရှင်တစ်ယောက်တည်း လုပ်ချင်လို့ မရဘူး၊ အမျိုးသမီးနျိုကိုလည်း လုပ်ခိုင်းရမယ်၊ ရှစ်မိသားစုက ဒီလူတွေက ကုသိုလ်ကောင်းမှုလုပ်ဖို့ အစပျိုးမှု မရှိဘူးဆိုရင်တောင် သူတို့ကို မကောင်းမှုတွေ မလုပ်အောင် ရှင်စောင့်ကြည့်ဖို့လိုတယ်၊ မဟုတ်ရင် ရှင်တို့နှစ်ယောက်လည်း ကံကြောင့် ဒုက္ခရောက်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ရှင်တို့အားလုံးက သူတို့နဲ့ ဆွေမျိုးမဖြတ်တောက်ရသေးဘူးလေ၊ ရှင်တို့အားလုံးက တစ်မိသားစုတည်းပဲလေ။”

 

သူမက လိမ်လည်လှည့်ဖြားသည့်လူ ဖြစ်လာတော့မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

 

ပြီးခဲ့သည့် ခေါင်းကို လေဖြတ်တိုက်သည့် ကိစ္စကြောင့် ရှစ်မိသားစုရဲ့ တတိယသားက သူမ ပြောသမျှကို အနည်းနှင့် အများ ယုံကြည်နေသည်။

 

သူက အံကြိတ်ရင်း ပြောလိုက်သည်။ “ကောင်းပြီ၊ သူတို့ မကောင်းတာတွေ မလုပ်မိအောင် ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။”

 

ရှစ်ချင်းလျို့က သူမ၏ ဆန်ကုန်မြေလေးဖခင်သည် သားတစ်ယောက် ရချင်လို့ ရူးတော့မတတ် ဖြစ်နေကြောင်း သူမ ပြောနိုင်သည်။

 

သို့သော် ရှေးခေတ်ကာလတွင် မိသားစုအမည်ကို သယ်ဆောင်ပေးမည့် ကိစ္စရပ်က အလွန်တရာ ဆန်းကြယ်သသည်။

 

ကျေးလက်ဒေသတွေမှာ သားတစ်ယောက် မမွေးနိုင်တဲ့ မိသားစုတွေက သူတို့ကိုယ်သူတို့ အရှက်ရကြလိမ့်မည်။

 

ရှစ်ချင်းလျို့က သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြပြီးကြည့်ကာ မေးခဲ့သည်။ "တစ်စုံတစ်ယောက်က ကျွန်မကို သားသမီးဝတ္တရား မကျေပွန်တဲ့ လူအဖြစ် တရားစွဲခိုင်းရင် ရှင်ဘာလုပ်မှာလဲ။"

 

သူမ၏ အကြည့်တွေက ရှစ်မိသားစုရဲ့ တတိယသား၏ ဦးရေပြားကို ထုံကျဉ်သွားစေခဲ့သည်။ "သေချာပေါက် တရားမစွဲပါဘူး။"

 

အကယ်၍ ဒီမိန်းကလေးဆီကနေ သားတစ်ယောက်အတွက် ကူညီပေးဖို့ မတောင်းဆိုရင်တော့ သူ ဒီလောက် သေချာမှာ မဟုတ်ပေ။

 

ဒါပေမယ့် အခုတော့ လိုအပ်လာပြီဖြစ်သည်။

 

ရှစ်ချင်းလျို့က ထပ်မေးသည်။ "တစ်ယောက်ယောက်က စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး ရှင့်ကို ဒါမှမဟုတ် ရှင့်မိသားစုနဲ့ ကျွန်မကို ဒါမှမဟုတ် ရှောင်မိသားစုကို ပြဿနာရှာခိုင်းရင် ရှင်ဘာလုပ်မှာလဲ။"

 

ရှစ်မိသားစုရဲ့ တတိယသားက ခဏလောက် စဉ်းစားပြီးနောက် သက်သေပြဖို့ ကြိုးစားခဲ့သည်။ "မင်းကို ကြိုပြောပြီး မင်းရဲ့ အစီအစဉ်တွေကို နားထောင်ဖို့ ငါလာခဲ့မယ်"

 

တစ်စုံတစ်ယောက်က ဒီမိန်းကလေး သို့မဟုတ် ရှောင်မိသားစုကို အနှောင့်အယှက်ပေးမည့်အကြောင်း အကြမ်းဖျင်းသိ ခန့်မှန်းမိထားသည်။

 

ရှစ်မိသားစုရဲ့ တတိယသားက အမှန်တကယ် ထက်မြက်ကြောင်း ရှစ်ချင်းလျို့ သဘောပေါက်သွားသည်။ “အဲဒါကို ရှင်သိတာ ကောင်းပါတယ်၊ ရှစ်မိသားစုရဲ့ တခြားမိသားစုဝင်တွေကို တစ်ယောက်ယောက်က ရှာရင် ဘာလုပ်ရမယ်ဆိုတာ ရှင်သိတယ်မဟုတ်လား။"

