အပိုင်း(၁၂၇)
- တခြားဘယ်သူဖြစ်ဦးမှာလဲ
ရှစ်ချင်းလျို့ကက
သူ ခိုးဝင်လာတာကို တွေ့ခဲ့သည်။
သူမက
လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ဒီကို လာပြောပါ။"
နို့သကြားလုံး
လုပ်ပြီးသည့်အခါ ရှောင်မိသားစုရဲ့ အချိန်ပြည့်အလုပ်သမားတွေက အရင်ထွက်သွားခဲ့ကြသည်။
လျန့်ယိုရှောင်က ထိုနေရာတွင်
ရှိနေသော်လည်း ရှစ်ချင်းလျို့က သံသယများ မဖြစ်အောင် သူ့ကို ခပ်ဝေးဝေးနေရန် မတောင်းဆိုခဲ့ပေ။
သူမ ခင်ပွန်းဖြစ်သူ၏
ဆန်ကုန်မြေလေးဖခင်က အလွန်ရွံရှာဖွယ်ကောင်းတာကြောင့် မြို့တော်ရှိ မင်းစိုးရာဇာမိသားစုများမှ
သခင်ငယ်များက သိသင့်သည်။
ရှစ်မိသားစုရဲ့
တတိယသားက မြို့တော်မှ မျိုးရိုးမြင့် သခင်လေးလည်း ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါတွင်
သူက အစပိုင်းတွင် အံ့အားသင့်သွားကာ ထိုစကားကို ပြောသင့် မပြောင်သင့် စဉ်းစားမိခဲ့သေးသည်။
ရှစ်ချင်းလျို့က
သူ့လက်ကို ဝှေ့ယမ်းပြတာကိုမြင်တော့ သူ ဝင်လာခဲ့လေသည်။
သူ ထိုင်ပြီးတာနှင့်
ဒီတစ်ခါတော့ သူ့အတွက် သူမက ရေတစ်ခွက် ငှဲ့ပေးခဲ့သည်။
သူမက
မေးခဲ့သည်။ "ဘာကပ်ဆိုက်တာလဲ။"
ရှစ်မိသားစုရဲ့
တတိယသားက လျန့်ယိုရှောင်ကို စိုက်ကြည့်လိုက်သည်။
ရှစ်ချင်းလျို့က
ပြောခဲ့သည်။ "ဖုံးကွယ်စရာ မလိုဘူး၊ သူ မရှိဘူးလို့ သဘောထားလိုက်။"
လျန့်ယိုရှောင်က ဆွံ့အသွားခဲ့သည်။
သူက ဒီလောက်ကြီးမားတဲ့လူဖြစ်တာကို ဘယ်လိုလုပ် မရှိသလို သဘောထားရမှာလဲ။
သို့သော်
သူက ပျင်းရိလာပေမယ့် သူတို့ နှစ်ယောက်က ဆန်းဆန်းပြားပြား လုပ်နေတာကိုတွေ့တော့ သူ ထွက်မသွားခဲ့ပေ။
သူ ဘာတွေဖြစ်နေတာလဲဆိုတာ
သူကြားချင်သည်။
ရှစ်မိသားစုရဲ့
တတိယသားက တွေးလိုက်သည်။ မျိုးရိုးမြင့် သခင်လေးက အဲနေရာမှာရပ်နေပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို
သူ့ကို မရှိဘူးလို့ ဘယ်လိုသဘောထားရမှာလဲ။
ဒီကောင်မလေးက
တကယ်ရဲတင်းတာပဲ။
သူက အရဲစွန့်ကာ
ပြောလိုက်သည်။ "ဝူမိသားစုက မင်းရဲ့ စတုတ္ထဦးလေးကို လာရှာသွားတယ်၊ လွန်ခဲ့တဲ့နှစ်ရက်က
သူတို့က ငါ၊ အမေနဲ့ မင်းအဘိုးအဘွားတွေကို လာရှာပြီး ငါတို့ကို ရှောင်မိသားစုဆီ
လာပြီး ပြဿနာရှာခိုင်းပြီး မင်းက သားသမီးဝတ္တရား မကျေပွန်တဲ့ လူလို့ ပြောဆိုခိုင်းနေတာ၊
