အပိုင်း ၁၂၄
Viewers 14k

 

 

အခန်း(၁၂၄) - တစ်စုံတစ်ယောက်ရဲ့ဓားကိုငှားပြီး လူသတ်ချင်ခြင်း

 

ရှစ်ချင်းလျို့ သို့မဟုတ် ရှောင်မိသားစုနှင့် ဆက်နွှယ်နေသမျှကိစ္စအားလုံး ရှစ်မိသားစုထဲတွင် လှုပ်ရှားမှုတစ်ခုခုရှိပါက လျှို့ဝှက်စွာပြောပြမည်ဟု ရှစ်မိသားစုရဲ့ တတိယသားက အရင်ဆုံး အကြံပြုခဲ့လေသည်။

 

ရှစ်ချင်းလျို့က နောက်ထပ် အမွှေးတိုင် သုံးချောင်းကို သွားယူခဲ့ပြီး ခလုတ်ကို ကန်လိုက်သည်။

 

ပြီးမှသာ သူမက ပြန်လာပြီး သူမက ရှစ်မိသားစုရဲ့ တတိယသားထံ ပေးလိုက်သည်။ "ကျွန်မ ရှင့်ကို တစ်ချိန်လုံး ယုံလိုက်မယ်၊ ဆရာ သူ့ကို တစ်ကြိမ်လောက် ယုံနိုင်ရင် ဆရာ့ရဲ့ ဝိဉာဥ်ကို ထပ်ပြပေပါ။"

 

သူမ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လေပြည်က သူ့ခေါင်းပေါ်သို့ တိုးတိုက်လာခဲ့လေသည်။

 

ရှစ်မိသားစုရဲ့ တတိယသားက အမွှေးတိုင်ကို ချက်ချင်းယူကာ တာအိုဘုန်းတော်ကြီး၏ ကမ္ဗည်းပြားဆီသို့ အလွန်ရိုသေစွာ လျှောက်လှမ်းခဲ့သည်။ သူက ဒူးထောက်ပြီး ပြောလိုက်သည်။ “မသေမျိုး ဘုန်းတော်ကြီး တပည့်တော် သေချာပေါက် ကောင်းကောင်း လုပ်ပါ့မယ်၊ စိတ်ချပါ။”

 

ဒီတစ်ကြိမ်မှာတော့ သူ့နှလုံးသားထဲက နောက်ဆုံးသော သံသယတွေ ပယ်ပျက်သွားခဲ့ပြီဖြစ်သည်။

 

သူ့ကိုယ်သူ ပထမ တစ်ကြိမ် ပြသခြင်းက မတော်တဆမှုဟု ဆိုနိုင်သော်လည်း နှစ်ကြိမ်မြောက်တော့ မဖြစ်နိုင်ပေ။

 

ဒါ့ထက် ဒီကောင်မလေး ပြောလိုက်တိုင်း လေကလာနေသည်။ ဒါက ကိုယ်ထင်ပြတာ မဟုတ်ရင် တခြား ဘာဖြစ်နိုင်မည်နည်း။

 

နောင်အနာဂတ်တွင် ဤသမီးကြီး၏ စကားကို သေချာနားထောင်မည်ဟုလည်း စိတ်ထဲဆုံးဖြတ် ထားခဲ့လေသည်။ မသေမျိုး ဘုန်းတော်ကြီးသာ စိတ်ပျော်ရွှင်ပါက သူ့ကို သားတစ်ယောက် ချီးမြှင့်ပေးလိမ့်မည်။

 

နံ့သာတိုင်ကို ပူဇော်ပြီးနောက် ရှစ်ချင်းလျို့က သူ့ကို အထင်အမြင်သေးစွာဖြင့် လက်ပြလိုက်သည်။ “ကောင်းပြီ ရှင်ရွာကို အရင်ပြန်သွားတော့၊ ခဏနေမှ ကျွန်မတို့ ပြန်မှာ။"