 

ရှစ်မိသားစုရဲ့ တတတိယသားက ချက်ချင်း သဘောပေါက်သွားသည်။ "သိတယ်၊ ငါ မင်းကို ချက်ချင်းပြောမယ်။"

 

သူ့သားအတွက်ကြောင့် သူ့မိဘတွေကို သစ္စာဖောက်ရမယ်ရင်တောင် ဘာမဆိုလုပ်မည်ဖြစ်သည်။

 

အဓိကအချက်ကတော့ သူ့မိဘတွေနဲ့ ညီအစ်ကိုတွေကို နောက်ထပ် မကောင်းမှုတွေ မလုပ်စေချင်လို့ ဖြစ်သည်။

 

မဟုတ်ရင် မသေမျိုးဘုန်းတော်ကြီးကို ဆန့်ကျင်မိသွားရင် ဘယ်လိုလုပ်ရမည်နည်း။

 

ထို့အပြင် ဒီမိန်းကလေးက အလွန်အစွမ်းထက်သည်။

 

သူ့ကို မကောင်းမှုမှန်သမျှကို တားမြစ်ရုံသာမက သင်ခန်းစာတောင် ပေးနိုင်သည်။ ဘာကြောင့် နှောင့်ယှက်ရမည်နည်း။

 

ရှစ်ချင်းလျို့ရဲ့အပြုံးက ပိုနက်နဲလာခဲ့သည်။ “မဆိုးပါဘူး၊ ရှင်က ဉာဏ်ကောင်းတယ်၊ ကျွန်မ ရှင့်ကို အများကြီး မျှော်လင့်ထားတယ်။"

 

ရှန်းယွမ်၏ မှတ်ဉာဏ်တွေအရတော့ သူမ၏ ဆန်ကုန်မြေလေး ဖခင်က မြေခွေးလို ဉာဏ်များသည်။

 

အမျိုးသမီးနျိုက များသောအားဖြင့် မကောင်းမှုမှန်သမျှ၏ အဓိကတရားခံ ဖြစ်သည်။

 

ယခုအခါတွင်တော့ သူက ရှစ်မိသားစုထဲတွင် ရှားရှားပါးပါး ဉာဏ်ရည်ဉာဏ်သွေးရှိသူဖြစ်ပြီး သူက သင့်လျော်သော အခြေအနေများတွင် သူ့ဉာဏ်ရည်ကို အသုံးမပြုဘဲ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဖို့ ရပ်တန့်ခဲ့ကြောင်း သူမ တွေ့ရှိခဲ့သည်။

 

အခုတော့ သူ့ကို ရွက်သစ် တစ်ရွက် အဖြစ် ပြောင်းလဲပစ်ရမည်။

 

အမျိုးသမီးနျိုက ရှန်းယွမ်ကို သတ်ပစ်ခဲ့တယ်။

 

ဒါဟာ မရည်ရွယ်ပေမယ့် သူမက တရားခံဖြစ်နေဆဲ ဖြစ်သည်။

 

သို့သော် ရှန်းယွမ်ထံမှ နောက်ထပ် မှတ်ဉာဏ်များကို အမွေဆက်ခံရပြီးနောက် ရှန်းယွမ်က သူမ၏ မိဘများဖြစ်သည့် အမျိုးသမီးနျို နှင့် ရှစ်မိသားစုရဲ့ တတိယသားကို မမုန်းကြောင်း သူမ သိလိုက်ရသည်။

 

အဲဒီအစား သူမဟာ သူတို့အတွက် စိတ်ပူနေခဲ့သည်။

 

ရှန်းယွမ်က သူမ မရည်ရွယ်ထားသည့် မသိစိတ်အချို့ကို ချန်ထားခဲ့ပြီးနောက် လက်စားချေမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

 

သူမက လက်စားချေလိုခြင်းမရှိတာကြောင့် ရှစ်ချင်းလျို့က ဤပြဿနာကောင်မိဘများကို မည်သို့ပြုမူနေထိုင်ရမည့်အကြောင်း သင်ကြားပေးမည်ဖြစ်သည်။

 

ရှစ်မိသားစုရဲ့ တတိယသားက သူ့ကိုယ်သူ တွေးလိုက်လေသည်။ မင်းငါ့ကို သိပ်အထင်ကြီးနေစရာ မလိုပါဘူး။

 

သူ့သမီးရဲ့ စကားကို ကြားလိုက်တော့ ချက်ချင်း စိတ်ဖိစီးသွားလေသည်။ သို့သော် သူ့သားအတွက်ကြောင့် သူ လက်ခံခဲ့လေသည်။