သူတို့က မင်းကို တရားစွဲဖို့ စီရင်စုမြို့တရားရုံးကိုပါ သွားစေချင်နေတာ။"
သူက ရှစ်ချင်းလျို့ကိုကြည့်ကာ
မျက်နှာလို မျက်နှာရ ပြောခဲ့သည်။ “ငါ သူတို့ကို
ငြင်းပယ်ခဲ့တယ်၊ သမီးက အိမ်ထောင်ပြုသွားပြီ၊ မင်းလက်ထပ်ပြီးကတည်းက ငါတို့ မင်းကို တရားစွဲလို့
မရတော့ဘူး၊ နောက်ပြီး မင်းက ငါတို့ သမီး၊ မင်းကို တရားစွဲတာ ငါတို့ကို ကောင်းကျိုးမရှိပါဘူး။”
ရှစ်ချင်းလျို့က
က သူ့ကို မယုံပေ။
ကလေးလိုချင်တယ်ဆိုတဲ့အချက်ကြောင့်သာ
မဟုတ်ရင် သူနဲ့ သူ့ဇနီးဟာ ရှစ်မိသားစုနဲ့အတူ စီရင်စုမြို့တရားရုံးကို သွားပြီး သားသမီးဝတ္တရား
မကျေပွန်မှုနှင့်တရားစွဲမှာ သေချာသည်။
သူမက
ရှစ်မိသားစုရဲ့ တတိယသားကို အပြုံးမပျက် ပြုံးပြလိုက်သည်။ "ရှင်ငြင်းလိုက်တော့
သူတို့ အကြံအသစ် ထပ်ပေးတယ်မလား။"
ရှစ်မိသားစုရဲ့
တတိယသားက သူမ၏ အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ “ဟုတ်တယ်၊ ဒီနေ့
ဝူမိသားစုက မင်းရဲ့ စတုတ္ထဦးလေးကို ရက်အနည်းငယ်အတွင်း အစိုးရပန်းဧည့်ခံပွဲတော်မှာ မင်းခင်ပွန်းကို
ထောင်ချောက်ဆင်ခိုင်းထားတယ်။"
နောက်ရက်အနည်းငယ်ကြာရင်
အဆင့်မြင့်စာသင်သားတစ်ယောက်က သူ့အိမ်မှာ ပန်းဧည့်ခံပွဲတစ်ခုကျင်းပမည်ဖြစ်သည်။ သူက စီရင်စုမြို့အတွင်းရှိ
အငယ်တန်းနှင့် အခြေခံစာသင်သားအားလုံးကို ပန်းများလာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။
ရှစ်ချင်းလျို့
သူ့စကားကြားတော့ အနည်းငယ် အံ့သြသွားခဲ့သည်။
မြို့တော်က
ဆန်ကုန်မြေလေးဖခင်နှင့် ထိုအမျိုးသမီးက သူမကို ပထမဆုံး ကိုင်တွယ်မည်ဟု သူမ ထင်မိခဲ့သည်။
သူမက
မျက်မှောင်ကြုတ်ကာ မေးခဲ့သည်။ “ပန်းဧည့်ခံပွဲတော်မှာ ကျွန်မခင်ပွန်းနဲ့ ပတ်သက်ဖို့
မိန်းမတစ်ယောက်ကို ရှာပေးချင်နေတာလား။”
ရှစ်မိသားစုရဲ့
တတိယသားက သူ့သမီးက အလွန်ဉာဏ်ကောင်းကြောင်း နားလည်ခဲ့သည်။
သူက ခေါင်းညိတ်ပြခဲ့သည်။
"မှန်တယ် ဝူမိသားစုက သူတို့မိသားစုရဲ့ တရားမ၀င်သမီးလေးတစ်ယောက်ကို မင်းရဲ့ ခင်ပွန်းဖြစ်သူနဲ့
ပေါင်းသင်းစေချင်ပြီး အများသူငှာတွေ သူတို့ကို ဖမ်းမိသွားစေချင်တာ၊ အဲဒီမိန်းကလေးကလည်း
မင်းခင်ပွန်းကို သဘောကျလို့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာလို့ ကြားတယ်။"
ရှစ်ချင်းလျို့က