 

ရှစ်လောင်စန်းက နှုတ်ခမ်းမဲ့လိုက်သည်။ "…" ဒီကောင်မလေးက တကယ်ကို လိုသုံးလုပ်တာပဲ။

 

ဟမ့် မသေမျိုးဘုန်းတော်ကြီးကြောင့် စိတ်ထဲ မထားတော့ပါဘူး။

 

သူမကို အယုတ်တမာမဟု မခေါ်တော့ပေ။ ဒါက အလွန်ထူးဆန်းလွန်းသည်။

 

သူက အားတင်းပြုံးပြပြီး ဒေါသနဲ့ ခေါင်းညိတ်ပြခဲ့သည်။ "ကောင်းပြီ။ ဒါဆို ငါအရင်ပြန်ပြီ၊ တစ်ခုခု လိုအပ်ရင် မင်းတို့ကို ငါလာရှာလိုက်မယ်။"

 

ထို့နောက် ခန်းမဆောင်ကနေ လိမ္မာပါးနပ်စွာ ထွက်ခွာသွားခဲ့သည်။

 

တာအိုဘုန်းကြီးကျောင်းတံခါးပိတ်သံကြားတော့ ရှောင်ဟန်ကျန့်က သူ့ဇနီးကိုကြည့်ပြီး လက်မထောင်ပြလိုက်သည်။ “မိုက်တယ်။”

 

ယခင်က ဇနီးဖြစ်သူက ရှောင်မူတို့သားအဖအား တာအိုဘုန်းကြီးကျောင်းသို့ တစ်ခုခုသွားလုပ်ရန် ခေါ်ခဲ့သော်လည်း စီရင်စုမြို့တွင် ကျောင်းတက်နေသောကြောင့် သူမ ဘာလုပ်ခဲ့သည်ကို သူ မသိခဲ့ပေ။

 

သူ၏ဇနီးက နတ်ဘုရားတစ်ပါး ပေါ်ထွန်းလာအောင် လုပ်လိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ပေ။

 

ဤလှည့်ကွက်က သာမန်အားဖြင့် ထိရောက်မှုရှိခဲ့သည်ဆိုတာ ပြောစရာပင် မလိုပေ။

 

အကျင့်ယုတ်ပြီး ထက်မြက်ကာ ရင်ထဲက အမုန်းတွေ အငြိုးတွေ ပိုပိုနက်နဲနေသည့် ရှစ်လောင်စန်းပင် ကြောက်ခဲ့ရသည်။

 

သူက အခွင့်ကောင်းယူ၍ လက်စားချေပြီး မကောင်းမှုများကိုသာ လုပ်လေ့ ရှိသည်။

 

တစ်ဖက်သားကို ကောင်းအောင်လုပ်ဖို့ အလွန်ခက်သည်။ လူတစ်ယောက်ရဲ့ သဘောသဘာဝကို ပြောင်းလဲဖို့ ခက်သည်။

 

ယခုတွင်မူ သူ၏ဇနီးက ထိုသို့သော အပြောင်းအလဲ လှည့်ကွက်ကို ပြုလုပ်ခဲ့ခြင်းကြောင့် သူ၏ စျေးပေါသော ယောက္ခထီးဖြစ်သူက အမှန်တကယ် ပြောင်းလဲသွားသည်ကို တွေ့မြင်နိုင်သည်။

 

ရှစ်ချင်းလျို့က ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ဒါပေါ့။"

 

အကောင်းဆုံးကို ကိုင်တွယ်ဖြေရှင်းရန် တူညီသည့် နည်းလမ်းကို အသုံးပြုရမည်။

 

အားနည်းချက် သို့မဟုတ် တစ်ခုခုကို လိုချင်စိတ်ရှိသည့်လူကို ထိုအချက်အပေါ်ကို သုံးပြီး လှုပ်ရှားပါက မှားယွင်းစရာ မရှိပေ။

 