မျက်ခုံးပင့်လိုက်သည်။ "ဝူမိသားစုက တကယ်ကို ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိတတာပဲ၊ သူတို့မိသားစုထဲက တစ်ယောက်ယောက်ကို ကိုယ်တိုင်လာဖို့
တကယ် ရွေးချယ်ခဲ့တာပဲ။"
သူမက
ထပ်မေးခဲ့သည်။ “ပြီးတော့ကော၊ ဒါတင်မကဘူး ဟုတ်တယ်မလား။"
ရှစ်မိသားစုရဲ့
တတိယသား ကသိကအောက်ဖြစ်စွာ ပြောခဲ့သည်။ "ပြီးရင် မင်းအမေနဲ့ ငါက မင်းကို မြစ်ကမ်းစပ်ကို
သွေးဆောင်ခေါ်သွားပြီး မင်းကို တွန်းချရမှာ၊ မင်းရဲ့ ခင်ပွန်းကြောင့် စိတ်ဆိုးပြီး
မြစ်ထဲခုန်ချတာလို့ လူတွေကို ထင်အောင်လုပ်မှာ။"
"မင်းရဲ့
အသုဘ မပြီးမချင်း စောင့်နေကြလိမ့်မယ်။"
သူ့သမီး၏ ဖော်ရွေမှုမရှိသည့်အကြည့်ကိုမြင်လျှင် သူက ထပ်ပြောခဲ့သည်။ "အသုဘကို
စီစဥ်တာ သူတို့ပါ ငါမဟုတ်ဘူး။"
တကယ်တော့
သူ့သမီးကို သူ့ဆရာသခင်နောက်ကို လိုက်မသွားစေချင်ပေ။ မဟုတ်ပါက သူ သားဆုပန်ထားတာ ဘာဖြစ်သွားမည်နည်။
ရှစ်ချင်းလျို့က
သူမ ယုံကြည်ကြောင်းကို ဖော်ပြရန် အတွက် ခေါင်းညိတ်ပြခဲ့သည်။ "ဆက်ပြော။"
ရှစ်မိသားစုရဲ့
တတိယသားက ဆက်ပြောခဲ့သည်။ “လအနည်းငယ်ကြာတဲ့အခါ ဝူမိသားစုက အဲဒီတရားမဝင်သမီးလေးကို စေလွှတ်ပြီး
မင်းခင်ပွန်းကို ဖိအားပေးပြီး သူနဲ့ အတင်းလက်ထပ်ခိုင်းမယ်လို့ ပြောတယ်၊ သူတို့က ဒီကိစ္စကို
စီရင်စုမြို့အနှံ့လည်း ဖြန့်လိမ့်မယ်၊ မင်းရဲ့ ခင်ပွန်းက စာသင်သားတစ်ယောက်ဖြစ်ပြီး
စာသင်သားတွေ ပန်းတွေကိုကြည့်ရှုဖို့ စုဝေးတဲ့အချိန်မှာ သူက ဝူမိသားစုရဲ့ တရားမဝင်သမီးကို
အဓမ္မကျင့်ခဲ့တယ် သူ့ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ သူ့ရဲ့ ပထမဇနီးကိုလည်း မြစ်ထဲခုန်ချစေပြီး
သေဆုံးအောင် ပြုလုပ်ခဲ့တယ်၊ ဒီဂုဏ်သတင်းနဲ့ဆိုရင် သူ တော်ဝင်စာမေးပွဲတွေကို ဆက်လက်ဖြေဆိုဖို့
မဖြစ်နိုင်တော့ဘူး၊ မင်းမရှိတဲ့အခါ ဝူမိသားစုက ရှောင်မိသားစုရဲ့ အလုပ်ရုံတချို့ကို
သိမ်းဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်။"
သူက ထပ်ပြောခဲ့သည်။
"နောက်ဆုံးကိစ္စကတော့ ငါတွေးမိခဲ့တာပါ။"
မဟုတ်ရင်
ဝူမိသားစုက ဘာကြောင့် သူတို့ရဲ့ တရားမဝင်သမီးတစ်ယောက်ကို စတေးရမည်နည်း။
သူတို့က
ရှောင်မိသားစုရဲ့ အလုပ်ရုံများကို သေချာပေါက် မျက်စိကျနေတာ ဖြစ်မည်။
ဝူမိသားစုက
ဒီမိန်းကလေးက အရမ်းအစွမ်းထက်ကြောင်း ထင်နေတာဖြစ်မည်။ သူမ သေဆုံးသွားပါက ရှောင်ဟန်ကျန့်
ကဲ့သို့သော စာသင်သားတစ်ဦးက လုပ်ငန်းကို မည်သို့လုပ်ဆောင်ရမည်ကို လုံးဝ မသိနိုင်ပေ။
ဝူမိသားစုက
သူတို့ထောင်ချောက်ထဲကို သူ ခုန်ဆင်းဖို့ စောင့်နေတာ ဖြစ်သည်။
အလုပ်ရုံများတွင်
အသုံးပြုသည့် ထုတ်လုပ်နည်းများကို ယူဆောင်ရန် သူတို့အတွက် လွယ်ကူမည်ဖြစ်သည်။
ရှောင်ဟန်ကျန့်၏
အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သို့ပေမယ့် သူ့စိတ်ထဲတွင် ပြင်းထန်ကာ ရန်လိုသည့် ခံစားချက်တစ်ခု
ပေါ်လာခဲ့သည်။
သူစိတ်တိုတာက
သူ့ဆန်ကုန်မြေလေးအဖေနှင့် သူ့မိန်းမက သူ့ဂုဏ်သိက္ခာကို ဖျက်စီးချင်နေတာကြောင့် မဟုတ်ဘဲ
သူ့ဇနီးကို သတ်ပစ်ချင်နေတာကြောင့်ဖြစ်သည်။
ဒါဟာ
သူ့ရဲ့ သည်းခံနိုင်စွမ်းကို လုံးလုံးလျားလျား ဘောင်ကျော်လာခဲ့တာ ဖြစ်သည်။
သိပ်ကောင်းတယ်၊
ဒီကိစ္စကို မှတ်ထားတယ်။
လျန့်ယိုရှောင်လည်း
ထိတ်လန့်သွားခဲ့သည်။ ရှောင်ဟန်ကျန့်ရဲ့ အနာဂတ်ကို ဖျက်စီးဖို့ ဒီလောက် ကောက်ကျစ်စွာ
ကြံစည်လိမ့်မည်ဟု မထင်မိခဲ့ပေ။
"ဝူမိသားစုလေးက
အရမ်းရဲတင်းနေသလားလို့လေ"
သူက ရှောင်ဟန်ကျန့်ကိုကြည့်ပြီး
ပြောခဲ့သည်။ "မင်းက ဆရာဟုန်ရဲ့တပည့်ပဲ။"
ထိုလူကြီးက
သူ၏တရားဝင်တာဝန်များမှ နှုတ်ထွက်ခဲ့သော်လည်း အခြားသူများအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုက
အသေးအဖွဲမဟုတ်ပေ။ သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း အကာအကွယ်ပေးသည်။
ဝူမိသားစုက
ကုန်သည်အသေးစားလေးသာဖြစ်သည်။ အမျိုးထဲတွင် စီရင်စုမြို့ရဲ့ ကိုယ်လုပ်တော်တစ်ဦးရှိခြင်းက
သူ့အတွက် ပမွှားပေ။
ရှောင်ဟန်ကျန့်က
ပြောခဲ့သည်။ "ဟုတ်ပါတယ် သူတို့မှာ သတ္တိမရှိဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်က သူတို့ကို
သွေးထိုးလှုံ့ဆော်ပေးတာ ဒါမှမဟုတ် သူတို့၏ မကောင်းမှုတွေကို ထောက်ခံပေးမယ်ဆိုရင်တော့
သူတို့ မကြောက်တော့ဘူးလေ။”
ရှစ်မိသားစုရဲ့
တတိယသားက ပြောခဲ့သည်။ “မြို့တော်က လူတစ်ယောက်က အကြီးဆုံးသခင်လေးဝူကို ထောက်ခံပေးနေတယ်လို့
ငါ့ညီအငယ်ဆုံးဆီက ကြားတယ်၊ ဒါပေမယ့် ဘယ်သူလဲဆိုတာ ငါတို့ မသိသေးဘူး။"
ရှစ်ချင်းလျို့က
နှုတ်ခမ်းစူလိုက်သည်။ “ဘယ်သူလဲဆိုတာ သိဖို့ မှန်းဆနေစရာ မလိုပါဘူး၊ တခြားဘယ်သူဖြစ်နိုင်မှာလဲ၊