တာအိုဘုန်းတော်ကြီး၏ ကမ္ဗည်းတိုင်ရှေ့တွင် သူတို့နှစ်ဦးသည် သတိရှိစွာ တွဲကပ်မနေခဲ့ကြပေ။

 

“ဒါကလွဲလို့ တခြား ပေါ်ပေါ်ထင်ထင်ပြနိုင်တာမျိုး ရှိသေးလား။” သူ့ဇနီး ပင်ကိုယ်စရိုက်အရ သူမက လှည့်ကွက်အချို့ကို ဆုပ်ကိုင်ထားမည်ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြုံးပြီး မျက်တောင်ခတ်လိုက်တယ်။ "ဒါပေါ့၊ အခု မြင်ချင်လား ဒါမှမဟုတ် နောင်မှ ထပ်ကြည့်ချင်လား"

 

အကယ်၍ ခင်ပွန်းက အဲဒါကို အရင်မြင်ချင်ရင်တော့ ခြွင်းချက်အနေနဲ့ သူ့ကို မြင်ခွင့်ပေးလိုက်မည်။

 

ရှောင်ဟန်ကျန့်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည်။ "နောက်မှ သူ့ဟာသူပေါ်လာမှ ကြည့်တာပေါ့။"

 

ဤနည်းအားဖြင့် သူသည် ပိုမိုမျှော်လင့်သည့် ခံစားချက်ကို ရရှိလိမ့်မည်။

 

သူတို့နှစ်ယောက်က မပြန်ခင် ပြောင်းဖူးနဲ့ ငရုတ်သီးခင်းကို ပြုစုဖို့ အနောက်ဘက်ခြံကို သွားခဲ့ကြသည်။

 

မြို့တော်တွင် ဖြစ်သည်။

 

ရှောင်မိသားစုဟောင်း၏ မိသားစုဝင်တွေက မကြာသေးမီကပင် အတော်လေး အဆင်ပြေစွာ နေထိုင်ခဲ့ကြသည်။

 

ဘာမှ ပြောစရာ မလိုဘဲ ဝတ်ချင်ရာ ဝတ်နိုင်ပြီး စားချင်ရာကို ဝယ်စားနိုင်သည် ။

 

အစ်ကိုရှောင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ငွေအမြောက်အမြား ရှိနေသည်။

 

ရှောင်တာ့လျန် နေထိုင်သည့်အခန်းတွင် သူက ဝက်သေတစ်ကောင်ကဲ့သို့ ကုတင်ပေါ်တွင် အိပ်နေ၏။

 

အမျိုးသမီးတစ်ဦးက အိပ်ယာမှ ထကာ အဝတ်အစားများ ၀တ်လိုက်သည်။ သူမက လက်ဆန့်ပြီး သူ့မျက်နှာကို ပုတ်လိုက်သည်။ တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရသည့်အခါ ကုတင်ပေါ်မှာ ဒေါသတကြီးဖြင့်  ကန်လိုက်သည်။

 

ထို့နောက် သူမက တံခါးကိုဖွင့်ကာ ဘေးတံခါးမှ ထွက်သွားသည်။ သူမက အခြားဝင်းထဲသို့ ခိုးဝင်သွားသည်။

 

အချိန်အားဖြင့် မှောင်နေပြီဖြစ်သည်။ ခြံဝင်းထဲတွင် ရှောင်ယွမ်ရှစ်က ကောချွန်းရုနှင့် စကားပြောနေသည်။

 

ကောချွန်းရု၏ အစေခံမလေးက တံခါးခေါက်ပြီး သူမကို အထဲသို့ ခေါ်ဝင်လာခဲ့သည်။

 

ထိုအမျိုးသမီးက ချက်ချင်းပဲ သူတို့နှစ်ယောက်ကို ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ စစ်သူကြီးနဲ့ သခင်မကြီး။"

 

ရှောင်ယွမ်ရှစ်ကသည် သူ့လက်ဖက်ရည်ခွက်ဖြင့် ကစားနေသည်။ "မင်း အဲဒါတွေ အကုန်ရပြီလား"

 

ထိုအမျိုးသမီးက လေးလေးစားစား ပြန်ဖြေခဲ့သည်။ “ဟုတ်ကဲ့၊ အားလုံး ရပါပြီ၊ အဲဒါ စောစောက ပြောခဲ့သလိုပဲ နန်ရှီစီရင်စုမြို့က ရှောင်ဟန်ကျန့်ရဲ့ ဇနီးက သူတို့ကို သင်ကြားပေးနေတာပါ၊ အရင်က တစ်ယောက်ကို တစ်ယောက် စာရေးကြတာပါ၊ ပြဿနာတစ်ခုခုကြုံလာရင် အဲဒီမိန်းမက သူတို့ကို အကြံဉာဏ်ပေးပါတယ်။"

 

ထို့နောက် သူမက စောနက မူးနေသည့် ရှောင်တာ့လျန်ထံမှ ရရှိသည့် အချက်အလက်အားလုံးကို ပြန်ပြောပြခဲ့သည်။

 

အဲဒီ အမျိုးသမီး သူတို့ကို ဘယ်လို သင်ကြားပေးခဲ့လည်း ဆိုတာပါ ပါဝင်သည်။

 

ထိုစကားကိုကြားပြီးနောက် ရှောင်ယွမ်ရှစ်နှင့် ကောချွန်းရုတို့ နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အကျည်းတန်သော အမူအရာများ ရှိနေခဲ့သည်။

 

ရှောင်တာ့လျန်ထံမှ ဤအမျိုးသမီးနှင့် စကားပြောခွင့်ရခဲ့သော ကျွမ်းကျင်ပညာရှင်မှာ အမှန်တကယ်ပင် ရှောင်ဟန်ကျန့်၏ ဇနီး ဖြစ်သည်။

 

ရှောင်တာ့လျန်နှင့် တစ်ဖက်လူတို့ အချင်းချင်း စာရေးနေသည်ကိုလည်း သူတို့ တွေ့ရှိခဲ့ကြသည်။

 

လွန်ခဲ့သည့် တစ်လခွဲခန့်က ရှောင်ယွမ်ရှစ် ထိုစာကို အောင်မြင်စွာ ကြားဖြတ်ယူနိုင်ခဲ့သည်။

 

သို့သော် စာပါ အကြောင်းအရာများကို ကြည့်လိုက်ရာ စစ်သူကြီးစံအိမ်တွင် မောက်မာစွာ ပြုမူခဲ့ပုံကို ရေးသားထားတာကြောင့် ခဏလောက် စဉ်းစားပြီးနောက် ထိုစာကို ပို့လိုက်သည်။

 

ထိုအဖြစ်အပျက်ပြီးနောက် သူ့အား ရှောင်သခင်မကြီးနှင့် အခြားသူများက သတိပေးထားသောကြောင့် အစ်ကိုရှောင်က သူ့ပါးစပ်ကို ပိတ်ထားခဲ့ဟန်တူသည်။

 

ဒီနေ့မှာတော့ ရှောင်မိသားစုဟောင်း၏ တခြားမိသားစုဝင်တွေရဲ့ နောက်ကွယ်မှာ အစ်ကိုရှောင်ကို အရက်မူးအောင်တိုက်ပြီး အကုန်ထုတ်ပြောအောင် ကြံစည်ခဲ့တာ ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က ခဏလောက် စဉ်းစားပြီး မေးလိုက်သည်။ "စာတွေ ရှိသေးလား။"

 