ကျွန်မယောက်ျားရဲ့ အောင်မြင်မှာကို မလိုလားတဲ့ ဆွေခန်းမျိုးခန်း ဖြတ်တောက်ထားတဲ့
ကျွန်မ ယောက်ျားရဲ့ ဖခင်ဟောင်းနဲ့ သူ့မယားငယ်လေ။"
လျန့်ယိုရှောင်က ရွာသားတွေဆီက
သတင်းမေးသည့်အခါတုန်းက သူတို့က ရှစ်ချင်းလျို့အကြောင်းကို အဓိကထားပြီး ပြောပြခဲ့သည်။
ထို့ကြောင့်
ဤအတွင်းဇာတ်လမ်းများကို သူ မသိသေးပေ။
သူက အတင်းအဖျင်းပြောသည့်
မျက်နှာဖြင့် ပြောခဲ့သည်။ "မြို့တော်က ရှောင်ဟန်ကျန့်ရဲ့ အဖေအရင်းနာမည်က ဘာလဲ။"
ရှစ်ချင်းလျို့က
အမှန်အတိုင်း ပြန်ဖြေခဲ့သည်။ "စစ်သူကြီး ရှောင်ယွမ်ရှစ်။"
ထို့နောက်
ရှောင်ယွမ်ရှစ်က ရှောင်ဟန်ကျန့် အဖိုးဆီက ကိုယ်ခံပညာ သင်ယူခဲ့ကြောင်း၊၊ စစ်မြေပြင်တွင်
တာဝန်အချို့ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီး စစ်သူကြီး ဖြစ်လာသည့် အကြောင်းကို သူ့အား
ပြောပြခဲ့သည်။
ထို့နောက်
သူက ရှောင်ဟန်ကျန့်ထက် နှစ်အနည်းငယ်သာ အသက်ကြီးသည့် မိန်းမငယ်တစ်ဦးကို ပြန်ခေါ်လာခဲ့သည်။
ထိုမယားငယ်က
တမင် ကိုယ်ဝန်ပျက်ကျအောင်လုပ်ပြီး အမေရှောင်ကို အပြစ်တင်ခဲ့သည်။
စစ်သူကြီးရှောင်က
ထိုကိစ္စကြောင့် သူ့မိန်းမကို မယားငယ်ရာထူးကို ချခဲ့တော့ ရှောင်ဟန်ကျန့်က သဘောမတူခဲ့ပါပေ။
အဆုံးမှာတော့
စစ်သူကြီးရှောင်က သူမနှင့် သူမရဲ့ ကလေးတွေကို အတူတူ မောင်းထုတ်ပစ်ခဲ့သည်။
သူတို့က
ဆွေးမျိုးဖြတ်တောက်ပြီး တစ်နေရာဆီ နေခဲ့သည်။ သူက အမေရှောင်ကိုပင် ကွာရှင်းခဲ့သည်။
ထိုအမျိုးသမီးသည်လည်း
အာဏာရကာ အောင်မြင်ခဲ့သော်လည်း သူမက ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။
ယခင်က
သူမက ရှောင်ဟန်ကျန့်ကို အန္တရာယ်ပြုရန် မြို့တွင်းရှိ ဆေးဆရာကို လာဘ်ထိုးခဲ့သည်။
လျန့်ယိုရှောင်က ထိုစကားကိုကြားသည့်အခါ
အံ့အားသင့်သွားသော်လည်း အမြန် ပြန်တည်ငြိမ်သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ်
မင်းစိုးရာဇာမိသားစုတွေ လုပ်ခဲ့သည့် မကောင်းသည့် ကိစ္စတချို့ ရှိခဲ့သည်။
သို့ပေမယ့်
ရှောင်ဟန်ကျန့်မှာ ဖြစ်ပျက်ခဲ့တာတွေက တော်တော် ဒေါသထွက်စရာကောင်းကာ သူတွေ့ဖူးသမျှထဲမှာ
ပိုလို့တောင် ရွံရှာစရာ အကောင်းဆုံး ဖြစ်သည်။
ရှောင်ယွမ်ရှစ်နှင့်
သူ့ဇနီးကိုလည်း ရွံရှာခဲ့သည်။
သူက အခြားကိစ္စတစ်ခုကို
ပြန်သတိရပြီး ရှစ်ချင်းလျို့ကို အဓိပ္ပါယ်ပါစွာ ကြည့်လိုက်သည်။