ထိုအမျိုးသမီးက ခေါင်းခါပြခဲ့သည်။ “မရှိပါဘူး အဲအမျိုးသမီးက စာကိုဖတ်ပြီးတာနဲ့ ချက်ချင်း မီးရှို့ဖို့ ညွှန်ကြားခဲ့တယ်၊ စစ်သူကြီး သိသွားမှာကို ကြောက်တယ်လို့ သူက ပြောထားပါတယ်၊ ဒါကြောင့် စာကို ဖတ်ပြီးတိုင်း သူတို့က သူ့ညွှန်ကြားချက်တွေကို နားထောင်ပြီး စာကို မီးရှို့ပစ်ပါတယ်။"

 

ရှောင်ယွမ်ရှစ်က လက်ဖက်ရည်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကျန့်အာရဲ့ မိန်းမက ရိုးရှင်းပုံမပေါ်ဘူး။"

 

သူမက  ရှောင်မိသားစုကို အမှန်တကယ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသောကြောင့် သူမ ပေးသည့် အကြံဥာဏ်များအားလုံး အောင်မြင်ခဲ့သည်။

 

အဓိကအချက်ကတော့ သူမဟာ အလွန်သတိရှိသည်။ သူမက ထိုငတုံးတွေအား စာကို မီးရှို့ခိုင်းခဲ့တာကြောင့် မည်သည့် သက်သေမှ ကျန်မည်မဟုတ်ပေ။

 

သူက တစ်ဖက်ဖက်က ထိုလူများအတွက် အကြံဥာဏ်များ ပေးရန်အတွက်စာပြန်ရန်သာ စောင့်ဆိုင်းရမည်ဖြစ်ပြီး ဒါမှ သူတို့ကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းကာ သက်သေအဖြစ် ထားနိုင်မည်ဖြစ်သည်။

 

သို့သော်လည်း ရှောင်ယွမ်ရှစ်သည် သူ၏ ဖြောင့်မှန်ပြီး ကြော့ရှင်းသည့် သားဖြစ်သူက သူ၏ အတွေးအားလုံးကို ခန့်မှန်းပြီးသားဟု သူ မမျှော်လင့်ခဲ့ပေ။

 

ထို့ကြောင့် ရှစ်ချင်းလျို့က ယခုတစ်ကြိမ် စာကို ပြန်ကြားရန် အစီအစဉ်မရှိပေ။

 

ကောချွန်းရုက ယခုတော့ သူမ မတွေ့ဖူးသော ရှောင်ဟန်ကျန့်၏ဇနီးကို မုန်းတီးနေသည်။

 

ဒီခွေးတွေကြောင့်သာ မဟုတ်ရင်၊ သူမရဲ့ နာမည်ပျက်သွားမှာ မဟုတ်သလို အဘွားကြီးနဲ့ တခြားသူတွေရဲ့ ဒုက္ခကို အများကြီး ခံရမှာ မဟုတ်မဟုတ်ပေ။

 

မောင်ဖြစ်သူ၏ အနာဂတ်သည်လည်း ပျက်စီးသွားမည်မဟုတ်ပေ။

 

"သူက ယုတ်မာပြီး သနားညှာတာတဲ့စိတ် မရှိတဲ့သူ တစ်ယောက် ဖြစ်မယ်။"

 

သူမက စိုးရိမ်စွာ ကြည့်လိုက်သည်။ "သူက ကျန့်အာကို အကျင့်ပျက်စေမလား မသိဘူး။"

 

ရှောင်ဟန်ကျန့်က အန္တရာယ်ကင်းသည်ဟု သူမ တစ်ခါမှ မထင်ဖူးခဲ့ပေ။

 

သို့သော်လည်း ရှောင်ယွမ်ရှစ် ၏ အတွေးများကို သူမ သိသည်။ နောက်ဆုံးတော့ သူက သူ့သားပဲ ဖြစ်သည်။ သူ့ကို ပစ်ပယ်ပြီး ပြန်မတွေ့ချင်ဘူးဆိုရင်တောင် ရက်စက်နိုင်ပေမယ့် သူတို့ သူ့အကြောင်း မကောင်းပြောတာကို သူ မကြိုက်ပေ။