“စစ်သူကြီးရှောင်ရဲ့
မိသားစုက ဟိုတလောက မြို့တော်မှာ ရုတ်ရုတ်သဲသဲတွေ အများကြီး လုပ်ခဲ့တယ်၊ မင်းက ရှောင်မိသားစုဟောင်းကို မြို့တော်ကို ပို့ခဲ့တဲ့သူလား။"
ဒီအမျိုးသမီးက
သူတို့ရှေ့မှာ သူ့အကျင့်စရိုက်ကို ဘယ်တော့မှ ဖုံးကွယ်မထားပေ။
ရှောင်မိသားစုမှာ
ဖြစ်ပျက်နေတာကို ကြားသိပြီးနောက် သူက သူတို့ရဲ့ သီးသန့် အရက်သောက်သည့် အခန်းမှာ တခြားသူတွေနဲ့တောင်
ဆွေးနွေးခဲ့သးသည်။
တစ်စုံတစ်ယောက်သည်
ရှောင်ယွမ်ရှစ်ကို ပြဿနာ တက်စေချင်လို သူ့မိသားစုကို ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်အောင်
အားပေးခဲ့ကြောင်း သူတို့ ခံစားမိခဲ့သည်။
ယခု ရှစ်ချင်းလျို့၏
စကားကို ကြားသည့်အခါ အိမ်ခြံမြေရောင်းခြင်း၊ မြို့တော်က သားကို လာတွေ့ခြင်း စသည်များ
ဖြစ်အောင် လှုံ့ဆော်ပေးသူဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။
ဒီလိုမှမဟုတ်ရင်
ဒီအဖြစ်အပျက်တွေဟာ ဘယ်လိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်မှာလဲ။
မြို့တော်မှာ
ဇာတ်ကွက်တစ်ခု ဖန်တီးပြီး မကြာခင်မှာပဲ ရှောင်ယွမ်ရှစ်နှင့် သူ့ဇနီးတို့ဟာ ရှစ်ချင်းလျို့ကိုသတ်ပြီး
ရှောင်ဟန်ကျန့်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ချင်နေကြသည်။
ဒါက လက်စားချေဖို့
ကြိုးပမ်းတာ သိသာသည်။
ရှစ်ချင်းလျို့က
မငြင်းဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
“ဟုတ်တယ်၊ အဲဒါ ကျွန်မပဲ၊ ဒါပေမယ့် ဒါဟာ ကြာရှည်မခံဘူးဆိုတာ သိပါတယ်၊ အခု ကျွန်မ
ဖော်ထုတ်ခံလိုက်ရတော့ သူတို့နှစ်ယောက်က ကျွန်မကို သင်ခန်းစာ ပေးချင်နေကြတာ။”
သူမရဲ့
မိဘတွေကို သားသမီးဝတ္တရားမကျေပွန်သည့်ကိစ္စ တရားစွဲဖို့ မတိုက်တွန်းနိုင်တာကြောင့်
သူမကို သတ်ဖြတ်ဖို့ တိုက်ရိုက် ကြံစည်ပြီး သတ်သေသွားတယ်လို့ အကွက်ချကာ ခင်ပွန်းဖြစ်သူရဲ့
ဂုဏ်သိက္ခာနဲ့ အနာဂတ်ကိုလည်း ဖျက်စီးမည်ဖြစ်သည်။
သေချာပေါက်
ဒါတွေက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေနဲ့ အဲဒီအမျိုးသမီး လုပ်နိုင်သည့် အရာတွေ
ဖြစ်သည်။
လျန့်ယိုရှောင်က နှစ်ဖက်ကို
ဆက်စပ်ကာ တွေးသွားနိုင်တာကို သူမ မအံ့သြပေ။
ဒါတွေက
မျိုးရိုးမြင့်မိသားစုတွေရဲ့ ပုံစံအမှန်တွေပဲ မဟုတ်လား။
သူတို့က
ဘယ်လောက် အပြစ်ကင်းပါသလဲ။