 

ထို့ကြောင့် သူမက သူ့ရှေ့မှာ ရှောင်ဟန်ကျန့်တို့မောင်နှမတွေအကြောင်းကို ဘယ်သောအခါမှ မကောင်း မပြောခဲ့ပေ။ ထိုအစား သူမက သူတို့မောင်နှမကို စဉ်းစားပေးသကဲ့သို့သာ အမြဲ ပြုမူခဲ့သည်။

 

ဘာပဲဖြစ်ဖြစ် တစ်နေ့မှာတော့ သူမမျက်လုံးထဲက ဆူးတွေအားလုံးကို ဖယ်ရှားနိုင်ပြီး သူမကို ဘယ်တော့မှ ဒုက္ခမပေးနိုင်တော့မည် မဟုတ်ပေ။

 

မျှော်လင့်ထားသည့်အတိုင်း ဤစကားများသည် ရှောင်ယွမ်ရှစ်ကို မျက်မှောင်ကြုတ်သွားစေသည်။ “အမျိုးသမီးခုန်က အရမ်းအားနည်းပြီး ဉာဏ်မမီဘူး၊ သူတို့က ကျန့်အာအတွက် ရက်စက်ပြီး ဆိုးသွမ်းတဲ့ ဇနီးနဲ့ လက်ထပ်ပေးခဲ့တယ်။"

 

ထို့နောက် သူ့လူယုံတော်ကို ကြည့်လိုက်သည်။ "လူတွေကို နန်ရှီစီရင်စုမြို့ကို လွှတ်ဖို့ စီစဉ်ပြီးပြီလား။"

 

သူ့လူယုံတော်က လေးစားစွာပြန်ဖြေခဲ့သည်။ “သူတို့ အရှိန်ပြင်းပြင်းနဲ့ သွားနေပါပြီ၊ အချိန်အရ သူတို့ နန်ရှီစီရင်စုမြို့ကို နှစ်ရက်အတွင်း ရောက်ပါလိမ့်မယ်။"

 

ရှောင်ယွမ်ရှစ်က သူ့မျက်လုံးများကို မှေးကျည်းလိုက်သည်။ "အစီအစဉ်ကတော့ အရင်အတိုင်းပါပဲ၊ ဝူမိသားစုနဲ့ အဲဒီက ချွေးမကို သူ့နဲ့ရှင်းခိုင်းလိုက်၊ သူ့ရဲ့ ပင်ကိုယ်စရိုက်ဖြစ်ဖြစ် ဘယ်သူဘယ်ဝါဖြစ်ဖြစ် သူက ကျန့်အာနဲ့ မထိုက်တန်ဘူး အခွင့်ရှိရင်…"

 

သူက စကားမဆုံးသေးဘဲ လည်ချောင်းကို လှီးဖြတ်သည့်ပုံစံအား ယုံကြည်ရသော သူ့လူယုံတော်အား လက်ဟန်ပြခဲ့သည်။

 

သူ့ချွေးမကို တိုက်ရိုက်သတ်ဖို့ စီစဉ်ထားတာတော့ မဟုတ်တာ သေချာသည်။ ဒီကိစ္စ တစ်နေ့မှာ ပေါ်ရင် သူ့ဂုဏ်သိက္ခာအတွက် မကောင်းပေ။

 

ဒီလို သက်သေအထောက်အထားတွေ ချန်ထားခဲ့မှာ မဟုတ်ပေ။

 

သူမကို သတ်ဖြတ်ဖို့ တခြားလူကို အသုံးချမှာ ဖြစ်သည်။

 

သူ့လူယုံတော်က ရှောင်ယွမ်ရှစ်ရဲ့ နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သဖြင့် သူ ဘာကိုဆိုလိုသည်ကို ကောင်းကောင်းသိသည်။ "ဟုတ်​ကဲ့ ကျွန်​​တော်​ စာပို့လိုက်​ပါ့မယ်​။"